Channel Myanmar

Thriller

The Kidnapping Day (2023) [Complete]
The Kidnapping Day (2023) [Complete] The Kidnapping Day (2023) ********************************အပိုင်း (၁ မှ ၁၂) စ / ဆုံး နေမ​ကောင်းဖြစ်​နေတဲ့သမီး​​လေးကို ကယ်တင်ဖို့  ငွေလိုနေတဲ့Kim Myung-Joon တစ်ယောက် ကြံရာမရတဲ့အဆုံး ဇနီး​​ဟောင်းဖြစ်သူပြောတဲ့အတိုင်း သူ​ဌေးအိမ်က​ ကလေးမ​လေး Ro-Heeကို ပြန်ပေးဆွဲပြီးငွေညှစ်ဖို့လုပ်ပါတော့တယ်...ငွေညှစ်ဖို့လာတဲ့လမ်းမှာပဲ Myung-Joon တစ်ယောက် Ro-heeကို တိုက်မိပြီးအက်ဆီးဒင့်ကြောင့် ကလေးမလေးဟာ အတိတ်မေ့သွားပါတော့တယ်...အဲဒီအချိန်မှာပဲ ရုတ်တရက် Ro-heeမိဘတွေကလည်း သေဆုံးသွားတဲ့အခါ....ချော်လဲရောထိုင်နဲ့ အဖေအဖြစ်ဟန်ဆောင်ဖို့ ဆုံးဖြတ်လိုက်တဲ့ Myung-Joonတစ်ယောက်ဉာဏ်ကြီးရှင်မလေး Ro-Heeကို လှည့်စားနိုင်ပါ့မလား...သူတို့နှစ်ယောက်ကြား ဘယ်လိုဆက်ဖြစ်ဦးမလဲ...ဆိုတာကိုတော့ စောင့်ပြီးကြည့်လိုက်ရအောင်နော်...(အညွှန်းကိုတော့ KhiNiက ရေးသားပေးထားပါတယ်။) Aired: Sep 13, 2023 - Oct 19, 2023 Aired On: Wednesday, Thursday Genres: Thriller, Mystery, Comedy, Drama Duration: 45 mins Episodes: 12 Original Network: ENA Translated by Hay Thar Oo, KhinNi, Stary, ...

The Kidnapping Day (2023) [Complete]

2023
Return(2018) [Complete] 9
Return(2018) [Complete] Return(2018)************အပိုင်း( ၁ မှ ၃၂) အထိ စ/ဆုံးThe Escape of the Seven နဲ့  The Penthouse တို့ရဲ့ ပဲ့ကိုင်ရှင်ဒါရိုက်တာJoo Dong Min ရိုက်ထားတဲ့ စီးရီးဆိုတော့  သူ့ဟန်ပန်အတိုင်း ဘယ်သူက လူကောင်းဘယ်သူက ဗီလိန်မှန်း ခွဲရခက်တယ်...အကုန်လုံးက မကောင်းတဲ့စရိုက်တွေနဲ့ ပုံဖော်ထားသလိုအားနည်းချက် အချို့ကိုလည်း ပြထားတယ်...ဒီစီးရီး စုံထောက် မှုခင်းစီးရီးဆိုတော့လူတွေသေတာတွေ ခဏ ခဏပါသလို တစ်ချို့အဖော်အချွတ်နဲ့  ရက်စက်တဲ့သေမှုသေခင်း တွေလည်းပါတာမို့ ကြည့်တဲ့သူတွေသတိချပ်စေချင်တယ်...Main Lead တွေက နာမည်ကြီးတွေချည်းဖြစ်တာမို့ဒီထဲက တစ်ချို့ကိုလည်း The Penthouse မှာပြန်သုံးထားတာတွေ့ရတယ်...ဇာတ်လမ်းတွဲစကတည်းက လူသတ်မှုတစ်ခုက မကျေနပ်တဲ့ ရှေ့နေက ပြန်လည် တူးဖော်ပြီးဒီအမှုကို ပြန်စစ်ဆေးသင့်ကြောင်းကိုရီးယားတစ်နိုင်ငံလုံးပွဲဆူအောင် ရုပ်သံလိုင်းတစ်ခုကနေတင်ဆက်နေတဲ့အပြင် သိပ်မကြာဘူး လူကုံထံအသိုင်းအဝန်းက အမျိုးသမီးတစ်ယောက်လည်းထပ်မံအသတ်ခံလိုက်ရတယ်...ဇာတ်လမ်း အပိုင်း (၁) စကတည်းက စိတ်ဝင်စားဖို့ကောင်းတာမို့အညွှန်းရေးရင်အတော် ကြည့်ရ ရသပျက်မှာမို့ ဒီလောက်ပဲရေးလိုက်ပါ့မယ်....ဒီလောက်ဆို ...
9
TMDb: 9/10 6 votes
tv

Return(2018) [Complete]

2018
Elite (Complete) 7
Elite (Complete) စပိန်စကားပြော ဒီ Netflix စီးရီးလေးကတော့ ၂၀၁၈ ကစတင်ထွက်ရှိခဲ့ပြီး အခုဆို Season (4) ထိ ထွက်ရှိထားသလို နောက်စီစင်တွေလဲ ထပ်မံထွက်ရှိဦးမှာဖြစ်ပါတယ်။ဒီစီးရီးက ထူးခြားတဲ့တင်ဆက်မှုတစ်ခုဖြစ်ပြီး လူငယ်တွေကြားက နက်နဲတဲ့ Relationshipအကြောင်းတွေကို ရဲရဲတင်းတင်း ပွင့်ပွင့်လင်းလင်းတင်ဆက်ထားတာပါ။အသက် ၁၈ နှစ်တောင် မပြည့်ကြသေးတဲ့ လူငယ်တွေ ကျောင်းမှာပညာရှာရင်းနဲ့ ပွဲကြမ်းချက်ကလဲ လက်လန်ပါတယ်...Sex ကိစ္စမှာဆိုလဲ Straight , BL , Lesbian , Cuckold , 2 in 1 , Incest စသည်ဖြင့်အောတိုက်ရလောက်အောင် စုံစီနဖာပဲ အရပ်ကတို့ရေ... ကဲ..ဒီစီးရီးနာမည်လေးကတော့ Elite အထက်တန်းလွှာဆိုတဲ့ အဓိပ္ပာယ်ပေါ့.. Las Encinas ဆိုတဲ့ ကျောင်းတော်ကြီးဟာ စပိန်နိုင်ငံပြဲပြဲစင်မှာ ကြေးရတက်လူတန်းစား တွေ လူကုန်ထံသားသမီးတွေပဲ တက်နိုင်တဲ့ အထက်တန်းစားကျောင်းတော်ကြီးပေါ့ ဒါပေမယ့် ထူးထူးဆန်းဆန်းပဲ ဆင်ခြေဖုံးရပ်ကွက်မှာနေတဲ့ သာမန်လူတန်းစားအသိုင်းဝိုင်းက လူငယ်လေးသုံးယောက် Las Encinas ကျောင်းတော်ကြီးမှာတက်ရောက်ဖို့ ကံအကြောင်းတိုက်ဆိုင်လာပါတယ် မထင်မှတ်ထားတဲ့ ငလျင်လှုတ်ခတ်မှုကြောင့် ...
7
TMDb: 7/10 63 votes
tv

Elite (Complete)

2018
Ghost (2012) [Complete] 7.214
Ghost (2012) [Complete] Ghost (2012) [အစ-အဆုံး]အပိုင်း ၁၁ မှ ၂၀ (ဇာတ်သိမ်းပိုင်း)ဆိုက်ဘာလောကမှာဆိုရင် ရာဇဝတ်မှုတွေဟာ လျှို့ဝှက်နက်နဲပြီး အင်မတန်မှဆန်းကြယ်လှပါတယ်။အဲဒီလိုဆိုက်ဘာရာဇဝတ်မှုတွေကို သဲလွန်စရှာပြီး ကိုင်တွယ်ဖြေရှင်းတဲ့ပုံစံနဲ့ ရဲအရာရှိ အမှုစစ်တွေရဲ့ အကျင့်ပျက်ခြစာပြီး ပူးပေါင်းကြံစည်ပုံတွေကို ရင်တမမနဲ့တစ်ပိုင်းပြီးတစ်ပိုင်း ဆက်ကြည့်ချင်လောက်တဲ့ စီးရီးလေးပါ။Kim Woo-hyun ကတော့ အဆင့်မြင့် ရဲအရာရှိတစ်ဦးရဲ့ သားတစ်ယောက်ပါ။ ထူးချွန်ထက်မြတ်တဲ့ Kim Woo Hyunဟာ ရဲတက္ကသိုလ်ကို အဆင့် ၁နဲ့ ဝင်လာပြီး အဆင့်၁နဲ့ပဲနဲ့ ဘွဲ့ရပြီးတဲ့နောက် ဆိုက်ဘာစုံစမ်းစစ်ဆေးရေးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တယ်။ဒီလိုနဲ့ စုံထောက် Kim ဟာ ဆိုက်ဘာလောက ထဲက ပုန်းအောင်းနေတဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ အကြောင်းဖန်လာခဲ့တယ်။ ဆိုက်ဘာစုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဦးဆောင်ပြီးတော့ တရားမဝင်နိုင်ငံတကာ လောင်းကစား ဝဘ်ဆိုဒ်တစ်ခုကို ဖယ်ရှားဖို့ လုပ်ဆောင်ရင်း ဆိုက်ဘာလောကအတွက် ရန်သူတော် ဟက်ကာ Hadesကို ခြေရာခံပြီး လိုက်လံဖမ်းဆီးဖို့ ကြိုးစားခဲ့တယ်။ဟက်ကာHadesရဲ့တည်နေရာကို ခြေရာခံလိုက်လံဖမ်းဆီးရင်း ...
7.214
TMDb: 7.214/10 14 votes
tv

Ghost (2012) [Complete]

2012
The Box (2023)
The Box (2023) ပဟေဠိ ဂျပ်ဖာ (၂၀၂၃)နွန်က အချက်အချာကျတဲ့နေရာမှာ ဒီယာဆိုတဲ့ အမျိုးသမီးရဲ့ တိုက်ခန်းကို ၀ယ်ခဲ့ပါတယ် သူ ၀ယ်လိုက်တဲ့ အခန်းက အခန်း နံပါတ် (၈၀၁) , ၈ လွှာမှာပါသူတို့တိုက်ခန်းကို ပြောင်းလာတော့ အဲ့အလွှာမှာ နေထိုင်ကြတဲ့သူတွေက ကြိုဆိုပွဲလေး လုပ်ပေးပါတယ် အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ နွန်တို့မိသားစုကို လက်ဆောင်တွေယူလာပေးကြရင်း ပျော်ရွှင်စွာ စားသောက်နေကြပါတယ် အဲ့အချိန်မှာ နွန်က သန့်စင်ခန်းကို သွားပါတယ် သန့်စင်ခန်းထဲ နွန် ထိတ်လန့်ဖွယ်ရာ မြင်ကွင်းကို တွေ့ခဲ့ပါတယ် နောက်တစ်ယောက် သန့်စင်ခန်းကို လာတော့ နွန်ကို ဒီယာရဲ့ အလောင်းဘေးမှာ ဓါးကိုင်လျက်နဲ့မြင်ခဲ့ပါတယ် ဒီအဖြစ်အပျက်ကို မြင်ပြီး အားလုံးက ဒီယာကို နွန်သတ်လိုက်တာလို့ ယူဆကြပါတယ် နောက်တစ်နေ့မှာတော့ ပေးပို့သူ ဒီယာဆိုတဲ့ နာမည်နဲ့ ၈ လွှာက အခန်းတိုင်းကို ဂျပ်ဖာ တစ်ခုဆီ ရောက်ခဲ့ပါတယ် ဆိုတော့ ဒီယာက သေဆုံးသွားပြီမို့ ဘယ်သူက ပို့တာလဲ ? ဒီယာရော ဘယ်လိုသေဆုံးသွားတာလဲ ? ဒီယာသေဆုံးမှုမှာ နွန် ပါ၀င်ပတ်သက်နေမလား ...

The Box (2023)

2023
The Woman in the Wall (2023) Complete 7.1
The Woman in the Wall (2023) Complete The Woman in the Wall (2023) Completed Mini Series ~ IMDb rating - 7.1/10 ~ ၁၈ ရာစုကနေ ၂၀ ရာစု (၁၇၅၈-၁၉၉၆) အထိ ရာစုနှစ်နှစ်ခုစာ ကမ္ဘာ့နိုင်ငံကြီးတချို့မှာ ရှိခဲ့ဖူးတဲ့ အမျိုးသမီးသီးသန့် ဘာသာရေး အကျဥ်းထောင်အကြောင်းကို ကြားဖူးကြလား။ ဘာသာရေး အကျဉ်းထောင်ဆိုတဲ့ စကားလုံးက ထူးဆန်းနေမှာပေါ့။ ဒါပေမဲ့လည်း ကမ္ဘာ့အရှည်ကြာဆုံးစစ်ပွဲတွေထဲက တစ်ခုဖြစ်တဲ့ Crusade စစ်ပွဲကလည်း ရာစုနှစ်နှစ်စုစာ ကြာခဲ့တာပဲမဟုတ်လား။ ဒီအမျိုးသမီး အကျဥ်းထောင်တွေကတော့ Magdalene Asylums (မန်ဒလင်း စိတ်ရောဂါကုဆေးရုံ) သို့မဟုတ် Magdalene Laundries (မန်ဒလင်း အဝတ်လျှော်ရုံ) တွေပဲ ဖြစ်ကြပါတယ်။ မန်ဒလင်းဆိုတဲ့နာမည်က ယေရှုခရစ်တော်ရဲ့ လက်ဝါးကပ်တိုင်မှာ ချိတ်ဆွဲခံရခြင်းနဲ့ ပြန်လည်ထမြောက်ခြင်းကို မျက်မြင်တွေ့ခဲ့တဲ့ အမျိုးသမီး သာဝကဖြစ်သူ မေရီမန်ဒလင်းရဲ့ နာမည်ကို အစွဲပြုပြီး ...
7.1
TMDb: 7.1/10 2 votes
tv

The Woman in the Wall (2023) Complete

2023
The Continental: From the World of John Wick (2023) 7.8
The Continental: From the World of John Wick (2023) The Continental: From the World of John Wick (2023) ======================================= John Wick Spin off : Continental Season 1ဒီစီးရီးကတော့ အပိုင်း ၃ ပိုင်းပါဝင်ပြီး ဂျွန်ဝစ်ရုပ်ရှင်တွေထဲက နာမည် ကြီး ကွန်တီနန်တယ် ဘုံနယ်မြေဟိုတယ်တွေအပေါ် အခြေခံထားတာပါ။ ဝင်စတန် တစ်ယောက် စီးပွားရေးလူလည်ဘဝက‌နေ ရာဇဝတ်လောကထဲ ရောက်လာပြီး ဟိုက်တေဘယ် အထက်ကောင်စီနဲ့ ရင်ဆိုင်ရပုံတွေကို ပြ ထားတာပါ။ အတိုက်အခိုက်ခန်းတွေကတော့ ဂျွန်ဝစ်ထဲကတိုင်း ကြမ်းကြမ်း တမ်းတမ်းပါပဲ။ ဇာတ်လမ်းကလည်း စိတ်ဝင်စားဖို့ကောင်းအောင် တည်ဆောက် ထားတာမို့ အားလုံးကြိုက်ကြမှာပါ။ တစ်ပိုင်းကို တစ်နာရီခွဲမို့ ရုပ်ရှင်လို ကြည့် ရမှာပါ။ တစ်ပတ်တစ်ပိုင်းနဲ့ သုံးပိုင်းလာပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်း - ဖရန်ကီနဲ့ ဝင်စတန်ဟာ ညီအစ်ကိုနှစ်ယောက်ပါ။ ငယ်ငယ်ကတည်းက မိဘမဲ့ အိမ်ခြေရာမဲ့ဖြစ်ခဲ့ပြီး အမှုတစ်ခုကြောင့် ဖရန်ကီ ထောင်ကျသွားပါတယ်။ ညီ ဖြစ်တဲ့ ဝင်စတန်ကတော့ လန်ဒန်မှာ ငွေကြေးဆိုင်ရာစီးပွားရေးနဲ့ အောင်မြင် နေပါပြီ။ တစ်နေ့မှာတော့ ဝင်စတန်ကို လူမိုက်တစ်စုက ...
7.8
TMDb: 7.8/10 1628 votes
tv

The Continental: From the World of John Wick (2023)

2023
Punch (2014) [Complete] 8.2
Punch (2014) [Complete] Punch (2014)*************အပိုင်း (၁ မှ ၁၉) စ/ဆုံး အထက်အမှုစစ်ရုံးက Park Jung Hwanက အဂတိလိုက်စားမှုစုံစမ်းရေးအဖွဲ့ခေါင်းဆောင်ဆိုပေမဲ့ သူ့ရဲ့ရာထူးကိုရဖို့အတွက်တော့အပေးအယူပေါင်းစုံကို တစ်ဇွတ်ထိုးလုပ်တဲ့သူမျိုးပေါ့။တစ်နေ့မှာတော့ သူ့မှာ ဦးနှောက်အကြိတ်တည်နေပြီးရှင်သန်ဖို့အချိန် ဘယ်လောက်မှ မကျန်တော့မှန်း သိသွားပါတော့တယ်။သူရဲ့နောက်ဆုံးအချိန်တွေကို နောင်တမရဘဲ ဖြတ်သန်းဖို့ ဆုံးဖြတ်လိုက်ပြီးအဂတိလိုက်စားတဲ့ အမှုစစ်ချုပ် Lee Tae-Joonဘက်ကို တရားမျှတမှုရဲ့သေနတ်ပြောင်းချိန်လိုက်တဲ့အခါ…Park Jung-Hwanရဲ့ ဇနီးဟောင်းဖြစ်သူ အမှုစစ် Shin Ha-Gyeongကလည်းခင်ပွန်းဟောင်းဘက်ကနေ ပါဝင်ကူညီတဲ့အခါမှာတော့...အာဏာကြီးလွန်းလှတဲ့ အမှုစစ်ချုပ် Lee Tae Joonနဲ့ သေမင်းတံခါးဝကအမှန်တရားရဲ့ဘက်တော်သား Park Jung- Hwanတို့အကြားဘယ်သူအနိုင်ရမလဲဆိုတာကိုတော့ K-Dramaပရိသတ်ကြီးကပဲ ခံစားကြည့်ရှုကြပါဦးနော်။Kim Rae Won, Kim Ah Joong, Jo Jae Hyun တို့လို မင်းသားကြီးတွေ ပါဝင်သရုပ်ဆောင်ထားတာမို့အကြိုက်တွေ့စေမှာ‌ပါနော်။  Aired: Dec 15, 2014 - Feb 17, 2015 Aired On: Monday, ...
8.2
TMDb: 8.2/10 10 votes
tv

Punch (2014) [Complete]

2014
Distorted (2017) [Complete] 6.462
Distorted (2017) [Complete] Distorted (2017)*************အပိုင်း( ၁ မှ ၁၆) အထိ  စ/ဆုံး ဒီစီးရီးမှာတော့ One Dollar Lawyer, My Dearestစတဲ့ နာမည်ကြီးဇာတ်လမ်းတွဲ‌တွေမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီးNam Goong Minနှင့် တခြားနာမည်ကြီး သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်...ကိုရီးယားနိုင်ငံငံမှာ လုံးဝသွားထိလို့မရတဲ့ လူတန်းစားများစွာရှိတယ်...နိုင်ငံရေးသမားတွေနဲ့  ဖြစ်ပေါ်လာတဲ့အခြေအနေတိုင်းကိုအမြတ်ထုတ်ဖို့ကြိုးစားနေတဲ့အာဏာရှိအသိုင်းအဝန်းပဲ... ဒီလူတွေက သွားမထိရဲလောက်အောင်  အင်အားကြီးကြသလိုပြဿနာတစ်ခုပေါ်တိုင်းလည်း လက်စဖျောက်ရှင်းဖို့ အစီအစဉ်ပေါင်းများစွာရှိတယ်...တစ်နေ့တော့ ကိုရီးယားနိုင်ငံရေး ပြည်သူတွေ အံအားသင့်ရလောက်တဲ့ထိသတင်းတစ်ခုတက်လာခဲ့တယ်...ဒီသတင်းက အာဏာရှိသူတစ်ယောက်ရဲ့ နောက်ကွယ်ကမကောင်းမှုတွေဖြစ်ပါတယ်...ဒီသတင်းတက်လာပြီး သိပ်မကြာခင်မှာပဲ သတင်းရေးတဲ့အမျိုးသားတစ်ဦးသေဆုံးခဲ့ရသလို  အမှုတွေကလည်း ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားတယ်..သေဆုံးသွားတဲ့ သတင်းသမားမှာ ညီဖြစ်သူကျန်ခဲ့တယ်...အကိုဖြစ်သူသေဆုံးသွားလို့ အဖြစ်မှန်အားလုံးဖော်ထုတ်ရင်း လက်စားချေလိုပေမဲ့ဒီအသိုင်းအဝန်းဟာ ပုံမှန်သမရိုးကျနည်းနဲ့ ချဉ်းကပ်လို့မရဘူးလို့  အကိုဖြစ်သူသေဆုံးခြင်းကသူ့ကိုသဘောပေါက်စေခဲ့တယ်...ဒါ့ကြောင်း အချိန်ယူအစွမ်းကုန်ပြင်ဆင်ရင်းဒီစောင်တလွဲလောကကြီးကို ရိုက်ချိုးဖို့ ကြံစည်ပါလေတော့တယ်...မင်းသားကတော့ ကျွန်တော်တို့ဆရာကြီး Nam Goong Min ဆိုတော့ကားဒီလိုကာရိုက်တာတွေနဲ့အလွန်လိုက်ဖက်လေတော့ ကြည့်လို့ မလန်းမှာတော့ပူပင်စရာမလိုပါ......Episodes: 16 Aired On: Saturday, Sunday Original Network: SBS Duration: 1 hr. 10 ...
6.462
TMDb: 6.462/10 13 votes
tv

Distorted (2017) [Complete]

2017
The Ipcress File (2022) Complete 7.3
The Ipcress File (2022) Complete The Ipcress File (2022) ~ IMDb - 7.3/10, Rotten Tomatoes - 96% ~ ဒါကတော့ ၁၉၆၂ တုန်းကထွက်ရှိခဲ့တဲ့ နာမည်တူ စပိုင်ဝတ္ထုကို ပြန်လည်အသက်သွင်းထားတဲ့ စီးရီးတစ်ခုပါ။ ၁၉၆၅ မှာလည်း မင်းသားကြီး Michael Caine ခေါင်းဆောင်ပါဝင်ထားတဲ့ ဇာတ်ကားထွက်ထားပါသေးတယ်။ ခုဟာကတော့ IMDb မှာ 7.3/10 နဲ့ Rotten Tomatoes မှာ 96% ရထားတာဖြစ်တဲ့အတွက် တန်းတစ်ခုဝင်တဲ့ ဇာတ်လမ်းတွဲလို့ပြောရင်လည်း မမှားပါဘူး။ ဇာတ်လမ်းကိုတော့ အင်္ဂလန်ကနေ ပြန်ပေးဆွဲခံလိုက်ရတဲ့ ဗြိတိသျှ သိပ္ပံပညာရှင်တစ်ယောက်ကို တစ်ချိန်ကမှောင်ခိုသမားဘဝကနေ စပိုင်တစ်ယောက်ဖြစ်လာတဲ့ ဟယ်ရီပါလ်မာကနေ လိုက်ပြီးရှာဖွေရာကနေ အစပြုထားပါတယ်။ ဟယ်ရီဟာ ဘာလင်မှာရှိတဲ့ သူ့ရဲ့အဆက်အသွယ်ကိုသုံးပြီး သိပ္ပံပညာရှင်ကြီးကို ကယ်ပေးမှ လွတ်ငြိမ်းခွင့်ပေးမယ်ဆိုပြီးတော့ အကြပ်ကိုင်ခံထားရတာပေါ့။ ဘာမှမသိတဲ့ ဟယ်ရီတစ်ယောက်ဟာ ရတဲ့အခွင့်အရေးကိုယူပြီး ရန်သူ့နယ်မြေထဲသွားခဲ့ရပါတယ်။ စစ်ဆင်ရေးကိုထမ်းဆောင်နေရင်း မတော်တဆမှုတစ်ခုနဲ့ ...
7.3
TMDb: 7.3/10 40 votes
tv

The Ipcress File (2022) Complete

2022
Special OPS (2020) Season1 Complete 8.078
Special OPS (2020) Season1 Complete Special OPS (2020)အိန္ဒိယမှာ တကယ်ဖြစ်ခဲ့ဖူးတဲ့ Mumbai 26/11 အကြမ်းဖက်မှု ၊ ၂၀၀၁ ပါလီမန်အိမ်တိုက်ခိုက်ခံရမှုလိုမျိုး တကယ့်အဖြစ်အပျက်တွေကို အခြေခံရိုက်ထားတဲ့စီးရီးဖြစ်ပါတယ် ပါဝင်ထားတဲ့မင်းသားတွေကလည်း Key Key Menon ၊ Karan Tacker တို့လို တောင့်တောင့်ဖြောင့်ဖြောင့် အက်ရှင်မင်းသားတွေချည်းပါပဲဇာတ်လမ်းအညွှန်း၂၀၀၁ ပါလီမန်အိမ်တော်တိုက်ခိုက်ခံရမှုကြောင့် ရဲနဲ့ပြည်သူဘက်ကလည်း နစ်နာမှုကြီးမားခဲ့ရသလို ရဲတွေဘက်က ရတဲ့သတင်းအစအနနဲ့ ဘဏ္ဍာရေးလမ်းကြောင်းတွေ လိုက်လံပိတ်ဆို့ခံတဲ့အတွက် အကြမ်းဖက်အဖွဲ့တွေမှာလည်း အထိနာကုန်ပါတယ်။အကြမ်းဖက်အဖွဲ့ရဲ့ ထိပ်သီးပိုင်းခေါင်းဆောင်တွေက ကိုယ့်အထုပ်ကိုယ်ပိုက်ရင်းနဲ့ ပုန်းအောင်းကြကုန်တော့ လက်အောက်ခံအဖွဲ့ခွဲတွေမှာ ငွေပြတ်လပ်တဲ့ပြဿနာကြုံရပါတော့တယ်။ ဒီတော့ ဇာတ်လိုက်ကျော်ကြီးဟင်းမတ်(Menon)ကလည်း သူရထားတဲ့အချက်အလက်နဲ့ အခြေအ‌နေကို အသုံးချလို့ သူနှစ်ရှည်လများ လိုက်လံရှာဖွေနေခဲ့တဲ့ အီကလက်ခန်းရဲ့ ညာလက်ရုံးဖြစ်တဲ့ ဝါဆင်းကို ငွေထုပ်နဲ့မျှားရင်း သဲလွန်စရချိန်မှာ အမိဖမ်းဖို့ပြင်ဆင်ပါတော့တယ်။ဒီစစ်ဆင်ရေးအတွက် သူ‌ရွေးချယ်ခဲ့သူကတော့ သူကိုယ်တိုင် ၅ နှစ်တိတိ လေ့လာခဲ့တဲ့ ဖာရုအလီ(Karan)ပါပဲ။ ဝါဆင်းကိုရှင်းပြီးတော့ UAEမှာဆက်နေခဲ့တဲ့ ဖာရုတစ်ယောက် ဆက်လက်စုံစမ်းရင်းနဲ့ တစ်ချိန်က ၂၀၀၁ ခုနှစ် ပါလီမန်တိုက်ခိုက်ခံရမှုကစတင်လို့ ပုံစံခပ်ဆင်ဆင်နဲ့ ဖြစ်လာသမျှ အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်က ကြိုးကိုင်သူလို့ ဟင်းမတ်သံသယဝင်နေတဲ့ အီကလက်ခန်းရဲ့သတင်းအစအနကို ရလာတဲ့အခါမှာတော့...နှစ်ဆယ်နဲ့ချီ ...
8.078
TMDb: 8.078/10 32 votes
tv

Special OPS (2020) Season1 Complete

2020
Leaked! (2023) Complete 5
Leaked! (2023) Complete Leaked (2023)နာမည်အတိုင်း leaked ဗီဒီယိုတစ်ခုပေါက်ကြားသွားရာက စခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ် ခပ်မိုက်မိုက်လူငယ်ကျောင်းသားကျောင်းသူလေးတွေကို ရှုစားရင်းကြည့်ရှူရမဲ့စီးရီးလေးဖြစ်ပါတယ်အားကစားတော်ကြတဲ့ကျောင်းသားတွေ ၊ sexy ကျပြီး လူအ‌များကြားထင်ပေါ်တဲ့ကျောင်းသူတွေ အဲ ဒီလိုကျောင်းသူတွေထဲမှာ ရူဘီလည်းတစ်ယောက်အပါအဝင်ပေါ့ ပါတီတစ်ခုမှာ ကောင်လေးတစ်ယောက်နဲ့ ကြည်နူးကြတဲ့ဗီဒီယိုတစ်ခုပေါက်ကြားသွားခဲ့တယ်အားလုံးကသူရှက်ပြီးကျောင်းမလာတော့ဘူးထင်နေကြချိန်မှာပဲ သူကတော့အေးဆေးကျောင်းလာတက်ပြီး မတွဲသင့်တဲ့ကောင်နဲ့တွဲမိတာကလွဲ သူဘာမှအမှားလုပ်မထားကြောင်း ယုံကြည်မှုအပြည့်နဲ့ပေါ့...နောက်တစ်ရက်မှာတော့ သူ့ကိုကျောင်းမျက်နှာစာမှာပဲ ဆွဲကြိုးချလျက်တွေ့လိုက်ကြရတယ် ဘယ်လိုအခြေအနေမျိုးမဆို ကိုင်တွယ်နိုင်ပြီး စိတ်မညစ်တတ်တဲ့ cool girl တစ်ယောက်သတ်သေတာဖြစ်နိုင်ပါ့မလား ဒီအကြောင်းကိုလိုက်စုံစမ်းရင်းကျောင်းသားလေးတွေမွှေကြတဲ့ အရှုပ်တော်ပုံတွေပါ ဖြေရှင်းကြပုံကို ရှုစားရမှာဖြစ်ပါတယ်(အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ Yunni ဖြစ်ပါတယ်)File Size –800MB | 400MBQuality – 1080p WEBDL /720pDuration – 25minsTotal Episodes: 8EpsSubtitle – Myanmar HardsubFormat – Mp4Genre :  Thriller ~ Drama ~BollywoodTranslator – Yunni~ BpLEncoder – YK 720p Episode ...
5
TMDb: 5/10 1 votes
tv

Leaked! (2023) Complete

2023
Moving (2023) [Complete]
Moving (2023) [Complete] Moving (2023)*************** အပိုင်း ( ၁ မှ ၂၀ ) ထိ စဆုံးရပါပြီ[ 4K Quality ထိတင်ဆက်ထားပါပြီ။]ဒီ “Moving”ဆိုတဲ့ ဇာတ်ကားလေးကတော့ 200m viewsတောင် ရရှိထားတဲ့ Webtoonကို ပြန်လည်အသက်သွင်းထားတဲ့ သဘာဝလွန် ကိုရီးယားစီးရီး ဇာတ်လမ်းလေးဖြစ်ပါတယ်။ Disney+ ကနေ ဒီနေ့ပဲထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ဒီဇာတ်ကားရဲ့ budgetကလည်း K series သက်တမ်းတစ်လျှောက် အမြင့်ဆုံးလို့တောင် ပြောလို့ရပြီး သရုပ်ဆောင်တွေကလည်း Ryu Seung Ryong၊ Jo In Sung၊ Han Hyo Joo၊ Kim Sung Kyun၊ Cha Tae Hyunတို့လို နာမည်ကြီးဝါရင့်သရုပ်ဆောင်တွေနဲ့အတူ Go Youn Jung၊ Lee Jung Ha၊ Kim Do Hoon တို့လို လူငယ်သရုပ်ဆောင်တွေတင်သာမက အရံတွေထိ ဒိတ်ဒိတ်ကြဲတွေ သုံးထားတာမို့ လုံးဝလန်ထွက်နေမှာနော်....ဇာတ်လမ်းအကျဥ်းလေးကတော့.. အမျိုးသားလုံခြုံရေးဌာနက သူမတူတဲ့ သဘာဝလွန်စွမ်းအားပိုင်ရှင်တွေဖြစ်တဲ့ ဂျန်ဂျူဝန်း၊ ဂင်ဒူရှစ်၊ ...

Moving (2023) [Complete]

2023
The Pact (2021) Season 01 + 02 Complete 7
The Pact (2021) Season 01 + 02 Complete The Pact (2021) Season 01 Complete ~ IMDb - 6.9/10, Rotten Tomatoes - 92% ~ ဉာဏ်ကြီးရှင် စုံထောက်တွေနဲ့ ဉာဏ်ကြီးရှင် ရာဇဝတ်ကောင်တွေ ပညာပြိုင်ပြီး ပစ်နေခတ်နေ ချနေနှက်နေ ရှုပ်ယှက်ခတ်နေတဲ့ စုံထောက်ကားတွေကို အနားပေးပြီး အေးဆေးဆေးဆေး စုံထောက်ဇာတ်လမ်းကို ကြည့်ချင်ရင်တော့ ဒီ Series လေးကို အကြိုက်တွေ့မှာသေချာပါတယ်။ Cruel Summer လို၊ American Horror Story လို Anthology Series မျိုးဖြစ်လို့ ပထမ Season နဲ့ နောက် Season ကတော့ ဇာတ်လမ်းတူမှာမဟုတ်ပါဘူး။ ဒီ Series တွေရဲ့ ပုံစံကတော့ အသိုင်းအဝိုင်းလေးတစ်ခုထဲမှာ ပုံမှန်မဟုတ်တဲ့ ကိစ္စတစ်ခုဖြစ်သွားပြီး ခက်ခဲတဲ့အခြေအနေမှာ သူတို့ကြားက သစ္စာရှိမှုကို မှတ်ကျောက်တင်မယ့် အဖြစ်အပျက်လေးတွေကို ပြထားပါတယ်။ ...
7
TMDb: 7/10 32 votes
tv

The Pact (2021) Season 01 + 02 Complete

2021
A Time Called You(2023)[Complete]
A Time Called You(2023)[Complete] A Time Called You(2023)***********************အပိုင်း(၁ မှ ၁၂) စ/ဆုံးပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် မင်းသား Ahn Hyo Seop နဲ့ မင်းသမီး​ချော​လေး Jeon Yeo Been တို့ကအဓိကပါဝင်သရုပ်​ဆောင်ထားတဲ့ Netflix က​နေ 12 ပိုင်းလုံး တစ်ပြိုက်နက် ပြသမည့်ဇာတ်ကား​လေးကို တစ်ဝကြီး ကြည့်ဖို့ တင်ဆက်​ပေးလိုက်ပါတယ်။ဒီဇာတ်ကား​လေးက​တော့ ဂျွန်ဟီးဆိုတဲ့ ​ကောင်မ​လေးက 2023 ခုနှစ်မှာသူမ ချစ်ရတဲ့ ယွန်းဂျွန်ဆိုတဲ့​ကောင်​လေးကို ဆုံးရှုံးရပြီး​နောက် ​ဖြေမဆည်နိုင်ဘဲသူမ​ကောင်​လေးကိုပဲ အမြဲတမ်း လွမ်းဆွတ်​တမ်းတ​နေတဲ့​ကောင်မ​လေးပါ။တစ်​နေ့မှာ ဂျွန်ဟီးက အချိန်ခရီးသွားပြီး 1998 ကို အထက်တန်း​ကျောင်းသူ ကွမ်မင်းဂျွန်အဖြစ်နဲ့ ​​ရောက်ရှိသွားပါ​တော့တယ်။ အဲဒီအချိန်မှာပဲ သူမရဲ့​ကောင်​လေးနဲ့ အရမ်းတူတဲ့ အထက်တန်း​ကျောင်းသားနမ်ရှီဟွန်းကို သူမ ​တွေ့ဆုံလိုက်ရတဲ့အခါ...ဒါ​​ပေမဲ့ အဲဒီအချိန်မှာပဲ ရှီဟွန်းရဲ့ သူငယ်ချင်း ​ဂျောင်အင်ဂယူကလည်း မင်းဂျွန်ကို သ​ဘောကျ​​​နေပြန်တဲ့အခါ...ဒီအထက်တန်း​ကျောင်းသား လူငယ်၃​ယောက်ရဲ့ အချစ်ဇာတ်လမ်း​လေးက ဘာဆက်ဖြစ်မလဲ။ဂျူဟီးက​​ရော သူမချစ်သူနဲ့ ...

A Time Called You(2023)[Complete]

2023
Longing For You (2023) [Complete]
Longing For You (2023) [Complete] Longing For You (2023)*****************အပိုင်( ၁ မှ ၁၄ ) အထိ စ/ဆုံးစုံ​ထောက်အိုဂျင်ဆန်းဟာ တစ်ဦးတည်း​သောညီ​လေးနဲ့အတူသာမာန်ဘဝ​လေးကို​ ပျော်ရွှင်စွာဖြတ်သန်း​နေသူဖြစ်ပါတယ်။တစ်ရက်မှာ​တော့ လူသတ်မှုတစ်ခုအတွက် ညီဖြစ်သူကသံသဃရှိသူအဖြစ်စွပ်စွဲခံရတဲ့အပြင် မိုးသည်းတဲ့ညတစ်ညမှာရုတ်တရက်အသတ်ခံလိုက်ရပါ​တော့တယ်။ထို​နေ့မှစပြီး ဆက်တိုက်ကျရောက်လာတဲ့ကံကြမ္မာဆိုး​တွေကိုအိုဂျင်ဆန်းတစ်​ယောက်ဘယ်လိုရင်ဆိုင်သွားမလဲ...။တကယ့်လူသတ်သမားက​ရောဘယ်သူလဲ...။စသည့် လျှို့ဝှက်ဆန်းကြယ်ရာများကို သည်းထိပ်ရင်ဖိုရရုံသာမကမင်းသားမင်းသမီးကြီးများ၏ အ​ကောင်းစားသရုပ်​ဆောင်ချက်များကိုမှင်သက်စွာကြည့်ရူခံစားကြရမှာဖြစ်ပါတယ်။Jinxed at Firstထဲက မင်းသားချောလေး Na In-Wooနဲ့One Dollar Lawyerထဲက မင်းသမီးလေး Kim Ji-Eunတို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ Aired on   : Wednesday, Thursday Aired         : Jul 26, 2023 - Sep 7, 2023 Genres      : Action, Thriller, Mystery, Drama Duration  : 70 mins Episodes  : 14 Original Network:  ENA File Size  : 720p ...

Longing For You (2023) [Complete]

2023
6ixtynin9 the Series (2023)
6ixtynin9 the Series (2023) 6ixtynin9 (2023)ရေငတ်နေတုန်း ရေတွင်းထဲကျရင်တော့ ဘယ်သူမဆို ဝမ်းသာပီတိဂွမ်းဆီထိတတ်ကြပေမဲ့ ကိုယ်ကရေမကူးတတ်လို့ ရေနစ်မှာကိုတော့ ကျွန်တော်တို့မေ့နေတတ်ကြတာဟာ ဓမ္မတာပါပဲ။ဒီဇာတ်လမ်းမှာရော ဘယ်လိုများ ဖြစ်မလဲ?ပရိသတ်အချစ်တော် Mai Davikaရဲ့ Crime Thriller စီးရီးသစ် 6ixtynin9 လေး ယနေ့မှာထွက်ရှိလို့လာပြီဆိုတော့ စီအမ်ပရိသတ်တို့ ကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါပြီနော်။ကိုဗစ်ရောဂါဆိုးကြီးရဲ့နောက်ဆက်တွဲဖြစ်တဲ့ စီးပွားရေးပျက်ကပ်ကြောင့် အာမခံကုမ္ပဏီဝန်ထမ်းလေးတွန်းတစ်ယောက် ဝန်ထမ်းလျှော့တဲ့ထဲပါပြီး နေ့ချင်းညချင်း အလုပ်လက်မဲ့ဘဝရောက်သွားပါတယ်။ အလုပ်အကိုင်ရှားပါးလို့ စားဝတ်နေရေးကြပ်တည်းလွန်းတာကြောင့် အသက်ကိုပါနုတ်ယူဖို့ပါကြံစည်မိတဲ့အထိပါပဲ။ဒါပေမဲ့ သူ့ရဲ့အိမ်တံခါးဝကို ထူးဆန်းအထုပ်တစ်ထုပ်ရောက်လာပြီး‌ အထဲမှာရှိနေတဲ့အရာကတော့ ငွေသားဘတ်တစ်သန်းပါ။အပေါ်ယံကြည့်ရင်တော့ အလုပ်ပြုတ်တုန်း ဘတ်တစ်သန်းကောက်ရတာက မဟာကံကောင်းခြင်းပေမဲ့ ဒီဘတ်တစ်သန်းဟာ မူးယစ်ရာဇာတွေရဲ့ငွေဖြစ်နေချိန်မှာတော့ ကံဆိုးပြီးရင်းဆိုး‌နေတဲ့ဘွန်းတစ်ယောက် ဘိန်းရာဇာတွေလက်ကလွတ်နိုင်မလားဆိုတာ အားလုံးအတူကြည့်ရှုလိုက်ရအောင်ပါ။စုစုပေါင်း ၆ ပိုင်း အပြီး စီးရီးပဲ ဖြစ်ပါတယ်။အညွှန်းကိုတော့ Mary က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Hmwe, Laii, Moh တို့ပဲ ဖြစ်ကြပါတယ်၊။Genre..... Crime, Thrillee Quality…. 1080p | 720p File size… 400MB | 200MB Format… mp4 Duration…. 40miin Subtitle…. ...

6ixtynin9 the Series (2023)

2023
Special Ops: Lioness (2023) 6.8
Special Ops: Lioness (2023) Special Ops: Lioness (2023) ==================== IMDb Rating - 6.8/10အထူးစစ်ဆင်ရေးတပ်ဖွဲ့တစ်ခုအကြောင်း ရိုက်ကူးထားတဲ့ စီးရီး ကောင်းတစ်ခုပါ။ ဒါရိုက်တာကတော့Yellowstone, Wind River တို့လို ဇာတ်လမ်းတွေကို ရေးသားခဲ့တဲ့ Taylor Sheridan ပါပဲ။ မင်းသမီးကတော့ Avatar ထဲက နတေးရီးအဖြစ်၊ GotG ထဲက ဂါမိုရာအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Zoe Saldana ပါပဲ။ သူနဲ့အတူ နီကိုးကစ်မန်း၊ မောဂန်ဖရီးမန်းတို့လည်း ပါပါသေးတယ်။ ဒီတော့ စီးရီးအနေနဲ့ကြည့်ရင်တော့ သရုပ်ဆောင်အကြီးတန်း အတော် သုံးထားသလိုပါပဲ။ဇာတ်လမ်းအကျဉ်း အာဖဂန်၊ အီရတ်ရှေ့တန်းတွေမှာ ဖမ်းမိတဲ့အမျိုးသမီးတွေကို စစ် ဆေးဖို့ အမျိုးသမီးတပ်ဖွဲ့ဝင်တွေ ရှာရာကနေ ခြင်္သေ့မအထူးတပ်ဖွဲ့ ဆိုတာပေါ်လာပါတယ်။ အဲဒီအဖွဲ့ဝင်အမျိုးသမီးတွေဟာ အရေးကြီး ပစ်မှတ်တွေရဲ့ ဇနီး၊ ရည်းစား၊ မိသားစုဝင်တွေကို အသွင်ယူပြီး ခင် အောင်ဝင်လုံးရပါတယ်။ အဲဒီကနေမှာ ပစ်မှတ်ရဲ့သတင်းကို စုဆောင်း ပြီး အထူးတပ်ဖွဲ့တွေက လုပ်ကြံတာပဲ ဖြစ်ပါတယ်။ အဲဒီတော့ စပိုင် ဆန်ဆန် thriller ဇာတ်လမ်းကိုမှ စစ်ဆင်ရေးနဲ့တိုက်ပွဲတွေ ပေါင်းစပ် ထားတာမို့ ကြည့်လို့ကောင်းမယ့် စီးရီးတစ်ခုပါပဲ။ စုစုပေါင်း(၈)ပိုင်း ပါဝင်ပြီး ...
6.8
TMDb: 6.8/10 1210 votes
tv

Special Ops: Lioness (2023)

2023
Black Sands (2021) 6.6
Black Sands (2021) Black Sands (2021) ============== IMDb Rating - 6.6/10IMDb Rating 6.6 ရရှိထားတဲ့ ဇာတ်လမ်းတွဲလေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။ မြင်နေကြ Streaming Service တွေ၊ Hollywood က ထုတ်လုပ်တာမျိုးမဟုတ်ဘဲ Iceland နိုင်ငံကမို့လို့ တမူထူးခြားတဲ့ အရသာမျိုးကို ရရှိမှာပါ။ တချို့အမြင်မသင့် တော်တဲ့ အခန်းလေးတွေ ပါတတ်တာမို့ မိသားစုတွေ၊ ကလေးငယ်တွေနဲ့ အတူကြည့် တဲ့ အခါ သတိထားဖို့ ကြိုပြောချင်ပါတယ်။ Drama, Thriller, Crime အမျိုးအစား မျိုးကို ကြိုက်နှစ်သက်သူဆိုရင် လက်လွှတ်မခံလိုက်ပါနဲ့။ဇာတ်လမ်းအကျဉ်းကတော့ အာနီတာဆိုတဲ့ ရဲအမျိုးသမီးဟာ မြို့ကြီးကနေ မရောက် တာကြာပြီဖြစ်တဲ့ မွေးရပ်ကျေးလက်က မြို့လေးဆီကို တစ်ကျော့ပြန် ပြန်လာခဲ့ပါ တယ်။ သူ မြို့လေးကိုပြန်‌ရောက်ရောက်ချင်းမှာပဲ ကမ်းခြေမှာ ခရီးသွားအမျိုးသမီး တစ်ယောက်ရဲ့ အလောင်းကိုတွေ့ခဲ့ပါတယ်။ သူလည်း အဲအမှုကို ရဲစခန်းနဲ့အတူ လိုက်စုံစမ်းဖို့ ဖြစ်လာပါတယ်။ သူတို့မြို့လေးဟာ နာမည်ကြီး ခရီးသွားလာရေးနေရာ ဖြစ်တာမို့ ခရီးသွားတွေ အများအပြားလာကြပါတယ်။ ဒါပေမယ့် ခရီးသွားတွေ ...
6.6
TMDb: 6.6/10 1667 votes
tv

Black Sands (2021)

2021
The Ex-Wife (2022) Complete 6
The Ex-Wife (2022) Complete The Ex-Wife (2022) Completed Mini Series အသိဉာဏ်ရယ်လို့ ရှိလာပြီဆိုရင်ပဲ လူကောင်းလူဆိုးဆိုတာ ရှိတယ်ဆိုတဲ့ အတွေးတွေကို ကျွန်တော်တို့ခေါင်းထဲ သပ်နဲ့ရိုက်သွင်းသလို ရိုက်သွင်းခံခဲ့ရတယ်။ ဒီကားရဲ့ ပွိုင့်ကလည်း အဲဒီလူကောင်းနဲ့လူဆိုးဆိုတာ ရှိမနေကြောင်းပါပဲ။ အမြင်နဲ့ ရှု့ထောင့်အပေါ်မူတည်ပြီး လုပ်ရပ်တစ်ခုရဲ့ကောင်းခြင်းမကောင်းခြင်းဆိုတာ ကွာခြားသွားနိုင်ပေမဲ့ အားလုံးရဲ့ ရည်ရွည်ချက်ကတော့ ကောင်းခဲ့ကြတယ်။ ယုတ်စွအဆုံး ဟစ်တလာတောင် သူ့လူမျိုးအတွက် ရည်ရွယ်ချက်ကောင်းခဲ့တယ်။ အင်ပါယာကြီးတွေတည်ဆောက်ဖို့ စစ်မက်ပြုခဲ့ကြတဲ့ ဘုရင်တွေလည်း ရည်ရွယ်ရင်းတော့ ကောင်းချင်ကောင်းနိုင်ခဲ့တာကို ကျန်းရိမူရဲ့ ဟီးရိုးမှာ ကျွန်တော်တို့မြင်နိုင်တယ်။ ဒီကားကလည်း ဒီလိုပါပဲ... လုပ်ရပ်တွေမကောင်းပေမဲ့ ရည်ရွယ်လိုရင်းတွေ ကောင်းခဲ့ကြတဲ့လူတွေအကြောင်းပါပဲ။ သူတို့ရဲ့ ရည်ရွယ်ရင်းကတော့ အချစ်ပေါ့။ အချစ်ဟာ လူတွေကို ပိုကောင်းတဲ့လူတွေဖြစ်လာစေနိုင်သလို အဆိုးယုတ်ဆုံးလုပ်ရပ်တွေကိုလည်း လုပ်မိလာစေနိုင်တယ်။ ဒီဇာတ်လမ်းတွဲဟာ ဒီအကြောင်းကို အပိုင်းလေးပိုင်းနဲ့ တင်ဆက်ထားတဲ့ ဇာတ်လမ်းတွဲပါပဲ။ (ဒီစီးရီးအတွက် အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ W ပဲဖြစ်ပါတယ်)Size ~ 750MB+ Total - 4 ...
6
TMDb: 6/10 7 votes
tv

The Ex-Wife (2022) Complete

2022