အခုတစ်ခေါက်တင်ဆက်ပေးထားတဲ့ Rising Free ဆိုတဲ့ဇာတ်ကားလေးထဲမှာတော့ ၁၉ရာစု အမေရိကန်ပြည်သူတွေရဲ့ စစ်ပွဲတွေ သူပုန်ရန်တွေကြား ရုန်းကန်ရပုံတွေ ဒုက္ခတွေကြားက မျှော်လင့်ချက်နဲ့ရှင်သန်ရတာတွေကို ရိုက်ကူးပုံဖော်ထားတာ တွေ့ရမှာပါ။
ဘဝကိုကြမ်းတမ်းစွာ ဖြတ်သန်းခဲ့ရတဲ့ Nakomay ဆိုတဲ့ မိန်းကလေးဟာ အော်ရီဂွန်ပြည်နယ်က သူပုန်တွေလက်ချက်နဲ့ မိသားစုကိုဆုံးရှုံးခဲ့ရပါတယ်။
မိသားစုကိုဆုံးရှုံးခဲ့ရတဲ့ ဖြစ်ရပ်ကြောင့် ခံစားနေရတဲ့ Nakomay ကို ကယ်တင်ခဲ့တဲ့ Ethel ိုတို့မိသားစုဟာ Nakomay ခံစားနေရတာကို ကူညီပေးရင်း မျှဝေခံစားပေးခဲ့ပါတယ်။
Ethel တို့မိသားစုဟာလည်း စစ်ပွဲကြားက ထွက်ပြေးကာ နာကျင်စရာအတိတ်တွေကို ရင်ဆိုင်ကျော်ဖြတ်နေရတဲ့ သူတွေပါပဲ။
ဒီဇာတ်လမ်းလေးထဲမှာတော့
သေဆုံးသွားတဲ့ မိသားစုဝင်တွေအတွက် ယူကြုံးမရဖြစ်နေတဲ့ Nakomay
အတိတ်ဆိုးတွေကြားက မိသားစုပေါင်းစည်းနိုင်ရေးအတွက် ဖျောင်းဖျရင်း အေးချမ်းအောင်နေတတ်သူ Ethel
အားငယ်နေတဲ့Nakomay ကို ကာကွယ်စောင့်ရှောက်ရင်း Nakomay ကိုချစ်မိသွားတဲ့ Banjamin
စစ်ပွဲကြား မိမိကြောင့် မိခင်သေဆုံးသွားရတဲ့အတွက် လေလွင့်နေတဲ့ James
စတဲ့ဇာတ်ကောင်တွေနဲ့ 1887 ခုနှစ် သူပုန်တွေကြား ရှောင်ပုန်းနေရတဲ့ ကပြားကောင်မလေးရဲ့ဘဝကို မြင်တွေ့ရရုံသာမက Nakomay နဲ့ Bajamin ကြားက နူးညံ့တဲ့ချစ်ခြင်းနဲ့ လူသားတွေရဲ့ ခွင့်လွှတ်မှု ယုံကြည်မှု မျှော်လင့်ချက်တို့ကိုရိုက်ကူးပုံဖော်ထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။
သူပုန်တွေနဲ့ စစ်ပွဲတွေကြား မိသားစုတွေ ဆုံးရှုံးခဲ့ကြတဲ့ သူတို့ အန္တရာယ်တွေကြား ဘယ်လိုရုန်းကန်ကြမလဲ
Nakomay ကရော အဆုံးသတ်မှာ သောကတွေကို ဖျောက်ပြီး သူချစ်ရသူနဲ့ ပေါင်းစည်းနိုင်ပါ့မလား
တခြားသူတွေ ဒုက္ခရောက်တာကို ပျော်ရွှင်နေတတ်တဲ့ သူပုန်တစ်ဦးကရော သူ့ရဲ့လုပ်ရပ်တွေကို နောင်တရသွားပါ့မလား စတာတွေကို စိတ်ဝင်စားစရာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
ပါဝင်ထားတဲ့သရုပ်ဆောင်တွေကတော့
Stephan Lunsford, Samantha Droke, Melanie Foust, Bob Grove, Elias Kamplain တို့ပဲဖြစ်ပါတယ်။
File Size : 750 Mb / 300 Mb
Quality :WEB-DL 720p
Format…mp4
Duration…01:42:00
Genre : Drama, History
Subtitle : Myanmar Subtitle (Hard Sub)
Translated by Lwin Lwin Aung
Encoded by Littleneo
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။