Channel Myanmar

Mystery

Reminiscence (2021) 7.1
Reminiscence (2021) IMDb Rating (7/10)Nick Bannister (Hugh Jackman) ကစစ်ပြန်တစ်ယောက်၊ သူ့လက်ထောက် Watts (Thandie Newton) နဲ့ အလုပ်စပ်တူလုပ်ကြတယ်.. သူတို့လုပ်တဲ့အလုပ်ကတော့ စိတ်ဝင်စားစရာပါ... အတိတ်ကိုပြန်တမ်းတလွမ်းဆွတ်နေတဲ့ လူတွေကို စက်ကိရိယာတွေဆေးဝါးတွေ အကူအညီနဲ့ သူတို့တမ်းတနေတဲ့အတိတ်ဆီကို တစ်ဖန်ပြန်ပြီးခေါ်ယူသွားပေးနိုင်တဲ့ Reminiscence လို့ ခေါ်တဲ့ ပရိုဂရမ်တစ်ခုကိုလုပ်ကြတာပါပဲအတိတ်လောက်စွဲလန်းစေတဲ့အရာ ဘယ်အရာမှမရှိဘူးမဟုတ်လား? လူတွေဟာ သူတို့ချစ်ရတဲ့သူတွေနဲ့ နောက်တစ်ကြိမ်တွေ့ခွင့်ရချင်ကြတယ်၊ ဘဝရဲ့အဓိပ္ပါယ်အရှိဆုံးအချိန်လေးတွေမှာ ပြန်လည်နေထိုင်ချင်ကြတယ်မဟုတ်လား?ဒီလိုနဲ့ ရည်ရွယ်ချက်ကြီးမားတဲ့ သူတို့လုပ်ငန်းဆီကို Mae (Rebecca Ferguson) ဆိုတဲ့မိန်းမလှလေးတစ်ယောက် ရောက်လာပါတယ်.. သူ့ပြသနာကတော့ အိမ်ခန်းသော့ပျောက်နေလို့ပါတဲ့ ပြီးခဲ့တဲ့မနက်က သူ့အတိတ်ဆီပြန်ခေါ်သွားပေးဖို့တောင်းဆိုလာပါတယ်.. Watts ကသဘောမတူချင်ပေမယ့် အဲ့ဒီမိန်းကလေးကိုမြင်မြင်ချင်းစွဲလန်းသွားမိတဲ့ Nick ကတော့ချက်ချင်းသဘောတူပြီး ကောင်မလေးကိုလိုက်လျောရာကနေ သူတို့နှစ်ဦးဇာတ်လမ်းဖြစ်သွားပါတော့တယ်။ဒါပေမယ့် တစ်နေ့မှာတော့ ဆူးညှောင့်ခလုတ်မရှိသာယာနေတဲ့ သူတို့ဇာတ်လမ်းလေးကနေ Mae တစ်ယောက်ရုတ်တရက်ပျောက်ကွယ်သွားခဲ့ပါတော့တယ်။ အတိတ်တွေဟာ အမြဲမလှပနိုင်ဘူးလေ... တစ်ခါငိုရရင် တစ်ခါမကပြုံးခဲ့ဖူးတာလဲ မင်းမမေ့နဲ့ဦးဆိုတဲ့ သီချင်းလိုပဲပေါ့.. ဘဝတွေက ဆင်းရဲရင် ပိုနက်နဲရှုပ်ထွေးတတ်တာပဲ...ကဲ...ဒီတော့ Mae တစ်ယောက် ဘာကြောင့်ပျောက်သွားတာလဲ... သူ့ရဲ့အတိတ်တွေကရော ဘာတွေဖြစ်နေမလဲ... အတိတ်ကိုတူးဖော်မယ့် Reminiscence နဲ့အတူ လိုက်ပါစီးမျောကြည့်ကြပါစို့။  File size…(2 GB) / (1.1 GB) ...
movie

Reminiscence (2021)

The Cursed: Dead Man’s Prey(2021) 7.0
The Cursed: Dead Man’s Prey(2021) The Cursed: Dead Man’s Prey(2021) အညွှန်း****************************************တိတ်ဆိတ်တဲ့ညတစ်ညမှာ လူသတ်မှုတစ်ခုဖြစ်သွားတယ်...လူသတ်မှု အခင်းဖြစ်ပွားရာနေရာတစ်ခုမှာ သံသယရှိသူနဲ့ နစ်နာသူရဲ့ အလောင်းနှစ်ခုကို တွေ့ရှိတယ် ...ထူးဆန်းတာက တရားခံအဖြစ် သံသယရှိသူရဲ့ အလောင်းက လွန်ခဲ့တဲ့ သုံးလလောက်ထဲက သေဆုံးပြီးသားအလောင်းဖြစ်နေခဲ့တယ်....ရဲတွေအတော်ခေါင်းကိုက်ရတဲ့ကိစ္စဖြစ်နေတယ်..အဲ့ဒီနောက်မရှေးမနှောင်းမှာပဲ ရုပ်သံတိုက်ရိုက်လွှင့်အစီအစဉ်တစ်ခုမှာ အချိန်ဖုန်းအဝင်တစ်ခုကအင်တာဗျူးဖြေချင်တယ်..ဒီလူသတ်မှုကို သူပဲကျူးလွန်ထားတယ်လို့ဆိုတယ်...ဒါ့ကြောင့် ရဲတွေရော ရုပ်သံဌာနကလူတွေကိုရော အမည်မသိသူစိမ်းကိုစောင့်နေကြတယ်..အဲ့ဒီနောက်ဒီလူဟာ ကိုရီးယားတစ်နိုင်ငံလုံးနဲ့ ရဲဌာနတစ်ခုလုံးစောင့်ကြည့်နေတဲ့အချိန်မှာပဲဒီလူသတ်မှုကို သူကျူးလွန်တယ်ဆိုတာရယ်...လုပ်နည်းကတော့ လူသေကောင်တွေကိုအောက်လမ်းနည်းနဲ့ထိန်းချုပ်ပြီး သတ်တယ်ဆိုတာရယ်..နောက်သတ်မဲ့သူတွေရဲ့အမည်တွေကိုပါ ပြောပြသွားတယ်....ဘယ်သူတွေက အလောင်းကောင်တွေကိုထိန်းချုပ်ထားတာလဲ...ဒီလိုမျိုးကြီးပြောပြီး လူသတ်မှုကျူးလွန်မှာကို ရဲတွေကရောတားဆီးနိုင်ပါ့မလား..ဘာ့ကြောင့်ရန်ငြိုးတစ်ကြီး ဒီလိုမျိုးကြီး လုပ်တာလဲ...ဒီကားက စလာလာချင်းကိုကြမ်းပါတယ်...သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ဇာတ်အိမ်ကိုဖွဲ့စည်းထားပြီးအစမှ အဆုံးထိကို စိတ်ဝင်စားစရာကောင်းပါတယ်...Fight Scene တွေလည်း တော်တော်မိုက်ပါတယ်...File Size :(2GB) (1GB) and (418 MB) Quality : WEB-DL 720p Format…mp4 Duration…01:50:00 Genre : Horror,Mystery , Fantasy Subtitle : Myanmar Subtitle (Hard ...
movie

The Cursed: Dead Man’s Prey(2021)

Netrikann (2021) 6.7
Netrikann (2021)  Netrikann (2021) Crime, Drama, Mystery IMDb 7.3/10ဒီကားကလည်း Remake တွေထဲမှာ အကြိမ်ကြိမ် ပြန်ရိုက်လည်း မရိုးနိုင်တဲ့ Remake ထဲက တစ်ကားပါပဲ။2011 ခုနှစ်တုန်းက ကိုရီးယားက Blind ဆိုတဲ့ အမည်နဲ့ ရိုက်ကူးခဲ့ပါတယ်။ 2015 ခုနှစ်မှာတော့ တရုတ်က The Witness ဆိုတဲ့ အမည်နဲ့ ရိုက်ကူးခဲ့ပါတယ်။အခု ၂၀၂၁ ခုနှစ်မှာတော့ အိန္ဒိယက Netrikann ဆိုတဲ့အမည်နဲ့ ရိုက်ကူးခဲ့ပါပြီ။ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ .....မတော်တဆမှုတစ်ခုမှာ မောင်ဖြစ်သူသေဆုံးပြီး ကိုယ်တိုင်မျက်စိကွယ်ခဲ့ရတဲ့ စီဘီအိုင်အရာရှိကောင်မလေး ဒူရ်ဂါဟာ မျက်စိကွယ်ခဲ့ရတဲ့အတွက် စီဘီအိုင်(ရဲ)အလုပ်ကိုလည်း ဆက်မလုပ်နိုင်တော့ဘဲ ဘဝကို သိမ်ငယ်စွာဖြတ်သန်းနေခဲ့တယ်...တစ်ရက် ကားငှားပြီးစီးလာရင်းနဲ့ ဒါရိုက်ဘာက လူတစ်ယောက်ကို တိုက်မိသွားတယ်.. ခွေးတစ်ကောင်ကို တိုက်မိတာပါလို့ ယာဉ်မောင်းက လိမ်ပေမယ့်လည်း စီဘီအိုင်အရာရှိဟောင်းဖြစ်တဲ့ဒူရ်ဂါအဖို့ မျက်စိမမြင်ပေမယ့်လည်း အဖြစ်မှန်ကို လွယ်လွယ်ခန့်မှန်းမိနေပါတယ်...လူကိုပါ ရန်ရှာလာတော့ ရဲစခန်းမှာ အမှုလာဖွင့်တယ်.... မျက်မမြင်တစ်ယောက်ရဲ့တိုင်ချက်ဆိုတော့ အရေးမလုပ်ကြဘူး အဲ့ဒီခစန်းမှာလည်း ဘယ်သူကမှ လေးစားမှုမရှိတဲ့ အူတူတူ အက်စ်အိုင်အရာရှိတစ်ယောက်ရှိတယ်...သူကလည်း စခန်းကလူတွေလေးစားခံရဖို့ ...
movie

Netrikann (2021)

2021
Are You Lonesome Tonight? (2021) 6.1
Are You Lonesome Tonight? (2021) Native Title 热带往事 Are you lonesome tonight?ဒီကားလေးကတော့ 1997ခုနှစ် နွေရာသီ ကွမ်ကျိုးမြို့တစ်မြို့လုံး မီးပျက်သွားချိန်မှာ ဖြစ်ပျက်ခဲ့တဲ့ လူသတ်မှုကိုအခြေခံထားတာပါအဲ့လူသတ်မှုမှာ လူသုံးယောက်ပါဝင်ပက်သက်နေပါတယ်ဝမ်ရွှယ်မင်ဆိုတဲ့ လူငယ်တစ်ယောက်က သူ့ချစ်သူကောင်မလေးနဲ့ အေးအေးချမ်းချမ်းနေရာမှ မီးတွေပျက်နေတဲ့ညတစ်ညမှာ လူတစ်ယောက်ကိုကားနဲ့တိုက်မိသွားပါတယ်အလောင်းကိုဖျောက်ပစ်လိုက်ပေမဲ့ အပြစ်ရှိသလိုခံစားနေရတာကြောင့် သူဟာသေဆုံးသွားသူဇနီးအနားမှာ တရစ်ဝဲဝဲနဲ့လိုက်နေခဲ့ပါတော့တယ် နောက်ဆုံးသူ မထိန်းထားနိုင်တော့ဘဲ သုကားနဲ့တိုက်မိတဲ့အကြောင်း ဖွင့်ပြောလိုက်ပါတော့တယ်အဲ့လိုပြောရာမှ အရှုပ်ထုပ်ထဲသူရောက်သွားသောအခါ ဘယ်လိုဖြစ်မလဲ ကားလေးထဲကြည့်လိုက်ပါနော်...။ဝမ်ရွှယ်မင်အဖြစ် Eddie Peng Mrs.လျန်ထိုင်အဖြစ် Sylvie Chang စုံထောက်ချန်းအဖြစ် Wang Yan Hui( အညွှန်းရေးသားထားသူကတော့ Hlaing Theint Theint Latt ပါ )Quality__1080p , 720p IMDb Rating__6.1/10 Format__mp4 Duration__01:35:00 Type__Crime , Drama , Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Hlaing Theint Theint Latt Encoded by Naing Aung Latt
movie

Are You Lonesome Tonight? (2021)

First Date (2021) 5.1
First Date (2021) First Date (2021)==============ကဲ first date တဲ့ . . . မြင်လိုက်တာနဲ့ ရင်ခုန်ချင်စရာလေးဗျာ . . . ခင်ဗျားတို့ရော first date တုန်းက ကိုယ့် ပါတနာနဲ့ဘာတွေလုပ်ခဲ့ကြလဲ ( fa တွေတော့ အပြင်သွားငိုပါ )အများစုကတော့  ချစ်ကြည်နူး တစ်တီတူးရင်း စကားဖောင်တွေ ဖွဲ့ခဲ့ကြမယ်ထင်ပါတယ်။အဲ . ဒီကားထဲက ကောင်လေးကတော့ သွားလေရာ မိုးလိုက်ရွာတဲ့ ကံဆိုးမရဲ့ သားလားတော့ မသိပါဘူး သူ ကြိုက်နေတဲ့ကောင်မလေးနဲ့တော့ ဒိတ်ခွင့်ရပါရဲ့၊ ကောင်မလေးကို သွားခေါ်ဖို့ရာ အိမ်က ကားတောင်းတာ မရ . အိတ်စိုက်ပြီး ကား၀ယ်ပြန်တော့လည်း ကားစုတ်ကြီးနဲ့ ညား၊ ဒါတင်မကသေးဘူး ကားထဲမှာ အရင်ပိုင်ရှင်ရဲ့ ပစ္စည်းတွေပါလာလို့ . ကားရောင်းသမားကို ပြန်သွားပေးတော့လည်း . . . ...
movie

First Date (2021)

2021
Deep (2021) 5.2
Deep (2021) Deep (2021)မအိပ်ဘဲနဲ့ ပိုက်ဆံရမယ်ဆိုရင် ခင်ဗျားတို့ လုပ်မလား?အိပ်တဲ့အချိန်မှာ မယ်လာတိုနင် ဆိုတဲ့ ဟော်မုန်း ထွက်ပါတယ်။မအိပ်ဘဲ နေရင်တော့ ကြူရာတိုနင် ဆိုတဲ့ ဟော်မုန်း ထွက်လာပါတယ်။ဒါကို မိုက်ခရိုချစ်ပ် တစ်မျိုးကို သုံးပြီး ထုတ်ယူမှာပဲ ဖြစ်ပါတယ်။ဒါကို Deep Process လို့ ခေါ်ပြီး အဆင့် ၃ ဆင့် ပါဝင်ပါတယ်။ ၁ ဆင့်တက်တိုင်း ပိုက်ဆံထပ်တိုး ပေးတာမို့ အတော်လေး မက်လောက်စရာပါပဲ။ပိုက်ဆံရဖို့အတွက် လိုက်နာရမယ့် စည်းကမ်းချက်က တစ်ခုပဲ ရှ်ိပါတယ်။"အိပ်ပျော်မသွားဖို့" ပါပဲ။တစ်ခါအိပ်လိုက်မိရင် မနိုးသောအိပ်ခြင်း နဲ့ အိပ်စက်ရမှာပါ။ဒါပေမယ့် ကြာရှည်မအိပ်ရတဲ့လူတွေမှာလည်း မအိပ်စက်ရခြင်းရဲ့ ဘေးထွက်ဆိုးကျိုးကို ခံရတာပါပဲ။ဒါကို အစမ်းသပ်ခံလိုက်ရတဲ့ လူငယ် ၄ ယောက်အကြောင်းကို ဇာတ်လမ်းဖွဲ့ရိုက်ကူးထာတာမို့ အတော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။အိပ်စက်ခြင်း နဲ့ မအိပ်စက်ရခြင်း လွန်ဆွဲမှုကြားမှာဒီ လူငယ် ၄ ယောက် ကျော်လွှားနိုင်ပါ့မလားဆိုတာကို ဆက်လက်ရှုစားရမှာပဲ ...
movie

Deep (2021)

2021
Midnight in the Switchgrass (2021)
Midnight in the Switchgrass (2021)  Midnight in the Switchgrass(2021) ======================= No Rating Yetတာရာမင်းဝေ ၀တ္တုတိုတစ်ခုထဲ ဖတ်ဖူးတဲ့ဟာပေါ့။ သေချာတော့မမှတ်မိတော့ဘူး။သဘောကတော့ဒီလို အကြီးကျယ်ဆုံး၀တ္တုတွေမှာ အရာသုံးမျိုးပါရတယ်တဲ့။ ခမ်းနားကြီးကျယ်မှု၊ လိင်စေ့ဆော်မှု၊ နောက် သဲထိတ်ရင်ဖိုတဲ့။ ဒီရုပ်ရှင်ဟာ ပထမအချက် က ယွန်းပြီး ကျန်တဲ့နှစ်ချက်ပါတယ်။ဘရုစ်ဝီလ်ကိုလည်း ပြထားပေမယ့် အဓိကဇာတ်ကောင်ကတော့ မီဂန်ဖောက်စ်ပဲ။ မိန်းကလေးလှလှလေးတွေကို ဖမ်းပြီး လှောင်ပိတ်ကစားပြီး လိင်စိတ်ဖြေတဲ့ ကွင်းဆက်လူသတ်သမား မုဒိန်းကောင်ကို လိုက်နေတဲ့ စုံထောက်မလေးရဲ့ ရှိုက်ဖိုကြီးငယ်အသွယ်သွယ်နဲ့ ဒုတိယအချက်ကို အမိအရသုံးထားတယ်။မှုခင်းရုပ်ရှင် စုံထောက်ရုပ်ရှင်ကြိုက်တဲ့သူတွေ ကြိုက်မယ့်ကားမျိုးပဲ။ တရားခံကိုတော့ ကားအစမှာကတည်းက ဖော်ပြထားလို့ သိပ်ပြီးမထူးပေမဲ့ သူပေးတဲ့ သဲထိတ်ရင်ဖိုက တရားခံကို မိ မမိ အပေါ်မှာတော့ မမူတည်ဘူး။ ဒါကမြင်နေကြဇာတ်ကွက်ဆိုတော့ သိပ်တော့ရင်ဖိုလှစရာမရှိဘူး။တရားခံဟာ လှလွန်းတဲ့ အသွင်ယူရဲမေ မီဂန်ဖောက်စ်ကို ဖမ်းပြီး ခူးဆွတ်ခြွေမွဖို့ ကြံတယ်။ ဒီမှာ ဓားစာခံတွေ သေမလားရှင်မလား ဘာဆက်ဖြစ်မလဲက တဖြည်းဖြည်းနဲ့ ရင်ဖိုစရာတော့ကောင်းတယ်။ အတိုင်းအတာတစ်ခုအထိ သဲထိတ်ရင်ဖို ရသ ပေးနိုင်တယ်ပေါ့။ ဒီနှစ်ချက်နဲ့တင် ဒီရုပ်ရှင်ဟာ စုံထောက်ရုပ်ရှင် မှုခင်းရုပ်ရှင် ကြိုက်တဲ့သူတွေ အတွက် စိတ်ကျေနပ်မှုတစ်ခုတော့ ပေးနိုင်မှာပဲ။အထူးသဖြင့် ကြည့်ပျော်တဲ့ကားတောင် အရမ်းရှားနေတဲ့ ဒီကာလထဲမှာပေါ့။တရား၀င်ထွက်ရက်က ဇူလိုင်၂၃ဆိုတော့ Rating မရှိသေးဘူး။ ဒါရိုက်တာRandall Emmett ကတော့ The Irishmanကားအပါအ၀င် ဘရုစ်ဝီလ်ကား ဆယ်ကားကျော်ကို ပရိုဂျူဆာ လုပ်ဖူးတဲ့သူ။ဒါရိုက်တာက ပရိုဂျူဆာလောက ကနေ ဒါရိုက်တာဘက် ပထမဆုံးကူးလာတဲ့ကား။ သို့ပေမဲ့ ...
movie

Midnight in the Switchgrass (2021)

Fear Street: Part Three – 1666 (2021) 7.1
Fear Street: Part Three – 1666 (2021) Fear Street: Part Three - 1666 (2021)==========================အရမ်းမိုက်တဲ့ Netflix horror ဇာတ်ကားရဲ့အပိုင်း(၃) ဖြစ်ပါတယ်ဇာတ်လမ်းကတော့... ၁၉၉၄ ခုနှစ် အမေရိကန်နိုင်ငံမှာ ဆန်နီဗေးလ်နဲ့ ရှိတ်ဒီဆိုဒ်လို့ အမည်ရတဲ့ဘေးချင်းကပ်မြို့နှစ်မြို့ရှိကြတယ်...ထူးခြားတာက ဆန်နီဗေးလ်ဟာ သာယာဝပြောပြီး စီးပွားဖြစ်သလောက် ရှိတ်ဒီဆိုဒ်ကတော့ စုတ်ပြတ်နုံချာနေပြီး လူသတ်မှုတွေလည်းခဏခဏဖြစ်လေ့ရှိတာပါပဲ...အပိုင်းတစ်မှာတော့ ရှိတ်ဒီဆိုဒ်မြို့ခံချစ်သူစုံတွဲ ဒီနာနဲ့ဆမ်မှာ  ဆမ်က ဆန်နီဗေးလ်ကိုပြောင်းသွားတဲ့ကိစ္စနဲ့သူတို့ လမ်းခွဲကြရာက မထင်မှတ်ထားတဲ့ဖြစ်ရပ်ကြောင့် သူတို့နောက်ကို လူသတ်သမားတွေလိုက်လာတာကိုရှူစားရမှာဖြစ်ပြီး . အပိုင်းနှစ်မှာတော့  ၁၉၇၈ ခုနှစ် နိုက်ဝင်းကမ့်စခန်းမှာဖြစ်ပွားခဲ့တဲ့ လူသတ်မှုတွေအကြောင်းပိုထဲထဲဝင်ဝင်ပြသထားတာဖြစ်ပြီး မြို့ရဲ့သမိုင်းကြောင်း ပိုရုပ်လုံးပေါ်လာတာကို ကြည့်ရှူခံစားရမှာဖြစ်ပြီး၊အခုဇာတ်သိမ်းပိုင်းမှာတော့ ၁၆၆၆ ခုနှစ်တုန်းက ဆာရာဖီအာရဲ့ဇာတ်ကြောင်းကိုကြည့်ရှူရမှာဖြစ်ပါတယ်။သူကတကယ်ပဲစုန်းမလား ဘာတွေဖြစ်ခဲ့တာလဲ ကျိန်စာကတကယ်လားဆိုတာကို ဒီနာတို့နဲ့အတူ လိုက်ပါဖော်ထုတ်လိုက်ကြပါဦးဗျာ . . .(စုစုပေါင်း Part 1(1994), Part 2 (1978), Part 3 (1666) - Trilogy ...
movie

Fear Street: Part Three – 1666 (2021)

2021
Fear Street Part One: 1994 (2021) 6.5
Fear Street Part One: 1994 (2021) Fear Street Part One: 1994 (2021)=========================IMDb Rating - 6.5/10အရမ်းမိုက်တဲ့ Netflix horror ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ R.L. Stine ရဲ့ Best-Selling Fear Street Book Series ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး။Part -1(1994), Part - 2(1978), Part -3(1666) ဆိုပြီး ၃ကားတွဲ တစ်ပတ်ခြားစီဆက်တိုက်ထွက်လာမယ့် Trilogy Event လည်းဖြစ်ပါတယ်။ဇာတ်လမ်းကတော့... ၁၉၉၄ ခုနှစ် အမေရိကန်နိုင်ငံမှာ ဆန်နီဗေးလ်နဲ့ ရှိတ်ဒီဆိုဒ်လို့ အမည်ရတဲ့  ဘေးချင်းကပ်မြို့နှစ်မြို့ရှိကြတယ်... ထူးခြားတာက ဆန်နီဗေးလ်ဟာ သာယာဝပြောပြီး စီးပွားဖြစ်သလောက် ရှိတ်ဒီဆိုဒ်ကတော့စုတ်ပြတ်နုံချာနေပြီး လူသတ်မှုတွေလည်းခဏခဏဖြစ်လေ့ရှိတာပါပဲ...ဒီနာနဲ့ ဆမ်က ရှိတ်ဒီဆိုဒ်မြို့ခံ ချစ်သူစုံတွဲလေးပေါ့၊ ဆမ်က ဆန်နီဗေးလ်ကိုပြောင်းသွားတဲ့ကိစ္စနဲ့ သူတို့ လမ်းခွဲစကြရာကမမျှော်လင့်ထားတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပြီး သူတို့နောက်ကို လူသတ်သမားတွေလိုက်လာတဲ့အခါမှာတော့...သူတို့မြို့လေး တကယ်ပဲကျိန်စာသင့်နေတာလားဆိုတာ ကြည့်ရှူခံစားရမှာဖြစ်ပါတယ်။တော်တော်လေးကို ဇာတ်ရှိန်မြင့်ပြီးကြည့်လို့ကောင်းပါတယ်။July 9 ...
movie

Fear Street Part One: 1994 (2021)

2021
Whispering Corridors 6: The Humming (2021) 6.2
Whispering Corridors 6: The Humming (2021) Whispering Corridors6 : The HummingMine ထဲမှာ လူကြိုက်များခဲ့တဲ့ Kim Seo Young နဲ့ Penthouse ထဲက ဘယ်ရိုနာလို့ အများက သိထားကြတဲ့ အားလုံးရဲ့အချစ်တော် မင်းသမီးလေး Kim Hyun Soo တို့ ခေါင်းဆောင်ပါဝင်ထားတဲ့ Whispering Corridors 6 : The Humming ထွက်ရှိလာပြီပဲ ဖြစ်ပါတယ်။Whispering Corridors ဇာတ်လမ်းတွေကတော့ အစဉ်အဆက် နာမည်ကြီးခဲ့ပြီးသားဆိုတော့ အများကြီး ညွှန်းစရာ မလိုလောက်ပါဘူး။ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။Eun Hee က သူ့ရဲ့ မွေးရပ်မြေက မိန်းကလေးအထက်တန်းကျောင်းကို ဒုကျောင်းအုပ် အနေနဲ့ ပြောင်းရွေ့လာခဲ့ပါတယ်. ဒီကျောင်းက သူငယ်စဥ်ကတက်ခဲ့တဲ့ ကျောင်းလည်းဖြစ်ပြီးတော့ ကျောင်းသူတွေကြားထဲမှာလည်း ကျောင်းရဲ့ တတိယထပ်က ဂိုထောင်က သရဲခြောက်ပါတယ်ဆိုပြီး နာမည်ကြီးပါတယ်.....HaYoung နဲ့ SoYeon က အဲဂိုထောင်ထဲကနေအသံတွေကြားနေခဲ့ရတာပါ။ HaYoung က Eun Hee ...
movie

Whispering Corridors 6: The Humming (2021)

Manorama Six Feet Under (2007) 7.6
Manorama Six Feet Under (2007) IMDb Rating (7.6/10) / Rotten Tomatoes (75%)ဒီဇာတ်ကားက ဇာတ်ကားနဲ့မတူပါဘူး....ရုပ်ရှင်ဆိုတဲ့ ရသကို မရစေဘဲ တကယ့်ဖြစ်ပျက်နေသလို ကြည့်နေရင်း ခံစားနေရတာပါ...ဘာအလှအပ ဘာအကမှလဲ မပါပါဘူး...ရိုက်ချက်တွေကလဲစားပါတယ်...ကိုယ်က ဇာတ်ဆောင်တွေနောက်ကို လိုက်ချောင်းနေရသလိုမျိုး နစ်ဝင်စေပါတယ်...ဇာတ်လမ်းကလဲအရှုပ်..ကြည့်နေရင်း ဖြေရှင်းနေရင်း ပိုပိုရှုပ်လာပါတယ်...နောက်ဆုံး ဒါရိုက်တာက ပုံတွေ နောက်ခံစကားပြောတွေနဲ့ ရှင်းပြလိုက်မှပဲဪ..ဒီလိုပါလားဆိုပြီး သက်ပြင်းချနိုင်ပါတယ်...ဇာတ်ကောင် တစ်ယောက်စီတိုင်းရဲ့ ကာရိုက်တာတွေက တကယ့်အပြင်ကလိုပါပဲ...အပိုတွေမပါဘူး...အရှိအတိုင်း တုံးတိတိကြီးပါပဲ...ဇာတ်လမ်းကတော့ မအောင်မြင်တဲ့စာရေးဆရာတစ်ယောက် နိုင်ငံနဲ့ချီတဲ့အမှုတစ်ခုထဲ မထင်မှတ်ဘဲရောက်သွားတာကို ရိုက်ထားတာပါပဲ..ရုပ်ရှင်နဲ့မတူတဲ့ရုပ်ရှင်ဆိုတော့ ရုပ်ရှင်ကြိုက်တဲ့လူတွေနဲ့ ကီးမကိုက်လောက်ပါဘူး။အေးအေးဆေးဆေး တစ်ယောက်ထဲ လွင့်မျောမယ်..ဇာတ်ဆောင်တွေနောက် လိုက်ပါခံစားမယ်ဆိုရင်တော့ဒီကားက သင့်ကိုသေချာပေါက်ခေါ်ဆောင်သွားမှာပါ။စုံထောက်ကားတွေထဲတော့ ဒီဇာတ်ကားက အရှိအတိုင်းခံစားရတဲ့ ရှားရှားပါးပါး ဘောလိဝုဒ်ဇာတ်ကားပါပဲ။Shemaroo Entertainment ကထုတ်လုပ်ဖြန့်ချိထားတာပါ။  File size…(2.4 GB) and (1.5 GB) Quality…BluRay 1080p and 720p 5.1CH Format…mp4 Duration….02:18:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by May Zin ...
movie

Manorama Six Feet Under (2007)

Song Song(2021) 5
Song Song(2021) Glitch 2020 Netflix မြန်မာစာတန်းထိုးဗီယက်နမ် Thriller ရုပ်ရှင်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဖြစ်ဖူးကျမလား မသိဘူး။ကိုယ်နဲ့တူတဲ့ ကိုယ်မဟုတ်တဲ့ တခြားတစ်ယောက်ကို လက်ရှိအခြေနေနဲ့မတူတဲ့​အနေအထားတစ်ခုနဲ့ သူ့ကိုအိပ်မက်မက်တာမျိုး။ဒါမျိုး ဖြစ်ဖူးရင်တော့ လိပ်ပြာအကျိုးသက်ရောက်မှု( Butterfly Effect)ကို ပိုပြီးစိတ်ဝင်စားမိမှာပါ။နေရာတစ်နေရာက လိပ်ပြာတစ်ကောင်တောင်ပံခတ်လိုက်တာဟာ အခြားနေရာတစ်ခုမှာတော့ အပြောင်းအလဲကြီးစွာဖြစ်ပြီး ဟာရီကိန်းမုန်တိုင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ဖြစ်လာမယ့်ကံတစ်ခုကို ( ဒီဘက်ကမ္ဘာမှာဖြစ်စေ၊အခြားအပြိုင်ကမ္ဘာမှာ ဖြစ်စေ)ဘယ်လောက်သေးငယ်တဲ့ ကိစ္စလေးမဆို ရှောင်လွှဲဖို့ ကြိုးစားတယ်ဆိုပါစို့။အကျိုးဆက်ကတော့ ပြောမပြနိုင်လောက်အောင် ကြီးမားတဲ့အပြောင်းအလဲဖြစ်ရပ်တွေဖြစ်လာနိုင်ပါတယ်ဇာတ်လမ်းအကျဥ်း- မိသားစုနဲ့အတူ အိမ်အသစ်ကိုပြောင်းလာတဲ့ တန်ဆိုတဲ့ဆရာဝန်မလေးတစ်ယောက် ရှိပါတယ်။သူတို့အိမ်မှာ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က နေခဲ့တဲ့ လဲဖောင်ဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းကို အိမ်နီးချင်းဆီကနေကြားခဲ့ရပါတယ်။စိတ်မကောင်းဖြစ်နေတဲ့တန်ဟာ တီဗီကနေ လဲဖောင်နဲ့ ဆက်သွယ်မိတဲ့အချိန်မှာ ဒီကံကို ရှောင်လွှဲဖို့ကြိုးစားပါတော့တယ်။လောကကြီးဟာ သေးငယ်တဲ့အကြောင်းအရာတစ်ခုကိုတောင်လွယ်လွယ်ပြောင်းလဲမခံပါဘူး။ဒီ ပြောင်းလဲမှုလေးတစ်ခုရဲ့ အကျိုးဆက်က ဘာတွေဖြစ်လာမလဲ?ဒီရုပ်ရှင်က လူကိုငြိမ့်နေအောင် ဆွဲခေါ်သွားနိုင်လို့ ရိုက်ထားတဲ့ ဒါရိုက်တာကို မချီးကျူးပဲ မနေနိုင်ပါဘူး။Netflix ကတော့ဒီကားကို ဝယ်ပြီးပြန်ပြတာထင်ပါတယ်။ ...
movie

Song Song(2021)

2021
No Sudden Move (2021) 6.7
No Sudden Move (2021) 1950 ကျော်လောက်က အမေရိကန်မှာ Big Fourဆိုပြီးကားကုမ္ပဏီကြီးလေးခုရှိခဲ့တယ်။GM, Ford, Chrysler and American Motor ပေါ့။သူတို့ ကုမ္ပဏီကြီး ၄ ခုပေါင်းပြီး လျို့ဝှက်ချက်တစ်ခုလုပ်နေတာကိုလူအချို့က အနံ့ရသွားတယ်။ အဲဒီအနံ့ကနေ ငွေသန်းချီပြီး ရဖို့ကြံစည်ရင်းနဲ့လူဆိုးဂိုဏ်းကြီးတွေ ပါလာတယ်။ လူဆိုးဂိုဏ်းကြီးတွေ့ ခိုင်းလိုက်တဲ့လူမိုက်ပေါက်စလေးတွေကလည်း အကွက်ရွှေ့ရင်းနဲ့ သူဌေးတွေ ဂိုဏ်းတွေလူမိုက်တွေ ရှုပ်ကုန်တဲ့အကြောင်းကို ပြထားတာပါ။မင်းသားကတော့ နည်းနည်းဝနေလို့ မမှတ်မိမယ်ထင်ရတယ်။ငယ်ငယ်ကကြည့်ခဲ့တဲ့ Mummy မင်းသားကြီးပါ။နောက်တစ်ယောက်ကတော့ Iron Man ရဲ့ ဘော်ဒါကြီးပေါ့။သူကတော့ မြင်တာနဲ့မှတ်မိလွယ်ပါတယ်။Crime Drama ကောင်းကောင်းလေးမို့ ခံစားကြည့်လိုက်ပါဦး။ Translated by  Mr.AndersonEncoded by : YKFile Size : 1.45Gb and 2.05GBQuality  ...
movie

No Sudden Move (2021)

2021
Detective Chinatown 2(2018) 6.2
Detective Chinatown 2(2018) Detective Chinatown 2(2018)အညွှန်း *********************************ချင်းဖောင်ဆိုတဲ့ ကျောင်းသားလေးက Crimemaster လို့ခေါ်တဲ့ App တစ်ခုမှာ အဆင့်နှစ်ချိတ်ထားသူဖြစ်ပါတယ်...Crimemasterဆိုတာက စုံထောက်ဂိမ်းတစ်ခုပါပဲ၊ ဒါပေမယ့်ထူးခြားတာက တကယ်ဖြစ်နေတဲ့အမှုတွေကိုစုံစမ်းဖော်ထုတ်ရတာပဲဖြစ်ပါတယ်။ ချင်းဖောင်က အဲ့ဂိမ်းမှာ အဆင့်နှစ်ဆိုတော့ နယ်နယ်ရရတော့မဟုတ်ဘူးပေါ့...အဆင့်တစ်ကတာ့ "Q" ဆိုတဲ့လူဖြစ်ပြီး ဘယ်သူဘယ်ဝါဆိုတာတော့ ဘယ်သူမှမသိကြပါဘူး။ဦးလေးဖြစ်သူရဲ့ မင်္ဂလာပွဲကိုတက်ဖို့ အမေရိက ကို ချင်းဖောင်တစ်ယောက်ရောက်ရှိလာပါတယ်။တကယ်တော့ဦးလေးဖြစ်သူက ချင်းဖောင်ကို ညာခေါ်လိုက်တာပါ။ တရုတ်တန်းက ဆရာကြီးတစ်ယောက်ရဲ့မြေးဖြစ်သူအသတ်ခံရမှုကိုဖော်ထုတ်ပေးနိုင်ရင် ဒေါ်လာငါးသန်း ပေးမယ်ဆိုတဲ့အတွက်ကြောင့်ချင်းဖောင်ကို လိမ်ပြီးခေါ်လိုက်တာဖြစ်ပါတယ်။ အဲ့အမှုကိုဖော်ထုတ်ဖို့ရောက်လာတဲ့တခြားလူတွေကလဲCrimemaster app ထဲက ချင်းဖောင်ရဲ့ ပြိုင်ဖက်တွေပဲဖြစ်ပါတယ်။ အဲ့တော့ ချင်းဖောင်တို့တူဝရီးနှစ်ယောက်အမှုကို ဖော်ထုတ်ပုံတွေ၊ အမှုက ထင်ထားသလိုမရိုးရှင်းပဲ ကွင်းဆက်လူသတ်သမားဖြစ်နေတာကြောင့်လှည့်ကွက်များစွာရှိနေပုံတွေကို ဟာသဆန်ဆန်နဲ့ရိုက်ကူးထားပါတယ်။ ဟာသဆန်ဆန်ဆိုပေမယ့်အမှုအကြောင်း သဲလွန်စရှာပုံတွေ၊ ကောက်ချက်ချပုံတွေကလဲ စိတ်ဝင်စားစရာကောင်းပါတယ်။အဲ့ဒါကြောင့် စုံထောက်ကားကြိုက်သူတွေ ဟာသကောင်းကြိုက်သူတွေ လက်မလွှတ်သင့်တဲ့တရုတ်ကားကောင်းတစ်ကားဖြစ်ကြောင်း လက်တို့လိုက်ရပါတယ်။  ဂိမ်မာတွေဆိုတာ ဘာညာအထှာတော့ရှိတယ်ဗျ....တစ်ချို့သော ပုတ်ခတ်သူတွေအတွက် တစ်ချို့သော ဂိမ်မာသမားများက ဂိမ်ကစားရင်း လက်တွေ့ဘဝမှာ ဒီလိုဟိုလို ဉာဏ်သုံးဖြေရှင်းပြီး ...
movie

Detective Chinatown 2(2018)

2018
HEVC 1080p 5.1
Cold Case (2021) 6.3
Cold Case (2021) Cold Case (2021) ================================ကဲ ပိတ်ရက်မှာ ဘောလီဝုဒ်ကားလေးနဲ့ အပန်းဖြေချင်တဲ့ CM ပရိသတ်များအတွက်ဇာတ်ကားကောင်းလေး တစ်ကား လာပါပြီနော်IMDb 6.3 ရရှိထားပြီးတော့ 30 ရက်နေ့ကမှ ပူပူနွေးနွေး အသစ်စက်စက်လေးထွက်ရှိထားတဲ့Cold Case ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ်မယ်ဒီယာက သရဲအကြောင်းနဲ့ပတ်သတ်ပြီး ရုပ်သံအစီအစဉ်တွေ ထုတ်လွှင့်ရသူတစ်ယောက် ဖြစ်ပေမယ့်သူဟာ သရဲနဲ့ပတ်သတ်တာတို့ ဘာသာရေးနဲ့ပတ်သတ်တာတွေကို လုံးဝ အယုံအကြည်မရှိတဲ့သူတစ်ယောက်ပါအမေချစ်သားဖြစ်သူ ခင်ပွန်းနဲ့ ကွာရှင်းဖို့လုပ်ရင်း သမီးဖြစ်သူချင်နူးနဲ့အတူ အိမ်အသစ်ကိုပြောင်းရွှေ့လာတဲ့အခါမှာ.....အဲ့ဒီအိမ်အသစ်မှာ သူတို့ ဘယ်လိုအဖြစ်အပျက်တွေ ကြုံတွေ့ရမလဲ......ရေကန်ထဲမှာ ဦးခေါင်းခွံတစ်ခုကို ရှာတွေ့ရာကနေ လူသတ်မှုကို စုံစမ်းဖို့ ဖြစ်လာတဲ့ ရဲမှူး ဆတ်သ်သီရာဂျီသ်သူစုံစမ်းနေတဲ့ လူသတ်မှုကရော မယ်ဒီယာရဲ့အိမ်က အဖြစ်အပျက်နဲ့ ဘယ်လိုတွေ ဆက်စပ်နေမလဲ......သူတို့ နှစ်ဦးပေါင်းပြီး လူသတ်တရားခံကိုရော ဖမ်းမိနိုင်ပါ့မလား.....ဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်ရမဲ့ ဇာတ်ကားကောင်းလေးပဲ ​ဖြစ်ပါတယ်မှုခင်းကားကိုမှ horror လေး ထပ်ပေါင်းထည့်ထားတဲ့ ...
movie

Cold Case (2021)

2021
Haseen Dillruba (2021) 5.2
Haseen Dillruba (2021) Haseen Dillruba(2021)အိမ်ထောင်ရေးဆိုတာ သိပ်ကိုပါးလွှာတဲ့အပ်ချည်မျှင်လေးတစ်ချောင်းလိုပဲ အပ်ပေါက်လေးထဲဝင်ဖို့ အရမ်းဂရုစိုက်ရတာ မဟုတ်ရင် အပ်ချည်မျှင်လေးက ကွဲသွားရောတဲ့ချစ်တဲ့မျက်စိနဲ့ကြည့်ရင် အရာရာလှတယ်လို့ပြောကြတယ်မဟုတ်လား အချစ်ဆိုတာ အပြစ်အနာအဆာတွေအားလုံးကို ပြည်ဖုံးကားချပေးနိုင်တဲ့ ခလုတ်တစ်ခုပါပဲ အဲ့လိုအချစ်တွေနဲ့ အခြေခံထားတဲ့အိမ်ထောင်ရေးဆိုတာကလည်း နွေးထွေးပြည့်စုံနေမယ်ဆိုတာ ပြောစရာတောင်မလိုပါဘူးဒါဆို အချစ်ကိုအခြေမခံထားတဲ့အိမ်ထောင်ရေးမျိုးဆိုရင်ရော????အမျိုးသမီးတွေရဲ့စိတ်ခံစားချက်က ခန့်မှန်းရခက်တယ်ဗျ ဒီဇာတ်ကားထဲက ရာနီကိုကြည့်ရင် ခင်ဗျားတို့သဘောပေါက်မှာပါ လွဲချော်မှုသေးသေးလေးကနေစခဲ့တဲ့ အရာတွေက ပြဿနာကြီးတစ်ခုဖြစ်လာခဲ့မယ်လို့ ရာနီလည်းမထင်ခဲ့သလို ခင်ပွန်းဖြစ်သူရက်ရှူးလည်း တွေးမိခဲ့မှာမဟုတ်ဘူး ဖြေရှင်းဖို့ကြိုးစားခဲ့တဲ့အချိန်မှာ အရာရာကနောက်ကျသွားခဲ့ပြီကိုး........ခံစားချက်တွေရှုပ်ထွေးနေတဲ့ အမျိုးသမီးတစ်ယောက်ဆီပေါ်လာတဲ့ ပြဿနာအလျှိုလျှိုက ဖြေရှင်းဖို့သိပ်ကိုခက်ခဲလွန်းတယ် အစကတည်းကလွဲမှားနေခဲ့တဲ့ ဆက်ဆံရေးတစ်ခုက ကောင်းသောအဆုံးသတ်နဲ့ ရှိနိုင်ပါ့မလား??အိန္ဒိယမှုခင်းဇာတ်ကားကောင်းစောင့်မျှော်နေတဲ့သူတွေအဖို့တော့ အကြိုက်တွေ့စေမယ့် အသစ်စက်စက်ရုပ်ရှင်ကားကောင်းတစ်ကောင်းလို့ ပြောချင်ပါတယ်ဗျအညွှန်းကတော့ Amelia ဖြစ်ပြီးတော့ဘာသာပြန်ထားတာကတော့ Amelia နဲ့ Thet Hnin Hsu တို့ပဲ ဖြစ်ကြပါတယ်။File size…2.3 GB and 1.5 GB Quality….WEB-DL 1080p and 720p Format…mp4 Duration….2h 15min Subtitle….Myanmar Subtitle (Hardsub) Translator ..... Amelia and Thet Hnin Hsu Encoder ..... August
movie

Haseen Dillruba (2021)

2021
Home Sweet Home ( 2021 ) 5.5
Home Sweet Home ( 2021 ) Home Sweet Home ဆိုပြီး တစ်ကွက်မှ Sweet မပါတဲ့ စိတ်ဝင်စားဖွယ်ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးကဘယ်လို စိတ်ဝင်စားဖို့ကောင်းပြီး ဦးနှောက်စားစေတာလဲဆိုရင်တော့...ဇာတ်လမ်းအစမှာ ကျောင်းကားမှောက်အောင်လုပ်တဲ့ ကျောင်းကားယာဉ်မောင်းယွီခွန်ချောင်ကို ဝမ်လူကြီးမင်းတို့မိသားစုရဲ့ မြေအောက်ခန်းထဲ ပိတ်ထားတဲ့ကိစ္စနဲ့အစပျိုးထားတယ်။ ယာဉ်မောင်းကြောင့်လို့ သေချာနေပေမယ့် တရားဥပဒေရဲ့အဆုံးအဖြတ်ကတော့ မဟုတ်ဘူးဖြစ်နေလို့ ယာဉ်မောင်းကို တရားဥပဒေအရအပြစ်ပေးမရတော့ သေသွားတဲ့ ကျောင်းသားမိဘတွေက ကိုယ်ပိုင်နည်းနဲ့ရှင်းဖို့ကြိုးစားပြီး လိုက်ရှာနေခဲ့တာပေါ့။ ဒီအကြောင်းကိုသိလို့ ယွီခွန်ချောင်ကလည်းဝမ်လူကြီးမင်းရဲ့ မြေအောက်ခန်းမှာ အသာတကြည်နဲ့ အဖမ်းခံနေတာ ၃ နှစ်ကြာခဲ့ပြီပေါ့။ဝမ်လူကြီးမင်းတို့ မိသားစုအကြောင်းပြောရမယ်ဆိုရင် ဝမ်လူကြီးမင်းနဲ့ ဝမ်ကတော်ရယ်။ဝမ်ခြူးထုံဆိုတဲ့ သမီးရယ် ဝမ်ခြူးချီဆိုတဲ့ သားလေးတစ်ယောက်ရှိတယ်။ဝမ်ခြူးချီဆိုတာ ကျောင်းကားမတော်တဆမှာပါဝင်ထားပြီး အဲ့မတော်တဆကြောင့်ခြေထောက်က ဒုက္ခိတဖြစ်သွားခဲ့ပြီး ခြေတုနဲ့နေနေရသူဖြစ်တယ်။ ဒါပေမယ့်မတော်တဆမှာ သူလည်းမကင်းရှင်းပါဘူး။ ဘာလို့လဲဆိုတော့ သူကငွေ ၁၀၀ ပေးပြီး ယွီခွန်ချောင်ကို သူ့ဖိနပ်ကြိုးချည်ဖို့ပြောလို့ ယွီခွန်ချောင်ကကားကိုဘေးထိုးရပ်ပြီး ချည်ပေးတဲ့အခါမှာ ကားက တောင်အောက်ပြုတ်ကျသွားခဲ့ကြတာကြောင့်ပါ။ဒီလိုပြောလို့ ဝမ်ခြူးထုံကလည်း သာမန်မဟုတ်ဘူး။ ယာဉ်မောင်းကို မမုန်းတဲ့အပြင်အမြဲ ယာဉ်မောင်းကိုချုပ်ထားတဲ့ ...
movie

Home Sweet Home ( 2021 )

False Positive (2021) 4.8
False Positive (2021) False Positive (2021)================IMDb Rating - 4.8/10​ပြီးပြည့်စုံတဲ့သူဆိုတာ လောကမှာမရှိဘူးတဲ့ လူဆိုတာ တစ်ခုမဟုတ်တစ်ခုတော့ လိုအပ်ချက်ရှိနေမှာပါပဲ။ကျွန်တော်တို့က perfect လို့ထင်ထားကြတဲ့သူတွေမှာလည်း ကျွန်တော်တို့မမြင်နိုင်တဲ့ လိုအပ်ချက်လေးတွေရှိနေတတ်တာပဲမလား၊အေဒရီယန်နဲ့လူစီတို့ ဇနီးမောင်နှံလည်းဒီလိုပါပဲ အပေါ်ယံကြည့်ရင်တော့ ပြည့်စုံတဲ့သူတွေလို့ထင်ရပေမယ့်သူတို့နှစ်ယောက် ရင်ဆိုင်နေရတဲ့ပြဿနာတစ်ခုရှိနေတယ် ဒီပြဿနာကို ဖြေရှင်းဖို့အတွက် လူတစ်ယောက်နဲ့တွေ့ဆုံမိတဲ့အခါ . . . ကံဆိုးခြင်း ကံကောင်းခြင်းစတာတွေက ဇနီးမောင်နှံနှစ်ယောက်ဆီမှာ ဘာတွေဖြစ်လာမလဲ၊Thriller/Horror ဇာတ်လမ်းစောင့်နေသူတွေအတွက် အကြိုက်တွေ့စေနိုင်တဲ့အပြင် မင်းသားကြီး Pierce Brosnanပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားအသစ်လေးမို့ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Amelia မှရေးသားပေးပြီး . ဘာသာပြန်ရေးသားပေးသူများတော့ Amelia, Jerrica, Shwe Pyae, Jo Jo Va တို့ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRipDuration - 1h 32minSubtitle – Myanmar HardsubFormat – Mp4Genre : Horror, ...
movie

False Positive (2021)

2021
The Green Force (2021) Mission 14th March 7.9
The Green Force (2021) Mission 14th March  IMDb Rating (7.9) ဆိုပေမယ့် Rating ပေးသူ ဆယ်ဂဏန်းပဲရှိသေးတာကို သတိပြုရမှာပါ။ဇာတ်လမ်းကတော့...Green Force ဆိုတာ အိန္ဒိယနိုင်ငံကို အကြမ်းဖက်သမားရန်တွေကနေ ကာကွယ်ဖို့ အထူးဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပြီး  ပြည်သူ့မျိုးချစ်လက်ရွေးစင်တွေစုပြီး သီးခြားရပ်တည်နေတဲ့ အဖွဲ့ဖြစ်တယ်...အစိုးရနဲ့သက်ဆိုင်ခြင်းမရှိပါဘူးအိန္ဒိယ-ပါကစ္စတန် ပြသနာတွေကြားထဲမှာ လူဆိုးတစ်ယောက်ရဲ့ လက်က 14th March ဆိုတဲ့ တက်တူးအရ အကြမ်းဖက်တိုက်ခိုက်မယ့်အစီအစဉ်ကို သိရှိသွားတဲ့အခါမှာတော့ Green Force အဖွဲ့ရဲ့ မစ်ရှင်အသစ်စတင်ပါတော့တယ်....ဒါပေမယ့် Mission 14th March ရဲ့နောက်ကွယ်မှာ နိုင်ငံရေးပါတီတွေနဲ့ ပါကစ္စတန်နိုင်ငံက အကြမ်းဖက်အဖွဲ့အစည်းတွေအပြင် အတွင်းစည်းက သစ္စာဖောက်တွေပါ ပါဝင်ပတ်သတ်နေတာကြောင့် နိုင်ငံရေး ပဋိပက္ခတွေကြား သူတို့မစ်ရှင်ကို ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာ...။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကတော့ Sein Lae ဖြစ်ပါတယ်။)  File size…(2 GB) and (1.2 GB) Quality…WEB-DL 1080p and 720p 5.1 CH Format…mp4 Duration….01:46:00 Subtitle….Myanmar Subtitle (Hardsub) Encoder….RGBTranslated by Sein Lae 
movie

The Green Force (2021) Mission 14th March

Dragon Inn Part 2 : The Night of Salvation (2021) 7.7
Dragon Inn Part 2 : The Night of Salvation (2021) Dragon Inn Part 2 : Night of the Gods (2021)၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ Dragon Inn ရဲ့ အဆက် ထွက်ရှိလာပြီပဲ ဖြစ်ပါတယ်။ဒီဇာတ်လမ်းမှာတော့ မိန်းကလေးတွေ ဆက်တိုက် ပျောက်ဆုံးနေမှုကို လိုက်ရမှာပါ။ဒီမိန်းကလေးတွေက မပျောက်ဆုံးမီမှာ စာကျက်ဝိုင်းတစ်ဝိုင်းမှာ စာသွားကျက်ခဲ့ကြပါတယ်။အဲဒီစာကျက်ဝိုင်းကနေတစ်ဆင့် ထောင်ကလွတ်လာတဲ့ ဘာသာရေးဆရာ တစ်ယောက်ဆီကို ရောက်ရှိသွားတယ်လို့ ခန့်မှန်းမီတဲ့အချိန်မှာတော့ .....ပုတ်သင်ဥ တူးတာ ညောင်မြစ်ပေါ် ဆိုသလိုပါပဲ။စုံစမ်းလေ ပေါ်ထွက်လေ ဖြစ်လာတဲ့ အမှုတွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။Mydrama List မှာ 7.7 ရရှိထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်။အညွှန်းနဲ့ ဘာသာပြန်ကတော့ Aerigom ပဲ ဖြစ်ပါတယ်။File size…1.8 GB and 1.1 GB Quality….HDRip 1080p and 720p Format…mp4 Duration….1h 31min Subtitle….Myanmar Subtitle (Hardsub) Translator ...
movie

Dragon Inn Part 2 : The Night of Salvation (2021)

2021