Channel Myanmar

Comedy

In Your Dreams (2023) 5.6
In Your Dreams (2023) In your Dreams (2023) =============== IMDb rating - 5.6/10ပရိတ်သတ်ကြီးထဲမှာရော ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေတာနဲ့ တစ်နေ့ ၂၄ နာရီ ဆိုတဲ့အချိန်အတွင်းမှာ ဘယ်လိုလုပ်အချစ် ကိုရှာတွေ့မှာလဲ၊ အချစ်ရေးအချစ်ရာအတွက်ရော အလုပ် အတွက်ကိုပါ အချိန်ပေးဖို့ မလုံ‌လောက်ဘူးလို့ ထင်နေတဲ့ Single လေးတွေရှိလား ဒါဆိုရင်တော့ ဒီဇာတ်ကားကို ကြည့် သင့်ပါပြီ။ ဒီကားထဲမှာကတော့ လူတစ်ယောက်ကို ချစ်မိဖို့ အချိန် ၂ မိနစ်နဲ့ ၄၁ စက္ကန့်ပဲလိုပါတယ်တဲ့ဇာတ်ကားအကျဉ်းလေးကတော့.. အဲဒီခံစားချက်ကိုအားလုံးလည်းသိကြမှာပါ ကိုယ်နဲ့လုံးဝမသိ တဲ့သူစိမ်းတစ်ယောက်ဆိုပေမဲ့ သူနဲ့မျက်လုံးချင်းဆုံမိသွားတာနဲ့ အချိန်တွေနှေးသွားသလို ခံစားချက်မျိုးပေါ့၊ ပြီးတော့ ဘာမှမဖြစ် သလိုမျိုး ကျောခိုင်းပြီး ကိုယ်စီထွက်သွားလိုက်ကြတယ်။ ဒီလို အဖြစ်အပျက်မျိုးက Pelin နဲ့ Engin တို့ ပထမဆုံး စဆုံတွေ့တဲ့ အချိန်မှာဖြစ်ပျက်ခဲ့တာပါ။ ဒါပေမဲ့ နောက်တစ်နေ့မနက်လည်း ရောက်ရော နှစ်ယောက်စလုံး တစ်အိပ်ယာထဲမှာ နိုးလာခဲ့ပါတယ်။ ပြီးတော့ သူတို့ကလက်ထပ်ပြီးသွားပြီ အချိန် ၂ နှစ်တောင် ကြာ သွားပြီတဲ့၊ ဒါကအိပ်မက်တစ်ခုပဲဖြစ်ရမယ်..မဟုတ်ဘူး..အိပ်မက်ဆိုး တစ်ခုပဲ..အခုတော့ သူတို့ချစ်မိမှပဲနိုးထနိုင်တော့မှာ.....(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်)File Size..........(1.5 GB) / (550 ...
movie

In Your Dreams (2023)

2023
Murder, Anyone? (2022)
Murder, Anyone? (2022) IMDb 6/10 ခုတစ်ခေါက် CM ပရိသတ်ကြီးကို တင်ဆက်ပေးချင်တာကတော့ Murder, Anyone? ဆိုတဲ့ Comedy ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းကတော့ ပြဇာတ်ရေးဆရာနှစ်ယောက်ဟာ တစ်မူထူးခြားပြီး ရသအပြည့်အဝပေးနိုင်မဲ့ ပြဇာတ်တစ်ပုဒ်ကို ပူးပေါင်းဖန်တီးကြတဲ့အကြောင်းပဲဖြစ်ပါတယ်။ အဲလိုရေးကြရင်း ရုပ်ရှင်နဲ့ ပြဇာတ်လောကရဲ့ အကြောင်းအကျိုး အကောင်းအဆိုးတွေ၊ အနုပညာအကြောင်း၊ ဘာသာစကားအကြောင်း အကောင်းအဆိုး အကြောင်းအကျိုးတွေကို ဟာသရောပြီး တင်ပြထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ သူတို့ရေးနေတဲ့ ပြဇာတ်ထဲက ဇာတ်လမ်းကိုလည်း တစ်ခါတည်း အသက်သွင်းပြထားလို့ ဇာတ်ကြောင်းနှစ်ခုတစ်ပြိုင်တည်း ကြည့်ရူရမှာဖြစ်ကြောင်း... File size…(1 GB)/(600 MB)/(300 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:21:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Noe Cho
movie

Murder, Anyone? (2022)

Kate & Leopold(2001) 6.7
Kate & Leopold(2001) Kate & Leopold(2001)********************ယနေ့လိုခေတ်ကြီးမှာ တော်ဝင်မင်းသားလေးက မြင်းဖြူကြီးစီးပြီး သင့်‌ရှေ့ရောက်လာမယ်လို့ စိတ်ကူယဉ်ဖူးပါသလား။ဒီဇာတ်ကားလေးမှာတော့ မင်းသားလေးက မြင်းဖြူကြီးစီးလို့ ရောက်လာတာတော့မဟုတ်ပါဘူးတောင့်တောင့်ဖြောင့်ဖြောင့် အင်္ဂလိပ်နယ်စားမင်းက အချိန်အက်ကြောင်းပေါ်တယ်ကတဆင့် ပြုတ်ကျလာတာပါ။The Greatest Showmanထဲမှာ ရှေးခေတ်ဝတ်စုံအပြည့်နဲ့ ချောမောခန့်ညားလှတဲ့ Hugh Jackman ကိုဒီကားမှာလည်း နယ်စားဝတ်စုံအပြည့်နဲ့ တစ်ဖန်ပြန်လည်ရှုစားရဦးမှာပါ။ ဇာတ်ကြောင်းကတော့ ဒီလိုပါ သိပ္ပံစူးစမ်းသူ Stuartက အချိန်အက်ကြောင်းကနေ၁၈၇၆ခုနှစ်ကို ပြုတ်ကျသွားပါတယ်။ အဲဒီခေတ်က နယ်စားမင်းLeopoldဟာ Stuwartနောက်ကို မသင်္ကာလို့ လိုက်လာရာကတဆင့် မတော်တဆ ဒီဘက်ခေတ်ကိုရောက်လာပါတော့တယ်။ ၁၈၇၆ကနေ ရောက်လာသူဆိုတော့ ဒီဘက်ခေတ်ကအရာရာဟာ အသစ်အဆန်းပေါ့။သူရောက်နေတာ ခေတ်သစ်နယူးယော့ခ်ဆိုတာမသိဘဲ Stuwart ကို နယူးယော့ခ်ကိုသာ ပြန်ပို့ခိုင်းနေပါတော့တယ်။Stuwartရဲ့ရည်းစားဟောင်းဖြစ်သူ အောက်ထပ်မှာနေတဲ့ Kateကတော့ အပေါ်ထပ်မှာ ထူးထူးဆန်းဆန်းတွေဖြစ်နေတာကြောင့်သူ့ရည်းစားဟောင်းဟာ စော်အသစ်ခေါ်လာတယ်လို့ပဲ ထင်နေပါတယ်။ ၁၉ရာစုက နယ်စားမင်းLeopold ဒီဘက်ခေတ်မှာ ဘာတွေကြုံရမလဲ၊ Kateနဲ့ရော ဘယ်လိုတွေနှစ်ပါးသွားကြမလဲ၊ သူ့အချိန်ဆီကိုရော ပြန်ရောက်ဦးမှာလားဆိုတာ ကြည့်ရှုလိုက်ပါဦး။ File Size : ...
movie

Kate & Leopold(2001)

Hook (1991) 6.8
Hook (1991) 90 ခုနှစ်အလွမ်းပြေ မင်းသားကြီး Robin Williams ရဲ့ဇာတ်ကားကောင်းလေး တစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်.ငယ်ဘဝရဲ့ နတ်သမီးပုံပြင်များထဲက တစ်ခုဖြစ်တဲ့ ပီတာပန် နဲ့ နတ်သမီးလေး တင်ကာဘဲလ် တို့ဇာတ်လမ်းလေးကို အားလုံးသိကြမှာပါ.ဒီဇာတ်ကားဟာလည်း ပီတာပန် ပုံပြင်ရဲ့ ဗီလိန်Captain Hook ကို အမှတ်သညာပြုပြီးအမည်ပေးထားတာ ဖြစ်ပါတယ်.ဒီဇာတ်လမ်းမှာတော့ ပီတာပန်ဟာ ကြီးပြင်းလာခဲ့ပြီးပီတာဘန်းနင်း အဖြစ်နဲ့ အိမ်ထောင်ကျ၊သားသမီးတွေ ရလာခဲ့တဲ့ နေရာကနေ အစပြုခဲ့ပါတယ်.သူ့ရဲ့ပီတာပန်ဘဝဟောင်း နဲ့ နဲဗားလန်းကိုမေ့လျော့နေခဲ့ပေမယ့် အတိတ်ကတော့ သူ့ကို သတိရဖို့မပျက်ကွက်ခဲ့ပါဘူး.အလုပ်ကိုဦးစားပေးလွန်းသူ ဖခင်တစ်ယောက်အနေနဲ့သားသမီးနဲ့ဇနီးမယားအပေါ် ပျက်ကွက်မှုတွေရှိလာခဲ့ချိန်မှာ တစ်ဖက်ကလည်း ကိုယ်တိုင်မေ့လျော့နေခဲ့တဲ့အတိတ်ဘဝကို မမျှော်လင့်ဘဲပြန်လည်ရင်ဆိုင်ရချိန်မှာတော့ပျောက်ဆုံးနေတဲ့ ဘဝဟောင်းကို ပြန်ရှာတွေ့နိုင်မလား သားသမီးအတွက်ဆို ရေမြေဆုံးထိ လိုက်မယ့်မိဘမေတ္တာကို ဘယ်လို သက်သေပြနိုင်မလဲစိတ်လှုပ်ရှားဖွယ် စွန့်စားခန်းတွေကြား.မိသားစု နဲ့ ချစ်ခြင်းမေတ္တာအကြောင်းကိုဖော်ကြူးထားတဲ့ဇာတ်လမ်းလေးဖြစ်လို့ CM ကနေပရိသတ်များ ရှုစားနိုင်ဖို့တင်ဆက်ပေးလိုက်ပါတယ်. File size…   3 GB /  1.5 GB Quality… Blu-Ray 1080p / ...
movie

Hook (1991)

1991
Harold & Kumar Go to White Castle (2004) 7.0
Harold & Kumar Go to White Castle (2004) Harold & Kumar Go to White Castle (2004) Genre - Comedy, Adventure IMDB - 7.0/10ခင်ဗျားတို့ ဆေးခြောက်/ဝိသောက်ပြီး ဘယ်လောက်ထိစားသောက်ဖူးကြလဲ စားချင်စိတ်ဖြစ်ကျလဲ(ကျွန်တော်ကတော့ လမ်းဘေးထမင်းကြော်ကိုလိုက်ပွဲ ၆ ပွဲနဲ့ ဟင်းအပို ၃ ပွဲထိ စားဖူးတယ် ဤကား စကားချပ်)။ဒီရုပ်ရှင်ရဲ့ အဓိကအကြောင်းအရာကလည်းအဲဒီလို ဝိကွဲပြီး သွားငတ်ကြီးကျလို့ ဘေးကပ်ပေါင်း ၃၆၅ မျိုးလောက် ကြုံရတဲ့ရုပ်ရှင်။ဒီကားထဲက ဘဲနှစ်ပွေက တော်တော်စားတယ်၊။တစ်ယောက်က ကိုရီးယားကကောင် ကင်ချီသားသူကတော့ ဘဝကို ပုံမှန်အလုပ်လုပ်ပြီး ဖြတ်သန်းနေသူတစ်ယောက်။နောက်တစ်ယောက်ကကျ အိန္ဒိယား အာပနား ပရမ်းပတာကောင်စာတော်ပေမယ့် အလေကောင်ပေါ့ဗျာ။ဒီနှစ်ယောက်က တိုက်ခန်းမှာ တူတူနေကြတာအလုပ်ပိတ်ရက်ဆို ဝိလေးကိုင်ပြီး ကွဲပြဲနေကြတဲ့ နှစ်ယောက်ပေါ့ဗျာ။တစ်ရက်ကျ ကင်ချီသားက သောကြာနေ့လေးအိမ်ပြန်နှပ်မလို့ကို အလုပ်ကကောင်တွေ ဂျင်းထည့်လို့အိမ်က အာပနားကိုတော်ပြီ အလုပ်ပါလို့ ဆေးခြောက်မသောက်ဘူးတားတာကို အာပနားက ဇွတ်မြူဆွယ်တာနဲ့ နှစ်ကောင်သား ချကြရော။အဲဒီမှာ ကွဲပြဲလာတော့ ...
movie

Harold & Kumar Go to White Castle (2004)

2004
A Very Harold & Kumar Christmas (2011) 6.2
A Very Harold & Kumar Christmas (2011) A Very Harold and Kumar Christmas (2011) Genre - Comedy, Adventure IMDB - 6.2/10  ဟာရိုးနဲ့ ကူးမားတို့နှစ်ယောက် ပထမနှစ်ကားအပြီးဘာဂါတွေစား ထောင်တွေဖောက်ရ လုပ်ပြီးကြတဲ့နောက်ကိုယ်စီ ချစ်သူရပြီး ငြိမ်သက်သွားကြပါတယ်။ဒီလိုနဲ့ ၆ နှစ်ကြာလာတဲ့အခါမှာ ဟာရိုးတစ်ယောက်ကတော့အိမ်ထောင်သည်ဖြစ်နေပြီး အလုပ်ကြိုးစား မကောင်းတာတွေမလုပ်တော့ပဲရိုးသားတဲ့မိတ်ဆွေတစ်ယောက်နဲ့သာပေါင်းပြီးကလေးရအောင် ကြိုးပမ်းနေတဲ့အချိန် ဖြစ်ပါတယ်။ကူးမားဆိုတဲ့ကောင်ကတော့ သိတဲ့အတိုင်း ဆေးခြောက်ပဲ ဆက်သုံးနေပြီးချစ်သူနဲ့ လမ်းခွဲထားတာလည်း အချိန်ကြာတော့ပေပေတေတေနေနေတဲ့အချိန်ပေါ့။အဲဒီမှာပဲ ကိုယ်စီ ပြဿနာတစ်ခုစီ တက်ကြတယ်ဟာရိုးအတွက်ကျ ယောက္ခထီးအလိုကျ နေချင်တဲ့အတွက်ခရစ္စမတ်သစ်ပင်ကို အလှဆင်ဖို့ တာဝန်ကျတယ်ကူးမားကကျ ချစ်သူက ကိုယ်ဝန်ရှိနေလို့လာပြောတာကိုဆေးကွဲပြီး သေချာမဖြေရှင်းနိုင်တော့ ဟိုကစိတ်ပျက်ထွက်သွားပြန်ပါလေရော။ဒီလိုနဲ့ နှစ်ယောက်သား ပြန်ပေါင်းစည်းဖို့ ဖြစ်လာတာကကူးမားဆီကို ဟာရိုးနာမည်နဲ့ အထုပ်တစ်ထုပ်ရောက်လာလို့ ဟာရိုးအိမ်သွားပို့ရာကနေ ဟာရိုးကြောက်ရတဲ့ယောက္ခထီးရဲ့ ၈ နှစ်ကြာပျိုးထားတဲ့ ခရစ္စမတ်သစ်ပင်ကြီးကူးမားကြောင့် မီးလောင်သွားခဲ့ချိန်မှာတော့…ညတွင်းချင်း အပင်ရှာဖို့ စွန့်စားခန်း ထွက်ရပါတော့တယ်အဲဒီမှာ ရိုးရာမပျက် အလွဲပေါင်းစုံနဲ့ လိုချင်တာကိုရဖို့ဘယ်လောက်သောက်တလွဲတွေ ဖြစ်ရမလဲဆိုတာကိုတစ်ခွီခွီနဲ့ ကြည့်ရှုခံစားရမှာပါ။ဒီကားမှာတော့ ...
movie

A Very Harold & Kumar Christmas (2011)

2011
Tenacious D in The Pick of Destiny (2006) 6.8
Tenacious D in The Pick of Destiny (2006) Tenacious D In the Pick of Destiny (2006) Genre - Comedy, Adventure, Music IMDB - 6.8/10မင်းသားကြီး ဂျက်ဘလက်ခ်ဆိုတာနဲ့ ကွန်ဖူးပန်ဒါကိုပြေးမြင်ကြမယ်ထင်ပါတယ် နောက်ပြီး သူရိုက်ထားတဲ့တခြားဟာသကားတွေကလည်း နာမည်ကြီးပါပဲSchool of Rock တို့ Jumaji တို့ Goosebump တို့ စသဖြင့် အများကြီး ရှိပါတယ်။ဇာတ်လမ်းအကြောင်းမပြောခင် မင်းသား ဂျက်ဘလက်ခ်ကတကယ်သီချင်းဆိုပါတယ် လက်တွေ့လောကမှာလည်းဒီရုပ်ရှင်နာမည်အတိုင်း Tenacious D ဆိုပြီး Rock အဖွဲ့လေးထောင်ထားတာပါနောက်အဖွဲ့ဝင်တစ်ယောက်က ဒီရုပ်ရှင်ထဲမှာပါတဲ့သရုပ်ဆောင် ကိုင်းဂတ်စ်ပါပဲနောက်ပြီး သူတို့ဟာ သီချင်းတွေဆိုလည်းကိုယ်တိုင်ရေး ကိုယ်တိုင်ဆို ကိုယ်တိုင်တီးတွေပါ။ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအကျဉ်းကတော့ သာမန်မြို့ငယ်လေးမှာဘာသာတရာကိုင်းရှိုင်းကြတဲ့ မိသားစုလေးရှိပါတယ်ဒီမိသားစုလေးထဲက JB ဆိုတဲ့ ဖက်တီးလေးကတော့မိရိုးဖလာကို ဆန့်ကျင်ပြီး အင်မတန်မှ Rock ဂီတကို ကြိုက်တာပေါ့အဲဒါကြောင့် သူနေထိုင်ရာပတ်ဝန်းကျင်က Rocker တစ်ယောက်မဖြစ်နိုင်တဲ့အတွက် Rock ဆရာကြီး အဆိုတော် ...
movie

Tenacious D in The Pick of Destiny (2006)

All I Want (2017) 5.1
All I Want (2017) All I Want (2017) =============မယ်လစ်ဆာနဲ့ အန်ဒရူးက သူတို့အိမ်ထောင်ရေးဆယ်နှစ် ပြည့်နှစ်ပတ်လည်အတွက် သူငယ်ချင်းတွေနဲ့ မိသားစုဝင် တွေကိုဖိတ်ပြီး ပါတီလုပ်ကြပါတယ်။ သူငယ်ချင်းတွေစုံကြ တဲ့အခါ ထုံးစံအတိုင်း အလုပ်အကြောင်း စီးပွားရေး အိမ် ထောင်ရေးတွေ ပြောကြတာပေါ့။ ငယ်ဘဝက အမှတ်တရ တွေလည်း မပါမဖြစ်ပေါ့ဗျာ။အဲဒီလိုသာယာပျော်ရွှင်နေတဲ့အချိန်မှာ မယ်လစ်ဆာတို့ လင် မယားက သူတို့ကွာရှင်းတော့မယ်ဆိုတဲ့ အကြောင်း အသိ ပေးလိုက်ပါတယ်။ ဟုတ်ပါတယ် ၁၀နှစ်ပြည့်တဲ့နေ့မှာတင် ပါတီလုပ်ပြီး ကွာရှင်းမဲ့အကြောင်း ကြေညာတာပါ။ အပြင်ပန်းမှာတော့ ပျော်ရွှင်ကြည်နူးဖို့ကောင်းတဲ့ အိမ်ထောင် ရေးကိုပိုင်ဆိုင်ထားတဲ့ပုံပေါ်တဲ့ မယ်လစ်ဆာတို့က ဘာကြောင့် များ ကွာရှင်းရတဲ့အထိ ဖြစ်ရသလဲဆိုတဲ့အကြောင်းတွေ သူငယ် ချင်းဆက်ဆံရေး မိသားစုဝင်ကြားဆက်ဆံရေးတွေ သူတို့တွေရဲ့ မကျေနပ်မှုတွေ အမှန်တရားတွေကို သဘာဝကျကျ ရိုက်ကူးတင် ဆက်ပေးထားတဲ့ ဇာတ်ကားလေးကို ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်)File Size..........(1.5 GB) / (522 MB) / (340 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 31Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Romance Translator.......EL Encoder..........SWM
movie

All I Want (2017)

2017
Fired Up! (2009)
Fired Up! (2009) IMDb - 6.1/10 ရှောင်ရယ် နစ်ရယ်ဟာ ကျောင်းမှာ ပေါ်ပြူလာဖြစ်တဲ့ ဘောလုံးကစားသမား ပလေးဘွိုင်းလေးတွေဖြစ်ပါတယ်။ ရှောင်နဲ့ နစ်တို့ ၂ယောက် ကျောင်းပိတ်ပြီး နွေရာသီကမ့်ဝင်ရမယ့်အချိန်ရောက်ရှိလို့လာပါတော့တယ်။ ပူပြင်းခြောက်သွေ့တဲ့ နေရာမှာ ကမ့်ဝင်ရမှာမို့လို့ စိတ်ညစ်နေကြတဲ့ ရှောင်နဲ့နစ်ရယ်တို့​က Cheerleader အယောက် ၃၀၀အကြောင်း ကြားသိသွားတဲ့အခါမှာတော့ .....။ သိကြားမင်းလို တစ်ဖက်နတ်သမီး ၅၀၀စီရသွားသလို ပူလောင်အိုက်စက်တဲ့ နွေရာသီမှာ မိုးရွာချပေးလိုက်သလိုမျိုး ရှောင်နဲ့ နစ်တို့ရဲ့ နိဗ္ဗာန်ကြီးဖြစ်တဲ့ မိန်းကလေးအယောက်၃၀၀ရှိတဲ့ ကမ့်ထဲဝင်ဖို့အကြောင်းဖန်ပါတော့တယ်။ ကောင်မလေးတွေကို ငမ်းလိုက်စားလိုက်လုပ်နေတဲ့ ပလေးဘွိုင်းလေးတွေ ကမ့်ထဲကအလွဲလေးတွေ၊ စော်လိုက်နည်းတော်ကီပစ်တာလေးတွေ၊ ကမ့်ဝင်ရင်းနဲ့ အချစ်စစ်ရှာတွေ့သွားတာလေးတွေကို ပေါ့ပေါ့ပါးပါး ကြည့်ရှု့ရမှာဖြစ်ပါတယ်။ File size…(1.5 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant ...
movie

Fired Up! (2009)

The Little Vampire (2000) 5.7
The Little Vampire (2000) The Little Vampire (2000) =================== IMDb Rating - 5.7/10ကျွန်တော်တို့ ငယ်ငယ်က ပါဝါရိန်းဂျားကားတွေ ကြည့်ပြီး ပါဝါ ရိန်းဂျားတွေနဲ့ သူငယ်ချင်းဖြစ်ချင်တဲ့သူတွေ ရှိသလို စကူဘီဒူး ကားကြည့်ပြီး အဲဒီထဲကလို သူငယ်ချင်းတွေရချင်တာတွေ ဖြစ်ဖူး ခဲ့ကြမယ်ထင်ပါတယ်။တိုနီဆိုတဲ့ ကောင်လေးကလည်း အတူတူပါပဲ။ ဒါပေမဲ့ ကျွန်တော် တို့နဲ့ မတူတာက သူက သွေးစုပ်ဖုတ်ကောင်တွေ အကြောင်းကို အမြဲအိပ်မက်မက်လေ့ရှိတဲ့သူဗျ။ သူမက်တဲ့ အိပ်မက်တိုင်းမှာလည်း သွေးစုပ်ဖုတ်ကောင်တွေရဲ့ ဒဏ္ဍာရီတွေနဲ့ အဆောင်ပစ္စည်းလေးတစ် ခုကအမြဲတမ်းပါနေခဲ့တယ်။တစ်နေ့မှာ သူ့ရဲ့အခန်းထဲကို သူနဲ့ရွယ်တူ သွေးစုပ်ဖုတ်ကောင်လေး တစ်ယောက် ရောက်လာပြီး အပြန်အလှန်ကူညီပေးကြရင်း သူငယ် ချင်းတွေ ဖြစ်သွားကြတာပေါ့ဗျာ။ ဒါပေမဲ့ အဲဒီသွေးစုပ်ဖုတ်ကောင် တွေမှာ အရေးကြီးတာဝန်တစ်ခုရှိနေပြီး ပျောက်နေတဲ့ အဆောင် ပစ္စည်းလေးကို မတွေ့ရင် အားလုံးဒုက္ခရောက်ကြရမဲ့ အခြေအနေ ဖြစ်နေခဲ့တယ်။ဒီတော့ သွေးစုပ်ဖုတ်ကောင်တွေနဲ့ ဆက်စပ်မှုတွေရှိနေတဲ့ တိုနီနဲ့ သူ့ သူငယ်ချင်းတို့ ဘယ်လို စွန့်စားခန်းတွေ ထွက်ကြမလဲဆိုတာကို စိတ် ဝင်တစား ကြည့်ရှု့သွားရမဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါတယ်။ ကလေးတွေ အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းမျိုးဖြစ်သလို ကျွန်တော် တို့လို Back to ...
movie

The Little Vampire (2000)

2000
Ella Enchanted (2004) 6.3
Ella Enchanted (2004) Ella Enchanted (2004)ကဲ ဘာမှမကြည့်ရသေးခင် မင်းသမီးနဲ့တင် တန်တယ်ဆိုတဲ့ကား။ အဟောင်းကားလေးပေါ့။Anne Hathaway ဆိုတာနဲ့ ညှို့အားပြင်းပြင်း၊ သရုပ်ဆောင်ကောင်းကောင်း အမေရိကန်မင်းသမီးကြီးကို ပြေးမြင်ကြမှာပါပဲ။ Rachel Getting Married (2008) မှာ ဆေးစွဲနေတဲ့ကောင်မလေးအဖြစ်ကို ကျွန်တော် သိပ်ကြိုက်ခဲ့ရတာ။ ဇာတ်ဆောင်မင်းသမီး အကယ်ဒမီဆု ဆန်ခါတင်စာရင်းဝင်သွားသေးတယ်ဗျ။ အဲဒီဇာတ်ကားနဲ့။Alice in Wonderland (2010) မှာ သူ့နဲ့ပြန်တွေ့တော့ Fantasy ဇာတ်ရုပ်နဲ့လည်း မစိမ်းလှတာကို သတိထားမိတယ်။ အဲဒီမှာတင် အခုတင်ဆက်ပေးမယ့် Ella Enchanted (2004) ကို ပြန်ကြည့်မိတာ။ သူ့ကို အကြိုက်ဆုံးတွေကတော့ Interstellar (2014) နဲ့ Ocean's 8 (2018) ထဲမှာပဲ။ဒီကားမှာ သူနဲ့ လက်တွဲညီညီ သရုပ်ဆောင်ခဲ့တာတော့ အင်္ဂလိပ်မင်းသားကြီး Hugh Dancy ပါပဲ။ ဒီဇာတ်ကားက အင်္ဂလန်၊ အမေရိကန် ...
movie

Ella Enchanted (2004)

2004
Spellbound(2023) 6.7
Spellbound(2023) Spellbound(2023)*****************ဒီရုပ်ရှင်‌လေးက 2011ခုနှစ်ကထွက်ရှိခဲ့တဲ့ "Spellbound"ဆိုတဲ့ korea movieလေးကိုPhilippine moiveအဖြစ်ကပြန်လည်အသက်သွင်းထားတာပါ။ ဇာတ်ကြောင်းလေးကတော့ သရဲတွေကိုမြင်ရတဲ့ကောင်မလေးနဲ့ သူ့ရဲ့ မျက်လှည့်ပညာရှင်သူဌေးဖြစ်သူတို့ကြားကအချစ်ဇာတ်လမ်းလေးပါပဲ။ မင်းသမီးငယ်စဥ်အခါက အက်စီးဒင့်တစ်ခုကြောင့် သေမလိုဖြစ်ခဲ့ပြီး သရဲတွေကိုမြင်လာရသူပါ။ ထုံးစံအတိုင်း သရဲတွေကလာနှောင့်ယှက်ကြ အကူအညီလာတောင်းကြမို့မင်းသမီးဟာ လူတွေနဲ့တစ်သီးတစ်သန့်နေရင်း ဘဝကိုတစ်ယောက်တည်းဖြတ်သန်းနေခဲ့ရပါတယ်။ ဒီလိုဘဝလေးနဲ့ ရှင်သန်နေရတာကို မင်းသားဖြစ်သူကသိရှိသွားတဲ့အခါမှာတော့.....။ ပျော်စရာ၊ ကြောက်စရာ၊ ကြည်နူးစရာအစုံကို ရင်ခုန်ခုန်ကြည့်ရှုရမယ့် ဇာတ်ကားလေးပါပဲ။File Size :(1.3GB) &(626MB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:47:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

Spellbound(2023)

Dungeons & Dragons: Honor Among Thieves (2023) 7.5
Dungeons & Dragons: Honor Among Thieves (2023) Dungeons & Dragons: Honor Among Thieves (2023)~ IMDb - 7.5/10, RT - 90%, Meta - 72% ~မြေအောက်ခန်းနဲ့ နဂါးများ D&D ဆိုတာ Table Top ဂိမ်းလောကရဲ့ နာမည်ကြီး Role Play ဂိမ်းတစ်ခုပါပဲ။ ကိုယ်တိုင်ကိုယ်ကျ ဝင်ဆော့ရတဲ့ ဇာတ်လမ်းသွားအရုပ်ဂိမ်းတွေကစလို့ ကွန်ပြူတာ၊ ဖုန်း ပလက်ဖောင်းအစုံမှာ ရှိပြီး လူသန်းပေါင်းများစွာ ဆော့ကစားနေကြပါတယ်။ များပြားလှတဲ့ မျိုးနွယ်စု‌တွေ၊ မှော်သတ္တဝါတွေ၊ လက်နက်တွေ၊ အစွမ်းတွေ အရမ်းကိုစုံတဲ့ဂိမ်းပါပဲ။ ရုပ်ရှင်အနေနဲ့လည်း အရင်က သုံးကားလောက် ထွက်ဖူးပါတယ်။ စာအုပ်တွေလည်းထွက်ထားပါတယ်။ ရုပ်ရှင်ကား‌ဟောင်းသုံးကားကိုလည်း ချန်နယ်မြန်မာမှာ ကြည့်ရှုနိုင်ပါတယ်။ဒီတစ်ခေါက်ကတော့ Wonder Woman ထဲက မင်းသား ခရစ္စပိုင်းက ခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်ထားပြီး ဘက်ဂျက်များများ ဇာတ်လမ်းကောင်းကောင်းနဲ့ ရုံတင်ပြသထားတာပဲဖြစ်ပါတယ်။ ...
movie

Dungeons & Dragons: Honor Among Thieves (2023)

2023
4K HEVC
[18+] Desire (2017)
[18+] Desire (2017) Desire (2017)Erotic ကားဖန်တွေအတွက် Erotic ကားကို ဇာတ်အိမ်အစားကြီးနဲ့ Erotic Thriller ကြည့်ရမယ့် ရုပ်ရှင်ပါ။ စပိန်ကရိုက်ထားတာမို့ ဇာတ်အိမ်ကောင်းသလို ကြမ်းလည်းကြမ်းပါတယ်။ ‌ကြမ်းတာက အတိုင်းထက်လွန် တော်တော်ဆိုးဆိုးမို့ တစ်ယောက်တည်းတောင် တော်တော်သတိနဲ့ ကြည့်ရမယ့်ရုပ်ရှင်ပါ။ နက်ဖလစ်ကနေ တင်ဆက်ထားတဲ့ရုပ်ရှင်မို့ အတိုင်းအတာတစ်ခုအထိတော့ ဘောင်ဝင်တန်းဝင်ရုပ်ရှင်ပါပဲ။ညီအစ်မ၂ယောက်ရှိတယ်။ သူတို့အမေ သူတို့ကို ပျိုးထောင်ပုံကလည်း ထူးသလို သူတို့ကလည်းထူးတယ်။ ဒီလိုနဲ့ တစ်နေ့ သူတို့အရွယ်ရောက်လာတယ်။ အိမ်ထောင်တွေပြုကြတယ်။ သူတို့ထဲကတစ်ယောက်ရဲ့ လက်ထပ်ပွဲကို တစ်ယောက်ကရောက်လာပြီး သူတို့ရဲ့အတိတ်တွေကိုဖော်ပြီး တစ်ယောက်လင်တစ်ယောက်စား ပြဿနာတွေနောက်မှာ ဆိုက်ကိုဆန်ဆန်အကြောင်းအရာတွေ သွတ်သွင်းထားတဲ့ ရုပ်ရှင်ပါပဲ။ ထပ်ပြောရရင် တစ်ယောက်တည်း သတိနဲ့ကြည့်ရမယ့်ရုပ်ရှင်ပါပဲ။ ခေါင်းမူးချင်စရာကောင်းလောက်အောင် ကြမ်းတမ်းသလို ရက်လည်းရက်စက်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.7GB, 730MB Quality - 1080p, 720p Format - mp4 Duration - ...
movie

[18+] Desire (2017)

2017
It Happened One Night (1934) 8.1
It Happened One Night (1934) It Happened One Night (1934) ====================== IMDb Rating - 8.1/10It Happened One Nightဟာ အော်စကာရဲ့ အဓိကဆုငါးဆုကို ပထမဆုံးရခဲ့တဲ့ ရုပ်ရှင်ပါ။ Outstanding Production, Best Director, Best Actor , Best Actress နဲ့ Best Adaptation ဆုတို့ကို ရရှိခဲ့ပါတယ်။ အော်စကာသက်တမ်းမှာ ၁၉၇၅ မတိုင်ခင် အထိ အဓိကဇာတ်ကောင်၂ယောက်စလုံး ဆုရခဲ့တဲ့ နောက်ဆုံးကား လည်းဖြစ်ခဲ့ပါတယ်။ ၄၁နှစ်ကြာ ဒီနေရာကို ထိန်းထားနိုင်ခဲ့တာပါပဲ။ It's a Wonderful Lifeကို ရိုက်ခဲ့တဲ့ Frank Capraက ရိုက်ထားပြီး လေရူးသုန်သုန်မင်းသား Clark Gableနဲ့ ကလီယိုပါထရာမင်းသမီး Claudette Colbertတို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။အမေရိကန်ရုပ်ရှင်အစည်းအရုံးက ခေတ်အဆက်ဆက်စာရင်းလုပ်ခဲ့တဲ့ အကောင်းဆုံးရုပ်ရှင်တစ်ရာစာရင်းထဲလည်း ခဏခဏပါနေကျ ရုပ်ရှင် လည်းဟုတ်သလို တစ်ခေတ်တစ်ခါရဲ့ မာစတာပိစ်တစ်ကားလည်း ဟုတ် ပါတယ်။ ဒီရုပ်ရှင်ဟာ ကျွန်တော်တို့ ကြိုတင်မမြင်နိုင်ပါဘဲ အရှိန်နဲ့လာ စိုက်တတ်တဲ့ ချစ်ခြင်းတွေအကြောင်းပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ...
movie

It Happened One Night (1934)

1934
My Sassy Girl (2023) 7.1
My Sassy Girl (2023) My Sassy Girl (2023)အချစ်ဦးဆို မြေးဦးရတဲ့အထိတောင် မမေ့ဘူးတဲ့။ ဒီဇာတ်လမ်းလေးကတော့ မထင်မှတ်ဘဲ ‌အချစ်ဦးနဲ့ ဆုံတွေ့ခဲ့ရတဲ့ ဂီအန်နဲ့ "မိထူးဆန်း" လို့ သူ ချစ်စနိုးမှည့်ထားတဲ့ သူ့အချစ်ဦးတို့ရဲ့ ချစ်စရာအင်ဒိုဇာတ်လမ်းလေးဖြစ်ပါတယ်။ဒီကားက အများသိကြတဲ့ Jun Ji-hyun နဲ့ Cha Tae-hyun တို့ရဲ့ My Sassy Girl ဆိုတဲ့ နာမည်ကြီးကိုရီးယားကားရဲ့ remake လည်းဖြစ်ပါတယ်။ My Sassy Girl ရဲ့ Plot ဆိုတာကလည်း ချိန၊ ဂျပန်၊ ထိုင်းစတဲ့ အာရှနိုင်ငံတွေအပြင် ဟောလီးဝုဒ်ကပါ ပြန်ရိုက်ရတဲ့အထိတောင် Adaptation တွေ Remake တွေနဲ့ လူတွေရဲ့ အသည်းနှလုံးထဲ အတော်လေးလွှမ်းမိုးနိုင်ခဲ့တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။ဒီ အင်ဒို version မှာတော့ ဂီအန်ဆိုတဲ့ "မ"ဆို ယင်မတောင် မသန်းဖူးတဲ့ ရိုးသားတဲ့ဖိုးသခွား ကိုလူပျိုတစ်ယောက် သူ့ကြီးတော်ကြီးစီစဉ်ပေးထားတဲ့ ဘလိုင်းဒိတ်ဆီသွားမယ့်လမ်းမှာ အရက်မူးပြီး လူတွေကိုလိုက်ရစ်နေတဲ့ ...
movie

My Sassy Girl (2023)

The Fabulous Baker Boys (1989)
The Fabulous Baker Boys (1989) IMDb : 6.9 ~ Meta : 85 ~ Rt : 97% ဖရန့်ခ်နဲ့ ဂျက်ခ် ဘိတ်ကာ ဆိုတဲ့ညီအစ်ကိုနှစ်ယောက်ဟာ အပန်းဖြေတည်းခိုခန်းတွေနဲ့စားသောက်ဆိုင် စင်မြင့်ထက်မှာ 15 နှစ်ကျော်လှည့်လည်ဖျော်ဖြေလာခဲ့ကြတဲ့ ပရော်ဖက်ရှင်နယ်စန္ဒရားပညာရှင်နှစ်ယောက်ပါ။ ဒီလိုနဲ့ပဲ အချိန်တွေက တဖြည်းဖြည်းပြောင်းလဲလာခဲ့ပြီး သူတို့ဖျော်ဖြေနေကျပွဲတွေကို လူတွေလာကြည့်တာနည်းလာတဲ့‌နောက်မှတော့ သူတို့ရဲ့ရပ်တည်မှုကို လုပ်နေကြ ဖျော်ဖြေမှုတွေနဲ့ဆက်လုပ်လို့မရတော့ဘူးဆိုတာကို သိရှိလာခဲ့ကြပါတယ်။ ပရိသတ်တွေရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်ဖို့အတွက် အမျိုးသမီးအဆိုတော်တစ်ယောက်ကို ခေါ်ဆိုမယ်လို့ ဆုံးဖြတ်ခဲ့ကြပြီး ‌လူရွေးပွဲတစ်ခုလုပ်ပြီး ဆူစီ ဒိုင်းမွန်းလို့ခေါ်တဲ့ အဆိုတော်တစ်ယောက်ကို ရရှိသွားခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့သုံးယောက်လှည့်လည်ဖျော်ဖြေကြရင်း လူတစ်ယောက်နဲ့တစ်ယောက်ကြားမှာ ဖြစ်တတ်တဲ့ အခဲမကျေမှုတွေဖြစ်လာတဲ့အခါမှာ ဘယ်လိုမျိူးအခြေအနေအထိ ဆက်ဖြစ်သွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ 1989 ခုနှစ်ကရိုက်ထားခဲ့တဲ့ musical drama ရုပ်ရှင်ဖြစ်ပြီး အော်စကာ စကာတင်ဆု လေးဆုလည်းဝင်တဲ့အပြင် BEFTA မှာ Best Sound ...
movie

The Fabulous Baker Boys (1989)

Bon Bini: Judeska in da House (2020) 5.7
Bon Bini: Judeska in da House (2020) Bon Bini: Judeska in da House (2020) ===========================အဆိုပါဒတ်ချ်ဟာသရုပ်ရှင်သည် ကမ္ဘာ့ရောဂါကပ် ကိုဗစ်၁၉ ဖြစ်ပွားချိန်၌ ဇာတ်အိမ်တည်ထားပါသည်။ လူမျိုးရေးခွဲခြားမှု ဟာသတွေ၊ အဆုံးမှာ အသားရောင်အခြေခံခွဲခြားခြင်းကို ဆန့် ကျင်ကျော်လွန်လက်ခံသွားတဲ့ လူဖြူဇာတ်ကောင်တွေအကြောင်း အား ကလီရှေးဆန်ဆန်ရိုက်ကူးထားပါတယ်။ ထူးခြားတာက သရုပ်ဆောင် Jandino Asporaat ပါ။ ဇာတ်လမ်းအဆုံး ဂူဂဲလ် မှာရှာဖတ်ကြည့်တော့မှ အမျိုးသားသရုပ်ဆောင်ဟာ အမျိုးသမီး ကဲ့သို့ဝတ်ဆင်ကာ သရုပ်ဆောင်ထားမှန်းသိရအောင်ကို ပီပြင် လွန်းခဲ့တာပါ။ ဟော်လီဝုဂန္တဝင် ရော်ဘင်ဝီလီယံ ရဲ့ Mrs Doubtfireဇာတ်ရုပ်ကိုမြင်ယောင်မိပါသေးတယ်။ ဇာတ်လမ်းအကျဉ်းက ဂျူဒပ်စကာတစ်ယောက် သူ့တူမကို ရည်းစားကောင်လေးအိမ်လမ်းကြုံလိုက်ပို့ပါတယ်။ ကောင်လေး ရဲ့အဖေ နိုင်ငံတော်အတွင်းဝန်ဖြစ်သူဟာ ထိုနေ့မှ ကပ်ဆိုးရောဂါ ကိုဗစ်၁၉နဲ့ပါတ်သတ်ပြီး အိမ်၌ သတင်းစာရှင်းလင်းပွဲလုပ်မှာဖြစ် ပါတယ်။ ဂျူဒပ်စကာဟာ အလိုက်ကမ်းဆိုးမသိ ဂရုလည်းမစိုက်တဲ့ တော်တော် ဂွကျတဲ့ သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်ဖြစ်ပြီး နှာဘူးထလိုက်တာဆိုသည်မှာ လည်းကမ်းကုန်ဖြစ်သည်။ တိုက်ရိုက် ထုတ်လွင့်နေတဲ့ သတင်းစာရှင်းလင်းပွဲ၌ ဂျူဒပ်စကာဝင်နှောက်ပါ တော့တယ်။စာနယ်ဇင်းသမားတွေမေးခွန်းထုတ်တဲ့အခါ အတွင်းဝန်လည်း ချော် လဲရောထိုင်ကာ အဆိုပါလူမည်းအမျိုးသမီးနှစ်ယောက်အား သူ့အိမ် တွင် လော့ဒေါင်းကာလ နှစ်ပတ်အတွင်း နေထိုင်ရန် ဖိတ်ခေါ်ထား ကြောင်းပြောပါတော့တယ်။ ပြဿနာက လူမည်းကောင်မလေးနဲ့ သူ့ရဲ့သားကိုသဘောမတူနိုင်တဲ့ ဂုဏ်သရေရှိမျိုးရိုးမှဆင်းသက်လာ တဲ့ ဝန်ကတော် ...
movie

Bon Bini: Judeska in da House (2020)

2020
The House Of No Man(2023) 6.9
The House Of No Man(2023) The House Of No Man(2023)**************************ငါမိဘမို့လို့ ငါသာအမှန်ဆိုတဲ့ မိဘမျိုးတွေကို မြင်ဖူးကြမယ်ထင်ပါတယ်... ဒီကားလေးထဲမှာလည်း ဒီလိုပါပဲ..Nu ဆိုတဲ့ အမျိုးသမီးဟာ အတ္တကြီးပြီး သမီးတွေအပေါ်မှာ ချုပ်ခြယ်လွန်းပါတယ်...အဲ့ဒီကြားက သမီးအကြီးက သူသဘောမကျတဲ့သူနဲ့ အိမ်ထောင်ကျသွားတဲ့အခါမှာ သမီးငယ်လေးကို ပိုလို့ချုပ်ခြယ်လာပါတယ်.. လူတွေဟာ ချုပ်ခြယ်ခံရလွန်းတဲ့အခါ ပိုရုန်းကြတယ်မလား ..ဒီလိုပါပဲ သူ့ရဲ့သမီးငယ်လေးဟာလည်း သူ့ရဲ့ကြိုးဆွဲကနေရတဲ့ ဘဝကိုငြီးငြူလာတဲ့တစ်နေ့မှာတော့သူမထင်မှတ်ထားတာကို လုပ်လိုက်မိပါတယ်... ဒီကားလေးက သားသမီးနဲ့မိဘကြားဖြစ်တတ်တဲ့ ကတောက်ကဆလေးတွေကို ရိုက်ပြထားတာမို့ အိမ်နဲ့အဆင်မပြေသူလေးတွေကြည့်သင့်ပါတယ်.. သားသမီးနဲ့မိဘကြားတင်မကပါဘူး လူအချင်းချင်းထားရမယ့် respect...ကိုယ့်အိမ်ထောင်ဖက်ပေါ်ထားရမယ့် respect စတာတွေကိုလည်း ထည့်ရိုက်ထားတာမို့ ကြည့်သင့်ပါကြောင်း.... File Size :(1.5GB) and (713MB) Quality : WEB-DL1080p, 720p Format…mp4 Duration…01:42:00 Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae
movie

The House Of No Man(2023)