Channel Myanmar

Love & Jane (2024)

Romance

6.0
IMDB: 6.0/10 votes

12749

Report error

နာမည်ကျော် စာရေးဆရာမ Jane Austen (1775-1817) ရဲ့ဝတ္ထုတွေကို စွဲလမ်းနေတဲ့ လီလီ ဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးထားတဲ့ Romance ဇာတ်ကားကောင်းလေးတစ်ကားပါ

ဇာတ်အိမ်ကိုမပြောခင် အင်္ဂလန် စာရေးဆရာမ Jane Austen ဟာဆိုရင် သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ရဲ့အောင်မြင်ခဲ့တဲ့ ဝတ္ထုတွေကို ရုပ်ရှင်တွေ၊ Series တွေ ပြန်ရိုက်ထားတာလည်း အများကြီးရှိသလို သူ့ရဲ့ Biography ကို ပြန်ရိုက်ကူးထားတာတွေလည်း ရှိပါသေးတယ်

ဒီဇာတ်ကားလေးကတော့ အဲလိုသူ့ရဲ့ဝတ္ထုတွေကို ရုပ်ရှင်ပြန်ရိုက်ထားတာမျိုးမဟုတ်ဘဲနဲ့ သူ့ကိုစွဲလမ်းနေတဲ့ လီလီ ဆိုတဲ့ မိန်ကလေးတစ်ယောက်အကြောင်းကိုရိုက်ကူးထားတာမျိုးပါ

ဂျိန်း စာပေချစ်သူများအဖွဲ့ ဆိုပြီးတော့လည်း Book Club တစ်ခုမှာ ဥက္ကဌအနေနဲ့တာဝန်ယူထားပါသေးတယ် ဒီဇာတ်ကားမှာ ထူးထူးခြားခြားထည့်သွင်းထားတဲ့ plot တစ်ခုကတော့ စာရေးဆရာမ Jane Austen က လီလီ ရဲ့ ပြင်းပြတဲ့ဆန္ဒတစ်ခုကြောင့် ကိုယ်ထင်ပြပြီး ဒီဘက်ခေတ်ကိုရောက်လာတဲ့ လူတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်

ဒီတော့ လီလီ အတွက် Jane Austen က သူ့ဘဝထဲကို ဘယ်လောက်ထိပါဝင်ပတ်သက်နေတာလဲ သူ့ရဲ့ စိတ်ကူးတွေ၊ အလုပ်တွေ၊ နှလုံးသားရေးရာတွေမှာရော Jane က ဘယ်လောက်ထိ ပါဝင်ပတ်သက်နေလဲဆိုတာကို ဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစားကြည့်လိုက်ပါဦး……..

ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်

 

File size…(1.5 GB)/(753 Mb)
Quality….Webrip 1080p / 720p
Format…mp4
Duration….01:24:00
Genre…Romance
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Leo



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Love & Jane (2024)
Love & Jane (2024)


No downloads available

Genres



Related movies