Channel Myanmar

Super Junior: Attack On the Pin-up Boys (2007)

Uncategorized

IMDB: /10 votes

121638

Report error

ဒီဇာတ်ကားလေးဟာ နာမည်ကြီးK-pop အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့Super Junior အဖွဲ့သားတွေနဲ့ ရိုက်ကူးထားတာဖြစ်တဲ့အတွက်ကြောင့် ဇာတ်လမ်းအကြောင်းမပြောခင်မှာ အဖွဲ့အကြောင်းလေးအရင်မိတ်ဆက်ပါရစေ။

Korean Boys Band တစ်ခုဖြစ်တဲ့ Super Junior ကို စတင်ဖွဲ့စည်းခဲ့ချိန်က2005 ခုနှစ်မှာဖြစ်ပြီး အေဂျင်စီကတော့ SM Entertainment ပဲဖြစ်ပါတယ်။စတင်ဖွဲ့စည်းခဲ့စဉ်က Leeteuk, Heechul, Hangkyung, Yesung, Kangin, Shindong, Sungmin, Eunhyuk, Siwon, Donghae, Ryeowook, Kibum စတဲ့အဖွဲ့ဝင်ဆယ့်နှစ်ယောက်နဲ့စတင်ဖွဲ့စည်းခဲ့ပြီးတော့ 2006 ခုနှစ်မှာ Kyuhyun ဆိုတဲ့ အဖွဲ့ဝင်သစ်ကိုထပ်တိုးပေါင်းထည့်ခဲ့ပြီး အဖွဲ့ဝင်ဆယ့်သုံးယောက်အဖြစ်နဲ့ ရပ်တည်ခဲ့ပါတယ်။

2009 ခုနှစ်မှာထွက်ရှိခဲ့တဲ့ “Sorry, Sorry” အယ်ဘမ် ကြောင့် Super Junior ဟာ တစ်ကမ္ဘာလုံးအတိုင်းအတာထိအောင်မြင်မှုတွေသိမ်းပိုက်နိုင်ခဲ့ပြီး နောက်ပိုင်းမှာလည်း ပုံစံမတူကွဲပြားတဲ့ ဂီတအမျိုးစားပေါင်းများစွာကို ချပြနိုင်ခဲ့တာဒီနေ့အထိပါပဲ။သူတို့ရဲ့အောင်မြင်ခဲ့တဲ့ သီချင်းတွေနဲ့အတူ Super Junior M , Super Junior T ,Super Junior Happy အစရှိသဖြင့် များစွာသောအဖွဲ့ငယ်လေးတွေပါတိုးချဲ့ခဲ့ရတဲ့အထိအောင်မြင်မှုကြီးမားခဲ့ပါတယ်။လေးနှစ်တိုင်တိုင် “Best Selling K-Pop Artist” ဆုကိုဆွတ်ခူးနိုင်ခဲ့တဲ့အပြင် Golden Disk Award 16ခု , Mnet Asian Music award 13 ခုနဲ့ Mtv Asia award , Teen Choice Award ရဲ့ International Artist နဲ့ Best Fandom ဆုတွေကိုပါဆွတ်ခူးရရှိခဲ့ပါသေးတယ်။အခုချိန်မှာတော့ အဖွဲ့ဝင်နှစ်ယောက်ဖြစ်တဲ့ Kibum နဲ့ Hankyung တို့နှစ်ယောက်ကတော့ အဖွဲ့ကနေတရားဝင်နှုတ်ထွက်သွားခဲ့ပြီဖြစ်ပါတယ်။

ဇာတ်ကားအညွှန်းဘက်ကိုပြန်သွားရမယ်ဆိုရင် 2007 က ရိုက်ကူးခဲ့တဲ့ဇာတ်ကားဖြစ်တာကြောင့် နည်းနည်းတော့အမြင်တစ်မျိုးဖြစ်နေပါလိမ့်မယ်။အဲ့ဒီအချိန်ကခေတ်စားခဲ့တဲ့ အလေ့အထလေးတွေလည်းကြည့်ရမှာပါ။ ဇာတ်လမ်းရဲ့အဓိကကျောရိုးကတော့ ကျောင်းတစ်ကျောင်းရဲ့ အကြောင်းပြချက်တစ်ခုနဲ့နာမည်ကြီးပြီးချောမောတဲ့ကောင်လေးတစ်ယောက်စီကို အမည်မသိလူတစ်ယောက်က ညအချိန် မစင်ထုတ်နဲ့ ချောင်းပြီးပစ်ပေါက်တိုက်ခိုက်တဲ့ဇာတ်လမ်းကအစပြုတာပါ။ အဲ့ဒီတိုက်ခိုက်ခံရတဲ့ကျောင်းသားတိုင်းကလည်း သူတို့အားသန်ရာနယ်ပယ်တိုင်းမှာ လူသိများအောင်မြင်သွားကြပါတော့တယ်။ ဒီအချက်ကြောင့်ပဲ Paran High ဆိုတဲ့ အထက်တန်းကျောင်းက ကောင်လေး တစ်စုရဲ့ ပြသနာအရှုပ်အရှင်းတွေ နာမည်ကြီးအောင်ကြိုးစားအားထုတ်မှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။အမည်မသိတိုက်ခိုက်သူ ရဲ့ရည်ရွယ်ချက်နဲ့ အဲ့ဒီလူကဘယ်သူလဲဆိုတာ ကို စူးစမ်းလိုစိတ်နဲ့ကြည့်ရှုရမဲ့အပြင် ကျောင်းသားလေးတွေရဲ့ဟာသ အလွဲလေးတွေပါ သဘာဝကျကျထည့်သွင်းရိုက်ကူးထားလို့ အတော်ကြည့်ကောင်းတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်းပါရစေဗျ။

File Size         : 580 MB
Quality           : DVD Rip
Running Time : 1hr 21 minute
Format           : Mp4
Genre             : Comedy
Encoder         : Joker.phs

 

(ဇာတ်ကားအညွန်းနဲ့ ဘသာပြန်သူကတော့ Moe Oo Mann ပဲ ဖြစ်ပါတယ်)



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



  • Download Links Server Audio / Language Quality
No downloads available

Genres



Related movies