Channel Myanmar

My Perfect Roommate (2022)

룸 쉐어링    

1h 31min Drama

5
IMDB: 5/10 votes

South Korea

146465

Report error

My Perfect Roommate (2022)

Drama တွေတိုင်းမှာ အားလုံးနဲ့ရင်းနှီးပြီးသား သရုပ်ဆောင်ရှယ်ကောင်းတဲ့ ဖွားဖွား Na Moon Hee ရဲ့ ရုပ်ရှင်အသစ်စက်စက်လေးလာပါပြီ။

ဒီဇာတ်လမ်းလေးကတော့ တောင်ကိုရီးယားမှာတကယ်ရှိတဲ့ room sharing ဆိုတဲ့အစီအစဉ်လေးကို အခြေတည်ရိုက်ကူးထားတာပါ။
ဆိုးလ်မြို့မှာနေစရာရှာနေတဲ့ကျောင်းသားလူငယ်တွေကို တစ်ယောက်တည်းနေတဲ့ သက်ကြီးရွယ်အိုဘိုးဘွားတွေရဲ့အိမ်တွေမှာ အခန်းငှါးပေးတဲ့အစီအစဉ်ပါ။

Room Sharing အစီအစဉ်ကြောင့်ပဲ ဇီဇာကြောင်လွန်းပြီး ကပ်သီးကပ်ဖဲ့နိုင်လွန်းတဲ့ အဖွားတစ်ယောက်ရဲ့အိမ်မှာမှ သွားငှါးနေမိလို့
အိမ်မှာတောင်အိမ်သာမတက်နိုင်တဲ့ ဘဝကိုရောက်နေရတဲ့ ကျောင်းသားလေးဟန်ဂျီအုံးနဲ့
တစ်လောကလုံးကိုဘုနဲ့ဘောက်လုပ်နေတဲ့ အိမ်ပိုင်ရှင်အဖွားတို့ရဲ့
မတည့်အတူကနေ ဖြူစင်တဲ့ ၅၂၈ သံယောစဉ်တွေ ရစ်ပတ်လာတဲ့ဇာတ်လမ်းလေးပါ။

ဝါရင့်မင်းသမီးကြီး Na Moon Hee ရဲ့ထိမိတဲ့အိုက်တင်တွေနဲ့
My Roommate Is A Gumiho, Melancholia အစရှိတဲ့ ဇာတ်လမ်းတွဲတွေမှာ တွေ့ဖူးနေတဲ့
မင်းသားသစ်လေး Choi Woo Sung ရဲ့မခေလှတဲ့သရုပ်ဆောင်ချက်တွေကြောင့် ရယ်လိုက်၊ ငိုလိုက် ရသမျိုးစုံခံစားရမှာသေချာပါတယ်။

လူတိုင်းရဲ့ဘဝမှာ ဘယ်တော့မှမပြည့်နိုင်တဲ့ ကွက်လပ်တွေရှိစမြဲပါ။
ဒီဇာတ်လမ်းကတော့ သွေးမတော်သားမစပ်တဲ့ ဂျီအုံးနဲ့ အဖွားတို့ မတည့်အတူနေကြရင်း
ဘဝရဲ့လစ်ဟာနေတဲ့ ကွက်လပ်တွေကို အပြန်အလှန်ဖြည့်ဆည်းကြပုံကို ကြည်နူးဖွယ်၊ မျက်ရည်ဝဲဖွယ် ဖန်တီးရိုက်ကူးထားတာပါ။

ရယ်မောစရာတွေနဲ့အတူ ကြည့်ပြီးရင် ရင်ထဲနွေးပြီးကျန်ခဲ့မယ့်ခံစားချက်ကိုပါပေးနိုင်မယ့်ရုပ်ရှင်ကားလေးမို့ ကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်။

အညွှန်း နဲ့ ဘာသာပြန်ကတော့ Lao Qui ပဲ ဖြစ်ပါတယ်။

Genre…..Drama
Quality…. 1080p | 720p | 480p
File size…1.27GB | 515MB | 237MB
Format… mp4
Duration….1h 31min
Subtitle…. Myanmar Subtitle (Hardsub)
Translator …..Lao Qui
Encoder …..August



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

My Perfect Roommate (2022)


No downloads available

Genres



Related movies