Channel Myanmar

Romance

OMG! Oh My Girl(2022) 7.0
OMG! Oh My Girl(2022) OMG! Oh My Girl(2022)**********************ကောင်လေးနဲ့ ကောင်မလေးဟာ ငယ်သူချင်းဖြစ်ကြတဲ့အလျှောက်တစ်ယောက်နဲ့တစ်ယောက်သံယော်ဇဉ်ရှိကြတယ်..ကောင်မလေးဘက်ကရိုးသားတယ်ဆိုပေမယ့် ကောင်လေးကတော့မရိုးသားဘူး..သူငယ်ချင်းစည်းကိုလည်းကျော်ချင်ကောင်မလေးဘက်ကစိတ်ဆိုးမှာလည်းကြောက်တော့သူ့အဖြစ်ဟာ အဆင်မပြေလှ..တစ်နေတော့ ကောင်လေးရဲ့သူငယ်ချင်းတစ်ယောက်ကလာအကူအညီတောင်းတယ်..မင်းဘော်ဒါ စကီလေးကိုငါသဘောကျတယ်ကွာ ..သူ့အကြိုက်လေးငါ့ပြော မင်းပေးတဲ့အကြံဉာဏ်တိုင်းလုပ်မယ်လို့အပူကပ်လာရော..ငြင်းမကောင်းတော့ ကောင်မလေးမကြိုက်လောက်တဲ့ တလွဲအကြံဉာဏ်တွေနဲ့ဆေးထိုးပါလေရော...သူ့ဘော်ဒါ ကံကောင်းတာလား သူကံဆိုးတာလားမသိ..သူ့ရဲ့ ဂျင်းဆေးကွက်မှာ ကောင်မလေးကပြန်ကြိုက်သွားလေရဲ့..အဲ့ဒီနောက်မှာတော့....ထိုင်းအချစ်ဇာတ်ကားကောင်းလေးဖြစ်ပြီး Cast တွေကလည်း ဆယ်ကျော်သက်ချစ်စဖွယ်လေးတွေဖြစ်လို့ ကြည့်ရှုခံစားသင့်ပါကြောင်း... File Size :(3.06GB) (867 MB) and (616 MB) Quality :WEB-DL 1080P5.1Ch, 720p Format…mp4 Duration…02:04:00 Genre : Comedy ,Romance, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thynn, Shoon & Khine Khine Wai Encoded by Phyo Pyae  
movie

OMG! Oh My Girl(2022)

The Nutty Professor (1996)
The Nutty Professor (1996) 1996 ကထွက်ရှိခဲ့တဲ့ နာမည်ကျော်ဟာသမင်းသားကြီး Eddie Murphy ရဲ့ Comedy ဇာတ်ကားလေးပါ။ ထူးချွန်ထက်မြတ်ပေမယ့် မျိုးရိုးအလိုက် အ၀လွန်နေတာကြောင့် စိတ်ဓာတ်ကျနေတဲ့သိပ္ပံပညာရှင် ရှားမန်းဟာ သူ့ဉာဏ်ရည်ဉာဏ်စွမ်းကိုအသုံးချပြီး ၀စေတဲ့ဗီဇကိုပြောင်းစေတဲ့ ဆေးရည်ကိုထုတ်ဖော်နိုင်ခဲ့ပါတယ်။ ဒီဆေးရည်ကိုအသုံးချပြီး ရှားမန်းလည်း အရင်ကမရခဲ့တဲ့လေးစားမှု ချစ်ခြင်းမေတ္တာတို့ကို ပိုင်ဆိုင်နိုင်ဖို့ကြိုးစားရာကနေ ဆေးရည်ရဲ့ဘေးထွက်ဆိုးကျိုးတွေကြောင့် တလွဲတွေဖြစ်ကုန်ရပါတယ်။ ၁၉၉၀ ကျော်ကထွက်ရှိတဲ့ Eddie Murphy ကားထုံးစံအတိုင်း၀က်၀က်ကွဲရယ်ရတဲ့ကားလေးဖြစ်ပြီး Jada Pinkett, James Coburn နဲ့ Dave Chappelle တို့လည်းပါ၀င်ထားပါတယ်။File size…(902.69MB)  / (764MB)  Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:35:00 Genre...Comedy / Romance /Sci-Fic Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by  SP
movie

The Nutty Professor (1996)

Raincoat (2004) 7.7
Raincoat (2004) Raincoat (2004) *************** ဒိဇာတ်ကားလေးကတော့ ကမ္ဘာ့အလှဆုံးမင်းသမီးတစ်ယောက်လို့ တင်စားခံရတဲ့ အက်ရှ်ဝါးရိယားရွိုင်နဲ့ မင်းသားကြီး အာဂျေးဒေ့ဗ်ဂန်းဒ်တို့ ပါဝင် သရုပ်ဆောင်ထားကြတဲ့ Romance/Dramaအမျိုးအစား ဘောလိဝုဒ်ဇာတ်ကားတစ်ကားဖြစ်ပြီး IMDb ratingကလည်း 7.7အထိ ရရှိထားပါတယ်။ဇာတ်လမ်း အကျဉ်း မာနိုးဂ်ျနဲ့ နီရူးတို့ဟာ တစ်ချိန်က တစ်ယောက်နဲ့ ‌တစ်ယောက်ချစ်ခင်စုံမက်ခဲ့ကြတဲ့ သမီးရည်းစားတွေ ဖြစ်ကြပါတယ်။ တစ်နေ့မှာတော့ နီရူးဟာ ပစ္စည်းဥစ္စာ ပေါကြွယ်ဝတဲ့သူတစ်ယောက်နဲ့ လက်ထပ်တော့မှာဖြစ်ကြောင်းနဲ့ သူ့ကို မေ့လိုက်ဖို့အတွက် မာနိုးဂ်ျကို ဖွင့်ပြောလာပါတော့တယ်။အချိန်အတော်အတန် ကြာပြီးတဲ့နောက်မာနိုးဂ်ျနဲ့ နီရူးတို့ ပြန်လည်ဆုံတွေ့ကြရာဝယ်.... လွမ်းစွတ်တမ်းတမှုတွေ နောင်တတွေနဲ့ ပြန်ဆုံကြရတဲ့သူတို့နှစ်ယောက်ရဲ့ ဘဝကဘယ်လိုတွေဖြစ်နေပြီလဲ ပြန်ရောပြောင်းလဲနိုင်ဦးမှာလား... အရမ်းနောက်ကျသွားပြီလား... ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့ ...သရုပ်ပေါ်လွန်းလှတဲ့သူတို့ရဲ့ သရုပ်ဆာင်မှုတွေနဲ့ ရိုးရှင်းပြီး ထိရောက်တဲ့ဇာတ်လမ်းဇာတ်အိမ်တွေကြောင့် ကြည့်ဖူးသမျှ လူတွေမမေ့နိုင်တဲ့ဇာတ်ကားလေးတစ်ကား ဖြစ်တာမလို့ ဘောလိဝုဒ်ပရိတ်သတ်များ လုံးဝ လက်မလွှတ်သင့်ပါကြောင်း... ဘာသာပြန်သူတွေကတော့ Thaik San,Intelligenceနဲ့ Soe Kalayarတို့ပဲ ဖြစ်ပါတယ်။ File size…2.9GB / 830MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thaik San ~ ...
movie

Raincoat (2004)

2004
Playing for Keeps (2012) 6.0
Playing for Keeps (2012) Playing for Keeps (2012)***********************ဇာတ်လမ်းအကျဥ်းကတော့ ‌ဂျော့ဒရိုင်ယာဆိုတာ ဘောလုံးလောကမှအနားယူပြီး စီးပွားရေးအဆင်မပြေ၊အိမ်ထောင်လည်းကွဲ၊သားဖြစ်သူအတွက်ပါ အချိန်ပြည့်ရှိနေမပေးနိုင်တဲ့ နာမည်ကြီးဘောလုံးကစားသမားပေါ့။အလုပ်ရှာနေရင်းနဲ့ပဲ သားဖြစ်သူနဲ့တွေ့ဖို့ နယ်မြို့လေးရောက်လာရင်းကအခြေအနေအရ သားဖြစ်သူရဲ့ဘောလုံးနည်းပြ ဖြစ်သွားပါတယ်။ဘောလုံးသမားပီပီ ရောက်လေရာမှာနာမည်ကြီး လူကြိုက်များပြီးခုလည်း ကလေးအမေသုံးယောက်ကိုလိမ်ရင်းခေါက်ရင်းဖခင်တစ်ယောက်တာဝန်ကျေအောင်ဘယ်လိုစွမ်းဆောင်သွားမလဲ ဆိုတာကို မိသားစုရသလေး ခံစားရင်းပေါ့ပေါ့ပါးပါးကြည့်လို့‌ရမယ့် ဇာတ်ကားကောင်းလေးပါပဲ။ File Size :(2GB),(901.5 MB) Quality : Blu-Ray 1080P,720p Format :mp4 Duration : 01:45:00 Genre : Romance , Comedy , Sports Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by HYAN
movie

Playing for Keeps (2012)

2012
When Harry Met Sally… (1989)
When Harry Met Sally… (1989) When Harry Met Sally... (1989)~ IMDb - 7.7/10, Rotten Tomatoes - 91% ~ဆယ်လီနဲ့ဟယ်ရီရဲ့ဇာတ်လမ်းဟာ ၁၉၉၇ မှာ စခဲ့တယ်။ ချီကာဂိုတက္ကသိုလ်ကနေ ကျောင်းပြီးလို့ အိပ်မက်မြို့တော်ကြီး နယူးယောက်ကို လာတဲ့လမ်းမှာ သူတို့စတွေ့ခဲ့ကြတယ်။ ဒီနောက် ဘာမှဆက်မဖြစ်ခဲ့ကြဘူး။၁၉၈၂ ရောက်တော့ လေဆိပ်မှာ သူတို့ထပ်တွေ့ကြတယ်။ ၂ယောက်စလုံး အလုပ်အကိုင် ကိုယ်စီနဲ့ ဖြစ်နေကြပြီ။ အချင်းချင်းမှတ်မိလိုက်ပြီး စကားတွေပြောဖြစ်ကြပေမဲ့ ဘာမှဆက်မဖြစ်လိုက်ဘူး။၁၉၈၇ ကျ စာအုပ်ဆိုင်တစ်ဆိုင်မှာ ဟယ်ရီနဲ့ ဆယ်လီထပ်တွေ့ခဲ့ကြတယ်။ ဟယ်ရီက အိမ်ထောင်ကျပြီးလို့ သူ့မိန်းမက သူ့ကိုထားခဲ့တာတောင် ခံရပြီးပြီ။ ဆယ်လီကလည်း သူ့ရည်းစား ထားခဲ့တာ ခံခဲ့ရတယ်။ ဒီလိုနဲ့ ဒီတစ်ခေါက် သူတို့ပြန်တွေ့တဲ့အချိန်မှာ အသည်းကွဲနေတဲ့လူ၂ယောက် သူ့ဘဝအကြောင်းတွေ ကိုယ့်ဘဝအကြောင်းတွေပြောရင်း သူငယ်ချင်းတွေ ဖြစ်လာကြတယ်။ ဒီနောက် အဆင့်ထက်တက်ရင်း တစ်ယောက်အကြောင်းတစ်ယောက်သိနေတော့ ပြဿနာတွေတက်ပြီး ထပ်ကွဲသွားတယ်။နောက်ဆုံးအနေနဲ့ ...
movie

When Harry Met Sally… (1989)

1989
Your Place or Mine(2023) 6.7
Your Place or Mine(2023) Your Place or Mine(2023)*********************** Reese Witherspoon  နဲ့ Ashton Kutcher တို့ အဓိကပါဝင်ထားလို့ဒီကားက ကြည့်သင့်ပါတယ်..ပီတာနဲ့ဒက်ဘီတို့ ငယ်သူချင်းနှစ်ယောက် အကြောင်းတစ်ခုကြောင့် သူတို့ဝေးသွားကြပေမယ့် တစ်ယောက်ကိုတစ်ယောက် နားလည်ကြသလို အဆက်အသွယ်လဲ ပြတ်တယ်လို့မရှိပါဘူးဒက်ဘီက‌ ကလေးတစ်ယောက်အမေ Single Mom ပီတာကတော့ လူလွတ်တစ်ယောက်ပီပီသူ့အကြိုက်မိန်းကလေးတွေကိုလိုက်ရှာပေမယ့် တွဲတိုင်းခြောက်လမခံ ဒီလိုနဲ့တစ်နေ့ဒက်ဘီတစ်ယောက် ဘဝရှေ့ရေးအတွက် အဝေးတစ်နေရာကိုသွားပြီး ဒီဂရီတစ်ခုသွားယူဖို့ဆုံးဖြတ်လိုက်ပြီးသူ့ကလေးကိုလည်း အဲ့အတောအတွင်းမှာ ပီတာကလာပြီး ကြည့်ရှုစောင့်ရှောက်ပေးဖို့ အကြောင်းဖန်လာပါလေရော...အဲ့နောက်ပိုင်းကစပြီး သူတို့ငယ်သူချင်း နှစ်ယောက်ကြား ဘယ်လိုဆက်ပြီး ရှေ့ဆက်ကြမယ်ဆိုတာကိုတော့    File Size :(1.6GB)(703 MB) and (172MB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:49:00 Genre : Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by  Zwel Zan Aung Encoded by Phyo Pyae
movie

Your Place or Mine(2023)

Dear David (2023) 6.0
Dear David (2023) Dear David (2023)******************ဇာတ်လမ်းလေးကတော့ဂျာကာတာမြို့က ကဟရာအထက်တန်းကျောင်းမှာDear David ဆိုတဲ့ အပြာဇာတ်လမ်းဟာ ကျောင်းသားကျောင်းသူတွေကြားမှာအရမ်းရေပန်းစားလာပါတယ်။ ဒါပေမယ့် ကျောင်းမှာကလည်းကျောင်းသူတွေကြားမှာ‌နာမည်ကြီးနေတဲ့ ဒေးဗစ်ဆိုတဲ့ကျောင်းသားလေးတစ်ယောက်ကလည်းရှိနေပြန်တယ်။ဒီလိုဇာတ်လမ်းထွက်လာတော့ ဒေးဗစ်က အနေအထိုင်ကျပ်လာပြီးစာရေးတဲ့သူကိုလိုက်တဲ့အခါ ကျောင်းသားရေးရာဥက္ကဌလည်းဖြစ်စကော်လာရှစ်ရထားတဲ့အတန်းဖော်ကျောင်းသူလေး လာရာစ်ဖြစ်နေတာကိုသိလိုက်ရတယ်။တကယ်ရေးခဲ့လား မရေးခဲ့လားဆိုတာမေးခဲ့အခါမှာ‌တော့လာရာစ်ဟာ သူရေးခဲ့ကြောင်းဝန်ခံတယ်။လာရာစ်က ကျောင်းမှာဘယ်သူ့ကိုမှလျှောက်မပြောဖို့နဲ့ ဘာမဆိုလုပ်ပေးမယ်လို့ပြောလိုက်တယ်။အဲ့ဒီနောက်မှာတော့....File Size :(1.29GB),(572.9 MB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:58:00 Genre : Comedy , Romance ,Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae
movie

Dear David (2023)

2023
Mohabbatein (2000) 7.1
Mohabbatein (2000) IMDb Rating (7/10)အမီတာဘချမ်း ၊ ရှရွတ်ခန်း ၊ Aishwarya Rai တို့နဲ့ ဒီဇာတ်ကားက Musical,Romanace,Drama အမျိုးအစား နာမည်ကြီး ဘောလိဝုဒ် ဇာတ်ကားဖြစ်ပါတယ်။ဟင်ဒီလို Mohabbatein ဆိုတဲ့ဇာတ်ကားနာမည်က မြန်မာလိုဆို " အချစ်ပုံပြင် " လို့ဆိုရမှာပေါ့...ဇာတ်လမ်းကတော့...ကျောင်းမှာ ကျောင်းသူကျောင်းသားအချင်းချင်း မချစ်ရမကြိုက်ရရိုမန့်တစ်ဆန်ခြင်းတွေကို မလုပ်ရဆိုပြီး တားမြစ်ထားတဲ့အရမ်းကိုစည်းကမ်းကြီးတဲ့ ကျောင်းအုပ်ကြီး...သူ့ရဲ့သမီးဖြစ်သူနဲ့ ကောင်လေးတစ်ယောက်ချစ်ကြိုက်နေကြတာကိုသိသွားတဲ့အခါမှာတော့...ချစ်သူနှစ်ဦးကို မကွဲကွဲအောင်ခွဲကြတဲ့ အတ္တမာန်မာနတွေကြား အချစ်ပုံပြင်တစ်ပုဒ်ဟာ ဝမ်းနည်းဖွယ်ရာဖြစ်သွားပါတော့တယ်။ဒါပေမယ့် နှစ်အနည်းငယ်ကြာပြီးနောက် ကောင်လေးက ကျောင်းအုပ်ကြီးကို လက်စားချေဖို့ ဂီတဆရာအဖြစ်နဲ့ ကျောင်းကိုပြန်လည်ရောက်ရှိလာတဲ့အခါမှာ....စည်းကမ်းအရမ်းကြီးပြီး အချစ်ကိုအယုံအကြည်မရှိတဲ့ ကျောင်းအုပ်ကြီးနဲ့ အချစ်ကိုအပြည့်အဝယုံကြည်ပြီး ချစ်တတ်တဲ့လူငယ်တစ်ယောက်ရဲ့ အားပြိုင်မှုတွေကို ခံစားမှုရသပေါင်းစုံနဲ့ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။(ဘာသာပြန်သူနဲ့ အညွှန်းရေးထားသူကတော့ Iker Zaw ဖြစ်ပါတယ်။) File size…(4.6 GB) and (2.2 GB) Quality….BluRay 1080p HEVC and 720p Format…mkv/mp4 Duration….03:36:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated ...
movie

Mohabbatein (2000)

2000
1080p HEVC
[18+] Crazed Fruit (1981) 5.9
[18+] Crazed Fruit (1981) Crazed Fruit (1981)တက်ဆုဟာ မြို့ကြီးပေါ်မှာတက်ပြီး နေ့အလုပ်ညအလုပ်နှစ်ခုနဲ့ နယ်မှာကျန်ခဲ့တဲ့ မိခင်ကိုပြန်ထောက်ပံ့နေတဲ့ ရိုးအေးတဲ့ကောင်လေးတစ်ယောက်ပါ။ ညအလုပ်အနေနဲ့ မိန်းကလေးတွေနဲ့ဧည့်ခံတဲ့ဘားတစ်ခုမှာ အလုပ်လုပ်ပြီး ဘားပိုင်ရှင်နဲ့ရော သူ့ဇနီးဘားမယ်နဲ့ပါ ရင်းနှီးတဲ့ဆက်ဆံရေးရှိပါတယ်။တစ်နေ့တော့ ချီကာဆိုတဲ့ သူဌေးသမီးလေးတစ်ယောက် သူ့ဘဝထဲကို မဖိတ်ခေါ်ဘဲဝင်ရောက်လာရာကနေ တည်ငြိမ်နေတဲ့သူ့ဘဝ ဗြောင်းဆန်ဖို့ဖြစ်လာပါတော့တယ်။ လှပသွက်လက်သလို တစ်ဇွတ်ထိုးဆန်တတ်တဲ့ ချီကာ၊ လူချမ်းသာသူငယ်ချင်းတစ်စုနဲ့ ချီကာ၊ ပထွေးဖြစ်သူရဲ့ အမြှောင်မယားအဖြစ်ပါ ခံယူထားသေးတဲ့ ချီကာဟာ သူ့ဘဝကိုကောင်းကောင်းမွှေနှောက်ပါတော့တယ်။Roman Porno လိုင်းထဲကဆိုပေမယ့် Mainstream ကားတွေလို ဇာတ်လမ်းဇာတ်အိမ်ကောင်းတဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.5GB, 630MB Quality - 1080p, 720p IMDb Rating - 5.9/10 Format - mp4 Duration - 1H 25Min Genre - Drama, Romance, Drama Subtitle - Myanmar Subtitle ...
movie

[18+] Crazed Fruit (1981)

1981
You People (2023) 5.5
You People (2023) You People (2023)နှစ်ဦးနှစ်ဖက်စလုံးမှာ ယောက္ခမမရှိကြတာမို့ အာဒမ်နဲ့ ဧဝဟာ ကမ္ဘာမှာအပျော်ဆုံးအတွဲပဲတဲ့။ ရံဖန်ရံခါဆိုသလို အသိုင်းအဝိုင်းဆိုတာ အိမ်ထောင်ရေးရဲ့ ပြဿနာတစ်ခု ဖြစ်လာတတ်တာပဲ။ ဒီလိုနဲ့ ယောက္ခမနဲ့ တစ်ထောင့်တစ်ညဖြစ်ကြတဲ့ ဇာတ်တွေလည်း မနည်းဘူး။အခုဇာတ်ကတော့ ယောက္ခမနှစ်ဖက်စလုံးရဲ့ ဒဏ်တွေကို ခံကြရတဲ့ အတွဲတစ်တွဲရဲ့အကြောင်းပါပဲ။ ပုံမှန်အတွဲတွေမှာတောင် ယောက္ခမပြဿနာက ရှိတတ်တာဆိုတော့ ဒီအတွဲကတော့ လူဖြူလူမဲ အတွဲဆိုတော့ ပိုဆိုးပါတယ်။ သို့ပေမဲ့ ဒီ၂ဘက်ကို မတူညီတဲ့ ဒုက္ခပေးခြင်း ၂မျိုးနဲ့ပြသွားတာတော့ တော်တော်လေး လှပါတယ်။ တစ်ဘက်ကတော့ လူမဲအဖေက သူ့သမီးအတွက် စိတ်ပူလို့ လူဖြူကောင်လေးကို ညစ်ပြီး တစ်ဘက်ကကျ လူဖြူအမေက သူ့သားကောင်မလေးကို လက်ခံကြောင်းအပြချင်လွန်ပြီး လူမဲဖြစ်နေတာ မဆန်းကြောင်း ခဏခဏထုတ်အပြလွန်ပြီး ဆန်းအောင်လုပ်မိသွားတယ်။ ဒီလိုအသိုင်းအဝိုင်း၂ခုရဲ့ကြား ဒီအတွဲရဲ့ မင်္ဂလာပွဲ ဖြစ်မှဖြစ်လာပါ့မလား ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် ဟာသ ရိုမန့်ကားလေးပါပဲ။Jonah Hill နဲ့ Eddie ...
movie

You People (2023)

2023
Somebody I Used to Know(2023) 6.7
Somebody I Used to Know(2023) Somebody I Used to Know(2023)*******************************ဒီရုပ်ရှင်လေးကတော့ ရည်းစားဟောင်းရဲ့ မင်္ဂလာဆောင်ကို သွားရှုပ်တဲ့အကြောင်းကိုမှပူရဆွေးရတာတွေ၊လက်ခံပေးရတာ၊အသည်းကွဲရတာ၊ အသစ်ပြန်စရတာမျိုးတွေစတဲ့ ချိုချဥ်စပ်ခါးအရသာလေးနဲ့ကြည့်ရှုရမှာပါ၊ ဇာတ်လမ်းကိုတော့ မမAlison Brieနဲ့ ခင်ပွန်းဖြစ်သူ now you see meထဲက မင်းသားDave Francoတို့အတူတူဇာတ်ညွှန်းရေးပြီး အယ်လီနေရာမှာ မမAlison Brieကသရုပ်ဆောင်၊ Dave Francoက ဒါရိုက်တာလုပ်ပြီးအပြိုင်ကြဲထားကြပါတယ်။ အတိတ်မှာဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ အတိတ်မှာပဲထားခဲ့၊ လက်ရှိဘဝကိုယူလာရင်တော့ အနာဂတ်ပါရှုပ်ထွေးသွားနိုင်တာကိုရိုက်ပြထားပြီး ကိုယ့်ကိုယ်ကိုလက်ခံတတ်စေဖို့ စိတ်ဝင်စားစရာဇာတ်လမ်းလေးနဲ့ရိုက်ပြထားတဲ့ဇာတ်ကားကောင်းလေးပါပဲ။ ဇာတ်လမ်းအကျဥ်းကတော့ အယ်လီဟာ အစီအစဥ်တင်ဆက်သူတစ်ယောက်၊အလုပ်ကိုပဲတမ်းတမ်းစွဲလုပ်တတ်သူပေါ့၊ ဒီအလုပ်ကိုရွေးချယ်ခဲ့တာကြောင့် ရည်းစားဟောင်းဖြစ်သူရှောင်နဲ့ ကွေကွင်းခဲ့ရတာပေါ့နော်။ သူလုပ်ချင်တဲ့ ရှိုးကို သုံးနှစ်လောက်လုပ်အပြီးမှာ အကြောင်းမလှဘဲရှိုးပွဲကရပ်နားခံလိုက်ရတော့ အယ်လီတစ်ယောက်စိတ်ဓာတ်တွေကျပြီး မိခင်ရှိရာနယ်မြို့လေးကိုပြန်လာခဲ့တယ်ပေါ့၊ ရောက်တဲ့နေ့မှာပဲ မထင်မှတ်ဘဲ ရီးစားဟောင်း ရှောင်နဲ့ပြန်တွေ့ပြီး ဇာတ်လမ်းလေးတွေပြန်စမယ်ကြံမိခါမှသူက မင်္ဂလာဆောင်တော့မှာတဲ့၊ အဲ့ဒီနောက်မှာတော့File Size :(1.5GB) and (644MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…01:46:00 Genre : Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

Somebody I Used to Know(2023)

Raajahyogam(2022) 6.4
Raajahyogam(2022) Raajahyogam 2022/IMDb 7.2လွန်စွာတန်ဖိုးကြီးလှသော ဝတ်စုံကို စမတ်ကျကျဝတ်ဆင်ထားသည့် အင်မတန်ကြည့်ကောင်းလှသော ရုပ်ရည်နှင့် လူရွယ်တစ်ယောက်သည် သိန်း‌ပေါင်းသောင်းချီတန်သော နောက်ဆုံးပေါ်ပြိုင်ကားလေးပေါ်ကနေ တစ်လှမ်းချင်းဆင်းသက်လာသည် ထို့အတူ အချိုးအဆစ်ကျ‌နသော ကိုယ်ခန္ဓာနှင့်လိုက်ဖက်ညီစွာ ကျော့ရှင်းလှပသည့် ဝတ်စုံကိုဝတ်ဆင်ထားသည့် အလွန်တရာချောမောလှပသော မိန်းမပျိုတစ်ယောက်လည်းရှိလေသည်။ ထိုနှစ်ယောက်သည် တွေ့တွေ့ချင်းမှာပင် အကြည့်ချင်းဆုံရင်ခုန်သွားမိ၍ တစ်ယောက်ယောက်နှင့် တစ်ယောက်ပြုံးပြလိုက်လေသည်ယခုလောက်ဆို ဒီဇာတ်ကားထဲမှာ မင်းသားနှင့် မင်းသမီး၏စတိုင်ကို ရိပ်မိလောက်ကြပြီထင်ပါတယ် သို့သော် လွန်ထားထားစာအုပ်ထဲကလို မင်းသားနဲ့မင်းသမီးဖြစ်နေပေမဲ့ ဇာတ်လမ်းကတော့လွန်ထားထားလိုမရှင်းပဲနဲနဲရှုပ်ပါတယ် စိန်တုံးနှစ်တုံးကို သူခိုးကြီးတစ်ကောင်က လူသတ်ဓားပြတိုက်ယူလိုက်တယ် အဲ့သူခိုးကြီးလက်ထဲကနေ သူခိုးလက်သူဝှက်လုပြီး သူ့တပည့်ငတိနှစ်ကောင်က ဆရာကိုပြန်သတ်ပြီး ယူချလာ အဆိုပါ စိန်နှစ်တုံးကို ထုခွဲရောင်းချပြီး ရသည့်ပိုက်ဆံများနှင့် ဒူဘိုင်းလစ်ရန်ကြံနေချိန်တွင် သူ့ဆိုင်ကိုလာပြင်တဲ့ကားတွေစီးပြီး သူဌေးဂိုက်တအားဖမ်းသည့် မင်းသားက ဘုမသိဘမသိ ပါဝင်ပတ်သတ်မိပါလေရော ပတ်သတ်မိသည့်အကြောင်းရင်းက လှပပိုက်ဆံရှိသော မင်းသမီးကို အရချိုင်လိုတာ‌ကြောင့်ပါ သို့သော် သူသွားလုံးသည့် ဘောစိမလေးက ထင်‌သလောက်မရိုးရှင်းပဲ ဇာတ်ရှုပ်ကြီးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေသောအခါ.....IMDb 7.2 ရရှိထားတဲ့ ဒီဇာတ်ကားလေးက ဟာသတွေ အိုဗာအက်တင်တွေဇွတ်ထည့်ထားတယ်ထင်ရပေမဲ့လဲ ဇာတ်ကားတစ်ကားရဲ့ အဓိကကျောရိုးဖြစ်တဲ့ ခိုင်မာတဲ့ဇာတ်အိမ်ရှိနေတာကြောင့် သူ့ဟာသတွေက ဇာတ်ကိုပေါ့ပေါ့ပါးပါးသယ်သွားပေးသလိုပါပဲ မင်းသားမင်းသမီးတွေကလဲ မျက်စိအေးစရာလေးတွေဆိုတော့ အတိုင်းထက်အလွန်ပေါ့ဗျာ အဲ့တော့ ကုလားကားဆို အတည်ပေါက်ကြမ်းပြနေတာပဲကြည့်ရတာများတော့ အခုလိုအချစ်ဟာသအက်ရှင်ဇာတ်လမ်းပုံစံလေးကို ကျွန်တော်ကတော့ သဘောကျမိလို့ ပရိသတ်ကြီးအတွက်လဲ ...
movie

Raajahyogam(2022)

2022
The Five Devils (2022) 6.6
The Five Devils (2022) The Five Devils (2022)~ IMDb - 6.6/10, RT - 80%, Meta - 65% ~Blue Is the Warmest Colour ထဲက မင်းသမီး Adèle Exarchopoulos က ပါဝင်သရုပ်ဆောင်ထားတဲ့ ကားသစ်လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဗစ်ကီလို့ခေါ်တဲ့ ၈နှစ်သမီးလေးဟာ ရေကူးနည်းပြမေမေ မီးသတ်သမားဖေဖေတို့နဲ့ အတူတူနေထိုင်ပါတယ်။ အမေဖြစ်သူနဲ့ကြားက ဆက်ဆံရေးကလည်း ကောင်းမွန်လွန်းပြီး ဗစ်ကီလေးဟာလည်း အမေမှ အမေ ဆိုပြီးဖြစ်နေသူလေးပေါ့။ ဒါပေမဲ့ သူ့အမေမသိတာ ၂ချက်ရှိပါတယ်။ တစ်ခုကတော့ ဗစ်ကီလေးဟာ ကျောင်းမှာ အလှောင်ခံလေးဖြစ်တယ်ဆိုတာနဲ့ နောက်တစ်ခုကတော့ ထူးခြားတဲ့ စွမ်းအင်တစ်ခု ပိုင်ဆိုင်နေတယ်ဆိုတာပါပဲ။ အဲဒီစွမ်းအင်ကတော့ အနံ့တွေကို ခွဲခြမ်းစိတ်ဖြာစုဆောင်းနိုင်ပြီး သူကြိုက်ရာအနံ့တစ်ခုကိုရွေးချယ်လို့ ကာလကို ပြန်လည်ပုံဖော်နိုင်တာပဲဖြစ်ပါတယ်။ တစ်နည်းပြောရရင် ရနံ့ထဲမှာ အမှတ်တရတွေရှိတတ်ပြီး ဗစ်ကီလေးက ပြန်ထုတ်ကြည့်နိုင်တဲ့စွမ်းရည်ရှိတယ်လို့ ယူဆလို့ရမယ်ထင်ပါတယ်။ဒီလို ...
movie

The Five Devils (2022)

2022
Empire of Light(2022) 7.0
Empire of Light(2022) Empire of Light(2022)*********************"အင်ပါယာ" ဆိုတဲ့ ပင်လယ်နားကရုပ်ရှင်ရုံကြီး။ အဲဒီမှာအလုပ်လုပ်နေကြတဲ့ဝန်ထမ်းတွေလည်းမိသားစုလိုချစ်ချစ်ခင်ခင်နဲ့ပါ။ ထူးခြားနေတာကတော့ ဟီလာရီဆိုတဲ့အမျိုးသမီးပဲ။သူက စိတ်ကစဉ့်ကလျားရောဂါကြောင့် ဆေးရုံပြပြနေရသူ.. တစ်နေ့မှာတော့ စတီဖင်ဆိုတဲ့ လူမည်းကောင်လေးတစ်ယောက်ဝန်ထမ်းအသစ်အနေနဲ့ သူတို့ဆီရောက်လာခဲ့ပါတယ်.. စိတ်ဓါတ်ကျနေတတ်တဲ့ဟီလာရီ့ဘဝထဲဝင်လာတဲ့ စတီဖင်၊လူမည်းလို့အမြဲခွဲခြားခံနေရပြီး အိပ်မက်တွေလက်လျှော့ခဲ့ရတဲ့ စတီဖင့်ဘဝထဲဝင်လာတဲ့ ဟီလာရီ.. သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ဘယ်လိုတွေအကူအညီဖြစ်သွားစေမလဲဆိုတာကတော့..... File Size :(1.4 GB) and (554 MB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:55:00 Genre : Romance  , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Shin Rina Encoded by Phyo Pyae
movie

Empire of Light(2022)

From Fanfic to Love (2022)
From Fanfic to Love (2022) From Fanfic to Love (2022)စိတ်ကူးယဉ်ပြီး fanfic ရေးတဲ့နေရာမှာတော့ ဆရာကြီးပဲ ဒါပေမဲ့ အတွေ့အကြုံကမရှိ၊ မရှိတာမှ ရည်းစားကိုမထားဖူးတဲ့ FA မမ ယွန်းဟီးအချစ်ဝတ္ထုတွေကိုတောင် အတွေ့အကြုံမရှိဘဲနေရေးနေရပါတယ်ဆို အယ်ဒီတာက R-rated လူကြီးဇာတ်လမ်းကိုပါ ရေးခိုင်းတော့ အခက်တွေ့ရော စိတ်ကူးနဲ့လက်တွေ့နဲ့က တခြားစီဆိုသလိုပဲ စိတ်ကူးနဲ့ ရေးနေတော့ ခရီးကမပေါက်... အတွေ့အကြုံကလည်းမရှိဆိုတော့ ပထမဆုံးအတွေ့အကြုံရှာရပါတော့တယ်တစ်ဖက်မှာလည်း စိတ်ထဲမှာကြိတ် crush နေတဲ့ အစ်ကိုကြီးကိုလည်း လက်မလွှတ်ချင်... ယွန်းဟီးတစ်ယောက် ဘယ်လိုတွေ ရွေးချယ်မလဲ အတွေ့အကြုံ ဘယ်လိုရှာမလဲဆိုတာ အတူကြည့်လိုက်ရအောင်ပါနော်Romance Comedy အမျိုးအစားလေးဖြစ်ပြီးတော့ Friendship ကိုပါ မြင်ရမယ့်ဇာတ်လမ်းလေးပါအညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Romance Quality…. 1080p | 720p | 480p File size… 1GB | 518MB | 257MB Format… mp4 Duration…. 1h 29min Subtitle…. Myanmar Subtitle ...
movie

From Fanfic to Love (2022)

2022
Tales of Nobody (2023) 5
Tales of Nobody (2023) Tales of Nobody (2023)အတိတ်နဲ့လက်ရှိကြားက လက်ရှိကြားကစည်းကို ဖြတ်ကျော်သွားခဲ့တဲ့ မိန်းကလေးအီဆွန်းမိခင်ရဲ့အကြိမ်ကြိမ်နောက်အိမ်ထောင်ပြုမှုတွေကြားကနေ ခြောက်ယောက်မြောက်ဖခင်ပါ ရရှိလာခဲ့တဲ့ အီဆွန်းကတော့ မိခင်ပျောက်ဆုံးသွားပြီးတဲ့နောက် ဘဝကြီးကို ရေစုန်မြောရင်း နေထိုင်လာခဲ့သူပါ။သူ့မိခင်နဲ့မတူအောင် မိခင်ကောင်း ဇနီးကောင်းတစ်ယောက်ဖြစ်ရမယ်လို့ ရည်မှန်းချက်ထားခဲ့ပြီး သူ့ရဲ့ဘဝကြီးကို အဘက်ဘက်ကနေ ပြောင်းလဲခဲ့ပေမဲ့ သူထင်ထားသလိုဖြစ်မလာခဲ့ပါဘူး။ ဒီလိုနဲ့ တစ်ခဏတာပျော်ပါးတတ်တဲ့ အချစ်နဲ့ပဲ တွေ့ဆုံရဖန်များလာတဲ့ အီဆွန်းဟာ နောက်ဆုံးမှာ သူ့ရဲ့ဘဝကြီးကို အဆုံးသတ်လိုက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ဒါပေမဲ့ ကံကြမ္မာရဲ့အခွင့်အရေးပေးမှုကြောင့် အီဆွန်းတစ်ယောက် အတိတ်နဲ့လက်ရှိကြားကစည်းကို ဖြတ်ကျော်ပြီး သူ့ရဲ့ဘဝကြီးကို ပြန်လည်ကြည့်ရှုသုံးသပ်ခွင့် ရသွားခဲ့တဲ့အခါမှာတော့...ဘာတွေ ဆက်ဖြစ်လာမလဲ။ သူဟာတကယ်ပဲ ဘဝကြီးကို အရှုံးပေးလိုက်တော့မှာလား... ဒါမှမဟုတ် ဘယ်လိုအပြောင်းအလဲတွေများ ဆက်ဖြစ်လာဦးမလဲဆိုတာ အေးအေးငြိမ်ငြိမ်လေးနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားပါပဲ။Casts တွေအနေနဲ့ကတော့ Rollacosta ထဲကမင်းသမီး Jeong Ga-Eun နဲ့ မင်သား Kwak Pil Je တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်။Genre..... Fantasy, Romance Quality…. ...
movie

Tales of Nobody (2023)

2023
Lovers Vanished(2010) 6.7
Lovers Vanished(2010) Lovers Vanished(2010)*********************" AIDS ဖြစ်နေတဲ့ထောင်သားတွေကိုဆို ချက်ချင်းလွှတ်ပေးတယ် " ဆိုတာကတော့ ထောင်ထဲမှာကြားနေရတဲ့ကောလဟာလတစ်ခု...... အပြစ်မဲ့လျက်နဲ့ မှားယွင်းစွပ်စွဲခံရပြီး ထောင်ကျတာကိုမခံမရပ်နိုင်ဖြစ်နေတဲ့ ထွက်ပြေးဝိဇ္ဇာLim Su-In အတွက်တော့ ဒီသတင်းက ထောင်ထွက်လက်မှတ်တစ်ခုလိုပါပဲ။ HIV ပိုးရှိလို့တစ်ထောင်လုံးကရှောင်ဖယ်ဖယ်လုပ်တာခံရတဲ့ Byung Sang ကတော့ နယ်မျက်လှည့်ဆရာတစ်ဦးဖြစ်ပြီးထောင်ကျရတဲ့အကြောင်းက ချစ်သူကောင်မလေးရဲ့အပြစ်ကို အစားဝင်ခံပေးတာမို့လို့Su-In နဲ့ သူမသာကိုယ်မသာပဲဖြစ်ပါတယ်။ ပိုးကူးခံရရင် ထောင်ကထွက်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Su- In တစ်ယောက်ကတော့Byung Sang ကိုအရောစဝင်ပြီး နောက်ဆုံးမှာ ပိုးကူးခါမှပဲ ကြားထားတဲ့သတင်းကဂျင်းကြီးမှန်းသိလိုက်ရပါတော့တယ်။ ဒါပေမယ့်လည်း လက်မလျှော့သေးဘဲ နောက်တစ်နည်းထပ်ကြိုးစားနေတုန်းမှာByung Sang ဘက်ကနေ အကူအညီတစ်ခုတောင်းလာခဲ့ပါတော့တယ်။" မင်းထွက်နိုင်ခဲ့ရင် Mia ဆိုတဲ့ကောင်မလေးကိုသွားကြည့်ပေးပါလား " .အဲ့ဒီနောက်မှာတော့.....File Size :(3.1GB)(870 MB) and (408MB) Quality : WEB-DL1080P,720p Format…mp4 Duration…01:44:00 Genre : Romance , Drama Subtitle : ...
movie

Lovers Vanished(2010)

Ishq Tera (2018) 6.2
Ishq Tera (2018) Ishq Tera (2018)အခုတစ်ခါမှာတော့ IMDb 6.2 အထိရရှိထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါ့မယ်။ပြုသမျှနုရ..လုပ်သမျှခံရတဲ့ မိန်းသားတစ်ယောက်ရဲ့ဘဝဇာတ်ကြောင်းလေးပေါ့။ အဆိုပါ မိန်းမသားလေးဟာ စိတ်ကျန်းမာရေးဝေဒနာကိုပါ ခံစားနေရတဲ့အခါ သူမရဲ့ဘဝဟာ ရေစုန်မျောဖို့ပဲ ကျန်တော့တာပေါ့။ဒီဇာတ်ကားလေးမှာ ဇာတ်လိုက်မင်းသမီးက စိတ်ကစဉ့်ကလျားရောဂါကို ခံစားနေရတဲ့ ရောဂါဝေဒနာသည်လေးပါ။ ငယ်စဉ်ကတည်းက ခါးသီးလှတဲ့ဘဝကို ကျော်ဖြတ်ခဲ့ရလို စိတ်ဒဏ်ရာကြီးကြီးမားမားရသွားခဲ့ခြင်းဖြစ်ပါတယ်။သူမဟာ တစ်ခါတလေ ကလ်ပနားဖြစ်သွားလိုက် တစ်ခါတလေ လိုင်လာဖြစ်သွားလိုက်နဲ့ လူတစ်ကိုယ် စိတ်နှစ်မျိုးဖြစ်နေခဲ့ပါတယ်။ဒီလိုမိန်းမသားတစ်ယောက်ရဲ့ဘဝကို ချဉ်းကပ်လာတဲ့လူတွေဟာလည်း လူကောင်းတွေဟုတ်မနေခဲ့ပါဘူး။သူမရဲ့ပဟေဠိဆန်လှတဲ့ ဘဝဇာတ်ကြောင်းနဲ့ သူမအပေါ်တကယ် ရိုးရိုးသားချစ်ပေးနိုင်ပြီး စောင့်ရှောက်ပေးနိုင်မယ့်သူ ပေါ်လာနိုင်မလား...။ကြမ်းတမ်းလှတဲ့ ဘဝခရီးလမ်းကို ဘယ်လိုဆန်းကြယ်မှုတွေနဲ့ ကျော်ဖြတ်ခဲ့ရလဲဆိုတာကိုတော့ မိန်းမသားတစ်ယောက်ရဲ့နေရာကနေ ခံစားပြီး ကြည့်ရှုပေးကြပါဦးနော်လို့ ညွှန်းဆိုပေးလိုက်ပါတယ်။ File size…2.5GB  / 1.1GB Quality…1080p WEB RIP /720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Ishq Tera (2018)

2018
[18+] Malena (2000) 7.5
[18+] Malena (2000) Malena (2000) IMDb Rating (7.5/10) Rating - R၁၉၄၁ ခုနှစ်က စစ္စလီကျွန်းပေါ်မှာနေတဲ့ အသက် ၁၃ နှစ်သား ကောင်လေးတစ်ယောက် လမ်းခဲ့ရတဲ့ မာလိနာဆိုတဲ့ မိန်းမတစ်ယောက်အကြောင်း.....။ဒုတိယကမ္ဘာစစ်ကြောင့် ခိုကိုးရာမဲ့သွားတဲ့မိန်းမတစ်ယောက်၊ လှပလွန်းသောကြောင့် ယောက်ကျားတိုင်းက စိတ်ဝင်စားပြီးတစ်ခြားမိန်းမတွေက မနာလိုဖြစ်ခြင်းခံနေရတဲ့ မိန်းမတစ်ယောက်၊  ကံဆိုးမှု တွေကြောင့် ဖခင်ဖြစ်သူရဲ့ အထင်လွဲမှုကို ခံရပြီးစားဝတ်နေရေးအတွက် ရုန်းကန်ခဲ့ရတဲ့ မိန်းမတစ်ယောက်၊ အရာရာကို ခွင့်လွှတ်သည်းခံပြီး ချစ်သူခင်ပွန်းရဲ့ဖေးမမှုနဲ့ ဘဝကိုတည်ငြိမ်စွာပြန်လည်လျှောက်လှမ်းနိုင်ခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့ အကြောင်း.....။ ဒီဇာတ်ကားထဲမှာ လူတွေရဲ့ မနာလိုစိတ်တွေ၊ အချောင်ရလိုမှုတွေ၊အားနည်းသူကို ပျက်စီးစေချင်ကြတဲ့စိတ်တွေနဲ့ ယောင်္ကျားတွေရဲ့ စိတ်ကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ပြထားပါတယ်။ကြီးကောင်ဝင်စ လူငယ်လေးတစ်ယောက်ရဲ့ စိတ်နေစိတ်ထားနဲ့ လူတွေအကြောင်း သင်ယူခဲ့မှုတွေကိုလည်း အထင်အရှားမြင်ရမှာ ဖြစ်ပါတယ်။မင်းသမီးကတော့ သိပ်ညွှန်းစရာလိုမယ် မထင်ပါဘူး။ ဆိုဖီယာလော်ရင့်ပြီးရင် အီတလီရဲ့ နာမည်အကြီးဆုံးမင်းသမီးဖြစ်တဲ့ Monica Bellucci ပါ။ဒီဇာတ်ကားထဲမှာ အလှပဆုံးအချိုးအစားလို့ ပြောကြတဲ့ ၃၆-၂၄-၃၅ ...
movie

[18+] Malena (2000)

2000
HEVC 1080p 5.1
Love Me Not(2006) 6.6
Love Me Not(2006) Love Me Not(2006)=================ဒီတစ်ခေါက်မှာတော့ လွမ်းလည်းလွမ်းရ ငိုလည်းငိုရမယ့် ကိုရီးယားကားဟောင်းလေးနဲ့မိတ်ဆက်ပေးပါမယ်။ဂျပန်ဒရာမာကားကိုပြန်ရိုက်ထားတာဖြစ်ပြီးမင်းသားကြီး Kim Joo-hyukနဲ့ ​ပရိသတ်များအသိများတဲ့ My Little Bride၊Autumn in my heartတို့မှမင်းသမီးချောလေး Moon Geun-youngတို့ကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဂျူလီအန်းဆိုတဲ့သူက မကောင်းတာလုပ်စားတဲ့ယောကျ်ားတစ်ဉီးပါ။သူ့ဖောက်သည်အမျိူးသမီးတွေဆီကနေ ဇာတ်လမ်းတွေထွင်ရင်း မျက်ရည်လည်းချူ ပိုက်ဆံလည်းချူတတ်သူတစ်ဉီးပါ။အဲ့ကနေရလာတဲ့၏ပိုက်ဆံတွေနဲ့ပျော်ပါးရင်းက အကြွေးတွေတင်တဲ့ဆီကိုရောက်လာပါတော့တယ်။တစ်လအတွင်းမဆပ်နိုင်ရင်အသတ်ခံရမှာဖြစ်ပါတယ်။အဲ့တော့ အကြွေးဆပ်ဖို့အကြံထုတ်ကာ သေသွားတဲ့သူငယ်ချင်းရဲ့မိသားစုအိမ်မှာ အစ်ကိုအဖြစ်ဟန်ဆောင်ကာအမွေဆက်ခံမည့်ညီမဖြစ်သူကိုလုပ်ကြံရင်း မိမိကံကြမ္မာကိုဖန်တီးဖို့ အကြံထုတ်ပါတော့တယ်။တကယ်တမ်းမှာတော့​အေးစက်မာကြောတဲ့မျက်မမြင်မလေးမင်နဲ့ ခံစားချက်များပွင့်ဟပြီးနောက်မှာတော့မေတ္တာသံယောဇဉ်ကြိုးတွယ်လာပါတော့တယ်။အချစ်ကိုပြန်လည်ခင်တွယ်လာပြီးနောက် ပိုင်ဆိုင်ကြဖို့ကြိုးစားတဲ့အခါမှာတော့ ပြဿနာအမျိုးမျိုးကိုရင်ဆိုင်ကြရပါတော့တယ်။အလိမ်အညာတွေနဲ့တည်ဆောက်ထားတဲ့ ဂျူလီအန်းရဲ့ယူဂျင်းသရုပ်ကိုဘယ်လိုဆက်လက်ရှေ့တိုးမလဲ။မျက်မမြင်မလေးမင်ကိုစောင့်ရှောက်ရင်း ဘယ်လိုပြဿနာတွေနဲ့ကြုံတွေ့ရမလဲ။တင်နေတဲ့အကြွေးတွေဆပ်မဲ့တစ်လအချိန်မှာ ဘယ်လိုဘဝအချိုးအကွေ့တွေနဲ့ကြုံရမလဲ ဆိုတာဆက်လက်ကြည့်ရှု့ခံစားရမှာပါ။လောကကြီးမှာအရေးပါဆုံးအရာကတော့ငွေနဲ့ဝယ်လို့မရတဲ့ပစ္စည်းဖြစ်ပြီးတော့လူတိုင်းဟာ ထိုအရာကိုပိုင်ဆိုင်ဖို့အခွင့်အရေးကိုတော့ ခဏခဏမရနိုင်ပါဘူး။မျက်စိနဲ့မမြင်ရနိုင်တဲ့အရာတွေကို သေချာမြင်နိုင်ကြဖို့လိုပါတယ်။အနီးနားမှာအဝေးမှာ အတိတ်မှာ အနာဂတ်မှာ ထိုအရာနှင့်တွေ့ဆုံကြတဲ့အခါဖြစ်ပေါ်လာတဲ့ခံစားမှု၊အဖိုးမဖြတ်နိုင်တဲ့ ပြန်လည်အစားထိုးမရနိုင်တဲ့မှတ်ဉာဏ်တွေနဲ့တည်ဆောက်ထားတတ်တဲ့ဘဝရဲ့အခြေခံကျပုံသဘော ကို တွေ့မြင်ခံစားရမဲ့ဒီဇာတ်ကားဟာ ဒရာမာရသပြည့်ဝစွာခံစားလိုသူတွေအတွက် လက်မလွှတ်သင့်တဲ့ဇာတ်ကားများထဲမှာအပါအဝင်ဖြစ်ပါတယ်။(ဘာသာပြန်သူနဲ့အညွှန်းရေးသားသူကတော့ Nwe Hnin Thazinဖြစ်ပါတယ်) File size…1.68GB / 627MB Quality…WEB-DL 1080p 5.1CH  / 720p Format…mp4 Duration….1h 59m Genre .....  Drama , ...
movie

Love Me Not(2006)