Channel Myanmar

Content at random


Movies

Wish Me Luck (2023) 5
Wish Me Luck (2023) Wish me luck (2023)နတ်ဘုရားတွေကို ယုံကြည်သက်ဝင်ပြီး အင်းကွက်တွေဆောင်လေ့ရှိတဲ့ ဖယ်ဆိုတဲ့ကောင်မလေးတစ်ယောက် အမေက သူမနဲ့ကံမတိုက်ဆိုင်လို့ဆိုပြီး အိမ်ခွဲနေခဲ့ပါတယ်တစ်ရက်မှာ အမေဖြစ်သူက အင်းပြားကိုဆောင်ထားဖို့ ပို့ပးလာခဲ့တယ် သူမကလည်း ဒီအင်းကိုစမ်းသပ်ချင်တာနဲ့ သူမပြောစကားတိုင်း ပြည့်ဝဖို့ဆုတောင်းခဲ့ပါတယ်မထင်မှတ်ဘဲ သူမချစ်သူပရီတီရဲ့မုန့်ဆိုင်လေးကို မီးလောင်ပါစေလို့ ရန်ဖြစ်စကားများတုန်း ပြောခဲ့မိရာမှာ အင်းက တကယ်အလုပ်လုပ်တော့ သူမတို့နှစ်ဦး ဝေးဖို့လမ်းစဖြစ်ခဲ့တယ်ဖယ်ဟာ စီးပွါးရေးသမား "ဖစ်" နဲ့အချစ်သစ် စခဲ့ပြီးနောက် သူမဘဝပြောင်းလဲဖို့ ဖြစ်လာပါတော့တယ် ဖစ်ဟာ ဖယ်ကိုအသုံးချပြီး ငွေကြေးလိမ်လည်မှုဂိမ်းတစ်ခုမှာ CEOထည့်ခဲ့တာကြောင့်ဖယ်တစ်ယောက် အဆုံးသတ်က ဘယ်လိုဖြစ်သွားနိုင်မလဲဆိုတာကိုတော့ “Wish Me Luck”မှာ ဆက်လက်ကြည့်ရှုရအောင်ပါအညွှန်း နဲ့ ဘာသာပြန်ကတော့ Lei Wutyi Tun ပဲ ဖြစ်ပါတယ်။Genre..... Romance, Comedy Quality…. 1080p | 720p File size… 1.7GB | 573MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie

Wish Me Luck (2023)

2023
My Animal (2023)
My Animal (2023) ဟယ်သာဟာ ဆယ်ကျော်သက် တစ်ယောက်။ ဟယ်သာကို အဖေကလွဲပြီး ဘယ်သူမှမချစ်ဘူး၊ ဟယ်သာ့ဘက်မှာ ဘယ်သူမှမရှိဘူး။ ဒီလိုမျိုး အဘက်ဘက်ကနေ ဖိနှိပ်မှုတွေနဲ့ ကြုံနေရတဲ့ ဟယ်သာဟာ မြို့ကို ပြောင်းရွှေ့လာတဲ့ ရေခဲပြင်စကိတ်ဝါသနာရှင်လေး ဖြစ်တဲ့ ဂျိုနီးနဲ့တွေ့ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အေးစက်နေတဲ့ မြို့ငယ်လေးမှာ ဟယ်သာအတွက်ပထမဆုံးနေရောင်ခြည်လေး ဂျိုနီး…ဟယ်သာရဲ့ လျှို့ဝှက်ချက်ကို ဂျိုနီးတစ်ယောက် သိသွားတဲ့အခါမှာတော့… Hunger Gameမှာ  Rueအဖြစ်ပါဝင်ခဲ့တဲ့ Amandla Stenbergနဲ့  Under the silver lake ဇာတ်ကားမှာ အသိအမှတ်ပြုခံထားရတဲ့ Bobbi Salvör Menuez တို့ဦးဆောင်ပါဝင်ထားပြီး ၂၀၂၃မှာထွက်ရှိထားတဲ့ ဇာတ်ကားအသစ်ဖြစ်ပါတယ်။  Horror romanceအမျိုးအစားဖြစ်လို့ ဆယ်ကျော်သက်တွေရဲ့နေ့စဉ်ဘဝ၊ ဖိအားနဲ့ စိတ်ခံစားချက်အပြောင်းအလဲတွေအပြင် ဟယ်သာနဲ့ဂျိုနီးကို ခြောက်လှန့်လာမယ့် လျှို့ဝှက်ချက်ကိုပါ ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်  Ahorne ဖြစ်ပါတယ် File size…(1.4 GB)/(688 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre...Fantasy, Horror, ...
movie

My Animal (2023)

Incendies (2010) 8.3
Incendies (2010) Unnamed Middle East Countryတစ်ခုမှာဖြစ်တဲ့ ဘာသာရေးပြည်တွင်းစစ်ပွဲတစ်ခုရဲ့ရိုက်ခတ်မှုကြောင့် နာဝယ်မာဝန်ဆိုတဲ့အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ ကြုံခဲ့ရတဲ့ ဒုက္ခဆင်းရဲတွေအကြောင်းကို ဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ် စစ်ပွဲဆိုတာက လူတွေအပေါ် အသက်ဆုံးရှုံးစေတာထက်ပိုပြီး ပြင်းထန်နာကျင်စရာကောင်းတဲ့ ခါးသီးမှုဒုက္ခတွေပေးနိုင်ကြောင်းကို ဒီကားထဲမှာ ရှင်းရှင်းလင်းလင်းမြင်တွေ့ရမှာပါ။ ဇာတ်လမ်းအစမှာ နာဝယ်မာဝန်က သူမရဲ့သားသမီးတွေဖြစ်တဲ့ ဂျန်းမာဝန်နဲ့ဆီမွန်မာဝန် အမွှာနှစ်ယောက်လက်ထဲကို သူမရဲ့သေတမ်းစာကနေတစ်ဆင့် စာနှစ်စောင်ထားရှိခဲ့တယ်။ တစ်စောင်က စစ်ပွဲမှာသေဆုံးသွားပြီလို့ အမွှာနှစ်ယောက်သိထားတဲ့ သူတို့ရဲ့အဖေက သက်ရှိထင်ရှားရှိနေတာကိုသိရပြီး အဖေကိုလိုက်ရှာပြီး ပို့ပေးရမယ့်စာဖြစ်နေတယ်။ နောက်တစ်စောင်ကတော့ တစ်ခါမှမသိခဲ့ဖူးတဲ့ သူတို့ရဲ့ သွေးသားရင်းအစ်ကိုတစ်ယောက်ကို လိုက်ရှာပြီးပို့ပေးရမယ့်စာပေါ့။ ဒီလိုနဲ့ အမွှာနှစ်ယောက်က သူတို့အမေရဲ့အတိတ်ကိုတူးဖော်ရင်း တဖြည်းဖြည်းနဲ့သိလာခဲ့ရတာတွေက ဘာတွေဖြစ်မလဲဆိုတာကို ဇာတ်ကားထဲမှာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဇာတ်ကားကြည့်ပြီးရင် စိတ်ထဲမှာလေးနေမှာတော့ သေချာပါတယ်။ ဇာတ်ကားထဲက နာဝယ်မာဝန်က လူတစ်ယောက်ဆီမှာ ကြုံရနိုင်တဲ့ဒုက္ခကိုမှ အပြင်းထန်ဆုံးlimitအထိရရှိသွားတဲ့ သူတစ်ဦးမို့လို့ ဇာတ်ကားကြည့်ပြီးရင် စိတ်ထဲတော်တော်လေးနေပါလိမ့်မယ်။ ခါးသီးမှုတွေနဲ့ကျင့်သားမရဖူးသေးတဲ့သူဆိုရင် ကြည့်မိရင် စိတ်ဒဏ်ရာရသွားနိုင်တဲ့ကားမို့လို့ ကြိုချင့်ချိန်ပြီးမှကြည့်ဖို့ ကြိုမှာချင်ပါတယ်နော်။File size…(2 GB)/(1 ...
movie

Incendies (2010)

Don’t Buy the Seller (2023) 7.8
Don’t Buy the Seller (2023) Don't Buy the Seller aka Target (2023)Shin Hye Sun ရဲ့ ဇာတ်လမ်းအသစ်လေး ထွက်လာပါပြီ၊ Kang Tae Oh ကလည်း စစ်မှုမထမ်းခင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းမို့ အလွမ်းပြေလေး ကြည့်လို့ရပါပြီဒီဇာတ်လမ်းကတော့ သရဲထက်ပိုကြောက်ဖို့ကောင်းတဲ့ လူတွေရဲ့ လောဘစိတ်ကြောင့်ဖြစ်လာတာကို အခြေခံပြီး ရိုက်ကူးထားတဲ့ Thriller ဇာတ်လမ်းကောင်းကောင်းလေးဖြစ်ပါတယ်လစာနဲ့လည်ပတ်နေတဲ့ လခစားတွေဆိုရင် ပေါချောင်ကောင်းပစ္စည်းလေးတွေကို ရှာဝယ်တတ်ကြပါတယ်.. ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက် ဂျန်ဆူဟျွန်းဟာဆိုလည်း အဝတ်လျှော်စက်ကို တစ်ပတ်ရစ် website ကနေမှာလိုက်ရာကနေ မပြီးဆုံးနိုင်တဲ့ ဇာတ်လမ်းစလာပါတော့တယ်တစ်ပတ်ရစ်ဈေးကနေ အလိမ်ခံလိုက်ရပြီးတော့ အဲလူလိမ်ကို ဖော်ထုတ်ဖို့ကြိုးစားရင်းကနေ ဖုန်းနံပါတ်၊ အိမ်လိပ်စာကစလို့ ကိုယ်ရေးအချက်အလက်တွေ အကုန်ပေါက်ကြားသွားပြီး အိမ်မှာနေရတာကိုက ထိတ်တလန့်လန့်ဖြစ်နေရပါတော့တယ်တစ်နေ့တစ်မျိုးမရိုးနိုင်အောင် ဒုက္ခပေးနိုင်လွန်းတဲ့ အဲလူလိမ်ကို ဂျန်ဆူဟျွန်းက ဘယ်လိုအနိုင်တိုက်မလဲ.. ဖြစ်လာသမျှကို ဘယ်လိုရင်ဆိုင်မလဲဆိုတာကို ကြည့်လိုက်ကြပါဦးနော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz & Hmwe ပဲ ဖြစ်ပါတယ်Genre..... Crime, Mystery, Thriller Quality…. 1080p ...
movie

Don’t Buy the Seller (2023)

2023
Corsicana (2022) 5
Corsicana (2022) Corsicana (2022)~ IMDb - 5/10, Rotten Tomatoes - 79% ~အမေရိကန်တောင်ပိုင်းက အန္တရာယ်အရှိဆုံး ဥပဒေမဲ့လုပ်ရပ်တွေ လူဆိုးတွေကို နှိမ်နင်းဖမ်းဆီးပေးခဲ့တဲ့ လူမည်း Marshal အရာရှိ ဘက်စ်ရိဖ် အကြောင်း ပြောင်မြောက်တဲ့ လက်ရာတစ်ခုပါ။ဘက်စ်ရိဖ်က အသက် 23 နှစ်မှာ ကျွန်သ‌ဘောက်ဘဝကနေ ထွက်ပြေးလွတ်မြောက်လာပြီး သူ့ရဲ့ ထူးချွန်မှုနဲ့ သတ္တိကြောင့် အရာရှိအဖြစ်ရာထူးရလာပြီး နှစ်ကာလကြာရှည် အမှုထမ်းခဲ့ပါတယ်။ ရိဖ်က စာတော့မဖတ်တတ်ပါဘူး။ သူ့ကို Legend အဖြစ် တင်စားခဲ့ကြပါတယ်။အခု ဇာတ်အိမ်ကတော့ ကိုစီကန်နာပြည်နယ်က ရေနံထွက်တဲ့ စားကျက်မြေကို ၀ယ်ချင်တဲ့ သူဌေးတစ်ယောက်က ကောင်းဘွိုင်လူဆိုးဂိုဏ်းကို ငွေပေးခိုင်းတာကနေ စပါတယ်။ ရိဖ်ကလည်း ဒီလူဆိုး‌ဂိုဏ်းကို သုတ်သင်ဖို့သူ့အပေါင်းအပါ ၂ယောက်နဲ့ လာမှာပါ။ သူ့အဖွဲ့သားတွေက မိတ်ဆွေဟောင်း ဆမ်နဲ့ သူထွက်ပြေးနိုင်အောင် ကူညီပေးခဲ့တဲ့ ကယ်လီဖိုးနီးယားဆိုတဲ့ လက်ဖြောင့် သေနတ်သမား ...
movie

Corsicana (2022)

2022
Adiyae! (2023) 6.4
Adiyae! (2023) Adiyae (2023)IMDb-6.6/10ဒီတစ်ခါမှာတော့ ထူးချွန်ဆုတွေရဖူးပြီး Nominations များစွာဝင်ခဲ့ကြဖူးတဲ့ လူငယ်နှစ်‌‌ယောက် ဒါရိုက်တာ Vignesh Karthick နဲ့ တေးရေးJustin Prabhakaran တို့ လက်စွမ်းပြထားကြတဲ့ကားပါတစ်ကမ္ဘာထဲအတူရှိနေတာတောင် သူမနဲ့မဆုံစည်းနိုင်‌သေးတဲ့လူတွေ နည်းနာနိဿယယူနိုင်ဖို့အတွက် IMDb 6.6 ရထားတဲ့ သိပ္ပံစိတ်ကူးယဉ်အချစ်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါပြီ။ သာမန်အချစ်ကားတွေလို ချစ်ကြိုက်ညားကွဲလောက်မဟုတ်ဘဲ parallel universe နဲ့ time travel သဘောတရားလေးတွေ ခပ်ပါးပါးထည့်ထားတာဆိုတော့ တမူထူးခြားတဲ့ရသမျိုးရစေမှာပါ။ဇာတ်လမ်းအကျဉ်းဆီသာဇ်ဟီနီဆိုတဲ့မိန်းကလေးကို ကျောင်းသားဘဝထဲက တိတ်တခိုးcrushခဲ့ရတဲ့ ဂျီဗာဆိုတဲ့ ကောင်လေးတစ်ယောက် နှစ်တွေကြာလို့ ဆီသာဇ်ဟီနီက နာမည်ကျော်အဆိုတော်ဘဝကို ရောက်ခဲ့ချိန်မှာတော့ တိတ်တခိုးချစ်ရသူဘဝကနေ အဆင့်တက်ဖို့ ပိုပြီးအလှမ်းဝေးခဲ့ရပါပြီ။ ဒီအချိန်မှာပဲ မတော်တဆမှုတစ်ခုကြောင့် တခြားကမ္ဘာကိုကူးသွားတဲ့အခါ...ကမ္ဘာကူးသွားပေမဲ့ ခွက်ရှ်လေးနဲ့ညားတဲ့အပြင် အောင်မြင်တဲ့ဂီတဒါရိုက်တာတစ်ယောက်ဘဝကိုပါ ပိုင်ဆိုင်ထားတဲ့ အာဂျွန်ဆိုတဲ့ဘဝမှာ ယစ်မူးနေတဲ့ဂျီဗာတစ်ယောက် အချိန်စေ့လို့ ဒီဘက်ကမ္ဘာကိုပြန်ရောက်လာတဲ့အခါမှာတော့ သာယာတဲ့အိပ်မက်ကနေ မနိုးထချင်ဘဲ လန့်နိုးလိုက်ရတဲ့အပြင် ဒီဘက်ကမ္ဘာမှာလည်း အဖြစ်ဆိုးကြီးက စောင့်ကြိုနေပါသတဲ့။ခွက်ရှ်နဲ့ညားရတဲ့အရသာကို ဂျီဗာတစ်ယောက်သိပြီးပြီဖြစ်လို့ ဆီသာဇ်ဟီနီကိုပိုင်ဆိုင်ရရေးအတွက် ကမ္ဘာတွေခြား အချိန်တွေခြားနေတဲ့ကြားကနေ ဘယ်လိုကြိုးစားသွားမလဲဆိုတာ ရှုစားနည်းယူလိုက်ကြပါစို့လား။အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ Alex ~ BpL ~ Zwe ~ ...
movie

Adiyae! (2023)

2023
After Everything (2023)
After Everything (2023) After Everything (2023) ========= Romance ,Drama''အချစ်ဆိုတဲ့အရာက ဆန်းကြယ်တယ်... အချစ်ဆိုတာ ကြင်နာမှုနဲ့ စိတ်ရှည်သည်းခံမှု '' တဲ့ ဟာဒင်ကပြောတယ်...ပြန်မလာနိုင်တော့တဲ့ လူတစ်ယောက်ကို ဘယ်လောက်အကြာကြီးစောင့်ခဲ့ဖူးလဲ.. ဘယ်လောက်ပဲ အတူရှိမယ်ကတိတွေအထပ်ထပ်ပေးခဲ့ခဲ့ ... လူနှစ်ယောက် ကံမပါလာရင် ဝေးကွာရစမြဲပဲမဟုတ်လား... အတူရှိဖို့ ကံပါလာရင် ဘယ်လောက်ပဲ ဆက်ဆံရေးတွေ ဘယ်လောက်ပဲခက်ခဲနေပါစေ အတူရှိသွားမှာပဲAfter ဇာတ်လမ်းတွဲဆိုတာ ဟာဒင်နဲ့ တက်စ်ဆာရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ပါ Fifty Shades နဲ့ 365 DNIရုပ်ရှင်တွေလို ရမက်ကြမ်းကြမ်းနဲ့ အချစ်ဇာတ်လမ်းတွေ မဟုတ်ဘူး... လူငယ်နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို Romance အဆန်ဆုံးနည်းလမ်းနဲ့ ယဉ်ယဉ်လေးပုံဖော်ထားခဲ့တာ အခုဆို နောက်ဆုံးဆိုတဲ့ မှတ်တိုင်ကိုရောက်လာခဲ့ပြီ... ဟာဒင်နဲ့တက်စ်ရဲ့ ခံစားချက်တွေ အသည်းကွဲဖူးတဲ့ လူငယ်တိုင်း ခံစားပေးလို့ရတယ်.. ဒါကြောင့်ပဲ ဒီဇာတ်လမ်းဟာ Romance genre မှာ နေရာတစ်ခုရနေတာဖြစ်တယ်ဇာတ်လမ်းအကြောင်းပြောရရင်... စိတ်ပိုင်းဖြတ်ပြီး move one လုပ်သွားတဲ့ တက်စ်ဆာဆိုတဲ့ကောင်မလေးကို မမေ့နိုင်သေးတဲ့ ဟာဒင်ရဲ့အကြောင်း.. အရင်လို စိတ်ထင်တိုင်းဝုန်းဒိုင်းကြဲပေါက်ကွဲတတ်တဲ့အချိန်တွေကျော်လွန်ပြီး ရင့်ကျက်တဲ့ လူငယ်စာရေးတစ်ယောက်ဖြစ်လာပြီ... သူ့ခံစားချက်တွေကို အမြဲတမ်း သူ့စာအုပ်တွေထဲမှာပဲ ချရေးရင်း တက်စ်ကို ...
movie

After Everything (2023)

2023
4K HEVC
After Ever Happy (2022) 4.3
After Ever Happy (2022) After Ever Happy (2022) ================== After ရုပ်ရှင် Franchise ကတော့ After, After We Collided , After We Fell တို့အပြီးမှာ နောက်ဆုံးထွက်လာတဲ့ After Ever Happy ဆိုတဲ့ ၄ ကားမြောက်ရုပ်ရှင်နဲ့ အဆုံးသတ်သွားပါပြီ....ဟာဒင်စ‌ေကာ့ဆိုတဲ့ ခပ်ဆိုးဆိုးကောင်လေးရဲ့ ဘ၀ထဲကို ၀င်လာတဲ့ တက်စ်ဆာဟာ နှစ်ယောက်အတူတူ လူငယ်ဘ၀ကို အခက်အခဲ အတားဆီး အနိမ့်အမြင့်အတက်အကျတွေကို ဖြတ်သန်းရင်းနဲ့ တည်ငြိမ်တဲ့ Relationship တစ်ခုကို တည်ဆောက်ဖို့ ကြိုးစားလာခဲ့ပါတယ် ။ ဒါပေမယ့် ဟာဒင်ကို တစ်သက်လုံးဖုံးကွယ်လာခဲ့တဲ့ မိဘတွေနောက်ကွယ်က အမှန်တရားကိုသိသွားပြီးနောက်မှာ ... ဟာဒင် တက်စ်တာတို့ရဲ့ ဆက်ဆံရေးဟာလည်း အရင်ကထက် ပိုခက်ခဲတဲ့အခြေအနေကိုရောက်လာပါတယ်.... နှစ်ယောက်သားနေရာတွေပြောင်းကာ တစ်ရောက်တစ်နေရာစီ လမ်းခွဲခဲ့ကြပေမယ့် အချစ်စစ်တို့မှန်ရင် ကံကြမ္မာက ပျော်စရာအဆုံးသတ်ကို ယူလာပေးမှာလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရင်း After ရုပ်ရှင်တွဲတွေကို နှုတ်ဆက်ရပါတော့မယ်။( အညွှန်းနဲ့ ဘာသာပြန်ကတော့ Thiha Yan Naing ဖြစ်ပါတယ်)Genre..... ...
movie

After Ever Happy (2022)

After We Collided (2020) 5.2
After We Collided (2020)  Hello Hello !အချစ်တွေနဲ့ အမုန်းကြမ်းမယ့် Tessa နဲ့ Hardin ပြန်လာပါပြီBut ....ဒီကားလေးကို မကြည့်ခင် After ဆိုတဲ့ 2019 တုန်းက ထွက်ရှိခဲ့တဲ့ ဇာတ်လမ်းလေးကို ကြည့်ဖူးမှဖြစ်ပါမယ်ဒီတော့ မကြည့်ရသေးရင် အခုပဲ ပြေးကြည့်လိုက်ပါဇာတ်ကြောင်းလေးပြန်ကောက်ပေးရမယ်ဆိုရင်တော့ ပါတီတစ်ခုက Truth or Dare ဆိုတဲ့ ဂိမ်းလေးရဲ့ ကျေးဇူးနဲ့ ချစ်သူတွေ ဖြစ်သွားကြတဲ့Hardin နဲ့ Tessaဆိုတဲ့ ကောလိပ်ကျောင်းသားနဲ့ ကျောင်းသူလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ ....After မှာ နှစ်ယောက်အတူ အနမ်းတွေ ခြွေခဲ့တဲ့ ရေကန်လေးမှာ အတူတူထိုင်ရင်း အဆုံးသတ်သွားတာ မှတ်မိကြဦးမှာပါ" လောကမှာ အချစ်ဆုံးက ငါ့ကိုယ်ငါလို့ ဖြေခဲ့တာ နင်မှတ်မိလားတကယ်တော့ လောကမှာ ငါအချစ်ဆုံးက နင်ပါ " ဆိုတဲ့ စကားလေးရော မှတ်မိကြသေးရဲ့လားမှတ်မိရင် ဆက်ကြည့်လို့ရပါပြီAfter We Collided ရော အချစ်ငှက်နှစ်ကောင် ...
movie

After We Collided (2020)

2020
After We Fell (2021) 5.1
After We Fell (2021) 2019 မှာ အရမ်းအောင်မြင်ခဲ့တဲ့ After ဇာတ်ကားကတော့ 2020 မှာတော့ After we collided ဆိုတဲ့ ဒုတိယကားနဲ့ ဆက်လက်အောင်မြင်ခဲ့ပြန်ပါတယ် အခု 2021 မှာလည်း After we fell ဆိုပြီး အသစ်ထပ်မံထွက်ရှိလာပါပြီ ဒီတစ်ခါမှာတော့ ဟာဒင်နဲ့ တက်ဆာ ဘွဲ့ရခါနီး အချိန်ဆိုတော့ ဘဝရည်မှန်းချက်တွေ အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ ပတ်သက်ပြီး ပါလာပါပြီအရင်ကတည်းက ရည်မှန်းချက်ကြီးတဲ့ တက်ဆာတစ်ယောက် သူအမြဲသွားချင်ခဲ့တဲ့ စီရာတယ်မှာ job offer ကောင်းကောင်းရလာပါတယ်သူက ဟာဒင်နဲ့အတူ စီရာတယ်ကို သွားချင်ပေမဲ့ ဟာဒင်ကတော့ ဘွဲ့ရပြီးတာနဲ့ နှစ်ယောက်အတူ လန်ဒန်ကို သွားကြဖို့ ရည်ရွယ်ထားခဲ့တာပါဒီလို စိတ်ကူးအိပ်မက်တွေ မတူညီမှု ကြုံလာရတဲ့အခါ တက်ဆာတစ်ယောက် ဘယ်လိုဆုံးဖြတ်မှာလဲဟာဒင်ကရော သူ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ လိုက်လိုက်လျောလျော ခွင့်ပြုပေးပါ့မလား Relationship တွေမှာ ကြုံလေ့ရှိတဲ့ ဒီလိုအခက်အခဲတွေကို နှစ်ယောက်သား ဘယ်လို ညှိနှိုင်း‌ဖြေရှင်းသွားကြမလဲဆိုတာကို ...
movie

After We Fell (2021)

After (2019) 5.6
After (2019) "သူနဲ့ မတွေ့ခင်က ကျွန်မဘဝဟာ... အရမ်းကို ရိုးရှင်းပြီး ပုံသေ သတ်မှတ်ထားပြီးသားပါ...အခုတော့ သူနဲ့ တွေ့ပြီးနောက်ပိုင်း... သူနဲ့ တွေ့ပြီးတဲ့ နောက်ပိုင်း ဆိုတာပဲ... ရှိတော့တယ်""ကျွန်တော့်ဘဝမှာ ဝတ္ထုပေါင်းများစွာ ဖတ်ခဲ့ဖူးပါတယ်...အများစုက အချစ်ဆိုတာ စကြဝဠာကြီးရဲ့ ဗဟိုချက်လို့ ပြောကြပါတယ်...အချစ်က ကျွန်တော်တို့ရဲ့ အတွင်းဒဏ်ရာတွေကို ကုစားပေးနိုင်တယ်...အချစ်ဟာ ကျွန်တော်တို့ အသက်ရှင်ဖို့ လိုအပ်တဲ့အရာပါပဲတဲ့...သူနဲ့ မတွေ့ခင်အထိ ကျွန်တော့်ကို အခြားတစ်ယောက်က... လုံးဝဖမ်းစားသွားနိုင်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဖူးပါဘူး"ဒီတစ်ခါတော့ ရိုမက်တစ်ဆန်ဆန် အချစ်ဇာတ်လမ်းကောင်းလေးတွေကို ချစ်တဲ့ပရိသတ်တွေအတွက် After ဆိုတဲ့ ဇာတ်လမ်းကောင်းလေးကို မိတ်ဆက်ပေးလိုက်ပါတယ်တက်ဆာဆိုတဲ့ စာတော်ပြီး အမေစိတ်တိုင်းကျ ကြိုးစားနေတဲ့စာကြမ်းပိုးမလေးတစ်ယောက် ကောလိပ်ကို ရောက်လာတာက ဇာတ်လမ်းကို စတည်ထားပါတယ်အမေဖြစ်သူက စီစဉ်တဲ့အတိုင်း ဘဝကို နေထိုင်ရင်း ဟာဒင်ဆိုတဲ့ ကောင်လေးနဲ့ တွေ့တဲ့အချိန်မှာ သူဘာတွေ ပြောင်းလဲ သွားမှာလဲဟာဒင်ကရော ဘယ်လိုကောင်လေးလဲဆိုတာတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဇာတ်ကားအနှစ်သာရ ပျက်သွားမှာ စိုးလို့ ...
movie

After (2019)

2019
Muzzle (2023) 5.6
Muzzle (2023) Muzzle (2023) ============ Crime,ThrillerBatman ကားတွေထဲမှာ Harvy Dent (Two Face ) အဖြစ်သရု်ဆောင်ခဲဲ့တဲ့ မင်းသားကြီး Aaron Eckhart ရဲံ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်မှုခင်းအရာရှိ ဂျိတ်ရိုဆာက တစ်ကိုယ်ထဲသမားဖြစ်တဲ့အတွက် သူ့ဘေးမှာ အဖော်ပြုပေးမယ့် K-9 မျိုးစိတ် ဂျာမန် ရဲခွေးကြီးတစ်ကောင်ပဲရှိပါတယ် ဘယ်သွားသွား သူ့ကိုကားနဲ့အမြဲခေါ်သွားပြီး အလုပ်မှာရော အိမ်မှာပါသူ့ရဲ့ တစ်ဦးထဲသောမိသားစုဝင်လိုဖြစ်နေတာပေါ့ တစ်နေ့ မူးယစ်သမားတွေကို သူ့ခွေးနဲ့လိုက်ဖမ်းရင်း လူတစ်ယောက်က ဂျာမန်စကားနဲ့ သူ့ခွေးကို ယဉ်ပါးအောင်လုပ်ကာ သေနတ်နဲ့ပစ်သတ်သွားပါတယ်... ခွေးကို ဂျာမန်လိုခိုင်းနိုင်တာ သူတို့ရဲဌာနက ခွေးထိန်းနဲ့ ရဲအချို့ပဲရှိပါတယ်... မိသားစုဝင်တစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ ဂျိတ်အတွက်... သူ့ခွေးအတွက် ဂျွန်ဝစ်လိုမျိုး လက်စားချေဖို့ ပြန်လာခဲ့ပါပြီ...(အညွှန်းနဲ့ဘာာသာပြန်ကတော့ Thiha Yan Naing ပဲ ဖြစ်ပါတယ် )Genre..... Thriller Quality…. 1080p | 720p File size…1.1GB | 711MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Thiha ...
movie

Muzzle (2023)

2023
The Equalizer 3 (2023) 7.1
The Equalizer 3 (2023) The Equalizer 3 (2023)IMDb Rating (7.1) / Rotten Tomatoes (75%)"မင်းက အငြိမ်းစားပါ" "ဒါပေမဲ့ တစ်နေ့နေ့မှာ တစ်ယောက်ယောက်က တစ်ယောက်ယောက်ကို ရက်ရက်စက်စက်တစ်ခုခုလုပ်လိုက်တာကို မြင်ရင် မင်း တစ်ခုခုပြန်လုပ်ပေးလိုက်မိလိမ့်မယ်၊ ဘာလို့လဲဆိုတော့ မင်းမှာလုပ်နိုင်စွမ်းရှိလို့ပဲ" "မင်းဟာ ဒီလိုလူစားပဲ၊ အမြဲတမ်း ဒီလိုလူစားပဲ"မင်းသားကြီး ဒန်ဇယ်ဝါရှင်တန်ရဲ့ ကမ္ဘာကျော် Equalizer ရုပ်ရှင်တွေဟာဘာအကြောင်းလဲဆိုတာ ဒီဒိုင်ယာလော့တွေနဲ့တင် ဖော်ပြသွားခဲ့ပါတယ်။ မက်ကောဆိုတဲ့ စီအိုင်အေရဲ့ အတော်ဆုံးတွေထဲက တစ်ယောက်။ အငြိမ်းစားယူပြီး အေးဆေးနေနေခဲ့ပြီ။ ဒါပေမဲ့ သူ့ရှေ့မှာ မတရားမှုမြင်လာတိုင်း မပါဖို့ကြိုးစားပေမဲ့ ဝင်ပါမိသွားတယ်။ သူပြန်ယူပေးတဲ့ တရားမျှတမှုက သွေးအေးအေးနဲ့ ရက်ရက်စက်စက်ပါပဲ။ ဘဝမှာအရေးကြီးဆုံးက အချိန်ကိုက်ဖို့ပဲလို့ ခံယူထားတဲ့လူတစ်ယောက်။ မတိုက်ခိုက်ခင် နာရီလေးနဲ့ အချိန်ကိုက်တဲ့အကွက်ဟာ အားလုံးမှတ်မိနေမဲ့အချက်ပါပဲ။ အခုရုပ်ရှင်ကတော့ ၃ ကားမြောက်ဖြစ်ပြီး ပထမနှစ်ကားကိုလည်း ချန်နယ်မြန်မာမှာ ကွာလတီအကြည်အသစ်၊ ဘာသာပြန်ကောင်းကောင်းနဲ့ ကြည့်လို့ရပါတယ် ။ဒီရုပ်ရှင်အစမှာတော့ ...
movie

The Equalizer 3 (2023)

4K HEVC
Talladega Nights: The Ballad of Ricky Bobby (2006) 6.6
Talladega Nights: The Ballad of Ricky Bobby (2006)    အနောက်တိုင်း Comedy movie တွေကို 2k vibe နဲ့ ခံစားချင်သူတွေအတွက် 2006 ခုနှစ်ကထွက်ရှိထားတဲ့ ဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားက ရစ်ကီဘော်ဘီလို့ခေါ်တဲ့ ပြိုင်ကားမောင်းသမားတစ်ယောက်ရဲ့ ဘဝအနိမ့်အမြင့် အတက်အကျကို ရိုက်ပြထားတာဖြစ်ပြီး အတော်လေးကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ရစ်ကီဘော်ဘီဟာ ပြိုင်ကားမောင်းရတာကို အရူးအမူးစွဲလမ်းတဲ့ ရိစ်ဘော်ဘီလို့ခေါ်တဲ့လူတစ်ယောက်ရဲ့ ရင်သွေးဖြစ်ပြီး သူဟာလည်းအဖေ့သွေးအပြည့်ပါတဲ့အပြင် ငယ်ငယ်ကဖခင်ဖြစ်သူပြောခဲ့တဲ့ စကားတစ်ခွန်းကြောင့် လူငယ်အရွယ်မှာပဲ NASCAR ရဲ့ ပြိုင်ကားလောကထဲကိုရောက်လာပြီး ကမ္ဘာ့နံပါတ်တစ်နေရာကို စောစောစီးစီးယူနိုင်ခဲ့သူဖြစ်ပါတယ်။ သူ့အောင်မြင်မှုတွေကို ခံစားလို့မဝသေးခင်အချိန်မှာပဲ ဂျွန်ဂျရတ်ဒ်လို့ခေါ်တဲ့ ပြင်သစ်လူမျိုး ပြိုင်ကားမောင်းသမားတစ်ယောက် NASCAR ကိုရောက်ရှိလာချိန်မှာတော့ သူဟာအရှုံးတွေနဲ့ရင်ဆိုင်ရပြီး သူ့ဘဝဟာလည်း တစ်မျိုးတစ်ဖုံပြောင်းလဲသွားခဲ့ပါတယ်။ဒီလိုနဲ့ တစ်ချိန်ကအတော်ဆုံးပြိုင်ကားမောင်းသမား ရစ်ကီဘော်ဘီဟာ စုတ်ပြတ်သတ်နေတဲ့သူ့ဘဝထဲကရုန်းထွက်ပြီး အတော်ဆုံးဆိုတဲ့ဂုဏ်ပုဒ်ကို ပြန်လည်ရယူနိုင်ဖို့ အစွမ်းကုန်ကြိုးစားပါတော့တယ်။ ဒီဇာတ်ကားက IMDB rating 6.6 အထိရရှိထားပြီး အားကစားနဲ့ပတ်သက်တာတွေ ကြည့်ချင်သူတွေ ဟာသကားကြိုက်တဲ့သူတွေအတွက်ကတော့ ကြည့်လို့ကောင်းမဲ့ဇာတ်ကားတစ်ကားပါပဲ။ File size…(2.4 GB)/(1.3 ...
movie

Talladega Nights: The Ballad of Ricky Bobby (2006)

The Haunting of Hell Hole Mine (2023)
The Haunting of Hell Hole Mine (2023)  ဇာတ်လမ်းလေးကတော့ လုခ်တောင်ဆန်ဟာ သူ့တူမလေး ပိုနီရဲ့မိဘတွေကျိန်စာဆိုးတစ်ခုကြောင့် သေဆုံးသွားတဲ့အတွက် မိသာစုဝင်အနေနဲ့တူမလေးတစ်ယောက်သာကျန်တဲ့အတွက် အစစအရာရာတာဝန်ယူပြီးစောင့်ရှောက်ပေးထားတယ်။ တောင်ဆန်တို့မျိုးရိုစဉ်ဆက်တစ်ခုလုံးကစိတ်ကျန်းမာရေးကြောင့် သေဆုံးသွားကြတယ်။ လုခ်ဟာ ဒီကိစ္စကိုမယုံပေမယ့် ‌ဦးလေးဖြစ်သူသေဆုံးသွားပြီးနောက်မှာ သူတို့အတွက် ရွှေမိုင်းတွင်း‌ဟောင်းတစ်ခုကိုအမွေပေးခဲ့တယ်။အဲ့နောက်ပိုင်းမှာ ပိုနီဟာစိတ်ကယောင်ခြောက်ခြားတွေစဖြစ်လာပြီး ကိုယ့်ကိုယ်သတ်သေဖို့အဆင့်အထိဖြစ်လာတယ်။ လုခ်ဟာသူ့တူမကိုတားဆီးလိုက်နိုင်ပြီးတော့ ဆေးရုံပို့လိုက်တယ်။ တူမလေးကိုအရမ်းစိတ်ပူတဲ့အတွက်သီးသန့်နေရာကိုပြောင်းပေးချင် ပိုက်ဆံကလည်းမရှိဘူး။ သူနဲ့အတူတူနေတဲ့ရော့စကိုနဲ့ဒွန်ဟာ အမွေရထားတဲ့‌ရွှေမိုင်းတွင်းကို သွားကြည့်သင့်ကြောင်းပြောလာတဲ့အခါမှာတော့......   File size…1.85GB / 806MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 47m Genre ….. Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

The Haunting of Hell Hole Mine (2023)

The Hound of the Baskervilles: Sherlock the Movie (2022) 6.2
The Hound of the Baskervilles: Sherlock the Movie (2022) The Hound of Baskervilles: Sherlock the Movie (2022)~ IMDb – 6.2/10, MyDramaList – 7.7/10 ~အထူးတလည် မိတ်ဆက်ပေးစရာမလိုလောက်တဲ့ The Hound of Baskervilles ဆိုတာ ဆာအာသာကိုနင်ဒွိုင်း Sir Arthur Conan Doyle (1859~1930) ရဲ့ ရှားလော့ဟုမ်းဝတ္ထုရှည်လေးပုဒ်ထဲက ၁၉၀၂ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ တတိယမြောက်ဝတ္ထုရှည်တစ်ပုဒ်ဖြစ်ပါတယ်။မူရင်းဇာတ်ကြောင်းကတော့ ၁၈၈၉ ခုနှစ် အင်္ဂလန်နိုင်ငံအနောက်တောင်ပိုင်း၊ ဒီဗွန် (Devon) က ဒတ်မိုးတောင်ပေါ်ဒေသ (Dartmoor) ကိုနောက်ခံထားပြီး ဘတ်စကာဗျီလ်မိသားစုမျိုးဆက် (Baskerville Family) က အဲဒီဒေသမှာ ဒဏ္ဍာရီလာငရဲခွေးကြီးတစ်ကောင်ကြောင့် တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေကြတာမို့လို့ လူသေဆုံးမှုထပ်မရှိရလေအောင် ရှားလော့ဟုမ်းနဲ့ ဒေါက်တာဝပ်ဆန်တို့ကို လာရောက်အကူအညီတောင်းရာကနေ တကယ်ပဲ ဖြစ်ရပ်ဆန်းကြယ်ကြောင့် လူသေဆုံးသွားကြတာလား... ဒဏ္ဍာရီလိုလို ကျိန်စာလိုလိုကို အကြောင်းပြပြီး ...
movie

The Hound of the Baskervilles: Sherlock the Movie (2022)

2022
Insidious Inferno (2023) 5.5
Insidious Inferno (2023)  Horror ကားကြိုက်နှစ်သက်သူတွေအတွက် Insidious Inferno ဆိုတဲ့ဇာတ်ကားအသစ်တစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။နာမည်ကြောင့် Insidiousကားတွေနဲ့မမှားသွားပါနဲ့။ဒီကားကသက်သက်ပါ။ဇာတ်ကားပုံစံကဘယ်လိုလဲဆိုတော့ထုံးစံအတိုင်းနတ်ဆိုးတွေ မကောင်းဆိုးဝါးတွေအကြောင်းကိုမှ Storylineအသစ်တစ်ခုနဲ့ရိုက်ကူးထားတာပဲဖြစ်ပါတယ်။မိုနီကာနဲ့ အန်ဒရေးတို့ဆိုတဲ့လင်မယားနှစ်ယောက်က မိုနီကာရဲ့အဖေဖြစ်သူဆုံးပါးခဲ့ပြီးနောက်မှာ သူ့အဖေပိုင်ခဲ့တဲ့အိမ်ကြီးကို အမွေရခဲ့ကြပါတယ်။ဒီလိုနဲ့ သူတို့လင်မယားနှစ်ယောက်ကအဲ့ဒီအိမ်ကြီးကို ပြင်ပြီးပြန်ရောင်းစားဖို့အတွက် ကိုယ်တိုင်သွားရောက်ကြည့်ရှုပြင်ဆင်ဖို့ဆုံးဖြတ်ခဲ့ကြပါတော့တယ်။မိုနီကာမှာ တစ်ခါတစ်လေမူးခနဲမိုက်ခနဲဖြစ်သွားတတ်ပြီး အာရုံထဲမှာအနီရောင်တွေချည်းပဲမြင်နေရတတ်တာမျိုးတွေဖြစ်လေ့ဖြစ်ထရှိပါတယ်။အခုလည်း အဲ့ဒီအိမ်ကြီးကိုသွားရမယ်ဆိုတဲ့ အခါမှာငယ်ဘဝတုန်းက စိတ်ဒဏ်ရာတွေကြောင့် မသွားချင်ဘူးဖြစ်နေပေမဲ့ ရောက်တော့ရောက်သွားခဲ့ပါတယ်။ထင်ထားတဲ့အတိုင်းပါပဲ မိုနီကာအဲ့ဒီအိမ်ကိုရောက်ပြီးကတည်းကအတိတ်က ကြောက်စရာအဖြစ်အပျက်တွေ ပြန်မြင်ယောင်လာပြီး အဖြစ်ဆိုးတွေကိုလည်းတစ်ခုပြီးတစ်ခု ကြုံတွေ့လာရပါတယ်။သူတို့လင်မလားနှစ်ယောက်ဒီအဖြစ်အပျက်တွေကိုကျော်ဖြတ်နိုင်ကြပါ့မလား မိုနီကာနဲ့အဲ့ဒီအိမ်နဲ့ကရောဘယ်လိုတွေ ရေစက်ရှိနေတာလဲဆိုတာကိုကြည့်ရှုရမဲ့ Horror ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…989MB / 421MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 37m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Insidious Inferno (2023)

All Fun and Games (2023)
All Fun and Games (2023)  2023 မှာ အသစ်စက်စက်ထွက်ရှိထားတဲ့ horror ဇာတ်ကားကောင်းလေးတစ်ကားကို ထပ်မံတင်ဆက်ပေးလိုက်ပါပြီ။ဂျိုးဆိုတဲ့ကောင်လေးဟာ လူမနေတော့တဲ့အိမ်တစ်လုံးကနေ ဓါးတစ်ချောင်းကိုရှာတွေ့ခဲ့ပါတယ်။ သူ့အစ်ကိုက ယူမလာဖို့သတိပေးနေရက်နဲ့ ဂျိုးဟာ ကလေးပီပီအရာရာကိုစူးစမ်းချင်စိတ်နဲ့ မဖြစ်ဖြစ်အောင်ယူလာခဲ့ပါတယ်။ယူလာကတည်းက အဲဒီဓါးအထဲကနေ သူ့နာမည်ခေါ်သံတွေကြားနေရပြီးတော့ညဘက်ကျတော့ ဓါးကအသက်ဝင်လာပြီး ဂျိုးကို ဂိမ်းတစ်ခုကစားဖို့စေခိုင်းပါတော့တယ်။အဲဒီဂိမ်းကတော့ အခြားမဟုတ်ပါဘူး။ တူတူပုန်းတမ်းကစားခိုင်းတာပါ။ဂျိုးဟာ သူ့အစ်မ၊ သူ့အစ်ကိုနဲ့ သူ့အစ်မရဲ့သူငယ်ချင်းတွေပါ တူတူပုန်းတမ်းကစားအောင်ဓါးကစေခိုင်းတဲ့အတိုင်း လုပ်ဆောင်ရပါတော့တယ်။ဖြစ်ချင်တော့ ဓါးက အသေဆိုးနဲ့မရှုမလှသေခဲ့ရတဲ့သားတစ်ယောက်အတွက်စုန်းမတစ်ယောက်ကိုယ်တိုင်ပြုလုပ်ထားတဲ့ ဓါးပါ။​အဲဒီဓါးပေါ်က စာလုံးတွေကို ဂျိုးရဲ့အစ်ကို မားကတ်က ဖတ်လိုက်မိပြီးနောက်မှာတော့မားကတ်ကို နတ်ဆိုးဝင်ပူးသလိုဖြစ်သွားပြီး ဂိမ်းပွဲမှာပါဝင်တဲ့သူတွေကို ဓါးနဲ့လိုက်သတ်ပါတော့တယ်။ရုပ်ရှင်က ဇာတ်လမ်းလည်းကောင်းသလို သရုပ်ဆောင်တွေကလည်းလူတိုင်းသိတဲ့နာမည်ကြီးသရုပ်ဆောင်တွေပါ။​ ဒီကားထဲမှာ မားကတ်ဆိုတဲ့အစ်ကိုနေရာက သရုပ်ဆောင်တဲ့မင်းသားဆိုရင် sex education ထဲကမင်းသားဖြစ်ပါတယ်။ သရုပ်ဆောင်ပီပြင်ချက်က ကြောက်စရာကောင်းလွန်းလို့ကြည့်ရင်းနဲ့ကြက်သီးတွေတဖြန်းဖြန်းထလာစေပါတယ်။Horror ဇာတ်လမ်းတစ်ခုတည်းမဟုတ်ဘဲ မိသားစုဝင်တွေ၊ မောင်နှမတွေ၊သူငယ်ချင်းတွေကြားက သံယောဇဥ်တွေကိုပါ ပီပီပြင်ပြင်ပြသထားပါတယ်။​သူတို့တွေဘယ်လိုပူးပေါင်းပြီး အဲဒီဓါးထဲကနတ်ဆိုးကိုနှိမ်နှင်းကြမလဲ၊နတ်ဆိုးဝင်ပူးခံနေရတဲ့မားကတ်ကိုရော ကယ်တင်နိုင်ပါ့မလားဆိုတာကိုတော့ဇာတ်ကားလေးကို ကြည့်ရှုခံစားလိုက်ပါဦးနော်... File size…980MB / 399MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h ...
movie

All Fun and Games (2023)

Genres

Archives