Channel Myanmar

Gravity(2013)

Uncategorized

IMDB: /10 votes

406703

Report error

ကြည့်ကိုကြည့်သင့်တဲ့ကားပါ..။ ကဲစထဲကပြောထားလိုက်ပြီ။ မကြိုက်တဲ့ သူတွေက ဘာလို့ မကြိုက်ကြလည်းတော့မသိဘူး။ အကောင်းတကာ့ အကောင်းဆုံးကားတွေထဲမှာ ဒီကားလည်းပါပါတယ်။ တစ်ချိန်က နာမည်ကြီးခဲ့တဲ့ Godfather ဇာတ်လမ်းတွေ၊ Nolan ရဲ့ The Dark Knight ၃ကားနဲ့ တန်းတူ အောင်မြင်ပြီး အရည်အသွေးကောင်းတဲ့ကားပါ။ အခုထဲကတောင် Oscar Nomination မှာ ထိပ်ဆုံးက စာရင်းပြေးနေပါပြီ။ Best Actress, Best Achievement in Visual Effect, Best Writing, Director, စတဲ့ ဆုတွေအတွက် ဆန်ကာတင်စာရင်းမှာ ပါဝင်ဖို့လည်း ကြိမ်းသေနေပါတယ်။ ဒီကားကိုကြည့်ရင်းနဲ့ မြန်မာပြည်ကိုတောင် ပြန်သတိရမိပါတယ်။

အမေရိကားနိုင်ငံမှာ လူကြိုက်များရတဲ့ အဓိကအကြောင်းအရင်းကတော့ Cold War (1947-1991) အမေရိက နဲ့ ရုရှားတို့ စစ်အေးတိုက်ပွဲကာလ (ကုလသမဂ္ဂဥက္ကဌ ဦးသန့် ဖြေရှင်းပေးခဲ့ရတဲ့ Cuban Missile Crises, ref: http://www.unspecial.org/UNS680/t23.html) ) ကာလတုန်းက သူတို့ နှစ်နိုင်ငံက စစ်ရေးတင်မကပဲ အာကာသ ကို လူလွှတ်နိုင် ဖို့၊ ဂြိုလ်ထုတွေ လွှတ်တင်နိုင်ဖို့ကိုပါ ပြိုင်ဆိုင်ခဲ့ကြပါတယ်။ အဲ့ဒီ ကစလို့ အမေရိကန်လူမျိုးတွေက အာကာသကို သွားဖို့က သူတို့ရဲ့ စိတ်ကူးယဉ်အိမ်မက် ဖြစ်ခဲ့ပါတယ်။ (မြန်မာ နိုင်ငံမှာ ၁ဝတန်းပြီးရင် ဆေးကျောင်းတက်ရမယ် ဆိုသလို၊ အမေရိကား မှာလည်း လူငယ်တော်တော်များများက အာကာသကိုသွားတဲ့ Astronaut ဖြစ်ချင်ခဲ့ ကြပါတယ်။ ဖြစ်ဖို့လည်း မလွယ်ပါဘူး။) ဒါကြောင့်လည်း ဒီကားက အမေရိကား မှာ လူကြိိုက်များနာမည်ကြီးပြီး အောင်မြင်မှုတွေလည်း ရရှိနေပါတယ်။

ဒါပေမယ့် ဒီတစ်ချက်တည်းတင်မဟုတ်ပါဘူး။ ဒီကားက Action, Drama, Thriller အစရှိတဲ့ ရသပေါင်းစုံခံစား နိုင်အောင် ရိုက်ကူးတင်ဆက်ထားပြီး အာကာသထဲက စွန့်စားခန်းတွေကို ပရိတ်သတ်တွေ ရင်သက်ရှုမော ခံစားနိုင်အောင် ရိုက်ကူးထားတဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားရဲ့ ဆောင်ပုဒ် က Life in Space is impossible ဆိုတဲ့အတိုင်း အာကာသ ထဲက လူတွေရဲ့ဘဝကို ဖော်ပြထားပါတယ်။

အာကာသထဲကို သွားရင် အမြဲတမ်း အာကာသယာဉ်မောင်း ပိုင်းလော့ ၂ယောက် (အမေရိကန်လေတပ် က အရာရှိတွေကိုပဲ ပိုင်းလော့ခန့်ပါတယ်)။ ပညာရှင် ၂ယောက်၊ ယေဘူယျအားဖြင့် ပါလေ့ရှိပါတယ်။
ဇာတ်လမ်း ကတော့ George Clooney က Pilot ဖြစ်ပြီး ဒီ Mission ရဲ့ ခေါင်းဆောင်လည်းဖြစ်ပါတယ်။ Sandra Bullock ကတော့ ဂြိုလ်ထုကို ပြင်ဖို့ လိုက်ပါလာတဲ့ ပညာရှင်တွေထဲက တစ်ယောက်ပါ။ သူတို့က အာကာသထဲမှာ ရောက်နေတာ ၁ပတ်လောက်ရှိနေပြီဖြစ်ပြီး ဂြိုလ်ထုကို ပြင်လို့မရသေးပါဘူး။ အဲ့ဒီအချိန်မှာပဲ ရုရှားက Cold War အတွင်းက လွှတ်တင်ထားတဲ့ ဂြိုလ်ထုဟောင်းတစ်လုံးကို ဒုံးကျည်နဲ့ ဖျက်ဆီးလိုက်ရာကနေ ဂြိုလ်ထုအပိုင်းအစ တွေက ဂြိုလ်ပတ်လမ်း ထဲမှာ လွင့်နေပြီး ရှိသမျှ အရာ တွေကို ပျက်ဆီးစေတာကြောင့် သူတို့ရဲ့ Mission ကို ရပ်ပြီး ပြန်လာဖို့ ကမ္ဘာပေါ်က ဌာနချုပ် Houston (အမေရိကန်နိုင်ငံ တက္ကဆက်စ် ရှိ အာကာသ စခန်း) က အမိန့်ပေးပါတယ်။ အဲ့ဒီအချိန်မှာပဲ ဂြိုလ်ထု အပိုင်းအစတွေ ထိမှန်ပြီး သူတို့ရဲ့ အာကာသယဉ်လည်း ပျက်ဆီးသွားသလို George Clooney နဲ့ Sandra Bullock တို့ပဲ အသက်ရှင်ကျန်ခဲ့ပါတယ်။ Sandra Bullock အာကာသထဲမှာ မျောသွားတာကို George Clooney က လိုက်ကယ်ရမှာဖြစ်ပြီး အနီးနားမှာ မပျက်ဆီးပဲ ကျန်ခဲ့တဲ့ ရုရှား နဲ့ တရုတ် တို့ရဲ့ အာကာသ စခန်းကနေ သူတို့ရဲ့ အရေးပေါ် ကမ္ဘာကိုပြန်ဆင်းတဲ့ ယဉ်ပျံနဲ့ ပြန်ဆင်းဖို့ ကြိုးစားရမှာပါ။ ဒါပေမယ့် အာကာသ ထဲမှာ မျောနေတာက ကမ်းမမြင် လမ်းမမြင်နဲ့ ပင်လယ်ထဲမှာမျောနေရသလိုပါပဲ။ ပိုဆိုးတာက အာကာသက လေဟာနယ်ဆိုတော့ ရေကူးသလိုမျိုးတောင် ကိုယ်လိုရာကို သွားလို့့မရပါဘူး။ အာကာသသွားတဲ့သူတွေက သူတို့ရဲ့ကျောကုန်းမှာ သူတို့လိုရာကိုသွားနိုင်ဖို့ Jet တတ်ထားရပြီး လောင်စာကုန်တာနဲ့ အာကာသထဲမှာ မျောနေဖို့ပဲ ရှိပါတယ်။ ဂြိုလ်အပိုင်းအစတွေက Communication Satellite ကိုဖျက်ဆီးသွားလို့ သူတို့ရဲ့ဌာနချုပ်နဲ့ကလည်း အဆက်အသွယ် ပြတ်တောက်သွားပါတယ်။ ဒီအပြင် အသက်ရှုဖို့ အောက်ဆီဂျင်ကလည်း အကန့်အသတ်နဲ့မို့လို့ သူတို့ နှစ်ယောက် လိုရာကို ဘယ်လိုရောက်အောင်သွားမလည်း၊ ရောက်ရော ရောက်ပါမလား၊ ဂြိုလ်ပတ်လမ်းထဲက အပိုင်းအစတွေကရော ကမ္ဘာကိုပတ်ပြီး နောက်တစ်ကြိမ်ပြန်လာ ဦးမှာလား၊ George Clooney နဲ့ Sandra Bullock တို့ ရဲ့စွန့်စားခန်းတွေကို ရင်သက်ရှုမောဖွယ် ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။

မင်းသားနဲ့ မင်းသမီး နှစ်ဦးအဓိကသရုပ်ဆောင်ထားလို့ ဇာတ်လမ်းက ထူးထူးခြားခြား ဖြစ်နေပါတယ်။ အာကာသထဲက စွန့်စားခန်းတွေကို ပီပီပြင်ပြင် ရိုက်ကူးတင်ဆက်ထားသလို သဘာဝကျကျ ရိုက်ကူးထားတာကြောင့် ကျွန်တော်တို့ မသွားနိုင်တဲ့ အာကာသကို ပိတ်ကား ထက်မှာ ခံစားနိုင်မှာဖြစ်ပါတယ်။ Drama ကားတစ်ကားအနေနဲ့ ဒီကားမှာ ပါတဲ့ Action က သာမန် Action ကား တွေလောက်နီးနီး ကောင်းပါတယ်။ Action, Suspense, Thriller တွေကြောင့် မိနစ်၉၀ လုံး မပျင်းမရိပဲ ကြည့်ရှုရမှာဖြစ်ပါတယ်။ သရုပ်ဆောင် နှစ်ဦးကြားက ဆက်ဆံရေး၊ စကားပြောခန်းတွေကလည်း ရုပ်ရှင်ကို ပိုမိုအသက်ဝင်စေပါတယ်။ (ဇာတ်ကားတစ်ကားလုံး Communication မရပဲ၊ တစ်ယောက်နဲ့ တစ်ယောက် ဟယ်လို ကြားလားနဲ့ တင် အချိန်ကုန်နေလို့ ဒီကားကိုကြည့်ရင်းနဲ့ မြန်မာပြည်ကိုတောင် ပြန်သတိရမိပါတယ်။)

မိသားစုလည်း တူတူကြည့်နိုင်ပါတယ်။ Rated ကတော့ PG-13 ပါ။ (No Sex, No Nudity, No Gory, No Blood, Not even Kiss nor romantic scene). မိသားစုတူတူကြည့်သင့်ပါတယ်။ ကလေးတွေ၊ လူငယ်တွေ ပါမကျန်၊ လူကြီးတွေလည်း ကြည့်သင့်တဲ့ကားတစ်ကားပါ။

(Movie Previewအား ရုပ်ရှင်မိတ်ဆက်မှ ကူးယူဖော်ပြသည်)



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available

Genres



Related movies