Channel Myanmar

Dream Lover (1993)

AdultDramaMysteryThriller

6.2
IMDB: 6.2/10 votes

530981

Report error

IMDb Rating (6.2) / Rotten Tomatoes (57%)

မိန်းမတွေရက်စက်လို့ ဘဝပျက်သူတွေ ဒီကမ္ဘာမှာ ဘယ်လောက်များရှိမလဲ…

ကိုးတောင်ဝတ်ယောကျ်ားလေးတွေ အချစ်အတွက် ဘဝပျက်ခံကြပုံတွေဟာ တရားရစရာပါပဲ…

အချစ်မှာရိုးသားသူက ကြေကွဲရသူပဲမလား….

လူနှစ်ယောက်ပေါင်းစည်းခြင်းမှာ တစ်ဦးစီရဲ့အတ္တတွေရှေ့တန်းတင်လာတဲ့အခါ

ဒီဇာတ်ကားဖြစ်လာတာပါပဲ…

၁၉၉၀ ခုနှစ်များဆီက ရုပ်ရှင်တချို့ဟာ မင်းသမီးတွေရဲ့ လှပကျော့ရှင်းမှုကိုရှေ့တန်းတင်ဆွဲဆောင်ပြီးတော့

စိတ်ဝင်စားစရာ Crime Thriller ဇာတ်လမ်းမျိုးတွေ အတော်ရိုက်ကြခဲ့တာပဲ…

မင်းသမီးရှရွန်စတုန်းရဲ့ Basic Instinct , မင်းသမီးမက်ဒေါနားရဲ့ Body of Evidence စသည်ဖြင့်ပေါ့…

ခုကတော့ မင်းသမီး Mädchen Amick ပေါ့…

သူကလဲ ငယ်ငယ်တုန်းက Jennifer Connelly တို့လို ညှို့အားပြင်းမင်းသမီးတစ်လက်ဆိုတာ ခုဇာတ်ကားမှာ မျက်မြင်ကိုယ်တွေ့ရပါမယ်…

ဇာတ်လမ်းကတော့..

‌သာမန်ယောကျ်ားလေးတွေလိုပဲ ကိုယ်နဲ့အသက်ထက်ဆုံး ပျော်ရွှင်ကြည်နူးပြီး ခိုင်မြဲလက်တွဲဖို့

အိပ်မက်ထဲက စိတ်ကူးယဉ်မိန်းမလှလေးနဲ့တွေ့ချင်ခဲ့တဲ့ ရေးတစ်ယောက် …

သူ့ရဲ့စိတ်ကူးထဲကမိန်းမလှလေးလို့ထင်ခဲ့တဲ့ ပထမမိန်းမရဲ့ဖောက်ပြန်မှုကိုကြုံပြီးတဲ့နောက်မှာ

နောက်ထပ် သူ့စိတ်ကူးအိပ်မက်မိန်းကလေးဆိုတာ တကယ်ရှိနိုင်ပါ့မလားလို့ ယုံမှားသံသယတွေပြည့်နေခဲ့ပါတော့တယ်…

သူဟာလုပ်ငန်းလဲရှိတယ်..ငွေလဲရှာနိုင်တယ်..စိတ်ကောင်းလဲရှိတယ်..မိတ်ဆွေတွေလဲရှိတယ်..

သူ့မှာမရှိတာ သူ့အိမ်မက်ထဲကလို ယုံကြည်ရတဲ့ချစ်ခြင်းပဲ…

ဒါပေမဲ့ လီနာ‌ ဆိုတဲ့ မိန်းမလှလေးနဲ့ မတော်တဆတွေ့ဆုံပြီးတဲ့နောက်မှာ သူ့ဘဝတစ်ဆစ်ချိုးပြောင်းလဲလာပါတယ်..

ယောကျ်ားလေးတို့ထုံးစံအတိုင်းပဲ အလူးအလဲကျရှုံးခဲ့တဲ့ အချစ်စစ်မြေပြင်မှာ

မကြောက်မရွံ့ တစ်ဖန်တိုက်ပွဲဝင်ခြင်းမျိုးပေါ့..

လီနာဟာ တကယ်ပဲသူ့စိတ်ကူးအိပ်မက်ထဲကအမျိုးသမီးလား၊

သူဖြစ်ချင်ခဲ့…လိုချင်ခဲ့တဲ့ တည်ငြိမ်အေးချမ်းတဲ့ဘဝမျိုး ရလာမှာလားဆိုတာ…..။

မင်းသမီး Mädchen Amick ရဲ့ ညှို့အားပြင်း ဝက်လစ်စလစ် Scence တချို့ပါတာကြောင့် မိသားစုနဲ့တော့ ကြည့်ဖို့မသင့်တော်ပါ။

 

File size…(1.7 GB) / (980 MB) / (400 MB)

Quality…WEB-DL 1080p / 720p / 480p
Format…mp4
Duration….01:48:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

Translated by San Thu Aung



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Dream Lover (1993)


No downloads available

Genres



Related movies