Channel Myanmar

Foxter and Max (2019)

AdventureFamilyFantasy

6.1
IMDB: 6.1/10 votes

59488

Report error

 

ဒီတစ်ခါမှာတော့ ခွေးချစ်သူတွေအတွက်

ရင်ထဲနွေးသွားရမယ့် ဇာတ်လမ်းတစ်ပုဒ်ကို

တင်ဆက်ပေးလိုက်ရပါတယ် ။

ဇာတ်လမ်းလေးကိုတော့ ခွေးအရမ်းမွေးချင်ပေမယ့်

အိမ်က မွေးခွင့်မပြုတဲ့ ကောင်ကလေး Max နဲ့

စတင်ထားပါတယ် ။ Max ဟာ ကာတွန်းရုပ်ဆွဲရတာ

ဝါသနာပါပြီး ခပ်အေးအေးနေတတ်တဲ့ ကောင်လေး

ဖြစ်တာကြောင့် အတန်းဖော်တွေဆီကလည်း အနိုင်ကျင့်

ခံရလေ့ ရှိပါတယ်။ အဲဒီလို Max ဆီကို တံတားအောက်က

ထူးဆန်းတဲ့မှုတ်ဆေးတစ်ဘူး အကြောင်းပြုပြီး Foxter လို့

ခေါ်တဲ့ စက်ရုပ်ခွေးလေးတစ်ကောင်ရောက်လာတဲ့

အခါမှာတော့ Max ရဲ့ ဘဝကြီးက တစ်ဆစ်ချိုးပြောင်းလဲ

သွားတော့တာပါပဲ ။ ဒါပေမယ့် စက်ရုပ်ခွေးလေး Foxter ကို

မကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့ အသုံးချဖို့ ကြံစည်နေတဲ့

လူမိုက်တွေကလည်း ရှိနေပါသေးတယ် ။ Max ဟာ ခွေးလေး

Foxter ကို လူမိုက်တွေလက်ထဲ ပါမသွားအောင် ကာကွယ်

နိုင်ပါ့မလား ။ ဒါမှမဟုတ် Foxter ကပဲ Max ကို ပြန်ကာကွယ်

ရမလားဆိုတာတော့ 2019 ခုနှစ်တုန်းက ထွက်ရှိထားတဲ့

ယူကရိန်းရုပ်ရှင် Foxter and Max မှာ ဆက်လက်ကြည့်ရှု

ပေးကြပါဦးနော် ။ စက်ရုပ်ခွေးတစ်ကောင် နဲ့ ခပ်တုံးတုံး

ကောင်လေးတစ်ယောက်ကြားက ပဋိပက္ခတွေ ၊ အခက်အခဲတွေ

၊ သံယောဇဥ်တွေကို ကြည့်ပြီးရင်တော့ ကိုယ့်အိမ်က

ခွေးကလေးတွေကို ပိုချစ်ပေးဖို့လည်း မမေ့ပါနဲ့ဦးနော် ။

 

File size…1.78GB / 958MB
Quality…WEB-Rip 1080p 5.1 CH/ 720p
Format…mp4
Duration….1h 30m
Genre ….. Adventure , Family , Fantasy
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Hazelle



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Foxter and Max (2019)


No downloads available

Genres



Related movies