Channel Myanmar

Report error

(Unicode)

ခပ်လာ့စ်( ရှော့လိုက် /ပွဲသိမ်း) ၊ တပိုရိးလို့ဂ် ( street guys) ….အစရှိတဲ့ ရှာရွတ်ဗန်းစကားတော်တော်များများကို ဒီဇာတ်ကားထဲမှာ လေ့လာလိုက်နော် ။

သင်ဟာ လူတစ်ယောက်သာစစ်မှန်ခဲ့ပါစေ….ကိုယ့်ဘဝမှာ ဘယ်လောက်ပဲ မျှော်လင့်ချက်မဲ့တဲ့ ချောက်ကမ်းပါးထဲကျရောက်နေခဲ့ရင်တောင် သင့်လိုမျိုး မိုက်မိုက်ကန်းကန်း ချောက်ကမ်းပါးထဲ မျက်စိစုံမှိတ်ခုန်ချမဲ့ အနာဂတ်လူငယ်တွေကိုတော့ ဒီနေရာကြီဟာ အန္တရယ်တွေရောပြွန်းနေတဲ့ မျှော်လင့်ချက်မဲ့ချောက်ကမ်းပါးဆိုတာ တနည်းနည်းနဲ့တော့ သိစေသင့်တယ် မဟုတ်ပါလား?

Ram Jaane (ဘုရားသိတယ်)

★★★★★★

ပြစ်မှု ၊အက်ရှင်ဒရမ်မာ၊ ဇာတ်မြူးအမျိုးအစား ဘောလီးဝုဒ် ရုပ်ရှင်” Ram Jaane ” ကို ဇာတ်ညွှန်း ဗီနေးရွှတ်ကလား ရေးသားပြီး ၊ ဒါရိုက်တာ ရာဂျစ်ဗ်မဟဲရာ ရိုက်ကူးခဲ့ကာ ရှာရွတ်ခန် ၊ ဂျူဟီးချော်လာ ၊ မူရှရန်း ၊ ပန်ကတ်ရ်ှကပူးရ် (ရှာဟစ်ကပူးရ် ဖေဖေ) ၊ ဂူလ်ရှန်းဂရိုဗာ တို့က သရုပ်ဆောင်ထားပါတယ် ။ ဒီဇာတ်ကားဟာ ၁၉၉၅ ၊ နိုဝင်ဘာလ (၃၀) ရက်နေ့မှာ အာမေးရ်ခနိး ရဲ့ “Akle Hum Akle Tum ” နဲ့ အပြိုင်ရုံတင်ခဲ့ရပြီး ၊ Box Office မှာတော့ “Ram Jaane ” က အောင်ပွဲခံခဲ့တယ် ။ ဘတ်ဂျတ် ရူပီ ၃ . ၇၅ ကုဋေ ကုန်ကျခဲ့ပြီး ၊ ၁၅. ၁၉ကုဋေ ပြန်ရခဲ့တယ် ။ ရှာရွတ်ဟာ ဒီဇာတ်ကားကို ဘယ်လောက်နှစ်သက်တယ်တော့မသိ ။ဒီဇာတ်ကားရဲ့မူပိုင်ခွင့်ကို သူ့ရဲ့ Red Chillies Entertainment အောက်ကနေ ပြန်လည်ဝယ်ယူခဲ့တယ် ။

“Ram Jaane ” ဟာ ဗီလိန်သရုပ်ဆောင် ခေါင်းဆောင်မင်းသား နေရာကနေ သရုပ်ဆောင်တဲ့ စတုတ္ထမြောက်ဇာတ်ကားဖြစ်တယ် ။ (Bazigaar, Darr, Anjaam တို့နောက်) ရှာရွတ်ဝင်ကာစက အဲ့ဒီအချိန်ခေတ်စားနေတဲ့ အချစ်ချိုချို ဒရမ်မာတွေ ၊ ဆင်းရဲ / ချမ်းသာ အလွှာမတူလို့ ၊ မိဘချင်းရန်ငြိုးရှိလို့ နှစ်ကိုယ်တူတဲအိုပျက်မှာ နှစ်ယောက်တည်းကမ ္ဘာချစ်ပုံပြင်တွေ ၊ အရင်းရှင်ဘူဇွာဆန်တဲ့ မိဘတွေကို အာခံကြ ၊ ချစ်သူတစ်မျက်နှာ တစ်ကမ္ဘာထင်ကာ လိုက်ပြေးကြတဲ့ ဇာတ်တွေကိုရှောင်ခဲ့တယ် ။ ဇာတ်အိမ်ခိုင်မာ ၊ ယုတ္တိတန်တဲ့ ၊ တကယ့်ဖြစ်ရပ်မှန် ဆန်ဆန်ဇာတ်တွေကို ပရိသတ်မုန်းမှာ လုံးဝမကြောက်ပဲ ရိုက်ကူးခဲ့တယ် ။ တစ်ခာလာလဲ မွဲပြာပုဆိုး ၊ တစ်ခါလာလဲ အချစ်သူရဲကောင်းဇာတ်တွေကို ငြီးငွေ့ငိုက်မြည်းနေတဲ့ ပရိသတ်တွေကို ရှာရွတ်ရဲ့သဘာဝဆန်တဲ့ ၊ လတ်ဆတ်လန်းဆန်းပြီး အရိုင်းဆန်တဲ့ ဇာတ်ကားတွေက လှုပ်နှိူးခဲ့တယ် ။ လူငယ်တွေအကြား ရှာရွတ်ရဲ့စတိုင်လ်တွေ ၊ ဒိုင်ယာလော့ဂ်တွေ ၊ ဝတ်စားဟန်တွေ ၊ ဂျစ်တစ်တစ် ခပ်ရွတ်ရွတ်စတိုင်လ်တွေက လွှမ်းမိုးလာခဲ့တယ် ။ ဒီဇာတ်ကားထဲမှာ ရှာရွတ်နဖူးမှာ စည်းတဲ့ စကာ့ဖ်တွေ ၊ ကုတ်အင်္ကျီနဲ့ရွှေဆွဲကြိုးဆွဲတဲ့စတိုင်လ်တွေ ၊ရှာရွတ်ရဲ့ ခပ်ရိရိရယ်သံတွေ ၊တစ်ဖက်သတ်ဆန်တဲ့ အစွန်းရောက်ချစ်ခြင်းဟန်ပန်တွေ နဲ့ ဒိုင်ယာလော့ဂ်တွေဟာ ခုထိကို ပြောဆဲ….ရေပန်းစားနေဆဲပါ ။

ဇာတ်လမ်းအကျဉ်း

**************

ညဉ့်နက်သန်းခေါင်အချိန် ကျူးကျော်ရပ်ကွက်တစ်ခုရဲ့ အမှိုက်ပုံမှာလာရောက် စွန့်ပစ်ခံရတဲ့ မွေးကင်းစနီတာရဲလေး……….

ဒီကလေးလူမှန်းသိတတ်ကာစ အရွယ်ကတည်းက နာမည်ရယ်လို့ ရေရေရာရာမရှိ ။ “လမ်းဘေးကလေး” “ကောက်ရ ” “လမ်းဘေးကကောင် ” အစချီတဲ့ နာမ်နှိမ်စကားလုံးတွေနဲ့ ရင်းနှိးကြီးပြင်းခဲ့ရသူလေး ။ လူမမယ်ပေမဲ့ ကိုယ့်ဝမ်းကိုယ်ကြောင်းရလေတော့ ဟိုလူက အရက်ဝယ်ပေးပါဦး.. ဒီလူက စီးကရက် ဝယ်ပေးပါဦး…..စတဲ့ တောက်တိုမယ်ရတွေလုပ်ပြီး ၊ သမုဒ္ဒရာဝမ်းတစ်ထွာကို ဖြည့်ခဲ့ရပြီး ၊ စာနာထောက်ထားဖေးမ ကြင်ကြင်နာနာ ဆက်ဆံသူရယ်လို့ သူတို့လို့ မိဘမဲ့လေးတွေကို ပေါင်မုန့်အလကားလဲကျွေးသလို သူတစ်ပါးထိခိုက်နစ်နာတာမျိုး မလုပ်မိစေဖို့ ဆုံးမသွန်သင်ပေးတဲ့ ဘုန်းဘုန်းတစ်ပါးပဲ ရှိလေရက် ။ တစ်နေ့တော့ အရက်သမားတစ်ယောက်က “ဟျောင့်ရယ် ….မင်းမှာလဲ နာမည်တော့ရှိရမှာပေါ့ “ဆိုတဲ့ မူးမူးနဲ့ပြောတဲ့စကားကြောင့် ပေါင်မုန်ဝေတဲ့ဘူန်းဘုန်းကို သူ့နာမည်ဘာလဲ လို့မေးရှာတယ် ။ လိမ်လဲမပြောချင်တဲ့ ဘုန်းဘုန်းဟာ “Ram Jaane(ဘုရားသိတယ်) ” လို့ အာပလွတ်ပြောလိုက်ရာက ဒီနာမည်က အတည်ဖြစ်သွားခဲ့ရှာတယ် ။

ရားမ်ဂျာနေ မှာ သူ့လိုပဲ မိဘမဲ့ ၊ ဆိုးတူကောင်းဖက် မူလီဆိုတဲ့ သူငယ်ချင်းလေးရယ် ၊ ဦလေးကကျွေးမွေးစောင့်ရှောက်ထားရတဲ့ ဘေလား ဆိုတဲ့ငယ်ကျွမ်းဆွေ သူငယ်ချင်းမလေးနှစ်ယောက်တော့ရှိတယ် ။ သူ့မှာ နောက်ထပ်ငယ်ကျွမ်းဆွေရှိသေးတယ်။ သူကတော့ ရားမ်ဂျာနေ ဆိုတဲ့ စောင်ကြွားကြွားကလေးကို ကြည့်မရပဲ အမြဲထောင်ထဲပို့ဖို့ အားသန်နေတဲ့” ခြွေတေး” ဆိုတဲ့ ရဲအရာရှိ ။ အထိန်းအကွပ်မဲ့တဲ ရားမ်ဂျာနေ နဲ့ မူလီ တို့ဟာ လွယ်ရင်လွယ်သလို အလစ်သုတ်တတ်သလို တစ်ခါတလေတော့လဲ မှောင်ခိုကုန်ရထားတွဲတွေထဲက ကုန်စည်တွေကို အခါအခွင့်သင့်ရင် ခိုးလေ့ရှိကြတယ် ။ တစ်ခါမှာတော့ ရဲအရာရှိ ခြွေတွေးရဲ့လက်ထဲကို ရားမ်ဂျာနေ မိသွားပါရော ။ မူလီကတော့ ရားမ်ဂျာနေ ကောင်းမှုနဲ့သီသီလေးလွတ်သွားခဲ့တယ် ။ ကလေးထောင်ပို့ခံရတဲ့ ရားမ်ဂျာနေ ဟာ အလစ်သုတ် ၊ ခါးပိုက်နှိုက်ထက် သာလွန်တဲ့ ဒုစရိုက်ဂိုဏ်းနဲ့ အဆက်အသွယ်ရသွားခဲ့တော့တယ် ။ ကလေးထောင်ကထွက်ပြေးလာတဲ့ ရားမ်ဂျာနေ ဟာ ဘုန်းဘုန်းကောင်းမှုနဲ့ကျောင်းတက်နေတဲ့ မူလီရဲ့ပြောစကားအရ သူရဲ့ငယ်ကျွမ်းဆွေဘေလားကို”ဘော်ဒါကျောင်း ” ကိုပို့့လိုက်ပြီ ဆိုတာ သိလိုက်ရတယ် ။ ဒုစရိုက်လောကနဲ့ အဆက်အသွယ်တွေရသွားပြီဖြစ်တဲ့ ရားမ်ဂျာနေ ဟာ ဒုစရိုက်တောကို တိုးလို့သာဝင်ရောက်သွားခဲ့တော့တယ် ။ အမြှိးကျက် အမြှိးစား ၊ ခေါင်းကျက် ခေါင်းစား ၊ ရန်သူတွေ မိတ်ဆွေတွေ အသာထားလို့ လျင်သူဗိုလ်လုပ်ကြေး ဆိုတဲ့ ဒုစရိုက်လောကမှာ လက်ယဉ်တဲ့ ရားမ်ဂျာနေ ဟာ ဂိုဏ်းခေါင်းဆောင်တို့ရဲ့ အားထားရာလက်ရုံးတစ်ဆူ ဖြစ်လာတော့တယ် ။ ဒီလိုနဲ့ ဒုစရိုက်လောကမှာ ကျင်လည်ရင်း ထောင်ကို ခြင်ထောင်လို ဝင်ချည်ထွက်ချည် နဲ့ နှစ်တွေကြာညောင်းခဲ့တယ် ။

ထောင်ကထွက်လို့ လတ်ဆတ်အေးမြတဲ့လေကို တဝကြီးရှူလိုက်မိတဲ့ ရားမ်ဂျာနေ ကို ပြုံုးပြုံးကြီးစောင့်ကြိုနေတဲ့ မူလီ ။ မူလီဟာ ဘုန်းဘုန်းရဲ့ကျေးဇူးနဲ့ ပညာသင်ခွင့်ရခဲ့ပြီး ၊ ခုဆို သူတို့လို မိဘမဲ့လေးတွေကို ပြုစုစောင့်ရှောက်တဲ့ “အပနေဂါးရ် ” (ကိုယ်တို့ဂေဟာ) ဆိုတဲ့ မိဘမဲ့ဂေဟာလေးဖွင့်ထားနိုင်ခဲ့ပြီ ။ မူလီက ရားမ်ဂျာနေ ကို လမ်းမှန်ပေါ်ရောက်အောင်ပြုပြင်မယ် ဆိုတဲ့ ရယ်ရွယ်ချက်နဲ့ “အပနေဂါးရ် ” မှာ လိုက်နေဖို့ ခေါ်တယ် ။ ရားမ်ဂျာနေ က ပြုပြင်ဖို့ စိတ်ကူးမရှိပေမဲ့ တစ်အားလှလာတဲ့ ငယ်ကျွမ်းဆွေဘေလား နဲ့ အနေနီးမှာမို့ ခေါင်းငြိမ့်လက်ခံခဲ့တယ် ။ မူလီရဲ့စိတ်ကူးဟာ တက်တက်စင်အောင်လွဲခဲ့တယ် ။ ရားမ်ဂျာနေ ဟာ ဒုစရိုက်အလုပ်တွေကို ဆက်လုပ်မြဲလုပ်ဆဲပါပဲ ။ ရားမ်ဂျာနေ ကို ပြုပြင်လို့ရဖို့နေနေသာသာ သူ့ဂေဟာက ဆယ်ကျော်သက်လေးတွေဟာ ရားမ်ဂျာနေ ကို အားကျလာကြတယ် ။ တစ်သက်နဲ့တစ်ကိုယ် ပတ်ဝန်းကျင် ရဲ့အထင်သေးရှုံ့ခခံရျမှုတွေ ၊ မရှိခိုးနိုး အထင်အမြင်သေးအကြည့်တွေ ၊ နှိမ့်ချဆက်ဆံမှုတွေကို ခါးစည်းခံလာရတဲ့ မိဘမဲ့ဂေဟာက ဆယ်ကျော်သက်တွေဟာ ရားမ်ဂျာနေ ရဲ့ ငွေကိုရေလိုဖြုန်းနိုင်မှုတွေ ၊ ခရိုနီတွေလို အသိုင်းအဝိုင်းနဲ့ရင်းနှိးကျွမ်းဝင်မှုတွေ ၊ တော်ရုံတန်ရုံရဲအရာရှိလောက်တော့ အိပ်ကပ်ထဲထည့်ထားနိုင်တာတွေကို အားကျအတုခိုးလာကြတယ် ။ ဆရာမူလီရဲ့စကားကိုလဲ နားမဝင်တော့ပဲ ရားမ်ဂျာနေ စတိုင်လ်ဖမ်းလာကြတော့တယ် ။ အမှားအမှန်မခွဲခြားတတ်သေးတဲ့ ဆယ်ကျော်သက်တွေဟာ ရားမ်ဂျာနေရဲ့ဘက်တော်သားတွေ ဖြစ်လာခဲ့တယ် ။ လောကမှာ ငွေသာလျင် အရှင်သခင် ၊ ငွေသာလျင် ကိုးကွယ်ရာ ၊ ငွေသာလျင် အာဏာရှင်လို့ အယူမှားပြီး ၊ အလစ်သုတ် ၊ ခါးပိုက်နှိုက် အသေးအဖွဲ တွေ လုပ်လာကြတော့တယ် ။

တစ်ဘက်မှာလဲ “အပနေဂါးရ် ” မိဘမဲ့ဂေဟာ အပါအဝင် ရပ်ကွက်ငယ်ကို အပိုင်သိမ်းဖို့ ခရိုနီတစ်စုဟာ ရဲတွေနဲ့ပူးပေါင်းပြီး ၊ ကြံစည်နေတယ် ။ ဒါကို သိတဲ့ ရားမ်ဂျာနေ ဟာ တတ်နိုင်သမျှတားဖို့ ကြိုးစားတယ် ။ မရတဲ့အဆုံး အဲ့ဒီ ခရိုနီကိုအပြတ်ရှင်းပစ်လိုက်တော့တယ် ။ ဒီအမှုဟာ “အပနေဂါးရ် “မိဘမဲ့ဂေဟာက ဆယ်ကျော်သက်တွေ ပါဝင်ပတ်သတ်နေတယ်ဆိုပြီး ၊ ခြွေတေး ခေါင်းဆောင်တဲ့ ရဲတပ်ဖွဲ့ဟာ လာရောက်စစ်ဆေးတယ် ။ စစ်ဆေးတယ်သာဆိုတယ် ။ တကယ်က အတင်းအကြပ်ရိုက်နှက်ဝန်ခံခိုင်းတာပါ ။ အဲ့တော့ မိဘမဲ့ဂေဟာ က ဆယ်ကျော်သက်တွေနဲ့ ရဲတပ်ဖွဲ့ကြား ရုန်းရင်းဆန်ခတ် အဓိကရုဏ်းဖြစ်ကုန်ကြတော့တယ် ။ ဒီ အဓိကရုဏ်း မှာ မိဘမဲ့ဂေဟာမှ ခြောက်နှစ်အရွယ်ကလေးတစ်ဦး အသက်ဆုံးရှူံးခဲ့တယ် ။ မူလီဟာ ဒီဖြစ်ရပ်တွေဟာ ရားမ်ဂျာနေ ကြောင့်လို့ စွပ်စွဲပြောဆိုလို့ သူငယ်ချင်းနှစ်ယောက် စိတ်ဆိုးပြီး ၊ ရားမ်ဂျာနေ လဲ “အပနေဂါးရ် “ကို စွန့်ခွာထွက်သွားခဲ့တယ် ။ ရားမ်ဂျာနေ ကို လမ်းမှန်ပေါ်ပြန်ရောက်စေချင်လွန်းတဲ့ မူလီဟာ ဘေလား ကို ရားမ်ဂျာနေ ရဲ့ အချစ်ကိုလက်ခံပြီး ၊ ပြုပြင်ပေးဖို့ တောင်းဆိုခဲ့တယ် ။ မူလီကို တစ်ဖက်သတ်ချစ်နေတဲ့ ဘေလားဟာ ဒီတောင်းဆိုမှုကို လက်ခံခဲ့တယ်။

“အပနေဂါးရ် “မိဘမဲ့ဂေဟာ နဲ့ ရဲတပ်ဖွဲ့တို့ရဲ့ အဓိကရုဏ်းဟာ သတင်းစာတိုင်းရဲ့ မျက်နှာစာမှာ ဟိုးလေးတကျော်ကျော်ပါလာခဲ့တယ် ။ ခေါင်းစည်းစာတန်းမှာ “မိဘမဲ့ဂေဟာနောက်ကွယ်ကဒုစရိုက်သားကောင်များ ” ဆိုပြီး ၊ မိဘမဲ့ဂေဟာဆယ်ကျော်သက်တွေရဲ့ပုံကို တွဲပြထားလေးတော့ ” အပနေဂါးရ် “ကိုထောက်ပံ့ပေးနေတဲ့ ပင်တိုင်အလှူရှင်တွေဘက်က မေးခွန်းတွေထုတ်လာကြတော့တယ် ။ သူတို့ဟာ မိဘမဲ့တွေကို လူကောင်းလူမွန်ဖြစ်စေဖို့ ထောက်ပံ့ပေးနေတာ ။ ဒုစရိုက်သားကောင်တွေမွေးထုတ်ပေးနေတဲ့ သူတို့ဂေဟာကို မထောက်ပံံ့ပေးနိုင်တော့ဘူး လို့ ဆိုလာတဲ့အခါ “အပနေဂါးရ် “မိဘမဲ့ဂေဟာလေးဟာ အငတ်ဘေးဆိုက်ရတော့တယ် ။ ရားမ်ဂျာနေ ဟာ ဒီအငတ်ဘေးအတွက် ငွေပံ့ပိုးကူညီပေးခဲ့ပေမဲ့ မူလီက မသန့်စင်တဲ့ငွေတွေနဲ့ သူ့မိဘမဲ့ဂေဟာ အသက်မဆက်စေရဘူး ဆိုလို့ ဘယ်လိုမှ မတတ်နိုင်ခဲ့ဘူး ။ ဒါ့အပြင် ဘေလားကလဲ သူ့ကိုချစ်လို့မဟုတ်ပဲ မူလီရဲ့တောင်းဆိုမှုကြောင့် သူ့ကိုလက်ခံခဲ့တယ်ဆိုတာ သိလိုက်ရတဲ့ ရားမ်ဂျာနေ ခင်ဗျာ မှိတွယ်စရာသံယောဇဉ်ဆိုလို့ ဘာတစ်ခုမှ မရှိရှာတော့ဘူး ။ ငကန်းသေတော့ ငဆွေပေါ်ဆိုသလို “အပနေဂါးရ် “မိဘမဲ့ဂေဟာနဲ့ရပ်ကွက်လေးကို အပိုင်သိမ်းဖို့ ကြံစည်တဲ့နောက် ခရိုနီတစ်ယောက် ထွက်လာပြနိတယ် ။ ရားမ်ဂျာနေ ရဲ့ ပြိုင်ဘက် “ဘေဝါဂျား”(ဂူလ်ရှန်းဂရိုဗာ) ။ ဒီတစ်ခါတော့ ထောက်ထားငှဲ့ညှာစရာသံယောဇဉ်ရော ၊ မှီတွယ်ရာရင်ခွင်ရောမဲ့ခဲ့ပြီဖြစ်တဲ့ ရားမ်ဂျာနေတစ်ယောက် သူ့လိုပဲ မိဘမဲ့ကလေးငယ်တို့ပျော်စံရာ “အပနေဂါးရ် “ကိုကယ်ဖို့ ခရိုနီနဲ့အပေါင်းပါတစ်သိုက်ကို အပြတ်ကိုရှင်းပစ်ပြီး ၊ ကြိုးစင်တက်ဖို့ ဆုံးဖြတ်လိုက်ပြီ ။ ဒီနောက်ပိုင်းက အရမ်းကိုကောင်းလွန်းတဲ့ ဒရမ်မာခန်းတွေမို့ စပွိုင်လာ မလုပ်တော့ဘူးနော် ။ ဆက်သာကြည့်လိုက်တော့ ပရိသတ်တို့ရေ ။

?? ဒီဇာတ်ကားရဲ့တေးသွားတွေကို ဂန္တ၀င်ဂီတမှူး အနူးမားလစ်ခ် ကိုယ်တိုင်သီကုံးဖွဲ့တည်ခဲ့ကာ သီချင်းစာသားတွေကိုတော့ ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ ဂန္တ၀င်တေးရေးဆရာကြီး အာနန်းဘတ်ဂ်ရှီး ကိုယ်တိုင်ရေးစပ်ခဲ့ပါတယ် ။ ?? ဒီဇာတ်ကားကို မြန်မာ့ရုပ်ရှင်အကျော်အမော် ဒွေး နဲ့ နန္ဒာလှိုင်တို့က “ဇောင်း ” ဆိုပြီး၊ ပြန်လည်ရိုက်ကူးခဲ့တယ် ။

(ရုပ်ရှင်အညွှန်းကို SRK Universe Myanmar FB Page မှကူးယူဖော်ပြထားပြီးဘာသာပြန်သူကတော့ ကိုဇော်ထူး ပါ)

(Zawgyi)

ခပ္လာ့စ္( ေရွာ့လိုက္ /ပြဲသိမ္း) ၊ တပိုရိးလို႔ဂ္ ( street guys) ….အစရွိတဲ့ ရွာ႐ြတ္ဗန္းစကားေတာ္ေတာ္မ်ားမ်ားကို ဒီဇာတ္ကားထဲမွာ ေလ့လာလိုက္ေနာ္ ။

သင္ဟာ လူတစ္ေယာက္သာစစ္မွန္ခဲ့ပါေစ….ကိုယ့္ဘဝမွာ ဘယ္ေလာက္ပဲ ေမွ်ာ္လင့္ခ်က္မဲ့တဲ့ ေခ်ာက္ကမ္းပါးထဲက်ေရာက္ေနခဲ့ရင္ေတာင္ သင့္လိုမ်ိဳး မိုက္မိုက္ကန္းကန္း ေခ်ာက္ကမ္းပါးထဲ မ်က္စိစုံမွိတ္ခုန္ခ်မဲ့ အနာဂတ္လူငယ္ေတြကိုေတာ့ ဒီေနရာႀကီဟာ အႏၲရယ္ေတြေရာႁပြန္းေနတဲ့ ေမွ်ာ္လင့္ခ်က္မဲ့ေခ်ာက္ကမ္းပါးဆိုတာ တနည္းနည္းနဲ႔ေတာ့ သိေစသင့္တယ္ မဟုတ္ပါလား?

Ram Jaane (ဘုရားသိတယ္)

★★★★★★

ျပစ္မႈ ၊အက္ရွင္ဒရမ္မာ၊ ဇာတ္ျမဴးအမ်ိဳးအစား ေဘာလီးဝုဒ္ ႐ုပ္ရွင္” Ram Jaane ” ကို ဇာတ္ၫႊန္း ဗီေနး႐ႊတ္ကလား ေရးသားၿပီး ၊ ဒါ႐ိုက္တာ ရာဂ်စ္ဗ္မဟဲရာ ႐ိုက္ကူးခဲ့ကာ ရွာ႐ြတ္ခန္ ၊ ဂ်ဴဟီးေခ်ာ္လာ ၊ မူရွရန္း ၊ ပန္ကတ္ရ္ွကပူးရ္ (ရွာဟစ္ကပူးရ္ ေဖေဖ) ၊ ဂူလ္ရွန္းဂ႐ိုဗာ တို႔က သ႐ုပ္ေဆာင္ထားပါတယ္ ။ ဒီဇာတ္ကားဟာ ၁၉၉၅ ၊ ႏိုဝင္ဘာလ (၃၀) ရက္ေန႔မွာ အာေမးရ္ခနိး ရဲ႕ “Akle Hum Akle Tum ” နဲ႔ အၿပိဳင္႐ုံတင္ခဲ့ရၿပီး ၊ Box Office မွာေတာ့ “Ram Jaane ” က ေအာင္ပြဲခံခဲ့တယ္ ။ ဘတ္ဂ်တ္ ႐ူပီ ၃ . ၇၅ ကုေဋ ကုန္က်ခဲ့ၿပီး ၊ ၁၅. ၁၉ကုေဋ ျပန္ရခဲ့တယ္ ။ ရွာ႐ြတ္ဟာ ဒီဇာတ္ကားကို ဘယ္ေလာက္ႏွစ္သက္တယ္ေတာ့မသိ ။ဒီဇာတ္ကားရဲ႕မူပိုင္ခြင့္ကို သူ႔ရဲ႕ Red Chillies Entertainment ေအာက္ကေန ျပန္လည္ဝယ္ယူခဲ့တယ္ ။

“Ram Jaane ” ဟာ ဗီလိန္သ႐ုပ္ေဆာင္ ေခါင္းေဆာင္မင္းသား ေနရာကေန သ႐ုပ္ေဆာင္တဲ့ စတုတၳေျမာက္ဇာတ္ကားျဖစ္တယ္ ။ (Bazigaar, Darr, Anjaam တို႔ေနာက္) ရွာ႐ြတ္ဝင္ကာစက အဲ့ဒီအခ်ိန္ေခတ္စားေနတဲ့ အခ်စ္ခ်ိဳခ်ိဳ ဒရမ္မာေတြ ၊ ဆင္းရဲ / ခ်မ္းသာ အလႊာမတူလို႔ ၊ မိဘခ်င္းရန္ၿငိဳးရွိလို႔ ႏွစ္ကိုယ္တူတဲအိုပ်က္မွာ ႏွစ္ေယာက္တည္းကမ ၻာခ်စ္ပုံျပင္ေတြ ၊ အရင္းရွင္ဘူဇြာဆန္တဲ့ မိဘေတြကို အာခံၾက ၊ ခ်စ္သူတစ္မ်က္ႏွာ တစ္ကမာၻထင္ကာ လိုက္ေျပးၾကတဲ့ ဇာတ္ေတြကိုေရွာင္ခဲ့တယ္ ။ ဇာတ္အိမ္ခိုင္မာ ၊ ယုတၱိတန္တဲ့ ၊ တကယ့္ျဖစ္ရပ္မွန္ ဆန္ဆန္ဇာတ္ေတြကို ပရိသတ္မုန္းမွာ လုံးဝမေၾကာက္ပဲ ႐ိုက္ကူးခဲ့တယ္ ။ တစ္ခာလာလဲ မြဲျပာပုဆိုး ၊ တစ္ခါလာလဲ အခ်စ္သူရဲေကာင္းဇာတ္ေတြကို ၿငီးေငြ႕ငိုက္ျမည္းေနတဲ့ ပရိသတ္ေတြကို ရွာ႐ြတ္ရဲ႕သဘာဝဆန္တဲ့ ၊ လတ္ဆတ္လန္းဆန္းၿပီး အ႐ိုင္းဆန္တဲ့ ဇာတ္ကားေတြက လႈပ္ႏွိူးခဲ့တယ္ ။ လူငယ္ေတြအၾကား ရွာ႐ြတ္ရဲ႕စတိုင္လ္ေတြ ၊ ဒိုင္ယာေလာ့ဂ္ေတြ ၊ ဝတ္စားဟန္ေတြ ၊ ဂ်စ္တစ္တစ္ ခပ္႐ြတ္႐ြတ္စတိုင္လ္ေတြက လႊမ္းမိုးလာခဲ့တယ္ ။ ဒီဇာတ္ကားထဲမွာ ရွာ႐ြတ္နဖူးမွာ စည္းတဲ့ စကာ့ဖ္ေတြ ၊ ကုတ္အက်ႌနဲ႔ေ႐ႊဆြဲႀကိဳးဆြဲတဲ့စတိုင္လ္ေတြ ၊ရွာ႐ြတ္ရဲ႕ ခပ္ရိရိရယ္သံေတြ ၊တစ္ဖက္သတ္ဆန္တဲ့ အစြန္းေရာက္ခ်စ္ျခင္းဟန္ပန္ေတြ နဲ႔ ဒိုင္ယာေလာ့ဂ္ေတြဟာ ခုထိကို ေျပာဆဲ….ေရပန္းစားေနဆဲပါ ။

ဇာတ္လမ္းအက်ဥ္း

**************

ညဥ့္နက္သန္းေခါင္အခ်ိန္ က်ဴးေက်ာ္ရပ္ကြက္တစ္ခုရဲ႕ အမႈိက္ပုံမွာလာေရာက္ စြန္႔ပစ္ခံရတဲ့ ေမြးကင္းစနီတာရဲေလး……….

ဒီကေလးလူမွန္းသိတတ္ကာစ အ႐ြယ္ကတည္းက နာမည္ရယ္လို႔ ေရေရရာရာမရွိ ။ “လမ္းေဘးကေလး” “ေကာက္ရ ” “လမ္းေဘးကေကာင္ ” အစခ်ီတဲ့ နာမ္ႏွိမ္စကားလုံးေတြနဲ႔ ရင္းႏွိးႀကီးျပင္းခဲ့ရသူေလး ။ လူမမယ္ေပမဲ့ ကိုယ့္ဝမ္းကိုယ္ေၾကာင္းရေလေတာ့ ဟိုလူက အရက္ဝယ္ေပးပါဦး.. ဒီလူက စီးကရက္ ဝယ္ေပးပါဦး…..စတဲ့ ေတာက္တိုမယ္ရေတြလုပ္ၿပီး ၊ သမုဒၵရာဝမ္းတစ္ထြာကို ျဖည့္ခဲ့ရၿပီး ၊ စာနာေထာက္ထားေဖးမ ၾကင္ၾကင္နာနာ ဆက္ဆံသူရယ္လို႔ သူတို႔လို႔ မိဘမဲ့ေလးေတြကို ေပါင္မုန္႔အလကားလဲေကြၽးသလို သူတစ္ပါးထိခိုက္နစ္နာတာမ်ိဳး မလုပ္မိေစဖို႔ ဆုံးမသြန္သင္ေပးတဲ့ ဘုန္းဘုန္းတစ္ပါးပဲ ရွိေလရက္ ။ တစ္ေန႔ေတာ့ အရက္သမားတစ္ေယာက္က “ေဟ်ာင့္ရယ္ ….မင္းမွာလဲ နာမည္ေတာ့ရွိရမွာေပါ့ “ဆိုတဲ့ မူးမူးနဲ႔ေျပာတဲ့စကားေၾကာင့္ ေပါင္မုန္ေဝတဲ့ဘူန္းဘုန္းကို သူ႔နာမည္ဘာလဲ လို႔ေမးရွာတယ္ ။ လိမ္လဲမေျပာခ်င္တဲ့ ဘုန္းဘုန္းဟာ “Ram Jaane(ဘုရားသိတယ္) ” လို႔ အာပလြတ္ေျပာလိုက္ရာက ဒီနာမည္က အတည္ျဖစ္သြားခဲ့ရွာတယ္ ။

ရားမ္ဂ်ာေန မွာ သူ႔လိုပဲ မိဘမဲ့ ၊ ဆိုးတူေကာင္းဖက္ မူလီဆိုတဲ့ သူငယ္ခ်င္းေလးရယ္ ၊ ဦေလးကေကြၽးေမြးေစာင့္ေရွာက္ထားရတဲ့ ေဘလား ဆိုတဲ့ငယ္ကြၽမ္းေဆြ သူငယ္ခ်င္းမေလးႏွစ္ေယာက္ေတာ့ရွိတယ္ ။ သူ႔မွာ ေနာက္ထပ္ငယ္ကြၽမ္းေဆြရွိေသးတယ္။ သူကေတာ့ ရားမ္ဂ်ာေန ဆိုတဲ့ ေစာင္ႂကြားႂကြားကေလးကို ၾကည့္မရပဲ အၿမဲေထာင္ထဲပို႔ဖို႔ အားသန္ေနတဲ့” ေႁခြေတး” ဆိုတဲ့ ရဲအရာရွိ ။ အထိန္းအကြပ္မဲ့တဲ ရားမ္ဂ်ာေန နဲ႔ မူလီ တို႔ဟာ လြယ္ရင္လြယ္သလို အလစ္သုတ္တတ္သလို တစ္ခါတေလေတာ့လဲ ေမွာင္ခိုကုန္ရထားတြဲေတြထဲက ကုန္စည္ေတြကို အခါအခြင့္သင့္ရင္ ခိုးေလ့ရွိၾကတယ္ ။ တစ္ခါမွာေတာ့ ရဲအရာရွိ ေႁခြေတြးရဲ႕လက္ထဲကို ရားမ္ဂ်ာေန မိသြားပါေရာ ။ မူလီကေတာ့ ရားမ္ဂ်ာေန ေကာင္းမႈနဲ႔သီသီေလးလြတ္သြားခဲ့တယ္ ။ ကေလးေထာင္ပို႔ခံရတဲ့ ရားမ္ဂ်ာေန ဟာ အလစ္သုတ္ ၊ ခါးပိုက္ႏႈိက္ထက္ သာလြန္တဲ့ ဒုစ႐ိုက္ဂိုဏ္းနဲ႔ အဆက္အသြယ္ရသြားခဲ့ေတာ့တယ္ ။ ကေလးေထာင္ကထြက္ေျပးလာတဲ့ ရားမ္ဂ်ာေန ဟာ ဘုန္းဘုန္းေကာင္းမႈနဲ႔ေက်ာင္းတက္ေနတဲ့ မူလီရဲ႕ေျပာစကားအရ သူရဲ႕ငယ္ကြၽမ္းေဆြေဘလားကို”ေဘာ္ဒါေက်ာင္း ” ကိုပို႔့လိုက္ၿပီ ဆိုတာ သိလိုက္ရတယ္ ။ ဒုစ႐ိုက္ေလာကနဲ႔ အဆက္အသြယ္ေတြရသြားၿပီျဖစ္တဲ့ ရားမ္ဂ်ာေန ဟာ ဒုစ႐ိုက္ေတာကို တိုးလို႔သာဝင္ေရာက္သြားခဲ့ေတာ့တယ္ ။ အျမႇိးက်က္ အျမႇိးစား ၊ ေခါင္းက်က္ ေခါင္းစား ၊ ရန္သူေတြ မိတ္ေဆြေတြ အသာထားလို႔ လ်င္သူဗိုလ္လုပ္ေၾကး ဆိုတဲ့ ဒုစ႐ိုက္ေလာကမွာ လက္ယဥ္တဲ့ ရားမ္ဂ်ာေန ဟာ ဂိုဏ္းေခါင္းေဆာင္တို႔ရဲ႕ အားထားရာလက္႐ုံးတစ္ဆူ ျဖစ္လာေတာ့တယ္ ။ ဒီလိုနဲ႔ ဒုစ႐ိုက္ေလာကမွာ က်င္လည္ရင္း ေထာင္ကို ျခင္ေထာင္လို ဝင္ခ်ည္ထြက္ခ်ည္ နဲ႔ ႏွစ္ေတြၾကာေညာင္းခဲ့တယ္ ။

ေထာင္ကထြက္လို႔ လတ္ဆတ္ေအးျမတဲ့ေလကို တဝႀကီးရႉလိုက္မိတဲ့ ရားမ္ဂ်ာေန ကို ၿပဳံုးၿပဳံးႀကီးေစာင့္ႀကိဳေနတဲ့ မူလီ ။ မူလီဟာ ဘုန္းဘုန္းရဲ႕ေက်းဇူးနဲ႔ ပညာသင္ခြင့္ရခဲ့ၿပီး ၊ ခုဆို သူတို႔လို မိဘမဲ့ေလးေတြကို ျပဳစုေစာင့္ေရွာက္တဲ့ “အပေနဂါးရ္ ” (ကိုယ္တို႔ေဂဟာ) ဆိုတဲ့ မိဘမဲ့ေဂဟာေလးဖြင့္ထားႏိုင္ခဲ့ၿပီ ။ မူလီက ရားမ္ဂ်ာေန ကို လမ္းမွန္ေပၚေရာက္ေအာင္ျပဳျပင္မယ္ ဆိုတဲ့ ရယ္႐ြယ္ခ်က္နဲ႔ “အပေနဂါးရ္ ” မွာ လိုက္ေနဖို႔ ေခၚတယ္ ။ ရားမ္ဂ်ာေန က ျပဳျပင္ဖို႔ စိတ္ကူးမရွိေပမဲ့ တစ္အားလွလာတဲ့ ငယ္ကြၽမ္းေဆြေဘလား နဲ႔ အေနနီးမွာမို႔ ေခါင္းၿငိမ့္လက္ခံခဲ့တယ္ ။ မူလီရဲ႕စိတ္ကူးဟာ တက္တက္စင္ေအာင္လြဲခဲ့တယ္ ။ ရားမ္ဂ်ာေန ဟာ ဒုစ႐ိုက္အလုပ္ေတြကို ဆက္လုပ္ၿမဲလုပ္ဆဲပါပဲ ။ ရားမ္ဂ်ာေန ကို ျပဳျပင္လို႔ရဖို႔ေနေနသာသာ သူ႔ေဂဟာက ဆယ္ေက်ာ္သက္ေလးေတြဟာ ရားမ္ဂ်ာေန ကို အားက်လာၾကတယ္ ။ တစ္သက္နဲ႔တစ္ကိုယ္ ပတ္ဝန္းက်င္ ရဲ႕အထင္ေသးရႈံ႕ခခံရ်မႈေတြ ၊ မရွိခိုးႏိုး အထင္အျမင္ေသးအၾကည့္ေတြ ၊ ႏွိမ့္ခ်ဆက္ဆံမႈေတြကို ခါးစည္းခံလာရတဲ့ မိဘမဲ့ေဂဟာက ဆယ္ေက်ာ္သက္ေတြဟာ ရားမ္ဂ်ာေန ရဲ႕ ေငြကိုေရလိုျဖဳန္းႏိုင္မႈေတြ ၊ ခ႐ိုနီေတြလို အသိုင္းအဝိုင္းနဲ႔ရင္းႏွိးကြၽမ္းဝင္မႈေတြ ၊ ေတာ္႐ုံတန္႐ုံရဲအရာရွိေလာက္ေတာ့ အိပ္ကပ္ထဲထည့္ထားႏိုင္တာေတြကို အားက်အတုခိုးလာၾကတယ္ ။ ဆရာမူလီရဲ႕စကားကိုလဲ နားမဝင္ေတာ့ပဲ ရားမ္ဂ်ာေန စတိုင္လ္ဖမ္းလာၾကေတာ့တယ္ ။ အမွားအမွန္မခြဲျခားတတ္ေသးတဲ့ ဆယ္ေက်ာ္သက္ေတြဟာ ရားမ္ဂ်ာေနရဲ႕ဘက္ေတာ္သားေတြ ျဖစ္လာခဲ့တယ္ ။ ေလာကမွာ ေငြသာလ်င္ အရွင္သခင္ ၊ ေငြသာလ်င္ ကိုးကြယ္ရာ ၊ ေငြသာလ်င္ အာဏာရွင္လို႔ အယူမွားၿပီး ၊ အလစ္သုတ္ ၊ ခါးပိုက္ႏႈိက္ အေသးအဖြဲ ေတြ လုပ္လာၾကေတာ့တယ္ ။

တစ္ဘက္မွာလဲ “အပေနဂါးရ္ ” မိဘမဲ့ေဂဟာ အပါအဝင္ ရပ္ကြက္ငယ္ကို အပိုင္သိမ္းဖို႔ ခ႐ိုနီတစ္စုဟာ ရဲေတြနဲ႔ပူးေပါင္းၿပီး ၊ ႀကံစည္ေနတယ္ ။ ဒါကို သိတဲ့ ရားမ္ဂ်ာေန ဟာ တတ္ႏိုင္သမွ်တားဖို႔ ႀကိဳးစားတယ္ ။ မရတဲ့အဆုံး အဲ့ဒီ ခ႐ိုနီကိုအျပတ္ရွင္းပစ္လိုက္ေတာ့တယ္ ။ ဒီအမႈဟာ “အပေနဂါးရ္ “မိဘမဲ့ေဂဟာက ဆယ္ေက်ာ္သက္ေတြ ပါဝင္ပတ္သတ္ေနတယ္ဆိုၿပီး ၊ ေႁခြေတး ေခါင္းေဆာင္တဲ့ ရဲတပ္ဖြဲ႕ဟာ လာေရာက္စစ္ေဆးတယ္ ။ စစ္ေဆးတယ္သာဆိုတယ္ ။ တကယ္က အတင္းအၾကပ္႐ိုက္ႏွက္ဝန္ခံခိုင္းတာပါ ။ အဲ့ေတာ့ မိဘမဲ့ေဂဟာ က ဆယ္ေက်ာ္သက္ေတြနဲ႔ ရဲတပ္ဖြဲ႕ၾကား ႐ုန္းရင္းဆန္ခတ္ အဓိက႐ုဏ္းျဖစ္ကုန္ၾကေတာ့တယ္ ။ ဒီ အဓိက႐ုဏ္း မွာ မိဘမဲ့ေဂဟာမွ ေျခာက္ႏွစ္အ႐ြယ္ကေလးတစ္ဦး အသက္ဆုံးရႉံးခဲ့တယ္ ။ မူလီဟာ ဒီျဖစ္ရပ္ေတြဟာ ရားမ္ဂ်ာေန ေၾကာင့္လို႔ စြပ္စြဲေျပာဆိုလို႔ သူငယ္ခ်င္းႏွစ္ေယာက္ စိတ္ဆိုးၿပီး ၊ ရားမ္ဂ်ာေန လဲ “အပေနဂါးရ္ “ကို စြန္႔ခြာထြက္သြားခဲ့တယ္ ။ ရားမ္ဂ်ာေန ကို လမ္းမွန္ေပၚျပန္ေရာက္ေစခ်င္လြန္းတဲ့ မူလီဟာ ေဘလား ကို ရားမ္ဂ်ာေန ရဲ႕ အခ်စ္ကိုလက္ခံၿပီး ၊ ျပဳျပင္ေပးဖို႔ ေတာင္းဆိုခဲ့တယ္ ။ မူလီကို တစ္ဖက္သတ္ခ်စ္ေနတဲ့ ေဘလားဟာ ဒီေတာင္းဆိုမႈကို လက္ခံခဲ့တယ္။

“အပေနဂါးရ္ “မိဘမဲ့ေဂဟာ နဲ႔ ရဲတပ္ဖြဲ႕တို႔ရဲ႕ အဓိက႐ုဏ္းဟာ သတင္းစာတိုင္းရဲ႕ မ်က္ႏွာစာမွာ ဟိုးေလးတေက်ာ္ေက်ာ္ပါလာခဲ့တယ္ ။ ေခါင္းစည္းစာတန္းမွာ “မိဘမဲ့ေဂဟာေနာက္ကြယ္ကဒုစ႐ိုက္သားေကာင္မ်ား ” ဆိုၿပီး ၊ မိဘမဲ့ေဂဟာဆယ္ေက်ာ္သက္ေတြရဲ႕ပုံကို တြဲျပထားေလးေတာ့ ” အပေနဂါးရ္ “ကိုေထာက္ပံ့ေပးေနတဲ့ ပင္တိုင္အလႉရွင္ေတြဘက္က ေမးခြန္းေတြထုတ္လာၾကေတာ့တယ္ ။ သူတို႔ဟာ မိဘမဲ့ေတြကို လူေကာင္းလူမြန္ျဖစ္ေစဖို႔ ေထာက္ပံ့ေပးေနတာ ။ ဒုစ႐ိုက္သားေကာင္ေတြေမြးထုတ္ေပးေနတဲ့ သူတို႔ေဂဟာကို မေထာက္ပံံ့ေပးႏိုင္ေတာ့ဘူး လို႔ ဆိုလာတဲ့အခါ “အပေနဂါးရ္ “မိဘမဲ့ေဂဟာေလးဟာ အငတ္ေဘးဆိုက္ရေတာ့တယ္ ။ ရားမ္ဂ်ာေန ဟာ ဒီအငတ္ေဘးအတြက္ ေငြပံ့ပိုးကူညီေပးခဲ့ေပမဲ့ မူလီက မသန္႔စင္တဲ့ေငြေတြနဲ႔ သူ႔မိဘမဲ့ေဂဟာ အသက္မဆက္ေစရဘူး ဆိုလို႔ ဘယ္လိုမွ မတတ္ႏိုင္ခဲ့ဘူး ။ ဒါ့အျပင္ ေဘလားကလဲ သူ႔ကိုခ်စ္လို႔မဟုတ္ပဲ မူလီရဲ႕ေတာင္းဆိုမႈေၾကာင့္ သူ႔ကိုလက္ခံခဲ့တယ္ဆိုတာ သိလိုက္ရတဲ့ ရားမ္ဂ်ာေန ခင္ဗ်ာ မွိတြယ္စရာသံေယာဇဥ္ဆိုလို႔ ဘာတစ္ခုမွ မရွိရွာေတာ့ဘူး ။ ငကန္းေသေတာ့ ငေဆြေပၚဆိုသလို “အပေနဂါးရ္ “မိဘမဲ့ေဂဟာနဲ႔ရပ္ကြက္ေလးကို အပိုင္သိမ္းဖို႔ ႀကံစည္တဲ့ေနာက္ ခ႐ိုနီတစ္ေယာက္ ထြက္လာျပနိတယ္ ။ ရားမ္ဂ်ာေန ရဲ႕ ၿပိဳင္ဘက္ “ေဘဝါဂ်ား”(ဂူလ္ရွန္းဂ႐ိုဗာ) ။ ဒီတစ္ခါေတာ့ ေထာက္ထားငွဲ႔ညႇာစရာသံေယာဇဥ္ေရာ ၊ မွီတြယ္ရာရင္ခြင္ေရာမဲ့ခဲ့ၿပီျဖစ္တဲ့ ရားမ္ဂ်ာေနတစ္ေယာက္ သူ႔လိုပဲ မိဘမဲ့ကေလးငယ္တို႔ေပ်ာ္စံရာ “အပေနဂါးရ္ “ကိုကယ္ဖို႔ ခ႐ိုနီနဲ႔အေပါင္းပါတစ္သိုက္ကို အျပတ္ကိုရွင္းပစ္ၿပီး ၊ ႀကိဳးစင္တက္ဖို႔ ဆုံးျဖတ္လိုက္ၿပီ ။ ဒီေနာက္ပိုင္းက အရမ္းကိုေကာင္းလြန္းတဲ့ ဒရမ္မာခန္းေတြမို႔ စပြိဳင္လာ မလုပ္ေတာ့ဘူးေနာ္ ။ ဆက္သာၾကည့္လိုက္ေတာ့ ပရိသတ္တို႔ေရ ။

?? ဒီဇာတ္ကားရဲ႕ေတးသြားေတြကို ဂႏၲ၀င္ဂီတမႉး အႏူးမားလစ္ခ္ ကိုယ္တိုင္သီကုံးဖြဲ႕တည္ခဲ့ကာ သီခ်င္းစာသားေတြကိုေတာ့ ကြယ္လြန္ခဲ့ၿပီျဖစ္တဲ့ ဂႏၲ၀င္ေတးေရးဆရာႀကီး အာနန္းဘတ္ဂ္ရွီး ကိုယ္တိုင္ေရးစပ္ခဲ့ပါတယ္ ။ ?? ဒီဇာတ္ကားကို ျမန္မာ့႐ုပ္ရွင္အေက်ာ္အေမာ္ ေဒြး နဲ႔ နႏၵာလႈိင္တို႔က “ေဇာင္း ” ဆိုၿပီး၊ ျပန္လည္႐ိုက္ကူးခဲ့တယ္ ။

(႐ုပ္ရွင္အၫႊန္းကို SRK Universe Myanmar FB Page မွကူးယူေဖာ္ျပထားၿပီးဘာသာျပန္သူကေတာ့ ကိုေဇာ္ထူး ပါ)

 

File Size : (1.30 GB) 
Quality : DVDRip 720p
Running Time : 1hr 49min
Format : Mp4
Genre : Action, Crime, Drama
Subtitle : Myanmar Subtitle (Hard Sub)
Source : Hindi 720p DvDrip x264…Hon3y
Translated by Zaw Htoo
Encoded by Thanhtike Zaw



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Ram Jaane (1995)


No downloads available

Genres



Related movies