Channel Myanmar

Happy Ghost 4 (1990)

Happy Ghost IV    

N/A 88 min Uncategorized

5.7
IMDB: 5.7/10 114 votes

, , , , , , , , ,

N/A

Hong Kong

497255

Report error

1990 ခုနှစ်က ထွက်ရှိခဲ့တဲ့ Happy Ghost 4 ဖြစ်ပါတယ်..
Happy Ghost 3 ကိုလည်း
မြန်မာစာတန်းထိုးအဖြစ်နဲ့
channelmyanmar မှာပဲ တင်ပေးခဲ့ပြီးပါပြီ…
ဒီကားက
Happy Ghost 3 အနောက်က ထွက်ခဲ့တယ်ဆိုပေမယ့်
ဇာတ်လမ်းဇာတ်ကွက်တွေ
ဘာမှဆက်စပ်မှုမရှိပါဘူး.
.အကြောင်းအရာသီးသန့်သာဖြစ်ပါတယ်…

အရှေ့တုန်းက ထွက်ခဲ့တဲ့ ၁ , ၂ , ၃ ကလည်းမင်းသားပဲတူပြီး
ဇာတ်လမ်းဇာတ်ကွက်
တူညီခြင်းမရှိလို့ ကြည့်ရတာ
ကြောင်တောင်တောင်ဖြစ်နေမှာမဟုတ်ပါဘူး
ဒါပေမယ့်
ဒီကားကို မကြည့်ခင် Happy Ghost 3 ကိုအရင်ကြည့်ပါလို့
ကြိုပြောပါရစေ
ကြည့်ရတာပိုပြီးအရသာရှိအောင်ပါ…

Happy Ghost Series တွေက
ကြာလှပြီဖြစ်တဲ့အတွက် အကြည်ကို ရှာဖို့အရမ်းခက်ခဲပါတယ်

ဒါကြောင့် တွေ့ဖူးသမျှထဲမှာ အကြည်ဆုံး Version ကိုသာ
ဒေါင်းပြီးဘာသာပြန်ရတာ
ဖြစ်တဲ့အတွက် နည်းနည်းတော့
ကွာလတီ ၀ါးပါတယ်..ခွင့်လွှတ်ပေးကြပါ
အရင်အပိုင်းတွေရဲ့ ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်
ချင်မင်းဆက်ခေတ်တုန်းက လူတစ်ယောက်က
ပညာရှိစာမေးပွဲကို
အကြိမ်ကြိမ်ဖြေဆိုခဲ့ပေမယ့်
အောင်မြင်ခြင်းမရှိပဲ..နောက်ဆုံးမှာ
သူ့မိန်းမကိုယ်တိုင်က
ထားရစ်ခဲ့လည်း စိတ်ကျရောဂါဖြစ်ပြီးတဲ့နောက်

ဘုရားကျောင်းပျက်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချ
သတ်သေခဲ့ပါတယ်
လူပြန်ဝင်စားခွင့်မရပဲနဲ့ ကြိုးပေါ်မှာပဲ
တွယ်ကပ်နေခဲ့ပါတယ်
တစ်နေ့မှာ မြို့က
ကျောင်းသားအဖွဲ့တစ်ဖွဲ့လာရောက်အပန်းဖြေရာကနေ

ကြိုးကိုသယ်ဆောင်သွားပြီး Happy Ghost က မြို့ကို

ရောက်ရှိသွားပါတယ်
ကျောင်းသားအဖွဲ့ကကောင်မလေးတွေနဲ့
သိရှိပြီး ဘ၀ရဲ့ အဓိပ္ပါယ်တွေကို
သေချာစွာ နားလည်သင်ယူနိုင်ခဲ့လို့
လူပြန်ဝင်စားခွင့်ရရှိခဲ့ပါတယ်
ဒါက အပိုင်း ၁ ပါ..
အပိုင်း ၂ ကနေ ၄ အထိက လူပြန်ဝင်စားပေမယ့်

Happy Ghost က ပြန်ဝင်စားတဲ့လူရဲ့ ကိုယ်စောင့်နတ်အဖြစ်နဲ့

ဆက်ပြီးရှိနေတဲ့အကြောင်းတွေပါ……..
ဒီနံပါတ်လေးရဲ့ ဇာတ်လမ်းအကျဉ်း
ကတော့
ချင်မင်းဆက်ခေတ်တုန်းက စစ်သူကြီးတစ်ယောက်
မိစ္ဆာဝိဥာဉ်အဖြစ်

ဒီဘက်ခေတ်ကိုရောက်ရှိလာပြီး
သောင်းကျန်းပုံလေးတွေကို

ဟာသနှောပြီး
ရိုက်ကူးတင်ဆက်ထားပါတယ် ကြည့်ရှုလိုက်ပါဦး



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available

Genres



Related movies