Channel Myanmar

Tenacious D In the Pick of Destiny (2006)
Genre – Comedy, Adventure, Music
IMDB – 6.8/10

မင်းသားကြီး ဂျက်ဘလက်ခ်ဆိုတာနဲ့ ကွန်ဖူးပန်ဒါကို

ပြေးမြင်ကြမယ်ထင်ပါတယ် နောက်ပြီး သူရိုက်ထားတဲ့

တခြားဟာသကားတွေကလည်း နာမည်ကြီးပါပဲ

School of Rock တို့ Jumaji တို့ Goosebump တို့ စသဖြင့် အများကြီး ရှိပါတယ်။

ဇာတ်လမ်းအကြောင်းမပြောခင် မင်းသား ဂျက်ဘလက်ခ်က

တကယ်သီချင်းဆိုပါတယ် လက်တွေ့လောကမှာလည်း

ဒီရုပ်ရှင်နာမည်အတိုင်း Tenacious D ဆိုပြီး Rock အဖွဲ့လေးထောင်ထားတာပါ

နောက်အဖွဲ့ဝင်တစ်ယောက်က ဒီရုပ်ရှင်ထဲမှာပါတဲ့

သရုပ်ဆောင် ကိုင်းဂတ်စ်ပါပဲ

နောက်ပြီး သူတို့ဟာ သီချင်းတွေဆိုလည်း

ကိုယ်တိုင်ရေး ကိုယ်တိုင်ဆို ကိုယ်တိုင်တီးတွေပါ။

ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအကျဉ်းကတော့ သာမန်မြို့ငယ်လေးမှာ

ဘာသာတရာကိုင်းရှိုင်းကြတဲ့ မိသားစုလေးရှိပါတယ်

ဒီမိသားစုလေးထဲက JB ဆိုတဲ့ ဖက်တီးလေးကတော့

မိရိုးဖလာကို ဆန့်ကျင်ပြီး အင်မတန်မှ Rock ဂီတကို ကြိုက်တာပေါ့

အဲဒါကြောင့် သူနေထိုင်ရာပတ်ဝန်းကျင်က Rocker တစ်ယောက်

မဖြစ်နိုင်တဲ့အတွက် Rock ဆရာကြီး အဆိုတော် Dio ရဲ့

လမ်းညွန်မှုနဲ့ အိမ်ကနေထွက်ပြေးပြီး ဟောလိဝုဒ်ကို ရောက်ရှိလာခဲ့ပါတော့တယ်။

အဲဒီမှာ လမ်းဘေးဖျော်ဖြေသူ KG ကို တွေ့ပြီး လက်သံကို

သဘောကျသွားတဲ့အတွက် ထူးချွန်တဲ့ Rocker ကြီးဖြစ်ဖို့

တပည့်ပြေးခံပါတော့တယ်

အဲဒီမှာ KG ရဲ့ သင်ခန်းစာတွေနဲ့အတူ Rocker ဖြစ်ဖို့ ကြိုးပမ်းရတော့တာပေါ့။

တစ်ဖက်မှာလည်း အောင်မြင်တဲ့ Rocker တွေကို လေ့လာကြည့်မိတော့

အသုံးပြုတဲ့ Guitar Pick က အတူတူပဲဆိုတာကို သိပြီး

ဒီ နတ်ဆိုး Guitar Pick ကိုလည်း ရအောင်လိုက်ရှာပြီး

သူတို့ သီချင်းတွေ ဂန္ဒဝင်ဆန်ဖို့ လုပ်ကြတဲ့အခါ အောင်မြင်သွားမလား

ဘာတွေဆက်ဖြစ်မလဲ KG ရဲ့ သရုပ်မှန်ကရော ဘာလဲ

စသဖြင့် Musical ဆန်ဆန် ဟာသတွေနဲ့ Rock သီချင်းကောင်းကောင်းတွေ

နားဆင်ရင်း ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းက Rock Musical ဖြစ်တဲ့အတွက် ဇာတ်လမ်းနဲ့သက်ဆိုင်တဲ့

စာသားတွေကိုတော့ ဘာသာပြန်ဆိုပေးထားပြီး

သိပ်မဆိုင်တဲ့စာသားတွေကိုတော့ ဒီတိုင်းပဲ ထားပေးခဲ့ပါတယ်။

နောက်ဆုံးအချက်အနေနဲ့ ဇာတ်ကားက R Rated

ဖြစ်တဲ့အတွက် မဟားဒရားဆဲဆိုတာတွေအပြင်

ရိုင်းရိုင်းစိုင်းစိုင်းတွေလည်း ပါဝင်လို့

ကလေးသူငယ်တွေကိုတော့ မပြဖို့

အကြံပြုလိုက်ရပါတယ်ခင်ဗျ။

 

File size…   2 GB /  1 GB
Quality… WEB Rip 1080p / 720p
Format… mp4
Duration…. 1h 40m
Genre …..  Music, Comedy
Subtitle…. Myanmar Subtitle (Hard Sub)
Encoder…. Thit San Khant
Translated by Thura Aung



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Tenacious D in The Pick of Destiny (2006)
Tenacious D in The Pick of Destiny (2006)
Tenacious D in The Pick of Destiny (2006)
Tenacious D in The Pick of Destiny (2006)
Tenacious D in The Pick of Destiny (2006)
Tenacious D in The Pick of Destiny (2006)
Tenacious D in The Pick of Destiny (2006)
Tenacious D in The Pick of Destiny (2006)
Tenacious D in The Pick of Destiny (2006)
Tenacious D in The Pick of Destiny (2006)


No downloads available

Genres



Related movies