Channel Myanmar

Mystery

The Midnight Meat Train (2008) 6.0
The Midnight Meat Train (2008) IMDb Rating (6.0) / Rotten Tomatoes (73%)ဘရတ်ဒလေကူးပါးပါဝင်တဲ့ Horror/Thriller အမျိုးအစား ခြောက်ခြားစရာဇာတ်ကားပါ....လီယွန်ဟာကြိုးစားရုန်းကန်နေဆဲလူငယ်ဓာတ်ပုံဆရာတစ်ယောက်၊ သူ့ချစ်သူကောင်မလေးရဲ့ သူငယ်ချင်းမိတ်ဆက်ပေးမှုနဲ့ နာမည်ကြီးပန်းချီပြခန်းပိုင်ရှင်တစ်ဦးနဲ့တွေ့ဆုံရာကနေ သူ့အတွက်ကြိုးစားရင် ရလာမယ့်အခွင့်အရေးကိုမြင်တဲ့အလျောက်ညဘက်ဓာတ်ပုံရိုက်ပြီးကုန်ကြမ်းရှာထွက်ပါတယ်။သူ့ရဲ့ပွဲဦးထွက်ပြပွဲအတွက်လူတွေရဲ့အမှောင်ဘက်ခြမ်းကိုပြဖို့ကြိုးစားရင်း မဟော်ဂနီဆိုတဲ့လူတစ်ယောက်ကို တွေ့ခဲ့ပါတယ်။ အဲ့ဒီလူဟာ စိတ္တဇလူသတ်သမားတစ်ယောက်၊ ညနက်သန်းခေါင်လူခြေပြတ်လတ်တဲ့ရထားတွေပေါ်မှာ ကျက်စားတတ်ပြီး၊ အဲ့ဒီမှာပါလာတတ်တဲ့ ခရီးသည်တွေကိုပစ်မှတ်ထားတတ်တဲ့သူဖြစ်ပါတယ်။ဘာကြောင့်မှန်းမသိ မဟော်ဂနီကို စိတ်ဝင်စားလို့ Subject တစ်ခုလိုသဘောထားရာကနေ လီယွန်တစ်ယောက် မှောင်သထက်နက်ရှိုင်းလှတဲ့ လောကတစ်ခု၊ သူနားလည်ဖို့ စဉ်းစားဖို့ ဉာဏ်မမှီတဲ့ အရာတွေဆီ နီးသထက်နီးလာပြီး သူ့ချစ်သူ၊ ရည်မှန်းချက် ပတ်ဝန်းကျင်စတာတွေနဲ့ ဝေးသထက်ဝေးလာပါတော့တယ်။လီယွန်တစ်ယောက် အချိန်မှီလွတ်မြောက်နိုင်ပါ့မလား? သူ့ချစ်သူ သူငယ်ချင်းတွေက သူ့ကိုကယ်တင်နိုင်မှာလား။ သူစိတ်ဝင်စားတဲ့ မဟော်ဂနီရဲ့ နောက်ခံဇာတ်ကြောင်းက ဘာတွေဖြစ်မလဲ? စုန်းစမြုပ်စပျောက်သွားခဲ့တဲ့ လူပေါင်းများစွာနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့ဌာနတွေ ဘာလုပ်နေခဲ့လဲ စတဲ့မေးခွန်းတွေကို ဒီဇာတ်ကားမှာ အဖြေရှာကြည့်ကြစေချင်ပါတယ်။Lion Gate logo ကြီးကိုမြင်လိုက်ရတာနဲ့ ဒီကားကောင်းမှာပဲလို့ခံစားရတဲ့ခေတ်က ထွက်ခဲ့တဲ့ဇာတ်ကားတစ်ကားပါ။ အဲ့ဒီတုန်းက ကြည့်ဖူးတဲ့သူတွေရှိကြမှာဖြစ်သလို အတော်လဲပေါက်ခဲ့တဲ့ကားတစ်ကားဖြစ်ပါတယ်။ သတ်ခန်းဖြတ်ခန်းတွေ ရေလည်ကြမ်းတမ်းပက်စက်ပြီး၊ ဘူတာရုံတွေ ရထားတွေကို ညနက်သန်းခေါင်မသွားရဲဖြစ်လောက်အောင် စိတ်ခြောက်ခြားမှုပေးနိုင်တဲ့၊ အာရုံထဲမှာ အတော်ကြာကြာစွဲနေမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…(1.7 GB ) / (999 ...
movie

The Midnight Meat Train (2008)

My Son (2021) 6.6
My Son (2021) My Son (2021)============IMDb Rating - 6.6/10စက်တင်ဘာ ၁၅ ရက်နေ့မှ ထွက်ထားပြီး IMDB 6.7 ရထားတဲ့ အသစ်စက်စက် ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ကွာရှင်းထားတဲ့ လင်မယားနှစ်ယောက်ရဲ့ ခုနှစ်အရွယ် ကလေးလေးတစ်ယောက်ကို ကမ့်မှာပို့ထားရင်း ပျောက်ဆုံးသွားသောအခါ . . . ပျောက်ကွယ်ရခြင်းရဲ့ အကြောင်းအရင်းက ဘာလဲ။ အသတ်ခံလိုက်ရတာလား ... ဒါမှမဟုတ်ပြန်ပေးဆွဲခံလိုက်ရတာလား။ ပြန်ရော ရှာတွေ့ပါ့မလား စသဖြင့် မေးခွန်းပေါင်းများစွာနဲ့ ရင်တစ်မမ ကြည့်ရမယ့်Crime, Mistery, Drama ကားတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားမှာ X-men, Split, Glass တို့မှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသား McAvoy မှ ပါဝင်ရိုက်ကူးထားပြီး တစ်ကားလုံးအဖြေရှာရင်း ရင်တမမကြည့်သွားရမယ့် ကားကောင်းလေးတစ်ကားမို့ မိုးအေးအေးမှာ အနားယူရင်း ကြည့်ရှုအားပေးကြပါဦး။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Tar Tee Poe မှရေးသားပေးပြီး။ ဘာသာပြန်ရေးသားပေးသူများကတော့ Tar Tee ...
movie

My Son (2021)

2021
Another Gantz(2011) 5.6
Another Gantz(2011) Another Gantz (2011)--------------------------၂၀၀၄ခုနှစ်မှာ Animeအဖြစ်ထွက်ရှိထားခဲ့တဲ့ ဂန့်ဇ်ဆိုတဲ့စီးရီးဟာ လူငယ်တွေကြား အတော်လေးကြိုက်နှစ်သက်ခဲ့ကြပါတယ်.၂၀၁၀ခုနှစ်မှာတော့ ဂန့်ဇ်ဟာ ပထမဆုံး ရုပ်ရှင်အဖြစ် ထွက်ရှိလာခဲ့ပါတယ်..အဲ့ဒီနောက်မှာတော့ ၂၀၁၁မှာ ဂန့်ဇ်ရဲ့နောက်ဆက်တွဲရုပ်ရှင်အဖြစ်Perfect Answerကို ပြသခဲ့တဲ့အပြင် Another Gantzဆိုတဲ့ ရုပ်ရှင်တခုကိုပါဆက်စပ်ထုတ်ဝေပေးခဲ့ပြီး ၂၀၁၆မှာတော့ GantZ Oဆိုတဲ့ Animationရုပ်ရှင်တခုကိုပါရိုက်ကူးတင်ဆက်ခဲ့ပါတယ် .............ဇာတ်လမ်းအကျဉ်း ---------------------- ကာတိုက တနေ့ ရထားဘူတာမှာ လူတစ်ယောက်ရထားလမ်းပေါ်ကို ပြုတ်ကျနေတာကြောင့်ဝင်ရောက်ကယ်ဆယ်ရင်း ကာ့တိုကို ကူညီတဲ့သူငယ်ချင်းဖြစ်သူ ခဲအိပါ ရထားတိုက်ခံခဲ့ရပါတယ်......ပုံမှန်ဆို သူတို့နှစ်ဦးဟာ သေဆုံးရမှာဆိုပေမယ့်သေရမယ့်အစား အခန်းငယ်တခုထဲကို ရောက်ရှိသွားခဲ့ပါတယ်...အခန်းထဲမှာလဲ သူတို့လိုဘဝတူလူတချို့ရှိနေပြီး ထူးဆန်းတဲ့စက်ဝန်းပုံ အလုံးတလုံးပါ အတူရှိနေပါတယ်....သိပ်မကြာခင်မှာပဲ အဲ့ဒီစက်လုံးကနေ သူတို့ကို မစ်ရှင်တခုခိုင်းခဲ့ပါတယ်..အဲ့ဒီမစ်ရှင်ကတော့ သူတို့ကို ကမ္ဘာပေါ်ရဲ့နေရာတခုက ဂြိုလ်သားတကောင်ကိုသတ်ခိုင်းတာဖြစ်ပြီး သတ်နိုင်တဲ့လူကို အမှတ်ပေးမှာဖြစ်ပါတယ်...သူတို့တွေ ဘာမှန်းမသိတဲ့ မစ်ရှင်တခုကို တူတူလုပ်ကြရင်းဘာတွေဆက်ဖြစ်မယ်ဆိုတာကို အတော်လေးစိတ်ဝင်စားဖို့ကောင်းအောင်လဲ ဇာတ်အိမ်ဆောက်ထားပြီး ဂျပန်နိုင်ငံရဲ့၂၀၁၀လောက်က Effectတွေဟာလဲ မညံ့ကြောင်းမြင်ရမှာပါ...ဒါကြောင့်မို့ ကျွန်တော်တို့ Channel MyanmarကနေGantzရဲ့ ရုပ်ရှင်လေးကားလုံးကို Qualityအကောင်းဆုံးနဲ့ တင်ဆက်ပေးလိုက်ပါတယ်  File ...
movie

Another Gantz(2011)

2011
The Girl with the Dragon Tattoo(2009) 7.9
The Girl with the Dragon Tattoo(2009) The Girl with the Dragon Tattoo(2009)အညွှန်း*****************************************IMDb...7.9ဇာတ်ကောင်တွေထဲမှာ သူရဲကောင်းဆန်ဆန်စရိုက်မျိုးစုံရှိပေမဲ့ ဖြတ်သန်းခဲ့တဲ့ကာလတစ်လျှောက်ဘဝနဲ့ရင်းပြီးပေးလိုက်ရလုနီးပါး အဖြစ်အပျက်တွေကို ရင်ဆိုင်ဖြတ်သန်းပြီး အတွေ့အကြုံနဲ့ လာမဲ့အနာဂတ်မှာကြိုးစားဖြတ်သန်းတဲ့ ပုံစံတွေဟာ ပိုပြီးစိတ်လှုပ်ရှားစရာကောင်းတယ်....ဒီလိုပုံစံတွေထဲမှာ ဂန္တဝင်ဝတ္ထုကြီးအဖြစ်သတ်မှတ်ခံရတဲ့ဆွီဒင်နိုင်ငံသား စာရေးဆရာ Stieg Larsson ရဲ့ "Millennium"  စာအုပ်ဟာအထင်ကရဖြစ်တယ်...hacker မိန်းကလေး Lisbeth Salander နဲ့ အဓိက ဇာတ်အိမ်တည်ထားပါတယ်..အပေါ်ကပြောသလိုဇာတ်ကောင်ရဲ့ စရိုက်နဲ့ သူဖြတ်သန်းပုံတွေဟာ ကြမ်းတမ်းလွန်းတယ်....စာအုပ်ကို ပြန်လည်အသက်သွင်းပြီး ရိုက်ကူးခဲ့တဲ့ ဇာတ်ကား(၃)ကားလုံးဟာလည်းအောင်မြင်မှုတွေရရှိခဲ့တယ်...ဒီကားတွေဟာ အစဉ်လိုက်ကြည့်ရမှာပါ ...ပြီးတော့ Scene တစ်ခုချင်းစီတိုင်းကို ကျော်ကြည့်လို့မရသလိုဂရုတစ်စိုက်မှတ်ထားဖို့လည်းလိုပါတယ်...Plot Twist တွေအများကြီးပါသလို ဇာတ်ကောင်တွေရဲ့နာမည်တွေကလည်းအရေးကြီးအစိတ်အပိုင်းဖြစ်လို့  သေချာလေးကြည့်ဖို့လိုပါတယ်...တစ်နှစ်ထဲမှာ (၃)ကားထွက်လို့ ကားနာမည်တွေနဲ့ပဲအစဉ်လိုက်မှတ်သားကြည့်စေလိုပါတယ်....(1)The Girl with the Dragon Tattoo (2009)(2)The Girl Who Played with Fire (2009)(3)The Girl Who Kicked the ...
movie

The Girl with the Dragon Tattoo(2009)

The Girl Who Kicked the Hornet’s Nest(2009) 7.5
The Girl Who Kicked the Hornet’s Nest(2009) The Girl Who Kicked the Hornet's Nest(2009) အညွှန်း*************************************************IMDb...7.5ဒီကားကတော့ Stieg Larsson ရဲ့ "Millennium"  စာအုပ်ရဲ့ နံပါတ်(၃)ကားမြောက်ပေါ့...တတိယနဲ့နောက်ဆုံး ဒီဇာတ်ကားမှာတော့ လစ်ဇ်ဘတ်သ်ဆလန်ဒဟာ လူသတ်မှုသုံးခုနဲ့တရားရင်ဆိုင်နေရပါတယ်။ ဆွီဒင်ထောက်လှမ်းရေးအဖွဲ့က သူ့ကိုနူတ်ပိတ်ဖို့ကြိုးစားခဲ့သလို သူ့အစ်ကိုဖြစ်သူကလည်းသူ့ကိုလိုက်ပြီးလုပ်ကြံသတ်ဖြတ်နေပါတယ်။ သူ့ကိုတောက်လျှောက်ကူညီနေခဲ့တဲ့ မီခယ်လ်ဘလွမ်ဗစ်စ်ကပဲ အဓိက ကူညီပေးနေတာဖြစ်ပါတယ်။ဘလွမ်ဗစ်စ်ရဲ့ အစ်မဖြစ်သူက သူ့အမှုကိုထုချေလျှောက်တင်မှာဖြစ်ပြီးတော့ ဘလွမ်ဗစ်စ်ဟာလစ်ဇ်ဘတ်သ်ရဲ့ အတိတ်က အဖိနှိပ်ခံ၊ ဓားစာခံသားကောင်ဖြစ်ခဲ့တဲ့ဖြစ်ရပ်တွေကို သက်သေလိုက်လံစုဆောင်းပြီးအမှုတည်ဆောက်ဖို့ကြိုးစားနေပါပြီ။အဲ့ဒီအချိန်မှာ တစ်ဖက်ရန်သူအဖွဲ့အစည်းကလဲ အတွင်းစည်းထဲ နက်နက်ရှိုင်းရှိုင်းခြေကုပ်ရထားတဲ့လူတွေဖြစ်တာနဲ့အမျှလစ်ဇ်ဘတ် ဖက်ကရပ်တည်သူမှန်သမျှအသက်ကိုရန်ရှာတဲ့အထိ ခြေလှမ်းကြဲလာတဲ့အချိန်မှာတော့..။(1)The Girl with the Dragon Tattoo (2009)(2)The Girl Who Played with Fire (2009)အထက်ပါ(၂)ကားကိုကြည့်ပြီးမှ ဒီကားကိုကြည့်ပါနော်... File Size :(2.78GB)(1.4GB) and (484MB) Quality : Blu-Ray 1080p5.1ch,720p Format…mp4 Duration…02:32:00 Genre : Crime , Drama,Mystery Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

The Girl Who Kicked the Hornet’s Nest(2009)

Dark Places (2015) 6.2
Dark Places (2015) Dark Places (2015)==============IMDb Rating - 6.2/10လျှို့ဝှက်ဆန်းကျယ်မှုခင်း ရုပ်ရှင်သဘောကျတတ်တဲ့ ပရိတ်သတ်တွေအတွက် နာမည်ကြီး Gone Girl (2014) ရဲ့စာရေးဆရာ Gillian Flynn ရဲ့ ရောင်းအားကောင်းတဲ့ ဝတ္ထုကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့ Dark Places (2015) ဆိုတဲ့ကားလေးကို မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းကတော့ လစ်ဘီဆိုတဲ့ ၈ နှစ်အရွယ်ကောင်မလေးဟာ သူ့မိသားစုသတ်ဖြတ်ခံရရာမှာ မသေဘဲလွတ်မြောက်ခဲ့ပါတယ်။ ကလေးမလေးရဲ့ ပြန်လည်ပြောပြချက်အရ လူသတ်မှုကို ကျူးလွန်သူမှာ သူမရဲ့အစ်ကို ဘန် ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။အဲလိုနဲ့ဘန်ဟာ ထောင်ကျသွားပြီး လစ်ဘီကတော့ နာမည်ကြီးလူသတ်မှုမှာ အသက်ရှင်ကျန်ခဲ့တဲ့ ကောင်မလေးအဖြစ် နာမည်ကြီးသွားပါတယ်။ ဒါပေမယ့် ဇာတ်လမ်းက မပြီးသေးပါဘူး။ နောက်နှစ် ၃၀ ကြာတဲ့အခါ လစ်ဘီဟာ အဲဒီအမှုကို ပြန်စုံစမ်းဖော်ထုတ်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ဒီတစ်ခါရော သူကလေးဘဝက ထင်ခဲ့သလိုပဲ သူ့အစ်ကို ဘန် က အပြစ်ရှိတဲ့လူဖြစ်တယ်လို့ ရှာတွေ့မှာလား? ...
movie

Dark Places (2015)

2015
Scream 4 (2011) 6.1
Scream 4 (2011) Scream 4 2011 ===========ဒီကားကတော့ scream 3 ထွက်ပြီး ၁၁ နှစ်ကြာမှ ထွက်လာတာ ဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ခုကျော်ကြာမှ ထွက်လာတာဖြစ်လို့ တိုးတက်လာတဲ့ နည်းပညာတွေ ရုပ်ရှင်ပညာတွေကို ကောင်းကောင်းအသုံးချထားပြီးတော့ နောက်ဆုံးထွက်ခဲ့တဲ့ ကားထက်ကောင်းအောင် ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းဆက်ထားပုံကတော့ သရဲမျက်နှာလူသတ်သမားနဲ့ နောက်ဆုံးရင်ဆိုင်တွေ့ခဲ့တာ ၁၀ နှစ်ကျော်ကြာသွားပါပြီ။ အဲဒီအချိန်မှာ ဆစ်ဒနေက အတိတ်ရဲ့စိတ်ဒဏ်ရာတွေကို ကုစားဖို့ ကိုယ့်ကိုယ်ကို ပြုပြင်ရေးစာအုပ်တစ်အုပ်ရေးပါတယ်။ အဲဒီစာအုပ်ကို ထုတ်ဝေတဲ့အခါ book tour လုပ်တော့ မွေးရပ်မြေကို ပြန်လာဖို့ အကြောင်းဖြစ်လာပါတယ်။ ကံဆိုးစွာနဲ့ပဲ ဆစ်နေဒန် ပြန်ရောက်လာတာကြောင့် သရဲမျက်နှာလည်း ပြန်ပေါ်လာပါတယ်။ IMDB 6.1 ရထားပြီး tomatometer 60% ရထားပါတယ်။Scream 6 ကားစလုံးကို Scream Franchise မှာ ဝင်ကြည့်လို့ရပါတယ် Quality__Bluray 1080p IMDb Rating__6.1/10 Format__mp4 Duration__1h 51min Type__Horror, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by San Thu Aung Encoded by Htet Wai ...
movie

Scream 4 (2011)

2011
Scream 3 (2000) 5.6
Scream 3 (2000) Scream 3 2000 ===========ဒါကတော့ တတိယမြောက်ကား ဖြစ်ပြီးတော့ အမှန်အတိုင်းပြောရရင် Scream franchise ထဲမှာ rating အနည်းဆုံးကား ဖြစ်ပါတယ်။ ဒါပေမယ့် scream ရဲ့ အရသာကိုတော့ မ‌ပျောက်အောင် ထိန်းထားနိုင်တာကြောင့် horror, mystery ဖန်တွေအတွက်တော့ ကြည့်ပျော်ရှုပျော်ရှိတဲ့ ကားတစ်ကားဖြစ်နေတုန်းပါပဲ။ ဒီကားကတော့ scream 2 အပြီး ၂ နှစ်အကြာမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဒီကားမှာတော့ ဆစ်ဒနေဟာ လူသူကင်းဝေးရာနေရာမှာ ခြေရာဖျောက်ပြီး သွားနေနေပါတယ်။ အဲဒီအချိန် hollywood မှာလည်း သရဲမျက်နှာလူသတ်မှုတွေကို အခြေခံထားတဲ့ stab 3 ရှပ်ရှင်ကားကို ရိုက်ကူးရေးစနေပါပြီ။ အဲဒီအချိန်မှာ နောက်ထပ် သရဲမျက်နှာလူသတ်သမားပေါ်လာပြီး လူသတ်မှုတွေ ဆက်တိုက်ဖြစ်လာပါတော့တယ်။ ဒီတစ်ခေါက်မှာတော့ သရဲမျက်နှာလူသတ်သမားက stab 3 ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ အရင်လူသတ်မှုမှာ အသက်ရှင်ကျန်ခဲ့သူတွေကိုပါ ပစ်မှတ်ထားနေပါတယ်။ IMDB 5.6 ရထားပြီး tomatometer 40% ရထားပါတယ်။ ဒီကားဟာ scream trilogy ရဲ့ နောက်ဆုံးကားဖြစ်ပြီး အတိတ်ကကြောင်းတွေကို ဖြေရှင်းထားလို့ scream ဖန်တွေကတော့ ကြည့်သင့်တယ်လို့ ပြောပါစေ။ Scream 6 ...
movie

Scream 3 (2000)

2000
Scream 2 (1997) 6.2
Scream 2 (1997) Scream 2 (1997) ================== Scream 2 ဟာ scream ထွက်ပြီး ၁ နှစ်တောင်မကြာသေးဘူး ထွက်လာခဲ့တာပါ။ ပထမကားရုံမတင်ခင်ကတည်း ရိုက်ကူးရေးကို စတင်ခဲ့လို့ပဲဖြစ်ပါတယ်။ ဒီကားက မူရင်းကားလောက် အကြီးအကျယ်အောင်မြင်မှုမရပေမယ့် Horror, Mystery ကားတစ်ကားအနေနဲ့ကြည့်ရင် တော်တော်လေးကြည့်ကောင်းတဲ့ စာရင်းထဲ ဝင်နေတုန်းပါပဲ။ Scream saga ထဲမှာတော့ ကြည့်ကောင်းတဲ့ ကြည့်သင့်တဲ့ ကားတစ်ကားပါ ဒီကားကတော့ ပထမကားအပြီး ၂ နှစ်အကြာမှာ နေရာယူထားပါတယ်။ သရဲမျက်နှာ လူသတ်သမားဆီကနေ လွတ်လာတဲ့ ဆစ်ဒနေလေးဟာ အခုတော့ တက္ကသိုလ်ရောက်သွားပါပြီ။ သူရဲမျက်နှာလူသတ်မှုအကြောင်းကိုလည်း ရုပ်ရှင်ပြန်ရိုက်ပြီး ရုံတောင်တင်နေပါပြီ။ အတိတ်က အဖြစ်ဆိုးကြီးက ပြီးဆုံးသွားပြီလို့ ထင်နေတုန်းမှာပဲ ကံမဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို သရဲမျက်နှာကွင်းဆက်လူသတ်မှုတွေ ထပ်ဖြစ်ပါတော့တယ်။ ဒီတစ်ခါရော သရဲမျက်နှာ လူသတ်သမားတွေ ဘယ်သူတွေများဖြစ်မလဲ? IMDB မှာ 6.2 သာရပေမယ့် tomatometer မှာတော့ မူရင်းကားထက်တောင် ကျော်ပြီး 81% တောင်ရထားပါတယ်။Scream 6 ကားစလုံးကို Scream Franchise မှာ ဝင်ကြည့်လို့ရပါတယ်  Quality__Bluray 1080pIMDb Rating__6.2/10 Format__mp4 Duration__1h Type__Horror, Mystery Subtitle__Myanmar Subtitle (Hardsub) Translated ...
movie

Scream 2 (1997)

1997
Guimoon: The Lightless Door ( 2021 ) 5.8
Guimoon: The Lightless Door ( 2021 ) ၁၉၉၀ခုနှစ် လူသတ်မှုဖြစ်ပြီး နောက်ပိုင်း ထူးဆန်းစွာ လူတွေဆက်တိုက်သေနေလို့ပိတ်လိုက်ရတဲ့ ဂွီဆာရီ စင်တာအဆောက်အဦးကြီး ၁၉၉၆ခုနှစ်မှာထိုအဆောက်အဦးကို ဗီဒီယိုပြိုင်ပွဲဝင်ပြိုင်ဖို့ လာစူးစမ်းကြတဲ့ ဟေယောင်းတို့သူငယ်ချင်းသုံးယောက် ထို အဆောက်အဦးကြီးက မကျွတ်မလွတ်သေးတဲ့ဝိညာဉ်တွေကိုနှိမ်နှင်းဖို့လုပ်ရာမှ သေဆုံးသွားတဲ့ အမေဖြစ်သူရဲ့ ကျန်ရစ်ခဲ့တဲ့ တာဝန်တွေကိုဒိုဂျင်းတစ်ယောက် ပရလောကနဲ့ လူ့လောကဆုံရာမှာ တည်ရှိနေတဲ့ဂွီဆာရီစင်တာထဲ မိခင်ရဲ့ဒေါသတွေပြေလျော့စေဖို့ ကျန်ရစ်တဲ့ တာဝန်တွေဆက်လုပ်ဖို့ပရလောကဝင်ပေါက်မှတဆင့် ပရလောကထဲ ဝင်ရောက်သွားတဲ့အခါမှာ​ရော ဘာတွေဖြစ်မလဲ မိခင်ရဲ့ တာဝန်တွေကို ပြီးပြတ်အောင်လုပ်နိုင်ခဲ့မလားဝင်သွားတဲ့လူတိုင်း ပြန်ထွက်မလာကြတော့လို့ ပရလောသို့ဝင်ပေါက်ဟုနာမည်ကြီးနေတဲ့ ဂွီဆာရီစင်တာထဲ ဝင်ရောက်သွားတဲ့ ဒိုဂျင်းတစ်ယောက်ပြန်လည်လွတ်မြောက်နိုင်ပါ့မလား ၁၉၉၆ခုနှစ်ကတည်းကနေ အခုထိဂွီဆာရီစင်တာထဲမှာ ပိတ်မိကာ တဝဲလည်လည်ဖြစ်နေတဲ့ ဟေယောင်းတို့သူငယ်ချင်းသုံးယောက်ကရော ပြန်လည်လွတ်မြောက်နိုင်ပါ့မလား Quality : WEB-DL 1080pFormat : mp4During : 1h 25minGenres : MysterySubtitle : Myanmar Subtitle ( Hardsub )Translated By OakkarEncoded By ...
movie

Guimoon: The Lightless Door ( 2021 )

The Voyeurs(2021) 5.8
The Voyeurs(2021) ရုပ်ရှင်ရဲ့နာမည်ဖြစ်တဲ့ voyeur ကို အဘိဓာန်မှာတော့ "သူတစ်ပါး၏လိင်ကိစ္စကို တိတ်တခိုး ကြည့်ရှုရာ၌ နှစ်ခြိုက်မွေ့လျော်သူ"လို့ အဓိပ္ပာယ်ဖွင့်ဆိုထားတယ်။ အတွဲချောင်းတဲ့ကောင်ပေါ့ဗျာ။နာမည်အတိုင်းပဲ တစ်ဖက်အိမ်က ကိစ္စတွေကို စပ်စုကြတဲ့ အတွဲတစ်တွဲအကြောင်းပေါ့။"မိန်းမ၀တ် အတွင်းခံဘောင်းဘီတစ်ထည်"ဆိုတဲ့ မင်းခိုက်စိုးစန်ရဲ့၀တ္တုတိုတစ်ခုကိုတောင် ပြေးမြင်မိလိုက်သေးတယ်။သူရေးထားတာကျ သူ့အိမ်ကနေ မြင်နေရတဲ့ တစ်ဖက်အိမ်က အတွင်းခံတစ်ထည်အကြောင်း။ဒီမှာကျ တစ်ဖက်အိမ်က ကိစ္စဝိစ္စတွေ အကုန်ပေါ့။ဇာတ်လမ်းက ကြည့်ပျော်တဲ့ ဇာတ်လမ်းမျိုးပါပဲ။ဒါကိုမှ မင်းသမီးလှလှလေးရဲ့ ဟိုအခန်းဒီအခန်းတွေ ပေါင်းပေးထားတော့ ပိုကြည့်ပျော်သွားတယ်။ဇာတ်လမ်းကလည်း နည်းနည်းထူးထူးဆန်းဆန်းဆိုတော့ ကြည့်ပျော်တယ်ဆိုပေမဲ့ စကီချောချောလေးရဲ့ အလန်းစား Sceneတွေကိုကြည့်ရမှာနဲ့တင် ဒီရုပ်ရှင်ဟာ တန်နေပါပြီ။လူဟာ သမ္မာရှစ်ပါးနဲ့ မပြည့်စုံသေးသမျှ ကာမတဏှာရှိကြတာပဲမဟုတ်လား။ထိန်းချုပ်မှုနဲ့ အထားအသိုမမှားဖို့တော့လိုတယ်။ဒီရုပ်ရှင်ဟာ ခင်ဗျားရဲ့ ကာမတဏှာကို သုံးသင့်တဲ့နေရာမှာ သုံးလို့ရနိုင်အောင် ထိန်းချုပ်တတ်စေဖို့ ပြောပြပေးတဲ့ ရုပ်ရှင်တစ်ကားပါပဲ။(ဘာသာပြန်သူတွေကတော့ The Pooh နဲ့ Y တို့ပဲဖြစ်ပါတယ်) File size…(1.6 GB)/ (850 MB)/ (400 MB) Quality…WEB-DL 1080p /720p ...
movie

The Voyeurs(2021)

Scream (1996) 7.3
Scream (1996) Scream 1996 အညွှန်း ================ Horror, Mystery ပရိတ်သတ်တွေအတွက် 90s ခေတ်က rating လည်းကောင်းကောင်းရထားတဲ့ ကားကောင်းလေးတစ်ကား တင်ပေးလိုက်ပါတယ်။ Horror အမာခံပရိတ်သတ်တွေ ဆိုရင်တော့ Scream 1996 က အထူးညွှန်းနေစရာ မလိုပါဘူး။ အခုနောက်ပိုင်းထွက်တဲ့ horror ကားတွေနဲ့ ဒီကားနဲ့ ကွာခြားချက်ကို ပြောပါဆိုရင် သူက supernatural ဆန်ဆန် သရဲတွေ နာနာဘဝတွေမပါဘဲ mystery အသားပေးထားပြီး လူသတ်သမားက ဘယ်သူများဖြစ်မလဲဆိုပြီး ရင်တထိတ်ထိတ်ကြည့်ရတဲ့ဖီလင်ကိုပေးတဲ့ ကားမျိုးပါ။ ဒီကားက ထွက်ပြီးပြီးချင်းပဲ horror ရုပ်ရှင်တွေကြားထဲမှာ ဇာတ်လမ်းတည်ဆောက်ပုံရော ဇာတ်ရှိန်ထိန်းသွားတာရောကောင်းလွန်းလို့ နာမည်အရမ်းကြီးခဲ့တဲ့ ကားတစ်ကားလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကို ပြောရမယ်ဆိုရင်တော့ ဆစ်ဒနေဆိုတဲ့ ကောင်မလေးဟာ သူမရဲ့အမေကို မုဒိန်းကျင့်ပြီးလူသတ်မှုတစ်ခုမှာ တစ်ခုမှာ ဆုံးရှုံးခဲ့ရတာပါ။ အဲလိုနဲ့ စိတ်ဒဏ်ရာရနေတဲ့ ဆစ်ဒနေဟာ ဘဝကိုပြန်လည်တည်ဆောက်ဖို့ကြိုးစားနေတုန်း ၁ နှစ်ပြည့်သွားတဲ့အချိန်မှာပဲ သူ့အမေတုန်းကလို လူသတ်မှုတွေ ဖြစ်လာပါတော့တယ်။ ထူးဆန်းတာက သူ့အမေကိုသတ်ခဲ့တယ်လို့ သံသယရှိသူကို ထောင်ထဲထည့်ပြီးသွားပြီ ဖြစ်နေလို့ပါ။ ဒီတော့ အခုဖြစ်လာတဲ့ လူသတ်မှုတွေရဲ့ နောက်ကွယ်က တရားခံကဘယ်သူတွေလဲ? သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ? အရင်လူသတ်မှုနဲ့ ...
movie

Scream (1996)

1996
Meander (2020) 5.7
Meander (2020) Meander (2020)=============IMDb Rating - 5.7/10သမီးဖြစ်သူကိုဆုံးရှုံးလိုက်ရလို့ ကားလမ်းမပေါ်မှာလှဲပြီးသေကြောင်းကြံဖို့လုပ်ခဲ့တဲ့ မလီဆာအဲ့အချိန်မှာပဲ ....အဒမ်ဆိုတဲ့လူနဲ့ တွေ့တာပေါ့။ အဒမ်နဲ့ကားကြုံလိုက်ပြီး စကားဘာညာပြောတုန်းသတင်းလေးတစ်ပုဒ်ကြားပြီးနောက် မလီဆာအတွက်အရာရာအမှောင်တိဖြစ်တော့တာပဲ။ပြောရရင်သတိလစ်သွားတယ်ပေါ့။သတိရလာတော့ ထူးဆန်းတဲ့ပြွန်လိုလိုဏ်ခေါင်းထဲမှာသူရောက်နေလေပြီ။ သူ့လက်မှာကလည်း ထူးဆန်းတဲ့လက်ကောက်လေးတစ်ခု ...အချိန်ကမှတ်ထားသေးတယ်... ဒါတွေကဘာတွေလဲ ဘာအတွက်ကြောင့်လဲပြီးတော့သူဘယ်ရောက်နေတာလဲ ။ မလီဆာတစ်ယောက်သိချင်လို့လျှောက်သွားရင်း ကြုံလာရတာတွေကထောင်ချောက်တွေ။ သူ့လိုပဲရောက်နေတဲ့လူတွေ....ဒီလိုထူးဆန်းတဲ့ဝင်္ကပါလိုပြွန်လိုဏ်ခေါင်းထဲကနေ ဘယ်လိုထွက်မှာလဲ။ ဘယ်သူက သူတို့ကို ဒီလိုလုပ်နေတာလဲ။ ဘာအတွက်ကြောင့်လဲဆိုတာကို စိတ်ဝင်စားစွာ ဒီကားထဲမှာကြည့်ရှူမြင်တွေ့ရမှာ . . . နောက်ပြီး ဒီ Movie ဟာ ဆုပေါင်း(၁၁)ဆုလည်း ရထားသလို . movie ရဲ့ trailer မှာတင်အတော်စိတ်ဝင်စားစရာကောင်းနေတာလည်းဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ပဲဖြစ်ပါတယ်။) Quality – 1080p, 720p BluRay 5.1CHDuration - 1h 30minSubtitle – Myanmar HardsubFormat – Mp4Genre ...
movie

Meander (2020)

2020
The Happening(2008) 6.5
The Happening(2008) The Happening(2008)အညွှန်း**************************မင်းသား Mark Wahlberg ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဒီကားတော်တော်ဝင်ငွေကောင်းသလို အဲ့ဒီနောက်ပိုင်းထွက်ရှိခဲ့တဲ့ A Quiet Place , Bird Box တို့လို့ ဇာတ်ကားတွေကိုတော့ အတော်များများသိကြမှာပါ...တစ်မျိုးစီကောင်းကြတယ်ဆိုပေမဲ့ The Happening(2008) ရဲ့ လူသေခန်းတွေနဲ့ဖြစ်ရပ်တွေဟာအတော်ကြောက်စရာကောင်းပါတယ်...ကြည့်နေရင်း ကြက်သီးမွေးညင်းတွေထောင်ထလောက်အောင်ပါပဲ...ဆိုတော့ဒီကားဘယ်လိုအမျိုးအစားလဲ ခန့်မှန်းမိလောက်မှာပါ....A Quiet Palace ကတော့ ကြားလို့မရ BirdBox ကတော့ ကြည့်လို့မရ အမျိုးအစားပေါ့...ဒီကားကိုတော့ စပွိုင်လာဖြစ်နေမှာစိုးလို့ တခြားအရာတွေမညွှန်းတော့ပါဘူး..Mark Wahlberg လည်းပါတယ်..Suspense, thrill အဆန်ဆုံးစာရင်းဝင်လို့ဒီလိုကားမျိုးနှစ်သက်တဲ့သူတွေအတွက်တော့  KBZ Atm မှာ ၂သိန်းထုတ်တုန်း၁၀သိန်းလောက်တစ်ခါထဲထွက်တဲ့ ခံစားချက်မျိုးကို ရရှိစေမှာမို့လက်မလွှတ်သင့်ပါကြောင်း...File Size :(1.7GB) (910 MB) and (380 MB) Quality : Blu-Ray 720p Format…mp4 Duration…01:48:00 Genre : Mystery  , Drama,Sci-Fi Subtitle : Myanmar Subtitle (Hard ...
movie

The Happening(2008)

Beyond the Dream(2021) 7.2
Beyond the Dream(2021) Beyond the Dream(2021)အညွှန်း****************************IMDB 7.2 ရရှိထားတဲ့ ဟောင်ကောင်ဇာတ်ကားကောင်းလေးပါ ...ဆုကြီး (၅)ဆုနဲ့ အခြားဆု (၁၂)ဆုလည်း ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်...လီချီလော့ဟာ စိတ်ကျရောဂါခံစားနေရပြီး သူခံရတဲ့ရောဂါအမျိုးအစားကလည်းခပ်ဆန်းဆန်းမို့   စိတ်ကုဆရာဝန်တွေအမြဲတွေ့ပြီး ကုသနေရတဲ့သူပေါ့...တစ်နေ့တော့ ရီနန်ဆိုတဲ့ကောင်မလေးဟာ စိတ်ပညာဘွဲ့လွန်စာတမ်းတစ်ခုပြုစုစရာရှိတဲ့အတွက်လီချီလော့နဲ့ဆွေးနွေးတိုင်ပင်ရင်း သူ့စာတမ်းအတွက် အသေးစိတ်ပြင်ဆင်ဖို့ကြိုးစားပါတယ်...အဲ့ဒီနောက်မှာတော့ မထင်မှတ်တဲ့ဖြစ်ရပ်တွေဆက်တိုက်ဖြစ်လာပါတော့တယ်...File Size : (2.2GB)(1.1GB) and (462 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…02:00:00 Genre : Mystery , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Hay Thar Oo Encoded by Phyo Pyae
movie

Beyond the Dream(2021)

Zone 414 (2021) 5.1
Zone 414 (2021) Memento ထဲက မင်းသားကြီး Guy Pearce , Vikings နဲ့ Warcraft ထဲက မင်းသား Travis Fimmel နဲ့Revenge ဖိုက်တာဇာတ်ကားထဲက အီတလီမင်းသမီး Matilda Lutz တို့လို ဇာတ်ဆောင်တွေနဲ့ ရိုက်ကူးထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ဒေးဗစ်ကာမိုက်ကယ်ဟာ မရိန်းတပ်သားဟောင်းတဖြစ်လဲ ရဲစုံထောက်ဟောင်းတစ်ဦးဖြစ်ပြီးတော့ အမှုတစ်ခုနဲ့ထွက်လာခဲ့တဲ့နောက်ပိုင်း အလွတ်စုံထောက်အဖြစ်အသက်မွေးနေပါတယ်။တစ်နေ့တော့ သူ့ကို ဇုန် ၄၁၄ လို့ခေါ်တဲ့ လူသားအသွင်နဲ့စက်ရုပ်တွေရဲ့နယ်မြေ ရိုဘော့မြို့တော်လို့ခေါ်ကြတဲ့ နေရာကြီးကိုတည်ထောင်ထားတဲ့ မာလွန်ဗိဒ်ဆိုသူကဆက်သွယ်လာခဲ့ပြီး အဲ့ဒီဇုန်ထဲကိုထွက်ပြေးသွားခဲ့တဲ့ သူ့သမီးကို ရှာဖွေပြီးပြန်ခေါ်လာခဲ့ဖို့ အမှုအပ်လာပါတယ်။အဲ့ဒီဇုန်ထဲမှာ ပထမဆုံးတွေ့ဆုံရတဲ့သူကတော့ ဂျိန်းဆိုတဲ့ဖောက်သည်တွေဆန္ဒကို နည်းမျိုးစုံနဲ့ဖြည့်ဆည်းပေးဖို့တာဝန်ယူထားတဲ့စက်ရုပ်မလှလှလေးတစ်ယောက်ဖြစ်ပါတယ်။ ဗိဒ်သမီးရဲ့ ပျောက်ဆုံးမှုဟာ သာမန်အိမ်ပြေးမှုတစ်ခုအဖြစ်စတင်ခဲ့ပေမယ့် ရှုပ်ထွေးပွေလီတဲ့လူတွေရဲ့အကောက်ဉာဏ်၊ ရူးသွပ်မှု ၊ အတ္တတွေကြားမှာ သူတို့အတွက် အန္တရာယ်ဟာ ပိုမိုနက်ရှိုင်းလာပါတော့တယ်။မြင်နေတွေ့နေကျဇာတ်လမ်းမျိုးဖြစ်ပေမယ့် ပုံဖော်ထားတဲ့ CGI တွေ Cinematography အမိုက်စားတွေနဲ့အတူ 90s ဝန်းကျင်ကခေတ်စားခဲ့တဲ့စက်ရုပ်လူသားကားတွေ ခေတ်လွန်မြို့တော်တွေရဲ့ vibe မျိုး တစ်ခါတစ်လေ Blade runner လိုပုံစံမျိုးကိုတောင်ပြန်အမှတ်ရစေတဲ့ စိတ်ကူးယဉ်သိပ္ပံဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။File size…(1.7 GB) / (999 MB) / ...
movie

Zone 414 (2021)

Enemy(2013) 6.9
Enemy(2013) Enemy(2013) ရုပ်ရှင်အညွှန်းတစ်ခါတစ်လေ ကျရင် ကိုယ့်ဘဝရဲ့ ရန်သူဆိုတာ ကိုယ်ကိုယ်တိုင်လည်း ဖြစ်နေနိုင်ပါတယ်ဒီရုပ်ရှင်ကတော့ အချုပ်အနှောင်ကို မကြိုက်တဲ့ ယောက်ျား တစ်ယောက်၊ မိန်းမ တစ်ယောက်တည်းအပေါ် မှာပဲသစ္စာရှိရမှာ ကြောက်နေပြီး အဲ့လို ဘဝမျိုးမှာ လက်တွေ့ရှင်သန်နေထိုင်နေရတဲ့ အတွက် စိတ္တဇဝေဒနာ ကိုခံစားနေရတဲ့ ယောက်ျားတစ်ယောက်အကြောင်းပါရုပ်ရှင်ရဲ့ အဓိကက မင်းသားရဲ့ စိတ်ရောဂါ အကြောင်းကို လုံးဝ ပရိတ်သတ်တွေ နှစ်ခါပြန်ကြည့်ပြီးစဥ်းစားရလောက်မယ့် ပုံစံမျိုးနဲ့ တင်ဆက်ထားတာပဲ ဖြစ်ပါတယ်ပထမတစ်ခေါက်ကြည့်ပြီးရင်တော့ wtf? ဘာကြီးလဲ လို့ တွေးမိသွားနိုင်ပေမယ့်ရုပ်ရှင် တစ်ခုရဲ့ symbolism,metaphors တွေကို စိတ်ဝင်စား နားလည်တဲ့ သူတွေအတွက်ကတော့ဒီရုပ်ရှင် ပဟေဠိ တစ်ခုလိုပါပဲ အဖြေကို သေချာ နားလည်သွားတဲ့ အခါကျရင်တော့ တကယ့် masterpiece တစ်ခုလို့ ခံစားရမှာ အသေအချာပါပဲမင်းသားကတော့ ကျွန်တော့်အနေနဲ့ nightcrawler,spiderman-far from home တို့မှာ တွေ့ခဲ့ရတဲ့ မင်းသား​ကြီးjake ...
movie

Enemy(2013)

2013
The Prestige (2006) 8.5
The Prestige (2006) THE PRESTIGEIMDb (8.5/10) / Rotten Tomatoes (76%)ကြီးမားတဲ့ မျက်လှည့် လှည့်စားမှုတိုင်းမှာ အပိုင်း (3) ပိုင်း ဒါမှမဟုတ် ပြကွက် (3) ကွက်ပါရှိတယ်။ ပထမ အပိုင်းကိုတော့ "ကတိ" လို့ခေါ်တယ်။ မျက်လှည့်ဆရာတစ်ယောက် ဟာ မင်းကို ရိုးရှင်းတဲ့ အရာကိုပြသလိမ့်မယ်။ အထပ်လိုက်စီထားတဲ့ ကဒ်တွေ၊ ဌက်တစ်ကောင် ဒါမှမဟုတ် လူတစ်ယောက်ပေါ့၊ သူကမင်းကို ဒီအရာကိုပြမယ်။ စစ်မှန်ခြင်း သာမာန်ဖြစ်ခြင်း ပြုပြင်ပြောင်းလဲထားခြင်း မဟုတ်ကြောင်းတို့ကို မင်းကို စစ်ဆေးခိုင်းဖို့ဖြစ်ချင်ဖြစ်မှာပေါ့။ ဒါပေမဲ့.. မဟုတ်ပါဘူး။ ဒုတိယပြကွက်ကိုတော့ "လှည့်ခြင်း" လို့ခေါ်တယ်။ မျက်လှည့်ဆရာက သာမာန်အရာဝတ္ထုတစ်ခုကို ယူပြီး ထူးခြားဆန်းကြယ်တဲ့ အရာတစ်ခုခုကို ဖြစ်အောင်လုပ်ဆောင်လိုက်တယ်။ အခုမင်းလျှို့ဝှက်ချက်တွေကို ရှာဖွေနေမယ်။ ဒါပေမဲ့ မင်းတွေ့မှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ မင်းတကယ်ကြည့်မနေလို့ပဲလေ။ မင်းကတစ်ကယ်မသိချင်ပါဘူး။ မင်းက အရူးလုပ်ခံချင်တာပါ။ ဒါပေမဲ့လည်း မင်းလက်ခုပ်မတီးသေးဘူး။ ...
movie

The Prestige (2006)

2006
Dream Lover (1993) 6.2
Dream Lover (1993) IMDb Rating (6.2) / Rotten Tomatoes (57%)မိန်းမတွေရက်စက်လို့ ဘဝပျက်သူတွေ ဒီကမ္ဘာမှာ ဘယ်လောက်များရှိမလဲ...ကိုးတောင်ဝတ်ယောကျ်ားလေးတွေ အချစ်အတွက် ဘဝပျက်ခံကြပုံတွေဟာ တရားရစရာပါပဲ...အချစ်မှာရိုးသားသူက ကြေကွဲရသူပဲမလား....လူနှစ်ယောက်ပေါင်းစည်းခြင်းမှာ တစ်ဦးစီရဲ့အတ္တတွေရှေ့တန်းတင်လာတဲ့အခါဒီဇာတ်ကားဖြစ်လာတာပါပဲ...၁၉၉၀ ခုနှစ်များဆီက ရုပ်ရှင်တချို့ဟာ မင်းသမီးတွေရဲ့ လှပကျော့ရှင်းမှုကိုရှေ့တန်းတင်ဆွဲဆောင်ပြီးတော့စိတ်ဝင်စားစရာ Crime Thriller ဇာတ်လမ်းမျိုးတွေ အတော်ရိုက်ကြခဲ့တာပဲ...မင်းသမီးရှရွန်စတုန်းရဲ့ Basic Instinct , မင်းသမီးမက်ဒေါနားရဲ့ Body of Evidence စသည်ဖြင့်ပေါ့...ခုကတော့ မင်းသမီး Mädchen Amick ပေါ့...သူကလဲ ငယ်ငယ်တုန်းက Jennifer Connelly တို့လို ညှို့အားပြင်းမင်းသမီးတစ်လက်ဆိုတာ ခုဇာတ်ကားမှာ မျက်မြင်ကိုယ်တွေ့ရပါမယ်...ဇာတ်လမ်းကတော့..‌သာမန်ယောကျ်ားလေးတွေလိုပဲ ကိုယ်နဲ့အသက်ထက်ဆုံး ပျော်ရွှင်ကြည်နူးပြီး ခိုင်မြဲလက်တွဲဖို့အိပ်မက်ထဲက စိတ်ကူးယဉ်မိန်းမလှလေးနဲ့တွေ့ချင်ခဲ့တဲ့ ရေးတစ်ယောက် ...သူ့ရဲ့စိတ်ကူးထဲကမိန်းမလှလေးလို့ထင်ခဲ့တဲ့ ပထမမိန်းမရဲ့ဖောက်ပြန်မှုကိုကြုံပြီးတဲ့နောက်မှာနောက်ထပ် သူ့စိတ်ကူးအိပ်မက်မိန်းကလေးဆိုတာ တကယ်ရှိနိုင်ပါ့မလားလို့ ယုံမှားသံသယတွေပြည့်နေခဲ့ပါတော့တယ်...သူဟာလုပ်ငန်းလဲရှိတယ်..ငွေလဲရှာနိုင်တယ်..စိတ်ကောင်းလဲရှိတယ်..မိတ်ဆွေတွေလဲရှိတယ်..သူ့မှာမရှိတာ သူ့အိမ်မက်ထဲကလို ယုံကြည်ရတဲ့ချစ်ခြင်းပဲ...ဒါပေမဲ့ လီနာ‌ ဆိုတဲ့ မိန်းမလှလေးနဲ့ မတော်တဆတွေ့ဆုံပြီးတဲ့နောက်မှာ သူ့ဘဝတစ်ဆစ်ချိုးပြောင်းလဲလာပါတယ်..ယောကျ်ားလေးတို့ထုံးစံအတိုင်းပဲ အလူးအလဲကျရှုံးခဲ့တဲ့ ...
movie

Dream Lover (1993)