
Mighty Morphin Power Rangers 2017 Reboot Movie
နာမည်ကြားရုံနဲ့ ခင်ဗျားတို့တွေကြက်သီးတဖျန်းဖျန်းထရုံမကပဲ
အသားတွေပါတဆတ်ဆတ်တုန်သွားမယ်ဆိုတာ
ကောင်းကောင်းကြီးအာမခံပါတယ်….
တကယ်တော့ဒီရုပ်ရှင်ကို အညွှန်းတောင်တကူးတကရေးပြီးတော့ ညွှန်းနေစရာမလိုလောက်ပါဘူး…
ဘာကြောင့်လဲဆိုတော့ အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့အပြင် ကျွန်တော်တို့နဲ့အတူတကွကြီးပြင်းလာတဲ့
ငယ်ဘဝဇာတ်ကောင်လူစွမ်းကောင်းများဖြစ်တဲ့ Power Rangers တွေဖြစ်တာကြောင့်
အားလုံးလည်း ရင်းနှီးပြီးသားဖြစ်ကြပါလိမ့်မယ်…..
ဒါပေမယ့် တစ်ခုပြောစရာရှိတာက ဒီရုပ်ရှင်ထဲကအဓိကဇာတ်ကောင်တွေ
Power Rangers တွေဖြစ်လာမယ့် Angel Groove မြို့ရဲ့အထက်တန်းကျောင်းသားတွေဖြစ်ကြတဲ့
Power Rangers တွေဖြစ်လာကြမယ့် အထက်တန်းကျောင်းသားလေးတွေဖြစ်တဲ့
Jason,Kimberley,Billy,Zack,Trini တို့ဟာ ကျွန်တော်တို့ငယ်ငယ်ကရင်းနှီးခဲ့ကြတဲ့အတိုင်း
လူတော်လူကောင်း အများအကျိုးသယ်ပိုးကြတဲ့ လူငယ်လေးတွေမဟုတ်ကြဘဲ
ကျောင်းရဲ့ လူပေလူတေလေးများဖြစ်နေတာကို အံ့အားသင့်ဖွယ် မြင်ရမှာပဲဖြစ်ပါတယ်….
ဒါ့အပြင် ဒီရုပ်ရှင်ဟာလှည့်ကွက် မြှပ်ကွက်များစွာနဲ့ တင်ဆက်ထားတဲ့အပြင်ကို
ဇာတ်လမ်းအစမှာကိုပဲ ကြည့်ရှု့သူပရိတ်သတ်တွေအားလုံးကို
”ဟာ ဒါကဒီလိုပါလား” ဆိုပြီး အံ့အားသင့်ရေရွတ်ရလောက်အောင်ကို
တင်ဆက်ထားတာကိုလည်း ကြည့်ရှု့ရဦးမှာဖြစ်ပါတယ်….
ဇာတ်လမ်းအကျဉ်းလေးကိုတော့ အခုပြောပြတာထက် ကိုယ်တိုင်ခံစားကြည့်ရှု့လိုက်တာက
ပိုပြီးတော့ ရင်ခုန်စိတ်လှုပ်ရှားမှု့တွေပေးစွမ်းနိုင်မှာမို့ အခုပဲ
ဒေါင်းကြည့်ကြဖို့အတွက် တိုက်တွန်းချင်ပါတယ်…
နောက်ပြီး Original Power Rangers ရဲ့ Theme Song ကိုထပ်မံမွန်းမံထားပြီးတော့
နောက်အသစ်ထည့်ထားတဲ့ နောက်ခံတီးလုံးတွေက ဇာတ်ကိုလုံးဝအထွတ်ထိပ်ရောက်စေပြီး
ကောင်းမွန်လှပစေခဲ့ပါတယ်…
ကျွန်တော်တို့တွေ ဒီရုပ်ရှင်မထွက်လာခင်ကတည်းက Ranger တွေရဲ့ Suit တွေ Morpher တွေ
Zord တွေကိုကြည့်ပြီးစိတ်ပျက်ခဲ့ရတာတွေက ဒီရုပ်ရှင်ကိုတကယ်တမ်းကြည့်လိုက်ရတဲ့အခါမှာတော့
အကုန်ပျောက်သွားမယ်ဆိုတာ လုံးဝအာမခံပါတယ်….
နောက်ပြီးတော့ Mid-Credits Scene ကိုလည်း မလွတ်စေပဲ ကြည့်ပေးဖို့ကို
ထပ်ပြီးတော့ သတိပေးချင်ပါသေးတယ်….
PG-13 အဆင့်ရှိပြီး ကြာချိန် ၂ နာရီကြာမြင့်ထားတဲ့ Rating 5.9 အဆင့်ထိရှိတဲ့ Movie ဖြစ်ပါတယ်…
Options | Quality | Size |
---|---|---|
720p | 978MB | |
720p | 978MB |