Channel Myanmar

Mystery

Only Murders in the Building (2022) – Season 02 8.6
Only Murders in the Building (2022) – Season 02 Only Murders in the Building (2022) - Season 02 =========================== IMDb Rating - 8.1/10Season 01 မကြည့်ရသေးသူများအတွက် ခုအညွှန်းက Spoilerတွေ ပါပါတယ်။ Season 01 >>> Click Here *********************************** ဝါရင့် အနုပညာရှင်ကြီးတွေဖြစ်တဲ့ Steve Martin နဲ့ Martin Short တို့ ပါ၀င်တာကတစ်ကြောင်း၊ Selenators တို့ရဲ့ အချစ်တော် Selena Gomez ပါ၀င်နေတာကတစ်ကြောင်း မထွက်ခင်ကတည်းက ခေတ်ထနေတဲ့ စီးရီးပါ ။ (၁၀) ပိုင်းပါ၀င်ပြီး ပွဲဦးထွက် ၂ ပိုင်းထွက်ချလာပါတယ်။စုံထောက်ကြီး 3 ယောက်ပြန်လာပါပြီ။ ပြီးခဲ့တဲ့ စီစန် အဆုံးသတ်မှာ ပြဿနာရှင်းပြီလို့ ယူဆရင်း အောင်ပွဲခံနေတဲ့ မေဘယ်၊ ချားလ်နဲ့ အိုလီဗာတို့ ပြီးအောင်တောင် မပျော်လိုက်ရဘဲ ဒုက္ခနဲ့လှလှတွေ့သွားတာကို မှတ်မိကြသေးရဲ့လား မသိဘူး....အခုတော့ အဲဒီ ဒုက္ခရဲ့ နောက်ဆက်တွဲအနေနဲ့ စီစန် 2 ...
8.6
TMDb: 8.6/10 620 votes
tv

Only Murders in the Building (2022) – Season 02

2022
Cruel Summer (2023) Season 02 Complete 7.6
Cruel Summer (2023) Season 02 Complete Cruel Summer (2023) Season 02 ~ IMDb - 7.4/10, Rotten Tomatoes - 82% ~ Season 2 ကတော့ ပထမ Season နဲ့ ဇာတ်လမ်းက ဘာမှမဆိုင်ပါဘူး။ Season 1 မကြည့်ထားလည်း ဖြတ်ကြည့်လို့ရပါတယ်။ ဒါပေမဲ့ ဆင်တာတွေ တော်တော်များများတွေ့ရမှာပါ။ အဲဒီတော့ ပုံစံတူတူကြီး ပျင်းစရာကြီးလို့မထင်လိုက်ပါနဲ့။ ပိုပြီး စိတ်ဝင်စားစရာကောင်းသလို၊ ပိုပြီးလည်း ရှုပ်လာတယ်လို့ ပြောရပါလိမ့်မယ်။ ပထမ Season အတိုင်းပဲ ရက်စွဲသုံးခုကို တစ်ပြိုင်တည်းပြထားပါတယ်။ အဲဒီတော့ ဇာတ်လမ်းအစမှာ ဒိတ်လေးတွေကို ကြည့်ဖို့ မမေ့ပါနဲ့ဦး။ စလာကတည်းက ဇာတ်ရှိန်ကောင်းကောင်းနဲ့လာပြီး လုံးဝဇာတ်ရှိန်မကျအောင် ထိန်းသွားနိုင်ပါတယ်။ ပထမ Season ကို အကြိုက်တွေ့တဲ့သူတွေတော့ ဇာတ်လမ်းက မဆက်စပ်ပေမဲ့ လုံးဝမကြည့်မဖြစ် ကြည့်သင့်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုတော့ အစအဆုံး ကိုယ့်ဘာသာပဲ ခံစားပြီး ကြည့်နိုင်အောင် ...
7.6
TMDb: 7.6/10 276 votes
tv

Cruel Summer (2023) Season 02 Complete

2023
Full Circle (2023) 6.4
Full Circle (2023) Full Circle (2023) ============= IMDb Rating - 6.4/10ဒီစီးရီးကတော့ ဇာတ်ကောင်တွေ အများကြီးနဲ့ ရှုပ်ထွေးပွေလီတဲ့ Crime and mystery စီးရီးမျိုးလို့ပဲ ဆိုရမယ်။ 'ရတယ် ရှုပ်တာမျိုးမှ ကြိုက်တာ' ဆိုတဲ့သူတွေအတွက်တော့ ကွက်စတိပါပဲ။ အချိန်လေး သာရရင် သေချာထိုင်စဉ်းစားပြီး ကြည့်ရမဲ့စီးရီးထဲ ပါတယ်ဆိုပါတော့။ကဲ ဇာတ်လမ်းကို နည်းနည်းလောက် ညွှန်းပေးရမယ်ဆိုရင်တော့ ဒီလိုက စလိုက်ကြတာပေါ့။ ဂိုင်ယန်နာက လူမိုက်ဂိုဏ်းတစ်ခုကို မစ္စမဟာဘီရာ ဆိုတဲ့ အမျိုးသမီးကြီးတစ်ယောက်က ဦးဆောင်နေတယ်။ တစ်ရက်မှာ တော့ သူ့မိသားစုဝင်တစ်ယောက် လုပ်ကြံခံလိုက်ရတယ်။ ဒီအတွက် မစ္စ မဟာဘီရာ အလိုချင်ဆုံးဖြစ်နေတာက လက်တုံ့ပြန်မှု။ လူးဝစ်နဲ့ ဇာဗီယာ ကတော့ နယူးယောက်မှာ အလုပ်လုပ်ရမယ်ဆိုလို့ ဂိုင်ယန်နာကနေ ထွက် လာကြတဲ့ ရိုးရိုးအေးအေး ကောင်လေးနှစ်ယောက်ပေါ့။ဒါပေမဲ့ သူတို့ရသွားတဲ့အလုပ်က မစ္စမဟာဘီရာရဲ့ ဂိုဏ်းအဖွဲ့ဝင်တွေအဖြစ်။ မစ္စမဟာဘီရာ လက်စားချေမဲ့ မိသားစုကတော့ စားဖိုမှူးဂျက်ဖ်လို့ နာမည် ကြီးတဲ့ ကာစီနိုနဲ့ ချမ်းသာလာတဲ့ ခရိုနီအဘိုးကြီးရဲ့ မိသားစုပါ။ ဒီအတွက် သားကောင်ဖြစ်လာတာကတော့ အဘိုးကြီးရဲ့ တစ်ဦးတည်းသောမြေးဖြစ်တဲ့ ဂျဲရတ်ဆိုတဲ့ကောင်လေးတစ်ယောက်။ တစ်ဖက်မှာတော့ ...
6.4
TMDb: 6.4/10 2700 votes
tv

Full Circle (2023)

2023
Outer Banks (2020) 8.48
Outer Banks (2020) ဒီတစ်ခါ ပရိသတ်ကြီးကို IMDb 7.6 အထိရထားတဲ့ အမေရိကန် ကျွန်းပေါ် ကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ် သူတို့ကျွန်းမှာ ထူးဆန်းတာက လူတန်းစား ၂မျိုးကွဲနေတာပါပဲ အရမ်းချမ်းသာကြတဲ့ ကွတ် တွေနဲ့ သူတို့ဆီမှာအလုပ်လုပ်ရင်း အသက်မွေးကြရတဲ့ ပို့ချ်တွေပါ ဒီကားလေးထဲမှာတော့ ပို့ချ်တွေဖြစ်တဲ့ ဂျွန်ဘီရယ် ဂျေဂျေရယ် ပုပ်ရယ် နဲ့ ကွတ် ဖြစ်တဲ့ ကီယာရာတို့ သူငယ်ချင်း ၄ယောက်ကို ဇာတ်အိမ်တည်ပြီးရိုက်ထားတာပါ သူတို့သူငယ်ချင်းတွေ နွေရာသီမှာ အပြတ်ကဲဖို့‌မောင်းတင်ထားပေမဲ့ ဟာရီကိန်း မုန်တိုင်းတိုက်လို့ မကဲလိုက်ရတော့တာပါ မုန်တိုင်းတိုက်ပြီးနောက်ရက်မှာတော့ သူတို့တွေ ၄ယောက်သား လျှောက်လည်ကြရာကနေ လှေတစ်စီးမြုပ်နေတာကို တွေ့လို့ လိုက်စုံစမ်းရာကနေ တဆင့်ပြီး တဆင့် အဲဒီအမှုထဲကိုရောက်သွားခဲ့တာပေါ့ အဲဒီအချိန်မှာ ဂျွန်ဘီရဲ့ အဖေကလည်းပျောက်နေတာ ၈လလောက်ကိုရှိနေပါပြီ လှေနစ်တာကိုရှာရင်းနဲ့ သူတို့ဘာတွေဆက်တွေ့ကြမလဲ နစ်သွားတဲ့လှေကရော ဘယ်သူ့လှေဖြစ်မလဲ ဂျွန်ဘီရဲ့ အဖေနဲ့ရော ဆက်စပ်နေမှာလားဆိုတာတော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်စောင့်ကြည့်ရမှာပါ......... File size…(1.5 ...
8.48
TMDb: 8.48/10 606 votes
tv

Outer Banks (2020)

2020
Black Mirror (2011) 8.313
Black Mirror (2011)  "နည်းပညာ" ဆိုတာ အသွားနှစ်ဖက် ပါတဲ့ ဓားလိုပါပဲ။ ကောင်းကျိုးရော ဆိုးကျိုးရော ဒွန်တွဲ ပါနေတဲ့ အရာတစ်ခုပါ။ Netflix က ထွက်တဲ့ လူကြိုက်အများဆုံး စီးရီးထဲက တစ်ခုဖြစ်ပြီး rating လဲ မခေလှတဲ့ ဒီ Black Mirror စီးရီးမှာဆိုရင် နည်းပညာရဲ့ ကောင်းကျိုး ဆိုးပြစ်တွေကို ကွက်ကွက်ကွင်းကွင်း မီးမောင်းထိုးပြသွားပါတယ်။ စီစန်တစ်ခုကို ၃ ပိုင်းနဲ့ ၆ ပိုင်းကြားပဲပါပြီး တစ်ပိုင်းချင်းကို စပယ်ရှယ်ပြင်ဆင်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ကြမ်းတမ်းတဲ့ အခန်းတွေ ပါတာတော့ သတိပြုပေးပါ။ တစ်ပိုင်းချင်းစီက ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပြီး တစ်ပိုင်းကြည့်ပြီးတိုင်း မတူညီတဲ့ ရသနဲ့ message တွေကို ပေးနေမှာပါ။ ကြည့်ပြီးရင်လည်း လခွမ်းတို့ ဘာလဲဟတို့ဆိုပြီး တသသ ဖြစ်နေမဲ့ ဇာတ်လမ်းမျိုးတွေချည်းပဲမို့ အချိန်မဆွဲဘဲ အခုပဲ ကြည့်လိုက်ကြရအောင်။File size…(950 MB)/(400 ...
8.313
TMDb: 8.313/10 4117 votes
tv

Black Mirror (2011)

2011
Cruel Summer (2021) Season 01 Complete 7.6
Cruel Summer (2021) Season 01 Complete Cruel Summer (2021) Season 01 Complete ~ IMDb - 7.4/10, Rotten Tomatoes - 82% ~ ဒီ Teen, Drama, Thriller, Mystery Series လေးက 13 Reasons Why ဇာတ်လမ်းကို ကြိုက်သူတွေ မကြည့်မဖြစ်ကြည့်သင့်တဲ့ Series လေးပါပဲ။ ပုံမှန် ဆယ်ကျော်သက် ပြဿနာတွေထက်ပိုကြီးတဲ့ ပြဿနာတွေကို ကြုံတွေ့ရတဲ့ ဆယ်ကျော်သက်လေးတစ်စုအကြောင်းပါ။ စလာကတည်းက စိတ်ဝင်စားစရာကောင်းပြီး နောက်ဘာဖြစ်မယ်ဆိုတာ အပိုင်းတိုင်းမှာ ရင်ခုန်နေရအောင် ဆွဲဆောင်ထားနိုင်ပါတယ်။ ဇာတ်လမ်းကို ခုနှစ်သုံးခုရဲ့ နွေရာသီတွေမှာ ဖြစ်ခဲ့တဲ့ အကြောင်းကို အပြိုင်ပြထားတဲ့အတွက် နည်းနည်းတော့ ရောချင်စရာကောင်းပါတယ်။ အချိန်ကရှေ့နောက်ကူးနေပေမဲ့ ဇာတ်လမ်းသွားကတော့ Mystery အမျိုးအစားပီပီသသ ရှေ့မှာ ဘာဖြစ်မလဲဆိုတာ မှန်းမရအောင် ပြထားနိုင်တာကတော့ အရမ်းကိုလှတယ်လို့ပြောချင်ပါတယ်။ ဇာတ်လမ်းထဲကအကြောင်းအရာကိုပဲ အဓိကပြောထားပြီး လူ့အဖွဲ့အစည်းက ဘာဖြစ်တယ်၊ ...
7.6
TMDb: 7.6/10 274 votes
tv

Cruel Summer (2021) Season 01 Complete

2021
Revenant(2023) 10
Revenant(2023) Revenant(2023)***************အပိုင်း( ၁ မှ ၁၂) ထိ စ/ဆုံးအစိုးရအရာရှိဝန်ထမ်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့ ဂူဆန်း‌ယောင်းဟာ နေ့ဘက်ဆိုအချိန်ပိုင်းအလုပ်လုပ်ပြီးညဘက်ဆိုစာလေ့လာရင်းအလုပ်ရှုပ်နေတတ်တဲ့ကောင်မလေးဖြစ်ပါတယ်။တစ်ဖက်ကမ္ဘာမှာတော့ ဂူဆန်းယောင်းကို ပူးကပ်နေတဲ့ နတ်ဆိုးတစ်ပါးရှိပြီး တစ်နေ့မှာတော့ ဂူဆန်း‌ယောင်းရဲ့ ပတ်ဝန်းကျင်မှာ ထူးဆန်းတဲ့သေဆုံးမှုတွေ ဆက်တိုက်ဖြစ်ပေါ်လာခဲ့ပါတယ်။အဲ့အချိန်ကစပြီးဂူဆန်းယောင်းဟာတဖြည်းဖြည်းချင်း ပြောင်းလဲလာတယ်ဆိုတာကို သူကိုယ်တိုင် သတိပြုမိလာပါတော့တယ်။ယောမ်ဟယ်ဆန်းကတော့ တက္ကသိုလ်မှာ ကိုရီးယားရိုးရာပုံပြင်တွေကိုသင်ကြားပို့ချတဲ့ဆရာတစ်ယောက်ဖြစ်ပြီး ငယ်ငယ်ကတည်းကမကောင်းဆိုးဝါးတွေကို မြင်နိုင်စွမ်းရှိသူ တစ်ယောက်ဖြစ်ပါတယ်။အီဟုန်းဆယ်ကတော့ အကြမ်းဖက်ပြစ်မှုစုံစမ်းရေးအဖွဲ့က လက်ထောက်အဖွဲ့ဝင်ဖြစ်ပြီးရဲဌာနမှာ အလုပ်ဝင်နိုင်ဖို့အတွက် ကြိုးပမ်းနေသူတစ်ယောက်ဖြစ်ပါတယ်။ယောမ်ဟယ်ဆန်းဟာ ဂူဆန်း‌ယောင်းတို့ဆုံတွေပြီးနောက်မှာတော့မိခင်ဖြစ်သူရဲ့အသက်ကိုနုတ်ယူသွားတဲ့နတ်ဆိုးကိုရင်ဆိုင်ဖို့ဖြစ်လာပါတော့တယ်။အီဟုန်းဆယ်ကလည်း သူတို့နှစ်ယောက်ကြောင့် ထူးဆန်းတဲ့ပြစ်မှုတွေထဲမှာပါဝင်ပတ်သတ်ဖို့ဖြစ်လာတဲ့အခါမှာတော့.....Aired:   Jun 23, 2023 -Jul 29, 2023 Aired On: Friday, Saturday Genres: Thriller, Mystery, Supernatural Duration: 70 mins Episodes: 12 Original Network: SBS File Size: 720p(~350MB) , 1080p(880MB) Translated by Hay Thar Oo, ,Tiff, Estel , Treasure Htet & Thinn ...
10
TMDb: 10/10 1 votes
tv

Revenant(2023)

2023
Kerala Crime Files: Shiju, Parayil Veedu, Neendakara (2023) 7
Kerala Crime Files: Shiju, Parayil Veedu, Neendakara (2023) Kerala Crime Files (2023) IMDb 7.3တောင်းဆိုမှုများတဲ့စီးရီးဖြစ်တဲ့အညီ တစ်ပိုင်းချင်းစီက ဆွဲဆောင်မှုအပြည့် စိတ်လှုပ်ရှားစရာအပြည့်ဖြစ်နေမှာပါ ဇာတ်လမ်းက စလာတည်းက လူသေမှုနဲ့စပါတယ်တည်းခိုခန်းတစ်ခုမှာ ပိုက်ပေါက်နေလား စစ်ဆေးရင်း အခန်းတစ်ခုထဲတွေ့လိုက်ရတဲ့ အလောင်းတစ်ခု.. ဒီအလောင်းကိုစုံစမ်းတော့ ပြည့်တန်ဆာတစ်ယောက်ဖြစ်နေလေရဲ့ ..ဆိုတော့ ပေါ့ပေါ့တန်တန်ပဲ ဝတ်ကျေတန်းကျေစုံစမ်းရာကနေ သာမန်အမှုမဟုတ်နေတဲ့အခါ...လူသတ်သမားကို ရှာလေဝေးလေနဲ့ ရဲနဲ့လူသတ်သမားကြား လက်နှစ်လုံးခြားဖြစ်ပုံတွေ စုံစမ်းရေးရဲ့ထုံးစံအရ ကိုယ်ပါကူဝင်စဉ်းစားရလောက်တဲ့အထိ ဆွဲခေါ်သွားနိုင်တာကြောင့် လက်မလွှတ်တမ်း ကြည့်ရှုကြဖို့ ဖိတ်ခေါ်ရင်း...(အညွှန်းကိုတော့ Yunni မှရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni ~BpL~Aditi~YH~Thaik San တို့ပဲဖြစ်ပါတယ်)File Size – 600MB / 300MBQuality – 1080p / 720pDuration – 28minsTotal Episodes: 6EpsSubtitle – Myanmar HardsubFormat – Mp4Genre : Crime, Mystery, DramaTranslator – Yunni ~BpL~Aditi~YH~Thaik San Encoder – YK 720p Episode 1 - Yoteshin ...
7
TMDb: 7/10 1 votes
tv

Kerala Crime Files: Shiju, Parayil Veedu, Neendakara (2023)

2023
Happiness Battle (2023)
Happiness Battle (2023) Happiness Battle (2023)**********************အပိုင်း( ၁ မှ ၁၆ ) ထိ စ/ဆုံးSong Jung-A ၊ Kim Na-Young နဲ့ Oh Yoo-Jin ဆိုတဲ့ မတူညီတဲ့ background တွေရှိကြတဲ့ မိခင်သုံးယောက်ဟာဘယ်သူက ပိုပြီး ပျော်ရွှင်‌နေနိုင်လဲ ဆိုတာကို လူမှုကွန်ရက်ပေါ်မှာ အချင်းချင်း အပြင်းအထန် ယှဉ်ပြိုင်နေကြတဲ့ နာမည်ကြီး influencers တွေပါ...ဒီတော့ ကိုယ်အောင်မြင်ဖို့အရေး သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက်ရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးဖို့ဆိုရှယ်မီဒီယာပေါ်မှာ အကြိတ်အနယ် တိုက်ပွဲဝင်ကြပါတယ်...Hwang Ji-Ye ဟာ ဘဏ်တစ်ခုမှာ အလုပ်လုပ်‌နေတဲ့ မိခင်တစ်ဦးဖြစ်ပြီးသူမဟာ ထိုသုံးယောက်ရဲ့ ပျော်ရွှင်မှုတိုက်ပွဲထဲမှာ ပါဝင်သူတစ်ဦး မဟုတ်သော်လည်း ထိုအရာတွေကို အနီးကပ်မြင်ရတဲ့သူပါ...တစ်နေ့မှာ ထိုမိခင်သုံးယောက်ထဲက တစ်ယောက်ဟာ ထူးဆန်းစွာ ရုတ်တရက် သေဆုံးသွားတဲ့အခါ . .Jang Mi-Ho ဟာ ဘဏ်တစ်ခုရဲ့ marketing ...

Happiness Battle (2023)

2023
Burn the House Down (2023) 6
Burn the House Down (2023) Burn the house down (2023)လက်စားချေခြင်းဟာ ပူလောင်တယ်ဆိုပေမဲ့ ကိုယ့်ရဲ့အရာအားလုံးကို လုယူသွားတဲ့လူ ကိုယ့်ရဲ့ဘဝကို ချနင်းသွားတဲ့လူက ချမ်းသာပျော်ရွှင်နေတာကို ဒီအတိုင်းလက်ပိုက်ကြည့်နေဖို့ဆိုတာဖြစ်နိုင်ပါ့မလား...သင်သာ ဒီလိုအဖြစ်မျိုးကြုံခဲ့ရင်ရော ဘယ်လိုရွေးချယ်မှုကိုလုပ်မှာလဲ။မီထာရာအီမိသားစုဟာ မျိုးရိုးစဉ်ဆက် ဆေးရုံဖွင့်ခဲ့ကြတဲ့ ချမ်းသာကြွယ်ဝတဲ့မိသားစုတစ်ခုပါ။ ပျော်ရွှင်မှုရော ချမ်းသာကြွယ်ဝမှုနဲ့ပါပြည့်စုံတဲ့ လူတကာအားကျရတဲ့ နွေးထွေးတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပေါ့။ဒါပေမဲ့ ပျော်ရွှင်မှုအတိပြီးတဲ့ ဒီမိသားစုဘဝလေးကို ပြောင်းပြန်လှန်ပစ်ခဲ့တဲ့ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ မီးလောင်မှုအတွက် အမေဖြစ်သူကိုအပြစ်တင်ပြီး ကွာရှင်းပြီး‌တော့ သမီးနှစ်ယောက်ကိုပါ ထားခဲ့တဲ့ အမေ့ရဲ့သူငယ်ချင်းဖြစ်သူနဲ့ နောက်အိမ်ထောင်ပြုသွားတဲ့ အဖေဖြစ်သူအပြစ်ရှိစိတ်နဲ့နောင်တတွေကို ရင်ဝယ်ပိုက်ရင်းနဲ့ ကိုယ်ရောစိတ်ပါပြိုလဲခဲ့ရတဲ့ သမီးဖြစ်သူကိုပါ မေ့လျော့သွားခဲ့တဲ့ အတိ‌တ်မေ့ရောဂါသည်အမေလူတကာအားကျရတဲ့ သူဌေးသမီးလေးဘဝကနေ နေ့ချင်းညချင်း မိသားစုပြိုကွဲပြီး လမ်းပေါ်ရောက်ခဲ့ရတဲ့အန်ဇူတစ်ယောက် ၁၃ နှစ်အကြာမှာ အမေ့ရဲ့သူငယ်ချင်းဖြစ်တဲ့ အဖေ့ရဲ့နောက်မိန်းမ မာကိကိုကို လက်စားချေနိုင်ဖို့နဲ့ လွန်ခဲ့တဲ့ ၁၃ နှစ်က သူ့ရဲ့အိမ် သူ့ရဲ့မိသားစု သူ့ရဲ့ဘဝကိုပါ ပြာပုံအတိဖြစ်စေခဲ့တဲ့ မီးလောင်မှုရဲ့ဖြစ်ရပ်မှန်ကို ပြန်လည်စုံစမ်းဖို့ အိမ်အကူအဖြစ် မီထာရာအီအိမ်ကြီးဆီကို တဖန်ခြေချဖို့ဖြစ်လာပါတော့တယ်။ဒီမီးလောင်မှုရဲ့နောက်ကွယ်မှာရှိနေတာ ဘယ်သူဖြစ်မလဲ။ အန်ဇူထင်ထားသလိုပဲ အဖေ့ရဲ့မယားငယ်မာကိကိုဖြစ်နေခဲ့တာလား။ နာမည်အတုနဲ့ဝင်လာတဲ့ အန်ဇူကရော တစ်ချိန်ကသူ့ရဲ့ဘဝကို နင်းခြေခဲ့တဲ့လူတွေကို ...
6
TMDb: 6/10 1 votes
tv

Burn the House Down (2023)

2023
The Trial (2023) 7
The Trial (2023) The Trial (TV Series)(2023)တခေတ်တခါက ရိုမန့်တွေနဲ့အသည်းစွဲခဲ့ရတဲ့ မမကာဂျိုး၊အခုတော့ အန်တီကာဂျိုးပေါ့။ မင်းသမီးချောကာဂျိုးကို ဝဘ်စီးရီးအနေနဲ့ ရှားရှားပါးပါးမြင်တွေ့ရမှာပါ။"အချစ်ဆိုတဲ့ တရားရုံးမှာကျွန်မပျော်ရွှင်မှုသေဒဏ်ကျခံရမယ်လို့ တခါမှမတွေးခဲ့မိဘူး" ရှေ့နေနီယိုနိုကာတဖြစ်လဲ ကာဂျိုး။ကာဂျိုးက ဒီဇာတ်လမ်းထဲမှာ သမီးနှစ်ယောက်ရဲ့အမေ ခုံရုံးတရားသူကြီးရဲ့ဇနီးတယောက်အနေနဲ့အဓိကပါဝင်ထားပါတယ်။ သူ့ခင်ပွန်းဖြစ်တဲ့ ခုံရုံးတရားသူကြီးက လာဘ်ပေးလာဘ်ယူအနေနဲ့ လိင်အမြတ်ထုတ်မှုကျူးလွန်မှုကြောင့် ထောင်ကျသွားပါတယ်။ဒီကိစ္စကြောင့်ပဲ ပတ်ဝန်းကျင်အသိုင်းအဝိုင်းက ပစ်ပယ်လာတဲ့အခါ ကာဂျိုးတယောက် သူတတ်ကျွမ်းခဲ့တဲ့ ရှေ့နေအလုပ်ကိုပြန်လုပ်ဆောင်ဖို့အကြောင်းဖန်လာပါတော့တယ်။သူ့ရဲ့အလုပ်အပေါ်ကြိုးစားအားထုတ်မှုတွေကြောင့် တစထက်တစအောင်မြင်လာပြီးနောက်ပိုင်းမှာ သူ့ခင်ပွန်းဖြစ်သူ တရားသူကြီးကို ရှေ့နေလိုက်ပေးဖို့ဖြစ်လာပါတော့တယ်။"စိတ်ရဲ့အသိနဲ့ သက်သေ" အဲဒီနှစ်ခုအကြား ရွေးချယ်ဖို့ကြုံလာခဲ့ရင် သက်သေကိုပဲအဓိကထားမယ်ဆိုတဲ့ ဥပဒေကျောင်းကသင်ပေးလိုက်တဲ့အတိုင်း ခံယူထားတဲ့ ကာဂျိုးတယောက် ခင်ပွန်းဖြစ်သူအပေါ်ရော ဘယ်လိုသက်သေတွေရှာပြီး အမှန်တရားနောက်လိုက်မလဲ။အမှုဆိုတာ ကိုယ့်ကိုလာမပတ်သရွေ့ ခေါင်းအေးအေးထားရှင်းလို့ရပေမယ့် ရွံစရာအကောင်းဆုံးအမှုကိုမှ ပတ်သက်တဲ့လင်ယောကျ်ားနဲ့ မိသားစုပျော်ရွှင်မှု၊ ဂုဏ်သိက္ခာ ဒါတွေအားလုံးကို တပြိုင်တည်းပုခုံးထမ်းပြီး ရင်ဆိုင်ရမယ့် အမျိုးသမီးတယောက် ဘယ်လိုတွေစွမ်းဆောင်ပြမလဲဆိုတာကိုတော့.... (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Moon~BpL~Cherry~Zwe~YH တို့ပဲဖြစ်ပါတယ်)Quality : 1080p DSNP WEB DL / 720p DSNP WEB DL Total Episodes : 8EpsFormat : mp4Genres :Drama, Crime, MysteryDuration ...
7
TMDb: 7/10 1 votes
tv

The Trial (2023)

2023
Lies Hidden in My Garden (2023)
Lies Hidden in My Garden (2023) Lies Hidden In My Garden (2023) (အညွှန်း) ================================သူ့ခေတ်သူ့အခါနဲ့ ဗီလိန်ဇာတ်ရုပ်တွေကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်ခဲ့ပြီး လင်းလက်တောက်ပနေဆဲဖြစ်တဲ့ ကြယ်ပွင့်နှစ်ပွင့်ကို အတူယှဉ်ပြီးမြင်ရမယ့် “Lies Hidden In My Garden” ကို ENAက လာမယ့် အင်္ဂါနေ့မှာထုတ်လွှင့်သသွားမှာပဲ ဖြစ်ပါတယ်။ 2020 ခုနှစ်ရဲ့ “Hi Bye, Mama” အပြီး “Kim Tae Hee” ရဲ့ ၃ နှစ်ကြာ hiatus အပြီး ပြန် comeback တဲ့ စီးရီးလည်းဖြစ်သလို “The Glory” နဲ့အောင်မြင်မှုတွေကို အပိုင်သိမ်းနိုင်ခဲ့တဲ့ “Lim Ji Yeon” ကို နောက်ထပ်ကွဲပြားတဲ့ဇာတ်ရုပ်နဲ့တွေ့မြင်ရဦးမယ့်စီးရီးဆိုလည်း မမှားပါဘူး။မျိုးရိုးအားဖြင့်ချမ်းသာပြီး ခင်ပွန်းသည်က ဆရာဝန်တစ်ယောက်ဖြစ်သလို သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးဘဝကိုပိုင်ဆိုင်ထားတဲ့ “Joo Ran” .. အစစအရာရာပြီးပြည့်စုံပြီး ငြိမ်းချမ်းသာယာနေတဲ့ Joo Ran ရဲ့ဘဝဟာ သူတိုအိမ်ခြံဝန်းအနောက်ဘက်ကနေ ထူးဆန်းတဲ့အနံ့ကြီးကို သတိထားလိုက်မိတဲ့အချိန်ကစပြီး ဂယက်တွေစလာပါတော့တယ်။တစ်ဖက်မှာလည်း Joo ...

Lies Hidden in My Garden (2023)

2023
Nobody Knows (2020) [Complete] 8
Nobody Knows (2020) [Complete] Nobody Knows (2020) [အစ-အဆုံး]အပိုင်း ၁၄ မှ ၁၆ (ဇတ်သိမ်းပိုင်း) ထိဒီတစ်ခေါက် CM ပရိတ်သတ်ကြီးတွေအတွက် အရမ်းမိုက်တဲ့ ကွင်းဆက်လူသတ်မှုကား‌ဟောင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။အမှုကားတွေကြိုက်တဲ့ ပရိတ်သတ်ကြီးတို့သိကြတဲ့အတိုင်း ကွင်းဆက်လူသတ်မှုတွေမှာ ထူးခြားတဲ့အချက်ကိုလိုက်ပြီး အမှုအမည်တပ်လေ့ရှိပါတယ်။ ဒီကားမှာတော့ ကွင်းဆက်လူသတ်သမားဟာ ခရစ်ယာန်ဘာသာမှာ "ဒဏ်ချက်တော်" လို့ခေါ်ဝေါ်တဲ့ အမှတ်အသားတစ်ခု "Stigmata" ကို နစ်နာသူရဲ့ ခန္ဓာကိုယ်‌ပေါ်ချန်ထားခဲ့တတ်ပါတယ်။ဒီ Stigmata လူသတ်သမားရဲ့ သားကောင်ဖြစ်သွားခဲ့ရတဲ့ သူငယ်ချင်းအတွက် လက်စားချေဖို့ရာ ချာယောင်းဂျင်းတစ်ယောက် စုံထောက်ဖြစ်လာခဲ့ပြီး ၁၉ နှစ်ကြာအောင် ဒီအမှုနောက်ကိုပဲလိုက်ရင်း ဘဝကိုဖြတ်သန်းလာသူပါ။နှစ်များစွာကြာလာတာနဲ့အမျှ "Stigmata ကွင်းဆက်လူသတ်မှု" ကြီး အေးစက်လာတဲ့အချိန်မှာ ချာယောင်းဂျင်းရဲ့သူငယ်ချင်း အထက်တန်းကျောင်းသား ဂိုအွန်းဟိုဟာ ဟိုတယ်အဆောက်အဦးတစ်ခုပေါ်က ခုန်ချပြီး ကိုမာဖြစ်သွားခဲ့ပါတယ်။ဆက်စပ်မှုမရှိတဲ့ "Stigmata" နဲ့ "ဂိုအွန်းဟို" အမှုနှစ်ခုဟာ "ဘဝသစ်ခရစ်ယာန်ဘုရားကျောင်း" နဲ့ ဆက်နွယ်မှုတွေရှိနေရင်းက သံသယဝင်စရာတွေဖြစ်လာပါတော့တယ်။"Stigmata ကွင်းဆက်လူသတ်မှု" ရဲ့ သံသယရှိသူ ဆောဆန်းဝန်းဟာ ...
8
TMDb: 8/10 12 votes
tv

Nobody Knows (2020) [Complete]

2020
Tree with Deep Roots (2011) [Complete] 9.2
Tree with Deep Roots (2011) [Complete] Tree with Deep Roots (2011) [အစ-အဆုံး]အပိုင်း ၁၈  မှ ၂၄ (ဇာတ်သိမ်းပိုင်း) ထိဂျိုဆွန်းမင်းဆက်ရဲ့ ရှင်ဘုရင်တစ်ပါးဖြစ်တဲ့ Yi Do က အမည်ခံဘုရင်သာ ဖြစ်ပြီး တကယ်တမ်းမှာတော့ သူ့ခမည်းတော် ထယ်ဂျုံးဘုရင်ကသာ အာဏာတွေကို ချုပ်ကိုင်ထားတာပါ။ထယ်ဂျုံးမင်းကြီးက သူအာဏာတည်တံ့ဖို့အတွက် မှူးမတ်စစ်သည် မိသားစုဝင်တွေပါမကျန် အကုန်ရှင်းပစ်တာမို့ သူ့သားတော် Yi Do ကလည်း ဘုရင်ဖြစ်နေပေမဲ့ သူ့ကို မလွန်ဆန်‌ရဲပါဘူး။တစ်နေ့မှာ ထယ်ဂျုံးမင်းကြီးက Yi Do ရဲ့ ယောက္ခထီးတော် ဖြစ်တဲ့ အတွင်းဝန်အမတ်ကြီး ရှင်းအွန်ကို ရှင်းပစ်ဖို့အတွက် နိုင်ငံတော် သစ္စာဖောက်မှုနဲ့ စွပ်စွဲခဲ့ပြီးတော့ အမတ်ကြီး မင်နိုင်ငံမှ ပြန်ရောက်တာနဲ့ ချက်ချင်း ဖမ်းဆီးခဲ့ဖို့ အမိန့်ချခဲ့တယ်။အဲဒီအချိန်မှာ Yi Do က သူ့ယောက္ခထီးကို ကယ်တင်ဖို့အတွက် မင်နိုင်ငံမှာပဲ ရှောင်နေဖို့ လျှို့ဝှက်စာ တစ်စောင်ကို ...
9.2
TMDb: 9.2/10 10 votes
tv

Tree with Deep Roots (2011) [Complete]

2011
The Clearing (2023) 6.1
The Clearing (2023) The Clearing (2023) =============== IMDb Rating - 6.1/10ဝင်္ကပါတစ်ခုထဲကို ဝင်မိသွားပြီဆိုတာနဲ့ ထွက်ပေါက်ကို လိုက်ရှာဖို့ပဲ ရှိပါတော့တယ်တဲ့။ ဝင်ပေါက်ဆီကို ပြန်သွားဖို့လည်း မလွယ်တော့ သလို ရှိတာသေချာနေတဲ့ ထွက်ပေါက်ဆီကိုပါ မမှန်းဆနိုင်တဲ့ အချိန် မျိုးမှာဆိုရင်ရော ရှေ့ပဲတိုးကြမလား နောက်ပဲပြန်ဆုတ်ကြမလား။ ဒီအခြေအနေကိုတော့ ကြည့်ရှု့တဲ့သူတွေကိုယ်တိုင်ကပဲ ဆုံးဖြတ် ရပါလိမ့်မယ်။ဒီဇာတ်လမ်းကို ဝင်္ကပါစံအိမ်တစ်ခုနဲ့ပဲ တင်စားပါရစေ။ အင်္ဂလိပ်အက္ခရာ "A" နဲ့ပဲ အစပြုပြီး မှည့်ခေါ်ထားတဲ့ နာမည်တွေနဲ့ ကလေးတွေ၊ ဆံပင်အမည်းရောင်ကို အရောင်ချွတ်ထားခံရတဲ့ ကလေး တွေ၊ အသက်ကြီးကြီးမိန်းမကြီးတစ်ယောက်ကို မာမီလို့ခေါ်ပြီး တစ် သွေးတစ်သံတစ်မိန့် နေနေရတဲ့ကလေးတွေ၊ အဲဒီကလေးတွေက စံအိမ်ကြီးထဲကို ဘယ်ကနေ ရောက်လာခဲ့ကြတာလဲ။ သူတို့ကို ကြီး ကြပ်ရတဲ့သူတွေပြောတာကတော့ ပြင်ပကမ္ဘာကြီးက သိပ်ကြင်နာ တတ်သလို တစ်ချိန်တည်းမှာပဲ သိပ်ကိုရက်စက်တတ်ပါတယ် တဲ့။ ဆာရာ ဆိုတဲ့ ရှစ်နှစ်အရွယ်ကလေးမလေး ပျောက်ဆုံးမှုက မီဒီယာ တွေပေါ်မှာ ဟိုးလေးတကြော်ကြော်ဖြစ်ပြီးတဲ့နောက် သားလေး ပျောက်ဆုံးသွားမှာကို စိတ်ပူနေရှာတဲ့ မိခင်တစ်ဦးရယ်၊ ဆာရာကနေ အာရှာလို့ ပြောင်းသွားရတဲ့ ကလေးမလေးရဲ့အဖြစ်ရယ်၊ စံအိမ်ထဲ က ကလေးတွေရဲ့ ပဟေဠိတွေရယ် ဒါတွေအားလုံးရဲ့အဖြေကတော့ ဒီစီးရီးရဲ့ တစ်နေရာမှာ ...
6.1
TMDb: 6.1/10 1726 votes
tv

The Clearing (2023)

2023
Class of ’09 (2023) 8.2
Class of ’09 (2023) ခုတစ်ခေါက် CM ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းတွဲလေးကတော့ "Class of ‘09” ဆိုတဲ့ Drama, Thriller ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ် ဇာတ်လမ်းကတော့ FBI အေးဂျင့်လေးဦးအကြောင်း အဓိကအသားပေးဖော်ပြထားပြီး ၂၀၀၉ တုန်းက အတိတ်မှာဖြစ်ခဲ့တာတွေရယ်ရယ် ပစ္စုပန်ဖြစ်တဲ့ ၂၀၂၃ ခုနှစ်ရယ် အနာဂတ်က ၂၀၃၄ ခုနှစ်ရယ်ဆိုပြီး အချိန်အပိုင်းအခြားသုံးခုကို တစ်လှည့်စီ ရိုက်ပြထားပါတယ်။ ၂၀၀၉ ခုနှစ်ဝန်းကျင်မှာ FBI အဖွဲ့အစည်းက အေးဂျင့်အသစ်တွေအနေနဲ့ တရားဥပဒေစိုးမိုးရေးလောကက မဟုတ်လည်း တခြားနယ်ပယ်အသီးသီးမှာကျင်လည်လာတဲ့လူတွေကို အေးဂျင့်အဖြစ် စတင်လျှောက်လွှာလက်ခံခဲ့ပါတယ်။၂၀၀၉ ခုနှစ်အပိုင်းမှာတော့ နာ့စ်မလုပ်နေရာကထွက်လာပြီး FBI ကိုလာလျှောက်တဲ့ Poet ရယ် မိဘတွေက FBI လုပ်တာကို သဘောမတူပေမဲ့ ဘဏ်အကောင့်ထဲရှိသမျှပိုက်ဆံနဲ့ လေယာဥ်လက်မှတ်ဝယ်ပြီး အေးဂျင့်လေ့ကျင့်ရေးကျောင်းကို ရောက်လာတဲ့ Hour ရယ် လစာကောင်းတဲ့ အာမခံအေးဂျင့်အလုပ်ကို ထွက်ပြီးလာလျှောက်တဲ့ Tayo နဲ့ မိဘတွေက ...
8.2
TMDb: 8.2/10 17 votes
tv

Class of ’09 (2023)

2023
City on Fire (2023) 7.7
City on Fire (2023) IMDB rating 6.1/10 ရရှိထားတဲ့ အသစ်ထွက် ongoing Crime/Drama စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၀၃ခုနှစ်ကို အခြေတည် ရိုက်ကူးထားတာဖြစ်ပြီး တစ်ပတ်ကိုတစ်ပိုင်းနှုန်းနဲ့ အပိုင်း ၈ ပိုင်းထွက်ရှိမှာပါ။ မင်းသမီးချောလေး Chase Sui Wonders (Bodies Bodies Bodies/Generation)၊ မင်းသားချောလေး Wyatt Oleff (I Am Not Okay With This/IT-Stanley Urisဇာတ်ကောင်)နဲ့ မင်းသမီးချော Jemima Kirke (Girls/Conversations with Friends)တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။ ဇာတ်လမ်းအကျဉ်း ဆမ်က လွတ်လပ်ပြီး ပျော်ပျော်နေတတ်တဲ့၊ ဂီတကိုရူးသွပ်တဲ့ ပေါ့ပေါ့ပါးပါးတက္ကသိုလ်ကျောင်းသူလေးတစ်ယောက်ပါ။ တစ်ရက်မှာ အထက်တန်းကျောင်းတုန်းတူတူတက်ခဲ့တဲ့ ချာလီနဲ့ အမှတ်မထင်တွေ့ပြီး သူငယ်ချင်းတွေဖြစ်ခဲ့ကြပါတယ်။ အဲဒီလိုနဲ့ ရှက်တတ်ပြီး အဖေဆုံးပါးသွားလို့ စိတ်ဒဏ်ရာရနေတဲ့ လူငယ်လေး ချာလီက ဆမ့်ကို တွယ်တာသွားမိတယ်ဆိုပါတော့လေ။ ဆမ်က ချာလီနဲ့မတွေ့ခင်က ...
7.7
TMDb: 7.7/10 10 votes
tv

City on Fire (2023)

2023
Delete (2023) 1
Delete (2023) Delete (2023)“ဒီလူ့ကိုတော့ ငါမသိခဲ့ရင်ကောင်းမှာပဲ သူ့ကို ငါ့ဘဝထဲကနေ ထုတ်ပစ်ချင်လိုက်တာ ဖျက်ပစ်ချင်လိုက်တာ” ဆိုပြီး စိတ်ကူးမိတဲ့ လူတစ်ယောက်တော့ ရှိကြတယ် .. ဟုတ်? ဒီနေ့မှထွက်ရှိလာတဲ့ ထိုင်း netflix စီးရီး “ DELETE” မှာတော့ ကိုယ်အလိုမရှိတဲ့သူကို ဒီလိုမျိုးဖျောက်ပစ်နိုင်မှာပဲဖြစ်ပါတယ်။စိုက်ပျိုးမွေးမြူရေးခြံပိုင်ရှင် Too ရဲ့ဇနီးသည်လည်းဖြစ်သလို ကိုယ်တိုင်က အနုပညာပြခန်းတစ်ခုကိုဦးစီးနေတဲ့ Lilly က အများအမြင်မှာတော့ အိမ်ထောင်ရေး၊ စီးပွါးရေး အဖက်အဖက်ကပြည့်စုံကံကောင်းတဲ့အမျိုးသမီးကောင်းလေးပေါ့။ ဒါပေမယ့် Lilly က အများထင်သလိုမဟုတ်ဘဲ နာမည်ကျော်စာရေးဆရာ Aim နဲ့ဖောက်ပြန်နေတဲ့ အိမ်ထောင်ရေးဖောက်ပြန်နေသူတစ်ဦးပါ။ တစ်ဖက်မှာလည်း Aim က လူလွတ်တစ်ယောက်မဟုတ်ဘဲ ရည်းစားဖြစ်သူ Orn နဲ့ အတူနေဆက်ဆံရေးရှိနေသူပါ။ဒီလိုနဲ့တစ်နေ့ကျ Aim နဲ့ Lilly တို့ဖောက်ပြန်နေတဲ့အကြောင်းကို Orn သိသွားရာကနေ ကတောက်ကဆအခြေအနေတွေစတင်လာပါတော့တယ်။ ဒီလိုနဲ့ အခက်တွေ့နေတဲ့ Aim နဲ့ Lilly ဆီကို ထူးဆန်းတဲ့ ပစ္စည်းတစ်ခုရောက်လာပါတော့တယ်။ အဲဒီပစ္စည်းရဲ့ထူးခြားချက်က လူတစ်ယောက်ကိုဓာတ်ပုံရိုက်လိုက်တာနဲ့ အဲဒီလူက ...
1
TMDb: 1/10 1 votes
tv

Delete (2023)

2023
Heavenly Delusion (2023) 8
Heavenly Delusion (2023)  IMDb 8.2/10 MyAnimeList 8.1/10ဒီဂျပန်ကာတွန်းက​တော့ သပွတ်အူဇာတ်လမ်းမျိုးကိုကြိုက်တဲ့လူ​တွေအတွက်အထူးသင့်​လျော်ပါတယ်။ပြီး​တော့ promise neverlandတို့၊ aotတို့လို vibeမျိုးလည်း နည်းနည်းရတယ်ဗျ။(တူတယ်​ပြောတာမဟုတ်ဘူး​နော်။ တံတိုင်းကာထားတာတို့၊ ​က​လေး​တွေကို သင်ကြားတာတို့မှာတူတာပါ)။ပြီး​​တော့ ဇာတ်လမ်းအစပိုင်း​တွေမှာ မြို့ပျက်ကြီးထဲ နှစ်​ယောက်ထဲ​လျှောက်သွား​နေပုံကလည်းthe last of usတို့ဘာတို့ကို​ပြေးမြင်တယ်ဗျ။ မူလ မန်ဂရုပ်ပြကို​တော့ဆရာMasakazu Ishiguroက ​ရေးဆွဲခဲ့တာဖြစ်ပြီး ၂၀၁၈ခုနှစ်ကတည်းက ထွက်ရှိခဲ့တာပါ။အတွဲ (volume) ၈တွဲအထိထွက်ရှိထားပြီး ဆက်လက်ထွက်ရှိ​နေတုန်းပါ။Animeထွက်ထားသ​လောက် ဇာတ်လမ်းကို​ပြောရရင်​တော့ပြိုပျက်ခြင်းဆိုတဲ့ကပ်ဆိုးကြီးအပြီးမှာ​တံတိုင်းပတ်လည်ကာထားတဲ့ ကျောင်း​တော်ကြီးတစ်ခုကMimihimeဆိုတဲ့​ကောင်မ​လေးဟာ တံတိုင်းရဲ့အပြင်ဘက်မှာ ကမ္ဘာတစ်ခုရှိ​နေတာကိုရိပ်မိလာခဲ့ပါတယ်။ထို့အတူပဲ Tokioဆိုတဲ့တစ်​ယောက်ဟာလည်း အတန်း​စာ​မေးပွဲ​ဖြေ​နေစဥ်မှာအပြင်ရဲ့အပြင်ကိုထွက်ကြည့်ချင်လားဆိုတဲ့စာတစ်​စောင်​​ရောက်လာခဲ့ပါတယ်။အပြင်ဆိုတာရှိလားလို့ ​ကျောင်းရဲ့ညွှန်ချုပ်ကို​မေးကြည့်လိုက်တဲ့အခါမှာ​တော့အပြင်​လောကဆိုတာရှိပြီး အလွန်စက်ဆုပ်ဖို့​ကောင်းတဲ့မ​ကောင်းဆိုးဝါး​တွေနဲ့ပြည့်​နေတာပါလို့ ပြန်​ဖြေပါ​တော့တယ်။အပြင်ဘက်​လောကထဲမှာ​တော့ Tokioနဲ့ရုပ်ချင်းတူတဲ့ Maruဆိုတဲ့ဘဲ​လေးဟာKirukoဆိုတဲ့​​​​စော်​လေးကို ​ဘော်ဒီဂတ်ငှားပြီး ​ကောင်းကင်ဘုံဆိုတဲ့​နေရာကိုလိုက်ရှာ​နေတာပါ။Maruဆီမှာလည်း ​ဆေးထိုးအပ်နဲ့​ဆေးတစ်မျိုးရှိ​နေပြီး Maruနဲ့ရုပ်တူတဲ့လူကို​တွေ့တာနဲ့ထိုး​ပေးဖို့ပါညွှန်ကြားခံထားရပါတယ်။အဲ့လိုနဲ့မြို့ပျက်ကြီးအတိုင်းဖြတ်သန်းပြီး ခရီးထွက်လာ​ရင်းနဲ့ ထူးဆန်းတဲ့တည်းခိုခန်းကို​ရောက်ရှိသွားတဲ့အခါမှာ​တော့..... Spoiler ............သိမ်းငှက်သူရဲ​ကောင်းသိုင်းကားကြိုက်သူများအတွက်ဂူးဂူးနဲ့သစ်ပင်​အောက်ကဇာတ်ဝင်ခန်းလိုမျိုးဇာတ်ဝင်ခန်းလည်း ​နောက်ပိုင်းပါပါတယ်။အသဲမခိုင်သူများကြည့်မိမှာစိုးလို့ပါ😁 Genres: Animation, Action, Mystery Duration: 23 mins Episodes: 13 Original Network: Tokyo MX File Size: 1080p (300 MB) Translated by Dr ...
8
TMDb: 8/10 7 votes
tv

Heavenly Delusion (2023)

2023