Channel Myanmar

Content at random


Movies

Triangle of Sadness(2022) 7.8
Triangle of Sadness(2022) ကဲ CMပရိသတ်ကြီး စောင့်မျှော်နေတဲ့ Triangle of Sadness ကို တင်ဆက်ပေးလိုက်ပါပြီဗျာ.. IMDb 7.8နဲ့ Rotten Tomatoes 70%ရထားတာဆိုတော့ အထွေအထူးပြောနေစရာ မလိုတော့ဘူးလို့ ထင်ပါတယ်.. သရုပ်ဆောင်တွေကတော့ Now You See Me, Venom, Zombieland ဇာတ်ကားတွေနဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်ထားတဲ့ မင်းသားကြီး Woody Harrelson နဲ့ Maleficent ထဲက Aurora ရဲ့ချစ်သူမင်းသားလေး Harris Dickinson တို့ပဲ ဖြစ်ပါတယ်..ဇာတ်လမ်းအကျဥ်း နာမည်ကြီး ဖက်ရှင်မော်ဒယ်စုံတွဲအပါအဝင် ကျိကျိတက်ချမ်းသာတဲ့ သူဌေးတွေဟာ ဒေါ်လာသန်း၂၅၀တန်တဲ့ ဇိမ်ခံသ‌င်္ဘောကြီးနဲ့ အပျော်ခရီးထွက်ကြပါတယ် သ‌င်္ဘောရဲ့ကပ္ပတိန်က အရက်ချိုး သောမတ်စ်ပါ တစ်နေ့မှာတော့ အကြောင်းတစ်ခုကြောင့် ပင်လယ်ထဲမှာ အဲဒီသ‌င်္ဘောကြီး မြုပ်ပါတော့တယ် မော်ဒယ်စုံတွဲအပါအဝင် အသက်ရှင်ကျန်သူတွေဟာ ကျွန်းတစ်ကျွန်း‌ပေါ်မှာ သောင်တင်သွားပြီး ဒုက္ခရောက်ကုန်တော့တာပါပဲ သ‌င်္ဘောက ဘာလို့မြုပ်တာလဲ.. အထက်တန်းစားဘောစိတွေ Survival Mode နဲ့ ရှင်သန်နိုင်ပါ့မလား.. ကျွန်းပေါ်ကနေ လွတ်လမ်းရောရှိမှာလားဆိုတာကို မထင်မှတ်ထားတဲ့ Plot Twistတွေနဲ့ ကြည့်ရမှာ ဖြစ်ပါတယ်ဒီဇာတ်လမ်းရဲ့ အသက်ကတော့ ...
movie

Triangle of Sadness(2022)

2022
Kantara(2022) 9.0
Kantara(2022) Kantara (2022)IMDb-9/10‌ဒီတစ်ခေါက် CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးမှာကတော့ မင်းသားကြီး ရီရှက်ဘ်ရှက်တီကိုယ်တိုင် ဒါရိုက်တာလုပ် သရုပ်ဆောင်ထားတဲ့ ရုံတင်ငွေအမြတ်များစွာရရှိထားတဲ့ Thriller ကားကောင်းလေး တစ်ကားဖြစ်ပါတယ်ရဂျီးနီးကိုယ်တိုင်လည်း သူ့ဆီသွားရောက် ချီးကျူးဂုဏ်ပြုခဲ့ပါသေးတယ်၁၆ ကု‌ဋေသုံးပြီးရိုက်ကူးခဲ့တဲ့ ဒီကားဟာ ရုံတင်ငွေကုဋေ ၄၀၀ ရရှိခဲ့သည်ထိ အောင်မြင်ခဲ့တဲ့ဇာတ်ကားပါဇာတ်လမ်းအညွှန်းဘုရင်ခေတ်က ဘုရင်တစ်ပါးဟာ အရာရာပြီးပြည့်စုံနေပေမယ့် သူ့စိတ်နှလုံးဟာအေးချမ်းမှုမရခဲ့ဘူး ‌ စိတ်ငြိမ်းချမ်းမှုကို လိုက်ရှာရင်းရှာရင်း တမန်တော်ပန်ဂျူရီနဲ့ တွေ့ခဲ့တယ်သို့ပေမယ့် တမန်တော်ပန်ဂျူရီဟာ ရွာတစ်ရွာကိုစောင့်ရှောက်ပြီးသားသူဖြစ်တာမို့ ဘုရင်ဟာသူ့ကို လိုချင်ရင် သူ့ရဲ့ အသံတစ်ဆုံးထိ ရွာအတွက် ‌ သတ်မှတ်ချီးမြှင့်ပေးရမယ်ဆိုပြီး အပေးအယူညှိခဲ့ကြတယ်ဒီလိုနဲ့ ဘုရင်ကြီးဟာလည်း စိတ်အေးချမ်းမှုရရှိသွားသလို ရွာလေးဟာလည်း ကျယ်ပြောတဲ့ သစ်တောတစ်ဆုံး တမန်တော်ရဲ့စောင့်ရှောက်မှုနဲ့ အေးချမ်းခဲ့တာပေါ့1970 ခုနှစ်မှာ လူတစ်ယောက်က ဒီရွာလေးကို သူ့ဘိုးဘွားပိုင်မြေမို့ ပြန်ပေးပါဆိုပြီးတမန်တော်ကို ရင့်ရင့်သီးသီးပြောဆိုပြီး ပြန်တောင်းခဲ့တယ် အဲ့ဒီနောက်တစ်ရက်မှာပဲ ထိုလူဟာ တရားရုံးလှေကားမှာ သွေးအန်ပြီးသေနေတာတွေ့ခဲ့ကြရတယ်1990 ဇာတ်လမ်းဖြစ်တည်ရာကာလမှာလည်း နိုင်ငံတောအစိုးရပိုင် သစ်တောကြိုးဝိုင်းဆိုပြီး ဒီတောထဲက အရာတွေအတွက် အစိုးရဆီခွင့်ပြုချက်တောင်းရမယ်ဆိုတဲ့ အမိန့်တွေထုတ်ပြန်ခဲ့တယ်ဇာတ်ဆောင်မင်းသားကြီးရီရှက်ဘ်ရှက်တီကတော့ တော၀က်အမဲလိုက်တတ်တဲ့ အဲဒီရွာကရှီဗာရွာသားတစ်ယောက် သူ့အမေက တော၀က်တွေကို အမဲလိုက်တာမကြိုက်တာကြောင့် တားပေမယ့် ရှီဗာကတော့ ...
movie

Kantara(2022)

2022
4K HEVC
Big Trip 2: Special Delivery (2022)
Big Trip 2: Special Delivery (2022) Big Trip 2: Special Delivery(2022)Special Delivery ဆိုတဲ့ နာမည်နဲ့အတူ ဝက်ဝံကြီး မစ်မစ်နဲ့ ဉာဏ်ကြီးရှင် ယုန်လေး အော်စကာတို့ ပြန်လာပါပြီBig Trip 1 မှာတုန်းက ဝက်ဝံကြီး မစ်မစ်တို့ဆီ မှားရောက်လာတဲ့ ပန်ဒါလေးကို သူ့အိမ်အရောက် ပို့ပေးခဲ့ပါတယ်Big Trip 2 မှာတော့ ဝက်ဝံကြီး မစ်မစ်တို့ဆီကို အမေရိက သစ်တောပြည်ထောင်စုရဲ့ရွေးကောက်ခံသမ္မတလောင်း ဝက်ဝံကြီး ဂရစ်ဇလီရဲ့ကလေး မှားယွင်းပြီး ရောက်လာပြန်ပါတယ်သားသမီးရှိသူပဲ သမ္မတလုပ်ခွင့်ရှိတဲ့ အမေရိက သစ်တောပြည်ထောင်စုရဲ့ ဥပဒေကြောင့် ရွေးကောက်ပွဲအမီ ဝက်ဝံပေါက်လေး ရောက်လာဖို့က ဝက်ဝံကြီး ဂရစ်ဇလီတို့အတွက် အရေးကြီးနေပါတယ်အဲဒီလိုနဲ့ မှားယွင်းပြီးရောက်လာတဲ့ ဝက်ဝံပေါက်လေးကို သူ့နေရပ်ဆီ အချိန်မီ ပို့ပေးဖို့ မစ်မစ်တို့ Big Trip 2 ခရီးစဉ်ကြီးကို စတင်ရပါတော့တယ်ဒီခရီးစဉ်မှာ ဝက်ဝံကြီး မစ်မစ်၊ ယုန်လေး အော်စကာတို့အပြင် Big Trip 1 က ပန်ဒါလေးနဲ့ ပို့ဆောင်ရေးငှက် ကားလ်တို့ပါ ပါဝင်တာကြောင့် ခရီးစဉ်တစ်လျှောက်လုံးကို မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ...
movie

Big Trip 2: Special Delivery (2022)

2022
Chup (2022) 8.3
Chup (2022) အခုတစ်ခေါက်မှာတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ အိန္ဒိယမှုခင်းကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်အမျိုးသမီးတစ်ယောက် အိမ်ပြန်လာတော့ အိမ်ထဲမှာမှောင်နေတယ် သူ့ယောက်ျားကို သူအော်ခေါ်နေရင်း လိုက်ရှာတော့ အိမ်သာထဲမှာ တွေ့လိုက်ရတာကတစ်ကိုယ်လုံးကို တိတိပပ လှီးဖြတ်ထားတဲ့ ဓားရာတွေနဲ့ သေဆုံးနေတဲ့ သူ့ယောက်ျားကို တွေ့လိုက်ရတော့တယ်သူ့ယောက်ျားက ရုပ်ရှင်ဝေဖန်ရေးသမားတစ်ယောက်ဖြစ်ပြီး သူသေတော့ သူ့နဖူးပေါ်မှာ အမှတ်အသားတစ်ခုရှိနေခဲ့တယ်အဲဒီလိုနဲ့ သိပ်မကြာခင်မှာပဲ ရထားလမ်းပေါ်မှာ လူတစ်ယောက် ကိုယ်တစ်ပိုင်းပြတ်ပြီး သေနေပြီးသူကလည်း ရုပ်ရှင်ဝေဖန်ရေးသမားတစ်ယောက်ဖြစ်ကာ သူ့ရဲ့နဖူးမှာလည်း ပထမတစ်ယောက်လိုမျိုး အမှတ်အသားတစ်ခု ရှိနေခဲ့တယ်..အဲဒီလိုနဲ့ လူသတ်မှုတွေ ဆက်တိုက်ဆက်တိုက်ဖြစ်ပေါ်လာခဲ့ပြီး ရဲတွေကို ပဟေဠိပေးနေတဲ့ အဲဒီကွင်းဆက်လူသတ်သမားက ဘယ်သူဖြစ်မလဲ ဘာကြောင့် ဒီလိုတွေသတ်နေတာလဲဆိုတာ မှုခင်းကားကြိုက်တတ်သူတွေအဖို့ ဒီကားဟာ တကယ့်ကို ပဟေဠိတွေနဲ့ အဖြေညှိရမယ့် မှုခင်းကားကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ် File size...1.72GB / 788MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sora & Yunni & Poe & OeliuJ
movie

Chup (2022)

2022
Remember (2022) 7.1
Remember (2022) Remember (2022)မကြာခင်မှာ စစ်မှုထမ်းသွားရတော့မယ့် Nam Joo Hyuk ကို အလွမ်းပြေကြည့်ဖို့ ဇာတ်ကားအသစ်လေးရပါပြီ။ Main Cast တွေအနေနဲ့ Lee Sung Min နဲ့ Nam Joo Hyuk တို့ပါဝင်ထားတဲ့အပြင် Plot ဆန်းဆန်းလေးနဲ့မို့ ကြည့်မကောင်းမှာတော့ မပူရပါဘူး။ _____________________ _____________________ “အတိတ်မှာပိတ်မိနေတဲ့သူတွေအတွက် အနာဂတ်ဆိုတာ မရှိဘူး" ဒါပေမဲ့လည်း မတရားသဖြင့် ခံစားခဲ့ရတဲ့သူတွေအတွက်တော့ တချို့အတိတ်တွေက သူတို့တစ်ဘဝလုံးထွေးပိုက်ထားရမယ့် နာကြည်းချက်တွေ၊ သူတို့ဘဝကိုရှေ့ဆက်ရမယ့် လှေကားတစ်တွေ ဖြစ်နေမှာပါ။ဟန်ဖီလ်ဂျူဟာ အသက် ၈၀ အရွယ်အဘိုးကြီးတစ်ဦးဖြစ်ပြီး ဦးနှောက်အကြိတ်နောက်ဆုံးအဆင့် အယ်လ်ဇိုင်းမားရောဂါကို ခံစားနေရပါတယ်။ ဒါ့အပြင် လူမသိသူမသိ ဖုံးကွယ်ထားခဲ့တဲ့ သူ့ရဲ့လျှို့ဝှက်ချက်တစ်ခုကတော့ သူ့မှာ နှစ်ပေါင်း ၆၀ လောက်ကြာအောင် အကွက်ချစီစဉ်လာခဲ့တဲ့ အလုပ်တစ်ခုရှိနေတယ်ဆိုတာပါပဲ။အင်ဂယူကတော့ ဟန်ဖီလ်ဂျူနဲ့ အသက်အရွယ်ချင်းကွာခြားလွန်းပေမဲ့ သူငယ်ချင်းလို ခင်မင်ပေါင်းသင်းနေကြတဲ့ ဟန်ဖီလ်ဂျူရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ပါ။ဒီလိုနဲ့တစ်နေ့မှာတော့ အင်ဂယူတစ်ယောက် ဟန်ဖီလ်ဂျူကို ကူညီပေးရင်း မထင်မှတ်ဘဲ လူသတ်တရားခံအနေနဲ့ သံသယဝင်ခံရတဲ့အဖြစ်ကို ရောက်သွားပါတော့တယ်။ အင်ဂယူအတွက် အံ့အားသင့်စရာတစ်ခုကတော့ လူသတ်သမားအစစ်ဟာ သူယုံကြည်ခဲ့ရတဲ့ ...
movie

Remember (2022)

Beyond the Universe (2022) 6.5
Beyond the Universe (2022) Beyond the Universe (2022)(1080p ရပါပြီ)နာမည်လေးက နီနာဆွာစ် တဲ့ ... ပါရမီပါတဲ့အပြင် စန္ဒယားတီးတာကို ငယ်စဥ်ကတည်းက ဝါသနာပါသလို သူ့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ နာမည်ကြီးတေးဂီတဝိုင်းမှာ ပါဝင်တီးပြနိုင်ဖို့ ကြိုးစားနေသူပါ။ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အသက်ငယ်ငယ်မှာတင် Lupus ဝေဒနာကိုခံစားရတယ်။ တဖြည်းဖြည်းနဲ့ရောဂါကပြင်းထန်လာပြီး ကျောက်ကပ်ကိုပါ ထိခိုက်လာပြီး ဆေးရုံဆိုတာကလည်း အိမ်ဦးနဲ့ ကြမ်းပြင်လို သွားနေရတော့တာပေ့ါ။ဒီလိုနဲ့တစ်နေ့မှာ သဘောမနော ကောင်းတဲ့ ဂါဘရီရယ်ဆိုတဲ့ အလုပ်သင်ဆရာဝန်လေးနဲ့ မထင်မှတ်ပဲတွေ့ဆုံကြတဲ့ အခါ ...ဘာတွေ ဆက်ဖြစ်မလဲ? ဘယ်လိုတွေ ro ကြမလဲ? ဆိုတာတော့ ဒီ Romance, Drama အမျိုးအစား ဒရမ်မာလေးမှာ ဆက်ပြီး ကြည့်ရှု ခံစားလိုက်ကြရအောင်နော်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Tin Myo Lwin ပါ။)File Size          : 1.9GB, 756MB, 391MB Quality  ...
movie

Beyond the Universe (2022)

2022
The People We Hate at the Wedding (2022) 5.7
The People We Hate at the Wedding (2022) The People We Hate at the Wedding (2022)(1080p ရပါပြီ)ဒိုနာရဲ့ဘဝမှာ ဟန်နရစ်နဲ့ ဘေလ်ဆိုတဲ့ ခင်ပွန်းသည်နှစ်ဦးနဲ့ ချစ်ခင်ပေါင်းသင်းခဲ့ပြီး အယ်လိုဝီ ၊ အယ်လစ် နဲ့ ပေါလ်လို့အမည်ရတဲ့ သားသမီးသုံးဦးဖြစ်ထွန်းခဲ့ပါတယ်။ ယခင်ယောက်ျားနဲ့ ရခဲ့တဲ့ သမီးဖြစ်သူ အယ်လိုဝီဟာ ကျောင်းပိတ်ရက်တိုင်း သူနေထိုင်ရာ အင်္ဂလန်ကနေ အမေရိကန်အထိလာပြီး သူ့ရဲ့မောင်ငယ် ညီမငယ်တွေနဲ့ အချိန်ကုန်ဆုံးလေ့ရှိတယ်။ဒီလိုနဲ့ ငယ်စဉ်အချိန်မှာ ရင်းနှီးပျော်ရွှင်ခဲ့ကြတဲ့ အမေတူအဖေကွဲ မောင်နှမသုံးဦးဟာ လောကကြီးအလည် ရှင်သန်ကြီးပြင်းလာတာနဲ့အမျှ တဖြည်းဖြည်း ဝေးကွာလာခဲ့ကြပြီး ဒါကိုသတိထားမိတဲ့ အစ်မကြီးဖြစ်သူ အယ်လိုဝီက သူ့မင်္ဂလာပွဲမှာ သူ့ရဲ့မိသားစုဝင်တွေကို ဖိတ်ကြားပြီး မိသားစုပြန်လည်ပေါင်းစည်းဖို့ စီစဉ်ခဲ့ပါတယ်။အသက်အရွယ်ရလာတာနဲ့အမျှ စကားပြောလာတဲ့ ကြွယ်ဝချမ်းသာမှု၊ အဆင့်အတန်းတွေရဲ့ ကွာဟမှုကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ သူတို့မောင်နှမသုံးဦးကြားက ကတောက်ကဆလေးတွေဟာ အချင်းချင်းထိခိုက်နစ်နာစရာတွေပါ ဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ ပေါင်းစည်းဖို့ကြံကာမှ သံယောဇဉ်ကုန်စရာတွေပါ ဖြစ်လာခဲ့ကြတဲ့ သူတို့မိသားစုတစ်ခု အင်္ဂလန်မှာ ...
movie

The People We Hate at the Wedding (2022)

2022
Operation Seawolf (2022)
Operation Seawolf (2022) Operation Seawolf (2022)The Purge: Election Year, Hitman's Wife's Bodyguard နဲ့ Captain America: The Winter Soldier တို့ထဲပါခဲ့ပြီး မြန်မာနိုင်ငံကိုတောင် အလည်ခဏလာဖူးတဲ့ Frank Grillo နဲ့ The Expendables တို့၊ Rocky တို့၊ Creed တို့၊ Aquaman တို့ထဲပါဖူးပြီး ကျွန်တော်တို့ မြန်မာပရိသတ်တွေ ရုရှားအာနိုးလို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ Dolph Lundgren တို့ တွဲဖက်ပါ၀င်ထားတဲ့ ရေတပ်ကားအသစ် အကြမ်းကြီးပါပဲ။ စစ်ကားထဲမှာမှ ကြည့်ရခဲလှတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ ရေတပ်ကားပေါ့။ဒုတိယကမ္ဘာစစ်ကြီး ကန့်လန့်ကာပိတ်သိမ်းဖို့ နီးကပ်လာတဲ့အချိန်၊ အဘက်ဘက်က အင်အားနည်းလာတဲ့ ဂျာမန်တပ်တွေဟာ စစ်ပွဲချိန်ခွင်လျှာပြောင်းဖို့ ကြံရာမရ နောက်ဆုံးအားထုတ်မှုတွေထဲက တစ်ခုအဖြစ်နဲ့ မဟာမိတ်တပ်တွေရဲ့ အဓိကအချက်အချာနေရာဖြစ်တဲ့ အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်း နယူးယော့ခ်က ကုန်သွယ်သင်္ဘောသွားရာ ရေလမ်းကြောင်းတွေကို ...
movie

Operation Seawolf (2022)

2022
(18+) Still Life of Memories (2018) 5.3
(18+) Still Life of Memories (2018) ¶ကိုယ့်ရဲ့ စားပွဲအိုလေးထက်မှာ ပြန့်ကျဲ စက္ကူအပိုင်းအစတွေ ဆေးလိပ်တိုတွေနဲ့ ကံ့ကော်ပန်းခြောက်တစ်ပွင့် ဒါသက်ငြိမ် ပန်းချီကားပဲ¶ ထူးအိမ်သင်ရင် သက်ငြိမ်သီချင်းကို တိုးတိုးလေးငြီးမိရင်း ဒီဇာတ်ကားလေးရဲ့အညွှန်းကို ပုံဖော်ကြည့်မိသည်။အနုပညာတွင် still art လို့ခေါ်တဲ့ သက်ငြိမ်အနုပညာ ဆိုတာ ခံစားရနက်နဲသည် ပန်းချီတို့ ဓာတ်ပုံတို့သည် သက်ငြိမ်အနုပညာပင်ဖြစ်သည်။ မိုနာလီဇာပန်းချီကားတို့ ဗင်းဆင့်ဗန် starry night အာလူးစားသူများ အစရှိသည်ကနေ ပူလစ်ဇာဆုရ ဓာတ်ပုံများထိ သက်ငြိမ်များပင်..... ခေတ်တွေပြောင်း ရာစုနှစ်တွေကြာညောင်းပါစေ ပန်းချီကား ဓာတ်ပုံကားချပ်များက စကားလှမ်းပြောနေကြသည်။တစ်ယောက်နှင့်တစ်ယောက် ကြားရသည့်အသံတွေတော့ တူမည်မဟုတ်။ သက်ငြိမ်ပန်းချီကားတစ်ချပ်ကို စီးကရက်ဖွာရင်း ခံစားတတ်သူတွေအတွက် ယခုရုပ်ရှင်က အသိမ်မွေ့ဆုံး သက်ငြိမ်တစ်ခုကို ရုပ်ရှင်အနုပညာထဲတွင် ထုဆစ်ပြသပေးထားသည် ရုပ်ရှင်ပွဲတော်များတွင်လဲ ဆုများရရှိခဲ့ပြီး ပန်းချီပညာ ဓာတ်ပုံပညာ ဒဿနများပြည့်ဝစွာဖော်ကျူးထားသော သက်ငြိမ်ပန်းချီကားတစ်ချပ် မိတ်ဆွေတို့အတွက် တစ်ကိုယ်ရည်ညချမ်းတွေကို အဖော်ပြုပေးနိုင်မှာပါ File size…3.24GB / 1.06GB Quality…1080p BluRay  /720p Format…mp4 Duration….1h 47m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Andrew Mason
movie

(18+) Still Life of Memories (2018)

2018
Mickey: The Story of a Mouse (2022) 7
Mickey: The Story of a Mouse (2022) Mickey : The Story of a Mouse(2022)“အရာအားလုံး ကြွက်တစ်ကောင်ကနေ အစပြုခဲ့တာပါ” ~ Walt Disney ~အနီရောင်ဘောင်းဘီတို၊ အဝါရောင်ဖိနပ်၊ အဖြူရောင်လက်အိတ်နဲ့ ကြွက်လေး ဆိုတာနဲ့ မစ်ကီမောက်စ်ကို ပြေးမြင်မိကြမှာပါတစ်ကမ္ဘာလုံးက ချီးကျူး အသိအမှတ်ပြုရတဲ့ Animation လောကရဲ့ ပြယုဂ်ဖြစ်လာမယ့် မစ်ကီမောက်စ်ကို 1928 ခုနှစ်မှာ နာမည်ကျော် ဝေါ့တ်ဒစ်စနေ နဲ့ အာ့ဘ်အိုင်ဝါ့ခ်စ်တို့က ဖန်တီးခဲ့ကြပါတယ်ဝေါ့တ်ဒစ်စနေဟာ အရာအားလုံးဆုံးရှုံးသွားတဲ့အချိန်မှာ မစ်ကီမောက်စ်ကို ရှာတွေ့ခဲ့တာပါ အဲဒီနောက်မှာတော့ တစ်ဟုန်ထိုး နာမည်ကြီးလာတဲ့ မစ်ကီ၊ အမေရိကန်နိုင်ငံ စီးပွါးရေးပျက်ကပ်ကာလထဲက မစ်ကီ၊ ဒုတိယကမ္ဘာစစ်အတွင်းက မစ်ကီ၊ ဒုတိယ ကမ္ဘာစစ်အလွန် စစ်အေးကာလက မစ်ကီ၊ လူမျိုးရေးခွဲခြားမှုတွေ ကြားထဲက မစ်ကီ၊ ဗီယက်နမ်စစ်ပွဲကြားက မစ်ကီ၊ မူပိုင်ခွင့်တွေကြားထဲက မစ်ကီ...အစရှိသဖြင့် မစ်ကီဟာ ကာလမျိုးစုံကို ပုံစံမျိုးစုံနဲ့ ဖြတ်သန်းခဲ့ရပါတယ်ကမ္ဘာပေါ်က အတွေ့အကြုံ အရင့်ကျက်ဆုံး ကာတွန်းဇာတ်ကောင်လို့ ဆိုလိုက်ရင် မစ်ကီကိုပဲ ပြရမှာပါ2022 နိုဝင်ဘာမှာ 94 နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ မစ်ကီကို ကာတွန်းဇာတ်ကောင်ထက်ပိုတဲ့ သက်ရှိပြယုဂ်အဖြစ် ယနေ့ထက်တိုင် တစ်ကမ္ဘာလုံးက ...
movie

Mickey: The Story of a Mouse (2022)

2022
The Guardians of the Galaxy Holiday Special (2022) 7.9
The Guardians of the Galaxy Holiday Special (2022) The Guardians of the Galaxy Holiday Special (2022) ===================================== IMDb Rating - 7.9/10Marvel ရဲ့ Gotg 3 မလာခင်မှာ ခရစ်စမတ် အထူး အပိုင်းတစ်ခုအနေနဲ့  Holiday Special ထွက်လာပါတယ်။ Gotg အဖွဲ့သားတွေအားလုံးကိုမြင်တွေ့ရမှာဖြစ်ပြီး၊ ပီတာကွေး (စတားလော့ဒ်) ရဲ့ ဂါမိုရာကို ဆုံးရှုံးလိုက်ရပြီးနောက်ပိုင်းမှာ ပူဆွေးဝမ်းနည်းနေမှုကို နှစ်သိမ့်ပေးဖို့အတွက် Gotg အဖွဲ့သားတွေ ကမ္ဘာမြေက ခရစ်စမတ်ပွဲတော်ကို အလည်လာကြတဲ့ အကြောင်းကို ရိုက်ပြထားပါတယ်။Gotg ရဲ့ထုံးစံအတိုင်း ရယ်စရာဟာသတွေနဲ့အတူ ခရစ်စမတ်ရဲ့ အငွေ့ အသက်တွေကိုပါ ခံစားရနိုင်မယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Thiha Yan Naingမှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများကတော့ CM Team မှဖြစ်ပါတယ်)File Size..........(3.16 GB) / (1.21 GB) / (400 MB) Quality............WEB-DL 4K HEVC, 1080p, 720p Duration.........46mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Comedy Translator.......CM Team Encoder..........SWM
movie

The Guardians of the Galaxy Holiday Special (2022)

2022
4K HEVC
6 Underground (2019) 6.3
6 Underground (2019) deadpool မင်းသား ryan reynolds ရဲ့ Action ဇာတ်ကြမ်းရုပ်ရှင်လာပါပြီ။ဒါရိုက်တာကလဲ Transformers ဇာတ်ကားတွေရဲ့ ဒါရိုက်တာ Michael Bay ဆိုတော့ အရောင်တောက်တောက် အက်ရှင်ကြမ်းကြမ်းတွေကို တပြုံကြီး ကြည့်ရှုရမှာပါ။ဇာတ်လမ်းကတော့...ကမ္ဘာကြီးရဲ့အရှုပ်တွေကိုရှင်းပေးချင်တဲ့သူတစ်ယောက်ရဲ့ဇာတ်လမ်းကိုရိုက်ကူးထားတာပါတာကစ္စတန်ကိုအုပ်ချုပ်နေတဲ့သူသေသွားတော့သူ့သားနှစ်ယောက်ထဲကမကောင်းတာတွေကိုလုပ်တဲ့လူကသူ့ညီကိုဖမ်းထားပြီးတော့နိုင်ငံကိုသိမ်းယူထားပါတယ်နိုင်ငံတွင်းမှာလည်းဆူပူမှုတွေရော ဂတ်စ်နဲ့တိုက်ခိုက်မှုတွေကိုပါလုပ်တဲ့သူတစ်ယောက်ပေါ့အဲဒါကိုမြင်ပြီးကယ်တင်ချင်တဲ့ryan reynoldsတစ်ယောက်လူတွေလိုက်စုပြီးဖမ်းခံထားရတဲ့ညီကိုကယ်တင်ဖို့လုပ်ပါတော့တယ်သူတို့အဖွဲ့ထဲမှာစည်းမျဥ်းတစ်ခုရှိပါတယ်ကိုယ်ဘယ်သူဘယ်ဝါဆိုတာအချင်းချင်းတောင်မသိကြတာပါနာမည်ကအစဘာဆိုဘာမှမသိကြတဲ့လူတွေစုပြီးတော့ဘယ်လိုတွေကယ်ဆယ်ရေးလုပ်ကြမလဲဆိုတာ….actionကြီးပဲမဟုတ်ဘဲ ဟာသလေးတွေပါနှောထားတော့ တကယ်ကိုကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်ကားပါပဲ။ File size…(7.6 GB) / (2.5 GB)/ (1.5 GB) Quality….WEB-DL 4K HEVC/ 1080p HEVC / 720p Format…mkv/mp4 Duration….02:08:52 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Khant Bo
movie

6 Underground (2019)

2019
4K HEVC
Westbound Inn ( 2022 ) 6
Westbound Inn ( 2022 ) ဒီတစ်ခေါက် CM ပရိသတ်တွေအတွက် ကန္တာရအငွေ့အသက်တွေကို ခံစားရစေနိုင်မဲ့ Westbound Inn ဆိုတဲ့ ဇာတ်လမ်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့......သဲကန္တာရကြီးရဲ့ အလယ်မှာ ကျွေးမာဆိုသူတစ်ယောက်ဟာ ရှီးရှင်တည်းခိုခန်းတစ်ခုဖွင့်ထားခဲ့ပါတယ်။ တစ်နေ့မှာတော့ ရန်သူ့သမီးဖြစ်သူ ပိုင်လုဟာ ရတနာသေတ္တာတစ်လုံးနှင့် တည်းခိုခန်းသို့ရောက်ရှိလာပါတယ်။ရန်ငြိုးရှိထားသူအတွက် အခွင့်အရေးကောင်းတစ်ခုအဖြစ်နဲ့ ရန်သူကို သတ်လိုက်လို့ရပေမဲ့ သေတ္တာထဲက လျှိဝှက်ချက်ကို သိသွားသောအခါ...... ကျွေးမာတစ်ယောက် ဆက်ပြီးတော့ ဘယ်လိုဆုံးဖြတ်ဖြေရှင်းမလဲ...... ကန္တာရကြီးထဲမှာ ဘယ်လိုဖြစ်လို တည်းခိုခန်းလာဖွင့်ထားရတာလဲ...... ကျွေးမာအဖြစ်ချင်ဆုံး ဆန္ဒကရော ဘာဖြစ်လိမ့်မလဲဆိုတာကို ဇာတ်လမ်းလေးနဲ့အတူ ကြည့်ရှုလိုက်ပါဦးနော်။ [Reviewed By Moon] Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama Runtime : 1h 25 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Westbound Inn ( 2022 )

Gone Girl (2014) 8.1
Gone Girl (2014) IMDb Rating 8.1 / Rotten Tomatoes (88%)ဒီရုပ်ရှင်ကားကို ကြိုုက်လည်းကြိုက်မိသလို မုန်းလည်းမုန်းမိတယ်.. စိတ်ထဲကျေနပ်မိသလို ဘဝင်လည်းမကျမိပါ။ သဘောကျမိသလို စိတ်ပျက်မိတာတွေရော။ ဘယ်လိုစကားလုံးနဲ့ဖော်ပြရမလဲမသိပါ။ တစ်လုံးတည်းဆိုရရင်တော့ Frustration ဆိုတာဒီဇာတ်ကားကြည့်ပြီးဖြစ်လာတဲ့ခံစားချက်ပါ။ ဒေါသလားဆိုတော့ အခြေခံကဒေါသပါ။ ဒါပေမဲ့ ဆန့်ကျင်ဘက်နှစ်မျိုးတခါတည်း ခံစားရတဲ့ ဒေါသပါ။ ရုပ်ရှင်ပြီးလို့သာ အဆုံးသတ်သွားတယ်။ open ending နဲ့ကိုယ်စဉ်းစားချင်တာတွေ စဉ်းစားနိုင်အောင်ဖွင့်သွားတုန်းပဲ။ဒါ့ကြောင့်လည်း ပိုပိုပြီး စဉ်းစားမိပြန်ရော.. စဥ်းစားမိတော့ ညများတောင်အိပ်မပျော်နိုင်။ Amazing Amy ... ပဟေဠိ လူသားအေမီ၊ သတ်ပစ်ချင်လောက်အောင်မုန်းစရာကောင်းသာအေမီ၊ ဆောက်တည်ရာမရသော အေမီ၊ သနားစရာကောင်းသောအေမီ၊ ကြောက်စရာကောင်းသော အေမီ၊ ဇာတ်လမ်းအစက ပြဿနာကြီး သို့မဟုတ် အရှုပ်တော်ပုံအစတစ်ခုဖြစ်သလို အဖြစ်အပျက်တစ်ခုရဲ့အဆုံးသတ်ပါ။ ဒါပေမဲ့ သာမာန်နံနက်ခင်းတစ်ခုပါပဲ။ Nick Dunne ဆိုတဲ့လူတစ်ယောက် အိမ်ရှေ့ကို အမှိုက်ပုံးထုတ်တယ်။သာမာန်အိမ်ရှင်ထီးတစ်ယောက်လုပ်ရမဲ့အလုပ်လုပ်တယ်။ ပြီးတော့ မြို့ထဲက သူ့ညီမနဲ့ သူနဲ့အတူတူဖွင့်ထားတဲ့ The bar ဆိုတဲ့ဘားကိုသွားတယ်။ ညီမနဲ့စကားစမြည်ပြောတယ်။ ...
movie

Gone Girl (2014)

4K HEVC
[18+]From the Queen to the Chief Executive (2001) 7.1
[18+]From the Queen to the Chief Executive (2001) ဒီကားလေးကတော့ တရုတ်နိုင်ငံရဲ့ဥပဒေကိုမီးမောင်းထိုးပြထားတဲ့ကားလေးဖြစ်ပါတယ်ဇာတ်ကားထဲမှာ Leungဆိုတဲ့ကောင်စီဝန်တစ်ယောက်ရဲ့ အနစ်နာခံမှုတွေ လူသားချင်းစာနာမှုတွေအပြင် ငယ်ရွယ်စဉ်တည်းကစိတ်ဒဏ်ရာရထားတဲ့ Yue lingဆိုတဲ့ကောင်မလေးနဲ့ အိမ်မှာမွန်းကျပ်လို့လမ်းပေါ်ထွက်ရင်အဆင်ပြေလောက်မှာပါတွေးပြီး ထွက်ခဲ့ပေမဲ့ အပေါင်းသင်းကြောင့် လူသတ်မှုနဲ့ထောင်ကျသွားတဲ့ Cheung Yau-mingတို့အကြောင်းကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါရက်အကန့်သတ်မရှိအကျဉ်းချခံထားရတဲ့အသက်မပြည့်သေးတဲ့ကလေးတွေရဲ့အပြစ်ဒဏ်ကို တိတိကျကျချမှတ်ပေးဖို့ ကောင်စီဝင်Leungရဲ့ကြိုးစားမှုတွေကို သေချာလေးမြင်တွေ့ရမှာဖြစ်ပါတယ်ဒါ့အပြင်တစ်ဖက်ကလည်း အသက်မပြည့်သေးလည်း လူသတ်ရင် အပြစ်သားပဲဆိုတဲ့ တရုတ်လူမျိုးတွေရဲ့ ယုံကြည်ချက်တွေကိုလဲတွေ့နိုင်မှာပါ နိုင်ငံရေးဇာတ်ကားလေးဖြစ်တဲ့အပြင် စိတ်ဝင်စားဖို့လည်းအရမ်းကောင်းတဲ့ကားလေးဖြစ်ပါတယ် ။File Size__(2GB) / (950MB) Quality__1080p, 720p IMDb Rating__7.1/10 Format__mp4 Duration__01:45:00 Type__Crime, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Mo Mo Encoded by Naing Aung Latt
movie

[18+]From the Queen to the Chief Executive (2001)

Giant Crocodile 2 ( 2022 ) 5.9
Giant Crocodile 2 ( 2022 ) CM Chinese fan တို့အတွက် ဒီတစ်ခေါက်မှာတော့ မိကျောင်းဇာတ်ကားကောင်းလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်ကြောင်းနောက်ခံထားတာကတော့ ပလိပ်ခေတ်ဆိုတော့ အယုံမှား အယူမှားတွေပေါခဲ့ချိန်လေးပေါ့... ပုံမှန်ဆို အဲ့လို ခေတ်တွေမှာ မိစ္ဆာတို့ မကောင်းဆိုးဝါးတို့ကို အခြေခံတာ ရိုက်ပေမယ့် အခုကားလေးကတော့ မိကျောင်းမြို့ထဲရောက်လာတာကို ရိုက်ပြထားတာပါ...ဒီကားလေးမှာ စလာတည်းက မိကျောင်းက ပေဟိုင်ကို ခုတ်မောင်းလာတဲ့ ရထားပေါ်တက်စီးလာတာယူမလား.... ပေဟိုင်မြို့ရဲ့ ဘုရားကျောင်းတစ်ခုမှာ မင်္ဂလာဆောင်နေချိန် ရုတ်တရက်ကြီး စားဖိုမှူးနဲ့ ရန်ဖြစ်ရာကနေ မင်္ဂဆောင်တစ်ခုလုံးကို သွေးမိုးရွာစေခဲ့တဲ့ ပွဲဖျက်တဲ့ မိကျောင်းမ ယူမလား.... ဘိန်းအရှိန်တက်နေတဲ့ ဘိန်းသမားရှေ့မှာ ရောက်လာလို့ ခွေးဖြစ်သွားရတဲ့ မိကျောင်း ယူမလား အစုံပါပဲ...တစ်ချိန်တည်းမှာပဲ မြင်နေကြ မကောင်းဆိုးဝါးဖမ်းတာတို့ ဂိုဏ်းချင်းမတည့်လို့ တိုက်ခိုက်တာတို့မဟုတ်ဘဲ... မုဆိုးနဲ့ ရဲပလိပ်တို့ပေါင်းပြီး မြို့ထဲ ပတ်သောင်းကျန်းနေတဲ့ မိကျောင်းကို ဖြေရှင်းတဲ့ဇာတ်လေးပေါ့...ဒါပေမယ့် ဒီမိကျောင်းတွေက ဘယ်က ဘယ်လိုရောက်လာတယ်.. နောက်ကွယ်မှာ တစ်ယောက်ယောက် အကွက်ဆင်နေတာများ ရှိမလား... နောက်ပြီး တောမုဆိုးတွေကရော ဒီအမှုကို တကယ်ကူညီဖြေရှင်းပေးနိုင်လားဆိုတာ ဇာတ်ကားလေးက ပြောပြမှာမို့ အမြန်ဒေါင်းကြည့်လိုက်နော်... [ Reviewed By Chu Chu ] Quality : WEB-DL 1080p , 480p Format : mp4 Genres ...
movie

Giant Crocodile 2 ( 2022 )

The Other Child (2022) 5
The Other Child (2022) The Other Child (2022)ကလေးတစ်ယောက်ကို ဆုံးရှုံးလိုက်ရလို့ အစားထိုးချင်နေတဲ့ လင်မယားနှစ်ယောက်ဟာ သားသမီး ၃ ယောက်ရှိနေပြီးသားဆိုပေမဲ့ နောက်ထပ်တစ်ယောက်ကို မွေးစားဖို့ ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ အဲဒီမွေးစားလိုက်တဲ့ကလေးအီဆာ့ဟာ ထူးခြားတဲ့စွမ်းရည် ပိုင်ဆိုင်ထားလို့ ဝိညာဉ်တွေနဲ့ ဆက်သွယ်နိုင်ပါတယ် အိမ်မှာလည်း ဆုံးရှုံးလိုက်ရတဲ့ကလေးရဲ့ ဝိညာဉ်ရှိနေတဲ့အချိန်မှာ မိသားစုတွေ ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာပါHorror ဆိုပေမဲ့ ဝုန်းဒိုင်းကြီး ကြောက်စရာကောင်းတာမဟုတ်ဘဲ ငြိမ့်ငြိမ့်လေး ကြည့်ချင်တယ်ဆိုရင်တော့ ဒီရုပ်ရှင်လေးကို ကြည့်နိုင်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre.....Mhlystery, Horror Quality…. 1080p | 720p | 480p File size… 965MB | 453MB | 186MB Format… mp4 Duration….1h 54min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ..... August
movie

The Other Child (2022)

2022

Genres

Archives