Channel Myanmar

Content at random


TV Series

Running Man 8.2
Running Man Running Man အပိုင်းသစ် (701)   Running Man ဆိုတာကတော့ ...... တောင်ကိုရီးယားနိုင်ငံမှာသာမက ဥရောပနိုင်ငံများပါမကျန် လူသိများတဲ့ ရသစုံလင် Reality Show အစီအစဥ်တစ်ခုဖြစ်ပါတယ်… အောင်မြင်ကျော်ကြားတဲ့ Hollywood အနုပညာရှင်တွေ၊ ကိုရီယားနာမည်ကြီး အဆိုတော်၊သရုပ်ဆောင်များစွာနှင့်အတူ နာမည်ကြီးအထင်ကရနေရာတွေမှာ မစ်ရှင်တွေပြီးမြောက်အောင် ယှဥ်ပြိုင်ကြရမှာပါ… ယူဂျယ်ဆော့၊ဂျီဆော့ဂျင်၊ကင်ဂျုံးဂု၊ဂန်ဂယ်ရီ၊ဆောင်းဂျီဟို၊ ဟားဟား၊လီဂွမ်ဆူ၊ဆောင်းဂျွန်ကီ၊လစ်ဇီ တို့နှင့် ပွဲထွက်ရိုက်ကူးခဲ့ပါတယ်.. ထို့နောက် ရိုက်ကူးရေးအပိုင်း (၄၀) ကျော်လောက်မှာ ဆောင်းဂျွန်ကီ နှင့် လစ်ဇီတို့မပါဝင်တော့ပဲ ကျန်အဖွဲ့ဝင် (၇)ဦးဖြင့်ဆက်လက် ရိုက်ကူးရာ (Running Forever) “7012” ဆိူပြီးကျော်ကြားခဲ့ပါတယ်… အပိုင်း(၃၂၄) ပြီးနောက် ဂယ်ရီထွက်သွားပြီးနောက်အပိုင်း(၃၄၆) တွင် ဂျင်ဆိုမင်းနှင့် ယောင်းဆယ်ဂျန်းတိူ့နှင့် ယနေ့ချိန်ထိဆက်လက်ရိုက်ကူးလျက်ရှိပါတယ်… Channel Myanmar အနေနဲ့ကတော့ လက်ရှိ အပိုင်း ၅၃၃ ကနေ စပြီး တင်ပေးသွားပါမယ်။ အပတ်စဉ် တနင်္လာနေ့တိုင်း တင်ဆက်ပေးသွားမှာမို့ Running Man ပရိတ်သတ်များ စောင့်မျှော်ကြပါဦးဗျာ File Size - 1GB Quality - 1080P Subtitle - Myanmar (Hardsub) Translator - August, Jerrica, MTA, ...
8.2
TMDb: 8.2/10 57 votes
tv

Running Man

2010
Expats (2024) 9
Expats (2024) ပြည်ပကနေ ဟောင်ကောင်ကိုအခြေချနေထိုင်ကြတဲ့ (Nicole Kidmanအပါအဝင်) အမျိုးသမီး၃ယောက်ရဲ့ ဘဝကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းဇာတ်လမ်းထဲမှာ သားသမီးကိုဆုံးရှုံးလိုက်ရတဲ့ မာဂရတ်၊ အိမ်ထောင်ရေးဆုံးရှုံးခါနီး ဟစ်လာရီနဲ့ ဟောင်ကောင်ရောက် ကိုရီးယားလူမျိုး မာစီတို့ရဲ့အကြောင်းကို တစ်လှည့်စီရိုက်ပြထားပါတယ်။ အဖြစ်အပျက်ဆိုးဖြစ်ပြီးတစ်နှစ်အကြာနဲ့ဇာတ်လမ်းကိုစထားပြီး ဇာတ်ကားရဲ့တစ်ပိုင်းချင်းစီမှာမှ အတိတ်ကိုတဖြည်းဖြည်း​ချင်း ဖြည်ပြပေးမယ့်ဇာတ်ကားမျိုးဖြစ်ပါတယ်။ပထမအမျိုးသမီး မာဂရတ်က မူလကကလေး၃ယောက်အမေဖြစ်ပေမဲ့ အငယ်ဆုံးသားလေးဂတ်စ်ကိုပျောက်ဆုံးသွားတဲ့မိခင်တစ်ဦးပေါ့။ ဒါကြောင့်လည်း နေ့ရက်တိုင်းကို စိတ်နဲ့ကိုယ်နဲ့မကပ်ပဲ ရှင်သန်နေရပြီး ဂတ်စ်ကိုပြန်တွေ့လို့ပြန်တွေ့ငြား ပူဆွေးနေရတဲ့မိခင်တစ်ဦးလည်းဖြစ်ပါတယ်။ဒီထဲမှာ နောက်ထပ်နစ်နာသူကတော့ မာဂရတ်ရဲ့သူငယ်ချင်းဟစ်လာရီပါ။ ယိုင်နဲ့နဲ့အိမ်ထောင်ရေးကိုကယ်တင်ဖို့ကြိုးစားနေရရင်း ခင်ပွန်းဖြစ်သူနဲ့အဆင်မပြေဖြစ်နေသူပေါ့။ သူတို့အိမ်ထောင်ရေးအဆင်မပြေရတဲ့အကြောင်းရင်းကလည်း ဂတ်စ်ရဲ့ပျောက်ဆုံးမှုနဲ့ဆက်စပ်နေပုံရပြီး အားလုံးထဲမှာမှ မာစီကတော့ပဟေဠိတွေရဲ့အဓိကသော့ချက်လိုဖြစ်နေပုံရပါတယ်။ File size…(957 Mb)/(422 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….00:59:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra Season (1)Episode 1 720p  -  Yoteshin / Megaup / Meganz / Usersdrive / StreamwishEpisode ...
9
TMDb: 9/10 9 votes
tv

Expats (2024)

2024
Elsbeth (2024) 9.2
Elsbeth (2024) Elsbeth (2024)အရင်လကုန်ပိုင်းကမှ အသစ်စက်စက်ထွက်ရှိထားတဲ့ စီးရီးလေးကို CM ပရိတ်သတ်ကြီးအတွက် တင်ဆက်လိုက်ပါပြီ။ တစ်ပတ်တစ်ပိုင်းထွက်မှာဖြစ်လို့ စောင့်ကြည့်ပေးကြပါဦး။ဇာတ်လမ်းအညွှန်းချီကာဂိုမြို့မှာ နှစ်၃၀ကြာ ရှေ့နေလုပ်ခဲ့တဲ့ Elsbeth တစ်ယောက် နယူးရော့ခ်မြို့ဆီ တာဝန်ကျလာပါတယ်။ အခုအလုပ်ကတော့ အမှုတစ်ခုကို ရဲတွေစစ်ဆေးတဲ့အချိန်မှာ သူက ဘေးကစောင့်ကြည့်ဖို့ပါတဲ့။ သူကတော့ လူတစ်မျိုးပါ၊ သူ့ရဲ့ဘော့စ်ကတောင် Elsbeth က ပျော်ပျော်နေတတ်တဲ့သူပါလို့ မှာပေးရတဲ့သူပါ။ထိုးထွင်းဉာဏ်ကောင်းလွန်းပြီး အမှုတစ်ခုကို သူများနဲ့မတူညီတဲ့အမြင်နဲ့ကြည့်တတ်ပြီး သူများထက် တစ်လှမ်းကြိုမြင်တတ်တဲ့သူ၊ ဒါပေမဲ့ ရဲ‌တွေရဲ့ စစ်ဆေးမှုတွေမှာ ဟိုစပ်စပ်ဒီစပ်စပ်နဲ့ စပ်စုလွန်းနေတော့ အမြင်ကတ်စရာကောင်းနေရော ဖြစ်နေတယ်။ အဲဒါကြောင့် ပထမအမှုမှာတည်းက ရဲအရာရှိဝက်ဂ်နာက အမြင်မကြည်ဖြစ်တော့တာပဲ။ရဲဌာနဘက်က အမြင်မကြည်တော့ သူ့ကို တခြားရှေ့နေနဲ့ပြောင်းပေးဖို့တောင် တောင်းဆိုလာကြတယ်။ Elsbeth ဘက်ကကျတော့ ဒီအလုပ်ကို သူဆက်လုပ်ချင်နေတယ်၊ နယူးရော့ခ်မြို့ကြီးမှာ လျှောက်လည်ပြီး သူပျော်ပျော်ကြီး နေချင်သေးတယ်။ ဒီတော့လည်း NYPD တပ်ဖွဲ့မှာ ထက်မြက်ပေမယ့်လည်းအမြင်ကတ်စရာကောင်းတဲ့ မမ Elsbeth တစ်ယောက် ဘယ်လိုဆက်မွှေဦးမလဲပေါ့။Elsbeth ဇာတ်လမ်းကို "The Good Wife"နဲ့ "The Good ...
9.2
TMDb: 9.2/10 3 votes
tv

Elsbeth (2024)

2024
The Believers (2024) 10
The Believers (2024) လူကောင်းတို့ရဲ့သဒ္ဓါ လူမိုက်တို့ရဲ့အသပြာ (၂၀၂၄)ဒီတစ်ခါမှာတော့ ဘာသာရေးယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီးတော့ ငွေရှာကြတဲ့သူတွေအကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ အမိုက်စားစီးရီးလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ လူငယ်လေးသုံးယောက်ဟာ ချေးငွေတွေယူပြီး Pirate's Hell လို့ခေါ်တဲ့ ဂိမ်းကို အောင်မြင်အောင်လုပ်မယ်ဆိုတဲ့အတွေးနဲ့ တီထွင်ရင်း အစပိုင်းမှာ အောင်မြင်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အရှုံးပေါ်ပြီး အကြွေးတင်ခဲ့ပါတော့တယ်။ အဲဒီမှာပဲ သူတို့အုပ်စုထဲက ဝင်း ဆိုတဲ့ကောင်လေးဟာ အမေနဲ့ဘုရားကျောင်းကိုလိုက်သွားရင်း ဘုရားကျောင်းက အလှူခံဆိုင်းဘုတ်ကို မြင်သွားပြီး အကြံရသွားပါတော့တယ်။ သူ့အကြံကတော့ ဘာသာရေးအပေါ် ယုံကြည်သက်ဝင်သူတွေအပေါ် အမြတ်ထုတ်ပြီး အလှူခံစားဖို့ပဲဖြစ်ပါတယ်။ ဒီလိုအကြံနဲ့ ဘုရားကျောင်းလိုက်ရှာကြပြီးတဲ့နောက်မှာ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦးနော်အညွှန်းကိုတော့ Char Ou က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Char Ou, Thada, Shin, Noe, Mary, Kaung Set, Khaing တို့ပဲ ဖြစ်ကြပါတယ်။Genre..... Drama, Crime Quality…. 1080p | 720p File size… 600MB | 200MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ...
10
TMDb: 10/10 1 votes
tv

The Believers (2024)

2024
The Fable (2024) 8
The Fable (2024) The Fable IMDb - 9.1/10၂၀၁၉ခုနှစ်မှာ Live action အနေနဲ့ထွက်ခဲ့တဲ့ The Fableဆိုတဲ့ မန်ဂါဟာ အခုဆိုရင် Anime seriesအနေနဲ့ ထွက်ရှိလို့လာပါပြီ။မြေအောက်လောကမှာ ကျွမ်းကျင်သူဖြစ်ပြီး အကုန်လုံးက နာမည်ကြားတာနဲ့ ကြောက်ရသူ။ အားလုံးက သူ့ကို ဖာဘယ်လို့နာမည်ပေးထားပါတယ်။ သူဟာဆိုရင် လေ့ကျင့်မှုပေါင်းများစွာနဲ့အတူ ကြေးစားလူသတ်သမားတစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတွေ အကုန်လုံးကို ပိုင်ဆိုင်သူလည်း ဖြစ်ပါတယ်။ဒီလိုနဲ့ အလုပ်တွေ အရမ်းလုပ်ရလွန်းတဲ့အတွက် ဘော့စ်ဖြစ်သူဟာ ဖာဘယ့်ကို တစ်နှစ်လောက် သာမာန်ဘဝနဲ့ ဇာတ်မြှုပ်နေဖို့ခိုင်းပါတော့တယ်။ ဒီလို ဇာတ်မြှုပ်တဲ့နေရာမှာ သူတို့နဲ့အရင်က အလုပ်လုပ်ခဲ့တဲ့ပါတနာဖြစ်တဲ့ ယာကူဇာဂိုဏ်းရဲ့ အရိပ်အောက်မှာသွားနေရတဲ့အခါမှာတော့ .....၆စက္ကန့်နဲ့တင် ရန်သူကိုအပြတ်မှောက်အောင်လုပ်နိုင်တဲ့ ဖာဘယ်တစ်ယောက် သာမာန်ဘဝမှာ ဘယ်သူ့ကိုမှ မသတ်မိအောင် ဘယ်လိုနေမလဲ ... သူတို့သွားနေတဲ့ ဂိုဏ်းက ပြဿနာတွေကြားထဲရော ဘယ်လိုတွေရောက်သွားဦးမလဲ ... ဆိုတာတွေကို ခံစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ ToMo ပဲ ဖြစ်ပါတယ်)File Size – 300MB(Appx;)@EpisodeQuality – 1080p WEB DLDuration ...
8
TMDb: 8/10 1 votes
tv

The Fable (2024)

2024
All Creatures Great & Small (2020) 8.152
All Creatures Great & Small (2020) (function(f,b,n,j,x,e){})(); တိရိစ္ဆာန်ဆရာဝန်တစ်ယောက်ရဲ့ အတွေ့အကြုံတွေကို အခြေခံပြီးရေးထားတဲ့နာမည်ကြီးစာအုပ်ကို ပြန်ရိုက်ထားတဲ့ Drama စီးရီးမို့ ဇာတ်လမ်းဇာတ်အိမ်ကောင်းပြီး Rotten Tomatoes 99% ရထားသလို စိတ်ရွှင်လန်းစရာ ပီတိဖြစ်စရာကောင်းတဲ့ ဇာတ်လမ်းမျိုးလည်းဖြစ်ပြီး မိသားစုနဲ့ပါကြည့်လို့ရပါတယ် တိရစ္ဆာန်ချစ်တဲ့သူတွေဆိုရင်တော့ ပိုတောင်အကြိုက်တွေ့ဦးမှာပါ အင်္ဂလန်က ကျေးလက်ဒေသမှာအခြေတည်ထားတာမို့ ရှူခင်းကောင်းကောင်းတွေနဲ့လည်းကြည့်ရပါမယ်တိရစ္ဆာန်ဆရာဝန်ဘွဲ့ရပြီးကာစ အလုပ်ရှာနေပေမယ့် မြို့ပေါ်မှာ မြင်းလှည်းစီးတဲ့ခေတ်ကုန်ပြီး မော်တော်ယာဥ်တွေပဲသုံးကြတော့တဲ့အချိန်မှာ အလုပ်မရနိုင်ဖြစ်နေတဲ့ James Herriot က ကျေးလက်ဒေသတစ်ခုကနေ အလုပ်အင်တာဗျူးလက်ခံစာရပြီး တိစ္ဆာန်ဆရာဝန်တစ်ယောက်ရဲ့လက်ထောက်အနေနဲ့ အစမ်းဝင်လုပ်ဖို့ဖြစ်လာပါတယ် ဒါပေမယ့် တိရစ္ဆာန်ဆရာဝန်က ဆက်ဆံရခက်ခဲပြီး သူ့လက်ထောက်လုပ်နိုင်တဲ့သူ မရှိသေးတာကိုသိရတဲ့အခါမှာ Herriot အနေနဲ့ အလုပ်ရဖို့ ခက်ခက်ခဲခဲကြိုးစားရပါတော့တယ် File size…(1.2 GB)/(548 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:51:00 Genre...Drama, Comedy  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyi T Nyein  Season 1Episode 1 720p  -  Yoteshin / ...
8.152
TMDb: 8.152/10 92 votes
tv

All Creatures Great & Small (2020)

2020
Beauty and Mr. Romantic (2024)
Beauty and Mr. Romantic (2024) Beauty and Mr.Romantic (2024) *******************************အပိုင်းသစ် (၁၀)ဒီဇာတ်လမ်းကတော့ Family Drama/Romance အမျိုးအစားဖြစ်ပြီးတော့ သရုပ်ဆောင်တွေအနေနဲ့ My ID is Gangnam Beauty ထဲက အလှလေး Lim SooHyang နဲ့ Young Lady and Gentleman ထဲက ဦးလေးကြီး Ji HyunWoo တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအညွှန်း -------------------Park Dora (Lim SooHyang)က နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်ပြီး ကိစ္စတစ်ခုကြောင့် သူ့ရဲ့အောင်မြင်မှုတွေရပ်တန့်သွားဖို့ အကြောင်းဖန်လာပါတော့တယ်Go PilSeung (Ji HyunWoo) ကတော့ ဒရမ်မာစီးရီးလေးတွေကို ဖန်တီးပေးနေတဲ့ တက်သစ်စ ဒါရိုက်တာလေးတစ်ယောက်ပါဒီလိုနဲ့ နှစ်ယောက်သားအလုပ်အတူတွဲလုပ်ဖို့ ဖြစ်လာကြပြီးနောက် ဒါရိုက်တာလေး Go PilSeung က မင်းသမီးလေး Park Dora ကို သဘောကျမိသွားရင်းကနေ ထိပ်တန်း A-list မင်းသမီးတစ်ယောက်အဖြစ် ဘယ်လိုပြန်ဆွဲတင်ပေးသွားမလဲဆိုတာကို ဟာသနှောပြီး ရင်ခုန်စွာနဲ့ ကြည့်ရှုသွားရမှာပဲ ဖြစ်ပါတယ်ဇာတ်လမ်းတွဲအညွှန်းကိုတော့ Hsu Pyae Pyae Aung ...

Beauty and Mr. Romantic (2024)

2024
Dhevaprom (2024)
Dhevaprom (2024) ထည်ဝါခမ်းနား ချစ်ပုံပြင်များ (၂၀၂၄)လအွန်ကျန်၂၀၁၃ ခုနှစ် CH3ရဲ့ 46 နှစ်မြောက်အထိမ်းအမှတ်အနေနဲ့ ထွက်ရှိထားပြီး ထိတ်ထိတ်ကြဲcastတွေနဲ့ပွဲထုတ်ခဲ့တဲ့ Gentlemen of Jutathep ရဲ့ အတွဲ ၂ ကတော့ ဆယ်စုနှစ်တစ်ခုအကြာမှာ ပရိသတ်တောင်းဆိုချက်အတိုင်း ထွက်ရှိလာပါပြီ။ အရင်ဇာတ်လမ်းတွဲရဲ့အရှိန်အဝါကမသေးတာမလို့ ခုဇာတ်လမ်းတွဲမှာရော အရင်ဇာတ်လမ်းရဲ့ဂုဏ်သတင်းကို ဆက်ထိန်းထားနိုင်မလားဆိုတာ ရှုစားလိုက်ပါစို့လား။ဂျူထာထေ့ပ်မျိုးဆက်ဖြစ်တဲ့ ဖူသယ်နက် ဂျူ‌ထာထေ့ပ်က အဖိုးတန်ရတနာတစ်ပါးဖြစ်တဲ့ "အာဈနာချက္ကရာလည်ဆွဲ" ကို ထိန်းသိမ်းရဖို့ တာဝန်ယူထားရသူပေါ့။ အကြောင်းအရင်းကတော့ ဒီရှားပါးကျောက်မျက်ရတနာတွေနဲ့လုပ်ထားတဲ့ လည်ဆွဲကို ဖူသယ်နက်ပိုင်တဲ့ JT Centerမှာ ခင်းကျင်းပြသထားလို့ပါပဲ။ အဖိုးတန်ရတနာပီပီ လိုချင်သူတွေက လောကတက်သူတွေ ဒုနဲ့ဒေးမလို့ လုံခြုံရေးအထပ်ထပ်ချထားရသူပေါ့။ ဒီလူတွေထဲက တစ်ယောက်ကတော့ လအွန်ကျန်ပါပဲ။လအွန်ကျန်က ဒီလည်ဆွဲအတွက်နဲ့ပဲ ပြင်သစ်ကနေ ဘန်ကောက်ကိုပြန်လာတဲ့သူဖြစ်ပြီး လည်ဆွဲခိုးဖို့ရည်ရွယ်ချက်နဲ့ပဲ ဖူသယ်နက်ရဲ့အတွင်းရေးမှူးအဖြစ် ချဉ်းကပ်လာတဲ့အခါ... တစ်ဖက်က ဖူသယ်နက်ကလည်း အကြံသမားလေးဖြစ်တဲ့ လအွန်ကျန်ကိုမှ မြင်မြင်ချင်း အချစ်ကြီးချစ်မိလေတော့...ရန်သူဖြစ်ဖို့ကံပါပေမဲ့ မျက်ကန်းအချစ်က သူတို့နှစ်ယောက်ကြားမှာ ဇာတ်ဆရာအလိုကျ ဖြစ်တည်လာတော့ သူတို့ဘယ်လိုတွေရှေ့ဆက်ကြမလဲ Action Romance Drama အပြင် Mystery‌ လေးပါ ရောစပ်ရိုက်ကူးထားတာဖြစ်လို့ ရှုစားလိုက်ကြရအောင်ပါ။အညွှန်းကိုတော့ Mary ...

Dhevaprom (2024)

2024
Kiseki in Tokyo Chapter 2 (2024)
Kiseki in Tokyo Chapter 2 (2024) ချစ်ခြင်းရှိရာ တိုကျိုမှာ (၂၀၂၄) အညွှန်းဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ ထိုင်းစီးရီးလေးကတော့ ဂျပန်ကို အလည်ရောက်လာတဲ့ ဘီဘွိုင်ဆိုတဲ့ အသွက်ကလေးကို သူ့အချစ်ဆုံးသူငယ်ချင်း ဖီက အလည်အပတ်​ အထင်ကရနေရာတွေကို လိုက်ပို့ပေးရာက အစချီထားပါတယ်သူတို့ဂျပန်ခရီးစဉ်မှာ မထင်မှတ်ဘဲ ဂီတရူးသွပ်တဲ့ ထိုင်းလူမျိုး YouTuber အမွှာနှစ်ယောက် ဖြစ်တဲ့ ပန် နဲ့ ပလိုင်တို့ကို ပန်းခြံတစ်နေရာမှာ ဆုံမိကြပါတော့တယ်ဖီတစ်ယောက်နဲ့တော့ သိပ်ကီးမကိုက်လှပေမယ့် ၄ ယောက်သား ဘယ်လိုတွေ ဂျပန်မြေကို အတူလည်ပတ်ဖို့ဖြစ်လာကြမလဲ ဘယ်လောက်ထိရင်းနှီးသွားကြမလဲဆိုတာတော့ အတူစောင့်မျှော်ကြည့်ရှုပေးပါနော်အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin, Noe, Thada တို့ပဲ ဖြစ်ကြပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 600MB | 250MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Shin, Noe, Thada Encoder ..... Aaron720pEpisode 01 - ...

Kiseki in Tokyo Chapter 2 (2024)

2024
Club Friday Season 16 : Hot Love Issue, Depression or Just Selfishness (2024)
Club Friday Season 16 : Hot Love Issue, Depression or Just Selfishness (2024) Club Friday Season 16: Depression or Just Selfishness (2024)Club Friday ရဲ့ season 16 ရဲ့ ဧပြီလအတွက် စီးရီးလေး လာပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ ဒါရင်းက သူ အလုပ်တွေမပြီးလို့ Freelancer တစ်ယောက်ဖြစ်တဲ့ နွန့်ကိုအလုပ်ကူပေးဖို့ငှားလိုက်ရာက နွန်က ဒါရင်းရဲ့သူငယ်ချင်းဖြစ်တဲ့ နာဒီယာ့ကိုသဘောကျသွားခဲ့ရာက စပါတယ်။နောက်ပိုင်းနွန်က ဒီယာ့ကိုသဘောကျနေတာသိတော့ ရင်း ဘက်က နွန့်ကိုသဘောကျနေရက်နဲ့ အလိုက်တသိရှောင်ပေးခဲ့ပြီး နောက်ဆုံး ဒီယာဆုံးသွားခဲ့ပြီးနောက်မှာတောင် နွန်နဲ့ရင်းတို့မဆုံဖြစ်ကြပါဘူး။တစ်နေ့ နွန်နဲ့ရင်းတို့ တစ်‌ေနရာတည်းမှာ အလုပ်လုပ်အတူတူလုပ်ရတဲ့အခါ အရင်ကမိတ်ဆွေတွေဖြစ်လို့ ပိုရင်းနှီးလာခဲ့ပြီး နွန့်ရဲ့ရည်းစားဟောင်းဒီယာ့သေဆုံးသွားတာကို နွန်က ဒီယာတကယ်ရှိနေသေးသလိုပြုမူနေတဲ့ထူးခြားချက်ကိုသတိပြုမိလာခဲ့ပါတယ်။နောက်ဆုံးဒီယာ့ကိုယ်စား နွန့်ကိုပျော်‌ရွှင်အောင်လုပ်ပေးဖို့အဆင့်တက်ချင်ပေမဲ့ နွန့်ဘက်ကဒီယာနဲ့ပက်သက်ရင် လုံးဝကိုအထိမခံတဲ့အခါ.... ဟိုးစစတွေ့ကတည်းက နွန့်ကိုသဘောကျခဲ့တဲ့ ဒါရင်းကလက်လျှော့လိုက်မှာလား.... ဒါမှမဟုတ် သူ့ကိုနွန်ဂရုစိုက်လာအောင် ဘယ်လိုနည်းတွေသုံးပြီး လုပ်သွားမှာလဲ..... ဒီလိုမျိုး နွန် နဲ့ ရင်းတို့ကြားဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကို သိချင်ရင်တော့ "အတ္တနွယ်တဲ့ မေတ္တာ" ဆိုတဲ့ စီးရီးလေးထဲမှာ ဆက်ကြည့်ကြည့်လိုက်ကြပါနော်။အညွှန်းကိုတော့ Kim က ရေးထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ Su Myat, Blue, Summer, Kim ...

Club Friday Season 16 : Hot Love Issue, Depression or Just Selfishness (2024)

2024
HIDE (2024)
HIDE (2024) HIDE (2024)**************အပိုင်းသစ် (၁၀) ဒီတစ်ခေါက်မှာတော့ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Lee Bo Young,Lee Moo Saeng, Lee Chung Ah နဲ့ Lee Min Jae တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့Hide ဆိုတဲ့ ဇာတ်လမ်းတွဲအသစ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအညွှန်း...နာမွန်းယောင်းနဲ့ ချာဆောင်းဂျယ်တို့ဟာ လင်မယားတွေ ဖြစ်ကြပြီး တစ်နေ့မှာတော့ခင်ပွန်းဖြစ်သူ ချာဆောင်းဂျယ်ဟာ ရုတ်တရက် ပျောက်ဆုံးသွားပါတယ်။နာမွန်းယောင်း တစ်ယောက် ပျောက်ချင်းမလှ ပျောက်သွားတဲ့ ခင်ပွန်းဖြစ်သူကိုလိုက်ရှာရင်းကနေ မထင်မှတ်ထားတဲ့  အမှန်တရားကို သိရှိလိုက်ရတော့တယ်။ဟာယွန်းဂျူကတော့ နာမွန်းယောင်းကို တတ်နိုင်သမျှ အကူအညီပေးမယ်ဆိုတဲ့အိမ်နီးချင်းတစ်ယောက်ဖြစ်ပြီး ဒိုဂျင်းဝူကတော့ ချာဆောင်းဂျယ် ပျောက်ကွယ်မှုနဲ့ပတ်သက်တဲ့ အဓိက သော့ချက်ကို ကိုင်ဆောင်ထားတဲ့သူပဲ ဖြစ်ပါတယ်။ချာဆောင်းဂျယ်က ဘာကြောင့် ပျောက်ဆုံးသွားပြီး နာမွန်းယောင်း သိလိုက်ရတဲ့အမှန်တရားကရော ဘာဖြစ်မလဲဆိုတာကို ရင်ခုန်စွာနဲ့ စောင့်ကြည့်ရမဲ့Thriller Mystery ဇာတ်လမ်းတွဲ အသစ်ပဲ‌ ဖြစ်ပါတယ်။ (အညွှန်းကိုတော့ Treasure Htet မှ ...

HIDE (2024)

2024
Missing Crown Prince (2024)
Missing Crown Prince (2024) Missing Crown Prince (2024)******************************* အပိုင်းသစ် (၄) အားလုံးစောင့်မျှော်နေကြတဲ့ EXO အဖွဲခေါင်းဆောင် Suho ပါဝင်သရုပ်ဆောင်ထားသော နန်းတွင်းနောက်ခံ အချစ်ဟာသ ဇာတ်လမ်းလေး ထွက်ရှိလာပြီ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဂျိုဆွန်းပြည်ရဲ့ အိမ်ရှေ့မင်းသားဖြစ်သူ Yi Gun ဟာ တစ်နေ့မှာတော့ Choi Myung Yoon ဆိုတဲ့ အမျိုးသမီးတစ်ဦးရဲ့ ရုတ်တရက် ပြန်ပေးဆွဲခြင်းခံလိုက်ရပါတယ်။ အိမ်ရှေ့မင်းသား ပျောက်ဆုံးသွားတာကြောင့် ဂျိုဆွန်းတစ်ပြည်လုံး အုတ်အော်သောင်းတင်းဖြစ်ကြရပါတယ်။လျှိဝှက်ချက်တွေ ဘေးအန္တရာယ်တွေနဲ့ ပြည့်နှက်နေတဲ့ ဂျိုဆွန်းပြည်ကြီးထဲမှာ Yi Gun နဲ့ Myung Yoon တိုနှစ်ယောက် အသက်ရှင်ဖို ရုန်းကန်ကြရင်း တဖြည်းဖြည်း သံယောဇဉ်တွယ်ကာ မမျှော်လင့်ထားတဲ့ အချစ်ပန်းလေး ဖူးပွင့်လာခဲ့တာကြောင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဇာတ်လမ်းတစ်ပုဒ် ပေါ်ပေါက်ခဲ့ပါတော့တယ်။မင်းသား Suho, မင်းသမီး Hong Ye Ji တိုက အဓိက ဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ထားပြီး ဒုတိယမင်းသားအဖြစ် Seasons of Blossom ထဲက ...

Missing Crown Prince (2024)

2024
Queen of Tears(2024)
Queen of Tears(2024) Queen of Tears(2024)********************အပိုင်းသစ်(၁၄)မင်းသား Kim Soo Hyun နဲ့  kim Ji Won  ကိုလွမ်းနေတဲ့သူတွေအတွက်တော့ရှယ်ကားကြီးလာပါပြီ...ပရိသတ်ကြီးရဲ့အချစ်တော် မင်းသားချော ဂင်ဆူဟျွန်းက ယုံဒူရီရွာရဲ့ဂုဏ်ဆောင်၊Queens ကွန်ဂလိုမိတ်စီးပွားရေးလုပ်ငန်းစုကြီးရဲ့ ဒါရိုက်တာဘဲ့ဟျွန်းဝူအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီးမင်းသမီးချော ဂင်ဂျီဝမ်ကတော့ Queens ကုန်တိုက်ရဲ့ဘုရင်မတစ်ပါးလည်းဖြစ်လူချမ်းသာမိသားစုက အမွေခံအမျိုးသမီးတစ်ယောက်အဖြစ်ပါဝင်ထားပါတယ်....မျက်မှောက်ခေတ်မှာ လုပ်ငန်းစုကြီး ၂ခု ပူးပေါင်းရင် ပိုအင်အားကြီးတယ်လို့ယူဆတဲ့သူတို့ ၂ ယောက်ဟာ ဘဝ ၂ ခုပေါင်းပြီး လုပ်ငန်းစုကြီးတိုးပွားဖို့ ကြိုးစားကြပါတယ်..သို့ပေမဲ့ သူတို့ထင်ထားသလိုမဖြစ်လာဘဲ  အင်မတန်အန္တရယ်များတဲ့အဖျက်အမှောက်လုပ်ငန်းတွေကြုံတွေ့လာရတဲ့အခါမှာတော့...Episodes: 16 Aired: Mar 9, 2024 - Apr 28, 2024 Aired On: Saturday, Sunday Original Network:  Netflix Duration: 1 hr. 10 min. Genres: Comedy, Romance, Life, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Miri , ChitThe, Su Sandi , ...

Queen of Tears(2024)

2024
The Cleaning Lady (2021)
The Cleaning Lady (2021) "ဒီသွေးတွေကို ဘလိချ် နဲ့ ရေနွေးနဲ့ဆေးလိုက်ရင်ပြီးတာပဲ" "မဟုတ်ဘူး ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်နဲ့ ရေအေးနဲ့ ဆေးရတယ်၊ အပူကြောင့် သွေးက ပိုစွန်းသွားတတ်တယ်" လူသတ်မှုမှာ မျက်မြင်သက်သေဖြစ်နေလို့ အသတ်ခံရတော့မယ့်အချိန်မှာ ဒီစကားတစ်ခွန်းနဲ့ သိုနီရဲ့ ဘဝ ပြောင်းလဲသွားပါတော့တယ်။John Wick တို့ဘာတို့လို ရုပ်ရှင်ထဲမှာ လူတွေ သတ်ချင်တိုင်းသတ်ပြီးရင် လာရှင်းလင်းတဲ့အဖွဲ့တွေ ရှိကြတာကို မြင်ဖူးမှာပေါ့။ အဲဒီလို သန့်ရှင်းရေးသမားအကြောင်း စီးရီးရိုက်ထားတယ်ဆိုရင်ရော ဘယ်လိုနေမလဲ။ ၁၀ ပိုင်းအထိ အပတ်စဉ် ထွက်ရှိမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲက ဇာတ်ကောင်ကလည်း စီးရီး နာမည်အတိုင်း သန့်ရှင်းရေးအမျိုးသမီးပါပဲ။ သရုပ်ဆောင်ထားတာကတော့ Daredevil စီးရီးတွေထဲမှာ ကြမ်းပြခဲ့တဲ့ အလက်ထရာ မင်းသမီး အယ်လိုဒီယန်းပါပဲ။ ဒီဇာတ်လမ်းမှာတော့ သူဟာ အမေရိကန်မှာ တရားမဝင် နေထိုင်ပြီး သန့်ရှင်းရေးသမ လုပ်နေတာပေါ့။ တကယ်တော့သူက မနီလာ၊ ဖိလစ်ပိုင်က ဆရာဝန်တစ်ယောက်ပါ။ သူ့ရဲ့သားလေးမှာ ရှားပါးတဲ့ ကိုယ်ခံအားကျဆင်းရောဂါဖြစ်နေလို့ ...

The Cleaning Lady (2021)

2022
Hangout with Yoo (2019) How Do You Play? 9.4
Hangout with Yoo (2019) How Do You Play? Hangout with Yoo*******************အပိုင်းသစ် (၂၃၁)ကိုရီးယားရဲ့ နာမည်ကြီး Variety Show တစ်ခုဖြစ်တဲ့Hangout with Yoo လာပါပြီဘယ်သူနဲ့ Hangout ရမှာပါလဲ???ပရိသတ်အချစ်တော် Yoo Jae Suk နဲ့ Hangout ရမယ့် အစီအစဉ်ပဲဖြစ်ပါတယ်ဒီ Variety Show ကတော့ Yoo Jae Suk တစ်ယောက် သူ့ရဲ့ ပိတ်ရက်တွေမှာမလုပ်ဖူးတာတွေ တစ်ခုပြီးတစ်ခု လိုက်လုပ်ရမှာပါ...နာမည်ကြီး Guest တွေခေါ်ပြီး အဖွဲ့လိုက် ပရောဂျက်လုပ်ရတာမျိုးတွေ ပါဝင်တဲ့အပြင်RM က member တွေပါ မကြာခဏ ပါဝင်လေ့ရှိတာကြောင့်Running Man ကြိုက်တဲ့သူတွေ ဒီ Show ကိုလည်း သဘောကျမှာ အသေအချာပါပဲဘယ်လိုအခွီတွေဖြစ်ဦးမလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦးအပတ်စဉ် စနေနေ့တိုင်း Channel Myanmar မှာ တင်ဆက်ပေးသွားမှာပါ(အညွှန်းကိုတော့ Amelia မှ ရေးသားထားပြီးဘာသာပြန်သူများကတော့ CM Variety ပဲဖြစ်ပါတယ်) Quality – HD 720p File Size – (600 MB Appx) Duration- 60 minute appx++++++++++++++++++++++++++VIP Link - Click Here!Episode-(108)The Squid Game >>> Yoteshin ၊  Cmdrive ၊ Streamsb ၊ TelegramEpisode-(109)The Second Husband >>> Yoteshin ၊  Meganz ၊ Streamsb ၊ TelegramEpisode-(110)>>> Yoteshin ၊  Meganz ၊ Streamsb ၊ Userdrive ...
9.4
TMDb: 9.4/10 9 votes
tv

Hangout with Yoo (2019) How Do You Play?

2019
The Good Doctor 8.6
The Good Doctor The Good Doctor စီးရီးဟာ နာမည်ကြီးကိုရီးယားစီးရီးကို ပြန်လည်ရိုက်ကူးထားတာပါ။ကိုရီးယားစီးရီးကို မကြည့်ဖြစ်လိုက်ပေမယ့် ဒီအမေရိကန်စီးရီးကိုတော့ စိတ်ဝင်တစားကြည့်ဖြစ်ပါတယ်။ ဆရာဝန်စီးရီးတွေမှာတော့ အမေရိကန်စီးရီးတွေက အများကြီးပီပြင်ပါတယ်။ အသုံးအနှုန်းတွေ လှုပ်ရှားမှုတွေနဲ့ ရောဂါတွေက အတော်လေး သဘာဝကျပါတယ်။ဇာတ်လိုက်ကတော့ Autism အော်တစ်ဇင်ရောဂါရှိတဲ့ ပါရမီရှင် ခွဲစိတ်အလုပ်သင် ဆရာဝန်တစ်ယောက်ပါ။ သူ့ကို ဆေးရုံအုပ်ကြီးက သူ့ရာထူးနဲ့ရင်းပြီး ထောက်ခံပေးကာ အလုပ်ဆင်းခွင့်ပြုခဲ့ပါတယ်။ သူရောက်သွားတဲ့ ခွဲစိတ်ဆရာဝန်အဖွဲ့ခေါင်းဆောင်က အရမ်းတော်ပြီး မာနကြီးတယ်၊ သူ့တွဲဖက်တွေကလည်း လူသန်းဆန်သူ တကိုယ်ကောင်းဆန်သူ စသည်ဖြင့် လူအမျိုးမျိုးနဲ့ ကြုံလာရပါပြီ။သူ့ရဲ့ ထူးဆန်းတဲ့တွေးခေါ်ပုံတွေ လူတွေနဲ့ကသိကအောက် ဟာသတွေ၊ အမှန်နဲ့အမှားကြားက ကျင့်ဝတ်တွေနဲ့ အတော်ကို ဝေဝေဆာဆာရှိတဲ့ ဇာတ်လမ်းပါပဲ။ House MD, Grey Anatomy လိုမျိုးတွေ ကြိုက်တဲ့သူတွေအတွက်တော့ လုံးဝကျေနပ်စေမယ့် ဇာတ်လမ်းဖြစ်ပါတယ်။ အကောင်းဆုံးကြိုးစားပြီး ပြန်ပေးထားပါတယ်။ ဆရာဝန်တွေမှ သိနိင်မယ့်စာလုံးအချို့ ဘာသာပြန်မှားပါလာရင်တော့ နားလည်ပေးလိုက်ကြပါခင်ဗျ။Medical Field ...
8.6
TMDb: 8.6/10 5327 votes
tv

The Good Doctor

2017
Fire Country Season 2 8.342
Fire Country Season 2 Fire country (2024) Season 2မီးသတ်သမားတွေရဲ့ဘဝကို အခြေခံရိုက်ကူးထားတဲ့ Fire Country season 1 က ၂၀၂၂ခုနှစ်မှာ rating ကောင်းကောင်းနဲ့ ပွဲထွက်ခဲ့ပါတယ်။ ၂၀၂၄ ဖေဖော်ဝါရီလမှာ season 2 ထွက်ရှိလို့လာပါပြီ။Season 1မှာ အဓိကဇာတ်ကောင် Bode က သူ့အတိတ်ကနေ ထွက်ပြေးနေသူတစ်ယောက်ဖြစ်ပြီး သူ့ဇာတိမြို့ကို ရောက်ရှိသွားတယ်လေ။ ထောင်ကျရင်း လွတ်ငြိမ်းချမ်းသာခွင့်ရဖို့ သရီးရော့ခ် အကျဉ်းသားမီးသတ်တပ်ဖွဲ့မှာ လုပ်အားပေးခဲ့တယ်။ (season 1မကြည့်ရသေးရင် CM မှာ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။)အခု season 2 မှာတော့ Bode ဟာ ထောင်ထဲပြန်ရောက်နေပါတယ်။ အကြောင်းရင်းက သူ့သူငယ်ချင်း ဖရက်ဒီအစား အပြစ်ဝန်ခံပေးရင်း အစားထောင်ကျခံနေတာပါ။ သူ့မိဘတွေ ဗင့်စ်နဲ့ရှာရွန်ကတော့ သူတို့သား ထောင်ကျတာအတွက် စိတ်မကောင်းဖြစ်နေကြရပါတယ်။ “Bode ဟာ ထောင်ထဲမှာ ဘယ်လိုရှင်သန်နေလဲ။ သူ့ဘဝအတွက် ရှင်သန်ရတဲ့အဓိပ္ပာယ်ဟာ ဘာဖြစ်မလဲ။ အတ်ဂျ်ဝါးတားမြို့ဆီကိုရော သူပြန်ရောက်လာနိုင်မလား။”ပေါ့လူတွေဟာ အသက်ရှင်သန်ဖို့အကြောင်းရင်း ပျောက်ဆုံးရတဲ့အခါ ဘဝကိုလက်လျှော့ကျောခိုင်းတတ်ကြတယ်။ ထို့နည်းတူပဲ အသက်ရှင်သန်ဖို့အကြောင်းရင်းတစ်ခုလေးကို ...
8.342
TMDb: 8.342/10 73 votes
tv

Fire Country Season 2

2022
Renegade Nell (2024) 7.4
Renegade Nell (2024)  ဒီစီးရီးကတော့ လောလောလတ်လတ်က‌မှ Disney plus ကနေ ထွက်ရှိထားတဲ့ British သမိုင်းကြောင်းနောက်ခံ Fantasy Adventure type စီးရီးကောင်း‌လေးတစ်ပုဒ်ပါ။ ၁၈ ရာစုရဲ့ Adventure ဝတ္ထုတွေကို Inspiration ယူပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။နယ်လီဂျက်ခ်ဆန်ဆိုတဲ့ကောင်မလေးဟာ စိတ်လိုက်မာန်ပါလုပ်တတ်ပြီး ရဲစွမ်းသတ္တိပြည့်ဝတဲ့သူတစ်ယောက်ဖြစ်တယ်။ စစ်တပ်မှာအမှုထမ်းပြီး အိမ်ပြန်အလာမှာ လူသတ်မှုတစ်ခုမှာ ထောင်ချောက်ဆင်ခံရတဲ့အခါ သူ့ညီမနှစ်ယောက်နဲ့အတူ ရွာကနေထွက်ပြေးလာရပြီး ၁၈ ရာစု အင်္ဂလန်မှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ တောပုန်းဝရမ်းပြေးတစ်ယောက်ဖြစ်လာပါတယ်။ ဒါပေမဲ့ သူ့ကို ဘီလီဘလိုင်းလို့ခေါ်တဲ့ မှော်ဝင်သတ္တဝါလေးတစ်ကောင်က သူ့ကိုကာကွယ်ပေးနေတဲ့အခါ စွမ်းအားတွေပေးနေတဲ့အခါ သူ့ရဲ့ဘဝက သူထင်ထားတာထက် ပိုပြီးကြီးမားနေတယ်ဆိုတာ နားလည်လာဝောာ့တယ်။ဒီစီးရီးက Rating ကောင်းကောင်းရထားပြီး စွန့်စားခန်းတွေ တိုက်ခိုက်ခန်းတွေနဲ့ ကြည့်ရတာမပျင်းမယ့် စီးရီးတစ်ခုပါ။ ၁၈ ရာစုခေတ် အ‌ခြေအနေတွေ အပြင်အဆင်တွေနဲ့ ဇာတ်အိမ်ဖန်တီးထားပြီး ဇာတ်လမ်းအသွားအလာ storyline က တမူထူးခြားပြီး စိတ်ဝင်စားစရာကောင်းတယ်။ ကြည့်တဲ့သူကို ဆွဲဆောင်နိုင်တယ်၊ ...
7.4
TMDb: 7.4/10 35 votes
tv

Renegade Nell (2024)

2024
Young Sheldon (2017) 8.1
Young Sheldon (2017) The Big Bang Theory ထဲက လူ့ဂွစာ၊ လူမှုရေးမသိတတ်၊ ဟာသကိုနားမလည်၊ လူတောသိပ်မတိုးတဲ့ ပါရမီရှင် ရူပဗေဒပညာရှင် ရှယ်ဒန် လီ ကုပါး ကို မှတ်မိကြမှာပေါ့ဗျာ။ အခုကတော့ သူ့ရဲ့ spinoff series ဖြစ်တဲ့ Young Sheldon ကိုတင်ဆက်ပေးမှာပါ။ ဒီတော့ The Big Bang Theory ကြည့်ဖူးသူတွေအနေနဲ့တော့ ဘာမှပြောစရာသိပ်မလိုတော့ပါဘူး။ အခုမှ စကြည့်မယ်ဆိုရင်လည်း ဒီ series ကို အရင်ကြည့်ပြီးမှ The Big Bang Theory ကိုဆက်ကြည့်ရင် ပိုကောင်းပါတယ်။ ဒီ series မှာတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အဲလ်ဘတ် အိုင်းစတိုင်း နဲ့ IQ အတူတူဖြစ်နေတဲ့ ကိုးနှစ်သားကောင်လေးတစ်ယောက်ကို မြင်ရပါမယ်။သိပ်ဉာဏ်ကောင်းလွန်းနေတော့ အမွှာညီမ မူလတန်းကျောင်းမှာ လက်ချောင်းပန်းချီလေးတွေဆွဲ၊ တီဗီကလာတဲ့ "ဘဲပုံပြင်" ကြည့်နေချိန်မှာ ...
8.1
TMDb: 8.1/10 2091 votes
tv

Young Sheldon (2017)

2017
The Legend of Bruce Lee (2008) 6.5
The Legend of Bruce Lee (2008)  Cultural phenomenal လို့ခေါ်တဲ့ တစ်ခေတ်တစ်ယောက် ထွန်းထွန်းပေါက်ကြသူတွေထဲမှာ ဘရုစ်လီ ဆိုတာ ဒဏ္ဍာရီဆန် ဂန္တဝင်မြောက်တဲ့ သိုင်းပညာရှင် အတွေးအခေါ်ပညာရှင်ကြီးပါ။ သရုပ်ဆောင်တွေ ရုပ်ရှင်ဒါရိုက်တာတွေ ထုတ်လုပ်သူဆိုတာတွေက ကျွဲကူးရေပါလာတဲ့ အောင်မြင်မှုတွေမလို့ အရေးတယူ မပြောတော့ပါဘူး။သိုင်းပညာဆိုတဲ့ ပညာရပ်မှာတော့ တစ်ဖက်ကမ်း ခပ်ရုံမက ထုံးလိုချေ ရေလိုနှောက် အဆင့်ထက်ကျော်တဲ့၊ သိုင်းပညာနဲ့ ဘရုစ်လီ၊ ဘရုစ်လီ နဲ့ သိုင်းပညာဟာ ခွဲခြားလို့မရတော့ဘဲ တစ်သားထည်းဖြစ်သွားတဲ့ အဆင့်ကို ရောက်နေသူကြီးပါ။အတွေးအခေါ်ပိုင်းမှာလည်း ဘရုစ် ပြောခဲ့တဲ့ စကားတွေ အတွေးအခေါ်တွေကို သိုင်းပညာရပ်မှာသာမက အခြားနယ်ပယ်တွေမှာလည်း တခုတ်တရ သုံးစွဲရတဲ့အထိ လေးနက်ပြောင်မြောက်လွန်းလှပါတယ်။ဘုရားသခင်ဟာ အကောင်းဆုံးတွေကို လူတစ်ယောက်တည်းမှာ စုပြုံထည့်မပေးတတ်ဘူးတဲ့။ လီရှောင်လုံ လို့ခေါ်တဲ့ ဘရုစ်လီ ကတော့ ဘုရားသခင် မှားယွင်းဖန်ဆင်းမိတဲ့ အပြီးပြည့်စုံဆုံးသော လူသားတစ်ယောက်ပါပဲ။ လူ့လောကမှာ ကြာကြာမထားရဲဘဲ သူ့သက်တမ်း ၃၂ နှစ်မှာ ပြန်ခေါ်လိုက်ရတာကိုပဲ ကြည့်တော့။လီရှောင်လုံ ...
6.5
TMDb: 6.5/10 26 votes
tv

The Legend of Bruce Lee (2008)

2008

Genres

Archives