Channel Myanmar

Action

Sultan Of Delhi (2023)
Sultan Of Delhi (2023) Sultan of Delhi 2023 (သို့) ဒေလီစော်ဘွားများIMDb 6/10Disney+Hotstar ကနေ ပူပူနွေးနွေးထွက်ရှိထားတဲ့စီးရီးကောင်းလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ ပုရိသတို့အသည်းစွဲ မင်းသမီးချောလေး Mouni Roy ပါဝင်ထားပြီးArnab Roy ရေးသားထားတဲ့ " Sultan of Delhi : Ascension" ဆိုတဲ့စာအုပ်ပေါ် အခြေခံရိုက်ကူးတင်ဆက်ထားပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်အရေးအခင်းဖြစ်ပြီး သတ်ကြဖြတ်ကြဖြစ်နေချိန်မှာ သားဖြစ်သူကဗျောက်အိုးလိုချင်တယ်ဆိုလို့ သားဖနှစ်ယောက် အပြင်ထွက်ကြတုန်းမှာ သူတို့အိမ်ဝင်အစီးခံရပြီး ရှိသမျှမိသားစုဝင်တွေအကုန်အသတ်ခံလိုက်ရတယ်။အဲဒီမှာပဲ သားဖနှစ်ယောက် အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ မီးရထားစီးပြီး မြို့တစ်ခုဆီကိုထွက်လာခဲ့ကြတယ်။ သားဖြစ်သူက အာရ်ဂျွန်။အာရ်ဂျွန်က ကလေးကတည်းကမဟုတ်မခံစိတ်ရှိပြီး ရည်မှန်းချက်ကြီးတဲ့သူ၊ အရွယ်ရောက်လာချိန်မှာတော့ ဒေလီမြို့ကြီးဆီပြောင်းရွှေ့ပြီး အာဏာပါဝါတွေနောက်လိုက်ရင်း ဒေလီရဲ့ အာဏာရှိသူတစ်ဦးဖြစ်ဖို့ကြိုးစားပုံကို ၁၉၆၀နောက်ပိုင်းအချိန်ကို အခြေခံထားပြီး တင်ဆက်ထားပုံကို အရသာရှိရှိတွေ့မြင်ခံစားကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni ~V~ToMo တို့ပဲဖြစ်ပါတယ်)(CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here )File Size – 1GB / 500MBQuality – ...

Sultan Of Delhi (2023)

2023
The Wheel of Time (2021-2023) 9.7
The Wheel of Time (2021-2023) The Wheel of Time (2021)အမေဇုံရဲ့ ဘက်ဂျက်အကြီးစားနဲ့ စီးရီးလာပါပြီ။ ဇာတ်လမ်းကတော့ the lord of the rings နဲ့ ပိုဆင်ပါတယ်။ first age, second age, thrid age စသည်ဖြင့် သမိုင်းရှိပါတယ်။ ဇာတ်လမ်းအကျဉ်း စွမ်းအားကြီးတွေနဲ့ မွေးဖွားလာတဲ့ လူတွေဟာ အမှောင်သခင်ကို အကျဉ်းချထားနိုင်မယ်လို့ ယုံကြည်မိပေမဲ့ မအောင်မြင်ခဲ့တဲ့အခါ ကမ္ဘာကြီး ပျက်စီးလာခဲ့တယ်။ အဲဒီပျက်စီးခြင်းကို ယူဆောင်လာသူကို ဒရက်ဂွန်လို့ ခေါ်ကြတယ်။ အဲဒီပျက်စီးပြီးခေတ်နောက်ပိုင်းမှာ ကမ္ဘာကြီးကို အိုက်ဆီဒိုင်းညီအစ်မအဖွဲ့ဆိုတဲ့ တန်ခိုးရှင်တွေဟာ မျှော်စင်ဖြူကြီးကနေ ထိန်းသိမ်းနေခဲ့တယ်။ ဒါပေမဲ့ ကမ္ဘာကြီးအပေါ်ကို လူတွေပြန်ဝင်စားဖို့အတွက် အချိန်စက်ဘီးဆိုတဲ့ အရာကြီးက လည်ပတ်နေပြန်တယ်။ ဒီတော့ အခု ဇာတ်လမ်းစတင်ချိန်မတိုင်ခင် အနှစ် ၂၀ တုန်းက ကမ္ဘာကြီးကို ပျက်စီးစေခဲ့တဲ့ ဒရက်ဂွန် ပြန်လည်မွေးဖွားလာပြီဆိုပြီး ဟောကိန်းတွေ ထွက်လာခဲ့တာပေါ့။ ဒရက်ဂွန်ဟာ ယောကျာ်းလား မိန်းမလား ဘယ်သူလဲဆိုတာ မသိကြပါဘူး။ ဟောကိန်းအရတော့ ကမ္ဘာကြီးကိုပျက်စီးစေခဲ့တဲ့ ဒရက်ဂွန်ကပဲ ကမ္ဘာကြီးကို ပြန်ကယ်တင်မယ်တဲ့။ ဒီတော့ အဲဒီဒရက်ဂွန်ကို အိုက်စီဒိုင်းအဖွဲ့ကရော အမှောင်သခင်ရဲ့ အဖွဲ့ကရောပါ လိုက်ရှာကြတဲ့အခါ... ရှုပ်ထွေးတဲ့ ဒဏ္ဍာရီတွေနဲ့ တိုက်ပွဲကြီးတွေ ပေါ်ပေါက်လာပါတော့တယ်။Wheel ...
9.7
TMDb: 9.7/10 10 votes
tv

The Wheel of Time (2021-2023)

2021
Ahsoka (2023) 8.333
Ahsoka (2023) စတားဝေါစီးရီးအသစ်တစ်ခု ဒစ္စနေးကနေ ထွက်ရှိလာပါပြီ။ ဒီတစ်ခါကတော့ ဂျဒိုင်းတစ်ယောက်ဖြစ်တဲ့ အာဆိုးကာ တာနိုရဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။ အာဆိုးကာ တာနာဟာ ကလုန်းစစ်ပွဲကာလမှ နာမည်ကြီးလာတဲ့ ဂျဒိုင်းသူရဲကောင်းဖြစ်ပြီး၊ စွမ်းအားအကြီးဆုံး ဂျဒိုင်းတွေထဲက တစ်ယောက်ဖြစ်တဲ့ အနာကင်စကိုင်းဝေါ်ကာ (ဒါ့ဗိတ်ဒါ)ရဲ့ လက်ထောက်တပည့်ရင်းလည်းဖြစ်ခဲ့ပါတယ်။ အာဆိုးကာဟာ ဂျဒိုင်း ကာရိုက်တာတွေထဲမှာ လူကြိုက်အများဆုံးထဲက တစ်ယောက်ဖြစ်ပြီး တူဂရူတာ မုဆိုးဂြိုလ်သားမျိုးနွယ်ဝင်လည်း ဖြစ်ပါတယ်။ ဆစ်သ်တွေထဲက နာမည်ကြီး ဒါ့သ်မောကိုလည်း ကလုန်းစစ်ပွဲကာလအတွင်း အနိုင်တိုက် ဖမ်းဆီးနိုင်ခဲ့ပြီး ဂျဒိုင်းတွေနဲ့ မန်ဒါလိုရီရန်တွေကြားက အငြိုးတွေကို ကျေလည်စေခဲ့ပြီး မန်ဒါလိုရီရန်သူတစ်ယောက်ဖြစ်တဲ့ ဆဘင်းဝရန်ကိုလည်း လက်ထောက်အဖြစ် လက်ခံသင်ကြားပေးခဲ့ပါတယ်။ကလုန်းစစ်ပွဲအစမှာ အာဆိုးကာဟာ အလင်းဓားအဖြူတစ်ချောင်းနဲ့ ထူးထူးခြားခြားစတင်ခဲ့ပေမဲ့ တဖြည်းဖြည်းနဲ့ အလင်းဓားနှစ်ချောင်းနဲ့တိုက်ခဲ့တဲ့သူ ဖြစ်လာခဲ့ပါတယ်။ ရန်သူရဲ့အလင်းဓားတွေကိုပါ ပိတ်ပစ်နိုင်တဲ့ အစွမ်းရှိတဲ့လူသုံးယောက်ထဲမှာ တစ်ယောက်အပါအဝင်ဖြစ်လာပါတယ်။ ကျန်တဲ့နှစ်ယောက်က မာစတာယိုးဒါးနဲ့ The Son ပါ။ ဒီဇာတ်လမ်းမှာတော့ အင်ပါယာကျဆုံးပြီး ပြည်ထောင်စုသစ် ဖြစ်ခါစ ...
8.333
TMDb: 8.333/10 9 votes
tv

Ahsoka (2023)

2023
Kaala (2023) 9
Kaala (2023) Kaala (သို့) ငွေမည်းဘုရင်များ၏ အရှုပ်တော်ပုံ (2023) IMDb 6.7/10နောက်ဆုံးထွက် အသစ်စက်စက် ငွေမည်းမှောင်ခိုအကြောင်း စီးရီးလေးတစ်ခု တင်ဆက်ပေးချင်ပါတယ် ဒီစီးရီးမှာဆိုရင် အပိုင်း၈ပိုင်းထိ ပါဝင်ပြီး တစ်ပိုင်းချင်းစီကို မျက်တောင်မခတ်တမ်းကြည့်ရှုရမှာပဲဖြစ်ပါတယ် ဒီစီးရီးက ဘာနဲ့တူလဲဆိုရင် ဟိုတလောတုန်းကထွက်ရှိထားတဲ့ Farzi နဲ့နည်းနည်းဆင်တူပေမဲ့ ဒီကောင်က Plot ပိုင်းဆိုင်ရာမှာ ကြည့်တဲ့လူ‌တွေကိုပိုပြီးခေါင်းစားစေမှာပါအမှန်တရားနောက်ကွယ်က လက်မည်းကြီးတွေနဲ့ အာဏာတွေပါဝါတွေအောက်ကနေ အဖြစ်မှန်ကိုလိုက်စုံစမ်းနေတဲ့ စုံစမ်းရေး IB အရာရှိ ရစ်ဝစ်ခ်... သူလိုက်နေတဲ့ အကောင်ကြီးတွေကတော့ အနောက်ဘင်္ဂလားဒေ့ရှ်က ငွေကြေးခဝါချသူတွေနဲ့ အဲဒီငွေမည်းတွေကို မှောင်ခိုသယ်ယူပို့ဆောင်နေတဲ့ သူ့ရဲ့ဂိုဏ်းကြီးတစ်ခုရဲ့‌ ခေါင်းဆောင်၊ နာမည်ကြားတာနဲ့ ဥပဒေဘက်တော်သားတိုင်းရှိန်တဲ့၊ လက်ရှောင်ကြတဲ့ တစ်မိုးအောက် ငွေမည်းဘုရင် "နန်မန်အာရာ"... ဂိုဏ်းကြီးဆိုတဲ့အတိုင်း အထက်ကလူတွေကို တစ်ဆင့်ပြီးတစ်ဆင့် လာဘ်ထိုးကာ အိန္ဒိယကနေတစ်ဆင့် မှောင်ခိုမှု‌တွေ ပြုကြပါတော့တယ်..ဒီလိုကနေတစ်ဆင့် စစ်ဆင်ရေးလုပ်နေစဉ်မှာပဲ အရာရှိရစ်ဝစ်ခ်ရဲ့ရင်ထဲမှာ တိမ်းအောင်းနေတဲ့ အဖေဖြစ်သူအပေါ်နာကျည်းမှုတွေရဲ့အမှန်တရားတွေ ယှဉ်တွဲလာတဲ့အခါ... ပိုက်ဆံက အရာရာဆိုတဲ့လူတွေကြား လူလေး၅ယောက်လောက်သာပါဝင်တဲ့ စုံစမ်းရေးအရာရှိတို့အဖွဲ့ ဘယ်လိုတွေအားပြိုင်ကြမလဲ ငွေမှောင်ခိုမှုပဲဆိုပေမဲ့ ကြည့်လေကြည့်လေ ဆွဲဆောင်နိုင်လေပဲမို့ အခုပဲ ဒေါင်းကြည့်လိုက်ကြပါတော့ရှင်(အညွှန်းနဲ့ ...
9
TMDb: 9/10 1 votes
tv

Kaala (2023)

2023
SF8 (2020) Complete 7.3
SF8 (2020) Complete SF8 (2020) Limited Series ~ IMDb - 6.3/10, MyDramaList - 7.5/10 ~ ကိုရီးယားသိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေ ဇာတ်လမ်းတွဲတွေကို ကျွန်တော်တို့မြင်ရသလောက်ဆို သိပ်တော့လည်း အားရစရာကောင်းမနေပါဘူး။ ကော်ပီဖြစ်ရင်ဖြစ် မဖြစ်ရင်လည်း သိပ်ဇာတ်မနိုင်လှတာကို တွေ့ရမှာပါ။ ဆန်းတော့လည်းမဆန်းဘူးထင်ပါတယ်။ အကုန်မဟုတ်တောင် ၁၀ခုမှာ ၇ခုလောက်က အစကောင်းတောင် အဆုံးဂွမ်းသွားတာများပါတယ်။ SF8 ကတော့ ပုံမှန်မြင်နေကျ ကိုရီးယား သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းတွဲတွေနဲ့ မတူတဲ့ Anthology စီးရီးပါပဲ။ ၈ပိုင်းပါဝင်ပြီး Anthology စီးရီးဆိုတော့ ၈ပိုင်းလုံး ဇာတ်အိမ်သီးခြားစီနဲ့ပါ။ ထူးတာက ဒီအပိုင်းတွေအားလုံးမှာ အထူးပြုလုပ်ချက်ဆန်းဆန်းပြားပြားတွေ မပါပေမဲ့လည်း ဇာတ်အိမ်ကိုတော့ ရည်ရွယ်ချက်ကောင်းကောင်းလေးနဲ့ ချပြထားပါတယ်။ ၈ပိုင်းလုံး သူ့ Concept နဲ့သူ ရပ်တည်နေပြီး ၈ပိုင်းလုံး ပစ်စရာမရှိလောက်အောင် ကောင်းပါတယ်။ သရုပ်ဆောင်တွေလည်း ထိပ်တန်းကြီးတွေတော့မဟုတ်ပေမဲ့ ပေါပေါပဲပဲသုံးထားတာမဟုတ်ပါဘူး။ An Old Lady ထဲက မင်းသမီးကြီး ...
7.3
TMDb: 7.3/10 7 votes
tv

SF8 (2020) Complete

2020
The Continental: From the World of John Wick (2023) 7.8
The Continental: From the World of John Wick (2023) The Continental: From the World of John Wick (2023) ======================================= John Wick Spin off : Continental Season 1ဒီစီးရီးကတော့ အပိုင်း ၃ ပိုင်းပါဝင်ပြီး ဂျွန်ဝစ်ရုပ်ရှင်တွေထဲက နာမည် ကြီး ကွန်တီနန်တယ် ဘုံနယ်မြေဟိုတယ်တွေအပေါ် အခြေခံထားတာပါ။ ဝင်စတန် တစ်ယောက် စီးပွားရေးလူလည်ဘဝက‌နေ ရာဇဝတ်လောကထဲ ရောက်လာပြီး ဟိုက်တေဘယ် အထက်ကောင်စီနဲ့ ရင်ဆိုင်ရပုံတွေကို ပြ ထားတာပါ။ အတိုက်အခိုက်ခန်းတွေကတော့ ဂျွန်ဝစ်ထဲကတိုင်း ကြမ်းကြမ်း တမ်းတမ်းပါပဲ။ ဇာတ်လမ်းကလည်း စိတ်ဝင်စားဖို့ကောင်းအောင် တည်ဆောက် ထားတာမို့ အားလုံးကြိုက်ကြမှာပါ။ တစ်ပိုင်းကို တစ်နာရီခွဲမို့ ရုပ်ရှင်လို ကြည့် ရမှာပါ။ တစ်ပတ်တစ်ပိုင်းနဲ့ သုံးပိုင်းလာပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်း - ဖရန်ကီနဲ့ ဝင်စတန်ဟာ ညီအစ်ကိုနှစ်ယောက်ပါ။ ငယ်ငယ်ကတည်းက မိဘမဲ့ အိမ်ခြေရာမဲ့ဖြစ်ခဲ့ပြီး အမှုတစ်ခုကြောင့် ဖရန်ကီ ထောင်ကျသွားပါတယ်။ ညီ ဖြစ်တဲ့ ဝင်စတန်ကတော့ လန်ဒန်မှာ ငွေကြေးဆိုင်ရာစီးပွားရေးနဲ့ အောင်မြင် နေပါပြီ။ တစ်နေ့မှာတော့ ဝင်စတန်ကို လူမိုက်တစ်စုက ...
7.8
TMDb: 7.8/10 1628 votes
tv

The Continental: From the World of John Wick (2023)

2023
Kleo (2022) 7.034
Kleo (2022) Kleo (2022) =========== IMDb Rating - 7.5/10Kill Bill လိုမျိုး လက်စားလိုက်ချေတဲ့ကား၊ Atomic Blonde နဲ့ Red Sparrow တို့လို စပိုင် ဇာတ်လမ်းမျိုးတွေ ကြိုက်တယ်ဆိုရင် ဒီဇာတ်လမ်း တွဲကို လက်လွှတ်မခံပါနဲ့။ IMDb rating 7.5, Rotten Tomatoes 92% ရထားပါတယ်။ ဇာတ်လမ်းကတော့ မမိုက်မှာမပူနဲ့။ ဂျာမန်တွေ ရိုက်ကူး ထားပြီး Netflixက ထုတ်ဝေထားတာပါ။ Netflix က ကျန်တဲ့ ဇာတ်ကား တွေသာ ချာရင်ချာမယ်၊ ဥရောပတစ်ခွင်ကရိုက်တဲ့ ဇာတ်လမ်းတွေကတော့ ဇာတ်လမ်း၊ ဇာတ်အိမ် ခိုင်မာကြသလို တော်တော်ကြီးကြည့်လို့ကောင်းတဲ့ အစဉ်အလာရှိပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ကလီယိုဟာ အရှေ့ဂျာမနီအစိုးရရဲ့ ထောက် လှမ်းရေးဌာနခွဲက လျှို့ဝှက်အေးဂျင့်တစ်ယောက်ပါ။ ကလီယိုဟာ စည်းကမ်း ကို ချိုးဖောက်ပြီး လုပ်ဖော်ကိုင်ဖက်နဲ့ ချစ်ကြိုက်မိကာ ကိုယ်ဝန်ကိုလည်း လွယ်ထားရပါတယ်။ ဒီလိုနဲ့ အလုပ်ကနေ အနားယူမယ် လုပ်တုန်းက ချောက် ချခံရပြီး တစ်သက်တစ်ကျွန်း ထောင်ကျသွားပါတယ်။ ထောင်ထဲမှာ ကိုယ်ဝန် ပျက်ကျ၊ ဒုက္ခပေါင်းစုံကိုခါးစည်းခံရပါတယ်။ ...
7.034
TMDb: 7.034/10 89 votes
tv

Kleo (2022)

2022
Bleach : Thousand-Year Blood War 8.4
Bleach : Thousand-Year Blood War Thousand-Year Blood War (2022) ============================Bleachဆိုတဲ့ဒီကာတွန်းဟာ ဂျပန်ကာတွန်းစီးရီး​တွေရဲ့ကြီးသုံးကြီးထဲမှာပါခဲ့တဲ့စီးရီးပါ(ကြီးသုံးကြီး​တွေကBleachOne pieceNarutoတို့ပါ)မူလတုန်းကတဝက်တပျက်နဲ့ရပ်ခဲ့​ပေမဲ့အခုဆိုရင် အဆုံးထိထွက်ဖို့အတွက်အပတ်စဥ်အပိုင်းသစ်​တွေထွက်လို့​နေပါပြီအခုထွက်တဲ့အပိုင်း​တွေက​တော့Soul societyမှာ အဆိုးဆုံး threadတခု​ပေါ်လာပြီးဇာတ်လိုက်ကိုယ်တိုင်လည်း အရင်ကထက် ဆယ်ဆမကပိုဂျွတ်တဲ့တိုက်ကွက်​တွေကိုရ​အောင်ကြိုးစားရမှာ​တွေကိုမြင်ရမှာပါ။ဘယ်လို​သောက်ကြမ်းဖြစ်လာမလဲ​တော့​စောင့်သာကြည့်​တော့ဗျ..ဇာတ်လမ်းအကျဥ်းကို​တော့အရင်cour​ကိုပဲပြန်​ပြောပါမယ်အိချိဂိုဆိုတဲ့​ကောင်​လေးဟာ လူတကာကိုကူညီတတ်ပြီးမဟုတ်မခံစိတ်လည်းရှိသူပါ။ ဒါ့အပြင် သူဟာ မြင်အပ်မမြင်အပ်ပရ​လောကသား​တွေကိုလည်းမြင်နိုင်စွမ်းရှိသူဖြစ်ပါတယ်။တ​နေ့မှာ​တော့ ​သေမင်းကိုပါ​တွေ့ခဲ့ပြီး အဆိုပါ​​​သေမင်းကို ​ဟောလိုးလို့​ခေါ်တဲ့မ​ကောင်းဆိုးဝါးတစ်​ကောင်လက်က​နေကယ်​ပေးလိုက်ရာက​နေ ​သေမင်းရဲ့အစွမ်း​တွေအားလုံးကိုပါအိချိဂိုဟာ စုပ်ယူမိခဲ့သလိုဖြစ်သွားပါတယ်။ အဲ့ဒီ​နောက်မှာ​တော့.....ဒီစီးရီး​လေးကိုအပတ်စဥ်တနင်္လာ​နေ့ညတိုင်းတင်ဆက်​ပေးသွားမှာပါ Episodes:13File Size: 500MB & 300MB (episode)Quality :Web-Dl 1080p,720pGenres: Animation , Action , AdventureTranslated by Dr NyanEncoded by Thit San Khant , Min Wai  Episodes 11080P   >>>UsersDrive   | Yoteshin |     MegaUp    |     Mega.NZ    | StreamSB 720P      >>>UsersDrive   | Yoteshin |   ...
8.4
TMDb: 8.4/10 1543 votes
tv

Bleach : Thousand-Year Blood War

2004
SEAL Team (2017) 8.039
SEAL Team (2017) CM ပရိတ်သတ်ကြီးတခဲနက်တောင်းဆိုထားတဲ့ တိုက်တာခိုက်တာလည်းမိုက်၊ လက်တွေ့လည်းဆန်၊ ဇာတ်အိမ်လည်းကောင်းတဲ့ နာမည်ကြီးစစ်ကားစီးရီးတစ်ခုဖြစ်တဲ့ Seal Team 2017 ကိုယူဆောင်လာပေးခဲ့ပါပြီ။ Seal Team ဟာဆိုရင်‌တော့ Navy Seal အထူးတပ်ဖွဲ့၀င်တွေရဲ့ အမိမြေအတွက် အန္တရာယ်များတဲ့စစ်ဆင်ရေးတွေ ဆင်နွှဲကြပုံကိုရိုက်ကူးထားတဲ့ စီးရီးတစ်ခုပဲဖြစ်ပါတယ်။ ဒီစီးရီးထဲမှာ Seal တပ်ဖွဲ့၀င်တွေရဲ့ လေ့ကျင့်မှုတွေ၊ ဗျူဟာချမှတ်ပုံတွေ၊ စစ်ဆင်ရေးပြုလုပ်ပုံတွေကို ဇာတ်အိမ် ကောင်းကောင်း သရုပ်ဆောင်ကောင်းကောင်းနဲ့ ရိုက်ပြထားတဲ့အပြင် မိသားစုရေး၊ နိုင်ငံကိုသစ္စာစောင့်သိမှု၊ အဖွဲ့လိုက်လုပ်ဆောင်မှု၊စစ်ပွဲအကြောင်းတွေကိုလည်း ရသစုံစွာ ထည့်သွင်းရိုက်ကူးထားပါတယ်။အထူးသဖြင့် Navy Sealလိုအထူးတပ်ဖွဲ့မျိုးမှာ တာ၀န်ထမ်းဆောင်ရတဲ့ တပ်ဖွဲ့၀င်တွေရဲ့ ပရော်ဖက်ရှင်အလုပ်နဲ့ သာမန်ဘ၀အကြားမှာ ဟန်ချက်ညီမှုရရှိအောင်ကြိုးစားကြရပုံတွေကိုလည်း မြင်တွေ့ရမှာပါ။ ဒါ့အပြင် ဇာတ်လမ်း စ၊လယ်၊ဆုံး တိုက်ခိုက်နေတာမဟုတ်ဘဲ ၎င်းတို့ရဲ့သာမန်ဘ၀တွေမှာ ကြုံတွေ့ရတဲ့ဒရာမာတွေကိုလည်း ထည့်သွင်းပေးထားတာမလို့ တစ်ပိုင်းနဲ့တစ်ပိုင်း ဇာတ်လမ်းအချိတ်အဆက်က အတော်ကောင်းပါတယ်။ နောက်ထပ်စိတ်၀င်စားစရာကောင်းတဲ့အချက်ကတော့ Seal Teamရဲ့ ဇာတ်ညွှန်းကိုရေးသားရာမှာ Navy Seal တပ်ဖွဲ့၀င်အစစ်တွေရဲ့ ...
8.039
TMDb: 8.039/10 1307 votes
tv

SEAL Team (2017)

2017
Undead Murder Farce (2023) 7.1
Undead Murder Farce (2023) Undead Girl Murder Farce (2023) Genre - Anime, Fantasy, Mystery၁၃ ပိုင်း ပါဝင်တဲ့ အသစ်ထွက် Anime စီးရီးကောင်းလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။လက်ရှိမှာတော့ ၁၁ ပိုင်းအထိ ထွက်ရှုထားပြီး ကျန်တဲ့ ၂ ပိုင်းကိုလည်းအပတ်စဉ် ထွက်ပြီးတာနဲ့ အချိန်မှီတင်ဆက်ပေးသွားဦးမှာပါ။ဒီ စီးရီးမှာတော့ စုံထောက်ကြီး ရှားလော့ဟုမ်းတို့ နာမည်ကြီးစောရဝိဇ္ဇာ လူပင်တို့စသဖြင့် စိတ်ကူးယဉ် နာမည်ကျော် ဇာတ်ကောင်တွေအများအပြား ပါဝင်ထားတဲ့အပြင် သွေးစုပ်ဖုပ်ကောင်တို့ သမန်းဝံပုလွေတို့မကောင်းဆိုးဝါးပေါင်းစုံတွေပါ ပါဝင်ပြီး၁၉ ရာစုနောက်ခံ စုံထောက်စွန့်စားခန်းလိုမျိုး ဇာတ်အိမ်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေး ပြောပြရမယ်ဆိုပထမအဓိက ဇာတ်ကောင်အနေနဲ့ ဆူဂရုအကြောင်းပေါ့။သူကတော့ လူတစ်ဝက် မကောင်းဆိုးဝါးတစ်ဝက် ဖြစ်နေပြီးဒီစွမ်းအားနဲ့ ဂျပန်မှာ ထူးဆန်းတဲ့ အကောင်ပလောင်တွေနဲ့လက်ဝှေ့ထိုးစားနေတဲ့ မကောင်းဆိုးဝါး သုတ်သင်သူလို့ ခေါ်ကြတဲ့ပေါ့ပျက်ပျက်လူတစ်ယောက်ပေါ့။ဒါပေမဲ့ ဒီလို မကောင်းဆိုးဝါးတစ်ဝက် ဖြစ်နေရတာလည်းလူတစ်ယောက်ရဲ့ စနက်ကြောင့်ပါ။ဒုတိယတစ်ယောက်ကတော့ ဒီစီးရီးရဲ့ပင်တိုင်ဇာတ်ကောင်ခေါင်းပြတ်မလေး ရင်ဒိုအာယာပါ။သူကတော့ မသေမျိုးဖြစ်ပြီး သူ့ ခန္ဒာကိုယ်ကို လူတစ်ယောက်ကခိုးယူသွားလို့ ...
7.1
TMDb: 7.1/10 12 votes
tv

Undead Murder Farce (2023)

2023
Han River Police(2023) 7
Han River Police(2023) Han River Police(2023)***********************အပိုင်း ( ၁ မှ  ၆ ) အထိ စ / ဆုံးကိုရီးယားနိုင်ငံဟာ ကျွန်းလေးတွေစုပေါင်းပြီးဖွဲ့စည်းထားတဲ့နိုင်ငံဆိုတော့တံတားတွေများ မြစ်တွေများ ကမ်းခြေမြို့ရွာတွေများကြတာအားလုံးအသိပါ..ဒါတွေကြောင့်အစိုးရဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဖို့ အဖွဲ့အစည်းတွေလုပ်ထားသလိုလူမိုက်တွေကိုအချိုးပြင်ဖို့လည်း သီးခြားဖွဲ့စည်းထားတဲ့ အစိုးရဝန်ထမ်းတွေရှိပါတယ်...Hospital Ship ဆိုတဲ့ဆရာဝန်စီးရီးကိုကြည့်ဖူးတဲ့သူတွေဆိုရင် သိကြမယ်ထင်ပါတယ်..ဒီစီးရီးကတော့ ကယ်စရာရှိကယ်မယ် ဗျင်းစရာရှိဗျင်းမယ်..အချိုးပြင်စရာရှိပြင်မယ်ဆိုတဲ့ ရဲတွေအကြောင်းရိုက်ထားတာပါ...နာမည်ကြီးသရုပ်ဆောင်တွေချည်းပါဝင်ပြီး ၆ ပိုင်းထွက်ရှိမှာဖြစ်ပါတယ်..ခံစားကြည့်ကြပါဦး... Aired: Sep 13, 2023 - Sep 27, 2023Aired On: Wed Genres: Comedy, Action & Adventure Duration: 1hr 10mins Episodes: 6 Original Network:DNSP File Size: 1080p(~1.5GB) , 720p(~520MB) Translated by   Miri, Hnin Wai Oo,Treasure Htet , Htoo Htoo Aung &  Hay Thar Oo Encoded ...
7
TMDb: 7/10 1 votes
tv

Han River Police(2023)

2023
Song of the Bandits(2023)[Complete] 10
Song of the Bandits(2023)[Complete] Song of the Bandits(2023)*************************အပိုင်း( ၁ မှ၉) ထိ စ/ဆုံး( Islandမှာ ဗန်အဖြစ် သရုပ်ဆောင်ထားတဲ့ Kim Nam Gilနဲ့ Girl Generationအဖွဲ့ဝင် Seohyunတို့အပြင် နာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်)1920ခုနှစ် ဂျပန်ကိုလိုနီခေတ်ကို ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ်..အဲဒီခေတ်ကာလများမှာတော့ ဂျပန်တွေဟာ နိုင်ငံရေးအမြင်နည်းပါးတဲ့ကိုရီးယားလူမျိုးတွေကို ကောင်းကောင်းနှိပ်ကွပ်ခဲ့တဲ့ကာလပေါ့...ငဲ့ရမဲ့ မိသားစုတွေရှိလို့ ဂျပန်ရန်ကကာကွယ်ဖို့အရေးအလိုက်အထိုက်နေတဲ့သူတွေ ဂျပန်နဲ့ပေါင်းပြီး လူမျိုးချင်းပြန်ဖိနှိပ်တဲ့သူတွေ အများအပြားရှိတဲ့အတွက်ကြောင့်ကိုရီးယားတွေရဲ့ နင်းပြားဘဝဟာ ဆိုးပြီးရင်းဆိုးရင်းပေါ့...ဒီအခြေအနေတွေကိုပြောင်းပြန်လှန်ဖို့အဖွဲ့အစည်းတစ်ခုပေါ်လာတယ်...ရိုင်ဖယ်တစ်လက်ကို ပခုံးပေါ်ထမ်းပြီးခပ်ကြမ်းကြမ်း ဂျပန်အဖွဲ့တွေကို ပြောက်ကျားနည်းနဲ့သမနေတဲ့တောပုန်းဓားပြအဖွဲ့ပေါ့..ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ခံစားကြည့်လိုက်ပါ....Episodes: 9 Aired: Sep 22, 2023  Aired On: :  Friday Original Network: Netflix Duration: 45min. Genres: Action & Adventure Subtitle__Myanmar Subtitle (Hardsub) Translated by  Stary , Windi, Htoo Htoo Aung , Hnin Wai Oo& Toe Toe ...
10
TMDb: 10/10 1 votes
tv

Song of the Bandits(2023)[Complete]

2023
Special OPS (2020) Season1 Complete 8.078
Special OPS (2020) Season1 Complete Special OPS (2020)အိန္ဒိယမှာ တကယ်ဖြစ်ခဲ့ဖူးတဲ့ Mumbai 26/11 အကြမ်းဖက်မှု ၊ ၂၀၀၁ ပါလီမန်အိမ်တိုက်ခိုက်ခံရမှုလိုမျိုး တကယ့်အဖြစ်အပျက်တွေကို အခြေခံရိုက်ထားတဲ့စီးရီးဖြစ်ပါတယ် ပါဝင်ထားတဲ့မင်းသားတွေကလည်း Key Key Menon ၊ Karan Tacker တို့လို တောင့်တောင့်ဖြောင့်ဖြောင့် အက်ရှင်မင်းသားတွေချည်းပါပဲဇာတ်လမ်းအညွှန်း၂၀၀၁ ပါလီမန်အိမ်တော်တိုက်ခိုက်ခံရမှုကြောင့် ရဲနဲ့ပြည်သူဘက်ကလည်း နစ်နာမှုကြီးမားခဲ့ရသလို ရဲတွေဘက်က ရတဲ့သတင်းအစအနနဲ့ ဘဏ္ဍာရေးလမ်းကြောင်းတွေ လိုက်လံပိတ်ဆို့ခံတဲ့အတွက် အကြမ်းဖက်အဖွဲ့တွေမှာလည်း အထိနာကုန်ပါတယ်။အကြမ်းဖက်အဖွဲ့ရဲ့ ထိပ်သီးပိုင်းခေါင်းဆောင်တွေက ကိုယ့်အထုပ်ကိုယ်ပိုက်ရင်းနဲ့ ပုန်းအောင်းကြကုန်တော့ လက်အောက်ခံအဖွဲ့ခွဲတွေမှာ ငွေပြတ်လပ်တဲ့ပြဿနာကြုံရပါတော့တယ်။ ဒီတော့ ဇာတ်လိုက်ကျော်ကြီးဟင်းမတ်(Menon)ကလည်း သူရထားတဲ့အချက်အလက်နဲ့ အခြေအ‌နေကို အသုံးချလို့ သူနှစ်ရှည်လများ လိုက်လံရှာဖွေနေခဲ့တဲ့ အီကလက်ခန်းရဲ့ ညာလက်ရုံးဖြစ်တဲ့ ဝါဆင်းကို ငွေထုပ်နဲ့မျှားရင်း သဲလွန်စရချိန်မှာ အမိဖမ်းဖို့ပြင်ဆင်ပါတော့တယ်။ဒီစစ်ဆင်ရေးအတွက် သူ‌ရွေးချယ်ခဲ့သူကတော့ သူကိုယ်တိုင် ၅ နှစ်တိတိ လေ့လာခဲ့တဲ့ ဖာရုအလီ(Karan)ပါပဲ။ ဝါဆင်းကိုရှင်းပြီးတော့ UAEမှာဆက်နေခဲ့တဲ့ ဖာရုတစ်ယောက် ဆက်လက်စုံစမ်းရင်းနဲ့ တစ်ချိန်က ၂၀၀၁ ခုနှစ် ပါလီမန်တိုက်ခိုက်ခံရမှုကစတင်လို့ ပုံစံခပ်ဆင်ဆင်နဲ့ ဖြစ်လာသမျှ အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်က ကြိုးကိုင်သူလို့ ဟင်းမတ်သံသယဝင်နေတဲ့ အီကလက်ခန်းရဲ့သတင်းအစအနကို ရလာတဲ့အခါမှာတော့...နှစ်ဆယ်နဲ့ချီ ...
8.078
TMDb: 8.078/10 32 votes
tv

Special OPS (2020) Season1 Complete

2020
Bard of Blood (2019) (Complete) 7
Bard of Blood (2019) (Complete) ဒီတခေါက်တင်ဆက်ပေးမယ့် စီးရီးကတော့ ဘောလိဝုဒ်ပရိသတ်တို့အကြိုက် အက်ရှင်ဇာတ်ကြမ်းပဲဖြစ်ပြီး ၇ပိုင်းနဲ့ netflix ကနေ တင်ဆက်ပေးထားပါတယ်...ရိတ်တင်မှာဆိုရင်လဲ 6.8/10ကို voting users 12kကပေးထားတာဖြစ်ပြီး ဘောလိဝုဒ်နာမည်ကြီးမင်းသားတဦးဖြစ်တဲ့ အင်မရန်းဟရှ်မီက ခေါင်းဆောင်းမင်းသားအဖြစ် ပါဝင်ထားပြီး Night Manager စီးရီးတည်းက အတော်လန်းတဲ့မင်းသမီးဆိုဘီသာကပါ ပါဝင်အားဖြည့်ထားတာကြောင့် တပိုင်းပြီးတပိုင်း ဆက်ကြည့်ချင်မယ့်စီးရီးမျိုးဆိုလဲ မမှားပါဘူး...အညွှန်း ------- အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ အေးဂျင့်ဗစ်ကရမ်နဲ့ အဘီရ်နှစ်ဦးသားဟာ ဘာလိုချီစတန်မြို့ကို မစ်ရှင်တခုရှိတာကြောင့် သွားရင်း မထင်မှတ်ထားပဲ လမ်းမှာ တိုက်ခိုက်မှုနဲ့ကြုံတွေ့ခဲ့ရပါတယ်...ကြိုတင်ပြင်ဆင်မထားပဲ တိုက်ခိုက်ရတာကြောင့် အဘီရ်ကိုဆုံးရှုံးလိုက်ရပြီး ဌာနချုပ်ကလဲ မသေတဲ့ ဗစ်ကရမ်ကို ရာထူးဖြုတ်ချ ကြိုးစားခဲ့သမျှကို အသိအမှတ်တောင်မပြုပဲ အေဂျင်စီကနေ ထုတ်လိုက်တဲ့အခါ....သူငယ်ချင်းဖြစ်သူကိုလဲ ဆုံးရှုံးရ ရာထူးလဲဖြုတ်ချခဲ့ရတဲ့ ဗစ်ကရမ်ဟာ စိတ်ထိခိုက်ပြီး ကျောင်းဆရာအဖြစ်နဲ့ အသက်မွေးရင်း အတိတ်ကဒဏ်ရာတွေကို ကုစားနေတုန်း သူ့ရဲ့ဆရာဟောင်းဆာဒစ် ရောက်လာပြီး မစ်ရှင်တခုကို ဆောင်ရွက်ပေးဖို့ တောင်းဆိုလာတဲ့အခါဒီမစ်ရှင်ကရော ဘာများလဲ .....သူ့သူငယ်ချင်းသေဆုံးမှုကရော သွေးရိုးသားရိုးဟုတ်ရဲ့လား...စတဲ့ စိတ်ဝင်စားဖွယ်မေးခွန်းတွေနဲ့ တပိုင်းပြီးတပိုင်း ဆက်လက်ဆွဲခေါ်သွားမယ့် စီးရီးကောင်းတခုပဲဖြစ်ပါတယ်Quality : 1080p WEB DL  / 720pTotal Episodes : 7EpsFormat : mp4Genres ...
7
TMDb: 7/10 27 votes
tv

Bard of Blood (2019) (Complete)

2019
Heels Season 1 + 2 (2023) 7.6
Heels Season 1 + 2 (2023) ဒီ အပတ် Sunday လောက်မှာပဲArrow ဇတ်လမ်းတွဲ နှင့် လူသိများနာမည်ကြီး ခဲ့တဲ့ မင်းသား Stephen Amell ရဲ့ဇတ်လမ်းတွဲ အသစ် Heels အပိုင်း ၁ စတင်ထွက်ရှိခဲ့ပါတယ်....WWE လို နပန်းဖျော်ဖြေရေး ပွဲ တွေ ကြိုက်နှစ်သက်တဲ့Fan တွေ အတွက်တော့ လုံး၀ အကြိုက်တွေ့မယ့် စီးရီးပါဇတ်လမ်းပုံစံကတော့ DWL (နပန်းဖျော်ဖြေရေးရုံ) ကို စတင် တည်ထောင်ခဲ့သူKing Spade ရဲ့ သားကြီး ဖြစ်သူ Jack Spade ဟာ ဖခင်မရှိတော့တဲ့နောက်DWL ကို အတော်ကြီး ကြိုးစား ရုန်းကန် တောင့်ခံထားရပါတယ်နပန်းဖျော်ဖြေရေး ပွဲတွေ အတွက်လဲ ဇတ်ညွှန်းတွေ နဲ့ သွားရတာပါDWL ကို ဖခင်မရှိတော့တဲ့ နောက် နာမည်မပျက်အောင် မကျအောင်ကြိုးစားထိန်းသိမ်းရင်း ဇနီးဖြစ်သူ နဲ့ တိုင်ပင်ရင်း ရှေ့ဆက်နေခဲ့ပါတယ်ညီဖြစ်သူ Ace ...
7.6
TMDb: 7.6/10 11 votes
tv

Heels Season 1 + 2 (2023)

2021
Moving (2023) [Complete]
Moving (2023) [Complete] Moving (2023)*************** အပိုင်း ( ၁ မှ ၂၀ ) ထိ စဆုံးရပါပြီ[ 4K Quality ထိတင်ဆက်ထားပါပြီ။]ဒီ “Moving”ဆိုတဲ့ ဇာတ်ကားလေးကတော့ 200m viewsတောင် ရရှိထားတဲ့ Webtoonကို ပြန်လည်အသက်သွင်းထားတဲ့ သဘာဝလွန် ကိုရီးယားစီးရီး ဇာတ်လမ်းလေးဖြစ်ပါတယ်။ Disney+ ကနေ ဒီနေ့ပဲထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ဒီဇာတ်ကားရဲ့ budgetကလည်း K series သက်တမ်းတစ်လျှောက် အမြင့်ဆုံးလို့တောင် ပြောလို့ရပြီး သရုပ်ဆောင်တွေကလည်း Ryu Seung Ryong၊ Jo In Sung၊ Han Hyo Joo၊ Kim Sung Kyun၊ Cha Tae Hyunတို့လို နာမည်ကြီးဝါရင့်သရုပ်ဆောင်တွေနဲ့အတူ Go Youn Jung၊ Lee Jung Ha၊ Kim Do Hoon တို့လို လူငယ်သရုပ်ဆောင်တွေတင်သာမက အရံတွေထိ ဒိတ်ဒိတ်ကြဲတွေ သုံးထားတာမို့ လုံးဝလန်ထွက်နေမှာနော်....ဇာတ်လမ်းအကျဥ်းလေးကတော့.. အမျိုးသားလုံခြုံရေးဌာနက သူမတူတဲ့ သဘာဝလွန်စွမ်းအားပိုင်ရှင်တွေဖြစ်တဲ့ ဂျန်ဂျူဝန်း၊ ဂင်ဒူရှစ်၊ ...

Moving (2023) [Complete]

2023
One Piece (2023) 8.4
One Piece (2023) Anime fan ဟုတ်ဟုတ် မဟုတ်ဟုတ် One Piece ကိုတော့ လူတိုင်း ကြားဖူးကြမှာပါ။ ဒါကတော့ anime ကို live action အဖြစ် ပြန်လည် ဆန်းသစ်ထားတဲ့ စီးရီးလေးပါပဲ။ဇာတ်လမ်းကတော့ လူတိုင်း သိနေပြီးသားမို့ အထူးတလည် ပြောနေစရာ လိုမယ်မထင်ပါဘူး။ ပင်လယ်ဓားပြတွေ ကြီးစိုးနေတဲ့ လောကကြီးမှာ အကြမ်းဆုံးဖြစ်ပြီး ပင်လယ်ဓားပြ ဘုရင်ကြီးလို့ ခေါ်ရတဲ့ Gol D. Roger ရဲ့ ရတနာသိုက်ကို ရှာပုံတော် ဖွင့်မဲ့ Monkey D Luffy နဲ့ သူ့ရဲ့ Strawhat crew တို့ရဲ့ စွန့်စားခန်းပေါ့။ ပင်လယ်ဓားပြတွေနဲ့ ရေတပ်တွေရဲ့ အားပြိုင်မှုတွေပါမယ်၊ ထူးခြားတဲ့ အစွမ်းတွေရှိတဲ့ နတ်ဆိုးသစ်သီး (devil fruit) စားသုံးသူရဲ့ အစွမ်းတွေ မြင်ရမယ်။ battle ခပ်ကြမ်းကြမ်းတွေ ကြည့်ရမယ်။ ...
8.4
TMDb: 8.4/10 373 votes
tv

One Piece (2023)

2023
My Adventures with Superman (2023) Complete 9.4
My Adventures with Superman (2023) Complete My Adventures with Superman (2023) Season 01 Complete ~ IMDb - 7.8/10, Rotten Tomatoes - 100% ~ "Is it a bird?" "Is it a plane?" "It's Superman!" စူပါဟီးရိုးဆိုတာ ဘာမှန်း မသိခင် အချိန်ကတည်းကကျွန်တော်တို့ရဲ့ ငယ်ဘ၀ကို စူပါမန်းဆိုတဲ့ စူပါလူစွမ်းကောင်း တစ်ယောက်က လွှမ်းမိုးခဲ့ပါတယ်။ စူပါမန်း မဖြစ်ချင်ခဲ့တဲ့ ကလေးဆိုတာ မရှိသလောက်ကို ရှားပြီး ကလေးတိုင်း ပုဆိုးကို လည်ပင်းမှာ ၀တ်ရုံလို စည်းပြီး စူပါမန်း လုပ်တတ်ကြသေးကိုးဗျ။ ဒီ Series လေးကတော့ ကျွန်တော်တို့ ဟီးရိုးကြီး စူပါမန်းရဲ့ ဆယ်ကျော်သက်ဘ၀ကို ပုံဖော်ထားတာပဲ ဖြစ်ပါတယ်။ ကလာ့ခ်ကန့်ထ် ဆိုတဲ့ သူမတူ စွမ်းရည်တွေရှိတဲ့ ကောင်လေးတစ်ယောက် ဒေလီပလန်နက် သတင်းစာတိုက်မှာ သူငယ်ချင်း ဂျင်မီနဲ့ ...
9.4
TMDb: 9.4/10 20 votes
tv

My Adventures with Superman (2023) Complete

2023
Longing For You (2023) [Complete]
Longing For You (2023) [Complete] Longing For You (2023)*****************အပိုင်( ၁ မှ ၁၄ ) အထိ စ/ဆုံးစုံ​ထောက်အိုဂျင်ဆန်းဟာ တစ်ဦးတည်း​သောညီ​လေးနဲ့အတူသာမာန်ဘဝ​လေးကို​ ပျော်ရွှင်စွာဖြတ်သန်း​နေသူဖြစ်ပါတယ်။တစ်ရက်မှာ​တော့ လူသတ်မှုတစ်ခုအတွက် ညီဖြစ်သူကသံသဃရှိသူအဖြစ်စွပ်စွဲခံရတဲ့အပြင် မိုးသည်းတဲ့ညတစ်ညမှာရုတ်တရက်အသတ်ခံလိုက်ရပါ​တော့တယ်။ထို​နေ့မှစပြီး ဆက်တိုက်ကျရောက်လာတဲ့ကံကြမ္မာဆိုး​တွေကိုအိုဂျင်ဆန်းတစ်​ယောက်ဘယ်လိုရင်ဆိုင်သွားမလဲ...။တကယ့်လူသတ်သမားက​ရောဘယ်သူလဲ...။စသည့် လျှို့ဝှက်ဆန်းကြယ်ရာများကို သည်းထိပ်ရင်ဖိုရရုံသာမကမင်းသားမင်းသမီးကြီးများ၏ အ​ကောင်းစားသရုပ်​ဆောင်ချက်များကိုမှင်သက်စွာကြည့်ရူခံစားကြရမှာဖြစ်ပါတယ်။Jinxed at Firstထဲက မင်းသားချောလေး Na In-Wooနဲ့One Dollar Lawyerထဲက မင်းသမီးလေး Kim Ji-Eunတို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ Aired on   : Wednesday, Thursday Aired         : Jul 26, 2023 - Sep 7, 2023 Genres      : Action, Thriller, Mystery, Drama Duration  : 70 mins Episodes  : 14 Original Network:  ENA File Size  : 720p ...

Longing For You (2023) [Complete]

2023