Channel Myanmar

Kelam (2019)

1hr 15min Horror

4
IMDB: 4/10 11 votes

Indonesia

222904

Report error

Kelam(Dark) 2019 (Indonesia)

IMDB – 4/10

ဒီဇာတ်ကားလေးကတော့ ၂၀၁၉ခုနှစ်ကမှထွက်ရှိထားတဲ့

အင်ဒိုနီးရှား Horror ကားလေးပဲ ဖြစ်ပါတယ်။

နီနာဟာ ချစ်စဖွယ်သမီးငယ်လေးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့

သက်လတ်ပိုင်းအိမ်ထောင်သည် အမျိုးသမီးတစ်ဦးပါ။

တစ်ညမှာတော့ သူမ အိပ်ပျော်နေတုန်းမှာ သူမတို့နဲ့အဝေးမှာနေထိုင်တဲ့

သူမရဲ့ မိခင် ကျန်းမာရေး ဆိုးရွားနေတဲ့ အတွက်

သူမ ကိုလာခဲ့ဖို့ဆက်သွယ်လာပါတယ်။

သူမနဲ့သမီးဖြစ်သူဟာ သူမငယ်စဉ်ကနေထိုင်ခဲ့တဲ့ မိခင်ကြီးရဲ့ အိမ်ကို ရောက်သွားကြပြီး

သူမရဲ့ ခင်ပွန်းဖြစ်သူကတော့ အလုပ်တွေကြောင့် သူမတို့နဲ့ အတူတူ မလိုက်ပါနိုင်ခဲ့ပါဘူး။

သူမရဲ့ သမီးငယ်ဟာလည်းမွေးရာပါ နှလုံးရောဂါခံစားနေရတဲ့ ကလေးငယ်တစ်ဦးဖြစ်ပြီး

ခွဲစိပ်မှုပြုလုပ်ဖို့ စောင့်ဆိုင်းနေရပါတယ်။

သူမ မိခင်ကြီးရဲ့ အိမ်ကို ရောက်တဲ့အခါမှာ မိသားစုတွေ ပြန်လည် ဆုံတွေ့ကြပေမယ့်

အတိတ်ကပြသနာတချို့ကြောင့် သူမနဲ့ မိခင်ကြား ဆက်ဆံရေးကောင်းမွန်ခြင်းမရှိတာကို

သူမရဲ့ ညီမဖြစ်သူထံမှ အပြစ်တင်တာမျိုးကို ရင်ဆိုင်ကြုံတွေ့ရပါတယ်။

သူမသမီးငယ်လေးရဲ့ ကျန်းမာရေးတဘက်၊ မိခင်ရဲ့ ကျန်းမာရေးကို တဘက် နဲ့

သူမနှင့် ညီမဖြစ်သူဟာ ပြုစုစောင့်ရှောက်ရင်း

ပုံမှန်မဟုတ်တဲ့ သဘာ၀ကိစ္စရပ်တွေကို ရင်ဆိုင်ကြုံတွေ့လာရပါတယ်။

သူမကိုယ်တိုင်က စိတ်ဓာတ်ခက်ထန်မာကျောသူတစ်ဦးဖြစ်ပေမယ့်

ကြုံတွေ့ရတဲ့ကိစ္စများဟာ သူမအတွက် နားမလည်နိုင်စရာ ပဟေဠိတွေဖြစ်လာပြီး

အကြောင်းရင်းကို ရှာဖွေဖို့ သူမ ဆုံးဖြတ်လိုက်ပါတယ်။

သူမလို အစစအရာရာပြည့်စုံနေတဲ့ အမျိုးသမီးတစ်ဦးအနေနဲ့

မိခင်နဲ့ ဆက်ဆံရေးမပြေလည် ဖြစ်စေခဲ့တဲ့ အကြောင်းရင်းက ဘာများဖြစ်မလဲ?

သူမရဲ့ အတိတ်ကပြသနာဆိုတာကများရော ဘယ်လိုပြသနာမျိုးလဲ?

သူမသမီးလေးကို ထူးဆန်းတဲ့ အပြုအမူတွေ ပြုမူစေတဲ့ အကြောင်းရင်းတွေကရော ဘာတွေများဖြစ်မလဲ?

စတာတွေကို ရှာဖွေတွေ့ရှိနိုင်ဖို့ ကိုယ်တိုင် ကိုယ်ကျ ခံစားအားပေး ကြည့်ရှုကြပါဦးခင်ဗျာ။

File Size – 1.1 GB , 500 MB

Quality – 1080P , 720P

Subtitle – Myanmar (Hardsub)

Translator – Laurence

Encoder – August



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Kelam (2019)


No downloads available

Genres



Related movies