Channel Myanmar

Love Is Blind, Hate Too ( 2022 )

1h 30 min Thriller

6
IMDB: 6/10 325 votes

, , ,

China

190597

Report error

စာရေးဆရာမ အားပေါင် ဆိုသူနဲ့ ဆရာဝန်ယန်ယောက်ဟွာတို့ဟာ
သူများတွေအားကျရတဲ့အထိ အရမ်းကိုမှ ချစ်ခင်ကြင်နာကြတဲ့ လင်မယားတွေပါ ။
အားပေါင်တစ်ယောက် ကားမတော်တဆမှုနဲ့ကြုံတွေ့ပြီး မျက်စိနှစ်လုံး
အမြင်ကွယ်ခဲ့ပြီးတဲ့နောက်မှာ ဆရာဝန်ယန်ဟာ သူ့ဇနီးအပေါ်ကို
အရင်ကထက် ဆထက်တစ်ပိုး တိုးလို့ချစ်ခဲ့ပါတယ် ။

ဒီလိုနဲ့ပဲ တစ်နေ့မှာတော့ ဆရာဝန်ယန်ဟာ အလုပ်ကိစ္စနဲ့ ခရီးထွက်သွားခဲ့ပြီး
ဇနီးဖြစ်သူ အားပေါင်ကို အိမ်မှာတစ်ယောက်ထဲ ထားခဲ့ရပါတော့တယ် ။
ဒီလိုမျိုး ဆရာဝန်ယန် ခဏတာ အိမ်ကနေ ထွက်သွားခဲ့တဲ့အခိုက်အတန့်က
သူ့ရဲ့ ဘဝကိုတစ်ဆစ်ချိုးပြောင်းလဲသွားခဲ့တယ်ဆိုရင်လဲမမှားပါဘူး ။

သူခရီးထွက်နေစဥ်အတွင်းမှာ ကျန့်ဝမ်တီ လို့ခေါ်တဲ့ အမျိူးသားတစ်ဦး
အိမ်ရောက်လာခဲ့ပြီး မျက်မမြင်အားပေါင်ကို စတင်အနိုင်ကျင့်ခဲ့ပါတော့တယ် ။
ယောကျာ်းဖြစ်သူသူ ခရီးထွက်သွားနေတဲ့အတွက်ကြောင့်
ကူရာမဲ့ဖြစ်နေတဲ့ အမျိုးသမီး မျက်မမြင်တစ်ယောက်
ကြောက်မက်ဖွယ် အကြုံဆိုးနဲ့ ယောကျာ်းတစ်ယောက်ကို ရင်ဆိုင်ခဲ့တဲ့ အချိန်မှာ –

❏ ဘယ်လိုတွေ ရင်ဆိုင်ဖြေရှင်းသွားမှာလဲ ?
❏ ကျန့်ဝမ်တီလို့ခေါ်တဲ့ အမျိုးသားကရော ဘယ်လိုအညှိုးအတေးတွေ ရှိခဲ့လို့
ဒီလိုမျိုးကြောက်မက်ဖွယ်ကောင်းတဲ့ အကြံအစည်ကို ကြံစည်ရတာလဲ ?

❏ ဒီလိုမျိုးလျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ ဆက်ဆံရေးတွေကြားမှာ
တကယ့်အဖြစ်မှန်က ဘာလဲဆိုတာ သိရဖို့ ဒီကားလေးကို ကြည့်ရှုလိုက်ရအောင်ပါနော် ။

[Reviewed By Chit Mya Mya Hmwe]

Quality : WEB-DL 1080p , 480p
Format : mp4
Genres : Thriller
Runtime : 1h 30 min
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Encoded by LK



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Love Is Blind, Hate Too ( 2022 )


No downloads available

Genres



Related movies