Channel Myanmar


Wanted (2008)

Wanted    

R 1h 50min ActionCrimeFancy

6.7
IMDB: 6.7/10 353,019 votes

, , , , , , , , ,

Nominated for 2 Oscars. Another 4 wins & 20 nominations

USA | Germany

42153

Report error

Wanted (2008)

IMDb – 6.7/10______Rotten 71%

 

ဝီစလေ ဂစ်(ဘ်)ဆင် [James McAvoy] ဆိုတဲ့ လူငယ်လေးဟာ ချီကာဂို မြို့ထဲက
ကုမ္ပဏီတစ်ခုမှာ ဘာတက်လမ်းမှ မရှိတဲ့ စားရင်းကိုင် အလုပ်လေးတစ်ခုအတွက်နဲ့
သူတစ်ပါးကို ပေးထားတဲ့ လုပ်ခလစာနဲ့မတန်အောင် မတရားခိုင်းစေပြီး
မိမိကိုယ်တိုင်ကတော့ ဘာအလုပ်မှမလုပ်တဲ့ အထက်လူကြီးတစ်ယောက်ရဲ့လက်အောက်မှာ အလုပ်လုပ်ကိုင်ရပါတယ်

တစ်နေ့မှာတော့ ဂစ်(ဘ်)ဆင် တစ်ယောက် သူ့ရဲ့အတူနေချစ်သူက
သူ့အပေါ်သစ္စာမရှိပဲ သူရဲ့အခင်ဆုံး သူငယ်ချင်းတစ်ယောက်နဲ့
ဖောက်ပြန်တာကြောင့် စိတ်အာရုံထွေပြားပြီး ခေါင်းကိုက်နေတာကြောင့်
သူကိုယ်တိုင်အတွက်ခေါင်းကိုက်ပျောက်ဆေးနဲ့အတူ သူ့ချစ်သူအတွက်
သန္ဓေတားဆေးပါ ဝယ်နေတဲ့အချိန် ဆေးဆိုင်လေးမှာ …
ဖော့(စ်) [Angelina Jolie] ဆိုတဲ့ အမျိုးသမီး တစ်ယောက်နဲ့တွေ့ဆုံခဲ့တယ်
ဖော့(စ်) က ဝီစလေရဲ့ဖခင် ကို သူမ သိကြောင်း ယမန် နေ့ညက
သူ့အဖေ အသတ်ခံရကြောင်းနဲ့ သူ့အဖေကို သတ်တဲ့ လူသတ်တရားခံက
သူ့နောက်ကို လိုက်နေကြောင်း ပြောပြပေမဲ့ သာမန် လူရိုးသားလေး ဂစ်(ဘ်)ဆင်
အဖို့တော့ ဒီကိစ္စကြီးဟာ လက်မခံနိုင်စရာ ဖြစ်နေပါတယ်

ဒီလိုနဲ့ ဖော့(စ်) ဟာ ဂစ်(ဘ်)ဆင် ကို အန္တရာယ်ကြားမှ ကယ်တင်ခဲ့ပြီး
သူတို့စခန်းရှိရာကို ခေါ်သွားပါတယ်
အဲ့ဒီနေရာမှာတော့ သူဟာ လျှို့ဝှက် အဖွဲ့အစည်းရဲ့ခေါင်းဆောင်
ဆလိုအန် [Morgan Freeman] နဲ့တွေ့ဆုံခဲ့ရပြီး ဆလိုအန် က
ဂစ်(ဘ်)ဆင် မှာလည်း သူ့ဖခင်လိုပဲ စွမ်းဆောင်ရည်များ
ရှိကြောင်းပြောပြပြီး သူကိုယ်တိုင် သိရှိအောင်လည်း လက်တွေ့စမ်းသပ်ပြလိုက်ပါတယ်
ဒါပေမဲ့ ဂစ်(ဘ်)ဆင် တစ်ယောက် လက်မခံနိုင်ပဲ ဒေါသတစ်ကြီးနဲ့ထွက်သွားရာမှ
နောက်နေ့မှာတော့ သူပိုင်ဆိုင်ထားတဲ့ သာမန် လူနေမှုဘဝကို စွန့်ပစ်ပြီး
လျှို့ဝှက်အဖွဲ့အစည်း နဲ့ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်
လျှို့ဝှက်အဖွဲ့အစည်းကတော့ ဝီစလေ ရဲ့ပျော့ညံ့တဲ့ စိတ်ဓာတ်တွေကို
သူတို့ရဲ့ရက်စက်ကြမ်းကြုတ်လှတဲ့ ပြန်လည်ပြုပြင်ရေးတွေနဲ့
စိတ်ဓာတ်ခိုင်မာလာအောင် လေ့ကျင့်ပေးခဲ့ပါတယ်

ဒီနောက်ပိုင်းမှာတော့ ဝီစလေ ဟာ မြောက်မြားစွာသော စစ်ဆင်ရေးတွေမှာ
ပါဝင်ခဲ့ပြီး သူကိုယ်တိုင်လည်း သူ့ဖခင်လို တိုက်ခိုက်ရေး သမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်
ဝီစလေ ဟာ အခက်အခဲများစွာထဲကမှ သူ့ရဲ့အသက်ကိုရင်းပြီး
ဒဏ်ရာတွေအကြိမ်ကြိမ်ရရင်း စစ်ဆင်ရေး အောင်မြင်ဖို့သူတတ်စွမ်းနိုင်တာထက်
ပိုပြီး သူ့ဘဝကိုပေးဆပ်ရင်း အဖွဲ့အစည်းအတွက် အလုပ်လုပ်ပေးခဲ့ပုံများကို
ရသစုံလင်စွာ ရိုက်ကူးတင်ဆက်ပေးထားတဲ့ အက်ရှင် ဇာတ်ကြမ်း တစ်ကားဖြစ်တာကြောင့်
အက်ရှင် ဇတ်ကြမ်းများ ကြိုက်နှစ်သက်သူ များအနေနဲ့(လုံးဝ)x3 လက်မလွှတ်သင့်တဲ့
ဇာတ်ကားလေးပဲဖြစ်ပါတယ်

(ဘာသာပြန်သူကတော့ MT(UCSY)  ဖြစ်ပြီး အညွန်းရေးပေးသူကတော့ Carey Neyinပဲ ဖြစ်ပါတယ်)

၀ီစေလ ဂစ္(ဘ္)ဆင္ [James McAvoy] ဆိုတဲ့ လူငယ္ေလးဟာ ခ်ီကာဂို ၿမိဳ ့ထဲက
ကုမၸဏီတစ္ခုမွာ ဘာတက္လမ္းမွ မရွိတဲ့ စားရင္းကိုင္ အလုပ္ေလးတစ္ခုအတြက္နဲ ့
သူတစ္ပါးကို ေပးထားတဲ့ လုပ္ခလစာနဲ ့မတန္ေအာင္ မတရားခိုင္းေစၿပီး
မိမိကိုယ္တိုင္ကေတာ့ ဘာအလုပ္မွမလုပ္တဲ့ အထက္လူႀကီးတစ္ေယာက္ရဲ ့လက္ေအာက္မွာ အလုပ္လုပ္ကိုင္ရပါတယ္

တစ္ေန ့မွာေတာ့ ဂစ္(ဘ္)ဆင္ တစ္ေယာက္ သူ ့ရဲ ့အတူေနခ်စ္သူက
သူ ့အေပၚသစၥာမရွိပဲ သူရဲ ့အခင္ဆံုး သူငယ္ခ်င္းတစ္ေယာက္နဲ ့
ေဖာက္ျပန္တာေၾကာင့္ စိတ္အာရံုေထြျပားၿပီး ေခါင္းကိုက္ေနတာေၾကာင့္
သူကုိယ္တိုင္အတြက္ေခါင္းကိုက္ေပ်ာက္ေဆးနဲ ့အတူ သူ ့ခ်စ္သူအတြက္
သေႏၶတားေဆးပါ ၀ယ္ေနတဲ့အခ်ိန္ ေဆးဆိုင္ေလးမွာ …
ေဖာ့(စ္) [Angelina Jolie] ဆိုတဲ့ အမ်ိဳးသမီး တစ္ေယာက္နဲ ့ေတြ ့ဆံုခဲ့တယ္
ေဖာ့(စ္) က ၀ီစေလရဲ ့ဖခင္ ကုိ သူမ သိေၾကာင္း ယမန္ ေန ့ညက
သူ ့အေဖ အသတ္ခံရေၾကာင္းနဲ ့ သူ ့အေဖကို သတ္တဲ့ လူသတ္တရားခံက
သူ ့ေနာက္ကို လိုက္ေနေၾကာင္း ေျပာျပေပမဲ့ သာမန္ လူရိုးသားေလး ဂစ္(ဘ္)ဆင္
အဖို ့ေတာ့ ဒီကိစၥႀကီးဟာ လက္မခံႏိုင္စရာ ျဖစ္ေနပါတယ္

ဒီလိုနဲ ့ ေဖာ့(စ္) ဟာ ဂစ္(ဘ္)ဆင္ ကုိ အႏၱရာယ္ၾကားမွ ကယ္တင္ခဲ့ၿပီး
သူတို ့စခန္းရွိရာကို ေခၚသြားပါတယ္
အဲ့ဒီေနရာမွာေတာ့ သူဟာ လွ်ိဳ ့၀ွက္ အဖြဲ ့အစည္းရဲ ့ေခါင္းေဆာင္
ဆလိုအန္ [Morgan Freeman] နဲ ့ေတြ ့ဆံုခဲ့ရၿပီး ဆလိုအန္ က
ဂစ္(ဘ္)ဆင္ မွာလည္း သူ ့ဖခင္လိုပဲ စြမ္းေဆာင္ရည္မ်ား
ရွိေၾကာင္းေျပာျပၿပီး သူကုိယ္တိုင္ သိရွိေအာင္လည္း လက္ေတြ ့စမ္းသပ္ျပလိုက္ပါတယ္
ဒါေပမဲ့ ဂစ္(ဘ္)ဆင္ တစ္ေယာက္ လက္မခံႏိုင္ပဲ ေဒါသတစ္ႀကီးနဲ ့ထြက္သြားရာမွ
ေနာက္ေန ့မွာေတာ့ သူပိုင္ဆိုင္ထားတဲ့ သာမန္ လူေနမႈဘ၀ကို စြန္ ့ပစ္ၿပီး
လွ်ိဳ ့၀ွက္အဖြဲ ့အစည္း နဲ ့ပူးေပါင္းေဆာင္ရြက္ခဲ့ပါတယ္
လွ်ိဳ ့၀ွက္အဖြဲ ့အစည္းကေတာ့ ၀ီစေလ ရဲ ့ေပ်ာ့ညံ့တဲ့ စိတ္ဓာတ္ေတြကို
သူတို ့ရဲ ့ရက္စက္ၾကမ္းၾကဳတ္လွတဲ့ ျပန္လည္ျပဳျပင္ေရးေတြနဲ ့
စိတ္ဓာတ္ခိုင္မာလာေအာင္ ေလ့က်င့္ေပးခဲ့ပါတယ္

ဒီေနာက္ပိုင္းမွာေတာ့ ၀ီစေလ ဟာ ေျမာက္ျမားစြာေသာ စစ္ဆင္ေရးေတြမွာ
ပါ၀င္ခဲ့ၿပီး သူကုိယ္တိုင္လည္း သူ ့ဖခင္လို တိုက္ခိုက္ေရး သမားတစ္ေယာက္ျဖစ္လာခဲ့ပါတယ္
၀ီစေလ ဟာ အခက္အခဲမ်ားစြာထဲကမွ သူ ့ရဲ ့အသက္ကိုရင္းၿပီး
ဒဏ္ရာေတြအႀကိမ္ႀကိမ္ရရင္း စစ္ဆင္ေရး ေအာင္ျမင္ဖို ့သူတတ္စြမ္းႏိုင္တာထက္
ပိုၿပီး သူ ့ဘ၀ကိုေပးဆပ္ရင္း အဖြဲ ့အစည္းအတြက္ အလုပ္လုပ္ေပးခဲ့ပံုမ်ားကို
ရသစံုလင္စြာ ရုိက္ကူးတင္ဆက္ေပးထားတဲ့ အက္ရွင္ ဇာတ္ၾကမ္း တစ္ကားျဖစ္တာေၾကာင့္
အက္ရွင္ ဇတ္ၾကမ္းမ်ား ႀကိဳက္ႏွစ္သက္သူ မ်ားအေနနဲ ့(လံုး၀)x3 လက္မလႊတ္သင့္တဲ့
ဇာတ္ကားေလးပဲျဖစ္ပါတယ္

(ဘာသာျပန္သူကေတာ့ MT(UCSY)  ျဖစ္ျပီး အညြန္းေရးေပးသူကေတာ့ Carey Neyinပဲ ျဖစ္ပါတယ္)

 

File Size         : 786 MB
Quality           : Blu ray 720P
Running Time : 1hr 50 minute
Format           : Mp4
Genre             : Action, Crime, Fantasy
Encoder         : Joker.phs
Wanted (2008)
Wanted (2008)
Wanted (2008)


No downloads available

Genres



Related movies