Sirf Ek Bandaa Kaafi Hai 2023
IMDb rating 7.3 အထိရရှိထားပပြီး၂၀၂၃ မှာအသစ်ထွက်ရှိလာတဲ့ တရားခွင်အခြေပြု
ဘောလီးဝုဒ်အိန္ဒိယဇာတ်ကားလေးဟာ အသက်မပြည့်သေးတဲ့ ကောင်မလေးတစ်ယောက်ကို လိင်အမြတ်ထုတ်ခဲ့တဲ့
ဘာသာရေးဆရာတစ်ယောက်နဲ့ သူ့ကိုတရားစွဲတဲ့အခါ ရင်ဆိုင်လျှောက်လဲပေးတဲ့ ရှေ့နေတို့ရဲ့ အားပြိုင်မှုကို ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်း ဒိုင်ယာလော့အလန်းတွေနဲ့ ရှုစားကြရမှာဖြစ်ပြီး တစ်ခန်းမှကို ပစ်ရက်စရာမရှိ ဇာတ်ရှိန်မကျပဲနဲ့ ဆွဲဆောင်သွားနိုင်တဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်
အားကိုးရာရှာကြတဲ့ လူတွေရဲ့ ဘာသာတရားတစ်ခု လူတစ်ယောက်ကို
အစွန်းရောက်ကိုးကွယ်လိုက်တဲ့အခါမှာ ဒီဘာသာတရားတစ်ခုကိုခေါင်းစဉ်တပ်ထားရုံနဲ့
မျက်ကန်းတွေဖြစ် အမှားတွေအမှန်တွေမသိတော့ပဲ ဘယ်သူ့ကိုမဆို
အဲ့ခေါင်းစဉ်အောက်ကဆိုတာနဲ့ ဇွတ်တွေယုံကြည်ကိုးကွယ်ကြတာပါပဲ
ဒါကဘာသာတရားတစ်ခုတည်းကို မဆိုလိုပါဘူး ယစ်ပူဇော်တတ်တဲ့ အာဖရိကလူရိုင်းတွေကစလို့
ဂိုဏ်းဆရာတွေကဟောလို့ ကိုယ့်ကိုယ်ကိုအုပ်လိုက်ကြီးသတ်သေကြတယ်ဆိုတဲ့
အနောက်တိုင်းက ရီနေးဆန့်ဆရာကြီးများအလယ်
စောင့်ထိန်းစရာအကျင့်သိက္ခာတွေများပြားပြီး တစ်ခုမှမစောင့်ထိန်းလဲ
နာမည်ကြီးရင် ဇွတ်ကိုးကွယ်ကျတဲ့ အာရှသားများထိအဆုံးလို့ပဲ ပြောရမှာပေါ့
ဘာသာရေးဆိုတဲ့ ခေါင်းစဉ်တစ်ခု
ဒါကိုခုတုံးလုပ်ပြီး ပရဟိတကျောင်းဘာညာ ရိုက်စားလုပ်တဲ့ကောင်တွေရှိတယ်
ဒါကိုခုတုံးလုပ်ပြီး ကလေးသူငယ်တွေကို ကျားမမရွေးလိင်အမြတ်ထုတ်နေတာတွေရှိတယ်
ဒါကိုခုတုံးလုပ်ပြီး ဗန်းပြအလှူခံသူဌေးဖြစ်နေတဲ့ကောင်တွေရှိတယ်
ပြောရရင်တော့ ပြောမဆုံးစေမဲ့ အရာတွေပေါ့
အိန္ဒိယဇာတ်ကားတွေထဲမှာ ကျွန်တော်မှတ်မိသလောက် ကတော့
ဘုရားရှင်ကို တရားစွဲတဲ့ဇာတ်ကားရယ်
အူကြောင်ကြောင် ဂြိုလ်သား PK ရယ်က
ဘာသာတရားကို အပီအပြင်ဖဲ့ထားတာပေါ့
ခုဒီဇာတ်ကားထဲမှာလည်း ဘာသာတရားဗန်းပြပြီး လိင်အမြတ်ထုတ်နေတဲ့
အိန္ဒိယက ဂိုဏ်းဆရာတစ်ယောက်ကို တရားစွဲတဲ့ပုံစံနဲ့ ရှယ်ဖဲ့ထားပါတယ်
ဒီဆရာသခင်ကြီးရဲ့ သောက်ကျင့်မကောင်းပုံတွေက ကိုယ်တိုင်ကြည့်ရင်
ပိုဒေါသထွက် ပိုခံပြင်းရမှာ သေချာပါတယ်
နောက်ပြီး အမှန်တရားဘက်မှာ ဘာဖြစ်ဖြစ်ရပ်တည်မယ်ဆိုတဲ့သူတွေအတွက်
ဒီကားကတော့ အားဆေးတစ်ခွက်ပါပဲ အဲ့တော့ ဘာသာရေးခုတုံးလိုက်ဂျင်းအတောင့်လိုက်ထည့်တာတွေ
နိုင်ငံရေး စီးပွားရေးသမားတွေရယ် နေရာတကာဝင်ပါတာတွေ
တရားခွင်မှာ အပြန်အလှန်နဲ့ မာန်ပါပါနဲ့အနိုင်ကျဲရတာတွေကို
ကြည့်ချင်တဲ့သူတွေအတွက်တော့ ဒီကားလေးက ဆန္ဒတွေဖြည့်ဆည်းပေးမဲ့
ချွေးသိပ်ဆေးလေးတစ်ခွက်ဆိုတာ ညွှန်းဆိုပေးလိုက်ပါတယ်
ဆင်ခြင်တုံတရားမပါတဲ့ ကိုးကွယ်မှုဆိုတာ အဆိပ်သက်သက်ပါပဲ
File size…1.52GB / 695MB
Quality…1080p HQ HDRIP / 720p
Format…mp4
Duration….2h 7mins
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by Khin~Sai~BpL~Yunni~Thaik San
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။