Movies
Series
Movie Request
Report Dead Link
How To Download
DMCA
Movies
Series
Movie Request
Report Dead Link
How To Download
DMCA
Years
Movies
Series
Movie Request
Report Dead Link
How To Download
DMCA
1990
6.4
The Hot Spot (1990)
6.4
IMDB:
6.4/10
9,613 votes
movie
The Hot Spot (1990)
1990
7.0
Vincent & Theo (1990)
Vincent And Theo (1990) ၁၉ရာစုဝန်းကျင်မှာ ပေါ်ပောက်ခဲ့တဲ့ သမိုင်းရဲ့ လူသိအများဆုံး ပန်းချီဆရာ ပန်းခ်ျီကို ရူးသွပ်ကြသူတိုင်း ချစ်မြတ်ကြတဲ့ ပန်းချီဆရာ ဗင်းဆင့်ဗန်ဂိုးအကြောင်းကို တင်ဆက်ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေဆိုတာလည်း မနည်းတော့ပါဘူး။ CMမှာတင် လေးငါးကား တင်ဆက်ပြီးပါပြီ... ဗင်းဆင့်ကား အများစုဟာ ဗင်းဆင့်ရဲ့ ဒုက္ခတွေကိုပဲ ပြသွားတာများပေမယ့် ဒီ ကားမှာတော့ (မသေခင်မအောင်မြင်ခဲ့ တစ်ပြားမှမရခဲ့တဲ့ ပန်းချီကားတွေဟာ သေလွန်ဆုံးပါးပြီးတဲ့နောက် တစ်ကား ၆၆သန်းအထိရခဲ့တဲ့ အောင်မြင်မှုရဲ့နောက်ကွယ်က ဗင်းဆင့်အပေါ် ဗင်းဆင့်ရဲ့ညီ သီအိုဗန်ဂိုးရဲ့အနစ်နာခံခဲ့မှုတွေကို ဒီရုပ်ရှင်မှာတော့ သေချာပြသသွားပါတယ်။) "ဘယ်နေရာမဆို တစ်ဖက်စွန်းရောက်ရင် တစ်ယောက်တော့ နစ်နာရစမြဲ"ဆိုတဲ့ စိုင်းခမ်းလိတ်ရဲ့ စာသားကလေးလိုပါပဲ။ အနုပညာကို တစ်ဖက်စွန်းရောက်ရူးသွပ်လွန်းတဲ့ ဗင်းဆင့်အတွက် နစ်နာရတဲ့လူတစ်ယောက်ရှိခဲ့တယ်ဆိုရင် အဲ့ဒီလူက သီအိုပါပဲ။ ဒီကားမှာ ဗင်းဆင့်အကြောင်းပြောရင် မပါမဖြစ်တဲ့လူတွေဖြစ်တဲ့ ပန်းချီဆရာ ပေါဂေါ်ဂင်တို့ ဒေါက်တာဂါးချက်တို့နဲ့ ဗင်းဆင့်ဆက်ဆံရေးကို လက်တွေ့ဆန်ဆန်ပြထားသလို... ဗင်းဆင့်ရဲ့ နာမည်ကျော်အကြောင်းအရာတွေဖြစ်တဲ့ ပြည့်တန်ဆာမကိုကြိုက်တာတွေ နားရွက်ဖြတ်တာတွေ စိတ်ကျန်းမာရေးဆေးရုံသွားရတာတွေကို လက်တွေ့နဲ့ အနီးစပ်ဆုံးပြထားပါသေးတယ်။ သီအိုရဲ့ အလုပ်ဖြစ်တဲ့ ထိုခေတ်ထိုအခါက ပန်းချီကား ရောင်းဝယ်မှုအကြောင်းကိုလည်း ...
7.0
IMDB:
7.0/10
3,399 votes
movie
Vincent & Theo (1990)
1990
5.8
Child’s Play 2 (1990)
1990 ကထွက်ရှိခဲ့တဲ့ child's play 2 ဖြစ်ပါတယ်.... ဒီကားမှာတော့ Chucky ဘယ်လိုတွေဆိုးသွမ်းလာမလဲဆိုတာ ဆက်လက်ပြီးကြည့်ရတော့မှာပါ... File Size : (837 MB) and (294 MB) Quality : 720p Bluray Running Time : 1hr 24min Format : Mp4 Genre :Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by d3mon Encode by Moe Myint Lwin
5.8
IMDB:
5.8/10
39,609 votes
movie
Child’s Play 2 (1990)
1990
BluRay 720p
7.8
Misery (1990)
စာရေးဆရာကြီး Stephen Kingရဲ့ Miseryဝတ္ထုကိုပြန်ရိုက်ထားတဲ့ ဒီရုပ်ရှင်ဟာ Horrorရုပ်ရှင်တွေထဲမှာတော့ ပြောစမှတ်တွင်ခဲ့တဲ့ရုပ်ရှင်ပါ။ ဒီဇာတ်ကားထဲက စိတ္တဇအမျိုးသမီးကြီးနေရာကသရုပ်ဆောင်တဲ့ မင်းသမီးကြီး Kathy Batesလဲ ဒီဇာတ်ကားနဲ့ပဲ အော်စကာဆု၊ ရွှေကမ္ဘာလုံးဆုတွေ ရခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း >>>> စာရေးဆရာ ပေါလ်ရှယ်ဒန်က မစ္စရီဆိုတဲ့ အမျိုးသမီးဇာတ်ကောင်အကြောင်း အသားပေးရေးထားတဲ့ လုံးချင်းဝတ္ထုတွဲတွေနဲ့ လူကြိုက်များအောင်မြင်တဲ့ စာရေးဆရာကြီးတစ်ယောက်ပေါ့။ ဒါပေမယ့် ကြာလာတော့ မစ္စရီအကြောင်းရေးရတာ ငြီးငွေ့လာလို့ ပေါလ်ရှယ်ဒန်က သူ့ရဲ့နောက်ဆုံးထွက် မစ္စရီဝတ္ထုမှာ မစ္စရီဇာတ်ကောင်ကို သတ်ပစ်လိုက်တယ်။ ပြီးတော့သူ့ရဲ့ ဝတ္ထုအသစ်ကို လူသူမနီးတဲ့ ဟိုတယ်လေးမှာသွားရေးနေတုန်း သူ့သမီးလေးမွေးနေ့အတွက် နယူးယောက်ကိုပြန်အလာမှာ နှင်းမုန်တိုင်းမိပြီးကားမှောက်သွားခဲ့တယ်။ ခြေတွေလက်တွေနံရိုးတွေကျိုးပြီး နှင်းမုန်တိုင်းထဲမှာ သတိလစ်ပြီးသေစစဖြစ်နေတဲ့ သူ့ကို အန်နီဝစ်ဆိုတဲ့မိန်းမကြီးက ကယ်ဆယ်ပေးခဲ့ပါတယ်။ သတိရလာတော့ သူ့ကိုကယ်ခဲ့တဲ့အန်နီဝစ်က သူနာပြုဟောင်းတစ်ယောက်ဖြစ်တဲ့အပြင် သူ့ရဲ့မစ္စရီဝတ္ထုတွေကိုအရူးအမူးစွဲလမ်းအားပေးတဲ့ အကြီးစားပရိတ်သတ်တစ်ယောက် ဖြစ်နေတာကြောင့် စိတ်သက်သာရာရခဲ့ပေမယ့်လဲ.... စာရေးဆရာဟာ တဖြေးဖြေးနဲ့ဆိုသလို အန်နီဝစ်ရဲ့ပုံမှန်မဟုတ်တဲ့အပြုအမူတွေကို သတိထားမိလာပါတယ်။ ဒါ့အပြင် အန်နီဝစ်ဟာ မစ္စရီဇာတ်ကောင်ကို ပုံမှန်ထက်ပိုပြီးချစ်ခင်စွဲလမ်းနေတာကိုလဲ သတိထားမိလာပြီး...နောက်ဆုံးထွက်မစ္စရီစာအုပ်မှာ မစ္စရီသေသွားတာကို အန်နီဝစ်တစ်ယောက်သိသွားချိန်မှာ... ဒီဇာတ်ကားဟာ သွေးသံရဲရဲအခန်းတွေ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေ ပါဝင်တာကြောင့် R ratedသတ်မှတ်ထားပါတယ်။ Horrorရုပ်ရှင်တွေ မကြိုက်ရင်တောင် ဒီကားက Horror,Drama,psycho thriller အချိုးကျကျပေါင်းစပ်ထားပြီး Kathy Batesရဲ့ လက်ဖျားခါလောက်တဲ့ သရုပ်ဆောင်ပီပြင်မှုတွေကြောင့် ကြည့်ကိုကြည့်သင့်ပါတယ်။ ယုတ္တိမရှိ ပေါပေါပဲပဲ jump scareတွေတစ်ကွက်မှမပါပဲ ကြည့်ရတဲ့သူကို ရင်တလှပ်လှပ်ဖြစ်စေမှာပါ။ ဒါကြောင့် Horrorရုပ်ရှင်တွေကိုမြတ်နိုးသူတွေအဖို့ Miseryဟာလုံးဝစိတ်ပျက်စေရမှာမဟုတ်ကြောင်း ကတိပေးလိုက်ရပါတယ် ဒီရုပ်ရှင်ကားကို Kaung Khant Win က ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲကိုယ်တိုင်ရေးပေးထားပါတယ်
7.8
IMDB:
7.8/10
163,377 votes
movie
Misery (1990)
1990
7.0
Pretty Woman (1990)
IMDb (7/10) Pretty Woman ဇာတ်လမ်းက အချစ် အပျော်လေးပေါ့။ escortမလေး (ခေတ်စားနေတဲ့ စကားနဲ့ဆို ရွှေကြာလေး) Vivian နဲ့ အကြောင်းအပေါင်းကြုံလို့ တွေ့ဆုံခဲ့တဲ့ ချမ်းသာတဲ့ စီးပွားရေးသမား Edward တို့ရဲ့ ခေတ်သစ် စင်ဒရဲလားပုံပြင်လေး။ အဆင့်မတူ ကြီးပြင်းပုံမတူ အပြုအမူမတူတဲ့သူနှစ်ဦးရဲ့ မဖြစ်နိုင်တဲ့ အချစ်ဇာတ်လမ်းလေး။ ကြည်နူးစရာကောင်းတယ်။ ငယ်ငယ်တုန်းက ကြည့်တုန်းကတော့ Julia Roberts ချောလိုက်တာ Richard Gere က စိတ်ကူးယဉ်စရာ Prince on the White Horse ပေါ့။ ခုနောက်ပိုင်း ဒီအလုပ်လုပ်တဲ့ မိန်းကလေးတွေအကြောင်း ရုပ်ရှင်တွေ ထွက်လာတိုင်း Pretty Woman နာမည်ကို ပြန်ပြန်ဖော်လာကြတော့ နည်းနည်းထူးဆန်းသွားတယ်။ ကိုယ်ကြည့်တုန်းက ရွှေကြာဆင်ပယ်သိုက်ဇာ လို့ မခံစားခဲ့ရဘူးလေ။ အဲ့တာနဲ့ ပြန်ကြည့်မိတော့ နည်းနည်းမတူတာလေးတွေ တွေ့ရတယ်။ ကိုယ်လိုရာ ကိုယ်ဆွဲတွေးတယ်ပဲ ဆိုပါစို့။ မင်းသမီးရဲ့ ဇာတ်ရုပ်အကြောင်းပဲ ကြည့်ကြတာပေါ့။ သူက လမ်းပေါ်က မိန်းကလေး ဒါမယ့် ပထွေးရန်က လွတ်အောင် ထွက်ပြေးလာတာတို့ ...
7.0
IMDB:
7.0/10
258,789 votes
movie
Pretty Woman (1990)
1990
7.8
Awakenings(1990)
Awakenings(1990) IMDb...7.8,,,,Rotten ...88% ဆေးရုံတစ်ခုသို့ မဲလ်ကွန်ဆိုတဲ့ဆရာဝန်တစ်ယောက်အလုပ်လာလျှောက်တယ်..... သူလျောက်တဲ့ရာထူးကတော့ ဦးဏှောက်နဲ့အာရုံကြောသုတေသနဌာအတွက် အလုပ်လာလျှောက်တာဖြစ်ပြီး ဆေးရုံကတာဝန်ရှိသူတွေသူ့ကိုအင်တာဗျူးတဲ့အခါမှာ သုတေသနနဲ့ပတ်သက်လို့ အတွေ့အကြုံပေါင်းများစွာရှိနေတာတွေ့ရှိကြတယ်.. သို့ပေမယ့် သူတို့ဟာ သုတေသနနဲ့ပတ်သက်လို့ ဆေးရုံမှာမလိုအပ်ပေမယ့် ဆေးကျောင်းတက်နေစဉ်မှာ ဆေးကုဖူးတယ်မလားလို့မေးပြီး အလုပ်ခန့်လိုက်တယ်...မဲလ်ကွန်အနေနဲ့ အံအားသင့်စရာပေါ့ ...အပူချိန်တိုင်းတတ်တယ်..ဆေးထိုးတတ်တယ် ... ဒါဆိုအိုခေပေါ့ဆိုတဲ့ ဆေးရုံအုပ်ရဲ့မှတ်ချက်ကိုကြားရတော့ သူပျော်ရမလား ၀မ်းနည်းရမလားမသိ.... ဒီလောက်လွယ်လိမ့်မယ်လို့လည်းသူထင်မထားခဲ့ဘူး... နောက်နေ့ဆေးရုံလာလိုက်မှ သူသိသွားတော့တယ်..ဘာလို့ဆို သူကုသရမယ့်သူတွေဟာ နာတာရှည်ရောဂါသည်တွေ.. ပြောရရင် ရုပ်ပဲရှိပြီး နာမ်ပျောက်နေတဲ့ပုံစံမျိုး... အိပ်တယ် ခွံကျွေးရင်စားတယ်...ဘာမှမတွေးတဲ့ လူနာတွေ... မျိုးစုံပင်...မဲလ်ကွန်အတွက်အားလုံးက အသစ်အဆန်းတွေကြီးဖြစ်သလို လူနာအမျိုးမျိုးရဲ့ တုန့်ပြန်မှုက သူ့ကို အထိတ်တလန့်ဖြစ်စေခဲ့တယ်... တစ်နေ့တော့ ကျောက်ရုပ်လိုဖြစ်နေတဲ့လူနာတစ်ယောက်က လွတ်ကျသွားတဲ့မျက်မှန်ကို ဖတ်ခနဲဖမ်းလိုက်တာကို သူတွေ့သွားတယ်.. အဲ့ဒီနောက် တခြားလူနာတွေကို စမ်းကြည့်ရာ အလိုအလျောက်ပုံစံအမျိုးမျိုးနဲ့တုန့်ပြန်နိုင်တာတွေ့ရှိသွားတယ်.. သုတေသနဆရာဝန်ပီပီ လူနာတိုင်းရဲ့ တုန့်ပြန်မှုလေးတွေကိုစမ်းသပ်ရင်း ကျောက်ရုပ်လိုဖြစ်နေတဲ့ ဒီလူနာတွေကို သူတတ်စွမ်းသရွေ့ တခြားသူတွေနဲ့တန်းတူ လောကအလှကိုခံစား နိုင်စေဖို့ကြိုးစားပါတော့တယ်... ဒေါက်တာမဲလ်ကွန် တစ်ယောက်အောင်မြင်ပါ့မလား...ဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့ရမလဲ... သူပြုလုပ်တဲ့ကုထုံးတွေကရော ဆိုးကျိုးတွေရှိနိုင်လား...ခံစားကြည့်လိုက်ပါဦး... ဒီကားက တကယ့်ဆရာဝန်တစ်ဦးရဲ့အကြောင်းကိုရိုက်ပြထားတာပါ... တကယ့်ကိုတွေးစရာတွေ Message လေးတွေ ပေးပါတယ်...အဓိက သရုပ်ဆောင်(၂)ယောက်ဖြစ်တဲ့ မင်းသားကြီး Robert De Niroနဲ့ Robin Williams ကို တစ်ချို့သူတွေသိကြမယ်ထင်ပါတယ်.... ဒီကားဟာ အကောင်းဆုံးဇာတ်ကားဆု၊မင်းသားဆုနဲ့ ဇာတ်ညွှန်းဆုတို့အော်စကာဆန်ကာတင်စာရင်းပါခဲ့တယ်...ကိုင်း ခံစားကြည့်လိုက်ပါဦး File Size ...
7.8
IMDB:
7.8/10
111,274 votes
movie
Awakenings(1990)
1990
7.0
Ghost ( 1990 )
7.0
IMDB:
7.0/10
173,953 votes
movie
Ghost ( 1990 )
1990
7.1
Die Hard 2 (1990)
ခရစ်စမတ်နဲ့ နယူးရီးယားနီးလာလို့ ဘာဇာတ်ကားကြည့်မလဲဆိုရင် ကျွန်တော်ကတော့ Die Hard ဇာတ်ကားတွေကိုပဲ ပြေးမြင်ပါတယ်။ မင်းသားကြီး ဘရုစ်ဝီလီ ရဲ့အကောင်းဆုံးဇာတ်ကားတွေလို့ဆိုရင်လဲ Die Hard ဇာတ်ကားတွေကိုပဲ အရင်ဆုံးပြေးမြင်ကြမယ်ထင်ပါတယ်။ကျွန်တော် ကလေးဘဝကတည်းက ကာတွန်းဒီရဲဂျာရဲ့ ကာတွန်းတွေဖတ်ရင်း ဒီဇာတ်လမ်းတွေကိုရင်းနှီးနေပါတယ်….နည်းနည်းအရွယ်ရောက်လာတော့ ဇာတ်ကားတွေကိုမျက်မြင်ကြည့်ရတော့လဲ ထိုင်ရာမထကြည့်မိတာချည်းပါပဲ။ အထူးသဖြင့် တုံးတိုက်တိုက်ကျားကိုက်ကိုက် စိတ်ထဲရှိသလိုပြောတတ်တဲ့….. အကြောက်အလန့်ကင်းတဲ့….. ဂျွန်မက္ကလိန်းဆိုတဲ့ ဇာတ်ကောင်ကို ပြသနာတွေ အန္တရာယ်တွေကြုံတိုင်း..သိမ်ငယ်စိတ်တွေဝင်လာတိုင်း အမှတ်ရမိတာ အမှန်ပါ။ Die Hard ဇာတ်ကားတွေဟာ အခုချိန်ထိ စုစုပေါင်း ၅ ကားထွက်ထားပါတယ်။တစ်ကားနဲ့တစ်ကားဟာ အနည်းငယ်တော့အဆက်အစပ်ရှိနေပါတယ်။ဒါကြောင့် ၅ ကားလုံးကိုစုစည်းတင်ဆက်လိုက်ပါတယ်။တစ်ကားချင်းစီရဲ့အညွှန်းတော့မပေးတော့ပါဘူး။မိတ်ဆွေတို့ကြည့်ဖူးပြီးသားဖြစ်နိုင်ပေမယ့် ဂျွန်မက္ကလိန်းရဲ့ အရသာကိုနောက်တစ်ခေါက်ပြန်လည်ခံစားကြည့်ကြပါဦး။သေချာပေါက် အရသာရှိနေဦးမှာပါ။ BluRay 1080p 5.1 Audio နဲ့ ပြန်လည်တင်ဆက်ထားခြင်းဖြစ်ပါတယ်။ Die Hard 2 (1990) IMDb (7.1) / Rotten Tomatoes (69%) John McClane is an off-duty cop gripped ...
7.1
IMDB:
7.1/10
291,431 votes
movie
Die Hard 2 (1990)
1990
Blu-Ray 1080p 5.1 CH
7.5
Home Alone (1990)
Eight-year-old Kevin McCallister makes the most of the situation after his family unwittingly leaves him behind when they go on Christmas vacation. But when a pair of bungling burglars set their sights on Kevin's house, the plucky kid stands ready to defend his territory. By planting booby traps galore, adorably mischievous Kevin stands his ground as his frantic mother attempts ...
7.5
IMDB:
7.5/10
382,624 votes
movie
Home Alone (1990)
1990
5.7
Happy Ghost 4
Happy Ghost 1+2+3+4+5 ကားအားလုံး ဒီလင့်မှာရှာပါ 1990 ခုနှစ်က ထွက်ရှိခဲ့တဲ့ Happy Ghost 4 ဖြစ်ပါတယ်.. Happy Ghost 3 ကိုလည်း မြန်မာစာတန်းထိုးအဖြစ်နဲ့ channelmyanmar မှာပဲ တင်ပေးခဲ့ပြီးပါပြီ... ဒီကားက Happy Ghost 3 အနောက်က ထွက်ခဲ့တယ်ဆိုပေမယ့် ဇာတ်လမ်းဇာတ်ကွက်တွေ ဘာမှဆက်စပ်မှုမရှိပါဘူး. .အကြောင်းအရာသီးသန့်သာဖြစ်ပါတယ်... အရှေ့တုန်းက ထွက်ခဲ့တဲ့ ၁ , ၂ , ၃ ကလည်းမင်းသားပဲတူပြီး ဇာတ်လမ်းဇာတ်ကွက် တူညီခြင်းမရှိလို့ ကြည့်ရတာ ကြောင်တောင်တောင်ဖြစ်နေမှာမဟုတ်ပါဘူး ဒါပေမယ့် ဒီကားကို မကြည့်ခင် Happy Ghost 3 ကိုအရင်ကြည့်ပါလို့ ကြိုပြောပါရစေ ကြည့်ရတာပိုပြီးအရသာရှိအောင်ပါ... Happy Ghost Series တွေက ကြာလှပြီဖြစ်တဲ့အတွက် အကြည်ကို ရှာဖို့အရမ်းခက်ခဲပါတယ် ဒါကြောင့် တွေ့ဖူးသမျှထဲမှာ အကြည်ဆုံး Version ကိုသာ ဒေါင်းပြီးဘာသာပြန်ရတာ ဖြစ်တဲ့အတွက် နည်းနည်းတော့ ကွာလတီ ၀ါးပါတယ်..ခွင့်လွှတ်ပေးကြပါ အရင်အပိုင်းတွေရဲ့ ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် ချင်မင်းဆက်ခေတ်တုန်းက လူတစ်ယောက်က ပညာရှိစာမေးပွဲကို အကြိမ်ကြိမ်ဖြေဆိုခဲ့ပေမယ့် အောင်မြင်ခြင်းမရှိပဲ..နောက်ဆုံးမှာ သူ့မိန်းမကိုယ်တိုင်က ထားရစ်ခဲ့လည်း စိတ်ကျရောဂါဖြစ်ပြီးတဲ့နောက် ဘုရားကျောင်းပျက်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချ သတ်သေခဲ့ပါတယ် လူပြန်ဝင်စားခွင့်မရပဲနဲ့ ကြိုးပေါ်မှာပဲ တွယ်ကပ်နေခဲ့ပါတယ် တစ်နေ့မှာ မြို့က ကျောင်းသားအဖွဲ့တစ်ဖွဲ့လာရောက်အပန်းဖြေရာကနေ ကြိုးကိုသယ်ဆောင်သွားပြီး Happy Ghost က မြို့ကို ရောက်ရှိသွားပါတယ် ကျောင်းသားအဖွဲ့ကကောင်မလေးတွေနဲ့ သိရှိပြီး ဘ၀ရဲ့ အဓိပ္ပါယ်တွေကို သေချာစွာ နားလည်သင်ယူနိုင်ခဲ့လို့ လူပြန်ဝင်စားခွင့်ရရှိခဲ့ပါတယ် ဒါက အပိုင်း ...
5.7
IMDB:
5.7/10
114 votes
movie
Happy Ghost 4
1990
7.0
A Chinese Ghost Story 2 ( 1990 )
A Chinese Ghost Story 1 ရဲ့အဆက်ပဲဖြစ်ပါတယ်.. 1 မကြည့်ရသေးရင် ဒီနေရာမှာသွားရောက်ဒေါင်းယူနိုင်ပါတယ်... လင်ချိုင်စံရဲ့ ချစ်သူတစ္ဆေမလေး စင်ချင်တစ်ယောက် နောက်ဘ၀ကို ကူးသွားပြီးတဲ့နောက်မှာတော့ နှစ်အနည်းငယ် အကြာကနေ ဇာတ်လမ်းပြန်ဆက်ပြီးရိုက်ကူးထားပါတယ်.. အကြွေးလိုက်တောင်းတဲ့အလုပ်အဖြစ် တာဝန်ယူရတဲ့လင်ချိုင်စံတစ်ယောက် ဇာတိမြေကို ပြန်အရောက်မှာ အားလုံးအပြောင်းအလဲတွေဖြစ်ကုန်ပါပြီ.. မတရားမှုတွေကြီးစိုးပြီး သရဲတစ္ဆေတွေ ပေါများလှတဲ့ နယ်မြေတစ်ခုမှာ လင်ချိုင်စံတစ်ယောက် ဘယ်လိုအသက်ရှင်အောင်ကြိုးစားရမလဲ. .ပြီးတော့ စင်ချင် နဲ့ပတ်သတ်တဲ့အချစ်ဇာတ်လမ်းလေး ဘယ်လိုဆက်မလဲဆိုတာတော့ ဆက်လက်ခံစားကြည့်ရှုပါ 1990 က ထွက်ရှိခဲ့သောကားဖြစ်သောကြောင့် တတ်နိုင်သလောက် ကြည်နိုင်တဲ့ ကွာလတီကိုရှာဖွေပြီး တင်ဆက်ပေးလိုက်ပါတယ် A Chinese Ghost Story 1+2+3 အကုန်လုံးကို ဒီမှာရှာနိုင်ပါတယ်
7.0
IMDB:
7.0/10
2,802 votes
movie
A Chinese Ghost Story 2 ( 1990 )
1990
6.3
When Fortune Smiles (1990)
မင်းသားကြီး စတီဖင်ချောင် ငယ်စဉ်က ဇာတ်ကားပါ... Action/Comedy/Romance အမျိုးအစားဖြစ်ပါတယ်။ Action ဆိုလဲ လုံးဝမအိုင်အောင် ခပ်မိုက်မိုက်ရိုက်ကူးထားပါတယ်။ Comedy ဆိုလဲ အခွီဖြစ်အောင် ရိုက်ကူးထားနိုင်ပါတယ်။ Romance ဆိုလဲ လုံးဝဟက်ထိအောင် ရိုက်ကူးထားပါတယ်။ သူ့နေရာနဲ့သူ ရသအစုံပုံဖော်ထားနိုင်တဲ့ ဇာတ်ကားပါ။ မင်းသမီးကလဲ ဇာတ်ရုပ်နဲ့အလိုက် ဒေါင်ကျကျ ပြားကျကျ သရုပ်ဆောင်ပြထားတာတွေ့ရပါတယ်။ ဇာတ်ကြောင်းလေးကိုတော့ ခံစားအားပေးကြည့်ကြပါဦး။ File size…(999 MB) and (490 MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:30:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Khin Chan Myae Thu
6.3
IMDB:
6.3/10
406 votes
movie
When Fortune Smiles (1990)
1990
7.6
The Godfather: Part III(1990)
The Godfather: Part III(1990) IMDb...7.6,,,,Rotten...67% (ဒီကားက ယခင် ကျွန်တော် channelmyanmar မှ တင်ဆက်ပေးဖူးပါတယ်..သို့ပေမယ့် စာတန်းထိုးလိုအပ်ချက်တစ်ချို့ရှိလို့ ယခု အသစ်ဘာသာပြန်ပြီးတင်ဆင်ပေးထားပါတယ်…) Part III လာပါပြီ ...ထုံးစံအတိုင်းပေါ့ဗျာ... ဒီကားရဲ့အညွှန်းကိုတော့ မရေးရဲလို့မရေးတော့ဘူး... ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့...1080p 5.1CHနဲ့ 720p တို့အပြင် 360p လေးနဲ့ အကောင်းမွန်ဆုံးတင်ပေးထားပါတယ်.. ဘာသာပြန်သူကတော့ Ko Zuel Khant Thwinပဲဖြစ်ပါတယ်... File Size : (3.21GBGB) ,(1.55GB )and (469 MB) Quality : Blu-Ray 1080p 5.1CH,Blu-Ray 720p Format…mp4 Duration…02:42:00 Genre : Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Zuel Khant Thwin Encoded by Phyo Pyae
7.6
IMDB:
7.6/10
314,487 votes
movie
The Godfather: Part III(1990)
1990
Blu-Ray 1080p 5.1 CH
8.7
GoodFellas(1990)
GoodFellas(1990) IMDb...8.7,,,,Rotten....96% IMDbရဲ့ အကောင်းဆုံး ရုပ်ရှင်ကား (၂၀) စာရင်းထဲမှာပါတယ်....တကယ့်အဖြစ်မှန်ကို အခြေခံရိုက်ကူးထားပါတယ်.. ဒါရိုက်တာ Martin Scorsese ရဲ့ အကောင်းဆုံးလက်ရာထဲက တစ်ကားပါ... အော်စစကာ တစ်ဆုရရှိခဲ့ပြီး အခြားဆုပေါင်း (၄၄)ဆုလည်း ဆွတ်ခူးခဲ့ပါတယ်... ဒီကားကို အညွှန်းမရေးပါရစေနဲ့... ရေးဖို့လည်းမစွမ်းသာတဲ့ကားမို့ပါ... ခံစားကြည့်လိုက်ပါဦးဗျို့.. ဘာသာပြန်သူကတော့ Thaw Thaw Wai Oo ပဲဖြစ်ပါတယ်.. File Size : (2.34GB) ,(1.65GB)and (495 MB) Quality : Blu-Ray 1080p And 720p Format…mp4 Duration…02:26:00 Genre : Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thaw Thaw Wai Oo Encoded by Phyo Pyae
8.7
IMDB:
8.7/10
864,392 votes
movie
GoodFellas(1990)
1990
6.2
The Unmatchable Match (1990)
မင်းသားကြီးစတီဖင်ချောင်ရဲ့ 1990 နှစ်တုန်းကဇာတ်ကားဖြစ်ပါတယ်။ စတီဖင်ချောင် မျက်ခွက်မပြောင်ဘဲ အမှန်အကန်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဆိုရင်လဲ မမှားပါဘူး။ အယောင်ဆောင်ရဲနဲ့ စိန်သူခိုးတို့ ခင်မင်သွားကြရာကနေ ဘာတွေဆက်ဖြစ်မလဲဆိုတာ..။ IMDb (6.3) ပါ။ File size…(999 MB) and (490 MB) Quality…HD-Rip 720p Format…mp4 Duration….01:38:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Lyric Lynn Khant
6.2
IMDB:
6.2/10
166 votes
movie
The Unmatchable Match (1990)
1990
6.9
All for the Winner (1990)
မင်းသားကြီးစတီဖင်ချောင်ရဲ့ IMDb Rating (6.9/10) ရရှိထားတဲ့ ဟာသဇာတ်ကားပါ။ အားစင်းဟာ ရိုးသားပြီး စိတ်ထဲထင်သလို လုပ်ချင်ရာလုပ်တတ်တဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ သူ့ဦးလေးကတော့ ဟောင်ကောင်မှာ လူလည်လိုလို ကျင်လည်ကျက်စားနေတဲ့ လောင်းကစားသမားတစ်ဦးပါ။ အားစင်းမှာ ထူးခြားတဲ့စွမ်းအားတစ်ခုက ဘယ်အရာကိုမဆို အလိုရှိရင် ထွင်းဖောက်မြင်နိုင်သလို စိတ်ပါရင် ရလဒ်တွေကိုပါပြောင်းလဲနိုင်သူပါ။ ဒီအစွမ်းတွေကို လောင်းကစားဝိုင်းမှာ အသုံးပြုဖို့ သူ့ဦးလေးက ကြံစည်ပေမယ့် အားစင်းဟာ ကောင်မလေးတစ်ယောက်ကို ကြွေဆင်းပြီး သူ့ကိုမှ မမြင်ရရင် အားကုန် ပျော့ခွေနေတတ်တာကြောင့် အစွမ်းကို အမြဲမသုံးနိုင်ဘူးဖြစ်နေပါတယ်။ ဒီအချိန်မှာပဲ ကမ္ဘာ့လောင်းကစားဖလားလုပွဲကို ကျင်းပဖို့ ဖြစ်လာရာမှာ လောင်းကစားလောကက ဂျင်တွေနဲ့ အားစင်းတို့တူဝရီး ဘယ်လိုတွေ အားပြိုင်ကြမလဲ.....အချစ်ကိုမမြင်ရရင် ပျော့ခွေနေတတ်တဲ့ အားစင်းရဲ့အစွမ်းတွေကို ဘယ်လိုဖော်ထုတ်ကြမလဲဆိုတာ...။ File size…(900 MB) and (500 MB) Quality…DVD-Rip Format…mp4 Duration….01:41:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Thu Rein Zaw
6.9
IMDB:
6.9/10
1,596 votes
movie
All for the Winner (1990)
1990
6.1
Look Out, Officer! (1990)
ဟာသဘုရင်ကြီး Steven Chow ရဲ့ ၁၉၉၀ ကဇာတ်ကားတစ်ကားပါ။ Steven Chow ဇာတ်ကားဆိုတော့ အထူးပြောစရာမလိုအောင် အရမ်းရယ်ရမှာဖြစ်တဲ့ အတွက် ရယ်ရင်မလှသူများ မကြည့်သင့်ပါဘူး :P ။ ဇာတ်လမ်းအကျဉ်းကတော့ အထာကျကျ ဆရာကြီး ရဲအရာရှိ Biao တစ်ယောက် မူးယစ်ဆေးဂိုဏ်းတစ်ဂိုဏ်းကို တစ်ကိုယ်တော်ဝင် ဖြိုခွင်းရင်း အသတ်ခံလိုက်ရပါတယ်။ လောင်းကစားလုပ်တတ်တဲ့ ဝါသနာဆိုးကြောင့် သူ့ကိုလောင်းကစားကျွေးမပေးနိုင်လို့ကိုယ့်ကိုကိုယ်သတ်သေသွားတာလို့ပဲ အားလုံးကထင်ကြတဲ့အတွက် သူ့ရဲ့ သေဆုံးမှုအကြောင်း အမှန်အတိုင်းဖြစ်စေဖို့ လူပြည်ကိုပြန်လာခဲ့ပါတယ်။ အဲဒီမှာ သူ့ရဲ့ကယ်တင်ရှင်ဖြစ်မယ့် ရဲသားသစ် Sing(Steven Chow) ကိုတွေ့ပြီး သူ့အတွက်လက်စားချေပေးပြီး သူ့ရဲ့နာမည်ကို ပြန်လည်သန့်ရှင်းပေးရင် Sing အတွက် ရာထူးတိုးပြီး ကောင်မလေးနဲ့ အဆင်ပြေအောင်လုပ်ပေးမယ်ဆိုပြီး အပေးအယူဖြစ်သွားကြပါတယ်။ သူတို့နှစ်ယောက်ပေါင်းပြီး ဘာတွေတလွဲတွေဖြစ်မလဲ ဆိုတာ ပါးစပ်မပိတ်ရအောင် ရယ်နေရမှာဖြစ်ပါတယ်။ IMDB Rating ကတော့ 6.1 ရှိပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ပါ) File Size : (700 MB) and (350 MB) Quality : Blu-Ray 720p Running ...
6.1
IMDB:
6.1/10
342 votes
movie
Look Out, Officer! (1990)
1990
Blu-Ray 720p
7.9
Edward Scissorhands (1990)
ခပ်ကြောင်ကြောင်သရုပ်ဆောင်ချက်တွေနဲ့မင်းသား Johnny Depp နဲ့ အမြင်ဆန်းတွေနဲ့ ပညာသားပါပါရိုက်ပြပြီး Message လှလှလေးတွေ ပေးတတ်တဲ့ ဒါရိုက်တာ Tim Burton တို့ရဲ့ပူးပေါင်းမှု နောက်တစ်ခုပါ။ ဆုကိုးဆုရရှိခဲ့ပြီး ရွှေကမ္ဘာလုံးဆုအပါအဝင် အခြားဆုတွေမှာ ဆန်ကာတင် ၂၂ခုရှိခဲ့ပါတယ်။ IMDB Rating 7.9 နဲ့ Rotten Tomatoes (89%) ထိရရှိခဲ့တဲ့ဇာတ်ကားကောင်းတစ်ပုဒ်ပါ။ အဆင်မပြေဖြစ်နေတဲ့အရောင်းစာရေးမတစ်ယောက်ဖြစ်တဲ့ Peggy တစ်ယောက် ဖောက်သည်အသစ်ရှာရင်း သရဲခြောက်တဲ့အိမ်ကြီးလို့နာမည်ကြီးတဲ့အိမ်ကိုရောက်သွားတဲ့အခါ လူပုံစံအတိုင်းပြုလုပ်နေပေမယ့် အဆုံးမသတ်ခင်တီထွင်သူကသေဆုံးသွားခဲ့တဲ့ စက်ရုပ်လေး Edward တစ်ယောက်နဲ့ဆုံတွေ့ခဲ့ပါတယ်။ စိတ်ထားကောင်းလှတဲ့ Peggy ကစက်ရုပ်လေးကို မွေးစားပြီး လူနေမှုဘဝတွေနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ တီထွင်ဖန်တီးဥာဏ်ရှိပေမယ့် အသိဥာဏ်မဖွံ့ဖြိုးသေးတဲ့စက်ရုပ်လေး Edward တစ်ယောက် အချောမသပ်ရသေးပေမယ့် နှလုံးသားနဲ့ဦးနှောက်ကိုတပ်ဆင်ပေးခဲ့လို့ Peggy ရဲ့သမီး Kimber နဲ့တွေ့ပြီး ရင်ခုန်မိသွားပါတယ်။ စက်ရုပ်လေးEdward လူ့အသိုင်းအဝိုင်းအဝိုင်းမှာ အဆင်ပြေပါ့မလားဆိုတာကတော့...သေချာတာတစ်ခုက အဲဒီမြို့မှာသူမရောက်ခင်ကနှင်းမကျပါဘူး ဒါပေမယ့် သူအဲဒီမြို့ကပြန်သွားပြီး နောက်ပိုင်းမှာနှစ်တိုင်းနှင်းတွေကျနေလေရဲ့။နှင်းမှုန်လေးတွေကိုမြင်တိုင်း.....။ ( အညွှန်းနဲ့ဘာသာပြန်ထားသူကတော့ d3mon ဖြစ်ပါတယ်။) File size…(900 ...
7.9
IMDB:
7.9/10
395,448 votes
movie
Edward Scissorhands (1990)
1990
7.6
The Hunt for Red October(1990)
IMDb...7.6,,,,,,Rotten....86 ပုံမှန်ထက်မီတာ၂၀ပိုရှည်ပြီးကြီးမားတဲ့ ရေငုတ်သင်္ဘောကိုရုရှားတို့တည်ဆောက်ပြီးစီးသွားခြင်းအားဗြိတိသျှတို့ထောက်လှမ်းမိသွားတယ်.....အဖျက်စွမ်းအားကြီးမားတဲ့ နျူးကလိယားဗုံးတွေသယ်ဆောင်နိုင်သလို ခြေရာခံဖို့ခက်ခဲလှတဲ့အဲ့ဒီရေငုတ်သင်္ဘောဟာ အမေရိကန်ရေငုတ်သင်္ဘောတွေလှည့်လည်နေတဲ့နေရာမှာ သွားလာနေတယ်....ဒီရေငုတ်သင်္ဘောဟာ ဘာကြောင့်ဒီပတ်ဝန်းကျင်ကိုရောက်လာတာလဲ ဘာလက်နက်တွေပါလဲ သို့လော သို့လော မေးခွန်းတွေဟာ အမေရိကန်တို့အဖို့ အတော်ခေါင်းစားနေပါတယ် CIA ကကျွမ်းကျင်ပညာရှင်ကလည်း အဆိုပါ သင်္ဘောကိုဦးစီးတဲ့ Captain ဟာ ထူးချွန်တဲ့ခေါင်းဆောင်ကြီးကိုယ်တိုင်ဖြစ်နေကြောင်းကိုအတည်ပြုပါတယ်.......စစ်ကားနဲ့နိုင်ငံရေးဘက်ကိုအနည်းငယ်စိတ်ဝင်စားရုံနဲ့မီလီစက္ကန့်လေးတောင်ကျော်မကြည့်ချင်လောက်အောင်ကာင်းတဲ့ ဇာတ်ကားကြီးပါ..ဒီလိုမျိုးတွေစိတ်မ၀င်စားဘူးဆိုရင်တော့ဒေါင်းရကျိုးနပ်မှာမဟုတ်ပါဘူး.....နာမည်ကြီးမင်းသားကြီး တွေဖြစ်တဲ့ Sean Connery ,Alec Baldwin,Scott Glenn ပါဝင်သရုပ်ဆောင်ထားပါတယ်...... File Size…(900MB) and (368MB) Quality…BluRay 720p Format…mp4 Duration…02:15:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by Honest Abe
7.6
IMDB:
7.6/10
153,857 votes
movie
The Hunt for Red October(1990)
1990
7.5
Total Recall (1990)
မင်းသားကြီးအာနိုးနဲ့ မင်းသမီး ရှရွန်စတုန်းတို့ရဲ့ နာမည်ကျော် သိပ္ပံအက်ရှင်ဇာတ်ကားဖြစ်ပါတယ်။ Action, Sci-Fi, Thriller အမျိုးအစားဖြစ်ပြီး ၁၉၉၀ ခုနှစ်ဝန်းကျင်က ဆက်တင် အပြင်အဆင်တွေနဲ့ ရိုက်ကူးထားတယ်ဆိုပေမယ့် ဆန်းသစ်တဲ့ စိတ်ကူးအိုင်ဒီယာတွေကတော့ ယနေ့ခေတ်ထိ စွဲမက်ဖွယ်ရာ ပြောင်မြောက်နေဆဲပါ။ ရုပ်ရှင်ထူးချွန်ဆု(၃)ဆုရရှိခဲ့တဲ့အထိ အောင်မြင်ခဲ့ပြီး Rating ပိုင်းမှာလဲ IMDb Rating(7.5) နဲ့ Rotten Tomatoes (82%) ထိ ရရှိထားခဲ့တဲ့ ဇာတ်ကားကြီးဖြစ်ပါတယ်။ မှတ်ဥာဏ် မှတ်ဥာဏ်တု အိမ်မက်တုတွေ... ဂြိုလ်သား ဂြိုလ်ခရီးသွား ဂြိုလ်ကိုလိုနီတွေ... အဆန်းဆန်းသော သက်ရှိ သက်မဲ့ အရာဝတ္ထုတွေ... လှည့်ကွက်မျိုးစုံတွေနဲ့ ဇာတ်လမ်းကြောင်းကို ကိုယ်တိုင်ပဲ ခံစားကြည့်ကြပါဦး။ File Size…(999 MB) and (320 MB) Quality…BluRay Rip 720p Format…mp4 Duration…01:53:00 Subtitle…Myanmar Subtitle(Hardsub) Encoder…Nyeinsaeya Aung Translated by Htet Myat
7.5
IMDB:
7.5/10
258,644 votes
movie
Total Recall (1990)
1990
1
2
Next
Please Enable JavaScript