Breaking In ဆိုတဲ့ကားလေးကတော့ ရဲရင့်တဲ့ အမေ တစ်ယောက်အကြောင်းကို ရိုက်ပြထားတာပါ
ရှောင်ကတော့ နာမည်ကျော် စီးပွားရေးသမားတစ်ဦးရဲ့ သမီးဖြစ်ပါတယ်
ဒါပေမဲ့ သူ့အဖေနဲ့ စကားမပြောဖြစ်တာလည်း အတော်ကြာခဲ့ပါပြီ
သူ့အဖေကလည်း အခွန်ရှောင်မှု့ ငွေခဝါချမှု့ တွေကြောင့် အစွပ်စွဲခံနေရတာပါ
ဒီလို အစွပ်စွဲ အစစ်ဆေးခံနေရချိန်မှာပဲ ရှောင်ရဲ့ အဖေကသေဆုံးသွားပါတယ်
ဒီတော့ရှောင်က သူ့ အဖေဆီကနေ မြို့ပြင်က အိမ်တစ်လုံးကို အမွေဆက်ခံရတာပေါ့
အဲ့အိမ်မှာပဲ သူကြီးပြင်းခဲ့ရသလို အဲ့အိမ်မှာပဲ သူနာကြည်းရတဲ့ သူ့အဖေကို မုန်းရတဲ့ အငွေ့အသက်တွေက ကျန်ရှိနေသေးတာမို့ သူက အဲ့အိမ်ကို ရောင်းဖို့ ပြင်ပါတယ်
ဒါကြောင့် ပိတ်ရက်တစ်ရက်မှာ သူ့သားသမီး နှစ်ယောက်နဲ့ အတူ ရောင်းဖို့ ပြောင်းရွှေ့ ဖို့သွားတာပေါ့
သူတို့ အဲ့အိမ်ကို ရောက်မှ သိရတာက အဲ့အိမ်ကြီးက အဆင့်မြင့် ဒိုင်းကာတွေ အပူအာရုံခံ ကိရိယာတွေ လှုပ်ရှားမှု့ အာရုံခံကိရိယာတွေတပ်ဆင်ထားတယ် ဆိုတာပါပဲ
အဲ့အချိန်မှာပဲ သူတို့အိမ်ကို လူတစ်သိုက်က ဖောက်ဝင်ပြီး သူ့ကလေးတွေကို ထိန်းသိမ်းထားပါတော့တယ်
လူဆိုးတစ်သိုက်က ရှောင်ရဲ့ အဖေ သိမ်းထားရစ်ခဲ့တဲ့ ပိုက်ဆံတွေကို လိုချင်တာဆိုပါတော့ ဒါပေမဲ့လည်း ရောက်နေတဲ့ ခလေးနှစ်ယောက်က မျက်မြင်သက်သေဖြစ်နေတဲ့ အပြင် အဖိုးကြီးရဲ့ မြေးတွေလည်းဖြစ်နေလို့ ထိန်းသိမ်းထားရတာပေါ့
ဒီလို အပြင်ကနေဖောက်ဝင်ဖို့ မလွယ်တဲ့ အိမ်ထဲကို မိန်းမသားဖြစ်တဲ့ ရှောင်တစ်ယောက် ဘယ်လို ဝင်ပြီး လူဆိုးတွေလက်ထဲကဘယ်လိုကယ်မလဲ ဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရမှာပါ
(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသာရစ်ပါ)
File Size : (750 MB) and (350 MB)
Quality : Blu-Ray 720p
Running Time : 1hr 28min
Format : Mp4
Genre : Action, Crime, Drama
Subtitle : Myanmar Subtitle (Hard Sub)
Source : 720p.BluRay.x264-GECKOS
Translated by Tariq L Walker
Encoded by Thanhtike Zaw
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။