Channel Myanmar

Sinister (2012)

R 1h 50min HorrorMysteryThriller

6.8
IMDB: 6.8/10 238000 votes

3 win & 14 nominations

United States

324247

Report error

Sinister (2012)

 

~ IMDb – 6.8/10, RT – 63% ~

ဒီတစ်ခါမှာ ​ကျောချမ်းချမ်းနဲ့ ကြည့်ရမယ့် Horror ကား​ကောင်းလေးကို တင်ဆက်လိုက်ပါတယ်။ ၂၀၁၂မှာ ထွက်ရှိခဲ့ပြီး IMDb 6.8 ထိရခဲ့တဲ့ကားပေါ့။ ကြည့်​ရှုတဲ့အခါ အ​သေးစိတ် details ​လေး​တွေကို လိုက်ရှာပြူးပြဲကြည့်ရင်း ​ကြောက်ကြဖို့ အသိပေးပါရ​စေ။

ဇာတ်လမ်းလေးကို​တော့ မိသားစု၄​ယောက် သစ်ပင်တစ်ပင်က​နေ ကြိုးဆွဲချခံရတဲ့ အခန်းနဲ့ စတင်ထားပါတယ်။ ဇာတ်လိုက်ဖြစ်တဲ့ မှုခင်းစာ​ရေးဆရာ ​အော့စ်ဝဒ်ဟာ ဒီဖြစ်ရပ်ကို သိရှိထားပြီး မိသားစုကိုပါခေါ်ပြီး တစ်ကိုယ်​ကောင်းဆန်စွာ ​မှုခင်းဖြစ်ပွားရာအိမ်ကို ပြောင်း​ရွေ့လာခဲ့ပါတယ်။

သူဒီလိုလုပ်တာဟာ ပထမဆုံးအကြိမ်မဟုတ်​​တော့ မိန်းမလုပ်သူကလည်း စိတ်ညစ်စပြု​နေ​ပြီ။
သူ့ရဲ့နာမည်ကြီး မှုခင်းစာအုပ် တစ်အုပ် အောင်မြင်ပြီး​ ၁၀နှစ်ကြာတဲ့အထိ ထပ်မထွန်း​ပေါက်လာတဲ့အတွက် ​နောက်ထပ်​အောင်မြင်မှုတစ်ခုကိုရဖို့ ဒီဖြစ်ရပ်ဆိုးတွေနဲ့ကြုံခဲ့တဲ့ အိမ်ကြီးရဲ့အမှုအ​ကြောင်း ​လေ့လာ​ရေးသားဖို့ ​ပြောင်းလာပါ​တော့တယ်။

အိမ်​ပြောင်းတဲ့ ​နေ့မှာပဲ ရဲမှူးကြီးက ​ချက်ချင်းပြန်​ပြောင်းဖို့ သတိ​ပေး​ပေမဲ့ နားမ​ထောင်ခဲ့ဘူး။
ထပ်ခိုးမှာ ဘယ်ကမှန်းမသိတဲ့ ဘူးတစ်ဘူးထဲက​နေ ပရိုဂျက်တာ အ​ဟောင်း​လေးနဲ့အတူ ရိုက်ကူးထားတဲ့ ဖလင်တချို့ကို ရှာ​တွေ့ခဲ့ပါတယ်။
ဒီဖလင်​တွေက​တော့ တခြားတော့မဟုတ်ပါဘူး၊ သူတို့ပြောင်းခဲ့တဲ့ မိသားစုအိမ်တွင်းရိုက်ကူးထားတဲ့ ဗီဒီယိုအပိုင်းအစ​လေး​တွေပါ။

စပ်စုတဲ့ အ​နောက်တိုင်းသားတို့ရဲ့ ထုံးစံအတိုင်း ဖွင့်ကြည့်တဲ့အခါ မိသားစု ၅စုရဲ့ ​ပျော်ရွှင်စရာ ပုံရိပ်​တွေက​နေ ရက်ရက်စက်စက်အသတ်ခံရပုံ​တွေကို ရိုက်ကူးထားမှန်းသိလိုက်ရပါ​တော့တယ်။ အိမ်​ပြောင်းလာတဲ့ ​နေ့ကစ’ပြီး ထပ်ခိုးက ​ခြောက်ခြားစရာအသံ​တွေ ကြားရ၊ သား​လေး ထရာဗာကလည်း ညဘက် ထိတ်လန့်မှု​တွေ ပြန်ဖြစ်၊ သမီး​လေး အက်ရှ်လီကလည်း ​ကြောက်စရာပုံရိပ်​တွေကို အိမ်နံရံတွေပေါ်မှာ ဆွဲလာပါ​တော့တယ်။

သူခုရေးနေတဲ့ စာအုပ် ​အောင်မြင်မှာဆိုပြီး ရမယ့်ဝင်​ငွေကိုပဲ မြင်​​တော့တဲ့ ​​အော့စ်ဝဒ်တစ်​ယောက် ဖလင်ထဲက ဗီဒီယိုတွေကို လက်တော့ပ့်ထဲပြောင်းပြီး အ​သေးစိတ် ကြည့်ရှုလိုက်တဲ့ အခါမှာ​တော့…..

အရှုပ်ထုပ်ထဲ ဝင်မှန်းမသိ ဝင်​ရောက်မိတဲ့ နာမည်​ကျော်စာ​ရေးဆရာတစ်​ယောက် ပြန်လည်ရုန်းထွက်နိုင်ပါ့မလား…

ဘယ်လိုအရှုပ်ထုပ်မျိုးလဲဆိုတာ ဇာတ်လမ်း အဆုံးထိ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရင်း Happy New Year လိုက်ကြပါလို့……

 

(ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆိုရေးသားထားပါတယ်)

Size – 1.8GB, 1GB
Quality – 1080p, 720p
IMDb Rating – 6.8/10
Format – mp4
Duration – 1H 50Min
Genre – Horror, Mystery, Thriller
Subtitle – Myanmar Subtitle (Hardsub)
Translated by Mugiwara Ya
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Sinister (2012)
Sinister (2012)
Sinister (2012)
Sinister (2012)
Sinister (2012)
Sinister (2012)
Sinister (2012)
Sinister (2012)
Sinister (2012)
Sinister (2012)
Sinister (2012)
Sinister (2012)


No downloads available

Genres



Related movies