Channel Myanmar

Content at random


Movies

Painted Skin: Love is Destroyed ( 2024 ) 5.8
Painted Skin: Love is Destroyed ( 2024 ) ဒီဇာတ်ကား‌လေးကတော့ တရုတ် ဒဏ္ဍာရီထဲက ရှေးခေတ်မြေခွေးတွေ နဂါးတွေနဲ့အတူ ခွင်းလွင်တောင်က အမတနတ်မျိုးနွယ်တွေပါဝင်ပြီး ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းအနေနဲ့ -လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀ ခန့်က မိစ္ဆာဘုရင်မ‌ရဲ့သောင်းကျန်းမှုကြောင့်သက်ရှိတွေ ထိခိုက်အနာတရတွေအများကြီးဖြစ်ခဲ့ပါတယ် ။ ဒီလိုနဲ့ အဲဒီမိစ္ဆာဘုရင်မကို ဖိနှိပ်ဖို့အတွက် အရှေ့ပင်လယ်နဂါးမျိုးနွယ်စုနဲ့ခွင်းလွင်တောင်ရဲ့ အမတနတ်မျိုးနွယ်တွေပူးပေါင်းပြီး နှိမ်နင်းရတော့တာပေါ့ ။အဲဒီအချိန်မှာ မိစ္ဆာဘုရင်မရဲ့နတ်ဆိုးဝိညာဉ်ကို နဂါးမျိုးနွယ်စုရဲ့ တတိယမင်းသမီးရဲ့ကိုယ်ထဲမှာ ချိတ်ပိတ်ခဲ့ကြပါတယ် ။ ဒါပေမဲ့ မထင်မှတ်ထားဘဲ အဲဒီနတ်ဆိုးဝိညာဉ်ဟာ ပြန်ပြီးတွန်းကန်လာခဲ့ပါတယ် ။ အဲဒါကိုသိတဲ့ ခွင်းလွင်တောင်ကသခင်လေးက သူ့ကိုယ်သူစတေးပြီး တတိယမင်းသမီးလေးကိုကယ်တင်ခဲ့ပါတယ် ။အဲဒီလိုနဲ့သူလည်းသေဆုံးသွားပြီးလူ့လောကမှာလူဝင်စားသွားဖြစ်ချိန်မှာတော့... နဂါးမင်းသမီးလေးကလည်း သူ့ကိုလိုက်ရှာ ၊ နောက် နဂါးမင်းသမီးမှာရှိနေတဲ့ ချစ်ရွှမ်းဝိညာဉ်သစ်ရွက်ကိုလည်းလိုက်ရှာနေ‌တဲ့ မိစ္ဆာအုပ်စုတွေကလည်းရှိသေးပြန် ။ဒီလိုနဲ့သူတို့၂ယောက် အဲဒီမိစ္ဆာတွေကိုဘယ်လိုရင်ဆိုင်ကြမလဲ ? မိစ္ဆာဘုရင်မကရောပြန်ပေါ်လာမှာလား ? ပေါ်လာရင်ဘယ်လို ဂြိုလ်မွှေအုံးမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာစောင့်ကြည့်ပေးကြပါဦး Quality : WEB-DL 1080p , 720p Format : mp4 Genres : Romane , Fantasy Runtime : 1h 19 min Subtitle : Myanmar Subtitle ( Hardsub ) Translated ...
movie

Painted Skin: Love is Destroyed ( 2024 )

Firewire Sniper ( 2024 ) 5.7
Firewire Sniper ( 2024 ) ပိုကောင်းတဲ့ကမ္ဘာကြီးဖြစ်လာဖို့ ပြည်သူတွေပိုအေးချမ်းနိုင်ဖို့အတွက် ကိုယ့်နာမည်ရင်းကိုစွန့်ပြီး အသက်နဲ့ရင်းပြီး ရန်သူကြားမှာပုန်းကွယ်ရင်း သူလျှိုတာဝန်ကျေပွန်အောင် အမှုထမ်းတဲ့ ရဲတစ်ယောက်အကြောင်းပဲဖြစ်ပါတယ်။ချစ်ရသူကိုထိခိုက်အောင်လုပ်ရရင်တောင် ဝန်မလေးပဲ ရန်သူကိုအယုံသွင်းပြီး မူးယစ်အဖွဲ့အစည်းကို တိုက်ဖျက်ဖို့ကြိုးစားတဲ့ သူ့ရဲ့စစ်ဆင်ရေးကအောင်မြင်နိုင်မလား...... ဉာဏ်များတဲ့မူးယစ်ရာဇာကြီးကရော သူ့ရဲ့လှည့်ကွက်ကိုမမြင်နိုင်ပဲ သူ့ရဲ့ထောင်ချောက်ထဲကိုဝင်လာပါ့မလား... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama Runtime : 1h 24 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Firewire Sniper ( 2024 )

Birds of Prey (and the Fantabulous Emancipation of One Harley Quinn) 2020 6.6
Birds of Prey (and the Fantabulous Emancipation of One Harley Quinn) 2020 DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie

Birds of Prey (and the Fantabulous Emancipation of One Harley Quinn) 2020

4K HEVC
[21+] Swim Team Advisor-Karen Kaede (IPZZ-242-Decensored)
[21+] Swim Team Advisor-Karen Kaede (IPZZ-242-Decensored) AV IDOL တွေ တပုံကြီးရှိတဲ့အထဲ တစ်ခါကြည့်ဖူးတာနဲ့ စွဲနေတတ်တဲ့ IDOL လေးတွေဆို Karen Kaede က ထိပ်ဆုံးကပါပဲ။နူးညံ့ညင်သာမှုအပြည့်နဲ့ ကြင်နာသနားတတ်တဲ့ သူ့မျက်ဝန်းတွေက ပျော်ဝင်စရာအတိပါ…ကြည်တောက်ချောမွတ်တဲ့အသားအရေနဲ့ ကျော့ရှင်းလှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကလဲ ယစ်မူးစရာချည်းပါပဲ…သွယ်လျတဲ့မျက်နှာကျနဲ့ အားလုံးကိုပေါင်းစပ်လိုက်တော့ သက်ရှိနတ်သမီးတစ်ပါးလို လင်းကျင်းထွက်နေသူလေးပါ။သူ့အလှတွေကို ကာရန်စီရရင် ကုဋေလောက်ရှိနိုင်ပါတယ်...ဒါကြောင့်နာမည်က ကာရန်ကုဋေ(Karen Kaede) ဖြစ်နေတာလားတော့မသိ။IPZZ-242-Decensored ဒီဇာတ်လမ်းထဲမှာတော့ သူမကို ရေကူးသင်တန်းက အကူနည်းပြအဖြစ်မြင်တွေ့ရမှာဖြစ်ပြီးSwim Suit နဲ့ လှပကျော့ရှင်းနေတာကို ကြည့်ရှုခံစားရမှာပါ။ဇာတ်လမ်းက JAV တွေထဲ မြင်နေကျ ပုံစံဆိုပေမယ့် ကာရန်ကုဋေနဲ့ Decensored Version နဲ့မလို့ မိုက်မှာပါ။JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့  ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ပဲ ခံစားမယ်ဆို အဆင်ပြေပါတယ်။(Dark Side Production မှ တင်ဆက်သည်။)Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။File ...
movie

[21+] Swim Team Advisor-Karen Kaede (IPZZ-242-Decensored)

Klaus & Barroso (2024) 5.9
Klaus & Barroso (2024)  ဒီဇာတ်လမ်းလေးဟာ ကလောက်စ် နဲ့ ဘာရိုဆိုတို့ညီအစ်ကို နှစ်ယောက်ကိုအကြောင်းပြုပြီး ပေါ့ပေါ့ပါးပါးရိုက်ကူးထားတဲ့ ဟာသဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ ကလပ်တစ်ခုရဲ့အဖျော်ဆရာတစ်ယောက်ဖြစ်တဲ့ ကလောက်စ်ဟာ ငွေတိုးချေးသူတွေထံမှ အကြွေးယူထားသောကြောင့် ကလပ်ပိုင်ရှင်အယောင်ဆောင်ကာ လူပျိုညပါတီတစ်ခုအတွက် အခကြေးငွေယူ၍ ကလပ်ကိုငှါးရမ်းလိုက်ပါတော့တယ်။ညီအစ်ကိုနှစ်ယောက်တည်း ပြင်ဆင်ရတဲ့ ပါတီမှာ အလွဲမျိုးစုံကြုံတွေ့ရပုံ ကလောက်စ်လိမ်သမျှခံနေရတဲ့ ပါတီကျင်းပသူတွေရဲ့အလွဲမျိုးစုံ ညီအစ်ကိုနှစ်ယောက်ရဲ့သံယောဇဉ်နဲ့ သူတို့နှစ်ဦးရဲ့ကိုယ်စီအချစ်ဇာတ်လမ်းတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…(1.7 GB)/(970 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice
movie

Klaus & Barroso (2024)

[18+] Dayo (2024) 5.2
[18+] Dayo (2024) [18+] Dayo (2024)=============အယ်လ်ဆာကမိဘမဲ့ ကလပ်မယ်လေးတစ်ယောက်ဖြစ်ပြီး အဒေါ်မိသားစုနဲ့အတူနေထိုင်ပါတယ်။ငယ်ဘ၀က ကျေးဇူးတွေကြောင့် သူကခန္ဓာကိုယ်ကိုရင်းပြီးလုပ်ကျွေးနေပေမယ့် သူ့ကိုထိကပါးရိကပါးလုပ်လွန်းတတ်တဲ့အဒေါ် ယောက်ျား၊ ယောက်ျားဘက်ကပဲ ပါတတ်တဲ့အဒေါ်တို့ကိုစိတ်ပျက်လာပြီး ဘ၀သစ်ထူထောင်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ လက်ရှိဘ၀ကိုစွန့်လွှတ်ပြီး အချစ်ဆုံးသူငယ်ချင်းရဲ့ခေါ်ဆောင်ရာ ကမ်းခြေမြို့လေးတစ်မြို့ကိုထွက်လာခဲ့ပါတယ်။အဲ့ဒီမြို့လေးမှာ တွေ့ကြုံရမယ့် သူ့ဘ၀သစ်ထဲကိုရောက်ရှိလာမယ့် လူအသစ်တွေ၊အဖြစ်အပျက်အသစ်တွေနဲ့ သူ့ရည်မှန်းချက်အတိုင်းရှာဖွေနေတဲ့ဘ၀အဓိပ္ပါယ်တွေကို တွေ့ရှိနိုင်မလား?ဘယ်လိုသင်ခန်းစာအသစ်တွေ ရလာမလဲဆိုတာ ဆက်လက်ရှုစားကြပါ။နောက်ပေါက်မင်းသမီးတွေထဲက အချိန်တိုအတွင်းရှေ့ရောက်လာတဲ့ Rica Gonzales နဲ့ PantaXa: Laiya ပြိုင်ပွဲဝင်ဟောင်း Audrey Avila တို့ခေါင်းဆောင်ပါဝင်ထားပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1.9GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:58:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

[18+] Dayo (2024)

Ettum Varai Ettu (2024)
Ettum Varai Ettu (2024) Ettum Varai Ettu (2024) "ပြေးနေသော မိန်းမငယ်လေး"အသစ်စက်စက်ထွက်ရှိထားတဲ့ အိန္ဒိယကျေးလက် ဇာတ်လမ်းလေးတစ်ပုဒ် ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်ရွာငယ်ဇနပုဒ်လေးတစ်ခုမှာ မြေရိုင်းတွေချည်း ဆိုပေမယ့် သူ့အဆင်းသူ့အချင်းနဲ့ ကျေးလက်ဓလေ့စရိုက် သဘာဝအလှတွေနဲ့ အတူ ဟန်ချက်ညီနေတဲ့အပြင် အပြေးပြိုင်ပွဲတွေကိုလည်း ကျင်းပလေ့ရှိပါတယ်မိတဆိုးသမီးလေး ပူမာနီက သူများအပျိုလေးတွေလို ရိုးရာဝတ်စုံကိုဝတ်လို့ ကျော့ကျော့မော့မော့မနေတတ်ပဲ ဖုန်တလုံးလုံး ရှိတဲ့ မြေပေါ်မှာ ကဆုန်ပေါက်ပြေးလွှားရတာကိုပဲ နှစ်ခြိုက်သူလေးပါဖခင်ဖြစ်သူက အိမ်အလုပ်တွေ ဘယ်လိုပဲလုပ်ခိုင်းလုပ်ခိုင်း နားမထောင်ပဲ သူ့ဘဝရည်မှန်းချက်ကလွဲ ဘာကိုမှ ဂရုမစိုက်တာကြောင့် အဖေဖြစ်သူခဗျာမှာလည်း ပြောမသလို့ သမီးလေးကို လွတ်လပ်ခွင့်ပေးထားရတယ်ရွာအဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့်ထိ ပြိုင်ပွဲအလီလီတက်လှမ်းနိုင်ဖို့ မမောတမ်းပြေးလွှားနေတဲ့ ကောင်မလေး.... သူ့ရှေ့က ခလုတ်ကန်သင်းတွေနဲ့ ကြုံ့တွေ့ပြီး မှောက်ရက်လဲလို့ ပြန်ထနိုင်မှာလားဆိုတာကတော့...ဖခင်မေတ္တာကိုပါ ပြထားတဲ့ ဒီကျေးလက်ဇာတ်လမ်းလေးမှာ ပရိသတ်ကြီး ရှုစားပေးပါဦးအညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…2.76GB / 1.3GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 21m Subtitle….Myanmar Subtitle (Hard ...
movie

Ettum Varai Ettu (2024)

4bia (Phobia) 2008 6.7
4bia (Phobia) 2008 VHS horrorတွေလို တိုတိုနဲ့လိုရင်းရောက်တဲ့Anthology horror geneကိုလည်းကြိုက်တယ်၊ asian အငွေ့အသက်လေးလည်းပါစေချင်တယ်ဆိုသူတွေအတွက် 2008 ခုနှစ်ထွက် Phobia ဆိုတဲ့ထိုင်းသရဲကားလေး တင်ဆက်ပေးလိုက်ပါပြီ။Anthology ပီပီ ဇာတ်လမ်းမတူ ဒါရိုက်တာမတူတဲ့ဇာတ်လမ်း 4 ခုကို ဒီကားလေးမှာ ခံစားရမှာပါ။ ပထမဆုံးအနေနဲ့ အထီးကျန်နေလို့ အွန်လိုင်းမှာချစ်သူရှာရင်းအဖြစ်ဆန်းသွားတဲ့ မိန်းကလေးအကြောင်းရိုက်ကူးထားတဲ့အထီးကျန်ကမ္ဘာ Lonelinessသာမန်ကျောင်းတွင်းအနိုင်ကျင့်မှုကနေ အောက်လမ်းတွေပါလာတဲ့အခါအဖြစ်ဆိုးသွားတဲ့ ကျောင်းသားတစ်စုအကြောင်းပုံဖော်ထားတဲ့ မရဏကျိန်စာ Deadly Charmသိပ်ချစ်ကြတဲ့ ရွှတ်နောက်‌နောက်သူငယ်ချင်းရဲ့ အမြဲထာဝရသူငယ်ချင်းဆိုတာဘယ်အထိရောက်မလဲဆိုတဲ့ The Man In the Middleနောက်ဆုံးအနေနဲ့ကတော့ တော်ဝင်မင်းသားရဲ့ ကြင်ယာတော်မင်းသမီးနဲ့လေယာဉ်မယ်ကြားက ဇာတ်ရှုပ်အကြောင်းတွေ့မြင်ရမယ့် Flight 244Anthology တွေရဲ့ထုံးစံအတိုင်း fast plot ကိုတွေ့မြင်ရမှာဖြစ်ပြီးHorror sceneအသားပေးထားတာမလို့ မီးပြတ်နေတုန်းနားကြပ်နဲ့အရသာရှိရှိခံစားနိုင်ဖို့ ရှုစားလိုက်ရအောင်ပါ။ File size…    2.3 GB /  1 GB Quality… Web-DL NF 1080p / 720p Format… mp4 Duration…. ...
movie

4bia (Phobia) 2008

2008
4bia 2 (Phobia 2) 2009 6.7
4bia 2 (Phobia 2) 2009 Phobia 2(2009) Phobia 1 အထိုက်အလျောက်အောင်မြင်မှုတွေရပြီးတဲ့နောက်မှာတော့ ပိုမိုဆန်းသစ်တဲ့ဇာတ်လမ်း 5 ခုနဲ့ ထွက်ရှိလာတဲ့ Phobia 2 ပထမတွဲတုန်းက ဒါရိုက်တာတွေအပြင် နောက်ထပ်မံအားဖြည့်ထားတဲ့ဒါရိုက်တာတွေနဲ့ ဆန်းသစ်တဲ့ဘယ်လိုဇာတ်လမ်းတွေချပြလာမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။ သူများကားတွေကို ခဲနဲ့ထုရတာကြိုက်တဲ့ကောင်ဇိုးလေးတစ်ယောက်အဖေ့ကားကိုခဲနဲ့ထုမိလိုက်မိတဲ့ ခေတ်သစ်အဇာတသတ်ရဲ့အဖြစ်ဆိုးကိုရိုက်ကူးထားတဲ့ ရှင်လောင်း Novice ဆယ်ကျော်သက်ပီပီ ဆိုင်ကယ်နဲ့ဒွန့်ရင်းနဲ့ ဆိုင်ကယ်မှောက်ဆေးရုံရောက်ရာက ထူးဆန်းတဲ့လူနဲ့တူတူဆေးရုံတက်ဖို့ဖြစ်လာတဲ့ကောင်လေးအကြောင်း ပုံဖော်ထားတဲ့ Ward ထရပ်ကားတားစီးရာက ငွေညှစ်ခံရပြီးဇွန်ဘီးနဲ့ပါထပ်တိုးတဲ့ခရီးသည်နှစ်ယောက် Backpackers အတိတ်ဆိုးနဲ့ ကားဟောင်းတွေကို အပြုံးချိုချို ‌ဈေးချိုချိုနဲ့ရောင်းနေရင်းမြားဦးက ရောင်းသူဘက်ပြန်လှည့်လာတဲ့တစ်ပတ်ရစ်ကားလေးရဲ့ပုံပြင် Second Hand Car နောက်ဆုံးအနေနဲ့ကတော့ သရဲကားရိုက်ကွင်းတိုင်းမှာဖြစ်နေကြဖြစ်တဲ့သရဲကားရိုက်ရင်း သရဲအစစ်ပါလာတဲ့ In The Endသရဲကားလည်းကြိုက်တယ် အချိန်အကြာကြီးဇာတ်လမ်းတစ်ခုတည်းနဲ့မပျင်းချင်ဘူးဆိုရင်တော့အချိန်တိုတိုနဲ့ ဇာတ်လမ်းစုံစုံ horror vibeခံစားချင်သူတွေအတွက်အကြိုက်တွေ့မယ့်ဇာတ်ကားလေးဖြစ်လို့ ခုပဲကြည့်ရှုခံစားလိုက်ရအောင်ပါ။ File size…    2.5 GB /  1 GB Quality… Web-DL NF 1080p / 720p Format… mp4 Duration…. 2h  5m Genre .....  Horror Subtitle…. Myanmar ...
movie

4bia 2 (Phobia 2) 2009

2009
No Mercy (2019) 5.4
No Mercy (2019) ဒီတစ်ခါမှာတော့ မမ Lee Si Youngရဲ့ အမိုက်စားအက်ရှင်ကားလေးပါ။အော်တဇင်ဖြစ်နေတဲ့ ညီမလေးကို နိုင်ငံရေးသမားတစ်ယောက်ကမတရားကြံတာကြောင့် ညီမလေးအွန်းဟယ်ကိုကာကွယ်ပေးရင်းထောင်နန်းစံလိုက်ရပြီး ပြန်ထွက်လာတဲ့မင်းသမီး Lee Si Young… အမထောင်ထဲမှာရှိနေချိန် ကျောင်းမှာလည်းအနိုင်ကျင့်ခံရ၊ အမလည်းထောင်ထဲရောက်နေတာကြောင့်အားကိုးရာမဲ့ဖြစ်နေတဲ့အပျိုအရွယ် အော်တဇင်လေးအွန်းဟယ်ကို သားသမီးနှမချင်းမစာမနာ အမြတ်ထုတ်ချင်တဲ့ ရပ်ကွက်ထဲကယောက်ျားသားတွေရဲ့အနိုင်ကျင့်မှုတွေ၊ ဒီလိုမျိုး အနိုင်ကျင့်မှုတွေကို ထောင်ထဲကထွက်လာတဲ့အမကို မပြောရဲဘဲ အရွယ်နဲ့မလိုက်အောင်ခံစားနေရတဲ့ အွန်းဟယ်ပါ။တစ်ရက်မှာတော့ ပိုက်ဆံရှာချင်တဲ့ အတန်းဖော်တွေဟာအွန်းဟယ်ကို အနိုင်ကျင့်ပြီးတော့ ဟိုတယ်မှာအဖိုးကြီးတွေနဲ့အိပ်ဖို့သွားခိုင်းပါတယ်။အဖိုးကြီးတွေအိပ်ဖို့ကြိုးစားတဲ့အချိန်မှာ သူတို့ကအခန်းထဲဝင်လာပြီးတော့ ခြိမ်းခြောက်ငွေညှစ်တာမျိုးလုပ်တာပါ။အဲဒီထဲမှာမှ ကောင်မလေးတွေကို မုဒိန်းကျင့်ပြီးရောင်းစားတတ်တဲ့ လူမိုက်တစ်ယောက်နဲ့တွေ့သွားတဲ့အခါအွန်းဟယ်တစ်ယောက် ရောင်းစားခံလိုက်ရပါတော့တယ်။ညီမလေးအိမ်ပြန်မလာလို့ စိတ်ပူနေတဲ့ အမကလည်း ရဲတိုင်ပေမယ့်လည်းအဆင်မပြေတဲ့အပြင် ကျောင်းကဆရာကိုယ်တိုင်ကလည်းအရေးတယူမလုပ်တာကြောင့် ကိုယ်တိုင်စုံစမ်းပြီးပျောက်နေတဲ့ ညီမလေးကိုတစ်ကိုယ်တော်ရှာပုံတော်ဖွင့်ပါတော့တယ်။ညီအစ်မနှစ်ယောက်ရဲ့ ချစ်ခြင်းကိုမြင်တွေ့ရမယ့်အပြင်အော်တဇင်လေးအွန်းဟယ်ရဲ့ ဇာတ်နာမှုတွေကိုလည်းဝမ်းနည်းဖွယ်ရိုက်ကူးပြထားပါတယ်။စစ်တပ်ရဲ့ တိုက်ခိုက်ရေးနည်းပြဟောင်းအနေနဲ့ မမ Lee Si Young ရဲ့တိုက်ရေးခိုက်ရေးတွေကိုလည်း အားရပါးရအဝကြည့်ရမှာမလို့ မလွတ်တမ်းကြည့်ရှုခံစားလိုက်ပါဦး။ File size…    1.5 GB /  766 MB Quality… BluRay 1080p / ...
movie

No Mercy (2019)

2019
Salisihan (2024) 6.3
Salisihan (2024) Salisihan (2024)==============ဒန်နဲ့အန်နာတို့က လူလတ်ပိုင်းလင်မယားနှစ်ယောက်ပါ။ နှစ်ဦးလုံးကလေးအသည်းအသန်လိုချင်ပေမယ့် ပထမဆုံး ကိုယ်ဝန်ပျက်ကျပြီးကတည်းက နောက်ပိုင်းကံမကောင်းသေးပါဘူး။တစ်နေ့မှာတော့ သူတို့အိမ်ကို ဆိုဖီဆိုတဲ့ ကိုယ်ဝန်ဆောင်မိန်းကလေးတစ်ယောက်ရောက်လာပြီး သူဟာ ဒန်ရဲ့သားဖြစ်သူရဲ့ချစ်သူပါလို့ မိတ်ဆက်လာပါတယ်။အဲ့ဒီလိုနဲ့ ဒန်ကိုယ်တိုင်မမြင်ဖူးသေးတဲ့ သားဖြစ်သူရဲ့ချစ်သူကို အိမ်ပေါ်မှာတင်ခေါ်ထားလိုက်ပြီးတဲ့နောက်မှာ..သူ့သားဖြစ်သူဆိုသူကလည်း ရောက်လာပါတယ်။အဲ့ဒီမှာပဲ အရွယ်ချင်းမကွာလှတဲ့ ချွေးမနဲ့ယောက္ခမ၊မိထွေးနဲ့လင်ပါသား စသဖြင့် ပတ်လည်ရိုက်ဇယားတွေရှုပ်ကြပါတော့တယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(900MB)/(420MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_00:45:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

Salisihan (2024)

Laapataa Ladies (2023) 7.3
Laapataa Ladies (2023) Laapataa Ladies 2023 (လွဲခဲ့လေသော ဘူတာ) IMDb 8.4ဖူးစာပါရင်တော့ ရထားလွဲလည်း ဘူတာမှန်မှာပြန်ဆုံနိုင်ပါတယ် ဒီကားကတော့ ဇာတ်လမ်းအစတည်းကဘူတာမှားခဲ့ကြတဲ့ ဖူးစာဘက်တွေအကြောင်း ဟာသလေးနှောပြီးတင်ဆက်ထားတဲ့ ရုံတင်ကားတစ်ကားပါ Box office အနေနဲ့ 216 သန်းရရှိထားပြီး မဆိုးလှတဲ့ဇာတ်ကားလေးတစ်ကားဖြစ်လို့ ကြည့်ရှုကြဖို့ ညွှန်းဆိုလိုက်ရပါတယ်နေ့ထူးနေ့မြတ်ဖြစ်တဲ့ပွဲတော်ရက်မှာ လက်ထပ်ပွဲလုပ်ကြရင် တစ်သက်လုံးပျော်ရတယ်ဆိုတဲ့အစဉ်အလာနဲ့ ဒီပွဲတော်နေ့ဖြစ်တဲ့ထရီတီယာနေ့မှာ အိမ်ထောင်ပြုကြသူတွေ ကြိတ်ကြိတ်တိုးပေါ့ သျှောင်နောက် ဆံထုံးပါဆိုသလို ယူပြီးလို့ လင်ယောက်ျားရွာကို လိုက်ရမဲ့အချိန်ရောက်တော့လည်း ရထားဘူတာမှာ ကြိတ်ကြိတ်တိုးပေါ့ ရထားတစ်တွဲမှာ မင်္ဂလာစုံတွဲ ၃တွဲလောက်တော့ပါပြီးသားပါပဲဒီထဲမှာဒီပူတို့လည်းပါတာပေါ့ ကြင်စဦး လောလောလတ်လတ်မင်္ဂလာဆောင်ပြီး ဇနီးသည်လေးကို ရွာခေါ်လာဖို့ ဒီရထားပေါ်ပါလာခဲ့တယ် လူတွေများတဲ့ရထားတွဲပေါ်တက်မိပြီး သူတို့ရတဲ့နေရာဘေးမှာ သူ့ရဲ့ဇနီးလောင်းလေးလို ဆာရီအနီ အရပ်အမောင်း ကိုယ်လုံးကိုယ်ပေါက်တူပြီး ပဝါပါမျက်နှာခြုံထားတာတဲ့ နောက်ထပ်သတို့သမီးကလည်းရှိနေပါတယ် တစ်နေ့တာရထားစီးပြီး ညရောက်လို့ရွာရောက်ချိန်မှာတော့ ရထားပေါ်က ကမျောသောပါးဆင်းကြရင်း တွေးနေကြသလို သတို့သမီးမှားသွားပါတော့တယ်နောက်ပိုင်းဘာတွေဆက်ဖြစ်မယ်ဆိုတာကိုတော့ ကြည့်ရှုသူတို့ပဲ ဆက်လက်ကြည့်ရှုလိုက်ပါနော်(အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size…2.16GB / 1.2GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 6mins Subtitle….Myanmar ...
movie

Laapataa Ladies (2023)

2023
Arnold Is a Model Student (2023) 6.5
Arnold Is a Model Student (2023) Arnold is a Model Student ( 2023 )Arnold is a Model Student ဟာ မျက်မှောင်ခေတ် ထိုင်းမှာကြုံနေရတဲ့ ပြဿနာတွေကို တင်ပြထားတဲ့ ထိုင်းရုပ်ရှင်ဖြစ်ပြီး Sorayos Prapapanက ဇာတ်ညွှန်းရေးသား ရိုက်ကူးထားတယ်။ မျက်မှောက်ခေတ်ထိုင်းကျောင်းသားတွေရဲ့ အခြေအနေကို မီးမောင်းထိုးပြပြီး ထိုင်းပညာရေးရဲ့ ဦးတည်ချက်ကို မေးခွန်းထုတ်ထားတဲ့ ရုပ်ရှင်ပါပဲ။ Prapapan ဟာ ဒီရုပ်ရှင်ကို ထိုင်းမှာ ၂၀၂၀ တုန်းက ဖြစ်ခဲ့တဲ့ bad student movement နဲ့ အဲဒီဆန္ဒပြမှုတုန်းကသုံးခဲ့တဲ့ ကျောင်းသားလက်စွဲစာအုပ်ကို အခြေခံပြီး ရိုက်ထားတာပါ။ ဒီရုပ်ရှင်ရဲ့အခန်းတွေကိုလည်း အဲဒီလက်စွဲစာအုပ်က အခန်းတွေနဲ့ပဲ ခွဲထားတယ်။Prapapanရဲ့ ကားနာမည် Arnold is a Model Student ဟာ ကားထဲက ကျောင်းသားတွေရဲ့ ဆန္ဒပြမှုနဲ့ ဆန့်ကျင်ဘက်ဖြစ်နေသလို ရုပ်ရှင်မှာလည်း ဆန္ဒပြတဲ့ကျောင်းသားတွေနဲ့ ဆန့်ကျင်စွာ ရပ်တည်နေတဲ့ အာနိုးဟာ အဓိကဇာတ်ကောင်ဖြစ်နေခဲ့တယ်။ သူ့ဇာတ်အိမ်ဟာ bad student ...
movie

Arnold Is a Model Student (2023)

2023
Lineman (2024) 7
Lineman (2024) Lineman 2024 (လျှပ်စစ်မီးသမားလေး နာတာရာ့ဂျ်)ယခုတစ်ခေါက်မှာတော့ မီးခဏခဏလာတတ်တဲ့ တို့တွေလိုမျိုးပဲ မီးမပေးလို့ ပြဿနာတက်ရတဲ့ ရွာလေးတစ်ရွာရဲ့အကြောင်းကို တင်ဆက်ပေးချင်ပါတယ်။ရွာလေးရဲ့နာမည်ကတော့ ဆာသီပါလီလို့ခေါ်ပါတယ်။ ယခုခေတ် ရွာတွေဟာလည်း အရင်ကလို အိမ်တိုင်းမှာ နွားလှည်းကိုယ်စီမဟုတ်ဘဲ ဆိုင်ကယ်ကိုယ်စီဖြစ်နေကြပြီး ရေဒီယိုတွေအစား စမတ်ဖုန်းတွေကိုင်ကြတဲ့ခေတ်ကို ရောက်ရှိနေပါပြီ။တီဗီကိုယ်စီရှိနေကြပြီး အိမ်ထောင်ရှင်မတွေဟာလည်း ဇာတ်လမ်းတွဲတွေစွဲလို့နေကြပါပြီ။ ဒီရွာလေးရဲ့ လျှပ်စစ်မီးပေးရုံးမှာ တာဝန်ထမ်းဆောင်နေရတဲ့ကောင်လေးကတော့ နာတာရာ့ဂျ်လို့ခေါ်ပြီး တစ်ရွာလုံးကတော့ သူ့ကို နာတူလို့ခေါ်ကြပါတယ်။ နာတူဟာ သူ့အဖေရဲ့အစိုးရဝန်ထမ်းနေရာကို ဆက်ခံရင်း လျှပ်စစ်မီးသမားလေးလုပ်နေရင်း အောင်မြင်မှုကြီးကြီးမားမားကို လိုချင်နေသူလေးတစ်ယောက်ပေါ့။အလုပ်လေးကလည်းရှိ အသက်ကလည်း ရှိသင့်သလောက်ရှိပြီဆိုတော့ အမေဖြစ်သူက နာတူကို အိမ်ထောင်ပြုစေချင်ပေမယ့် နာတူကတော့ အမြဲငြင်းရင်း သူတို့သားအမိဟာလည်း ဒီကိစ္စနဲ့ အမြဲပြဿနာဖြစ်လို့နေတာပေါ့။ဒီလိုနဲ့ တစ်နေ့မှာ ရွာရဲ့အသက်အဘွားကြီးရဲ့ အသက်(၁၀၀)မွေးနေ့ကို ကျင်းပဖို့ ညဘက်မှာ မီးပေးဖို့အတွက် နာတူကိုပြောကြတဲ့အခါ နာတူကတော့ ငြင်းဆန်ခဲ့ပါတယ်။ ဒီလိုငြင်းဆန်လိုက်တဲ့အခါမှာတော့ မီးသမားလေးနာတူကတစ်ဖက် တစ်ရွာလုံးက တစ်ဖက်နဲ့ ပြဿနာတွေဖြစ်ကြပါတော့တယ်။ ဘာလို့ နာတူက မီးပေးဖို့အတွက် ငြင်းဆန်ရတာလဲ ...... အမေဖြစ်သူရဲ့ သူ့သားအတွက် မိန်းမရရေးစီမံကိန်းကရော အောင်မြင်သွားမှာလား ......စတဲ့ အကြောင်းပြချက်တွေနဲ့ မီးသမားလေးရဲ့ဘဝအကြောင်းလေးကို ...
movie

Lineman (2024)

2024
Pon Ondru Kanden (2024) 5.5
Pon Ondru Kanden (2024) Ponn Ondru Kandein (2024) "သုံးပွင့်ဆိုင်"IMDb - 5.5/10ဗီဂျေးဒေဗာရာခွန်ဒါရဲ့ တလေဂူးရုပ်ရှင် Pelli Choopulu (2016)ကို Remakeပြန်လည်ရိုက်ကူးထားတဲ့ တမီးလ်အချစ်ဇာတ်မြူးလေးကို တင်ဆက်ပေးလိုက်ပါတယ်။စိုင်းနဲ့ ရှီဗာတို့နှစ်ယောက်က ဆယ်ကျော်သက်အရွယ် ကျောင်းတော်ကရန်စတွေကြောင့် မဆုံမိကြဖို့အရေး ရှောင်ပြေးနေကြသူတွေ။အလုပ်ကိုယ်စီနဲ့ ကိုယ့်ဘ၀ကိုယ်ကျောင်းနေရင်း တစ်ရက်မှာတော့ ငယ်သူငယ်ချင်းတွေက ကျောင်းသားဟောင်းပြန်လည်တွေ့ဆုံပွဲအတွက် မလာမနေရ ဇွတ်အတင်းခေါ်ပါတော့တယ်။နှစ်ယောက်သား ဟိုကောင်လာမှာလားဆိုတာကို အရင်မေးတော့ ဘော်ဒါတွေက လုံး၀မလာနိုင်ကြောင်းပြောပြီး နှစ်ယောက်လုံးကိုvအရခေါ်ကြပါတော့တယ်။ဆန်ဒီကတော့ ချန်နိုင်းက စားသောက်ဆိုင်ကို စေလွှတ်ချင်းခံနေရတဲ့ စားဖိုမှူးမလေးပေါ့။ဒီသုံးယောက်ဆုံတွေ့ကြတဲ့အချိန်မှာတော့ စိုင်းနဲ့ရှီဗာတို့နှစ်ယောက် ကျောင်းတော်ကရန်စ အသစ်တစ်ဖန် ပြန်လည်ဖြစ်လာမှာလားဆိုတာတော့။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ် File size…2.3GB /917MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Pon Ondru Kanden (2024)

2024
(Tillu)² Tillu Square (2024) 7.2
(Tillu)² Tillu Square (2024) Tillu Square (2024) အချစ်ထောင်ချောက်IMDb (7.3/10)ဒီနေ့မှာတော့ CMပရိသတ်ကြီးအတွက် အချစ် ဟာသ မှုခင်းဇာတ်လေးတင်ဆက်ပေးလိုက်ပါတယ် DJ Tillu (2022)ရဲ့အဆက်sequelကားလေးပါ.အရင်ကားမှာငွေတွေနဲ့လွတ်မြောက်လာတဲ့နောက်မှာ တီလူက မင်္ဂလာပွဲတွေစီစဥ်DJလိုက်တီးပေးတဲ့အလုပ်လုပ်ရင်း ဘဝကိုဖြတ်သန်းနေခဲ့တာပေါ့ ဒီလိုနဲ့ တစ်နေ့မှာလီလီဆိုသူနဲ့တွေ့ဆုံပြီး တစ်ညတာမှားသွားခဲ့တဲ့တီလူဟာ မနက်ရောက်တော့ လီလီမရှိတော့လို့ စိတ်ပျက်သွားခဲ့ရတယ်ဒီလိုနဲ့သူတို့ဇာတ်လမ်းတစ်ခန်းရပ်ပြီထင်ခဲ့ပေမဲ့ ရောဂါဖြစ်နေတဲ့အဖေနဲ့အတူ လီလီကိုဆေးရုံမှာပြန်တွေ့ခဲ့ချိန်မှာတော့ လီလီက သူ့မှာတီလူ့ကိုယ်ဝန်ရှိနေတယ်လို့ပြောလာခဲ့တယ် ဒီလိုနဲ့ တီလူကလီလီနဲ့လက်ထပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်ရပါတော့တယ်.တစ်နေ့..တီလူ့မွေးနေ့မှာ လီလီကတိုက်ခန်းတစ်ခုကိုခေါ်သွားတော့ အဲဒီတိုက်ခန်းက တစ်ချိန်တုန်းကပတ်သက်ဖူးတဲ့ ရာဒီကာသူ့ကိုခေါ်လာဖူးတဲ့တိုက်ခန်းလို့မှတ်မိလာတဲ့အပြင် လီလီကသူဟာ ရာဒီကာသတ်လိုက်တဲ့ရိုဟစ်ရဲ့ညီမလို့ ပြောလာတဲ့အခါ....တီလူတစ်ယောက်ဘယ်လိုအရှုပ်အထွေးတွေကြားထဲ ထပ်ရောက်သွားမလဲ ကြည့်ရှုပေးကြပါဦး ( အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollyood Team ဖြစ်ပါတယ်) File size…2.43GB / 1.2GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 27m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  CM Bollyood Team 
movie

(Tillu)² Tillu Square (2024)

2024
Manderlay (2005)
Manderlay (2005)  ၁၉၃၀ ပြည့်နှစ်ကာလတွေက အမေရိကန်နိုင်ငံမှာရှိတဲ့ လူမည်းကျွန်တွေရဲ့ဘဝကို ရိုက်ကူးထားတဲ့ Drama/Thriller ဇာတ်ကားကောင်းလေးတစ်ကားပါ Dogville 2003 ရဲ့ Trilogy တစ်ကားလည်းဖြစ်ပါတယ်အလာဘားမားပြည်နယ်က မန်းဒလေး ဆိုတဲ့ ဝါဂွမ်းစိုက်ပျိုးရေးခြံကြီးကိုပိုင်ဆိုင်တဲ့ လူဖြူမိသားစုတစ်စုဟာ လူမည်းကျွန်တွေကို သူတို့ရဲ့ ကိုယ်ပိုင်ဥပဒေဖြစ်တဲ့ ဆိုရှယ်လစ်/ကွန်မြူနစ် ဆန်ဆန် Mam's Law ဆိုတဲ့ဥပဒေနဲ့ အုပ်ချုပ်နေတာပေါ့....တစ်နေ့မှာ ဂရေ့စ် ဆိုတဲ့ ဂိုဏ်းစတားခေါင်းဆောင်ရဲ့ သမီးတစ်ယောက်ဟာ အဲဒီခြံကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြီး မတရားမှု၊ ညှင်းပန်းနှိပ်စက်မှု၊ ကျွန်ဝါဒ၊ အရင်းရှင်ဝါဒတွေကို လက်မခံတော့တဲ့ အမေရိကန်နိုင်ငံရဲ့ ဒီမိုကရေစီကျကျအတွေးအခေါ်တွေနဲ့ ကျွန်လူတန်းစားနဲ့ သခင်လူတန်းစားနှစ်ရပ်စလုံးကို မြေလှန်ပစ်ဖို့ အစီအစဉ်ချပြီးကြိုးစားရုန်းကန်မှာပဲဖြစ်ပါတယ်ဇာတ်ကားရဲ့ထူးခြားချက်ကလည်း Studio ထဲမှာပဲ Setting တစ်ခုတည်းနဲ့ရိုက်ကူးထားတဲ့ Directior ကြီး Lars von Trier ရဲ့စိတ်ကူးပဲဖြစ်ပါတယ်...... Argylle ၊ Jurassic World 1,2 ထဲက မင်းသမီးချော Baryce ...
movie

Manderlay (2005)

Pusher (1996)
Pusher (1996)   IMDb 7.3, Rotten Tomatoes 83% ရထားတယ်။ Cannibal မင်းသားကြီး Mads Mikkelson ပါ၀င်သရုပ်ဆောင်ထားတဲ့ ၁၉၉၆ ကထွက်ရှိခဲ့တဲ့ Crime/Thriller အမျိုးအစား trilogy တစ်ခုပါ။ စုစုပေါင်း ၃ ကားရှိပြီး Pusher 2 နဲ့ 3 ကိုတော့ ၂၀၀၄ နဲ့ ၂၀၀၅ ခုနှစ်မှာ ဆက်ထုတ်ခဲ့ပါတယ်။Pusher trilogy ထဲက အဓိကဇာတ်ကောင်‌တွေကို ဟစ်ဟော့ပ်ဗီဒီယိုတွေထဲက ဂိုဏ်းစတားအကြမ်းစားကြီးတွေလိုမဟုတ်ဘဲ အောက်ခြေက မူးယစ်ဆေးရောင်းစားတဲ့ ငချွတ်လေးတွေအဖြစ် လက်တွေ့ဆန်အောင် အသက်သွင်းထားပါတယ်။ ဒီကားထဲမှာ Mads Mikkelson ကြီးကို မူးယစ်‌ဆေးရောင်းသမားကတုံး တိုနီ ကာရိုက်တာနဲ့မြင်ရမှာပါ။ ကတုံးတိုနီရဲ့ တွဲဖက်ဖြစ်တဲ့ ဖရန့်ခ်နေရာမှာ သရုပ်ဆောင်ထားတဲ့ Kim Bodnia ကလည်း နာမည်ကြီး ရုပ်ရှင်နဲ့ စီးရီးတွေမှာ ပါ၀င်သရုပ်ဆောင် ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ/သရုပ်ဆောင်တစ်ဦးပါ။ ...
movie

Pusher (1996)

MirrorMask (2005)
MirrorMask (2005)  ဒီဇာတ်ကားလေးကတော့Dark Fantasy အမျိုးအစားလေးပါဟယ်လန်နာဆိုတဲ့ကောင်မလေးဟာ တစ်ညမှာအိပ်ပျော်နေရာကနိုးလာတဲ့အခါ သူမ,မရောက်ဖူးတဲ့နေရာတစ်ခုကိုရောက်ရှိနေပါတယ် အဲ့ဒီနေရာမှာရှိတဲ့လူတွေအားလုံးဟာမျက်နှာဖုံးတွေတပ်ထားကြပါတယ် သူလိုက်စုံစမ်းရင်းကနေ အဲ့ဒီနေရာဟာအလင်းမြို့တော်ဆိုတာကိုသိခဲ့ရပါတယ် အလင်းမြို့တော်နဲ့ကပ်လျက်ရှိနေတာကတော့ အရိပ်တိုင်းပြည်ပါ။အကြောင်းအရင်းတစ်ခုကြောင့် အလင်းမြို့တော်နဲ့အရိပ်တိုင်းပြည်ကြားက ဟန်ချက်ညီမျှမှုကြီး ကျိုးပျက်သွားပြီး အလင်းမြို့တော်ကအဖြူရောင်ဘုရင်မဟာနိုးမလာတော့ဘဲအိပ်မောကျသွားပါတယ် ဟယ်လန်နာတစ်ယောက် အဖြူရောင်ဘုရင်မပြန်လည်နိုးလာဖို့နဲ့ မြို့နှစ်ခုကြားက ဟန်ချက်ညီမျှမှုကြီးကို ပြန်လည်တည်ဆောက်ပေးဖို့အတွက်ကြိုးစားပါတော့တယ်ဟယ်လန်နာဟာ အဲ့ဒီနေရာကြီးကိုဘာကြောင့်ရောက်သွားတာလဲ အလင်းမြို့တော်ကြီးကိုအရင်လိုပုံမှန်ဖြစ်အောင်ကယ်တင်နိုင်ပါ့မလား သူမကရော သူမရဲ့အရင်ကမ္ဘာကိုပြန်ရောက်နိုင်ပါ့မလားဆိုတာကို ဇာတ်ကားလေးထဲမှာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ File size…(1.9GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre...Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane 
movie

MirrorMask (2005)

Genres

Archives