၁၉၄ဝပြည့်နှစ်များဆီက ကဗျာဆရာလေးတစ်ဦးရဲ့
ဘဝဇာတ်ခုံပေါ်ကတစ်စိတ်တစ်ဒေသကိုရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ် ။
အယ်လန်ဂင်းစဘတ်လို့ခေါ်တဲ့ကဗျာဆရာလေးတစ်ယောက်
ကိုလမ်ဘီယာတက္ကသိုလ်မှာပညာသင်ကြားသင်ကြားခွင့်ရခဲ့ပါတယ် ။
ကျောင်းမှာ လူစီယန်ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့
ပတ်သက်ဆက်နွယ်မိရာကနေ ထူးခြားတဲ့ခံစားချက်များနဲ့အတူ
ပြောင်းလဲမှုများစွာကိုကြုံတွေ့ရင်ဆိုင်ခဲ့ရပါတယ်။
လူစီယန်ရဲ့သူမတူတဲ့ပြောဆိုဆက်ဆံမှုတွေကြားမှာ
အယ်လန်တစ်ယောက် နစ်မြောစီးဝင်ရင်းနဲ့ပဲ
ဘယ်လိုအဆုံးသတ်ကိုရောက်ရှိလာမယ်ဆိုတာကို
ကြည့်ရှုရမှာဖြစ်ပါတယ်။
ဒီမှာ ကြည့်ရှုသူအားလုံးကိုမေတ္တာရပ်ခံချင်တာကတော့
ကဗျာစာသားတွေပါဝင်တဲ့အခါမှာ ပြန်ဆိုထားသူအနေနဲ့
အနီးစပ်ဆုံးပြန်ဆိုထားတာဖြစ်တာကြောင့်
ကဗျာရဲ့တန်ဖိိုးကိုလျော့ကျမိသွားခဲ့သည်ရှိသော်တောင်းပန်ပါတယ်လို့
ကြိုတင်စကားခံထားပါရစေ။
ကိုယ်တိုင်ကလဲ ကဗျာများကိုကြိုက်နှစ်သက်သူတစ်ဦးဖြစ်တာကြောင့်
ကြည့်ရှုသူများထဲမှာ ပိုမိုကောင်းမွန်တဲ့ပြန်ဆိုမှုများလဲ ရှိနိုင်တာကြောင့်
ဒီတစ်ခုတော့ အနူးအညွတ်မေတ္တာရပ်ခံချင်ပါတယ်
ဟယ်ရီပေါ်တာမင်းသားလို့လူသိများတဲ့
Daniel Radcliffe ကခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်ထားပါတယ်။
ဆယ်ကျော်သက်အရွယ်ကတည်းကကြိုက်နှစ်သက်ခဲ့ရတဲ့မင်းသားကို
ကဗျာဆရာတစ်ဦးအဖြစ်ဒီဇာတ်ကားမှာမြင်တွေ့ရမှာဖြစ်ပါတယ်။
ဇာတ်ကားထွက်ရှိသည့်ခုနှစ် -October 16, 2013
ဇာတ်ကားကြာချိန် -104 mins
ဇာတ်ကားအမျိုးအစား – Biography, Drama, Romance
Translated by Aye Chansu
Encoded by sithu
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။