Channel Myanmar

Justin Bieber: Our World (2021)

PG 1h 35min Documentary

5.2
IMDB: 5.2/10 43 votes

327745

Report error

Justin Bieber : Our World (2021)

This Is My World Documentary ထွက်ပြီး ဆယ်နှစ်အကြာမှာ
Our World အမည်ရ Documentary လေးထွက်ရှိလာပြီဖြစ်ပါတယ်။

2010 ခုနှစ်ဝန်းကျင်တွေမှာ Justin Bieber ဆိုတဲ့နာမည်ဟာ
လူတိုင်းရဲ့ ပါးစပ်ဖျားမှာ ပဲ့တင်ထပ်နေခဲ့သလိုပဲ၊
အဲ့အချိန်တုန်းက Justin ကို သဘောမကျခဲ့တဲ့
နှုတ်ခမ်းနီမလေးတွေဆိုတာ မရှိသလောက်ကို ရှားပါတယ်။
“Baby” သီချင်းနဲ့ ကမ္ဘာကျော်လူကြိုက်များခဲ့တဲ့ Justin Bieber ဟာ
ဆယ်နှစ်အတွင်းမှာ ဘဝအချိုးအကွေ့ပေါင်းများစွာနဲ့ ကြုံတွေ့ခဲ့ရပေမဲ့
အရည်အချင်းရှိ အဆိုတော်တစ်ယောက်ဆိုတဲ့အချက်ကတော့ ပြောင်းလဲမသွားခဲ့ပါဘူး။

ဒီ Our World Documentary ကို လော့စ်အိန်ဂျလိစ်မြို့မှာတည်ရှိတဲ့
Beverly Hilton ဟိုတယ်ရဲ့ မိုးမျှော်ထပ်မှာ ရိုက်ကူးခဲ့တာပါ။
ကိုဗစ်ကြောင့် ရှိုးပွဲကို လူအယောက် ၂၄၀ ပဲတက်ရောက်ခဲ့ရပေမဲ့
တိုက်ရိုက်ထုတ်လွှင့်မှုကို လူပေါင်းသန်းနဲ့ချီပြီးကြည့်ရှုခဲ့ကြပါတယ်။
My World album ကစလို့ Believe, Purpose, Changes စတဲ့ Album ထဲက
သီချင်းပေါင်းမြောက်များစွာကို သီဆိုဖျော်ဖြေထားပါတယ်။
စတိတ်အပြင်အဆင်ကလည်း တမူထူးခြားတာမို့
အမိုက်စား performance တွေကိုတွေ့မြင်ရမှာပါ။

အောင်မြင်မှုဒဏ်တွေကို ရင်ဆိုင်ကျော်ဖြတ်ပြီးနောက် ရင့်ကျက်နေတဲ့ Justin Bieber ကို
သူ့ရဲ့ချစ်ဇနီးလေး Hailey Bieber နဲ့အတူ တွေ့မြင်ရပါတယ်။
သူတို့ရဲ့နှစ်ယောက်ရဲ့ ပျော်ရွှင်သာယာနေတဲ့ အိမ်ထောင်ရေးကိုလည်း
မပါမဖြစ် ထည့်သွင်းဖော်ပြထားတာမို့
ဒီ Documentary လေးကို Belieber တွေသာမက
ငယ်စဉ်က သူ့သီချင်းတွေနားထောင်ပြီး ခေတ်တစ်ခတ်ကိုဖြတ်သန်းခဲ့ဖူးတဲ့လူတိုင်း
ကြည့်ရှုသင့်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။

ဇာတ်လမ်းအညွှန်းကို Thet Hnin Hsu မှ ရေးသားပေးထားပြီး

ဘာသာပြန်တွေကတော့ JimX, Shwe Pyae, Thet Hnin Hsu တို့ပဲဖြစ်ပါတယ်။

Quality….WEB-DL 1080p and 720p
File size…1.8GB and 1.1GB
Format…mp4
Duration….1h 35min
Subtitle….Myanmar Subtitle (Hardsub)
Translator …..Thet Hnin Hsu, Shwe Pyae, JimX
Encoder ….. August



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Justin Bieber: Our World (2021)
Justin Bieber: Our World (2021)


No downloads available

Genres



Related movies