Channel Myanmar

mmbusticket
Blu-Ray 720p Cinderella the Cat (2017)
Report error

Cinderella the Cat (2017)

Cinderella the Cat    

N/A 86 min AnimationCrimeThriller

7.0
IMDB: 7.0/10 264 votes

1 nomination.

Italy

3492

Report error

ဒီတစ်​ခါမှာ​တော့ ကာတွန်းကားချစ်​တဲ့ပရိတ်​သတ်​​တွေအတွက်​ Cinderella the Cat ဆိုတဲ့ ကာတွန်းကား​လေးနဲ့တင်​ဆက်​​ပေးလိုက်​ပါတယ်​။

ဒီဇာတ်​ကား​လေးက​တော့ ​အောင်​မြင်​​ကျော်​ကြားခဲ့တဲ့ စင်​ဒရဲလားနဲ့​ရွှေဖိနပ်​ပုံပြင်​​လေးကို အ​ခြေခံပြီး ဇာတ်​ကွက်​အသစ်​​တွေနဲ့ ပြန်​လည်​တင်​ဆက်​ထားတဲ့အီတလီကာတွန်းဇာတ်​ကား​လေးပဲဖြစ်​ပါတယ်​။

ဇာတ်​လမ်း​လေးရဲ့ အကျဉ်းက​တော့…..အီတလီနိုင်​ငံ၊ ​နေပယ်​စ်​ ဆိုတဲ့ဆိပ်​ကမ်းမြို့​လေးမှာ အသက်​ရွယ်​2နှစ်​သာရှိ​သေးတဲ့စင်​ဒရဲလား​လေးရဲ့ဖခင်​ဖြစ်​သူဟာ ​အောင်​မြင်​​ကျော်​ကြားတဲ့သိပ္ပံပညာရှင်​တစ်​​ယောက်​ဖြစ်​ပြီး​တော့ အဲ့ဒီဆိပ်​ကမ်းမြို့​လေးကိုတိုးတက်​လာ​စေဖို့အတွက်​ စီမံကိန်းချအလုပ်​​တွေလုပ်​ကိုင်​ခဲ့ပါတယ်​။

သို့​ပေမယ့်​ သူရဲ့​အောင်​မြင်​​ကျော်​ကြားမှုနဲ့ကြွယ်​ဝချမ်းသာမှု​တွေကို​တော့ မနာလိုတဲ့သူတစ်​​ယောက်​ရှိပါတယ်​။

သူက​တော့ စင်​ဒရဲလား​ရဲ့အ​ဖေနဲ့သူငယ်​ချင်းဖြစ်​သူ ‘မင်းသား​လေး’​လို့ခေါ်ကြတဲ့ ​အောင်​မြင်​တဲ့အနုပညာရှင်​တစ်​​ယောက်​ပဲဖြစ်​ပါတယ်​။

အဲ့​တော့ သူဟာ စင်​ဒရဲလား​လေး အ​ဖေရဲ့ ​အောင်​မြင်​မှု​တွေကိုလုယုဖို့ကြိုးစားပါ​တော့တယ်​။

ဒီလိုကြိုးစားရာမှာ သူ့ရဲ့ချစ်​သူဖြစ်​တဲ့ အိမ်​ဂျယ်​လီကာကို စင်​ဒရဲလားရဲ့အ​ဖေနဲ့ လက်​ထပ်​ခိုင်း​စေပြီး စင်​ဒရဲလားရဲ့အ​ဖေဆီက​လုပ်​ငန်း​တွေကို လုယူဖို့ကြံစဉ်​ပါ​တော့တယ်​။

ချော​မောလှပတဲ့ အိမ်​ဂျယ်​လီကာဟာ က​လေး​ခြောက်​​ယောက်​ရဲ့ မိခင်​ဖြစ်​တယ်​။

ဒီလိုနဲ့လက်​ထပ်​ပွဲပီးတဲ့အခါမှာပဲ စင်​ဒရဲလားရဲအ​ဖေကို မင်းသား​လေးက သတ်​ပစ်​လိုက်​ပါ​တော့တယ်​။

အစီအစဉ်​က ဖခင်​မဲ့စင်​ဒရဲလား​လေးဟာ အရွယ်​​ရောက်​လာတဲ့အခါကျရင်​ သူ့အ​ဖေရဲ့လုပ်​ငန်း​တွေကိုလွှဲ​ပြောင်း​ပေးဖို့ လက်​မှတ်​ထိုးခိုင်းမယ်​ဆိုပြီး​တော့​ပေါ့။

ဒီ​တော့ မိဘမဲ့စင်​ဒရဲလား​လေး အရွယ်​​ရောက်​လာတဲ့အချိန်​ထိကို က​လေး​ခြောက်​​ယောက်​အ​မေတစ်​ဖြစ်​လဲ အိမ်​ဂျယ်​လီကာက ​မွေးထားပါ​တော့တယ်​။ အဲ့မှာ စင်​ဒရဲလားရဲ့ဘဝစ​တော့တာပါပဲ။

အိမ်​ဂျယ်​လီကာ အပါအဝင်​သူ့ရဲ့က​လေး​ခြောက်​​ယောက်​ကပါ စင်​ဒရဲ​လေးကို ဝိုင်းနှိပ်​စက်​ကြလွန်းလို့. စင်​ဒရဲလား​လေးခဗျာ စိတ်​ထိခိုက်​ပြီးအတိတ်​​မေ့သွားကာ စကား​တောင်​မ​ပြောနိုင်​ဘဲ စွန့်​အသွားတဲ့ဘဝကို​ရောက်​သွားပါ​တော့တယ်​။

ဒီလိုနဲ့စင်​ဒရဲလား​လေး 18နှစ်​ပြည့်​လို့ အရွယ်​​ရောက်​လာတဲ့အခါမှာ​တော့ မင်းသား​လေးရဲ့အကြံအစဉ်​အတိုင်း လုပ်​ငန်း​တွေလွဲ​ပြောင်း​ပေးဖို့ စာချုပ်​လက်​မှတ်​ထိုးဖို့ဖြစ်​လာပါ​တော့တယ်​။

ဒါ​ပေမယ့်​ အ​ခြေအ​နေ​တွေက မင်းသား​လေး ကြံစည်​ထားသလိုမဖြစ်​လာပဲ ကံကြမ္မာအလှည့်​အ​ပြောင်း​တွေဖြစ်​လာပါ​တော့တယ်​။

အဲ့ဒါကိုအခွင့်​​ကောင်းယူပြီး စင်​ဒရဲလား​လေးဟာ ဒီလိုဆင်းရဲတွင်းဒုက္ခထဲကလွတ်​​မြောက်​သွားမလား၊

စင်​ဒရဲလား​လေးရဲ့ ကယ်​တင်​ရှင်​ဟာဘယ်​သူဖြစ်​မလဲ၊

ဒါမှမဟုတ်​ မင်းသား​လေးကပဲ အားလုံးကိုထိန်းချုပ်​ပြီးစင်​ဒရဲလား​ရဲ့ဖခင်​ဆီကလုပ်​ငန်း​တွေကို သိမ်းပိုက်​သွားမလားဆိုတာကို​တော့ ဒီဇာတ်​လမ်းထဲမှာ ဆက်​လက်​ရူ့စားရမှာဖြစ်​ပါတယ်​။

 

File Size : (700 MB) and (287 MB)
Quality : Blu-Ray 720p
Running Time : 1hr 26min
Format : Mp4
Genre :Animation, Crime, Thriller
Subtitle : Myanmar Subtitle (Hard Sub)
Source : 720p.BluRay.x264-BiPOLAR
Translated by Ye Yin Kyaw
Encoded by Thanhtike Zaw

Loading...
Cinderella the Cat (2017)
Cinderella the Cat (2017)


No downloads available


Chat Box

Related movies

Like Us!