Channel Myanmar

Content at random


Movies

Knight of Cups (2015) 5.6
Knight of Cups (2015) Knight of Cups (2015) =================Terrence Malickကို ကောင်းကောင်းသိတဲ့ လူတွေအတွက်တော့ ဘယ်လိုရုပ်ရှင်ဆိုတာရှင်းပြစရာ မလိုပေမဲ့၊ ဒီရုပ်ရှင်ဟာ Fragmentation ဆန်ဆန် ဒိုင်ယာလော့တွေကို နာရေးတစ်ပြောပြီး ဘာမှမပြနေတာတွေကို ရိုက်ပြထားတဲ့ ရုပ်ရှင်ပါပဲ။ Christian Bale , Cate Blanchett, Natalie Portman, Ben Kingsley, Antonio Banderasတို့လို တန်းမြင့် သရုပ် ဆောင်တွေကို သုံးထားပါတယ်။Terrence Malickဟာ Tree of Lifeနဲ့ နာမည်အကျော်ဆုံး ရုပ်ရှင်ပွဲတော် ဖြစ်တဲ့ ကိန်းမှာ Palme d'Orရခဲ့သလို The Thin Redline, A hidden Life, Days oF Heaven လို မာစတာပိစ်ကားတွေလည်း ရိုက်ခဲ့ပါတယ်။Knight of Cupsမှာတော့ အခန်း၈ခန်းကို နောက်ဆုံးခန်းကလွဲ တားရော့ကတ် (၇)ခုနာမည်သုံး ပုံဖော်သွားခဲ့ပြီး baleကိုတော့ Knight of cupsအနေနဲ့ ပုံဖော် ထားပါတယ်။ ဘေးလ်တစ်ယောက် စိတ်ဓာတ်ကျပြီး ...
movie

Knight of Cups (2015)

2015
Sissy (2022) 6.2
Sissy (2022) Sissy (2022) ========== Rotten Tomatoes - 96% IMDb Rating - 6.2/10ဒီတစ်ခေါက် တင်ဆက်ပေးချင်တာကတော့ rotten Tomatoesမှာ rating 92%အထိ ရရှိထားတဲ့ Horror/ Mystery ဇာတ်‌လမ်းကောင်း လေးတစ်ခုပါ။အားလုံးပဲ သိကြတဲ့အတိုင်း Psycho Killer ထဲမှာ အဆိုးဆုံးတွေက ကိုယ့်ကိုယ်ကိုယ် psycho ဖြစ်နေမှန်းမသိ ကိုယ်လုပ်တာ မှန်တဲ့ဆိုတဲ့ psycho တွေပါ။ ဒီဇာတ်ကားထဲမှာလည်း Sissy ကအဲဒီလိုကောင်မလေး ပေါ့။ ဒါပေမဲ့လည်း ဘယ်လောက်ပဲ Psycho ဆန်ဆန် သူတို့ကိုသွားမထိရင် Psycho တွေကလည်း အေးဆေးပါပဲ။ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့ Sissy နဲ့ Amber တို့ဟာ တစ်ယောက်နဲ့ တစ်ယောက် ဘယ်တော့မှ မခွဲဘူး အတူတူ အသက်ကြီးပြင်းသွားကြမယ်လို့ ကတိပေးထားကြတဲ့ သူငယ်ချင်း ကောင်းတွေ ဖြစ်ခဲ့ကြပါတယ်။ Alex ဆိုတဲ့ကောင်မလေး ပရိတ်သတ်ရှေ့ကို မပေါ်ထွက်လာခင်အချိန်အထိပေါ့။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံလို့ အဆင်‌ မပြေတဲ့ Sissy တစ်ယောက် Amma နဲ့ Sissyတို့ရဲ့ ငယ်ဘဝပုံရိပ်တွေ အမှတ် တရတွေကြားထဲကနေ ...
movie

Sissy (2022)

2022
The Female Chief of the Shadow’s King ( 2018 ) 5.9
The Female Chief of the Shadow’s King ( 2018 ) Thriller Romance ကြိုက်တဲ့သူလေးတွေအတွက် The Female Chief of the Shadowing King ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။1920ခုနှစ်ကျော်ကာလမှာ အရိပ်ဘုရင်လို့ခေါ်တဲ့ တပ်မှူးရှီးဇယ်ကအမိန့်အရသစ္စာဖောက်တွေကိုဖမ်းဆီးခဲ့ပြီး သူဟာငွေ၅ယွမ်အကြောင်းပြုပြီး လုရှောင်ခွေဆိုတဲ့ကောင်မလေးနဲ့ဆုံတွေ့ခဲ့တယ်။ ရှီးဇယ်ကအရမ်းမောက်မာပြီးပုန်ကန်ချင်စိတ်ရှိတဲ့သူတစ်ယောက်ပဲ။သူ့အဖေကသူ့ကိုယဉ်ကျေးအောင်သင်ပြပေးဖို့ စစ်ပညာသင်ကျောင်းကထူးချွန်ကျောင်းသားတစ်ယောက်ကိုသင်ပြပေးစေချင်ခဲ့တယ်။ ဒီလိုနဲ့သူကရှီးဇယ်ကိုသင်ပေးဖို့လုရှောင်ခွေကိုခေါ်လာခဲ့တယ်။ ဆိုးသွမ်းတဲ့ကိုလူဆိုးရှီးဇယ်ရဲ့ဒဏ်ကိုသိမ်မွေ့တဲ့လုရှောင်ခွေကအလူးအလဲခံရတာပေါ့။စရိုက်မတူတဲ့သူတို့၂ယောက်ကဆန့်ကျင်ဘက်တွေလိုဖြစ်ပေမယ့် နှစ်ယောက်သားနီးစပ်လာကြတော့ အချစ်မီးပန်းတွေပွင့်လာတာပေါ့။ ဒါပေမယ့် လုရှောင်ခွေကချစ်မိတော့မယ်ဆိုတဲ့အချိန်မှာ ရှီးဇယ်က မင်းငါ့ကိုဒီကမ္ဘာမှာချစ်လို့မရဘူး ဆိုပြီးပြောပါတယ်။ သူတို့၂ယောက်ရဲ့အချစ်ဇာတ်လမ်းဟာ ဘယ်လိုဖြစ်လာမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ချစ်ခွင့်မရှိတဲ့အကြောင်းပြချက်ကရောဘာတွေဖြစ်နေမလဲဆိုတာ အဆုံးထိကြည့်ရှုအားပေးလိုက်ပါဦးနော်...... Reviewed By Nu Mon Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Romance , Thriller Runtime : 1h 2 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

The Female Chief of the Shadow’s King ( 2018 )

Dig (2022)
Dig (2022) ဒီတစ်ခါ ပရိသတ်ကြီးကိုတင်ဆက်ပေးမဲ့ကားလေးကတော့ မိန်းမတစ်ယောက်ရဲ့ လှပတဲ့မာယာတွေရယ် ဖခင်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာတွေရယ် သမီးတစ်ကောင် နွားတစ်ထောင်ဆိုတဲ့အကြောင်းရယ် မဆင်ခြင်ဘဲ ဒေါသကြီးရင် ရနိုင်တဲ့ရလဒ်တွေအကြောင်းရယ်ကို ရိုက်ပြထားတဲ့ကားကောင်းလေးတစ်ကားပါပဲ ဇာတ်လမ်းအကျဉ်း ဂျိန်းဆိုတဲ့ကောင်မလေးက ဘရန်နာလင်မယားရဲ့ တစ်ဦးတည်းသောသမီးလေးပါပဲ ကားအစမှာကတည်းက သူက အိမ်ကနေ ညဘက်ကြီးခိုးထွက်သွားလို့ သူ့အဖေ နဲ့ အမေက လိုက်ရှာကြရတာပါ သူကတော့ သူဌေးသားလေးတစ်ယောက်ရဲ့ ပါတီမှာ သွားကဲနေတာပေါ့ ကံဆိုးချင်တော့ သူ့ဖုန်းက Location နဲ့ သူ့အဖေအမေတွေလိုက်ရှာရကနေသူ့ကို မိသွားလို့ပြန်ခေါ်လာတာပါ အဲဒီလိုပြန်လာရင်းနဲ့ လမ်းမှာ သူတို့ရဲ့ ကားအရှေ့ကို ကားတစ်စီးကဖြတ်ဝင်လာလို့ သူ့အဖေက ဒေါသပေါ်ဒေါသဆင့်ရင်း တော်တာ်ပေါက်ကွဲခဲ့တာပေါ့ မထင်မှတ်ဘဲ ဖြတ်ဝင်တဲ့ကားကို ဆီဆိုင်မှာဆီဖြည့်ရင်းတွေ့လိုက်တာကနေ စကားများကြရင်း ဟိုကားရဲ့လူက သေနတ်နဲ့ချိန်တာကို လုရာကနေ သူ့မိန်းမသေသွားခဲ့တာပါ အဲဒီအချိန်မှာပဲ သူ့သမီးကလည်း Trauma ရပြီး နားမကြားနိုင် စကားမပြောနိုင်ဖြစ်သွားခဲ့တာပေါ့ ဒီလိုနဲ့တစ်နှစ်ကြာတော့ ဘရန်နန့်ဆီမှာ အလုပ်လာအပ်တဲ့သူရောက်လာပါရော ဘရန်နန်က အိမ်တွင်းပစ္စည်းပရိဘောဂတွေကိုဖြုတ်ပေးတာတို့ တွင်းတူးပေးတာတို့လုပ်တဲ့သူတစ်ယောက်ပါ အဲဒီလိုနဲ့ ...
movie

Dig (2022)

Cobra (2022) 6.4
Cobra (2022) ဒီတစ်ခေါက်မှာတော့ IMDB 6.5 နဲ့ ခါးကုန်းမင်းသား၊ ကြပ်မပြည့်တဲ့မင်းသားအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Vikram လို နာမည်ကြီးမင်းသားဟောင်းကြီးတွေပါဝင်သရုပ်ဆောင်ထားတဲ့ Cobra လို့အမည်ရတဲ့ Crime,Actionအမျိုးအစားရုပ်ရှင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။လူတစ်ယောက်ဟာ သင်္ချာနည်းတွေနဲ့ ပြစ်မှုကျူးလွန်နိုင်လား? ဟုတ်ကဲ့ ဒီကားမှာတော့ မာသီဆိုတဲ့လူဟာ သင်္ချာသဘောတရားတွေနဲ့ ပြစ်မှုကျူးလွန်ပါတယ်သူပြစ်မှုကျူးလွန်ပုံကတော့ ကမ္ဘာတစ်ဝှမ်းက ရာထူးကြီး အရေးကြီးပုဂ္ဂိုလ်တွေကိုမှ နိုင်ငံရေးသမားတွေကိုမှ လုပ်ကြံသတ်ဖြတ်တာ ဖြစ်ပါတယ်ဒါကို အပြည်ပြည်ဆိုင်ရာ ရဲအရာရှိက သင်္ချာပါရမီရှင် ကောင်မလေးတစ်ယောက်ရဲ့ အကူအညီနဲ့ သူ့ကို အမိဖမ်းမှာပဲ ဖြစ်ပါတယ်သူ့ရဲ့ သင်္ချာအတွက်အချက် ဗျူဟာတွေနဲ့ ပြစ်မှုဘယ်လိုကျူးလွန်တာလဲ။ သူကတကယ်ရေ ာတရားခံအစစ်မှဟုတ်ရဲ့လား။ ဘယ်လို အရှုပ်အထွေးတွေပါဝင်ပါတ်သက်နေမလဲ။ဘာကြောင့် နိုင်ငံတကာက အရေးကြီးပုဂ္ဂိုလ်တွေကိုမှ လုပ်ကြံရတာလဲဆိုတာ ဒီကားလေးထဲမှာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်လို့ အခုလိုပဲ တင်ဆက်ပေးလိုက်ရပါတယ်နော် File size…7GB /3.2GB / 1.5GB Quality…4k HEVC / 1080p True WEB DL / 720p Format…mp4 Duration….3h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & HM &  OeliuJ & Lwin ...
movie

Cobra (2022)

2022
4K HEVC Web-DL
The Legend of Enveloped Demons ( 2022 ) 5.7
The Legend of Enveloped Demons ( 2022 ) “လူသားတွေနဲ့ မိစ္ဆာတွေရဲ့ကြားမှ ပြင်းထန်လှတဲ့ တိုက်ပွဲတစ်ခု ”ဟိုးလွန်ခဲ့တဲ့ နှစ်​ပေါင်းရာချီအချိန်ကာလ မိစ္ဆာတွေဟာ လူသားတွေနေထိုင်ရာ ကမ္ဘာကြီးကိုလာရောက်ဖျက်ဆီးသော အချိန်တစ်ခု......., အပြစ်မဲ့တဲ့ ပြည်သူတွေ ခမျာ မိစ္ဆာတွေရဲ့ဒဏ်ကို အလူးအလဲခံကာနေရပါတော့တယ်အဲဒီအချိန်မှာ လျဲ့ယန် မီးတောင်အတွင်းမှာ အနက်ရောင်သံလို့ခေါ်တဲ့ အထူးသတ္ထုတစ်မျိုးရှိပြီးတော့ အဲ့ဒီ သတ္တုနဲ့ ပြုလုပ်ထားတဲ့ လက်နက်တွေဟာ မိစ္ဆာတွေအပေါ် အရမ်းပြင်းထန်တဲ့ အကျိူးသက်ရောက်မှုတစ်ခု ရှိလို့နေပါတယ် ဒါပေမဲ့လို့ သာမန်သက်ရှိတွေကတော့ အဲဒီ သံသတ္ထုရဲ့ စွမ်းအားကိုမခံနိုင်ကြပါဘူး အဲ့ဒါကြောင့်နဲ့ပဲ မျ ားစွာလှသော ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ ယောကျာ်းတွေဟာ မိစ္ဆာတွေကို နှိမ်နင်းဖို့အတွက် မီးတောင်ဆီကို ရောက်ရှိလို့လာကြပါတယ် အဲဒီမှာ သူတို့ရဲ့ ခြေတွေ/လက်တွေကို စတေးပြီး သံနဲ့ပြုလုပ်ထားတဲ့ ခြေအတု လက်အတုတွေကို တပ်ဆင်ခဲ့ကြပြီးတော့ သူတို့ကိုယ်သူတို့ "မိစ္ဆာနှိမ်နင်းသူ" လို့ အမည်ခေါ်တွင်ခဲ့ကြပါတော့တယ်"မိစ္ဆာနှိမ်နင်းသူ" သူဆိုတာ လူသားတွေနဲ့ မိစ္ဆာတွေအကြားက အဖွဲ့အစည်းတစ်ခုလဲဖြစ်ပါတယ် မိစ္ဆာနှိမ်နင်းသူ တွေရဲ့ တိုက်ပွဲဟာဆိုရင် အရမ်းကိုမှအံ့သြဖွယ်ကောင်းလှပေမဲ့လဲ သံသတ္ထုရဲ့ စွမ်းအားတွေက မိစ္ဆာနှိမ်နင်းသူ တွေကို ဝါးမျိုလို့နေဆဲပါပဲ ဒါပေမဲ့ မိစ္ဆာတွေကို ကိုယ်ကျိုးစွန့်ကာ နှိမ်နင်းပေးပေမယ့်လို့ လူတွေရဲ့အမြင်ထဲမှာတော့ သူတို့ဟာ ဆူးတစ်ချောင်းလို ကာဆီးနေပြီး အမည်မသိသူရဲကောင်းတွေအဖြစ် ရပ်တည်လို့ နေခဲ့ရရှာပါတော့တယ် အဲဒီအထဲမှာမှ ကျမ်းသစ္စာကျိန်ဆိုထားကြတဲ့ နောက်ဆုံးသော မိစ္ဆာနှိမ်နင်းသူမျိုးဆက်မှ ...
movie

The Legend of Enveloped Demons ( 2022 )

Raven’s Hollow (2022) 5.3
Raven’s Hollow (2022) Raven's Hollow (2022) ================အမေရိကန် နိုင်ငံရဲ့ ၁၈၃၀ ခုနှစ် ဆောင်းဦးကာလမှာ ဗိုလ်လောင်း အက်ဂါ ပိုး ဟာ တခြား ဗိုလ်လောင်း ၄ ယောက်နဲ့အတူ လေ့ကျင့်ရေးကွင်းဆင်းဖို့ ထွက်လာခဲ့ပါတယ်။ ထိုသို့ ထွက်လာရင်း လူတစ်ယောက်ကို စာ‌ခြောက်ရုပ်သဖွယ် ကြိုးတွေနဲ့ ချည်ထားပြီး ဗိုက်ကို ဓားနဲ့ အခွဲခံထားရတာကို တွေ့လိုက်ရပါတယ်။ ထိုသူမသေခင် နောက်ဆုံး ပြောသွားတဲ့ စကားမှာ "ကျီးကန်း" ဆိုပြီး တစ်ခွန်းတည်း ပြောသွားခဲ့ပါတယ်။ထိုအခါမှာ ပိုးလည်း လိုက်စုံစမ်းရင်း ကျီးကန်းဆိုတဲ့ မြို့လေးတစ်မြို့ဆီကို ရောက်သွား ပါ‌တော့တယ်။ အဆိုပါ မြို့လေးဟာ သေးငယ်ပြီးတော့ လူလည်း မရှိသလောက်ဖြစ်နေပါ တော့တယ်။ လူတစ်ယောက်က သူတို့ကို မနေဖို့ တားပေမယ့် ဆက်နေခဲ့ကြပါတယ်။ ထိုနေ့ညမှာပဲ သူတို့ထဲက တစ်ယောက် ပျောက်ဆုံးသွားပါတော့တယ်။ထိုမြို့လေးကတော့ "ကျီးကန်း" ဆိုသည့်အရာကြီးကို နတ်ဆိုးအဖြစ် သတ်မှတ်ထားပြီး ကြောက်ရွံ့နေပါတယ်။ ပိုးတို့ လူတစ်စုလည်း မြို့မှာ သောင်တင်နေပြီး ထွက်ဖို့ ကြိုးစားတဲ့ သူက သေဆုံးသွားပါတော့တယ်။ ...
movie

Raven’s Hollow (2022)

2022
A Tribute to Her Majesty – the Queen (2022) 5.3
A Tribute to Her Majesty – the Queen (2022) A Tribute to Her Majesty - The Queen (2022)ဒီ Documentary လေးကိုထွေထွေထူးထူးညွှန်းနေစရာတော့လိုမယ်မထင်ပါဘူး။ မကြာသေးခင်ကမှ နတ်ရွာစံသွားတဲ့ အင်္ဂလန်ပြည့်ရှင် ဘုရင်မကြီး အဲလိဇဘက် ၂ အကြောင်း BBC ကနေ ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ပါ။ဘုရင်မကြီးရဲ့ ကလေးဘဝ၊ ဒုတိယကမ္ဘာစစ်ကို ၁၃နှစ်အရွယ် မိန်းကလေးတစ်ဦးအနေနဲ့ ဖြတ်သန်းခဲ့ပုံတွေ၊ ထီးနန်းဆက်ခံရမယ့် မျိုးဆက်မဟုတ်ပေမယ့် ကံကြမ္မာကြောင့် ထီးနန်းဆက်ခံဖို့ဖြစ်လာတာတွေ၊ မိသားစုကိုချစ်ခင်ပုံတွေ၊ ထီးနန်းဆက်ခံပြီးနောက်မှာ တာဝန်နဲ့မိသားစုကို ဦးထိပ်ပဓာနထားခဲ့တာတွေကို ဒီ မှတ်တမ်းရုပ်ရှင်လေးမှာတွေ့နိုင်ပါတယ်။ရှေးခေတ်ဗီဒီယိုမှတ်တမ်းတွေ အများအပြားထည့်သွင်းရိုက်ကူးထားတဲ့အပြင် ဘုရင်မကြီးရဲ့ မိသားစုဝင်တွေ၊ ဗြိတိန်ဝန်ကြီးချုပ်ဟောင်းတွေ၊ မင်းမှုထမ်းတွေလည်း ပါဝင်အားဖြည့်ပေးထားလို့ ကြည့်ရအဆင်ပြေတဲ့ Documentary လေးပါပဲ။တော်ဝင်မိသားစုဖက်အမြင်ကနေပဲရိုက်ကူးထားပြီး သွားလေသူကိုအမှတ်တရဖြစ်အောင် တင်ပြထားတဲ့အတွက် တစ်ချို့တစ်ချို့သော ကိစ္စလေးတွေမှာ အငြင်းပွါးစရာလေးတွေတော့ရှိနိုင်ပါတယ်။ ဒါလေးကို သည်းခံနိုင်ရင်တော့ ကြည့်ရတာတန်တဲ့ Documentary လေးပါပဲလို့ တတ်နိုင်သလောက်လေး ညွှန်းခဲ့ပါရစေခင်ဗျား...(ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw ...
movie

A Tribute to Her Majesty – the Queen (2022)

2022
Toshimaen: Haunted Park (2019) 5.5
Toshimaen: Haunted Park (2019) Toshimaen:Haunted Park (2019)ကျိန်စာနဲ့ သည်းထိတ်ရင်ဖိုသရဲဇာတ်လမ်းတွေကို စိတ်ဝင်စားကြတဲ့သူတွေအတွက် ကောင်မလေးတစ်သိုက်နဲ့တိုရှိမအန်ကျိန်စာအကြောင်း ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ။အထက်တန်းကျောင်းတည်းက ခင်ခဲ့ကြတဲ့ကောင်မလေးတစ်စုက ၃နှစ်ကြာမှ ပြန်ပြီးဆုံကြပါတယ်။ သူတို့အထဲက "စခိ"ဆိုတဲ့ကောင်မလေးက နိုင်ငံခြားမှာပညာတော်သင်သွားတော့မှာဖြစ်လို့ နှုတ်ဆက်ရင်းပြန်ဆုံကြတာပါ။ သူတို့က ကျောင်းသူဘဝမှာတည်းက ဖုန်းအလွန်သုံးပြီး အင်တာနက်နဲ့အကျွမ်းတဝင်ရှိကြပါတယ်။သူတို့ရဲ့သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ယုက ကတော့ လွန်ခဲ့တဲ့နှစ်တွေမှာ ရုတ်တရက်ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒီနေ့မှာတော့ ပြန်ဆုံတဲ့ပွဲအတွက် အသွားမှာ "စခိ"က ပျောက်သွားတဲ့ယုကရဲ့ အမေဖြစ်သူနဲ့ဆုံခဲ့ပါတယ်။ စခိနဲ့ယုက က အရမ်းခင်ခဲ့တာမို့ ကစားကွင်း ဝင်ခွင့်အခမဲ့လက်မှတ်တွေကို ယူထားဖို့ပေးခဲ့ပါတယ်။ ဒီလိုနဲ့တွေ့ဆုံပွဲကိုရောက်တော့ ကျန်တဲ့သူငယ်ချင်းတွေကပါ ကစားကွင်းကိုသွားချင်နေတာမို့ သွားဖို့စီစဉ်လိုက်ကြပါတယ်။ သူတို့သွားတဲ့ကစားကွင်းမှာ တိုရှိမအန်ကျိန်စာဆိုတာရှိပါတယ်။ စည်းကမ်းချက်တွေထဲက တစ်ချက်ကို ဖောက်ဖျက်မိတာနဲ့ လျှို့ဝှက်နေရာကိုထာဝရခေါ်ဆောင်သွားခံရတော့မှာပါ။ဒီလိုနဲ့ သူတို့သူငယ်ချင်းတစ်စုလည်း ဒီကျိန်စာကို စမ်းသပ်ကြည့်ဖို့ဖြစ်လာတဲ့အခါ သူတို့ကိုယ်တိုင်ကလည်း အကြောင်းအရင်းတစ်ခုကြောင့် ဒီကျိန်စာနဲ့ပြန်ပတ်သက်ရဖို့ ဖြစ်လာတာမို့ ဘာတွေကြုံရမလဲ ဘယ်လိုတွေကျိန်စာမိကြမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ )File ...
movie

Toshimaen: Haunted Park (2019)

The Devil’s Backbone(2001) 7.4
The Devil’s Backbone(2001) The Devil's Backbone(2001) အညွှန်း********************************IMDb rating: 7.4/10 Rotten Tomatoes: 93%ကမ္ဘာစစ်အတွင်းမှာ သေကြေပျက်စီးတယ်ဆိုတယ် ဆန်းတဲ့အရာတော့ မဟုတ်ပါဘူး စစ်ကြောင့် လက်နက်ကြောင့်လို့ ပြောကြပေမယ့် တကယ်တမ်းကတော့ လူ့အတ္တစစ်စစ်ကြောင့်ပေါ့ဗျာ ငတ်ပြတ် ဆင်းရဲကုန်တော့ လုပ်မိလုပ်ရာတွေလုပ်ရင်း လူသားဆန်မှုဆိုတာ ဘယ်ဆီရောက်မှန်းမသိ ယုံကြည်မှုတွေကလည်း အလဲလဲအကွဲကွဲ ဘယ်ဘုရားဆီပြေးရမယ်မသိ..မကောင်းဆိုးဝါးရဲ့ ကျောရိုးဆိုတာ ဘာလဲ သိကြလားဗျ မွေးမလာသင့်တဲ့ကလေးတွေ တစ်နည်း လူတွေစွန့်ပစ်လို့ အသက်ဆုံးရှုံးသွားရတဲ့ လူမမယ်ကလေးလေးတွေကို ခေါ်ပါသတဲ့ စပိန်နိုင်ငံရဲ့ စစ်ကြီးအတွင်းမှာ အဲဒီကလေးတွေကို ‌ဆေးရည်စိမ်ပြီး ရောဂါပျောက်တယ်ဆိုပြီး သောက်ကြသတဲ့လေ မဟုတ်မှန်းသိသိရဲ့နဲ့ လုပ်မိလုပ်ရာတွေ လုပ်ကြတာပါပဲ ကျွန်တော် လက်လှမ်းမီသလောက် ဇာတ်လမ်းရဲ့ ရည်ညွှန်းချက်ကတော့ devil's backbone ဆိုတာ ကပ်ဘေးကြောင့် လူ့လောဘအတ္တကို ကျောရိုးအရင်းခံပြီး လုပ်မိလုပ်ရာတွေ လုပ်ကြပုံပါပဲဇာတ်လမ်းအညွှန်းကတော့ တိုတိုလေးပါပဲ ၁၂ နှစ်သားကောင်လေးတစ်ယောက် စစ်ကြီးထဲမှာ အဖေဆုံးရှုံးသွားရလို့ စပိန်နိုင်ငံ မြို့စပ်လေးတစ်ခုက ကျောင်းတစ်ကျောင်းကို ရောက်လာတယ် သူမရောက်ခင်ကတည်းက ကျောင်းဝန်းအလယ်တည့်တည့်မှာ ဗုံးအကြီးကြီးစိုက်ဝင်နေတယ် ဗုံးကျဲခံရတဲ့ညမှာပဲ ရှန်တီဆို‌တဲ့ ကောင်လေးတစ်ယောက် ပျောက်သွားတယ်တဲ့ ကျောင်းသားတွေကြားက ...
movie

The Devil’s Backbone(2001)

Ranga Ranga Vaibhavanga (2022) 5.4
Ranga Ranga Vaibhavanga (2022) Comedy, Drama, Romanceရီရှီနဲ့ ရာဒါဆိုတဲ့ ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်ဟာ တစ်ရက်တည်း အချိန်အတူတူမွေးလာကြတဲ့သူတွေပေါ့ သူတို့ရဲ့အဖေတွေကလည်း ငယ်ပေါင်းကြီးဖော် သူငယ်ချင်း အရင်းခေါက်ခေါက်တွေသူတို့ကလည်း ငယ်ငယ်ကတည်းက တပူးပူးတတွဲတွဲ ကြီးပြင်းလာခဲ့ကြပြီး တစ်ယောက်နဲ့တစ်ယောက်လည်း သူငယ်ချင်းထက်ပိုတဲ့ သံယောဇဉ်တွေနဲ့ အရမ်းချစ်ကြတဲ့သူတွေပေါ့ဒါပေမယ့် ချစ်ကြပေမယ့် မာနချင်းပြိုင်ရတဲ့ နေ့တစ်နေ့ကို ရောက်လို့လာခဲ့တယ် အဲဒါကတော့ သူတို့ အလယ်တန်းမှာ ကိစ္စတစ်ခုကြောင့် တစ်ယောက်ပါးတစ်ယောက် ရိုက်လိုက်မိရာက နင်စကားမပြောရင် ငါလည်းမပြောဘူးဆိုပြီး ဖြစ်သွားကြပြီး ကြီးတဲ့အထိ စကားမပြောဘဲ နေလာကြတာ ကောလိပ်ရောက်တဲ့အထိပါပဲရင်ထဲမှာတော့ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်တဲ့အချစ်တွေနဲ့ ရှိကြပေမယ့် မာနတွေကြောင့်သာ သူတို့ဝေးကွာနေခဲ့ကြတာပေါ့အဲဒီလိုနဲ့ အဲဒီလိုအရမ်းချစ်ကြတဲ့ သူတို့နှစ်ယောက်ရဲ့ မာနတွေ ပြိုကွဲသွားစေမယ့်အရာက ဘာဖြစ်မလဲ အခေါ်အပြောမလုပ်ကြတဲ့ သူတို့နှစ်ယောက်မှာ ဘယ်သူက အရင်စကားစပြောတဲ့သူ ဖြစ်မလဲဆိုတာ ဒီကားလေးထဲမှာ မိသားစုဘဝ ဟာသလေးတွေနဲ့ပါ အချစ်ရိုမက်တစ်ရသကို အပြည့်ခံစားပြီး ကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…2.9GB / 1.3GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & BpL & Sora
movie

Ranga Ranga Vaibhavanga (2022)

2022
The Karate Kid Part III(1989) 5.3
The Karate Kid Part III(1989)  ဒီကားလေးကတော့ Karate Kid Trilogy ရဲ့ နောက်ဆုံးကားကောင်းလေးတစ်ကားဖြစ်ပါတယ် ဒီကားမှာထူးခြားတာက တချို့ကားတွေလို မင်းသားက သိုင်းကောင်းကောင်း မတတ်ပေမဲ့ စိတ်ဓာတ်ခိုင်မာတဲ့ပုံစံမျိုးမဟုတ်ပါဘူး အပြင်မှာဖြစ်နိုင်တာတွေနဲ့ အတတ်နိုင်ဆုံး ကိုက်ညီအောင်ရိုက်ပြထားတဲ့ကားလေးပါပဲ တချို့ သိုင်းကားတွေလို ဂျွမ်းထိုးမှောက်ခုံပျံတက်ပတ်ချ မပါပေမဲ့ ရပ်ကွက်တွေတို့ လမ်းတွေတို့မှာ ဖြစ်ရင်ချမဲ့အကွက်တွေကို ပီပြင်အောင်ရိုက်ပြသွားတာပါ ကရာတေးကို တီးမိခေါက်မိရှိတဲ့သူတွေအတွက်ကတော့ တကယ့်ကိုရွှေပါပဲဗျာ အဲဒါအပြင် လူတစ်ယောက်ရဲ့ အမှန်တကယ်စွမ်းအားက အဲဒီလူတစ်ယောက်ရဲ့ကိုယ်တွင်းမှာပဲဖြစ်တာကို သေချာလေးထုတ်ဖော်ပြသသွားတာပါ တကယ်ဖြစ်ချင်တဲ့စိတ်ရှိရင် လူစွမ်းနိုင်တဲ့ဘယ်အလုပ်မဆို လုပ်နိုင်တယ်ဆိုတာလေးပါပြသခဲ့တာပါ ကျွန်တော်တို့သာ ရချင်တဲ့စိတ် တကယ်ပြင်းပြရင် ကျွန်တော်တို့လိုချင်နေတဲ့အရာကြီးဟာ တစ်နေ့မှာတော့ မလွဲဧကန်ရနိုင်မှာပါခင်ဗျာ ဇာတ်လမ်းအကျဉ်း ပထမဆုံးကားမှာ ဂျွန်ခရိစ်ရဲ့ ကော်ဘရာကိုင်က ဗိုလ်လုပွဲမှာရှုံးနိမ့်သွားပြီး ဂျွန်ခရိစ်ကလည်း သူ့သင်တန်းသား ဂျွန်နီလောရန့်ကို အကြမ်းဖက်လိုက်တဲ့အတွက် သူ့သင်တန်းမှာ ၉လလုံးလုံး သင်တန်းသားတစ်ယောက်မှလာမတက်တာနဲ့ သူလည်း စီးပွားပျက်ပြီး‌တော့ စစ်ပွဲတုန်းက သူအသက်ကယ်ပေးလိုက်လို့ သူ့ကို စပွန်ဆာပေးထားတဲ့ ဆေးဗားဆီကိုရောက်သွားပါတော့တယ် ဆေးဗားကလည်း သူ့သူငယ်ချင်းကိုထိတော့ လက်စားချေချင်တဲ့စိတ်တွေတဖွားဖွားပေါ်လာတာနဲ့ပဲ ...
movie

The Karate Kid Part III(1989)

The Karate Kid Part II (1986) 6.1
The Karate Kid Part II (1986)  ဒီတစ်ခါ တောင်းဆိုထားတဲ့ ပရိသတ်ကြီးအတွက် Karate Kid Part 2 လေးတင်ဆက်ပေးလိုက်ပါတယ် အရင်ကားကို ကြည့်ပြီးတဲ့သူတိုင်း မစ္စတာမီရာဂီရဲ့ ခုခံဖို့သာအဓိကဆိုတဲ့ ကရာတေးကို ဒီကားထဲမှာလည်းဆက်လက်တင်ဆက်ပြခဲ့တာပါ ဒါပေမဲ့ နည်းနည်းလေးတော့ ပြောင်းလဲခဲ့တာပေါ့လေ ဇာတ်လမ်းအကျဉ်း ဒန်နီရယ်က ဗယ်လီဒေသပေါင်းစုံပြိုင်ပွဲကြီးမှာ ချန်ပီယံဖြစ်သွားပြီး ဂျွန်နီကတော့ ဒုတိယနဲ့မကျေမနပ်ဖြစ်ခဲ့ရတာပေါ့ ဒန်နီရယ်နဲ့ ဂျွန်နီတို့လုနေတဲ့ အယ်လီဆိုတဲ့ကောင်မလေးကလည်း ဘောလုံးသမားတစ်ယောက်နဲ့ ကြိုက်သွားတော့ ဒန်နီရယ်ကလည်းကျန်ရစ်ဖြစ်နေခဲ့တာပေါ့ အဲဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် အိုကီနာဝါကနေ မစ္စတာမီရာဂီ နာမည်နဲ့စာတစ်စောင်ရောက်လာပါလေရော အဲဒီစာထဲမှာ မစ္စတာမီရာဂီ ရဲ့အဖေအသည်းအသန်ဖြစ်နေတဲ့အကြောင်းရေးထားတော့ မစ္စတာမီရာဂီလည်း အိုကီနာဝါပြန်ဖို့စီစဉ်ရတော့တာပေါ့ ဒန်နီရယ်ကလည်း သူ့အမေနဲ့ ဖရန်ဆိုကိုမလိုက်ချင်တာနဲ့ပဲ ငွေစုအကောင့်ထဲက ပိုက်ဆံတွေအကုန်ထုတ်ပြီး မစ္စတာမီရာဂီနဲ့ အိုကီနာဝါအထိကိုလိုက်ခဲ့ရတော့တာပေါ့ အဲဒီတော့ ဒီဇာတ်ကားလေးက ဂျပန်မှာဖြစ်ပျက်ခဲ့တဲ့အကြောင်းလေးရိုက်ထားတဲ့ကားလေးပါပဲ အဲဒီအချိန်မှာပဲ လေယာဉ်ပေါ်ကဆင်းဆင်းချင်း ဒန်နီရယ်တို့ကို ချိုဇန်ကလာကြိုတော့ပါတယ် ဇာတ်လမ်းလေးကတော့ အဲဒီမှာပဲစခဲ့တာပါ ဒန်နီရယ်တို့ရောက်မှာကို ချိုဇန်ကဘယ်လိုသိပြီး ဘာလို့လာကြိုတာလဲ မစ္စတာ မီရာဂီကရောဘာလို့ အိုကီနာဝါကနေထွက်လာခဲ့တာလဲ သူထွက်သွားပြီး ၄၅နှစ်အကြာမှာ ...
movie

The Karate Kid Part II (1986)

[21+]Pirates (2005) 7
[21+]Pirates (2005) DS fans တွေအတွက်ဂုဏ်ယူစွာတင်ဆက်လိုက်ပါသည် Adult DVD တွေရဲ့စွန့်ဦးဇာတ်ကား Parody အမျိုးစား Adult DVD လောကကို ဟစ်ကြွေးခဲ့တဲ့ဇာတ်ကား ကမ္ဘာပေါ်မှာ ငွေကြေးအကုန်အကျအများဆုံး Adult ကား ဆုတွေ တပွေ့တပိုက်ကြီး သိမ်းကြုံးယူခဲ့တဲ့ကား Cast တွေက လျှမ်းလျှမ်းတောက်တွေ Asia , Europe ရောသမမွှေထားပြီး အပြည့်စုံဆုံး Adult ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် DS fans တွေလက်မလွှတ်တမ်းကြည့်သင့်သလို ပင်လယ်ဓားပြကားတွေ စွန့်စားခန်းတွေကို ကြိုက်နှစ်သက်သူတွေအတွက် ဇာတ်လမ်းဇာတ်ကွက်ပီပီပြင် ကြည့်ရမှာဖြစ်ပါတယ်ကပ္ပတိန် အဒ်ဝါ့တစ်ယောက် ငွေကြေးချမ်းသာပြီး ကျော်ကြားမှုနောက်ကို လိုက်ဖို့လမ်းစရှာနေပါတယ် ပင်လယ်မြင်း လုံ့ခေါ်တဲ့ အကောင်းစား သင်္ဘောကြီးတစ်စီးဝယ်ပြီး ပင်လယ်ပြင်မှာ ထကြွသောင်းကြမ်းနေတဲ့ ဓားပြတွေကိုနှိမ်နင်းဖို့ အစပျိုးခဲ့ပါတယ် သူ့သင်္ဘောပေါ်မှာ အချွေရံတွေအများကြီးပါပါတယ် ဒီလိုနဲ့ပင်လယ်ပြင်မှာမြောနေရင်း တစ်နေ့မှာ ရေထဲမှာမျောနေတဲ့ကောင်မလေးတစ်ယောက်ကို တွေ့ခဲ့လိုက်ပါတယ် အဲဒီကောင်မလေးက သူတို့လင်မယားကို မိစ္ဆာဓားပြတစ်ယောက်က သူတို့ကို တိုက်ခိုက်ခဲ့ကြောင်း ပြောပြတဲ့အခါ သူနာမည်ကြီးဖို့အကြောင်းဖန်လာပါတော့တယ်အချစ် အလွမ်း အဘု ဟာသ ရောနှောထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပြီး Adult ရဲ့ပြယုဒ် ဖြစ်တာကြောင့် DS ဖန်တွေအတွက် စေတနာရှေ့ထားပြီး တင်ဆက်လိုက်ပါတယ် File size…3GB / 1.3GB Quality…1080p ...
movie

[21+]Pirates (2005)

2005
Nix (2022) 4.3
Nix (2022) Nix (2022) =========Nix ဆိုတာ ဂျာမန်ဒဏ္ဍာရီလာအရဆိုရင်တော့ ပုံစံအမျိုးမျိုးပြောင်းနိုင်တဲ့ ရေနေဝိညာဉ်တစ်မျိုးပါ။ စကားအရတော့ nothing ဆိုတဲ့အဓိပ္ပါယ်မျိုး ဖြစ်ပါတယ်။ အဲဒီ Nix နဲ့ ဒီဇာတ်လမ်းက ဘယ်လိုများပတ်သက်နေမလဲ...ကွိုင်ရ်မိသားစုဟာ ပျော်စရာကောင်းတဲ့မိသားစုလေးဖြစ်ပြီး ဂျက်ခ်၊ လူးကပ်စ်နဲ့ တက်ဆာဆိုတဲ့မောင်နှမ ၃ ယောက်ရှိပါတယ်။ တစ်နေ့မှာ ရေကန်ကြီးတစ်ခုနားကို ပျော်ပွဲစားထွက်ကြတဲ့အခါ မထင်မှတ်တဲ့ကံကြမ္မာဆိုးက သူတို့မိသားစုကို ရိုက်ခတ်သွားပါတော့တယ်။အဲဒီကံကြမ္မာဆိုးဟာ မိသားစု၀င်တချို့ကို ခေါ်ဆောင်သွားခဲ့ရုံမက ကျန်ရစ်ခဲ့တဲ့ သူတွေကိုပါ အလွတ်မပေးဘဲ အမြဲခြောက်ခြားနေစေခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ပျော်စရာ‌ပျောက်ဆုံးသွားတဲ့ မိသားစုကြီးကို ဦးဆောင်နေရသူကတော့ သားအကြီးဆုံး ဂျက်ခ်ပါ။ မိသားစုကိုရော ညီဖြစ်သူရဲ့သမီးငယ်ဇိုဝီကိုပါ စောင့်ရှောက်ခဲ့ရပါတယ်။ တစ်နေ့တော့ သူတို့မိသားစုရဲ့အရိပ်ဆိုးကြီးဟာ ဇိုဝီ့နောက်ကိုပါ လိုက်လာခဲ့ပါတယ်။ အဲဒီအခါ ဂျက်ခ်တစ်ယောက် တူမဖြစ်သူကိုကယ်တင်ဖို့ကြိုးစားရင်း မိသားစုကို ဒုက္ခပေးနေတဲ့အရာကြီးနဲ့ ရင်ဆိုင်တိုးရတဲ့အခါ....ဒီတစ်ကြိမ်မှာရော မိသားစုကို ကယ်တင်နိုင်ပါ့မလား၊ ဘယ်လိုအရာမျိုးတွေနဲ့ရင်ဆိုင် ရမလဲ၊ ဒီကားထဲမှာ Nix ဟာ ဘာကို ဆိုလိုသလဲဆိုတာကို စိတ်၀င်စားစရာကြည့်ကြ ရမှာပါ။ တကယ့်မကောင်းဆိုးဝါးနဲ့ လူ့စိတ်အတွင်းက မကောင်းဆိုးဝါးကိုပါ နှိုင်းယှဉ် ပြထားတဲ့ Horror ဇာတ်‌လမ်းတစ်ပုဒ်မို့ မလွတ်တမ်းကြည့်လိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C'mon ဖြစ်ပါတယ်) File ...
movie

Nix (2022)

2022
Savages (2012) 6.4
Savages (2012) ဒီတစ်ခါတော့ ပရိသတ်ကြီးကို တကယ်မိုက်တဲ့ကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ် လောကကြီးဆိုတာ ဦးကြီးလေးဖြူဆိုထားတဲ့ အမိုက်လိုက်အက ပါပဲ ယောင်တောင်ပေါင်တောင်လုပ်နေလို့ကတော့ အစားခံလိုက်ရမှာပါ "ငါက ငါ့အလုပ်ပဲလုပ်တာတခြားသူတွေကိုစိတ်မဝင်စားပါဘူး"တို့ "ကိုယ်အလုပ်သာလုပ် အားလုံးအဆင်ပြေသွားမှာပါ"တို့ ဆိုတာက ဘုရားပွင့်နေတဲ့အချိန်မှာတောင် မဖြစ်နိုင်လောက်ဘူးဆိုတာ ဒီကားလေးကြည့်ရင် တွေးမိကြမှာ သူများတွေကို လူလည်ကျနိုင့်ထက်စီးနင်းမလုပ်ဘူးဆိုပေမဲ့လည်း အမြဲတမ်းတော့ ပါးနပ်နေဖို့ အင်အားကြီးနေဖို့ ဥာဏ်ကောင်းနေဖို့လိုတယ်ဆိုတဲ့အတွေးလေးတွေပါ ရသွားနိုင်လောက်ပါတယ် ဇာတ်လမ်းအကျဉ်း "အို"ရယ် "ဘန်"ရယ် "ချောင်"ရယ်က အတူတူနေကြတဲ့ သူတွေပါ အို က ဘန်နဲ့ရော ချောင်နဲ့ရော ချစ်ခြင်းမေတ္တာတွေမျှဝေပေးနေတဲ့သူလေးပေါ့ သုံးယောက်သားကတော့ အရမ်းကိုချစ်ကြပြီး လုယက်စားသုံးတာလည်းမရှိပါဘူး သူတို့ရဲ့ အဓိကစီးပွားရေးကတော့ ကမ္ဘာ့အကောင်းဆုံးဆေးခြောက်တွေစိုက်ပျိုးပြီးရောင်းကြတာပါ ဘန်က ရုက္ခဗေဒပညာရပ် နဲ့ စီးပွားရေးပညာရပ်ကို တတ်မြောက်ထားပြီး ချောင် ကတော့ အမေရိကန်အထူးတပ်သားဟောင်းကြီးပေါ့ သူတို့ဘဝလေးက ဆေးခြောက်လေးရောင်းပြီးသာယာနေတာပါ အဲဒီအချိန်မှာပါ ဘာဟာဆိုတဲ့ မက္ကဆီကိုရဲ့ မူးယစ်ဂိုဏ်းကြီးက သူတို့ရဲ့ဆေးခြောက်ထုတ်လုပ်ပုံတွေကို သဘောကျလာတာနဲ့ အဲဒီပညာတွေကို သိမ်းပိုက်ချင်လာပါတော့တယ် သူတို့ကိုညှိနှိုင်းဖို့အတွက် လူ၇ယောက်ခေါင်းဖြတ်ထားတဲ့ ...
movie

Savages (2012)

Warriors ( 2022 ) 6.1
Warriors ( 2022 ) ဇာတ်ကားကောင်းလေးတွေကို ဘာသာပြန်တင်ဆက်ပေးနေကြဖြစ်တဲ့ CM ကနေ ဒီတစ်ခါမှာတော့ Warriors ဆိုတဲ့ ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင် ၁၉၃၅ခုနှစ်သမိုင်းဖြစ်ရပ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီးတော့ နာမည်ကြီး ဖြစ်ရပ်တစ်ခုဆိုလည်း မမှားပါဘူး ကူမင်တန် တပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုကို ခံနေရတဲ့ တပ်နီတပ်ဖွဲ့ဟာ တတုမြစ်ကို ဖြတ်ဖို့ရာမှ ာ လှေမလုံလောက်တဲ့ပြဿနာနဲ့ ရင်ဆိုင်ခဲ့ရပြီး အထက်အရာရှိ‌တွေ ဆွေးနွေးတိုင်ပင်ပြီးတဲ့အခါမှာတော့ မြစ်ကိုမဖြတ်တော့ဘဲ ချင်ခေတ်လက်ကျန် လူတင့်တံတားကို သိမ်းဖို့ ဆုံးဖြတ်လိုက်ကြပါတယ် ပေးအပ်လိုက်တဲ့တာဝန်ကို ထမ်းဆောင်ဖို့ တပ်နီအဖွဲ့(၄)ဟာ တစ်ရက်မပြည့်တဲ့ အချိန်အတွင်းမှာ ၁၂၀ကီလိုမီတာကို ချီတက်ခဲ့ပြီး လူတင့်တံတားကို ရောက်နိုင်ဖို့ ကြိုးစားခဲ့တဲ့ တပ်နီတပ်ဖွဲ့နဲ့ ကူမင်တန်တို့ရဲ့ လူတင့်တံတားတိုက်ပွဲ အကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ် စစ်ပွဲအတွင်းက ညီအစ်ကိုသံယောဇဉ်တွေ စွန့်လွှတ်မှုတွေ တာဝန်သိတတ်မှုတွေကို အသားပေးရိုက်ကူးထားတဲ့ Warriors ဆိုတဲ့ရုပ်ရှင်ကို ကြည့်ကြည့်ဖို့ ညွှန်းချင်ပါတယ်နော် Reviewed By Kyawt Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama , War Runtime : 1h 28 min Subtitle : Myanmar Subtitle ( ...
movie

Warriors ( 2022 )

Lighting up the Stars (2022) 7.3
Lighting up the Stars (2022) Lighting up the Stars (2022) ===================== IMDb Rating - 7.3/10သံယောဇဉ်ဆိုတဲ့ဆွဲအား၊ ချစ်ခြင်းမေတ္တာရဲ့အင်အားက ဘယ်လောက်တောင် ကြီးမားလဲဆိုရင် လူဆိုးကိုလည်း လူကောင်းဖြစ်သွားစေနိုင်သလို ကြမ်းတမ်းတဲ့ လူကိုလည်း နူးညံ့တဲ့ပန်းလေးတစ်ပွင့် ပြောင်းလဲသွားစေနိုင်ပါတယ်။ ဒီတစ်ခါလည်း CM ပရိတ်သတ်ကြီးကို မျက်ရည်ဝဲစေမယ့် ရုပ်ရှင်ကားကောင်းလေးနဲ့ မိတ်ဆက် ပေးလိုက်ပါတယ်။ ထူးထူးခြားခြား ဒီကားလေးက သုဘရာဇာလုပ်ငန်းကိုလုပ်ကိုင်တဲ့ လောင်စန်း အကြောင်း ရိုက်ကူးထားတာပါ။ လောင်စန်းက ထောင်ထွက်တစ်ယောက် ပြီးတော့ အဖေ့အိမ်ကို အမွေလိုချင်လို့ သုဘရာဇာလုပ်ငန်းကို လုပ်နေရတာပါ။လူသေတွေနဲ့ ပိုက်ဆံရှာတယ်ဆိုပြီးတော့ အားလုံးကလှောင်ကြတဲ့အပြင် ကောင်မလေး ကလည်း စွန့်ပစ်သွားလို့ ပူလောင်နေတုန်းမှာ ရှောင်ဝန်ဆိုတဲ့ကလေးမလေးတစ်ယောက် အိမ်ရှေ့ရောက်လာပါတယ်။ ရှောင်ဝန်ဆိုတာ မနေ့ကအသုဘပွဲလုပ်ပေးလိုက်တဲ့အဘွားရဲ့ မြေးမလေးပါ။ သူ့အဘွားကို လောင်စန်းက သေတ္တာကြီးထဲထည့်ပြီးခေါ်သွားတာမို့ ဘွားဘွားကိုပြန်ခေါ်ပေးပါတဲ့လေ။ ကဲ... ဘယ်လိုလုပ်ကြမလဲ။ရှောင်ဝန်လေးကလည်း သရုပ်ဆောင်ကောင်းလိုက်ပုံများ ဝါရင့်မင်းသမီးကျနေတာပဲ။ သူလေးကြောင့် ရုပ်ရှင်ကားကို အဆုံးထိကြည့်မိသွားမှာ သေချာပါတယ်ဗျ။ တရုတ် ကားတွေက မေတ္တာဖွဲ့ကားလေးတွေနဲ့ပေါက်နေကြဆိုတော့ ဒီကားလေးကလည်း ပရိသတ် ရင်ထဲ ဘယ်လောက်ထိနေရာယူနိုင်မလဲဆိုတာ ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(1.56 ...
movie

Lighting up the Stars (2022)

2022
Minions & More 1 (2022) 6.5
Minions & More 1 (2022) Minions & More 1 (2022) ================== IMDb Rating - 6.5/10နောက်ဆုံးထွက်ရှိထားတဲ့ မီနီမမ်လေးတွေရဲ့ ဇာတ်လမ်းတို စုစည်းမှုလေးတွေပါ။ ကျွန်တော်တို့ ကြည့်ဖူးတဲ့ Minion and Puppy အပိုင်းလို ဇာတ်လမ်းလေးတွေလည်း ပါသလို ဇာတ်လမ်း ကောင်းအသစ်လေးတွေလည်း အများကြီးပါပါတယ်။Despicable Me ဇာတ်ကားထဲက Minion လေးတွေကို သီးသန့် ရိုက်ပြထားတဲ့ ရယ်စရာဟာသ ဇာတ်လမ်းတို မျိုးစုံကို တစ်ဖန်ပြန် လည်ကြည့်ရှုနိုင်ဖို့ မြန်မာစာတန်းထိုးနဲ့ တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size..........(815 MB) / (350 MB) Quality............BluRay 1080p / 720p Duration.........48mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Adventure, Comedy Translator.......Thiha Yan Naing Encoder..........SWM
movie

Minions & More 1 (2022)

2022
The End of the Pale Hour (2021) 5.5
The End of the Pale Hour (2021) The end of the pale hour / Young people at dawn (2021)ဒီတစ်ခါတင်ဆက်ပေးလိုက်ချင်တာကတော့ မမရဲ့ အနွံတာခံမယ့် မောင်လေးတစ်ယောက်ရဲ ဇာတ်ကြောင်းပါပဲ မင်းသားဟာ စားသောက်ပါတီပွဲတစ်ခုမှ မိန်းကလေးတစ်​ယောက်နဲ့ အမှတ်မထင်ဆုံရင်း ချစ်မိသွားတယ် အတူလျှောက်သွားလျှောက်စား ပျော်ပါးကြည်နူးကြတယ်ပေါ့ တက္ကသိုလ်ပြီးတော့ အလုပ်ဝင်ရတော့မယ့်မင်းသားဟာ တကယ်တမ်းလုပ်ငန်းခွင်ရောက်တော့ သူမျှော်လင့်ထားသလို တစ်ခုမှ ဖြစ်မလာပါဘူး ကြိတ်မှိတ်သည်းခံလုပ်ရင်း မိန်းကလေးနဲ့ပဲ အတူနေရင်း ကျေနပ်နေခဲ့တယ်ပေါ့ အချိန်တစ်ခုကြာလာတဲ့အခါ အလုပ်ကလည်း အဆင်မပြေ ချစ်သူမမကလည်း စွန့်ပစ်သွားချိန်မှာ မျက်နှာလွှဲခဲ့တဲ့ အမှန်တရားတွေကို ရင်ဆိုင်ရပါတော့တယ် ဒီဇာတ်ကားလေးဟာ working adults တွေရဲ့ ဖိစီးမှုတွေ ဘဝအချိုးအကွေ့တွေကို မီးမောင်းထိုးပြထားတဲ့ အချစ်ဒရာမာကားကောင်းလေး ဖြစ်ပါကြောင်း....File Size__(2GB) / (830MB) Quality__WEB-DL_1080p, 720p IMDb Rating__5.5/10 Format__mp4 Duration__01:56:00 Type__Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Naing Aung ...
movie

The End of the Pale Hour (2021)

Genres

Archives