Channel Myanmar

Romance

Love Me Not(2006) 6.6
Love Me Not(2006) Love Me Not(2006)=================ဒီတစ်ခေါက်မှာတော့ လွမ်းလည်းလွမ်းရ ငိုလည်းငိုရမယ့် ကိုရီးယားကားဟောင်းလေးနဲ့မိတ်ဆက်ပေးပါမယ်။ဂျပန်ဒရာမာကားကိုပြန်ရိုက်ထားတာဖြစ်ပြီးမင်းသားကြီး Kim Joo-hyukနဲ့ ​ပရိသတ်များအသိများတဲ့ My Little Bride၊Autumn in my heartတို့မှမင်းသမီးချောလေး Moon Geun-youngတို့ကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဂျူလီအန်းဆိုတဲ့သူက မကောင်းတာလုပ်စားတဲ့ယောကျ်ားတစ်ဉီးပါ။သူ့ဖောက်သည်အမျိူးသမီးတွေဆီကနေ ဇာတ်လမ်းတွေထွင်ရင်း မျက်ရည်လည်းချူ ပိုက်ဆံလည်းချူတတ်သူတစ်ဉီးပါ။အဲ့ကနေရလာတဲ့၏ပိုက်ဆံတွေနဲ့ပျော်ပါးရင်းက အကြွေးတွေတင်တဲ့ဆီကိုရောက်လာပါတော့တယ်။တစ်လအတွင်းမဆပ်နိုင်ရင်အသတ်ခံရမှာဖြစ်ပါတယ်။အဲ့တော့ အကြွေးဆပ်ဖို့အကြံထုတ်ကာ သေသွားတဲ့သူငယ်ချင်းရဲ့မိသားစုအိမ်မှာ အစ်ကိုအဖြစ်ဟန်ဆောင်ကာအမွေဆက်ခံမည့်ညီမဖြစ်သူကိုလုပ်ကြံရင်း မိမိကံကြမ္မာကိုဖန်တီးဖို့ အကြံထုတ်ပါတော့တယ်။တကယ်တမ်းမှာတော့​အေးစက်မာကြောတဲ့မျက်မမြင်မလေးမင်နဲ့ ခံစားချက်များပွင့်ဟပြီးနောက်မှာတော့မေတ္တာသံယောဇဉ်ကြိုးတွယ်လာပါတော့တယ်။အချစ်ကိုပြန်လည်ခင်တွယ်လာပြီးနောက် ပိုင်ဆိုင်ကြဖို့ကြိုးစားတဲ့အခါမှာတော့ ပြဿနာအမျိုးမျိုးကိုရင်ဆိုင်ကြရပါတော့တယ်။အလိမ်အညာတွေနဲ့တည်ဆောက်ထားတဲ့ ဂျူလီအန်းရဲ့ယူဂျင်းသရုပ်ကိုဘယ်လိုဆက်လက်ရှေ့တိုးမလဲ။မျက်မမြင်မလေးမင်ကိုစောင့်ရှောက်ရင်း ဘယ်လိုပြဿနာတွေနဲ့ကြုံတွေ့ရမလဲ။တင်နေတဲ့အကြွေးတွေဆပ်မဲ့တစ်လအချိန်မှာ ဘယ်လိုဘဝအချိုးအကွေ့တွေနဲ့ကြုံရမလဲ ဆိုတာဆက်လက်ကြည့်ရှု့ခံစားရမှာပါ။လောကကြီးမှာအရေးပါဆုံးအရာကတော့ငွေနဲ့ဝယ်လို့မရတဲ့ပစ္စည်းဖြစ်ပြီးတော့လူတိုင်းဟာ ထိုအရာကိုပိုင်ဆိုင်ဖို့အခွင့်အရေးကိုတော့ ခဏခဏမရနိုင်ပါဘူး။မျက်စိနဲ့မမြင်ရနိုင်တဲ့အရာတွေကို သေချာမြင်နိုင်ကြဖို့လိုပါတယ်။အနီးနားမှာအဝေးမှာ အတိတ်မှာ အနာဂတ်မှာ ထိုအရာနှင့်တွေ့ဆုံကြတဲ့အခါဖြစ်ပေါ်လာတဲ့ခံစားမှု၊အဖိုးမဖြတ်နိုင်တဲ့ ပြန်လည်အစားထိုးမရနိုင်တဲ့မှတ်ဉာဏ်တွေနဲ့တည်ဆောက်ထားတတ်တဲ့ဘဝရဲ့အခြေခံကျပုံသဘော ကို တွေ့မြင်ခံစားရမဲ့ဒီဇာတ်ကားဟာ ဒရာမာရသပြည့်ဝစွာခံစားလိုသူတွေအတွက် လက်မလွှတ်သင့်တဲ့ဇာတ်ကားများထဲမှာအပါအဝင်ဖြစ်ပါတယ်။(ဘာသာပြန်သူနဲ့အညွှန်းရေးသားသူကတော့ Nwe Hnin Thazinဖြစ်ပါတယ်) File size…1.68GB / 627MB Quality…WEB-DL 1080p 5.1CH  / 720p Format…mp4 Duration….1h 59m Genre .....  Drama , ...
movie

Love Me Not(2006)

[18+]Gyeulhoneui Giwon (2013)
[18+]Gyeulhoneui Giwon (2013) [18+]Gyeulhoneui Giwon (2013)*****************************ဂင်ဆွန်းအယ်က AIDS သုတေသနဓာတ်ခွဲခန်းမှာ အလုပ်လုပ်ပြီး မီဂျူကတော့ကြုံရာဝင်လုပ်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ် ဆောင်းအယ်ကတော့ စိတ်ရောဂါအထူးကုဆရာဝန်ဖြစ်ပြီးဆွန်းအယ်ကို ကုသပေးနေရပါတယ် တစ်ရက်မှာ ဆွန်းအယ်ကို ကုသပေးနေတုန်းဆွန်းအယ်ရဲ့ထိတ်လန့်ဖွယ်ရာလုပ်ရပ်ကို သိလိုက်ရပါတော့တယ် တစ်ဖက်မှာလည်း မီဂျူက သူ့ချစ်သူနဲ့ မွေးနေ့ပွဲကျင်းပချင်လိုဆွန်းအယ်ရဲ့အိမ်မှာ လာလုပ်ဖို ခွင့်တောင်းလိုက်ပါတယ် ဆွန်းအယ်က ခွင့်ပြုပေးလိုက်တဲ့အခါမှာတော့ဆွန်းအယ် မီဂျူနဲ့သူ့ချစ်သူတို ၃ပွင့်ဆိုင် ဘယ်လိုကိစ္စတွေဖြစ်လာမလဲဆိုတာ ကိုယ်တိုင်ကြည့်ရှုခံလိုက်ပါဦးညှို့အားပြင်းအလှပိုင်ရှင်မမတွေပါတဲ့အပြင် အိပ်ရာခန်းတွေလည်းပါတာမို့ မိသားစုနဲ့အတူမကြည့်သင့်ပါကြောင်း...File Size :(733 MB) and (252 MB) Quality : WEB-DL  720p Format…mp4 Duration…01:44:00 Genre : Adult, Romance,  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by SD Encoded by DS
movie

[18+]Gyeulhoneui Giwon (2013)

A Tale of Love and Desire (2021) 6.7
A Tale of Love and Desire (2021) A Tale of Love and Desire (2021) ======================= IMDb Rating  6.7/10"သူ(မ)ဟာ မာဂျ်နန်ရဲ့ အိပ်မက် မာဂျ်နန်ရေးခဲ့တဲ့ ကဗျာတိုင်းဟာ သူ့အတွက်ပေါ့။ တစ်နေ့တော့ သူ.. မာဂျ်နန့်ဆီ ပြန်လာခဲ့တယ်။ သူ့ရဲ့ အမျိုးသားဖြစ်သူ ဆုံးပါးသွားခဲ့ပြီ။ သူတို့နှစ်ယောက်ကြားက အတား အဆီးတွေ ပြိုလဲသွားခဲ့ပြီပေါ့၊ သို့ပေမဲ့ မာဂျ်နန်ဟာ သူ(မ)ကို လက်မခံခဲ့တော့ပါ၊ဘာလို့လဲ ... ?မာဂျ်နန်ဟာ သူ့ကို သူ့ကဗျာတွေရဲ့ ဈာန်ဝင်စားမှု တစ်ခု အဖြစ်သာကျန်ရှိနေစေချင်ပါတော့သည်။ နှစ်ဦးသား ဆုံ ဆည်းမှုဟာ ကဗျာတွေရဲ့ ..အနက်ကို ပျက်ပြယ်သွားစေ နိုင်သည်။ ထို့ကြောင့် ... အဆုံးသတ်မှာ ကဗျာဆရာတိုင်းရဲ့ အဟန့်အတားဟာ သူတို့ကိုယ်တိုင်သာ ဖြစ်နေခဲ့တော့ပါသည် .... "ဒီကိုးကားချက်လေးအတိုင်း... အာမက်ဆိုတဲ့ ၁၈ နှစ်အရွယ် စာပေသမားလေးဟာလည်း အရာရာမှာ သိပ်ကို အတွေးများ တတ်သူပါ။ ဆိုတော့ ... မထိတွေ့ဖူးသေးတဲ့ အချစ်နဲ့ကြုံလာ တဲ့အခါ သူ့အတွက် ပို၍ဆိုးလှပါတယ်။ ဖာရာဆိုတဲ့ မိန်းကလေး ဟာ သူ့စိတ်မှာ ကြီးစိုးနေပေမယ့် ဒီကြီးစိုးမှုကြီးကနေ ...
movie

A Tale of Love and Desire (2021)

2021
Northeast Love Brother 2: Endless Love ( 2023 ) 6
Northeast Love Brother 2: Endless Love ( 2023 ) တုန်းပေရဲ့ ၉၀ခုနှစ်ကို နောက်ခံထားထားတဲ့ ခရီးသည်တင်ကားမောင်းတဲ့ ကောင်လေးနဲ့ ဘဲလေးအကမယ်လေး တို့ကြားက အချစ်ဇာတ်လမ်းလေးကို ရိုက်ကူးထားတဲ့ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်တစ်ရက် ခရီးသည်တင်ကားမောင်းတဲ့ ကောင်လေး ရွှီထျယ်ရဲ့ ကားပေါ်မှာ လူပေါင်းစုံစီးကြတဲ့ အထဲမှာမှ ဘဲလေးအကမယ်လေး ချန်လိရှားက ပေါ်လွင်လို့နေပါတယ် ဒါကို ကလိမ်ကချေ တစ်ယောက်က ထိကပါးရိကပါး လုပ်လာတဲ့ အချိန်မှာ ရွှီထျယ်တစ်ယောက် ဝင်ကူညီပေးရင်းနဲ့ ချန်လိရှားနဲ့ စသိခဲ့ပါတယ် ဝင်ကူညီပေးရင်း ခိုက်ရန်ဖြစ်ပွားပြီးတော့ ကလိမ်ကချေကောင်က ကားမှန်ကို ခွဲသွားခဲ့ပါတယ်အဲ့တော့ ရွှီထျယ်တစ်ယောက် ယွမ်1000 လျော်ရဖို့ဖြစ်လာပါတယ် သူ့အပေါင်းသင်းတွေနဲ့ ယွမ်1000 ရဖို့ နည်းလမ်းပေါင်းစုံ စဉ်းစားရင်း ချန်လိရှားရဲ့ အလုပ်ကတ်နဲ့ ကတ်ဆတ်လေးကို သူ့ဆီပြန်ပေးဖို့ကနေ တစ်ဆင့် အကြံထုတ်ရင်း သွားရှာခဲ့ပါတယ်စိတ်ရင်းကောင်းတဲ့ ရွှီထျယ်တစ်ယောက် ချန်လိရှားဆီကနေ ဘယ်လိုမှ အမြတ်မထုတ်နိုင်ခဲ့ဘဲ နှစ်ယောက်သား သံယောဇဉ် ငြိတွယ်ခဲ့ကြပါတယ် ကားမောင်းသမားနဲ့ ဘဲလေးအကမယ်က ဘယ်လိုမှ မလိုက်ဖက်သလိုပဲ ချန်လိရှားရဲ့အမေက သဘောမတူပါဘူး....... ပြဿနာတွေကနေ အစချီတဲ့ အချစ်ဇာတ်လမ်းလေးက အခက်ခဲတွေနဲ့ ကြုံလာရတဲ့ အချိန်မှာ ဘာတွေ ဆက်ဖြစ်လာမှာလဲ ရွှီထျယ်ရဲ့ အပေါင်းသင်းတွေကရော ဘယ်လောက်ထိ ကူညီထောက်ပံ့ပေးခဲ့မှာလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးမှာ ကြည့်ရှုလို့ရပါတယ်နော်........ [ Reviewed ...
movie

Northeast Love Brother 2: Endless Love ( 2023 )

…ing(2003) 7.2
…ing(2003) ...ing (2003)IMDb 7.2 / My Drama List 7.4 အင်္ဂလိပ်ဝေါဟာရ "Present" ဟာ မြန်မာလို "လက်ရှိ" လို့ ဘာသာပြန်လို့ ရသလို "လက်ဆောင်" လို့လည်းဘာသာပြန်လို့ရပါတယ်ကိုယ့်ရဲ့"လက်ရှိ"အချိန်ဟာ ကိုယ်လုပ်ချင်တာတွေ လုပ်ဖို့အတွက်ဘဝကို ပျော်ရွှင်ခံစားဖို့အတွက် ကိုယ်ပိုင်ဆိုင်ထားတဲ့ အကောင်းဆုံး"လက်ဆောင်" ပါပဲအဲ့ဒါကြောင့် "Present is Present❤""လက်ရှိက လက်ဆောင်" လို့ ပြောကြပါတယ်ဒီဇာတ်ကားလေးမှာလည်း သမီးဖြစ်သူ ဘဝကို အဓိပ္ပါယ်မဲ့ ဆွဲဆန့်ရှင်သန်နေရမယ့်အစား လက်ကျန်အချိန်လေးမှာ ဘဝအရသာကိုပျော်ရွှင်ခံစားခွင့်ရအောင် ဖန်တီးပေးခဲ့တဲ့ မိခင်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာကို အသည်းနင့်ဖွယ် တွေ့မြင်ခံစားရမှာပါကိုရီးယားတွေဟာ melodrama အချစ်ဇာတ်လမ်းတွေကို ရိုက်ကူးတင်ပြရာမှာ ထိပ်တန်းမှာ ရှိနေတာ အားလုံးအသိပါနေမကောင်းဖြစ်နေတဲ့ ကောင်မလေးနဲ့ ကောင်လေးရဲ့ အချစ်ဇာတ်လမ်းတွေကိုလည်း မရေနိုင်အောင် ရိုက်ကူးခဲ့ ရိုက်ကူးနေကြဆဲပါဒါပေမယ့် ဒီ "...ing" ရုပ်ရှင်လေးလိုမျိုး ငြိမ့်ငြိမ့်လေးနဲ့ ရင်ထဲနင့်နေအောင်ခံစားရစေတဲ့ ဇာတ်ကားတွေကတော့ ရှားပါတယ်အားလုံးရဲ့ အချစ်ဦး Kim Rae ...
movie

…ing(2003)

The Royal Nanny (2022) 6.9
The Royal Nanny (2022) The Royal Nanny (2022)ငယ်ငယ်တုန်းက ကြည့်ခဲ့ရတဲ့ spy kids တို့ spy next door တို့လိုမျိုး ပေါ့ပေါ့ပါးပါးလဲဖြစ်မယ် ခိုင်မာတဲ့ဇာတ်အိမ်လေးလဲရှိမယ် မိသားစုနဲ့အတူ ပျော်ပျော်ပါးပါး အပန်းဖြေကြည့်ရှုဖို့ဆိုရင်တော့ နောက်ဆုံးထွက်လာတဲ့ ဒီဗြိတိန်ကားလေးကို ညွှန်းဆိုပေးပါရစေ ‌ ဗြိတိန်တော်ဝင်မိသားစုကို အန္တရာယ်ပေးမယ့်သူတွေရှိနေလို့ အနီးကပ်အသွင်ယူအနေနဲ့ ကလယ်ရာဟာ ‌ကလေးထိန်းအဖြစ်တာဝန်‌ထမ်းဆောင်ဖို့ အကြောင်းဖန်လာပါတယ် ဒီခြိမ်းခြောက်မှုကို ကြိုးကိုငါနေတာဘယ်သူလဲဆိုတာ ဇာတ်လမ်းအဆုံးထိ စိတ်ဝင်တစားကြည့်ရှုရမယ့်အပြင် ခရစ္စမတ်လို ဟောလီဒေးvibe ကို ရရှိနေမှာမလို့ ပရိသတ်ကြီးတို့ အပန်းဖြေကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Romance Quality…. 1080p | 720p | 480p File size… 1.5GB | 688MB | 329MB Format… mp4 Duration…. 1h 24min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Sai ...
movie

The Royal Nanny (2022)

2022
(18+)10-Day Lover (2022)
(18+)10-Day Lover (2022) (18+)10-day Lover 2022ဒီတစ်ခေါက်တော့ လူကြီးကားဆိုပေမဲ့ Sex အခန်းသာမပါရင် တကယ့်ကို ကျားမမရွေး ကြည့်သင့်တဲ့ ပညာသားပါတဲ့ ကားလေးကို ညွှန်းပါရစေဇာတ်လမ်းက တက္ကသိုလ်က ဆရာတစ်ယောက်က ကျောင်းသူလေးနဲ့ ချစ်သူဖြစ်တယ် အဲလိုနဲ့ တစ်နေ့တာ့ကျောင်းသူလေးက ကျောင်းနားလိုက်ရတယ် ဘာလို့မှန်းမသိ ကျောင်းသူလေးနဲ့ ဆယ်နှစ်ကျော်ကြာ အဆက်ပြတ်သွားတယ် အဲနောက်မှာ သူငယ်ချင်း အကူအညီနဲ့ အချစ်ဦးရှာဖွေရေး အေဂျင်စီတစ်ခုကနေ အဲကောင်မလေးကို ရှာအတွေ့မှာ ကောင်မလေးနဲ့ တစ်ရက်ကို တစ်နှစ်စာ အချစ် စုစုပေါင်းဆယ်နှစ်စာအချစ်ကို ဆယ်ရက်နဲ့ ဖြေဖျောက်ခဲ့တဲ့ ဇာတ်ကားလေးပါ။ဒါ့အပြင် သူငယ်ချင်းဖြစ်သူရဲ့ မျှော်လင့်မထားတဲ့ သစ္စာဖောက်မှု နဲ့ Are we dating the same girl လို့ ဆိုရလောက်တဲ့ အနေအထားတွေပါ ပါတဲ့ ဇာတ်ကားမို့ ညိုကီတို့ ဘရိုဝီတို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Rookie ပဲ ဖြစ်ပါတယ်။Genre..... Adult, Drama, Romance Quality…. 1080p | 720p ...
movie

(18+)10-Day Lover (2022)

2022
The Last Flight (2009) 5.4
The Last Flight (2009) The Last Flight (2009) ================ဒီဇာတ်ကားလေးကတော့ 1933 ခုနှစ် ဧပြီလ ၁၂ ရက်နေ့မှာ ဆာဟာရကန္တာရထဲ လေယာဉ်ပျက်ကျသွားတဲ့ William Newton Lancaster ခေါ် Bill Lancaster နဲ့ သူရဲ့ ချစ်သူ Jessie Miller အကြောင်းကိုအခြေခံပြီးဇာတ်အိမ်တည်ထားတဲ့ Le Dernier Vol ဆိုတဲ့ ဝတ္ထုလေးကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်ဆောင်တွေအနေနဲ့ကတော့ ကျွန်တော်တိုငယ်စဉ်က သည်းခြေ ကြိုက် “Taxi” ကား အပါအဝင် ဇာတ်လမ်းကောင်းပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ထားပြီး ဆုတွေအများကြီးကိုသိမ်းပိုက်ထားတဲ့ မင်းသမီး Marion Cotillard ပါဝင်သလို၊ “Love Me If You dare” အပါအဝင် အခြားဇာတ်လမ်းကောင်းများတွင်လည်း သရုပ်ဆောင်၊ ဒါရိုက်တာ အဖြစ် လျှောက်လှမ်းလာပြီး ဆုတွေလည်းအများကြီး ရခဲ့ ဖူးတဲ့ မင်းသား Guillaume Canet တို့က လိုက်ဖက်ညီစွာ ပါဝင်သရုပ် ဆောင်ထားတာကိုတွေ့မြင်ရမှာပါ။ဇာတ်ကားလေးရဲ့ အဓိကချပြထားတဲ့အကြောင်းအရာကတော့ ဘေလ်ရဲ့ ချစ်သူ မာရီးဟာ ဘေလ်ကို မနားမနေ ရှာဖွေရင်း ဒုက္ခမျိုးစုံကို အံတုကာ အချစ်ဆိုတဲ့အကြောင်းကို ...
movie

The Last Flight (2009)

2009
About Joan (2022) 6
About Joan (2022) About Joan (2022)IMDb 6.2 ရထားတဲ့ ပြင်သစ်ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ဂျိုအန်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးပြထားတာပါ။ ပြင်သစ်ကားတွေရဲ့ ထုံးစံအတိုင်း Love and Relationship ကို အနုပညာမြောက်အောင် တင်ပြထားတာပါ။ဂျိုအန် ဆိုတဲ့ အမျိုးသမီး က အသက်ငယ်ရွယ်တဲ့အချိန်မှာ အချစ်ဦး နဲ့ ရင်သွေးကလေး ရသွားခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် သူ့ချစ်သူနဲ့ကွဲသွားပြီး ပြန်ဆုံတဲ့အချိန်ရောက်တော့လည်း သူ့ချစ်သူမှာ သက်ဆိုင်သူအသစ်ရှိနေပါပြီ။ ဒီတော့ ဂျိုအန်တစ်ယောက် ရည်းစားဦးကို ဖွင့်မပြောဘဲ ထားခဲ့ပါတယ်။ ဒီကြားထဲ မိခင်ဖြစ်သူက နောက်ယောက်ျားနဲ့ဖောက်ပြန်ပြီး သူတို့မိသားစုကို ထားသွားပါတယ်။ အဲဒီလို စိတ်ဒဏ်ရာတွေနဲ့ ဂျိုအန်တစ်ယောက် သူ့သားနဲ့အတူတူ ဘဝကို ဘယ်လိုဖြတ်သန်းခဲ့လဲဆိုတာကို အတိတ်ကို ပြန်တွေးတဲ့ပုံစံနဲ့ ရိုက်ကူးပြထားပါတယ်။ Single Mom ဖြစ်တဲ့ ဂျိုအန်ရဲ့ ဘဝဖြတ်သန်းပုံ အသေးစိတ်ကို အနုပညာရသမြောက်အောင် ဘယ်လိုဖန်တီးထားတယ် ဆိုတာတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုခံစားလိုက်ပါနော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre.....Drama, Romance Quality…. 1080p ...
movie

About Joan (2022)

2022
Heavenly Forest(2006) 7.4
Heavenly Forest(2006) Heavenly Forest (2006) ================ ဒီဇာတ်ကားဟာ စာရေးဆရာ Takuji Ichikawa ရေးသားထားတဲ့ (Collage of Our Life - Another Story) ဆိုတဲ့ ၀တ္ထုကိုအခြေခံပြီး ရိုက်ကူးထားတဲ့ Romance,Drama ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းပြောရရင် အနေအေးပြီး အရမ်းရှက်တတ်တဲ့ ကျောင်သား မာကိုတို ဟာ ဓာတ်ပုံရိုက်ဝါသနာပါသူ တစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့တက္ကသိုလ်ပထမဆုံးနှစ်မှာ အပေါင်းအသင်းမရှိဘဲ အချိန်အတော်ကြာတဲ့အထိ တစ်ယောက်တည်း ကျင်လည်နေခဲ့ရင်းကနေ တစ်ရက်မှာတော့ ရှိဇူရူဆိုတဲ့ ကျောင်းသူလေးတစ်ယောက်နဲ့ အမှတ်မထင် တွေ့ဆုံပြီး သူငယ်ချင်းတွေဖြစ်သွားခဲ့ပါတယ်။သိပ်မကြာခင်မှာပဲ ကျောင်းအလှပဂေးလေးဖြစ်တဲ့ မိယုကိတို့ ဘော်ဒါအုပ်စုထဲ မာကိုတိုရောက်သွားပြီး အချောအလှ မိယုကိကို ကြိတ်သဘောကျမိသွားတဲ့အချိန်မှာ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေး စတင်ခဲ့ပြီး တက္ကသိုလ်ကျောင်းသားဘ၀ကို ဘယ်လိုမျိုး အတူတကွကုန်ဆုံးကြမလဲ၊ ဘယ်သူ့ရဲ့အချစ်ကို ဘယ်သူကလက်ခံသွားမလဲဆိုတာကို ကြည့်ရှုရမှာပါ။ဂျပန်ကားတို့ရဲ့ထုံးစံအတိုင်း Happy Ending မဟုတ်သော်ငြားလည်း ဝမ်းနည်းပြီး ရင်ထဲတစ်ခုခုကျန်ခဲ့ချင်တဲ့ ပရိတ်သတ်များအတွက် ဇာတ်အိမ်ခိုင်ပြီး နောင်တမရစေနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားအဖြစ် ညွှန်းဆိုလိုက်ပါရစေ။ File size…2.6GB / 987MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 56m Subtitle….Myanmar Subtitle(Hard ...
movie

Heavenly Forest(2006)

2006
Oh! My Assistant: The Movie (2023)
Oh! My Assistant: The Movie (2023) Oh! My Assistant : The Movie (2022)ရင်ခုန်ဖို့ကောင်းပြီး ပေါ့ပေါ့ပါးပါး ဟာသ‌လေးနှောထားတဲ့ Korea BL Movie လေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ ရှင်းဆွန်းဟိုကတော့ လူကြီးပိုင်းကာတွန်းတွေကိုရေးရာက‌နေ နာမည်ကြီးလာတဲ့ကာတွန်းဆရာတစ်ယောက်ဖြစ်ပါ။ အလုပ်တွေပုံလာတဲ့ ဆွန်းဟိုတစ်ယောက် လက်ထောက်တစ်ယောက်ငှားဖို့ဆုံးဖြတ်လိုက်တဲ့အချိန်ကစပြီး သူ့ကမ္ဘာထဲကို အေးတိအေးစက်ပုံစံပေါက်ပေမယ့်ကြင်နာတတ်တဲ့ ကောင်လေးတစ်ယောက်ဝင်လာခဲ့ပါတော့တယ်။ဂိုမူယောင်းကတော့ ကာတွန်းဆရာရှင်းဆွန်းဟိုရဲ့ အကြီးစားဖန်ဖြစ်တာမို့ လက်ထောက်လုပ်ဖို့ဆုံးဖြတ်လိုက်တဲ့ Bisexual ကောင်လေးပါ။ ကာတွန်းဆရာရှင်းဆွန်းဟိုကို တိတ်တိတ်လေးသဘောကျနေတဲ့ မူယောင်းရယ် ဆွန်းဟိုတို့ရဲ့ကြားမှာ အရက်သောက်ရင်းအတူတူရှိဖြစ်ခဲ့ကြတဲ့ညကစပြီး တွယ်ငြိတဲ့ခံစားချက်တွေက ပိုပိုတိုးလာပါတော့တယ်။ မူယောင်းရဲ့ ငယ်ငယ်ကတည်းကခ‌င်ရတဲ့ ဂျွန်ဆော့ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ကလည်း မူ‌ယောင်းအပေါ်စပြီး သဘောကျလာမိတဲ့အခါ .....၃ ပွင့်ဆိုင်အချစ်ကို ဟာသနှောထားတဲ့ဇာတ်လမ်းလေးမို့ သေချာပေါက်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတကတော့ Shin Shin, Cali, Thantsin, Lai Laii တို့ပဲ ဖြစ်ကြပါတယ်။Genre..... BL, Drama, Romance Quality…. 1080p | 720p | 480p File size… 1GB ...
movie

Oh! My Assistant: The Movie (2023)

Sumeru (2021) 7.5
Sumeru (2021) Sumeru ( 2021 ) IMDb 7.5/10အခုတစ်ခေါက်မှာတော့ လွန်ခဲ့တဲ့နှစ်နှစ်ကထွက်ရှိခဲ့တဲ့ ကြည်နူးဆွတ်ပျံ့ဖွယ်အချစ်ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ဆာဗီဆိုတဲ့ သူဌေးသမီးလေးတစ်ယောက်ရှိပါတယ်..သူ့ရဲ့သူတို့သားလောင်းနဲ့အတူ အိပ်မက်‌ထဲကမင်္ဂလာပွဲကိုကျင်းပဖို့ တောင်ပေါ်ဒေသလေးတစ်ခုကို ရောက်ရှိလာခဲ့တာပါ။ဒါပေမဲ့ သူ့ရဲ့မင်္ဂလာပွဲဟာ မိဘတွေစီစဉ်ပေးထားတဲ့ မင်္ဂလာပွဲသက်သက်ဖြစ်တာကြောင့် စိတ်ညစ်ညစ်နဲ့ ခြေဦးတည့်ရာထွက်လာလိုက်ရင်း တောအုပ်ထဲမှာလမ်းပျောက်သွားပါတော့တယ်။အဲ့ဒီအချိန်မှာပဲ အကူအညီတောင်းဖို့လူလိုက်ရှာရင်းဆုံတွေ့လိုက်ရတာက ဘာဗာဆိုတဲ့လူတစ်ယောက်ပါ။ သူကရော ဒီတောအုပ်ထဲကိုဘာအကြောင်းကြောင့်ရောက်နေရတာလဲ... သူတို့နှစ်ဦးကြားမှာ ဘယ်လိုဇာတ်လမ်းလေးတွေရှိလာမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ File size…1.9GB / 858MB Quality…1080p WEBRIP /720p Format…mp4 Duration….1h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor 
movie

Sumeru (2021)

2021
0.1% World (2022) 6.4
0.1% World (2022) 0.1% World (2022)2022 February 14 ရက်နေ့ မှာထွက်ရှိခဲ့တဲ့ တရုတ် Romance ဇာတ်ကားလေးကို နီးကပ်လာပြီဖြစ်တဲ့ Valentine's Day အတွက် ကြည့်ရှုခံစားလို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကြောင်းအရာကတော့ ကိုယ့်ဘဝထဲက လူတွေအားလုံးရဲ့ 0.1 ရာခိုင်နှုန်းကသာ ကိုယ့်ကို အမှန်တကယ် အလေးအနက်ထားလေ့ရှိတယ် ဆိုတဲ့ အယူအဆအပေါ် ရိုက်ကူးထားတဲ့ ရိုမန့်ဇာတ်ကားလေးပါ။"အန်းရိ" ဆိုတဲ့ကောင်မလေးက လက်ထောက် Architect တစ်ယောက်ဖြစ်ပြီးတော့ အလုပ်မှာအောင်မြင်မှု မရသေးတဲ့ကောင်မလေးပါ။ အလုပ်ထဲက စီနီယာဖြစ်တဲ့ အစ်ကိုချန်ကို သဘောကျနေပေမဲ့ ဖွင့်မပြောရဲသေးပါဘူး။ တစ်နေ့မှာတော့ ဆိုက်ထဲကိုသွားရင်းနဲ့ မတော်တဆဖြစ်ပြီး ခေါင်းကို ပြင်းပြင်းထန်ထန် ခိုက်မိသွားပါတယ်။ပြန်နိုးလာတဲ့အခါမှာတော့ သူဟာ မိုင်ပေါင်းများစွာဝေးကွာတဲ့ ဂျာမနီက "ကောင်းအန်း"ဆိုတဲ့ကောင်လေးနဲ့ စိတ်ချင်းဆက်သွားပါတယ်။ သူတို့၂ယောက်က တစ်ချိန်လုံး တစ်ယောက်ပြောတဲ့စကားကို တစ်ယောက်က ကြားနေရပါတယ်။ ဒါ့အပြင် တစ်ယောက်က နှလုံးခုန်နှုန်း အကြိမ်၁၀၀ထက်ကျော်သွားရင်လည်း တစ်ဖက်လူရဲ့ လှုပ်ရှားမှုကိုပါ ...
movie

0.1% World (2022)

2022
On the Road(2012) 6.0
On the Road(2012) On The Road (2012)================IMDb-6/10ဒီဇာတ်လမ်းလေးက အမေရိကန်စာရေးဆရာ Jack Kerouac ရဲ့“ On the Road” ဆိုတဲ့ အထင်ကရစာအုပ်ကို အခြေခံပြီးရိုက်ကူးထားပါတယ် ။ စာအုပ်ထဲမှာ ဆိုရင် Jack က ဆယ် အဖြစ်နဲ့သူ့သူငယ်ချင်း စာရေးဆရာ Allen Ginsberg ကို ကာလို အဖြစ်နဲ့တခြားသူငယ်ချင်းတွေနဲ့ ခရီးတွေ သွားဖြစ်ကြတဲ့အကြောင်း ၊ကြုံရဆုံရ လူ့ဘဝအကြောင်းတွေကို ရေးသားထားပါတယ်။ ဒါကိုဒါရိုက်တာ Walter Salles က သူ့ရဲ့ ရုပ်ရှင်ရုပ်ရှင်ပိတ်ကားထက်မှာပညာသားပါပါ အနုပညာပညာဆန်ဆန် ရိုက်ကူးပြသထားပါတယ်။လူငယ်စာရေးဆရာ ဆယ် ပါရာဒိုက် ဟာ သူ့အဖေသေဆုံးပြီးနောက်စာရေးဖို့ စိတ်ကူးဉာဏ်တွေ ပျောက်ဆုံးနေတဲ့အချိန်…ဒင်း နဲ့ တွေ့ဆုံပြီးစိတ်တူကိုယ်တူ သူငယ်ချင်းတွေ ဖြစ်သွားကြပါတယ်။ ဒင်း ကဆေးသုံးတယ် မိန်းမလိုက်စားတယ် အရှုပ်ထုပ်တွေ လုပ်တတ်တဲ့ သူပါ။ဆယ် တစ်ယောက် ဒင်းနဲ့ အတူ အမေရိကတစ်ခွင်က ...
movie

On the Road(2012)

The Words(2012) 7.0
The Words(2012) The Words(2012)============== ဒီဇာတ်ကားလေးကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရုန်းကန်ကြိုးစားနေရတဲ့စာရေးဆရာတစ်ယောက်ဟာ ကိုယ်တိုင်မရေးခဲ့တဲ့စာမူနဲ့အကြီးအကျယ်အောင်မြင်မှုရသွားခဲ့ပြီးတဲ့နောက် ကိုယ်ကျင့်တရားနဲ့ပတ်သက်တဲ့ရွေးချယ်မှုတွေနဲ့ရင်ဆိုင်ကြုံတွေ့ရတဲ့အကြောင်းကို ပြန်ပြောပြထားတာပဲဖြစ်ပါတယ်။Bradley Cooper က သူ့ရဲ့ဇာတ်ရုပ်ကိုကောင်းကောင်းကြီးသယ်သွားပြီးတော့အတွင်းပိုင်းမှာရုန်းကန်ကြိုးစားရတဲ့အခြေအနေကိုကောင်းကောင်းပုံဖော်ပြသွားနိုင်ပါတယ်။ တကယ့်ကိုပြင်းထန်ပြီးတော့စိတ်ပိုင်းဆိုင်ရာအရညှင်းပန်းနှိပ်စက်ခံနေရတဲ့ပုံစံကို Bradley Cooper ကပုံဖော်သရုပ်ဆောင်ပြသွားနိုင်တာက ကြိုဆိုရမယ့်အပြောင်းအလဲတစ်ခုပဲဖြစ်ပါတယ်။ဖန်လုံအိမ်ထဲမှာ အရာရာကိုပြန်အဆင်ပြေအောင်ကြိုးစားနေတဲ့သူ့ရဲ့သရုပ်ဆောင်ချက်တွေကရင်သပ်ရှုမောလောက်စရာပါပဲ။ဒီ The Words ဆိုတဲ့ရုပ်ရှင်ကားမှာ ကြည့်ရှုဖို့ထိုက်တန်တဲ့သရုပ်ဆောင်ချက်တွေအများကြီးပါဝင်နေတာမို့ တစ်ခါလောက်မြည်းစမ်းကြည့်ရှုဖို့တိုက်တွန်းချင်ပါတယ်။ File size…1.72GB / 744MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 42m Genre ..... Mystery , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Wai Wai Thin
movie

The Words(2012)

Big Joy Event ( 2023 ) 5.9
Big Joy Event ( 2023 ) အခုတစ်ခေါက် CM က Big Joy Event ဆိုတဲ့ ဟာသကားလေး တစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ကားပြင်ဆရာလီတကျွင်းနဲ့ လက်သည်းအလှပြင်သူ လျိုမိန်တို့ ချစ်သူနှစ်ယောက်ဟာ စေ့စပ်ပွဲနေ့မှာ မင်္ဂလာပွဲနေ့ကို သတ်မှတ်ခဲ့ကြတယ်။ တစ်ချိန်တည်းမှာပဲ လီတကျွင်းဟာ ယောက္ခထီးကြီးဖြစ်သူ လျိုခဲ့ကျန်ရဲ့ စိန်ခေါ်မှုကြီး တစ်ရပ်ကို လက်ခံခဲ့ရတယ်။ တင်တောင်းငွေ ၅ သိန်းတဲ့။လီတကျွင်းအတွက်တော့ နှစ်ဝက်အတွင်း ၅ သိန်းရဖို့က မဖြစ်နိုင်တဲ့ တာဝန်ကြီးတစ်ခုပါ။ ထိုနောက် လီတကျွင်းနဲ့ လျိုမိန်တို့ပူးပေါင်းပြီး လျိုခဲ့ကျန်ကို တိုက်စစ်ဆင်ပါတော့တယ်။လူငယ် နှစ်ယောက်က ရှေးဟောင်း အတွေးအခေါ်တွေကို ဘယ်လို ကျော်ဖြတ်ကြမလဲ...... သူတိုနှစ်ယောက် မင်္ဂလာပွဲကို အောင်မြင်စွားကျင်းပနိုင်ပါမလား...... ဆိုတာကို ဇာတ်လမ်းလေးနဲ့အတူ ရယ်မောကြည့်ရှုကြရအောင်နော်။ [ Reviewed By Moon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy , Romance Runtime : 1h 27 min Subtitle : Myanmar ...
movie

Big Joy Event ( 2023 )

Beau Pere(1981) 6.9
Beau Pere(1981) StepFather (1981) =============အခုမိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ ၁၉၈၁ ခုနှစ်ကထွက်ရှိထားတဲ့ ပြင်သစ်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။၁၉၈၁ ခုနှစ်ကထွက်ရှိထားပေမယ့် အခုချိန်အထိ ရှိ‌နေသေးတဲ့အဖြစ်အပျက်တွေကို ပညာပေးရိုက်ကူးထားတာကြောင့်ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားမှာ ရယ်မီဆိုတဲ့စန္ဒရားတီးတဲ့သူဟာ သူ့မိန်းမမာထင်န်ဆုံးပါးသွားတဲ့အခါမှာ သူ့ရဲ့မယားပါသမီးလေးမာရီယွန်ကို စောင့်ရှောက်ဖို့ဖြစ်လာပါတော့တယ်။ မာရီယွန်ဟာ၁၄နှစ်ပဲရှိသေးပြီး မိခင်ဆုံးပါးပြီးတဲ့နောက် ပထွေးအပေါ် အလွန်အမင်းတွယ်တာစိတ်တွေ၀င်လာပါတော့တယ်။ သူ့ရဲ့တွယ်တာမှုတွေဟာ သာမာန်ထက်ပိုလာတဲ့အခါမှာတော့ ရယ်မီတစ်ယောက်အနေကြပ်ပါတော့တယ်။ ဒီလိုနဲ့ မိန်းမမရှိတော့တဲ့ ရယ်မီနဲ့လူကြီးစိတ်၀င်လာတဲ့ သမီးလေး မာရီယွန်တို့ကြားဘယ်လိုမျိုးစခန်းသွားကြမလဲဆိုတာကို ကိုယ်တိုင်ပဲကြည့်ရှုခံစားကြည့်ပါခင်ဗျာ။File size…1.36GB / 538MB Quality…WEB-DL 1080p / 720p Format…mp4 Duration….2h 3m Genre ..... Comedy / Drama / Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka
movie

Beau Pere(1981)

Badrinath (2011) 4.4
Badrinath (2011) Badrinath 2011 -----------------------------ဘောလိဝုဒ် ဇာတ်ကားကောင်းတွေပဲကြည့်ရှုတတ်တဲ့ ပရိသတ်များအတွက် မင်းသားချော Allu Arjun ရဲ့ 2011ကထွက်ရှိထားတဲ့ Romance, Action ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။အရည်အချင်းရှိပြီးထက်မြတ်လှတဲ့စစ်သည်တော်တစ်ယောက်အဖြစ် ဘုန်းတော်ကြီးတစ်ပါးမှ လေ့ကျင့်ပေးထားတဲ့ ဘဒ်ဒရီတစ်ယောက်ဟာ တိုက်ရေးခိုက်ရေးမှာ ရန်သူ ၁၀၀ကို မျက်စိမှိတ်တိုက်ခိုက်နိုင်တဲ့အထိ နှလုံးရေပြည့်ဝလှပါတယ်။ "ဘဒ်ဒရီနတ်" ဘုရားကျောင်းကို စောင့်ရှောက်ပေးဖို့ တာဝန်ရရှိခဲ့ပြီး တစ်နေ့မှာ ဘုရားတွေကိုအယုံအကြည်မရှိတဲ့ ဘာသာမဲ့သူဌေးမလေး အလက္ကန်နန္ဒာရောက်လာပြီးတဲ့နောက်မှာ မတည့်ကြတဲ့သူတို့တွေ ချစ်ကြိုးသွယ်သွားမလား။ ဘယ်လိုရန်သူအနှောင့်အယှက်တွေပေါ်လာမလဲဆိုတာ ဇာတ်လမ်းဇာတ်အိမ်ကောင်းမွန်စွာကြည့်ရှုရမှာပါ။ US$ 5.3 million အကုန်ကျခံရိုက်ထားပြီး အဲဒီခေတ်အခါတုန်းက ကုန်ကျစရိတ်အများဆုံး ဇာတ်ကားများထဲက တစ်ကားဖြစ်ခဲ့ပါတယ်။သရုပ်ဆောင်ချက်၊ တိုက်ခိုက်ခန်း၊ ကခန်းတွေလည်း မြိုင်ဆိုင်လှတဲ့အပြင် မင်းသားချော Allu Arjun ရဲ့ ဆံပင်ပုံစံကလည်း တမျိုးလေးဆန်းနေပြီး အတော်လေးလိုက်ဖက်နေတဲ့အတွက် အမာခံပရိသတ်များအဖို့ သဘောတွေ့စေမဲ့ ဇာတ်ကားကောင်းလေးအဖြစ် ညွှန်းပေးပါရစေ။ File size…4.26GB / 1.98GB Quality…1080p BluRay / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor 
movie

Badrinath (2011)

Always (2022) 7.0
Always (2022) Always (2022)************အချစ်ဇာတ်ကားလေးတွေကို ရှာနေတဲ့ ရုပ်ရှင်ချစ်သူတို့အတွက် Always ဆိုတဲ့ ဖီလစ်ပိုင်.ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။အက်စီးဒန့်ကြောင့် အန်နာဆိုတဲ့ကောင်မလေးဟာ အမြင်အာရုံပဲဆုံးရှုံးခဲ့တာမဟုတ်ဘဲ မိဘနှစ်ပါးကိုပါ ဆုံးရှုံးခဲ့ရတယ်။ ခက်ခဲလှတဲ့ဘဝဆိုပေမယ့်သူမကတော့ အတတ်နိုင်ဆုံးပျော်အောင်နေပြီး ဖြတ်သန်းနေလေရဲ့...သူတို့နေတဲ့ ကွန်ဒိုမှာ လီနိုက ဂိတ်စောင့်ပေးရင်း အန်နာဆိုတဲ့ မျက်မမြင်ကောင်မလေးနဲ့ ရင်းနှီးသွားပြီး ချစ်မိသွားတဲ့အခါမှာတော့...သူတို့၂ယောက်ဘယ်လိုဆက်ဖြစ်ကြမလဲ..လျှို့ဝှက်ချက်တွေရော ရှိမလား.. File Size : (1.54 GB) and (574 MB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:48:00 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Kit Encoded by Phyo Pyae
movie

Always (2022)

Stuck in Love (2012) 7.2
Stuck in Love (2012) Stuck in Love (2012)================ IMDb 7.2 / Rotten Tomatoes 58%မင်းသမီးချောလေးတွေဖြစ်တဲ့ Gennifer Connelly နဲ့ Lily Collins တို့အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားလေး Stuck in Loveဇာတ်လမ်းလေးကတော့...ဇနီးဟောင်းကို မေ့မရနိုင်ဖြစ်နေတဲ့ နာမည်ကျော်စာရေးဆရာ ဘေးလ်မိဘတွေရဲ့ အိမ်ထောင်ရေးကွာပြဲမှုကြောင့် ချစ်ရမှာ ကြောက်နေတဲ့သမီးဖြစ်သူ ဆမ်တစ်ယောက်ဆို တစ်ယောက် စွဲစွဲလမ်းလမ်းချစ်တတ်တဲ့သားဖြစ်သူ အချစ်သမားလေး ရက်စတီ Stuck in Love ဆိုတဲ့အတိုင်းအချစ်နွံနစ်ကြမယ့် သားအဖသုံးယောက်ရဲ့ ဇာတ်လမ်းလေးကိုနှစ်သက်ဖွယ် ကြည့်ရှုရမယ့် Romance / Drama ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်.. File size…1.36GB / 544MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 37m Genre ..... Crime , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie

Stuck in Love (2012)