Channel Myanmar

Mystery

Marshland (2014) 7.2
Marshland (2014)  MDB -7.2 Rotten Tomatoes - 92% အထိရထားတဲ့စပိန်ဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်...ဇာတ်လမ်းအကျဉ်းက ပတ်ဒရိုဆွာရက်ဇ် ရဲတစ်ယောက်ဖြစ်ပြီးကအစိုးရကိုဝေဖန်တဲ့စာတစ်စောင်ရေးခဲ့တဲ့အတွက် မက်ဒရစ်မြို့ကနေ နယ်မြို့ကိုပြောင်းရွှေ့ခံလိုက်ရတယ်သူရောက်သွားတဲ့မြို့မှာ ကျောင်းသူအရွယ်မိန်းကလေးနှစ်ယောက်ပျောက်သွားတယ်ဆိုတဲ့အမှုက တိုင်ကြားချက်ရောက်လာတဲ့အတွက်ပက်ဒရိုနဲ့ သူရဲ့တွဲဖက်ဖြစ်တဲ့ ဟွမ်ရော့ဘ်လက်စ် တို့ကစုံစမ်းမှုကိုစတင်ကြပါတော့တယ်။ အရင်က ဒီလိုအလားတူအမှုမျိုးတွေရှိဆိုပေမယ့် ခံရသူတွေကသူတို့ရဲ့ဂုဏ်သိက္ခာထိခိုက်တယ်လို့ယူဆတဲ့အတွက် အမှုတွေပြီးပြတ်အောင်ဆောင်ရွက်နိုင်ခြင်းမရှိပါဘူး။ပျောက်သွားတဲ့မိန်းကလေးတွေရဲ့ ဖခင်ကနေ တဖြည်းဖြည်းလိုက်စုံစမ်းပေမယ့်လုံလောက်တဲ့သဲလွန်စတွေမရခဲ့ပါဘူး။ပျောက်ဆုံးပြီးသုံးရက်အကြာမှာ မိန်းကလေးတွေရဲ့ အလောင်းကိုမြစ်ထဲမှာစတင်တွေ့ရှိပြီးနောက်မှာတော့......  File size…1.68GB / 761MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 45m Genre ….. Action , Crime , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Marshland (2014)

Dragon Gate Posthouse 10: Wolf Warrior ( 2018 ) 5.8
Dragon Gate Posthouse 10: Wolf Warrior ( 2018 ) နောက်ဆုံးအပိုင်းဖြစ်တဲ့ ဒီကားလေးမှာတော့ လုံမိန်ရပ်နားစခန်းရဲ့ ပိုင်ရှင်ဖြစ်တဲ့ ဖုန်းစစ်ညန်ရဲ့ဒဏ္ဍာရီ လုံမိန်ရပ်နားစခန်းရဲ့ဒဏ္ဍာရီအကြောင်းပဲဖြစ်ပါတယ်။ဆယ်ကားထွက်ထားတဲ့ရုပ်ရှင်ဖြစ်တာကြောင့် ကျန်ဇာတ်ကားများအားလုံးကို တစုတစည်းထဲ အောက်ကလင့်မှာရှာလို့ရပါတယ်ဒီမှာရှာပါ ဖုန်းစစ်ညန်ဟာ ကန္တာရကိုအမြဲငေးမောကြည့်နေတတ်တယ်။ သူကတစ်ယောက်ယောက်ကိုစောင့်နေသလိုပါပဲ။ ဖုန်းစစ်ညန်ဟာ တစ်သက်ဆုံးပေါင်းဖက်သွားမယ်လို့ကတိပေးခဲ့တဲ့ ချစ်ရသူကိုစောင့်နေတာပဲဖြစ်တယ်။ဒါပေမယ့် ဖုန်းစစ်ညန်ရဲ့ချစ်ရသူ စစ်သူကြီးရွှီဟာ လွန်ခဲ့တဲ့(၁၀)နှစ်ကတည်းက တိုက်ပွဲမှာကျဆုံးသွားခဲ့တယ်။ ဒါပေမယ့် သူ့မှာမျှော်လင့်ချက်တွေရှိနေတုန်းပဲ။ တစ်နေ့မှာတော့ ညမှာပဲပေါ်လာတတ်တဲ့ ဝံပုလွေမိစ္ဆာစစ်သည်တွေဆိုပြီး ကောလဟာလရှိတဲ့ ရက်စက်တဲ့စစ်သည်တွေဟာ လုံမိန်ရပ်နားစခန်းကိုရောက်လာခဲ့ပြီး စစ်သူကြီးရွှီဟာမိစ္ဆာစစ်သည်တွေထဲကတစ်ယောက်ဖြစ်နေတယ်။ဝံပုလွေမိစ္ဆာစစ်သည်တွေက တကယ်ပဲသရဲလား လူလား....... ဖုန်းစစ်ညန်ရဲ့ချစ်ရသူ စစ်သူကြီးကဘယ်လိုကြောင့်ဒီအဖြစ်မျိုးရောက်သွားရတာလဲ....... စစ်သူကြီးရဲ့လုံမိန်ရဲ့ကံကြမ္မာဟာဘယ်လိုဖြစ်သွားမလဲ...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , History , Mystery Runtime : 1h 34 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Dragon Gate Posthouse 10: Wolf Warrior ( 2018 )

Righteous Kill (2008) 6.0
Righteous Kill (2008)    IMDB 6/10 ရရှိထားပြီး Al Pacino (The Godfather)နဲ့ Robert De Niro (Midnight Run) ဆိုတဲ့ မင်းသားကြီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ Crime/Drama/Action အမျိုးအစား ကားလေးဖြစ်ပါတယ်။နယူးယော့ခ်ရဲဌာနက ဝါရင့်စုံထောက်ကြီးနှစ်ယောက်က အလုပ်လုပ်ရာမှာ တွဲဖက်ညီလှပြီး လုပ်သက်လည်းကြာမြင့်လှပြီဖြစ်လို့ အမှုလိုက်ရမှာ ကျွမ်းကျင်လှတဲ့သူနှစ်ဦးဖြစ်ပါတယ်။တစ်နေ့မှာတော့ မူးယစ်ဆေးအမှုတစ်ခုကို လိုက်ရင်း သံသယတရားခံကို စိတ်မထိန်းနိုင်ဘဲ ကိုယ်ထိလက်ရောက် ကန်ကျောက်မိရာကနေ သေနတ်ကိုင်ဖို့ သင့်မသင့် စိတ်ရောဂါကုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးရတဲ့အဆင့် ရောက်သွားပါတော့တယ်။ တစ်ချိန်တည်းမှာပဲ ကွင်းဆက်လူသတ်မှုလို့ ယူဆရတဲ့ အမှုတွေ ပေါ်လာခဲ့တာမို့ တခြား လူငယ်စုံထောက်လေးနှစ်ယောက်နဲ့ အပြိုင် အမှုလိုက်ဖို့ဖြစ်လာတာ့တာပေါ့လေ။တခြားအမှုတွေနဲ့ မတူဘဲ ဒီကွင်းဆက်လူသတ်မှုရဲ့ ထူးခြားချက်ကတော့ တရားခံက လူသတ်ပြီးတိုင်း ကဗျာတစ်ပုဒ်ချန်သွားလေ့ရှိပြီး အသတ်ခံရသူတိုင်းကလည်း တရားဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး လွတ်သွားတဲ့ မကောင်းတဲ့ကောင်တွေဖြစ်နေတာပါပဲ။ ထူးခြားတဲ့ကွင်းဆက်လူသတ်မှုတွေကို ကြိုးစားစုံစမ်းကြရင်း အမှုကရုပ်လုံးပေါ်လာချိန်မှာတော့...တရားခံဘယ်သူလဲ.. ဘာလို့သတ်တာလဲ.. တရားခံကိုရော ...
movie

Righteous Kill (2008)

Dragon Gate Posthouse 9: Unexpected Romance ( 2018 ) 5.8
Dragon Gate Posthouse 9: Unexpected Romance ( 2018 ) ကန္တာရရဲ့ အစွန်းဆုံးက ယွဲ့ယာမြို့ဟောင်းမှာ လုံမိန်ရပ်နားစခန်းတစ်ခုရှိပါတယ်။ အခု CM ကဘာသာပြန်ပေးတဲ့ ရုပ်ရှင်လေးကတော့ လုံမိန်ရပ်နားစခန်းနဲ့ ယွဲ့ယာမြို့အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းလေးတွေပဲ ဖြစ်ပါတယ်။ဆယ်ကားထွက်ထားတဲ့ရုပ်ရှင်ဖြစ်တာကြောင့် ကျန်ဇာတ်ကားများအားလုံးကို တစုတစည်းထဲ အောက်ကလင့်မှာရှာလို့ရပါတယ်ဒီမှာရှာပါ ဒါလေးကတော့ အချစ်အတွက် အချိန်တွေ သေရေးရှင်ရေးတွေကို ကျော်ဖြတ်ခဲ့တဲ့ ဖူးစာတစ်ခုပဲ ဖြစ်ပါတယ်။ မာတာ့လုဟာ စာပေသမားဖန်းကျွင့်ကို ယွဲ့ယာမြို့မှာ စာသင်ကျောင်းဖွင့်နိုင်ရန် ကူညီပေးခဲ့ပါတယ် ဒါပေမဲ့ ၃ လအတွင်း ကျောင်းသား တစ်ယောက်မှ မရှိလို့ ကျောင်းပိတ်လိုက်ရတော့မလို ဖြစ်နေပါတယ်။ကံကောင်းစွာနဲ့ ကျူးအာဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အကူအညီရခဲ့ပြီးမှ အခက်အခဲကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ကျူးအာဟာ အလွန်ဉာဏ်ကောင်းပြီး ဖန်းကျွင့်အပေါ်လည်း အလွန် ဂရုစိုက်သူ ဖြစ်ပါတယ်။ ဖန်းကျွင့်ကတော့ သူ့ကို ပစ်သွားတဲ့ ဇနီးလောင်း ရှန်ယန့်ကိုပဲ ပြန်လာစေချင်နေပါတယ်။ရှန်ယန့်ဟာ သူ့ရဲ့သူဌေးနှင့် အိမ်ထောင်ပြုနိင်ဖို့အတွက် ဖန်းကျွင့်ကို ရက်စက်စွာ လုပ်ကြံခဲ့ပါတယ်။ ဖန်းကျွင့်ဟာ အသက်အန္တရာယ်နှင့် ကြုံတွေ့ရချိန်မှာ ကျူးအာ ကဘယ်လိုကာကွယ်မလဲ ကျူးအာတစ်ယောက် ဖန်းကျွင့်ရဲ့ မေတ္တာတွေကို လက်ခံရနိုင်မလား...... ကျူးအာရဲ့ သရုပ်မှန်ကရော ဘာဖြစ်နေမလဲ..... ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , ...
movie

Dragon Gate Posthouse 9: Unexpected Romance ( 2018 )

Dragon Gate Posthouse 8: Pavillion of Life and Death ( 2018 ) 5.9
Dragon Gate Posthouse 8: Pavillion of Life and Death ( 2018 ) ကန္တာရရဲ့ အစွန်းဆုံးက ယွဲ့ယာမြို့ဟောင်းမှာ လုံမိန်ရပ်နားစခန်းတစ်ခုရှိပါတယ်။ အခု CM ကဘာသာပြန်ပေးတဲ့ ရုပ်ရှင်လေးကတော့ လုံမိန်ရပ်နားစခန်းနဲ့ ယွဲ့ယာမြို့အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းလေးတွေပဲ ဖြစ်ပါတယ်။ဆယ်ကားထွက်ထားတဲ့ရုပ်ရှင်ဖြစ်တာကြောင့် ကျန်ဇာတ်ကားများအားလုံးကို တစုတစည်းထဲ အောက်ကလင့်မှာရှာလို့ရပါတယ်ဒီမှာရှာပါ ပစ္စည်းတွေကို အပေးအယူလုပ်ပြီး လူတွေအတွက် စိတ်ညစ်စရာတွေကို ကူညီပေးနေတဲ့ သိုင်းလောကလူဆန်းကြီး စုန့်ဖေးချန်ဟာ သူ့ရဲ့ ရှန်းရှီကယ်ထဲမှာ လူတွေ မျှော်လင့်ချက်ကို ဖြည့်ဆည်းဖို့အတွက် လဲလှယ်ခဲ့တဲ့ မျက်လုံး၊ လက်၊ လက်မောင်းနှင့် ဝိညာဉ်တွေကို သိမ်းဆည်းထားပါတယ်။မာတာ့လုဟာ ဟူညိုရုတ်တရက်ပျောက်သွားပြီးနောက် ရှန်းရှီကယ်ကို အကူအညီတောင်းရန် ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့မတွေ့ရတာ ကြာပြီဖြစ်တဲ့ ချူအာနဲ့ တွေ့ခဲ့ပါတယ်။ တာ့လုနဲ့ ချူအာဟာ မေတ္တာရှိနေပေမဲ့လဲ ချူအာနဲ့ ဟူညိုတို့နှစ်ယောက်မှ တစ်ယောက်ပဲ အသက်ရှင်ရမယ်ဆိုတာ သိလိုက်ရပါတယ်။စုန့်ဖေးချန်ဟာ ချူအာတို့ ညီအစ်မရဲ့ အသက်ကို ကယ်တင်ချင်လျှင် တာ့လုကို နင်ဝမ်အိမ်တော်မှာ မင်းသမီးကို သွားဖမ်းရန် တောင်းဆိုခဲ့ပါတယ်။ တာ့လုကလည်း ရွေးချယ်စရာမရှိသဖြင့် သဘောတူခဲ့ပါတယ်။ သဘောကောင်းတဲ့ မင်းသမီးကလည်း တာ့လုနဲ့အတူ စုန့်ဖေးချန်ကို တွေ့ရန် သဘောတူခဲ့ပါတယ်။စုန့်ဖေးချန်မှာ တခြားအစီအစဉ်တစ်ခု ရှိနေပါတယ်။ သူလုပ်သမျှအရာအားလုံးဟာ လွန်ခဲ့တဲ့ နှစ် ၃၀ ...
movie

Dragon Gate Posthouse 8: Pavillion of Life and Death ( 2018 )

Sleepy Hollow (1999) 7.3
Sleepy Hollow (1999) IMDb Rating (7.3) / Rotten Tomatoes (70%)Sleepy Hollow လို့ပြောရင် သိတဲ့သူနည်းတယ်ဆိုပေမယ့် ခေါင်းပြတ်နေတဲ့မြင်းစီးသရဲကြီးက ခေါင်းလိုက်ဖြတ်တဲ့ကားလေ လို့ပြောရင် တော်တော်များများသိထား ကြည့်ဖူးပြီးသားဖြစ်ကြမှာပါ။ဟုတ်ပါတယ် ဒီဇာတ်ကား က ၁၉၉၉ ကရိုက်ခဲ့တဲ့ မင်းသားကြီး Johnny Depp ရဲ့ ဇာတ်ကားပါ။ Stephen King တို့နဲ့ပြိုင်နာမည်ကြီးတဲ့ စာရေးဆရာ Washington Irving ရဲ့ဝတ္တုကို ခပ်ဆန်းဆန်းပုံစံတွေနဲ့ တင်ဆက်တတ်တဲ့ နာမည်ကြီး ဒါရိုက်တာ Tim Burton ကရိုက်ကူးထားတာဖြစ်ပါတယ်။ကျိုးကြောင်းဆင်ခြင်တတ်ပြီး ယုတ္တိကျကျ အတွေးရှိလို့ ခေတ်နောက်ပြန်ဆွဲနေတဲ့ အထက်လူကြီးတွေက ရာထူးအနိမ့်ဆုံးထိချထားခြင်းခံရတဲ့ ရဲသားကရိန်း(Johnny Depp) တစ်ယောက် Sleepy Hollow ဆိုတဲ့ရွာငယ်လေးက လေးလောင်းပြိုင်ခေါင်းဖြတ်သတ်မှုတွေ အကြောင်းကို ဖိအားပေး စုံစမ်းဖို့စေလွတ်ခြင်းခံရပါတယ်။ယုတ္တိကျတာကိုပဲ ယုံတတ်တဲ့ရဲသားကရိန်းတစ်ယောက် သဘာဝလွန်ဖြစ်ရပ်များနဲ့ကြုံတွေ့လာတဲ့အခါ သူ့ရဲ့ငယ်ဘဝအတိတ်ဆိုးတွေကြောင့် ဖြစ်နေတဲ့ အကြောက်လွန်ရောဂါကိုဘယ်လိုကျော်လွှားပြီး သဘာဝလွန်အမှုတစ်ခုကို သိပ္ပံပညာနဲ့ပေါင်းစပ်ပြီး ...
movie

Sleepy Hollow (1999)

4K HEVCHDR
SLEEP (2023) 7
SLEEP (2023) Sleep (2023)Korea Box Office မှာ No.1 ရခဲ့တဲ့ Thriller Horror ဇာတ်လမ်းကောင်းကောင်းလေး လာပါပြီနော်အိပ်ပျော်ရင်းနဲ့ ယောင်ပြီး လမ်းလျှောက်တာတို့ စကားပြောတာတို့က တချို့တွေမှာဖြစ်တတ်ကြပါတယ် ဒါပေမဲ့ ဟျွန်းဆူကတော့ အိပ်တဲ့အချိန် ပိုဆိုးတဲ့အပြုအမူတွေ လုပ်လာပါတယ်အိမ်ထောင်ဦး သာသာယာယာဖြစ်ရမယ့်အချိန်မှာ အိပ်ရင်းနဲ့ ဆိုးဆိုးဝါးဝါးတွေ ပြုမူတတ်တဲ့ ခင်ပွန်းဖြစ်တဲ့သူကြောင့် တစ်မျိုးမဟုတ် တစ်မျိုး စိတ်သောကရောက်နေရတော့ ဆူဂျင်းလည်း အမျိုးမျိုးကြံရပါတော့တယ်နောက်ဆုံးတော့ ဒီအိပ်ရင်းယောင်တတ်တဲ့အကျင့်ကို ကုသနိုင်တဲ့နည်းလမ်းတွေ့မလား ဘယ်လိုမျိုးတွေနဲ့ ကြုံတွေ့ရမလဲဆိုတာ ကြည့်လိုက်ကြပါဦးနော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ Joyz & Hmwe ပဲ ဖြစ်ပါတယ်။https://t.me/+koLnUQ4A0JgzODE1Genre..... Crime, Thriller Quality….  1080p | 720p File size…1.17GB | 548MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz & Hmwe Encoder ..... Aaron
movie

SLEEP (2023)

2023
Jemputan Ke Neraka (2023) 7.7
Jemputan Ke Neraka (2023) Jemputan Ke Neraka 2023CM ပရိသတ်ကြီးအတွက် IMDb 7.7/10 ရထားတဲ့ မလေးရှား Crime, thriller ကားသစ်လေးတစ်ကား တင်ဆက်ပေးလိုက်ရပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ သူငယ်ချင်းဟောင်း‌တစ်ယောက်ရဲ့ မင်္ဂလာပွဲဖိတ်လို့ ပွဲသွားတက်ကြရင်း တစ်ကျောင်းထဲသားသူငယ်ချင်းတစ်စုကလွဲ ဘယ်ဧည့်သည်မှရှိမနေတဲ့အပြင် လိုင်းမမိ ဆက်သွယ်မရတဲ့နေရာဖြစ်နေတာပါပဲ။ ဒီလိုနဲ့ ရှာရင်းဖွေရင်း တည်ခင်းပေးထားတဲ့ စားသောက်ပွဲထဲက လက်တစ်ချောင်း၊ အပေါ်ထပ်က သတို့သမီးအလောင်း နောက်ပြီး ဓာတ်ပုံဘောင်တစ်ခုနဲ့ သူတို့... ။ဘာတွေဆက်စပ်နေလဲ ဘာတွေဆက်ဖြစ်မလဲ ဆိုတာကိုတော့ ပရိသတ်ကြီးပဲ ဆက်လက်ကြည့်ရှုပြီး အသည်းတယားယားနဲ့ အဖြေထုတ်လိုက်ကြပါဦးနော်။(ဒီဇာတ်ကားရဲ့ အညွှန်းကိုတော့ Aditi မှရေးသားပေးပြီး Aditi, Cherry, Alex, ToMo တို့မှ ဘာသာပြန်တင်ဆက်ပေးထားတာပဲ ဖြစ်ပါတယ်။) File size…1.2GB / 514MB Quality…1080p WEB DL /720p Format…mp4 Duration….1h 46m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Aditi~ Cherry~ Alex~ ToMo
movie

Jemputan Ke Neraka (2023)

2023
Dragon Gate Posthouse 7: New Wedding Dress ( 2018 ) 5.9
Dragon Gate Posthouse 7: New Wedding Dress ( 2018 ) ကန္တာရရဲ့ အစွန်းဆုံးက ယွဲ့ယာမြို့ဟောင်းမှာ လုံမိန်ရပ်နားစခန်းတစ်ခုရှိပါတယ်။ အခု CM ကဘာသာပြန်ပေးတဲ့ ရုပ်ရှင်လေးကတော့ လုံမိန်ရပ်နားစခန်းနဲ့ ယွဲ့ယာမြို့အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းလေးတွေပဲ ဖြစ်ပါတယ်။ဆယ်ကားထွက်ထားတဲ့ရုပ်ရှင်ဖြစ်တာကြောင့် ကျန်ဇာတ်ကားများအားလုံးကို တစုတစည်းထဲ အောက်ကလင့်မှာရှာလို့ရပါတယ်ဒီမှာရှာပါ ဒီအပိုင်းမှာတော့ ယွဲ့ယာမြို့ဟောင်းမှာရှိတဲ့မာတာ့လုဟာ တစ်နေ့မှာ စာပို့စရာရှိတာကြောင့်မုံ့မြို့ဆီကို ရက်အတော်ကြာသွားဖို့ ကိစ္စဖန်လာခဲ့ပါတယ်။ဒါပေမဲ့မုံ့မြို့ရဲ့ ထုံတမ်းစဉ်လာအရ သရဲမင်္ဂလာပွဲဆိုတဲ့ ဓလေ့ထုံတမ်းစဉ်လာတစ်ခုရှိခဲ့တယ်။အဲ့ဒါကတော့ အိမ်ထောင်မကျသေးတဲ့ မိန်းမပျိုလေးတွေ ဆုံးပါးသွားတဲ့အခါသက်ရှိထင်ရှားရှိနေတဲ့ ယောကျ်ားတစ်ယောက်ကိုသေဆုံးသွားတဲ့မိန်းမပျိုလေးနဲ့ လက်ထပ်ခိုင်းပြီးအဲ့မိန်းမပျိုရဲ့ကမ္ပတည်းတိုင်ကိုအိမ်ဆီခေါ်သွားခိုင်းတာပေါ့။ဒီလိုနဲ့မာတာ့လုတစ်ယောက်အမှတ်မထင်ဒီကိစ္စထဲပါဝင်ပတ်သက်လာမိတယ်။ ဒါတင်မကပဲ မုံ့မြို့ညဘက်ရောက်တိုင်းသစ်ပင်တစ်ပင်အောက်မှာ ဗြက်စောင်းထိုင်တီးတတ်တဲ့ရူးကြောင်ကြောင် အမျိုးသမီးတစ်ယောက်ရှိတယ်တဲ့။သူက ညရောက်တိုင်းအိမ်ထောင်မကျသေးတဲ့လုလင်ပျိုတွေကို မြှားခေါ်လေ့ရှိတယ်။ သူ့နာမည်ကတော့ယွိလင်းလုံခေါ်တာပေါ့။ ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကတော့ အရင်တုန်းကသူအရမ်းချစ်ရတဲ့ ဝမ်းကွဲအစ်ကိုကြောင့်ပဲ။ဒီလိုနဲ့ မာတာ့လုနဲ့အမှတ်မထင်တွေ့ကြရာကနေ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ဘာကြောင့်များ ဒီယွိလင်းလုံမိန်းကလေးက ဒီလိုတွေလုပ်နေရတာလဲ။ မာတာ့လုကကောဒီပြဿနာကိုဖြေရှင်းနိုင်ပါ့မလား စတဲ့စိတ်ဝင်စားစရာတွေတွေအပြင် အချစ်ကိုဘုရားလိုကိုးကွယ်တဲ့ ယွိလင်းလုံရဲ့သနားစရာဇာတ်လမ်းလေးကိုမြင်တွေ့ရမှာ ဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , History , Mystery Runtime : 1h 22 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by ...
movie

Dragon Gate Posthouse 7: New Wedding Dress ( 2018 )

Awareness (2023)
Awareness (2023)   လူတိုင်းသိကြတဲ့ Money Heist ထဲမှာ Berlin အနေနဲ့နာမည်ကြီးခဲ့ပြီး၊ Berlin ဇာတ်ကောင်နဲ့ပဲ spin-off series ထပ််ထွက်ဦးမယ့် စပိန်မင်းသားကြီး Pedro Alonso ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားသစ်လေးတစ်ကားကိုတင်ဆက်ပေးပါရစေ။Ian ဆိုတဲ့ကောင်လေးဟာ လူတွေကိုမရှိတဲ့အရာတွေကို မြင်အောင်လုပ်နိုင်တဲ့ ထူးဆန်းတဲ့စိတ်စွမ်းအားကိုပိုင်ဆိုင်ထားတဲ့လူငယ်လေးတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုကြီးမားတဲ့စွမ်းအားရှိပါလျက်နဲ့ Ianဟာ သူ့အဖေအုပ်ထိန်းမှုအောက်မှာ သားအဖ ၂ယောက်အတူ မြို့အစွန်အဖျားလေးမှာပုန်းလျှိုးကွယ်လျှိုးနေထိုင်ရင်း အသေးစားဓားပြမှုလေးတွေကျူးလွန်ပြီးအသက်မွေးနေရရှာတယ်။သူ့ကို သူ့အဖေတစ်ယောက် ဘာကြောင့်များ လူ့အဖွဲ့အစည်းရဲ့အဝေးမှာ ဒီလိုစုတ်ချာပြီးအထီးကျန်တဲ့ဘဝမျိုးနဲ့နေခိုင်းသလဲဆိုတာကိုတော့ သူနားမလည်ခဲ့ဘူး။သူ့အဖေကတော့ သူ့ကိုလာဖမ်းပြီး ဓာတ်ခွဲခန်းထဲမှာ စမ်းသပ်မှုတွေလုပ်ချင်နေတဲ့သူတွေရှိတယ်ဆိုတာကိုပဲ အမြဲသတိပေးနေခဲ့တယ်။ မထင်မှတ်တဲ့အမှားတစ်ခုကြောင့် တစ်နေ့မှာ သူ့ အဖေစိုးရိမ်ခဲ့တဲ့အရာတွေတကယ်ဖြစ်လာခဲ့တဲ့အခါမှာတော့ Ian တစ်ယောက် အခက်အခဲများစွာရင်ဆိုင်လာရပါတော့တယ်။Ianတစ်ယောက် သူကိုယ်တိုင်တောင်နားမလည်တဲ့အရှုပ်တွေရဲ့ အလယ်ဗဟိုချက်ဖြစ်လာရပါတော့တယ်။ ထိုအရှုပ်တွေကြားမှာရော သူလိုက်ရှာနေတဲ့အဖြေတွေကိုရှာတွေ့နိုင်မှာလား။ သူ့ကိုယ်သူနဲ့ပတ်သက်ပြီးရော ဘယ်လိုအမှန်တရားတွေကိုတွေ့ရှိလာရမလဲ။ သူ့ရဲ့စွမ်းအားတွေကရော ဘယ်လိုဖြစ်တည်လာခဲ့သလဲဆိုတဲ့အဖြေများကိုဘယ်လိုရှာဖွေမလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ File size…(1.6 GB)/(800 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:52:00 Genre...Mystery, Sci-fi. Thriller Subtitle….Myanmar ...
movie

Awareness (2023)

Haunted Harmony Mysteries: Murder in G Major (2023) 7.1
Haunted Harmony Mysteries: Murder in G Major (2023)  IMDb 7.1 ရရှိထားတဲ့ လူသတ်သရဲကားကို CMကနေ တင်ဆက်ပေးလိုက်ပါတယ်။ Full House, Family Guy, Detention, Roommates အစရှိတဲ့ ရုပ်ရှင်စီးရီးတွေရဲ့ မင်းသမီး Tamera Mowryက ယခုရုပ်ရှင်မှာ ဂတ်ဆန်းမန်းနီး ဆိုတဲ့ ကာရိုက်တာအနေနဲ့ သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် Too close , Delicious , The Inheritance, Extra ordinary အစရှိတဲ့ ရုပ်ရှင်ကောင်းပေါင်းများစွာမှာ သရုပ်ဆောင်ဖူးတဲ့ Risteárd Cooperကြီးကပါ အဆိုပါရုပ်ရှင်ကို အတွဲညီညီနဲ့ တွဲဖက်သရုပ်ဆောင်ထားပါတယ်။( အေမန် မက်ကာသီနဲ့ အော်လာတို့က နိုင်ငံကျော် အနုပညာရှင် ချစ်သူတွေဖြစ်ကြပါတယ်။ သူတို့၂ယောက်ကို လူတိုင်းကလည်း ချစ်ကြပါတယ်။ ဒါပေမယ့် သူတို့ချစ်သူ၂ဦးကြားမှာ အဖြစ်ဆိုးကြီး ဖြစ်သွားခဲ့ပါတယ်။ Official သတင်းအရဆိုရင် အေမန်က အော်လာကို သတ်ပြီး ကိုယ့်ကိုယ်ကို ...
movie

Haunted Harmony Mysteries: Murder in G Major (2023)

In the Electric Mist (2009) 6.1
In the Electric Mist (2009)  Man In Black ကားတွေထဲက အေးဂျင့်ကေ အဖြစ်ပါဝင်ထားတဲ့ မင်းသားကြီး Tommy Lee Jonesရဲ့ဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားလေးကတော့ လူစီယားနားပြည်နယ် နယူးအိုင်ဘီရီးယားမြို့မှာ အရမ်းလှပတဲ့ အသက်19 နှစ်အရွယ်ပြည့်တန်ကောင်မလေးတစ်ယောက်ရက်ရက်စက်အသတ်ခံခဲ့ရတယ် ထိုလူသတ်မှုကို စုံထောက်ကြီးရော်ဘီချော့တစ်ယောက် ကိုင်တွယ်စုံစမ်းရပါတော့တယ် ထိုအမှုကိုစုံစမ်းရင်းမှ နောက်ထပ်အမှုတွေ တစ်စတစ်စပေါ်ထွက်လာခဲ့တယ် ထိုအမှူတွေနဲ့ပက်သက်နေသူမှာ ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းလုပ်နေတဲ့ ဘယ်လ်ဘွန်နီ(ဘေဘီဖိ) လို့သံသယဝင်လာပြီး သူ့ကိုစောင့်ကြည့်စုံစမ်းနေခဲ့ပါတယ်ထို့နောက် ရုပ်ရှင်သရုပ်ဆောင်ဖြစ်တဲ့အဲလ်ရော့ဆိုက်ဟာလည်း ရိုက်ကွင်းတစ်ခုကနေ အလောင်းတစ်ခုတွေ့ရှိခဲ့တာကြောင့် ရော်ဘီချော့ထံ သတင်းပို့ပြောပြခဲ့ပါတယ် စုံထောက်ကြီးရော်ဘီချော့တစ်ယောက် အမှုမှန်ပေါ်အောင်စုံစမ်းနေရင်း သူ့အတွက် အသက်အန္တရာယ်နဲ့ပါကြုံတွေ့လာရပါတယ်နောက်တော့ ဒီထပ်ပိုဆိုးလာပြီး သူ့မိသားစုကိုပါ ခြိမ်းခြောက်လာမှုကြုံတွေ့ရတဲ့အခါ စုံထောက်ကြီးအနေနဲ့ ဘယ်လိုဖြေရှင်းသွားမလဲ အမှုမှန်ရောပေါ်ပေါက်ပါ့မလား...... ဘယ်သူက ဒီအမှုတွေရဲ့ တရားခံဖြစ်နေတာလဲဆိုတာတွေကို စိတ်ဝင်စားစွာကြည့်ရှုရမှာပါ..... File size…(2.2 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:57:00 Genre...Thriller, Drama, Crime, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie

In the Electric Mist (2009)

Escape (2023) 7.5
Escape (2023) Escape [2023]( IMDb 7.5/10 )စစ်ကြောရေးအခန်းတစ်ခန်းထဲမှာ အက်ဒမ်တစ်ယောက် မူးဝေပြာရီစွာနဲ့ပဲ လက်ထိတ်ခတ်လျက်သား သတိပြန်လည်လာပါတယ်... သူ့ရှေ့မှာ ကြိုးဖုန်းအနီတစ်လုံး ရှိနေပြီးတော့ မျက်နှာကျက်နားက နံရံပေါ်မှာ တီဗီတစ်ခု ရှိနေပါတယ်... တီဗီထဲက သတင်းမှာတော့ သူသေဆုံးသွားပြီဆိုတဲ့ သတင်းက ထုတ်လွှင့်လာပါတယ်...အက်ဒမ် မယုံကြည်နိုင်ဖြစ်နေချိန်မှာပဲ ဖုန်းမြည်လာပါတယ်... လာတဲ့ ဖုန်းက အရေးပေါ်ဖုန်းလိုင်းကပါ... တစ်ဖက် အသံကိုသာ ကြားရပြီး အက်ဒမ့်အသံကို သူတို့မကြားရပါဘူး...ဒီလိုနဲ့ နောက်ဖုန်းတစ်ကောလ်... အက်ဒမ်သူ့အဖြစ်ကို ပြန်ပြောပြန်တယ်... ဒီတစ်ခါတော့ အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့ကတဲ့လေ... အက်ဒမ်ဟာ ဝန်ကြီးကို လုပ်ကြံဗုံးခွဲခဲ့တဲ့ တရားခံပါတဲ့... သူ့ကို ဖမ်းဖို့ လိုက်နေကြတာပါတဲ့...အက်ဒမ်ရဲ့ ဇဝေဇဝါဖြစ်မှုဟာ အမြင့်ဆုံးကို ရောက်နေရှိနေပါပြီ... အဲ့နောက်မှာပဲ အစွမ်းထက်ဆုံးလက်နက်ဖြစ်တဲ့ EMP-47 ချပ်စ်ပြား ကိစ္စကလည်း ပေါ်လာပါတော့တယ်... အဲ့နောက်မှာတော့ အကြမ်းဖက်အဖွဲ့တစ်ခုဖြစ်တဲ့ လက်စ်ကာ တီမောရဲ့ အမဲလိုက်တာကိုလည်း ခံနေရမှန်း သိလာရပါတယ်... တစ်ပူပေါ် တစ်ပူဆင့်နေရင်းကမှ အခန်းထဲမှာ ပေးထားတဲ့အချိန်အတွင်း ချပ်စ်ပြားတည်နေရာကို မပေးနိုင်ရင် အချိန်ကုန်တာနဲ့ တစ်ခန်းလုံး ပေါက်ကွဲထွက်သွားမယ့် အချိန်ကိုက် ဗုံးကလည်း အသင့်တပ်ဆင်ထားပြီးသား ...
movie

Escape (2023)

2023
Saw X (2023) 7.1
Saw X (2023) Saw X (2023)ဒါဟာ Saw ရုပ်ရှင်တွဲကြီးရဲ့ ၁၀ ကားမြောက် ရုပ်ရှင်ပါ။ ဆော ရုပ်ရှင်တွေဟာ ရုပ်ရှင်လောကမှ သူမတူတဲ့ ဇာတ်အိမ်တစ်ခုနဲ့ ထိုးဖောက်လာခဲ့တာ ဆယ်စုနှစ်ချီနေပါပြီ။ ဒီရုပ်ရှင်ရဲ့အချိန်ကတော့ Saw 2004 နဲ့ Saw II 2005 ကြားကာလကို ပြထားတာပါ။ နာမည်ကျော် ဂျစ်ဆောလူသတ်သမားကြီး ဂျွန်ခရာမာကို ဒီရုပ်ရှင်မှာ ပထမဆုံး ဇာတ်လိုက်အဖြစ် မြင်ကြရမှာပါ။ ဒါရိုက်တာကတော့ အရင် ဆောရုပ်ရှင်တွေရဲ့ တည်းဖြတ်သူ Kevin Greutert ပါပဲ။ ဒီရုပ်ရှင်ဟာ IMDb Rating (7.1)/ RT (79%) ရရှိထားပြီး ဆောရုပ်ရှင်အားလုံးထဲမှာ ရိတ်တင်အကောင်းဆုံးဖြစ်လာခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်း... ဂျစ်ဆောလူသတ်သမားကြီး ဂျွန်ခရာမာဟာ ပန်ကရိယကင်ဆာ အဆင့်-၄ ကြောင့် ဆရာဝန်တွေပါလက်လျှော့လိုက်ရပါပြီ။ ဒါပေမဲ့ မက္ကဆီကိုမှာ ရှိနေတဲ့ ဆရာဝန်တစ်စုက နောက်ဆုံးပေါ်ကုထုံးနဲ့ ကုပေးမယ်လို့ လိမ်ခေါ်ပြီး သူ့ငွေတွေကို ...
movie

Saw X (2023)

4K HEVC
Jaane Jaan (2023) 7.7
Jaane Jaan (2023) Jaane Jaan (2023) ==================== IMDb-6.0/10 ဒီကားကတော့ ၄တန်းအောင် အဂျေးရဲ့ အလောင်းဖျောက်ပုံ အလီဘိုင်ရှာပုံတွေနဲ့ ပုံစံဆင်တူတဲ့ ဇာတ်ကားတစ်ကားပါ Netflix ကထုတ်လွှင့်ပြီး Rating အနေနဲ့ရော Plot အနေအထားအရပါ အတော်လေးကြည့်ရှုလို့ကောင်းတဲ့ Crime / Mystery ဇာတ်ကားအမျိုးအစားဖြစ်ပါတယ် မင်းသမီးကြီး ကရီနားကပူးဟာဆိုရင်လည်း အပိုအလိုမရှိ ပါဝင်သရုပ်ဆောင်ထားပြန်ပါတယ်ဘောလိဝုဒ်ကားတွေက အင်စပက်တာတွေ အမှုလိုက်တော်တဲ့ကားတွေပဲများပေမဲ့ ဒီကားကတော့ criminal ဘက်ကနေ ဘယ်လောက်ထိပိရိအောင်လုပ်နိုင်လဲဆိုတာကိုကြည့်ရှုရမှာပါဉာဏ်ပညာထက်မြက်မှုနဲ့ ရူးသွပ်မှု..ဒီ၂ခုကြားမှာ မျဉ်းကြောင်းလေးတစ်ကြောင်းပဲ ခြားပါတယ် သင်္ချာပညာရပ်ကို ရူးသွပ်လို့ ဆယ်စုနှစ်တစ်ခုအထိ လေ့လာလိုက်စားလာခဲ့ပြီး အရာရာကို သင်္ချာနည်းတကျ စေ့စပ်တွေးခေါ်တတ်တဲ့လူတစ်ယောက်က လူသတ်မှုတစ်ခုမှာ ပါဝင်ပတ်သက်လာခဲ့မယ်ဆိုရင်ရော..နည်းနည်းလောက်သာပိုတွေးမိရင် မျက်စိရှေ့က အမှန်တရားကိုမြင်နိုင်ပေမဲ့ မကြိုးစားခဲ့ကြသူတွေနဲ့ ချစ်ရတဲ့မိသားစုကိုကာကွယ်ဖို့ အဘက်ဘက်ကကြိုးစားကြတဲ့လူတွေကြားက တိုက်ပွဲတစ်ခု ..လူသတ်သမားကိုသိနေတာတောင် အလီဘိုင်က အစစအရာရာပြည့်စုံနေပြီး ဟာကွက်မရှိနေတဲ့ ပြီးပြည့်စုံတဲ့ လူသတ်မှုတစ်ခု ..ဉာဏ်ပညာထက်မြက်မှုနဲ့ အမှန်တရားကြား ဘယ်သူကအနိုင်ရသွားမလဲ ဇာတ်ကားတစ်ကားလုံးက ပစ်ရက်စရာရှိအောင် ပြည့်စုံလွန်းတာကြောင့် လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ(အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ YH ~ Alex ...
movie

Jaane Jaan (2023)

2023
4K HEVC
The Y (2023) 7.4
The Y (2023) The Y (2023) ပဟေဠိစံအိမ် IMDb-7.2/10 Horror/Mystery/Thrillerမကြာသေးခင်ကထွက်ရှိထားတဲ့ ထိတ်လှန့်သည်းဖိုအမျိုးအစားဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဒစ်ရှာဟာ ၈ နှစ်ကြာပြီးမှ မိဘအရင်းတွေနဲ့ ပြန်လည်ဆုံတွေ့ခဲ့ရတဲ့ ကံခေသူလေးပါ။ သူ့မှာ ငယ်စဉ်ကလေးဘဝထဲက အချစ်ကြီးချစ်ခဲ့ရတဲ့ ယူဗန်ဆိုတဲ့ မိဘမဲ့ဂေဟာ‌ကကောင်လေးလည်းရှိပါတယ်။ဒါပေမဲ့ ၈ နှစ်အကြာမှာ မိဘရင်းတွေကလာပြန်ခေါ်တာခံလိုက်ရတဲ့ ဒစ်ရှာဟာ ယူဗန်ကိုမေ့သွားခဲ့ပါတယ်။ အနှစ်နှစ်အလလစောင့်ခဲ့ရတဲ့ယူဗန်အတွက် သူပထမဆုံးပြန်ကြားရတဲ့ ဒစ်ရှာရဲ့သတင်းဟာ မင်္ဂလာဆောင်တော့မယ့်သတင်းပါ။ဒါပေမဲ့ ယူဗန်ကိုလာတွေ့တဲ့လမ်းမှာ ဒစ်ရှာတို့ တစ်မိသားစုလုံးကားမှောက်ပြီး မိဘတွေလည်း ပွဲချင်းပြီးဆုံးပါး ကိုယ်တိုင်လည်း စိတ်ထောင်းကိုယ်ကြေဖြစ်ခဲ့ရတဲ့ဒစ်ရှာတစ်ယောက် စကားမပြောနိုင်ဖြစ်ပြီး မှတ်ဉာဏ်ဆုံးရှုံးခဲ့ရပါတယ်။ ဒီလိုနဲ့ပဲ ယူဗန်နဲ့ပဲ အကြောင်းပါခဲ့ပြီး အဖွားဖြစ်သူအမွေပေးခဲ့တဲ့ အိမ်ကြီးဆီကို ရွှေ့ပြောင်းနေထိုင်ကြပါတယ်။အိမ်ကြီးဆီကပဲလား အတိတ်ကအရိပ်တွေကပဲလိုက်လာလေသလားမသိ အမျိုးသမီးလေးဆီမှာ ထူးဆန်းတာတွေဖြစ်လာတဲ့အခါမှာတော့။ ဖြစ်ပျက်တဲ့အရာတွေကရော ခင်ပွန်းဖြစ်သူနဲ့ရော ဘယ်လိုတွေပတ်သက်နေလဲဆိုတာ ရင်ဖိုဖိုနဲ့ ကြည့်ရှုကြပါဦးရှင့်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Cherry~Dee~Alex~BpL~Vတို့ဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here ) File size…1.6GB / 623MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

The Y (2023)

2023
Spiral: From the Book of Saw (2021) Saw 9 5.8
Spiral: From the Book of Saw (2021) Saw 9 Saw Collection ==============CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director's cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell  တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ ...
movie

Spiral: From the Book of Saw (2021) Saw 9

4K HEVC
Jigsaw (2017) Saw 8 6.1
Jigsaw (2017) Saw 8 Saw Collection ==============CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director's cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell  တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ ...
movie

Jigsaw (2017) Saw 8

2017
Saw (2004) Saw 1 7.6
Saw (2004) Saw 1 Saw Collection ==============CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director's cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell  တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ ...
movie

Saw (2004) Saw 1

4K HEVC
The Nun (2018) 5.6
The Nun (2018) ကျွန်တော်တို့ ဗုဒ္ဓဘာသာအယူအဆမှာ အသူရကာယ်တွေ ဘီလူးမိစ္ဆာတွေရှိကြသလို အနောက်တိုင်းလောကမှာလဲအဲ့ဒီလိုပုံစံလေးတွေရှိပါတယ် သူတို့အခေါ်တော့ The Demon နတ်ဆိုးတွေပေါ့ နတ်ဆိုးလို့ပြောလိုက်ပြီဆိုတာနဲ့Conjuring Universe က Crooked Man တို့ The Nun တို့ကိုပြေးမြင်မိကြမှာပါ The Nun ဆိုတာနဲ့ မျက်နှာအဖွေးသားအစွယ်တဖွေးဖွေးနဲ့သီလရှင်ကြီးဆိုတာ မျက်လုံးထဲပြေးမလွတ်ပါဘူး အနောက်တိုင်းနတ်ဆိုးလောကမှာ The Nun ခေါ် Valak က evil books တွေမှာတစ္ဆေထိန်းမိစ္ဆာကြီးအဖြစ်နေရာယူထားပေမယ့် အခု The Nun(2018)မှာတော့ သီလရှင်ကြီးအနေနဲ့တွေ့ရမှာပါဇာတ်လမ်းအကျဉ်းကတော့ ရိုမေးနီးယား က စိန့်ခါသာဆိုတဲ့ church ကြီးမှာသီလရှင်တစ်ပါးသေကြောင်းကြံစည်ခဲ့ပါတယ် ဒါနဲ့ပဲ Catholic ဘာသာဝင်တို့ရဲ့ဌာနချုပ်ဖြစ်တဲ့ ဗာတီကန်စီးတီးကဘုန်းတော်ကြီးတွေက သီလရှင်အသစ်လေးတစ်ပါးနဲ့ ဘုန်းတော်ကြီးတစ်ပါးကိုခြေနေဆိုးကောင်းသိရအောင်လွှတ်ပေးလိုက်ပါတယ် ဒါပေမယ့် ရိုမေနီးယားလဲရောက်ရော ဒီသာမန်သီလရှင်တစ်ပါးသေကြောင်းကြံမှုနောက်ကွယ်က ဘယ်ကိစ္စကကြိုးကိုင်နေလဲဆိုတာစုံစမ်းရင်း အစွယ်အဖွေးသားနဲ့အင်မတန်အားကြီးတဲ့နတ်ဆိုးမကြီးနဲ့ ပတ်သတ်မိကြတော့တာပါပဲဇာတ်လမ်းအဆုံးမှာConjuring 1 နဲ့ပြန်ချိတ်ပေးထားလို့ Conjuring universe ကိုခုံမင်တဲ့သူတွေအတွက်ကြည့်သင့်တဲ့ကားပါ ပုံမှန်ခြောက်နေကြတစ္ဆေတွေနဲ့ကွဲထွက်ပြီး သီလရှင်ပုံစံအသွင်ယူထားတဲ့ Valak ရဲ့ကျောချမ်းစရာအသံနက်ကြီးနဲ့တင်ဇာတ်လမ်းကိုဆွဲခေါ်သွားပေးမှာဖြစ်ပါတယ်(ရုပ်ရှင်အညွှန်းကို Hein Thet Naing မှတင်ဆက်ထားပါတယ်။) File size…(2.8 GB)/ (860 MB)/(660 MB) Quality….BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:36:34 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka ...
movie

The Nun (2018)

2018
4K HEVC