Channel Myanmar

Kaathal – The Core (2023)

N/A    

not rated 1h 54m BollywoodCrimeDrama

8.2
IMDB: 8.2/10 945 votes

, , , , , , , , , ,

Inida

167882

Report error

Kaathal – The Core (2023) ဗဟိုအူတိုင်

IMDb-8.2/10
Rotten tomatoes -100%

အိန္ဒိယရုပ်ရှင်ချစ်ပရိသတ်တို့ လက်လွတ်မခံသင့်တဲ့ မလေယာလမ်းဇာတ်လမ်းလေးတစ်ပုဒ်ကို
တင်ဆက်ပေးလိုက်ပြန်ပါပြီ။

Raatchasi (2019)ထဲမှာ ကြမ်းခဲ့တဲ့ စစ်တပ်အရာရှိ ကျောင်းအုပ်ဆရာမကြီးကို မှတ်မိတယ်ဟုတ်။
အဲဒီ မင်းသမီးချောကြီး ဂျိုသီကာက ဒီထဲမှာလဲ အခွင့်အရေးတစ်ခုအတွက် တိုက်ပွဲဝင်နေပြန်ပါပြီ။
မင်းသားကလည်း နုပါတယ်ဆိုတဲ့ဘောလိ၀ုဒ်မင်းသားကြီးတွေထက်ပိုနုနေတဲ့ တောင်ပိုင်းမင်းသားကြီးမမ်မိုတီ။
ဝေဖန်ခြင်းခံရသလောက် အရမ်းကိုအောင်မြင်ခဲ့တဲ့ရုပ်ရှင်တစ်ကားဆိုလည်း မမှားဘူးပေါ့။

ဇာတ်လမ်းကိုအကျဉ်းချုံးပြောရရင် မိဘကို မလွန်ဆန်နိုင်လို့ မိဘပေးစားတဲ့သူနဲ့လက်ထပ်လိုက်ရတဲ့အမျိုးသမီး အူမာနာ၊ ခင်ပွန်းဖြစ်သူကလည်း နယ်နယ်ရရမဟုတ် တစ်ချိန်ကဘဏ်မန်နေဂျာဖြစ်ပြီး အခုချိန်မှာ ရွေးကောက်ပွဲဝင်ပြိုင်မယ့်အမတ်လောင်းတစ်ယောက်ဖြစ်တဲ့ မက်သရူး၊

အများအမြင်မှာတော့ အူမာနာဟာ သိပ်တော်တဲ့ခင်ပွန်းတစ်ယောက်ကို ပိုင်ဆိုင်ထားရတဲ့ ဂုဏ်ယူ‌နေတဲ့ဇနီးတစ်ယောက် အများသူငါက အားကျရတဲ့အိမ်ထောင်ရှင်မတစ်ယောက်လို့ ထင်ရက်စရာရှိပေမဲ့ ကိုယ့်ဝမ်းနာကိုယ်သာသိဆိုသလိုပဲ တကယ့်လက်တွေ့ဘဝက အူမာနာကတော့ ဖန်သားနန်းတော်က ပင်တိုင်စံဘုရင်မတစ်ယောက်သာသာရယ်ပါ။ ဘာလို့လဲဆိုတော့ ခင်ပွန်းဖြစ်သူအမတ်လောင်းမက်သရူးက ကိုယ်တိုင်က လိင်တူစိတ်ဝင်စားသူဖြစ်ပါရဲ့နဲ့၊ ကိုယ့်မှာလည်း လိင်တူချစ်သူရှိနေပေမဲ့ အများအမြင်မှာ ဇွတ်ကျားလေးဖြစ်အောင် Anti LGBTတစ်ယောက်လုပ်နေတဲ့အပုန်းဖြစ်နေလို့ပါပဲ။

ဘာသာရေးအယူအဆ အိန္ဒိယလူနေမှုအသိုင်းအဝိုင်းရဲ့ဖိအားတွေကတစ်ဖက်၊ လူထုကလည်း LGBTကိုလက်ခံတဲ့နေရာမဟုတ်လေတော့ အမတ်ဖြစ်ချင်တဲ့မက်သရူးတစ်ယောက် ဇွတ်ကျားနေတာမဆန်းပေမဲ့ ရွေးကောက်ပွဲနီးချိန်မှာတော့ အူမာနီတစ်ယောက် နှစ်ပေါင်းများစွာ သည်းခံထားရသမျှဝေဒနာတွေကို ဖွင့်ထုတ်ပြီးတော့ ပြည်သူလူထု၊ မိသားစုအသိုင်းအဝိုင်းနဲ့ ခင်ပွန်းဖြစ်သူမက်သရူးကိုပါ စပရိုက်တိုက်ချလိုက်ပါတယ်။ မက်သရူးဟာ လိင်တူချစ်သူတစ်ယောက်ဆိုတာကို တရားဝင်ဖွင့်ချပြီးတော့ တရားရုံးမှာ ကွာရှင်းခွင့်လျှောက်ထားလိုက်တဲ့ အူမာနီရဲ့မဟာလက်ဆောင်ကြီးဟာ မက်သရူးအတွက်အတော်လေးဂယက်ကြီးမားသွားတဲ့အခါမှာတော့….

ဘာသာရေးစိတ်ဓာတ်ပြင်းထန်တဲ့အသိုင်းအဝိုင်းတစ်ခုမှာ လိင်တူချစ်ကြိုက်ခြင်းဟာ သေလောက်တဲ့အပြစ်တစ်ခုလို သတ်မှတ်နေဆဲမလို့ ကိုယ့်ရဲ့true selfကိုလက်မခံနိုင်တဲ့ယောက်ျားတစ်ယောက်နဲ့ အလကားသက်သက် နစ်နာခဲ့ရတဲ့ မိန်းမတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက်၊ ဒီလူ့အဖွဲ့အစည်းမှာ Sensitive issue တစ်ခုအဖြစ် ယနေ့တိုင် သတ်မှတ်ထားဆဲဖြစ်တဲ့လိင်တူစိတ်ဝင်စားမှုနဲ့ အရှိတရားကိုလက်မခံခြင်းကြောင့်ဖြစ်လာတဲ့ မလိုလားအပ်တဲ့မိသားစုဂယက်တွေကို ကွင်းကွင်းကွက်ကွက် ရိုက်ကူးပုံဖော်ထားတာဖြစ်လို့ ကြည့်ရှုသူတွေကို အတွေးတစ်ခုကျန်ရစ်ခဲ့စေမယ့် ဒီကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်။

(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်)

( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့
ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

File size…1.6GB / 659MB
Quality…WEB DL 1080p / 720p
Format…mp4
Duration….1h 54mins
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by CM Bollywood Team



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Kaathal – The Core (2023)
Kaathal – The Core (2023)
Kaathal – The Core (2023)


No downloads available

Genres



Related movies