Channel Myanmar

Mystery

Ready or Not (2019) 7.1
Ready or Not (2019) ချမ်းသာပြီး လျို့ဝှတ်တက်တဲ့ မိသားစု တစ်ခု ရှိတယ် သူတို့ဟာ ဂိမ်းမင်းမျိုးဆက် လို့ ခေါ်ခံရပြီး ဂိမ်းကစားနည်းတွေကို ထုတ်လုပ်သူတွေဖြစ်ပါတယ် သူတို့ရဲ့ ကြီးကျယ်ခန်းနားတဲ့ နန်းတော်လို စံအိမ်ကြီးမှာ နေပြီး မျက်နှာတွေကတော့ တစ်ခုခုကို အလိုမကျတဲ့သူတွေလိုပေါ့ အဲ့ဒီအိမ်ကြီးမှာ အငယ်ဆုံးသားဖြစ်သူ အဲလစ်ကတော့ တစ်နေ့မှာ ဂရေ့စ် ဆိုတဲ့ ကောင်မလေးကို လက်ထပ်ယူဖို့ အိမ်ကိုခေါ်လာခဲ့ပါတော့တယ် ဒီမိသားစု အကြောင်း ဘာမှ မသိပဲ မောင့် တစ်မျက်နှာ တစ်ရွာထင်ပြီး လိုက်လာခဲ့တဲ့ ဂရေ့စ် ကတော့ ဒီမိသားစု နဲ့ အသားကျသွားဖို့ လိုက်လျောညီထွေဖြစ်ဖို့ ကြိုးစားမယ်လို့ အဆုံးစွန်ထိ တွေးပြီးသားပါ အားလုံးအဆင်ပြေပြေ ဖြစ်ခဲ့ပါတယ် မင်္ဂလာဆောင်တဲ့ ညမှာပဲ ဒီမိသားစု ဟာ အစဉ်အလာ တစ်ခုကို ထိန်းသိမ်းထားပြိး ဂိမ်း တစ်ခုကို ကစားရမှာ ဖြစ်ပါတယ်... မိသားစု ထဲ လူအသစ်ဝင်လာရင် ဒီမိသားစု နဲ့ ထိုက်တန်လား ဆိုတာ ဆုံးဖြတ်ကြဖို့ အတွက် သတို့သမီးက ပုန်းရမှာ ဖြစ်ပြီး မိသားစု များက လိုက်ရှာရမှာပါ ဒီလို တူတူပုန်းတမ်း ကစားနည်းကို ...
movie

Ready or Not (2019)

2019
HEVC 1080p 5.1
Hypnotized (2004) 5.9
Hypnotized (2004) The Hypnotized 2004 -------------------------------- ဒီရုပ်ရှင်က စိတ်ပညာကားဆိုလဲ မမှားသလို ဒရာမာကားဆိုလဲမမှားဘူးပြောရမှာပေါ့။ ၂၀၀၄ခုနှစ်လောက်ကကျနော်တို့နိုင်ငံမှာ စိတ်ပညာဆရာ၀န်တွေ သိပ်မများသေပေမယ့် တောင်ကိုးရီးယားလိုဖွံဖြိုးတဲ့နိုင်ငံတွေကျတော့ ရှိနေပြီပေါ့ဗျာ. အဓိက သရုပ်ဆောင်ဖြစ်တဲ့ မင်းသမီးkim hye suရဲ့ psychoဆန်ဆန်သရုပ်ဆောင်မှုတွေ ကောင်းတော့ ဆုအနေနဲ့လဲ ၇ဆုရထားပြီး ဇကာတင်ဆု‌တွေလဲ ရထားပါတယ်။ဇာတ်လမ်းအကျဉ့်းကတော့ အိမ်မွေ့ချရောဂါကုထုံးဆရာ၀န်နဲ့ စိတ်ဂနာမငြိမ်ရောဂါသည်တို့ကြားကဆက်ဆံရေးတခုအပေါ်အခြေခံထားပါတယ်။ မင်းသမီး Kim hye suက ဂျီဆုဆိုတဲ့ အချစ်ဦးနဲ့လွဲလို့ စိတ်ဒဏ်ရာလဲရသူရေးတဲ့စာအုပ်တွေကလဲ ထုတ်ဝေခွင့်မရ အိမ်ထောင်ရေးကလဲ အဆင်မပြေတော့ စိတ်ကစဉ့်ကလျား ရောဂါဖြစ်‌‌ေနတဲ့အမျိုးသမီးအဖြစ် သရုပ်ဆောင်ထားပါတယ်။.ဂျီဆု စိတ်ရောဂါကို ခင်ပွန်းဖြစ်သူက သိရှိသွားပြီး စိတ်ကုဆရာ၀န်နဲ့ ပြသခဲ့ပါတယ်.ဒါပေမယ့် ဂျီဆုဟာအကောင်းပတိပြန်ဖြစ်တာမျိုး မဟူတ်ပဲ ယဉ်ယဉ်လေးဆက်ရူးနေခဲ့တာပါ။တနေ့မှာတော့ သူ့ကိုကုသပေးတဲ့ဆရာ၀န်နဲ့ပြန်ဆုံပြီး နှစ်ယောက်သား အခက်အခဲတွေ ရင်ဖွင့်ရင်း ရင်းနှီးချိန်မှာတော့သွေးသားဆန္ဒအရ မှားခဲ့ပါတယ်။ဂျီဆုစိတ်အခြေအနေမဟန်မှန်း ဆရာ၀န်သိလိုက်ရချိန်မှာတော့ သူဟာဂျီဆုကို ...
movie

Hypnotized (2004)

2004
Recalled (2021) 8.1
Recalled (2021) Recalled (2021)ကိုရီးယားလောကမှာ ဂယက်တွေ ဒလဟော ထသွားတာတောင်သူ ရိုက်ခဲ့တဲ့ ဇာတ်ကားက Korean Film Council data တွေအရကိုရီးယားမှာအကောင်းဆုံး Ranking 9 အထိဝင်ထားတဲ့Seo Ye Ji ရဲ့ Recalled ဆိုတဲ့ Mystery/Thriller ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒီကားကို Box office က ဒေါ်လာ 2.63 million အထိအကုန်အကျခံရိုက်ကူးထားပြီးIMDB rating ကလည်း 8.4/10 အထိရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းဇာတ်အိမ်ကတော့ တစ်ခြားကားတွေနဲ့မတူဘဲ တော်တော်လေး စွဲဆောင်နိုင်ပြီးအဆုံးသတ်မှာ လျှို့ဝှက်ချက်တွေ၊ အံ့သြဖွယ်မြှုပ်ကွက်တွေနဲ့ ပြည့်နေတဲ့ ဇာတ်ကားတစ်ကားလို့လည်းပြောလို့ရပါတယ်။ဇာတ်လမ်းအကျဉ်းလေးပြောရရင်ဆူဂျင်းဆိုတဲ့ ကောင်မလေးက မတော်တဆမှုတစ်ခုကြောင့်တောင်ပေါ်ကပြုတ်ကျခဲ့ပြီးနောက် အတိတ်မေ့နေခဲ့ပါတယ်။သူ့ဘဝက ဘယ်လို .....သူ ဘယ်သူဆိုတာကိုတောင် မေ့နေတဲ့အနေအထားပါ။ဒါကို သူ့ဘေးနားက လီဂျီဟွန်းဆိုသူ အမျိုးသားကသူ့မှတ်ဉာဏ်တွေပြန်ရလာအောင် ဘေးကနေ စောင့်ရှောက်ပေးရင်းအမှတ်တရတွေတစ်ခုချင်း ပြောပြခဲ့ပါတယ်။ဒါပေမယ့် ဆူဂျင်းယုံကြည်ထားခဲ့တဲ့ သူမရဲ့အမျိုးသားလီဂျီဟွန်းဟာ လျှို့ဝှက်ချက်တွေအများကြီးရှိနေတဲ့သူတစ်ယောက်ဖြစ်ကြောင်းကိုမမျှော်လင့်ဘဲနဲ့ တစ်စတစ်စ သိလာခဲ့ပြီးလီဂျီဟွန်းအပေါ် ...
movie

Recalled (2021)

2021
Things Heard & Seen (2021) 5.3
Things Heard & Seen (2021) Things Heard & Seen (2021)=====================IMDb Rating - 5.3/10ဒါဟာ သရဲကားပါ။ All Things Cease to Appear ဆိုတဲ့ ဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။သရဲကားပီပီ အသစ်ပြောင်းလာတဲ့အိမ်မှာ ခြောက်တာပါပဲ။ အိမ်ကိုပြောင်းလာတဲ့မိသားစုဝင်ကတော့ ၃ ယောက်ပါ။ဂျော့၊ကတ်သရင်း လင်မယားနဲ့ သူတို့ရဲ့ ၄ နှစ်သမီးလေး ဖရန်နီပေါ့။ ဂျော့က ဝိညာဉ်လောကကိုယုံကြည်တဲ့ ဆွီဒင်ဘော့ရဲ့အယူအဆလွှမ်းမိုးမှုခံရတဲ့ အနုပညာတွေအကြောင်း စာတမ်းရေးရင်းနဲ့ အဲဒီကောလိပ်မှာ ပါမောက္ခရာထူး ရရှိခဲ့တာပါ။ဒါပေမယ့် အိမ်ရဲ့သမိုင်းက ပဟေဠိဆန်တယ်။ ခြောက်နေတဲ့ သရဲနဲ့ ခြောက်ရတဲ့အကြောင်းကို ရှာဖွေရင်း ကတ်သရင်း နဲ့ဂျော့အပေါ် သရဲတွေရဲ့ သက်ရောက်မှုနဲ့ ပြောင်းလဲလာမှုတွေနဲ့ လျို့ဝှက်ချက်တွေကို ရင်တဖိုဖိုနဲ့ကြည့်ရမှာပါ။ သရဲကားငတ်နေတဲ့ သူတွေအတွက်တော့ ကြည့်ရတာ နောင်တမရမယ့် သရဲကားထဲမှာ ပါပါတယ်။ အားပေးကြပါဦး။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ပဲဖြစ်ပါတယ်။) Quality ...
movie

Things Heard & Seen (2021)

2021
The Woman in the Window 2021 5.8
The Woman in the Window 2021 အေမီ အဒမ် နဲ့ ဂယ်ရီအိုးမန်းတို့ ပါဝင်ထားတဲ့ crime drama mystery လေး ကြည့်လိုက်ရောင်။Best Seller ဝတ္ထုတစ်အုပ်ကို ပြန်ရိုက်ကူးထားတာပါပဲဒီကားက လှည့်ကွက်တွေပါတော့ အများကြီးတော့ ပြောမပြေတော့ပါဘူး။အန်နာဟာ ယောကျာ်းရယ် သမီးရယ်နဲ့ ကွဲပြီးတစ်ယောက်ထဲ နေနေတဲ့ အမျိုးသမီးတစ်ယောက်ပါ။အမြဲအထီးကျန်နေပြီး ပတ်ဝန်းကျင်အိမ်တွေကိုပဲ ပြတင်းပေါက်ကနေ ငေးနေတတ်တဲ့သူမျိုးပေါ့စိတ်ကျရောဂါကြောင့် ဆရာဝန်ပြနေရသလို ဆေးတွေလည်းသောက်နေရပါတယ်။တစ်နေ့မှာတော့ သူ့အိမ်ရဲ့ လမ်းဟိုဘက်က အိမ်မှာ လူသတ်မှုဖြစ်သွားတာကို တွေ့ပြီးရဲတွေကို ဖုန်းဆက်ခေါ်လိုက်ရပါတယ်။ ဒါပေမယ့် ဘာတွေဆက်ဖြစ်လာလဲဆိုတာ.... File size…(၁.၅ GB) and (1GB) Quality….WEB-DL 1080p and 720p Format…mp4 Duration….01:40:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Mr.Anderson Translated by Mr.Anderson
movie

The Woman in the Window 2021

Perfect Blue (1997) 8
Perfect Blue (1997) ℙ𝕖𝕣𝕗𝕖𝕔𝕥 𝔹𝕝𝕦𝕖 (𝟙𝟡𝟡𝟟) ===========IMDb Rating- 8/10 Rotten Tomatoes- 80% MyAnimeList- 8.5/10တစ်ခါ‌တလေများ ရေသောက်နေရင်းဖြစ်ဖြစ် ထိုင်နေရင်းဖြစ်ဖြစ် ဆေးလိပ်သောက်နေရင်းဖြစ်ဖြစ် တစ်ချိန်ချိန်မှာ အတွေးဟာ အပြင်ကိုမရောက်ဘဲ အတွင်းထဲကို ရောက်သွားတဲ့ အခိုက်အတန့်တစ်ခုကို လူအတော်များများ ကြုံဖူးကြမယ်ထင်တာပဲ။ ကျွန်တော်တော့ ရံဖန်ရံခါဆိုသလိုဖြစ်တတ်တယ်။ အဲ့ဒီအခိုက်အတန့်ကလေးမှာ အတွေးဟာ ပြင်ပ အကြောင်းအဖြစ်တွေဆီ ရောက်မသွားဘဲ "ငါ"ဆိုတဲ့ အတွင်းကအ‌ရာဆီပြန်ရောက်သွားတယ်။ အဲ့ဒီအခိုက်အတန့်ဟာ တကယ့်ကိုခဏလေး ဒါပေမဲ့အတော်ကြာသလိုလည်းခံစားရတယ်။ အတိအကျတော့မပြောတတ်တော့ပေမဲ့ သေချာတာကတော့ အဲ့ဒီအချိန်မှာဖြစ်တဲ့ ခံစားမှုဟာ "ငါ"ဆိုတာရဲ့လုံး၀ကိုအဓိပ္ပာယ်မဲ့နေမှုကြီး။ ‌ဒီခန္ဓာဒီနာမည်နဲ့လူဟာ ငါဟုတ်ရဲ့လားတောင် တွေးမိတဲ့အထိပဲ။ ကိုယ်ရှင်နေတဲ့ ဘ၀ကြီးကို အရှိတရားရောဟုတ်ရဲ့လားလို့ သံသယ၀င်မိတဲ့ အခိုက်အတန့်တစ်ခုလို့ဆိုရမယ်။အဲ့ဒီလိုအခိုက်အတန့်ကို ခံစားဖူးတဲ့လူတိုင်း ဒီAnimeထဲက ဇာတ်‌ကောင်ရဲ့ ဘ၀ကို နားလည်မယ်လို့ ကျွန်တော်ထင်တယ်။ ဒီထဲကဇာတ်ကောင်ကို နားလည်သွားရင် ဒီ Anime ဟာ ခင်ဗျားအတွက် တကယ့် Masterpiece တစ်ခုဖြစ်သွားမှာတော့ သေချာတယ်။သတိထားမိသလောက်ဆိုရင် တစ်ချို့ဒါရိုက်တာတွေဟာ လူ့ဘ၀လို့ ကျွန်တော်တို့အားလုံး ခေါ်ကြတဲ့အရာဟာ အရှိတရားဟုတ်ရဲ့လား? အိပ်မက်တစ်ခုများလား? ဆိုတဲ့ တူညီတဲ့ သံသယတစ်ခု သူတို့ခေါင်းထဲရှိနေတာ သူတို့ရုပ်ရှင်တွေမှာ အတော်တွေ့ရတယ်။Satoshi Kon ဟာလည်း အဲ့ဒီလို အရှိတရားကို သံသယ၀င်တဲ့သူတွေထဲက တစ်ယောက်ပဲလို့ ကျွန်တော်တော့ယုံတယ်။ Perfect Blue မှာ အရှိတရားကို ဝေခွဲဖို့ အတော်ခက်တယ်။‌ လက်တွေ့မှာ အရှိတရားကိုယ်တိုင်ကလည်း ဝေခွဲဖို့ခက်တဲ့အတွက် အရှိတရားကို ဝေခွဲရခက်တဲ့ရုပ်ရှင်တွေဟာ ကျွန်တော်တို့ စိတ်တွေကို တစ်နည်းတစ်ဖုံနဲ့ ဖမ်းစားထားနိုင်ခဲ့တယ်။Black ...
movie

Perfect Blue (1997)

1997
Some (2004) 6.1
Some (2004) Some (2004)ဆောယူဂျင်း (Song Jihyo) ဟာ သာမန် ရေဒီယိုဌာနတစ်ခုက ယာဥ်လမ်းကြော သတင်းထောက်တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ ဟယ်မီ ဆိုတဲ့နာမည်ကို သုံးပြီး အွန်လိုင်းပေါ်မှာ ခန် ဆိုတဲ့မိတ်ဆွေတစ်ယောက်နဲ့ ခင်မင်သွားပါတော့တယ်။ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့ ယူဂျင်း တစ်ယောက် တနေ့မှာတော့အလုပ်သွားဖို့လာရင်းနဲ့ ကြောင်လေးတစ်ကောင်နောက် ဓာတ်ပုံလိုက်ရိုက်ရင်း မထင်မှတ်ဘဲ လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်ရဲ့ ပုံကို သူ့ရဲ့ ကင်မရာထဲ ရိုက်ကူးမိသွားပါတယ်။တစ်ဖက်မှာလည်း နိုင်ငံတော်ဘဏ္ဍအဖြစ်သိမ်းယူလိုက်ပေမယ့် ပျောက်ဆုံးနေတဲ့ ဒေါ်လာ၁၀သိန်းတန် မူးယစ်ဆေးဝါး အမှုကို လိုက်နေတဲ့ စုံထောက်ဖြစ်သူ ဂန်ဆောင်ဂျူး (Go Soo) နဲ့ ဆောယူဂျင်း တို့ တွေ့ဆုံတဲ့အခါမှာတော့...အချင်းချင်း တစ်ခါမှမဆုံဖူးကြပေမယ့် သူမ နဲ့ စုံထောက်ဂန် တို့ တနေ့တည်းတချိန်မှာ သေမယ်ဆိုတာဆိုတာ သူမရဲ့ မှတ်ဥာဏ်ထဲမှာ ကြိုမြင်နေတဲ့ ဆောယူဂျင်း တစ်ယောက် သူတို့ရဲ့ ကံကြမ္မာကိုပြောင်းလဲနိုင်မလား.... ဒေါ်လာဆယ်သန်းကိုခိုးယူသွားတဲ့သူကရောဘယ်သူဖြစ်မလဲ...Action နဲ့ Crime ...
movie

Some (2004)

2004
The Girl on the Train (2021)
The Girl on the Train (2021) The girl on the train (2021)ရထားပေါ်က မိန်းကလေး ဆိုတဲ့ ရုပ်ရှင်လေး ခံစားကြည့်ရအောင်။ သည်းထိပ်ရင်ဖို စုံထောက်ကား အမျိုးအစား ဖြစ်ပါတယ်။မီရာကာပူး ဟာ ရှေ့နေတစ်ယောက်ဖြစ်ပြီး ရှီကာဆိုတဲ့ ဆရာဝန်နဲ့ လက်ထပ်ထားတဲ့ သူလည်းဖြစ်ပါတယ်။ မီရာဟာ ဂိုဏ်းစတားတစ်ယောက်ကို လူသတ်မှူနဲ့ တစ်ကျွန်းပို့ပြီးတဲ့နောက် လူဆိုးဂိုဏ်းက ပြန်လုပ်ကြံလို့ ကလေးပျက်ကျပြီး အတိတ်မေ့ဝေဒနါပါ ခံစားနေရပါတယ်။ ဒီဝေဒနာတွေကို မေ့ပစ်ဖို့ အရက်ပါစွဲနေပြီး ခင်ပွန်းနဲ့ပါ ကွာရှင်းခဲ့ရတယ်။ဒါပေမယ့် လူသတ်မှူတစ်ခုမှ သူပတ်သတ်နေတဲ့ သက်သေတွေအပြည့်နဲ့ သူဘာမှ မမှတ်မိတဲ့ အခြေအနေကို ကြုံလာတဲ့အခါ.... File size…1.7GB and 874MB Quality….WEB-DL 1080p and 720p Format…mp4 Duration…. 2hr  Subtitle….Myanmar Subtitle (Hardsub) Translator ..... LittleNeo Encoder ..... August
movie

The Girl on the Train (2021)

2021
Host (2020) 6.6
Host (2020) ကိုဗစ်ဖြစ်နေတဲ့ကာလမှာ အပြင်မထွက်ရတော့zoom သုံးပြီးစာသင်ရ စကားပြောရလုပ်ကြရတယ်မို့လားအဲ့အပြင်ကို တခြားရော ဘာတွေလုပ်ဖြစ်ကြသေးလဲ(ကိုယ်ကတော့ အတင်းစုပြောဖူးတယ် )အခုဒီရုပ်ရှင်ထဲမှာကတော့zoom သုံးပြီး ဝိဥာဉ်ခေါ်ပွဲလုပ်ကြပါသတဲ့ဒီလိုမျိုးလုပ်တာဟာတကယ်ရော ခေါ်လို့ရပါမလားဝိဉာဉ်တွေကရော အွန်လိုင်းသုံးတတ်ကြပါမလားပြီးတော့ရော ဘာတွေဖြစ်လာကြမလဲသိချင်ရင်တော့ဒီမှာဆက်ကြည့်လိုက်ကြပါနော်ကြည့်ပြီးသွားမှ zoom မသုံးရဲတော့ဘူးလို့တော့မပြောနဲ့နော်IMDB rating 6.6 ရထားတဲ့သဲထိပ်ရင်ဖိုကားကောင်းလေးပါလန့်ဖို့ကောင်းတဲ့အခန်းတွေပါတာမို့လို့အရမ်းကြောက်တတ်သူများမကြည့်သင့်ပါနော် Translated by : ThinZar HtetEncoded by : YKQuality : 1080p WEB H264 and 720pFile Size : 815 MB and 490MBDuration : 57mins 
movie

Host (2020)

2020
The Legend of Shanyu Town (2020) 6.1
The Legend of Shanyu Town (2020) Legend Of Shang Yu (2020)ဒီတခါတော့ supernatural ဆန်ဆန် တရုတ်ကားလေးတကားကို တင်ဆက်ပေးချင်ပါတယ် စိတ်ကူးယဥ်ဆန်တဲ့ ဇာတ်ကားမို့ အထူးပြုလုပ်ချက် အချို့ပါဝင်မှာဖြစ်ပါတယ် ဒီကားလေးဟာနာမည်အတိုင်းပဲ ရှန်းရီမြို့လေးမှာ အ​ခြေတည်ရိုက်ထားတာဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်း-ရှန်းရီမြို့လေးမှာ လူသားတွေနဲ့ အသွင်ပြောင်းလူသားတွေ အတူတကွ နေထိုင်ကြပါတယ် တနေ့မှာ အသွင်ပြောင်းလူသားတယောက်ကထကြွပုန်ကန်ခဲ့လို့ သူရဲကောင်းဂိုဏ်းကနေ ဖမ်းဆီးထိန်းသိမ်းခဲ့ရပါတယ် အဲ့လိုနဲ့နေလာရင်း တနေ့မှာ အဲ့ဒီအသွင်ပြောင်းလူသားထွက်ပြေးသွားတဲ့အခါဘာတွေဖြစ်မလဲ ဘယ်လို အကြောင်းကြောင့် မင်းသားနဲ့ မင်းသမီးတွေ့ဆုံပြီး Happy ending ဖြစ်မယ်ဆိုတာကို စောင့်ကြည့်ရင်ခုန်ရမှာ ဖြစ်ပါတယ် Translated by : Nay ChiEncoded by : YKFile Size : 1Gb and 522MBQuality : 1080p and 720p Duration : 1h 10mins
movie

The Legend of Shanyu Town (2020)

2020
Magic Town (2021) 8.7
Magic Town (2021) Magic Town (2021)အရာအားလုံးက ကံစီမံရာအတိုင်းပဲဆို ဘာမှကြိုးစားစရာမလိုတော့ဘူးလား ဒါမှမဟုတ် ကံစီမံတာထက် ပိုပြီးကောင်းအောင် ကြိုးစားလို့ရောရရဲ့လား ။ တကယ့်ကို အတွေးများစေတဲ့ ကားလေးတစ်ကားပါ ။ဇာတ်လမ်းလေးကတော့ ချန်လူကြီးမင်းအိမ်ရဲ့ လူသတ်မှုနဲ့စပါတယ် ။ ထင်ကြေးပေးကြတာတော့ မကောင်းဆိုးဝါးဝင်ပူးလို့ပါ ။ ဒါပေမဲ့လည်း ချန်အိမ်တော်မှာ လူပေါင်း ၂၀ လောက် ထပ်ပြီးသေဖို့ကျန်ပါသေးတယ် ။ တကယ်လည်း သေကြမှာပါ ။ သွေးရိုးသားရိုး သေမှာ မဟုတ်တာ တစ်ခုပဲ ။ဘယ်လိုပဲသေသေ သူများရဲ့ ကြံစည်မှုကြောင့်သေဆုံးရင် လူသတ်မှုမြောက်တယ်မလား ။ ဒါကို ဖြေရှင်းချင်သူကတော့ လူဆိုးထိန်းမမ လီကျောင်းရန် ။ နောက်ကွယ်က အောက်လမ်းနည်းနဲ့ တိုက်ခိုက်နေတဲ့လူကို လိုက်လံရှာဖွေချင်ပေမဲ့ ချန်အိမ်က လူပေါင်း ၂၀ က ဒီလိုအောက်လမ်းနဲ့ သေဖို့ကံကြမ္မာပါလာပြီးသားဖြစ်နေပါတယ် ။ ဒါကြောင့် ငယ်သူငယ်ချင်း ပရောဟိတ်ဆရာ ကျုံးခွန်း ကတော့ သူတို့တွေ သေကိုသေကြရမှာဖြစ်ပြီး ဘယ်လိုမှ ကယ်တင်လို့မရနိုင်ပါဘူးလို့ အတင်းငြင်းနေခဲ့ပါတယ် ။ကံကြမ္မာကို ပြောင်းလဲဖို့ ကြိုးစားတဲ့ လီကျောင်းရန် တစ်ယောက် သူ့ရဲ့ ...
movie

Magic Town (2021)

My Missing Valentine (2020) 7.4
My Missing Valentine (2020) My Missing Valentine (2020) ****************************ဒိတ်ပျောက်တယ် ဆိုတဲ့ စကားကို လူငယ်တွေ အရမ်းပြောလေ့ရှိပါတယ် ဒါပေမယ့် တကယ် ဒိတ်ပျောက်သွားတဲ့လူတွေရှိပါ့မလားဒီဇာတ်လမ်းထဲက ကောင်မလေးကတော့ တကယ်ဒိတ်ပျောက်သွားခဲ့ပါတယ်အရာရာကို မြန်မြန်ဆန်ဆန်လုပ်တတ်တဲ့ကောင်မလေးတစ်ယောက် ခရာမတွတ်ခင် ပြေးတတ်တဲ့ သူများတွေထက် ရှေ့ကိုတစ်လှမ်းကြိုပြင်ဆင်တတ်သူလေးတစ်ယောက်ရှိသတဲ့။ကမ္ဘာလောကကြီးနဲ့အဆက်သွယ်ပြတ်နေတဲ့သူတစ်ယောက်အသက်ကလဲ ၃၀ နားကပ်နေပြီး အချစ်ရေးနဲ့ပါတ်သက်လို့ မူးလို့တောင်မရှုဖူးတဲ့သူမအနားကို ခပ်ချောချောကောင်လေးတစ်ယောက်က ရောက်လာခဲ့ပါတယ်။အဲ့ကောင်လေးနဲ့ ချစ်သူများနေ့မှာ အတူဖြတ်သန်းဖို့ စိတ်ကူးယဉ် အပျော်တွေလွန်ပြီး အိပ်သွားခဲ့ပေမဲ့ နောက်တစ်နေ့ သူအိပ်ရာနိုးလာချိန်မှာတော့ သူ့ရဲ့ချစ်သူများနေ့ဟာ သူ့မှတ်ဉာဏ်ထဲကနေ ထူးဆန်းအံ့သြဖွယ်ရာ ပျောက်ဆုံးနေခဲ့တာသိလိုက်ရပါတယ်။သူ့ရဲ့ဘဝမှာ အပြောင်းလဲကြီးတစ်ခုလို့ဆိုရလောက်တဲ့နေ့တစ်နေ့ဟာ ဘာလို့ပျောက်ဆုံးသွားရတာလဲ အဖြေရှာပါတော့တယ်။ဘာ​ကြောင့် နေ့ရက်တစ်ရက် ပျောက်ဆုံးသွားရတာလဲ ပျောက်ဆုံးသွားတဲ့နေ့ရက်ကို ဘယ်လိုပြန်ရှာမလဲ"ကိုယ့်ကိုယ်ချစ်ပါ တစ်နေရာမှာတော့ သင့်ကိုချစ်တဲ့သူတစ်ယောက်ရှိနေပါတယ်"IMDb rating 7.4 ရရှိထားပြီး Golden Horse Film Festival တစ်ခုတည်းမှာတင် Winner 5 ဆုရရှိပြီး Nomi 6 ဆု ၀င်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားလဲဖြစ်ပါတယ်။ File Size : ( 1.75 GB), ( 1.09 ...
movie

My Missing Valentine (2020)

2020
The Night (2021) 5.8
The Night (2021) The Night 2021အိမ်​တစ်​အိမ်​ထဲမှာ မိသားစု၃စု မာဖီးယားဂိမ်းကစား​နေကြပါတယ်​။ကစားပွဲမှာရှုံးတဲ့အတွက်​ စည်းမျဉ်းအရအသတ်​ခံလိုက်​ရသူက​တော့ နမ်​ဒါပါ။ နမ်​ဒါက ခင်​ပွန်းသည်​ဖြစ်​တဲ့ ဘာဘတ်​ကို ​နောက်​ဆုံးစကားအ​နေနဲ့ သူ​သေရင်​ သမီးဖြစ်​သူကို​စောင့်​ရှောက်​ဖို့​ပြောခဲ့ပါတယ်​။ ကစားပွဲဖြစ်​တဲ့အတွက်​ အားလုံးက စစ​နောက်​​နောက်​ပါပဲ။ဘာအဓိပ္ပာယ်​မှန်းမသိဘဲ ဆင်​တူတက်​တူးထိုးထားမိတဲ့ ဘာဘတ်​နဲ့ နမ်​ဒါတို့လင်​မယားနှစ်​​ယောက်​ သူငယ်​ချင်း​တွေကို နှုတ်​ဆက်​ပြီး လသားအရွယ်​ သမီး​လေးနဲ့ အိမ်​ကိုပြန်​လာတဲ့လမ်းမှာ ထူးဆန်းတဲ့အဖြစ်​အပျက်​​တွေကြုံရပြီး​နောက်​ နီးစပ်​ရာ​ဟော်​တယ်​တစ်​ခုမှာ တစ်​ညတာတည်းခိုမိတဲ့အခါ......သူတို့ ၂​ယောက်​ရဲ့ တက်​တူး​တွေကပဲ ကျိန်​စာမိ​နေတာလား...? ၂​ယောက်​သား ကိုယ်​စီဖုံးကွယ်​ထားတဲ့ အတိတ်​​တွေကပဲ သူတို့ကို​ခြောက်လှန့်​နေ​စေတာလား...?ဒါမှမဟုတ်​ တည်းခိုမိတဲ့​ဟော်​တယ်​ကပဲ သူတို့ကို​ခြောက်​ခြား​စေဖို့ ဖန်​တီးထားတာပဲလား...?ဆိုတာကို ဒီကား​လေးထဲမှာ ရင်​တထိတ်​ထိတ်​နဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်​ပါတယ်​။Molins Film Festival မှာ အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်ဆုံး အမျိုးသားဇာတ်ဆောင်ဆု၊ အကောင်းဆုံး ဇာတ်ညွှန်းဆု ၃ ဆု ရထားတဲ့ ဇာတ်ကားဖြစ်တာကြောင့် လက်မလွှတ်သင့်ပါကြောင်း။File size… 2.3GB, 782MB Quality….1080p HEVC 5.1CH and 720p Format…mp4 Duration…. 1hr 45min Subtitle….Myanmar Subtitle (Hardsub) Translator ..... Lwin ...
movie

The Night (2021)

2021
HEVC 1080p 5.1
Bloody Hell (2020) 6.4
Bloody Hell (2020) Bloody Hell (2020) ************************************IMDB Rating : 6.4 * ***** သတိ ***** ကြောက်တတ်သူများနဲ့ အသည်းငယ်တတ်သူများ မကြည့်သင့်ကြောင်း ကြိုတင်သတိပေးပါရစေ။ စစ်မှုထမ်းဟောင်း ဖြစ်သူ ရက်ဇ်ဟာ သူ့မသိစိတ်နဲ့ ပြောဆိုတိုင်ပင်လေ့ ရှိသူပါ။ တစ်ရက် ဘဏ်တစ်ခုမှာ ငွေသွားထုတ်ရင်း ဘဏ်ဓါးပြတိုက်ခံရတာနဲ့ ထိပ်တိုက် တိုးပါတော့တယ်။ ရှောင်လွှဲဖို့ ကြိုးစားပေမယ့် မထင်မှတ်ဘဲ ဘဏ်ဓါးပြအကုန်လုံးကို ရက်ဇ်တစ်ယောက်တည်း ဆော်ပလော်တီးလိုက်မိပါတယ်။အဲဒီလို ဝင်ပါ၊ ဝင်ဗျင်းလိုက်တာ သူ့ဘ၀ အတော် တိုင်ပတ်သွားပါတော့တယ်။ ကောင်းသတင်း၊ ဆိုးသတင်း ရောပြွန်းပြီး နာမည်ကြီးလာ တဲ့အတွက် လောကဓံကို မခံနိုင်တဲ့ ရက်ဇ်ဟာ တခြားနိုင်ငံကို ခြေဆန့်ကာ ရှောင်ပြေးပါ တော့တယ်။မရှောင်တဲ့သူတွေအတွက် တည့်တည့် မတိုးပေမယ့် ဒုက္ခတွေကနေ ထွက်ပြေးလာတဲ့ ရက်ဇ်ဟာ အင်မတန် ထူးဆန်းပြီး ကြောက်စရာမိသားစုနဲ့ တိုက်ရိုက် ဆုံဆည်းကာ ကံကြမ္မာဆိုးတွေနဲ့ နဖူးတွေ့ ဒူးတွေ တွေ့ပါတော့တယ်။ရက်ဇ် ဘယ်လို ကံကြမ္မာဆိုးတွေနဲ့ ကြုံဆုံရမလဲ? လွတ်ကော ...
movie

Bloody Hell (2020)

2020
Rat Disaster (2021) 6.5
Rat Disaster (2021) Rat Disaster (2021)ပါတ်ဝန်းကျင်မှာ ကြွက်တွေ ရှိနေတဲ့ အခါစိတ်အနှောင့်အယှက်ဖြစ်ရပ်ပါတယ် ကြွက်ကိုတော်ရုံမဟုတ်ပဲ အုပ်လိုက် ရထားတွဲတတွဲစာဆို စဥ်းစားသာကြည့်တော့ ကြွက်တွေက ပါတ်ဝန်းကျင်ကိုအကျည်းတန်စေရုံသာမက ပလိပ်စတဲ့ ရောဂါပိုးတွေကိုပါ သယ်ဆောင်လာတတ်တဲ့ မကောင်းဆိုးဝါးအသေးစားလေးတွေပါ အဲ့လိုမျိုးကြွက်တွေက လူတွေကိုပါ ကိုက်ဖြတ် စားသောက်နေတဲ့ အထိ အန္တရာယ်ရှိလာပြီဆိုရင်ရော .....ဇာတ်လမ်းအကျဥ်း- တရုတ်ပြည်ရဲ့ ပေဝေပြည်နယ်ကနေ ရထားတစီး ထွက်ခွာစပြုနေပါတယ် ရထားပေါ်ကနေအခြားရထားပေါ်မှာလူသေတွေနဲ့ ကြွက်အုပ်လိုက်ကြီး ပြေးဆင်းသွားတာကို မြင်လိုက်ရသူကတော့ ကျန်းမာရေးဌာနကဆရာစူးပါ နောက်တော့ သူတို့ရထားပေါ်မှာပါ ကြွက်သံတွေ ဆူညံလာပြီးနောက် ဘာတွေ ဆက်ဖြစ်ကြမလဲလူတွေရဲ့ အသက်ဘေးနဲ့ ရင်ဆိုင်လာရတဲ့အခါ အတ္တနဲ့ယှဥ်ပြီး ဆုံးဖြတ်တတ်မှုတွေ အားလုံးကို ကြည့်ရှုရမှာပါ(ဇာတ်ကားထဲမှာ ကြွက်တွေ အုပ်လိုက်ပါတာ ဖြစ်လို့ ဇာတ်ကားအစမှာ သတိပေးစာတန်းတခုကို တွေ့ရမှာ ဖြစ်ပါတယ် )  Translated by : ...
movie

Rat Disaster (2021)

2021
Nocturne (2020) 5.7
Nocturne (2020) Nocturne 2020*************IMDB - 5.6 Horror , Mystery, Thrillerဇာတ်ကားအကျဉ်းလေးကတော့ ဗီဗီယန်နဲ့ ဂျုလီယက် ဆိုတဲ့အမြွှာညီမ နှစ်ယောက်ဟာ ပီယာနိုတီးတာအထူး ကျွမ်းကျင်သလို အနုပညာကျောင်းမှာလည်းအတူတူတက်နေကြပါတယ်အစ်မဖြစ်သူ ဗီဗီယန်ဟာ ကျောင်းမှာ နာမည်ကြီးသလို ကမ္ဘာ့အကောင်းဆုံးအနုပညာကျောင်းမှာဆက်လက်တက်ရောက်ဖို့ တစ်ပေးခံထားရသူလည်းဖြစ်တယ်ညီမဖြစ်သူ ဂျုလီယက်ကတော့ ဗီဗီယန်နဲ့ပြောင်းပြန်ပါပဲ အနေအေးသလို အရှက်အကြောက်ကြီးတယ်။ဒီလိုနဲ့ နွေရာသီ ကျောင်းပိတ်ရက် ပြီးခါနီးလို့ ကျောင်းပြန်တက်ခါနီးအချိန်မှာ သူတို့ကျောင်းမှာ အတော်ဆုံးဂီတပညာရှင်တစ်ယောက်ဖြစ်တဲ့ မော်ရာ ကိုယ့်ကိုကိုယ်သတ်သေသွားခဲ့ပါတယ်။ကျောင်းပြန်တက်တဲ့အခါ ကျောင်းအုပ်ကမော်ရာရဲ့သေဆုံးမှုအမှတ်တရအနေနဲ့ concerto ပြိုင်ပွဲကိုဆက်လုပ်ဖို့အတွက် Music မေဂျာစီနီယာတွေကိုအကုန်လုံးကိုပြိုင်ပွဲဝင်ဖို့ကျောင်းဖွင့်မိန့်ခွန်းမှာပြောကြားခဲ့တယ်။ဒီပွဲက စီနီယာတွေအတွက်အခွင့်တစ်ရပ်ဖြစ်တဲ့အတွက် ဗီဗီယန်တို့ညီအစ်မနှစ်ယောက်ကလဲ အထူးပစ်မှတ်ထားနေကြတယ်။ဒီလိုနဲ့ တစ်နေ့ကျောင်းစာကြည့်တိုက်မှာသေဆုံးသူ မော်ရာပစ္စည်းတွေ ကိုရှင်းလင်းရင်းနဲ့ ထူးဆန်းတဲ့ သင်္ကေတပုံကြမ်းတွေပါတဲ့ မော်ရာသံစဉ်စာအုပ်ကိုဂျုလီယက်ကအမှတ်မထင်ရသွားတဲ့အခါမှာတော့ဘယ်လိုတွေစိတ်ဝင်တစားဖြစ်ရပ်တွေဆက်ဖြစ်လာမလဲဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရှုပေးကြပါဦး File Size : (1.5 GB) and (844 MB) Quality : 1080p WEBRip, 720p WEBRip Format…mp4 Duration…1h 30min Genre : Horror, Mystery, Thriller Subtitle : Myanmar ...
movie

Nocturne (2020)

2021
Rashomon (1950) 8.2
Rashomon (1950) [Unicode]Rashomon(1950) ============= IMDb Rating - 8.2 out of 10ကူရိုဆာဝါလိုနာမည်ကျော်ဒါရိုက်တာ ရိုက်ထားတဲ့ ဒီရရှော်မွန်ကိုကောင်းမှန်းသိပေမယ့် ညွှန်းကြပေမယ့် အဖြူအမဲဖြစ်နေတာရော ခေတ်ကာလအရမ်းကွာတာရောကြောင့် သိပ်ဓာတ်မကျမိလို့ မကြည့်ဖြစ်ခဲ့ဘူး။ ခင်မောင်ရင် ဘာသာပြန်ထားတဲ့ ယူနိုဆူကီ အကူတာဂါဝါရဲ့ ရရှော်မွန်ကိုဖတ်ပြီးမှ ကြည့်ကြည့်ချင်စိတ် အတော်လေးပေါက်လာလို့ ကြည့်လိုက်မိတယ်။ကူရိုဆာဝါရိုက်ထားတဲ့ ရရှော်မွန်က တကယ်တမ်း ရရှော်မွန်ဆိုတဲ့ ဝတ္တုတိုကို အဓိကထားရိုက်ထားတာတော့မဟုတ်ဘူး အဲ့ဒီစာအုပ်ထဲက ပထမဆုံးအပုဒ်ဖြစ်တဲ့ In A Grooveကိုရိုက်ထားတာ။ ကူရိုဆာဝါက အဲ့ဒီဝတ္တုတိုနှစ်ပုဒ်ကို ဆက်သုံးလိုက်ပြီး မူလဝတ္တုထက် ဇာတ်ကြောင်းပြောပြတဲ့ ဇာတ်ကောင်တွေကို ချုံ့ပစ်လိုက်တယ်။ ပြောရရင် မအီတော့ဘဲ ဗိုက်ပြည့်ရုံ ပမာဏပဲ ဖြစ်ရပ်ကိုပြောခိုင်းထားတယ်။ တစ်ခုရှိတာက သူ့ရဲ့ ရရှော်မွန်ဝတ္တုကို ဇာတ်သိမ်းပြင်ထားတဲ့ ဇာတ်သိမ်းခန်းက ဝတ္တုထက်သာတယ်ပြောရမယ်။ ဝတ္တုထက်သာတဲ့ရုပ်ရှင်ကရှားတယ် ပြပါဆိုရင်တော့ ကျွန်တော် ဒီကားပြမိမယ်။ အတော်လေး အထားအသိုမှန်တယ်ဆိုရမယ်။ ပြီးတော့ ဇာတ်လမ်းက ကျွန်တော်တို့ဆီက တစ်စုံတစ်ရာကို ယူပြီးနောက်မှာ ကူရိုဆာဝါရဲ့ ဇာတ်သိမ်းက ပေးသင့်တဲ့ တစ်စုံတစ်ရာကိုပြန်ပေးထားတယ်။ ဒါကြောင့်ပဲ ကူရိုဆာဝါရဲ့ ဇာတ်သိမ်းက ပိုသာသွားတယ်လို့ ထင်မြင်တယ်။ယေဘုယျပုံစံကတော့ 12 Angry Menလို ပုံစံလို့ပြောရမယ်။ မုဒိန်းကျင့်မှုတစ်ခုလူသတ်မှုတစ်ခုဖြစ်ခဲ့တယ်။ တောပုန်းရယ် ...
movie

Rashomon (1950)

Come Play (2020) 5.7
Come Play (2020) Come play (2020)==============IMDb Rating - 5.7/10Horror ချစ်သူတွေအတွက် ကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးတင်ဆက်ပေးပါရစေ။ဇာတ်လမ်းအကျဉ်းကတော့ အိုလီဗာက အော်တစ်ဇင်ဖြစ်နေတဲ့ကောင်လေးပါ၊ စကားပြောနိုင်အောင်ကုထုံးခံယူနေရပြီး ဖုန်းနဲ့တစ်ဆင့်ပဲ လူတွေကို ပြောဆိုဆက်ဆံပါတယ်။ကျောင်းမှာ သူငယ်ချင်းလည်းမရှိတာကြောင့် အတော်အထီးကျန်ရှာပြီး အမြဲကာတွန်းပဲဲကြည့်နေတတ်ပါတယ်၊တနေ့မှာတော့ သူ့ဖခင်ဖြစ်သူ အလုပ်ကနေ ယူလာတဲ့ tablet တစ်လုံးကတစ်ဆင့် မူမမှန်တဲ့သဘာဝလွန် အရာတစ်ခုထွက်ပေါ်လာပြီး အိုလီဗာကို အန္တရာယ်ပေးလာတဲ့အခါမှာတော့ . . . ၂၀၁၇ မှာထွက်ရှိခဲ့တဲ့ ရုပ်ရှင်ဇာတ်လမ်းတိုကိုကျောရိုးယူထားပြီး ရိုက်ကူးထားကာ IMDb Rating အနေနဲ့ 5.7/10 ရရှိထားပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRipDuration - 1h 36minSubtitle – Myanmar HardsubFormat – Mp4Genre : Drama, Horror, MysterySource ...
movie

Come Play (2020)

2020
Psych 2: Lassie Come Home (2020) 7.5
Psych 2: Lassie Come Home (2020) Psych 2: Lassie Come Home (2020)============================IMDb - 7.5/102017 ခုနှစ်တုန်းက ထွက်ရှိထားခဲ့တဲ့ Psych : The Movie ရဲ့ နောက်တစ်ကား ဒီနှစ်မှာ ထပ်ထွက်လာပါတယ်။ဒီဇာတ်လမ်းမှာတော့ ဆန်တာ ဘာဘရာ က ရဲမှူး ကာတန် လက်စီ (လက်စီတာ) ကို ချုံခိုက်တိုက်ခိုက်ခံရပြီးတော့လမ်းဘေးမှာ ပစ်ထားခံခဲ့ရပါတယ်။ အဲဒီအချိန်ကစလို့ ဆေးခန်းမှာ ထူးထူးဆန်းဆန်းအရာတွေကို သူ မြင်လာရပါတော့တယ်။ ဒီတော့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်နှစ်ဦး ဖြစ်တဲ့ ဂတ်စ် နဲ့ ရှောန်း တို့ နှစ်ယောက်က ရဲတွေရဲ့ အကူအညီ မပါဘဲ ဒီအမှုကို ရင်ဆိုင်ဖြေရှင်းဖို့ ကြိုးစားပါတော့တယ်။ သူတို့ ရှာဖွေ တွေ့ရှိခဲ့တဲ့ ကိစ္စတွေက သူတို့ရဲ့ဘဝကိုတစ်သက်လုံး ပြောင်းလဲစေခဲ့ပါတယ်။ အဲဒီအကြောင်းတွေကတော့ ဒီကားလေးမှာ ဆက်လက်ရှုစားရမှာပဲ ဖြစ်ပါတယ်။IMDb - 7.5/10 Rotten Tomatoes ...
movie

Psych 2: Lassie Come Home (2020)

2020