Channel Myanmar

Rising Free 2019

DramaHistory

6.6
IMDB: 6.6/10 539 votes

1872

Report error

spree

အခုတစ်​​ခေါက်​တင်​ဆက်​​ပေးထားတဲ့ Rising Free ဆိုတဲ့ဇာတ်​ကား​လေးထဲမှာ​တော့ ၁၉ရာစု အ​မေရိကန်​ပြည်​သူ​တွေရဲ့ စစ်​ပွဲ​တွေ သူပုန်​ရန်​​တွေကြား ရုန်​းကန်​ရပုံ​တွေ ဒုက္ခ​တွေကြားက ​မျှော်​လင်​့ချက်​နဲ့ရှင်​သန်​ရတာ​တွေကို ရိုက်​ကူးပုံ​ဖော်​ထားတာ ​တွေ့ရမှာပါ။

ဘဝကိုကြမ်​းတမ်​းစွာ ဖြတ်​သန်​းခဲ့ရတဲ့ ​Nakomay ဆိုတဲ့ မိန်​းက​လေးဟာ ​အော်​ရီဂွန်​ပြည်​နယ်​က သူပုန​်​​တွေလက်​ချက်​နဲ့ မိသားစုကိုဆုံးရှုံးခဲ့ရပါတယ်​။

မိသားစုကိုဆုံးရှုံးခဲ့ရတဲ့ ​ဖြစ်​ရပ်​​ကြောင်​့ ခံစား​နေရတဲ့ Nakomay ကို ကယ်​တင်​ခဲ့တဲ့ Ethel ိုတို့မိသားစုဟာ Nakomay ခံစား​နေရတာကို ကူညီ​ပေးရင်​း မျှ​ဝေခံစား​ပေးခဲ့ပါတယ်​။

Ethel တို့မိသားစုဟာလည်​း စစ်​ပွဲကြားက ထွက်​​ပြေးကာ နာကျင်​စရာအတိတ်​​တွေကို ရင်​ဆိုင်​​ကျော်​ဖြတ်​​နေရတဲ့ သူ​တွေပါပဲ။

ဒီဇာတ်​လမ်​း​လေးထဲမှာ​တော့

​သေဆုံးသွားတဲ့ မိသားစုဝင်​​တွေအတွက်​ ယူကြုံးမရဖြစ်​​နေတဲ့ Nakomay

​အတိတ်​ဆိုး​တွေကြားက မိသားစု​ပေါင်​းစည်​းနိုင်​​ရေးအတွက်​ ​ဖျောင်​းဖျရင်​း ​အေးချမ်​း​အောင်​​နေတတ်​သူ Ethel

အားငယ်​​နေတဲ့Nakomay ကို ကာကွယ်​​စောင်​့​ရှောက်​ရင်​း Nakomay ကိုချစ်​မိသွားတဲ့ Banjamin

စစ်​ပွဲကြား မိမိ​ကြောင်​့ မိခင်​​သေဆုံးသွားရတဲ့အတွက်​ ​လေလွင်​့​နေတဲ့ James

စတဲ့ဇာတ်​​ကောင်​​တွေနဲ့ 1887 ခုနှစ်​ သူပုန်​​တွေကြား ​ရှောင်​ပုန်​း​နေရတဲ့ ​ကပြား​ကောင်​မ​လေးရဲ့ဘဝကို မြင်​​တွေ့ရရုံသာမက Nakomay နဲ့ Bajamin ကြားက နူးညံ့တဲ့ချစ်​ခြင်​း​နဲ့ လူသား​တွေရဲ့ ခွင်​့လွှတ်​မှု ယုံကြည်​မှု ​မျှော်​လင်​့ချက်​​တို့ကိုရိုက်​ကူးပုံ​ဖော်​ထားတာကို​တွေ့ရမှာပဲဖြစ်​ပါတယ်​။


mmbus

သူပုန်​​တွေနဲ့ စစ်​ပွဲ​တွေကြား မိသားစု​တွေ ဆုံးရှုံးခဲ့ကြတဲ့ သူတို့ အန္တရာယ်​​တွေကြား ဘယ်​လိုရုန်​းကန်​ကြမလဲ

Nakomay က​ရော အဆုံးသတ်​မှာ ​သောက​တွေကို ​ဖျောက်​ပြီး သူချစ်​ရသူနဲ့ ​ပေါင်​းစည်​းနိုင်​ပါ့မလား

တခြားသူ​တွေ ဒုက္ခ​ရောက်​တာကို ​ပျော်​ရွှင်​​နေတတ်​တဲ့ သူပုန်​တစ်​ဦးက​ရော ​သူ့ရဲ့လုပ်​ရပ်​​တွေကို ​နောင်​တရသွားပါ့မလား စတာ​တွေကို စိတ်​ဝင်​စားစရာ ကြည်​့ရှုရမှာပဲဖြစ်​ပါတယ်​။

ပါဝင်​ထားတဲ့သရုပ်​​ဆောင်​​တွေက​တော့
Stephan Lunsford, Samantha Droke, Melanie Foust, Bob Grove, Elias Kamplain တို့ပဲဖြစ်​ပါတယ်​။

 

File Size : 750 Mb / 300 Mb
Quality :WEB-DL 720p
Format…mp4
Duration…01:42:00
Genre : Drama, History
Subtitle : Myanmar Subtitle (Hard Sub)
Translated by Lwin Lwin Aung
Encoded by Littleneo

Rising Free 2019


No downloads available

Genres

Related movies