Channel Myanmar

Lionel Messi: Destiny (2023)

ဒီ Documentary ကို BBC UK က ရိုက်ကူးတင်ဆက်ခဲ့တာ ဖြစ်ပြီး ၂၀၂၂ ဒီဇင်ဘာမှာကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်း ဗိုလ်စွဲခဲ့တဲ့အ​ကြောင်း Footage​ တွေ Interview​ တွေအစုံနဲ့ တင်ဆက်ထားတာပဲ ဖြစ်ပါတယ်။ ​ဘောလုံးပရိသတ်​တွေအားလုံး သိပြီးသားဖြစ်တဲ့အတိုင်း အာဂျင်တိုင်းသား​တွေဟာ အဖွင့်ပွဲစဉ်မှာ အုပ်စုတွင်းအင်အားအနည်းဆုံးလို့ ​ပြောရမယ့် ​ဆော်ဒီအာ​ရေဗျကို ၂-၁ ရလဒ်နဲ့ အ​ရေးနိမ့်ပြီး အုပ်စုကထွက်ရမယ့် အ​နေအထားက​နေ လက်ကျန်ပွဲ​တွေဖြစ်တဲဲ့ မက္ကဆီကိုနဲ့ ပိုလန်ကို အနိုင်ကန်ပြီး ရှုံးထွက်အဆင့်မှာ ဩဇီ၊ ကွာတားမှာ နယ်သာလန်၊ ဆီမီးမှာ ခရို​အေးရှားနဲ့ ဗိုလ်လုပွဲမှာ လက်ရှိချန်ပီယံ ပြင်သစ်တို့ကို အနိုင်ယူ​ကျော်ဖြတ်ကာ သူတို့ရဲ့ ၃ကြိမ်​မြောက် ကမ္ဘာ့ဖလားကို ရယူသွားခဲ့တာပါ။

ဒီပွဲမှာ လူတိုင်းစောင့်ကြည့် ထုတ်ခဲ့တဲ့မေးခွန်းက ကမ္ဘာ့အ​​ကောင်းဆုံးကစားသမား The Greatest of All Time လို့ သတ်မှတ်ထားကြတဲ့ အာဂျင်တီးနားအသင်း​ခေါင်း​ဆောင် လီယွန်နယ်မက်ဆီတစ်​ယောက် သူရဲ့ပထမဆုံးကမ္ဘာ့ဖလားကို ရယူသွားနိုင်မလားဆိုတဲ့မေးခွန်းပါ။ ၂၀၂၂ပြိုင်ပွဲဟာ လီယိုရဲ့ ၅ကြိမ်​မြောက်ကမ္ဘာ့ဖလားဖြစ်သလို ​နောက်ဆုံးပြိုင်ပွဲလည်းဖြစ်သွားနိုင်တဲ့အ​ခြေအ​နေမှာ ​​ပေါ်တူဂီအသင်းရဲ့ခေတ်ပြိုင်ကြယ်ပွင့် စီ​ရော်နယ်ဒိုနဲ့ ဘယ်သူကပိုသာလဲ ဘယ်သူက GOAT အစစ်လဲဆိုတဲ့ အားပြိုင်မှု​တွေရှိ​သလို အာဂျင်တီးနားဂန္ထဝင်ကြီး ဒီ​ယေဂိုမာရာဒိုနာ စွမ်း​​ဆောင်ခဲ့သလိုမျိုး ကမ္ဘာ့ဖလားကိုအရယူ​ပြီး အာဂျင်တိုင်း​တွေရဲ့ ဂန္ထဝင်အစစ်ဖြစ်​နိုင်မလား ​​စောင့်ကြည့်ခဲ့သူ​တွေလည်း ဒုနဲ့​ဒေးပါပဲ။

ဒါ​ပေမဲ့ လီယိုက ဒီဖိအား​နဲ့ သံသယ​တွေကို အ​ကောင်းဆုံး​ကျော်ဖြတ်ပြီး အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလားရ​ရှိအောင် ဦး​ဆောင်ခဲ့သလို အ​ကောင်းဆုံးဆုဖြစ်တဲ့ ရွှေ​ဘောလုံးဆုကိုပါ အရ​ယူသွားခဲ့ပါတယ်။ ဒီဒိုကူမှာ လီယိုရဲ့ဦး​​ဆောင်မှု​တွေ အာဂျင်တိုင်းအသင်းသား​တွေရဲ့ ပေးဆပ်ကစားမှု​တွေကို မြင်​တွေ့ရမှာဖြစ်သလို ပြိုင်ပွဲတ​လျှောက် အ​ကောင်းဆုံး Highlight​ တွေကိုပါ ပရိသတ်​တွေအ​နေနဲ့ ပြန်လည်ခံစားနိုင်မှာပါ။ ဘာသာပြန်သူအ​နေနဲ့က​ နာမည်ကြီးပွဲတင်ဆက်သူ Peter Drury ရဲ့ “Messi has shaken hands with paradise” အစချီတဲ့ Iconic Monologue​​s ကို ပြန်ခံစားချင်​ပေမယ့် BBC ရဲ့ Docu ဖြစ်​နေတဲ့အတွက် BBC ပွဲတင်ဆက်သူ​တွေရဲ့​ကြေညာသံနဲ့ပဲ ကျေနပ်လိုက်ရပါတယ်။

တကယ်လို့ သင်ဟာ လီယွန်နယ်မက်ဆီရဲ့ ပရိသတ်ဖြစ်တယ်ဆိုရင်၊ ကမ္ဘာ့ဖလား​အောင်မြင်မှုဟာ နိုင်ငံတိုင်း၊ လူတိုင်းလိုချင်တပ်မက်​ရတဲ့ အ​ကြောင်းရင်းကိုသိချင်ရင် BBC ရဲ့ ဒီ Documentary က သင်တို့အတွက်ပါပဲ။

(ဒီမှတ်တမ်းရုပ်ရှင်နဲ့အညွှန်းကို X မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 1.75GB, 690MB
Quality – 1080p, 720p
TMDb Rating – 7/10
Format – mp4
Duration – 1H
Genre – Documentary, Sport
Subtitle – Myanmar Subtitle (Hardsub)
Translated by X
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Lionel Messi: Destiny (2023)
Lionel Messi: Destiny (2023)
Lionel Messi: Destiny (2023)
Lionel Messi: Destiny (2023)
Lionel Messi: Destiny (2023)


No downloads available

Genres



Related movies