Movies
Series
VIP Plan
How To Download
DMCA
Movies
Series
VIP Plan
How To Download
DMCA
Years
Movies
Series
VIP Plan
How To Download
DMCA
Biography
8.6
When They See Us (2019)
(Unicode)ဖြစ်ရပ်မှန် ဇာတ်လမ်းတွေကို သဘောကျနှစ်ခြိုက်ပြီးတော့ မှုခင်းနောက်ခံ ဒရာမာစီးရီး ကြည့်ရှုချင်ကြသူတွေအတွက်Neflix စီးရီတစ်ခုဖြစ်တဲ့ When they see us 2019 ဆိုတဲ့ မီနီစီးရီးလေး (လေးပိုင်း စဆုံး) တင်ဆက်ပေးချင်ပါတယ် …ဒီစီးရီးလေးဟာ အမေရိကန်နိုင်ငံရဲ့ တရားရေးကို မီးမောင်းထိုးပြထားတဲ့ ဇာတ်လမ်းလေးဖြစ်ပြီးတော့ အဓမ္မကျင့် လူသတ်မှုတစ်ခုမှာ မပါဝင်ဘဲစွပ်စွဲခံရတဲ့ လူငယ်လေး ၅ ယောက်အကြောင်းကို ရင်နင့်ဖွယ် ရိုက်ကူးထားတာပါ …မှားယွင်းတဲ့ တရားစီရင်မှုနောက်က အကျိုးဆက်တွေကို ဒီကားထဲမှာ တွေ့မြင်ရမှာပါ၁၉၈၉ ခုနှစ်က အမေရိကန်နိုင်ငံမှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ အမှုတစ်ခုဖြစ်ပြီးတော့ ပါဝင်သူတွေဟာ ယနေ့တိုင် သက်ရှိထင်ရှားရှိနေဆဲပါအမေရိကန်ရဲတွေ အစိုးရရှေ့နေတွေနဲ့ ဒေါ်နယ်ထရမ့်တို့လို(သမ္မတမဖြစ်သေး) လူတွေက လူမည်းလူငယ်တွေကိုမှားယွင်းစွာ စိီရင်ချက်ချဖို့ အတင်းဖိအားပေးခဲ့ကြပါတယ်…အစအဆုံး ရင်တမမနဲ့ ခေါ်ယူသွားမယ့် ဇာတ်လမ်းလေးဖြစ်ပြီးတော့ တရားဥပဒေစိတ်ဝင်စားသူတွေ ...
8.6
TMDb:
8.6/10
98 votes
tv
When They See Us (2019)
2019
8
Narcos Season 1 (Complete)
Narcos(2015)ဇာတ်လမ်းတွဲ(Season-1) အတွဲ(၁)စ/ဆုံး IMDb...8.9,,,,Rotten...89% Narcos ဆိုတဲ့ series ကတော့တကယ့်ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတဲ့ chronicle series တစ်ခုပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲက main character ကတော့လူတော်တော်များများကြားဖူးလောက်တဲ့ ကိုလမ်ဘီယာ ကိုကင်းဘုရင် ပါဘလိုအက်စ်ကိုဘားပဲဖြစ် ပါတယ်။ အက်စ်ကိုဘားလို့ပြောလိုက်ရင် သူ့သမီးအရမ်းချမ်းနေလို့ ဒေါ်လာ၂သန်းကို မီးရှို့ခဲ့ပီး မီးလှုံစေခဲ့တယ်ဆိုတဲ့ အချက်အလေးနဲ့လူသိများလှပါတယ်။ ပါ့ဘလိုအက်စ်ကိုဘာကို ၁၉၄၉ခုနှစ်မှာမွေးဖွားခဲ့ပြီး ကိုလမ်ဘီယာနိုင်ငံရဲ့အကြီးဆုံးသော မူးယစ်ရာဇာကြီးတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့မယ်ဓလင်မူးယစ်အုပ်စုဟာ အမေရိကန်ပြည်ထောင်စုကိုတင်သွင်းတဲ့ကိုကင်းပမာဏရဲ့ ၈၀%ဟာသူတို့တင်သွင်းတာပါ။ သူ့ကိုယ်ပိုင်ဝင်ငွေတင်ကိုပဲ တစ်နှစ်ကို၂၁.၉ဘီလီယံဒေါ်လာရှိပါတယ်။ သူ့ကိုကိုကင်းဖခင်ကြီးအဖြစ်သတ်မှတ်ထားကြပြီး သမိုင်းမှာအချမ်းသာဆုံးသော ရာဇာဝတ်သားအဖြစ်လည်း မှတ်တမ်းဝင်ထားသူဖြစ်ပါတယ်။ သူ့ကို Rionegro မြို့မှာမွေးဖွားခဲ့ပြီးတက္ကသိုလ်တက်ရောက်ခဲ့ပေမယ့် ဘွဲ့မယူဘဲကျောင်းထွက်ခဲ့ပါတယ်။ အဲဒီအစားရာဇ၀တ်မှုအသေးစားတွေကျူးလွန်ရင်း မှောင်ခိုပစ္စည်းတွေသွင်း၊ ကားခိုးမှုတွေလုပ်နေခဲ့တာပါ။သူ့ရဲ့အဓိကပါတနာကတော့ ၀မ်းကွဲအစ်ကိုဖြစ်တဲ့ဂူစတာဗိုဖြစ်ပါတယ်။ ဂူစတာဗိုဟာဆိုရင် ပါ့ဘလိုအက်စ်ကိုဘာရဲ့အကြံပေး၊ စီးပွားရေးလုပ်ငန်းတစ်ခုလုံးရဲ့ဦးနှောက်ကြီးတစ်ခုပဲဖြစ်ပါတယ်။ ဒီ Series မှာတော့သူနဲ့ပါ့ဘလိုကြားကရင်းနှီးမှု၊ ပါ့ဘလိုကိုလူသိများပေမယ့် လူသိပ်မသိကြတဲ့ ဂူစတာဗိုရဲ့အခန်းကဏ္ဍကိုပါ ထင်ထင်ရှားရှားတွေ့ရမှာပါ။ Biography/Crime အမျိုးအစားဖြစ်ပေမယ့် လုံးဝပျင်းစရာမကောင်းတဲ့ series တစ်ခုပဲဖြစ်ပါတယ်။ Season 3 အထိရှိပြီး လောလောဆယ် Season 1 အစပျိုးကိုတင်ဆက်ပေးလိုက်ပါတယ်။အပေါ်ကအကြောင်းအရာတွေဖတ်လိုက်ပြီး ဒီကားက ကြည့်စရာမလိုတော့ဘူးလို့ထင်ရင်တော့ ခင်ဗျားတို့မှားသွားလိမ့်မယ်...၊ ပါ့ဘလိုရဲ့ ဒုစရိုက်လောကလှုပ်ရှားပုံတွေ...သူ့လိုလူပေါင်းများစွာကြားမှာ ကတုံးပေါ်ထိပ်ကွက်တွေ...နောက်ကျောဓားနဲ့ထိုးမယ့်သူတွေ ကိုရှင်းလင်းပုံတွေ.. အရိပ်လိုလိုက်နေတဲ့ရဲတွေကြားမှာ သူလိုချင်တဲ့ပန်းတိုင်ရောက်အောင်ဖောက်ထွက်ပုံတွေ ဒုစရိုက်လောကရဲ့ ပြကွက်ဆန်းစုံကို ခင်ဗျားတို့ မရိုးအီနိုင်အောင်တွေ့မြင်သွားလိမ့်မယ်...ကိုင်း ခံစားကြည့်လိုက်ပါဦးဗျို့.... (ဘာသာပြန်တင်ဆက်ထားသူများကတော့ CM Family မှ ညီငယ်လေးများဖြစ်တဲ့Myo Khant Win, Tin Myo ...
8
TMDb:
8/10
620 votes
tv
2015