Channel Myanmar

Lila & Eve (2015)

CrimeDramaThriller

5.8
IMDB: 5.8/10 9K votes

41624

Report error

 

ဒီနေ့မှာတော့ အားလုံးရဲ့အသည်းစွဲ Jennifer Lopez ပါဝင်

သရုပ်ဆောင်ထားတဲ့ မူခင်းရုပ်ရှင်တစ်ကားကို CM ပရိသတ်ကြီးအတွက်

တင်ဆက်ပေးလိုက်ရပါတယ် ။

Lila and Eve လို့ အမည်ရတဲ့ ဒီရုပ်ရှင်ထဲမှာတော့ Lila ဆိုတဲ့ အမျိုးသမီးက

သူ့သား Stephon ကို လောလောလတ်လတ် ဆုံးရှုံးထားရတဲ့သူပါ ။

ဘာအပြစ်မှမရှိဘဲ မတရားသဖြင့် သေသွားရတဲ့ သားဖြစ်သူအတွက်

ပူဆွေးနေရတဲ့ Lila ဟာ သူ့လိုမျိုး ဘဝတူမိခင်တွေအတွက် ဖေးကူရေး

အဖွဲ့တစ်ခုရဲ့ စကားဝိုင်းကို သွားခဲ့ပါတယ် ။ အဲဒီမှာပဲ သူ့လိုမျိုးပဲ

သားသမီးဆုံးရှုံးထားတဲ့ Eve နဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ် ။ တကယ်တော့

Lila လိုချင်တာက သူ့သားကို သတ်ခဲ့တဲ့ တရားခံကို ရှာဖို့ပါပဲ ။ ရဲတွေကို

အမျိုးမျိုးဆက်သွယ်ခဲ့ပေမယ့် အဖတ်မလုပ်တဲ့နောက်မှာတော့ Eve က

သူ ကူညီပေးမယ်လို့ ဆိုလာပါတယ် ။ Stephon ကို သတ်သွားတဲ့

တရားခံကို Lila နဲ့ Eve တို့ ရှာတွေ့နိုင်မလား ။ တရားခံရှာရင်းကနေ

ဘယ်လိုပြဿနာမျိုးတွေနဲ့ ရင်ဆိုင်ရမလဲ ဆိုတာကို သားဖြစ်သူကို

ဆုံးရှုံးထားတဲ့ မိခင်တစ်ယောက်ရဲ့ နေရာကနေ ဝင်ခံစားနေရသလိုမျိုး

ကြည့်ရှုရမှာဖြစ်ပါတယ် ။

ဒီရုပ်ရှင်မှာတော့ Lila အဖြစ် အော်စကာဆု ၊ ဂရမ်မီဆုတွေအပြင်

သရုပ်ဆောင်ဆု သုံးထပ်ကွမ်း ပိုင်ရှင် Viola Davis က ပါဝင်သရုပ်ဆောင်ထားပြီး

Eve အဖြစ် အားလုံးသိကြတဲ့ မင်းသမီးကြီး Jennifer Lopez က

ပါဝင်ထားပါတယ် ။ Lila and Eve ရုပ်ရှင်ဟာ ၁၉၉၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့

Out of Sight ရုပ်ရှင်ပြီးရင် Viola Davis နဲ့ Jennifer Lopez တို့ရဲ့ ဒုတိယအကြိမ်

တွဲဖက်ရိုက်ကူးရတဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ် ။

 

File size…1.31 GB / 602 MB
Quality…Blu-Ray 1080p / 720p
Format…mp4
Duration….1h 34m
Genre ….. Crime , Drama , Thriller
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Ashley



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Lila & Eve (2015)
Lila & Eve (2015)
Lila & Eve (2015)


No downloads available

Genres



Related movies