Channel Myanmar

Do Over (2023)

BollywoodDrama

IMDB: /10 votes

,

46816

Report error

Do over (2023)

ယမကာနဲ့ ဘဝ

IMDb-7/10

“အပေါင်းအသင်းတွေနဲ့ ဆုံတုန်းလေးသောက်တာ ဘာဖြစ်လို့လဲ
အတင်းတိုက်လို့သောက်ရတာ တစ်ခါတလေလေးဘာဖြစ်လို့လဲ
ကိုယ့်ဘာသာအေးဆေးသောက်တာ ဘယ်သူ့ကိုထိခိုက်နေလို့လဲ”
ဆိုတဲ့စကားတွေ ပတ်ဝန်းကျင်မှာ ခဏခဏကြားဖူးကြမှာပါ

ဒီကားထဲက စီဗာကူးမားဆိုတာ ဝင်ငွေကောင်းတဲ့အလုပ် ၊ ချစ်ဇနီး ၊ ချစ်သမီးနဲ့
သာယာပျော်ရွှင်နေတဲ့သူတစ်ယောက်ပါ အလုပ်ကြောင့် အပေါင်းအသင်းကြောင့်
တစ်ခါတလေသောက်တာပါဆိုရာကနေ အရက်စွဲသွားပြီး အလုပ်ပြုတ် မိန်းမလည်း
အိမ်ပေါ်ကဆင်း ငှားထားတဲ့အိမ်ပေါ်ကပါ နှင်ချခံရပြီး ပြန်လည်ထူထောင်ရေးစခန်းရောက်သည်ထိ
ဘဝအခြေအနေပြောင်းလဲထိုးစိုက်သွားခဲ့တာပါ

အားလုံးကိုအမြင်မှန်ရပြီး အစွမ်းကုန်ပြန်ကြိုးစား‌ပေမဲ့ သူ့အရင်အနေအထားပြန်ရဖို့ကို ခက်ခဲသွားခဲ့ပါပြီ

ဒီလိုနဲ့ဘဝကိုအရှုံးပေးပြီး အရက်သမားဘဝပြန်ရောက်သွားမလား
ဇွဲမလျော့တမ်းကြိုးစားပြီးအောင်မြင်သွားနိုင်မလားဆိုတာတော့…….

လက်တွေ့ဘဝဖြစ်ရပ်ကို ဇာတ်လမ်းသဘောလေးနှောပြီးရိုက်ကူးထားတာကြောင့်
အရက်ဆန့်ကျင်ရေးဋီကာတွေနဲ့ ဖွဲ့နွှဲ့ထားတာမဟုတ်ဘဲ လက်တွေ့ကျတဲ့ ဇာတ်လမ်းတစ်ပုဒ်အဖြစ် ရှုစားနိုင်မှာပါ

အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Yunni ပဲဖြစ်ပါတယ်

File size…1.24GB / 746MB
Quality…WEB DL 1080p /720p
Format…mp4
Duration….2h 12m
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by BpL ~ Yunni



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available

Genres



Related movies