Channel Myanmar

Skuld Island ( 2023 )

1h 24 min ActionDramaFantasy

5.7
IMDB: 5.7/10 521 votes

China

143286

Report error

AD 1661 , တောင်ပစိဖိတ်သမုဒ္ဓရာအတွင်းမှာ မုအိမ်တော်ရဲ့အကြီးအကဲဖြစ်တဲ့
ရေတပ်ဗိုလ်ကြီးဟာ သူ့ရဲ့ရတနာတွေကို မြုပ်နှံဖို့အတွက်နေရာတစ်ခုရွေးခဲ့ပါတယ် ။
သူက မြေပုံပေါ်မှာ အမှတ်အသားမလုပ်ထားတဲ့ မီးတောင်ကျွန်းတစ်ကျွန်းကိုရွေးလိုက်ပြီး
ရတနာတွေကို အဲဒီကျွန်းမှာမြှပ်နှံခဲ့ပါတယ် ။ ဒါပေမဲ့ မမျှော်လင့်ထားဘဲ
အဲဒီမီးတောင်ကျွန်းဟာ ဧရာမစပါးအုံးမြွေကြီးရဲ့ အသိုက်ဖြစ်လို့နေပြီး
ရတနာတွေရော ရတနာမြှပ်တဲ့သူတွေပါ ပျောက်ချင်းမလှပျောက်ကာ ပင်လယ်ထဲနစ်မြုပ်သွားရပါတော့တယ် ။

ဒီဘက်ခေတ်ကိုရောက်လာတော့ မုအိမ်တော်ရဲ့ မျိုးဆက်အဆက်ဆက်
ပျောက်‌ဆုံးနေတဲ့ရတနာတွေကိုရှာဖွေဖို့တာဝန်ကျလာတဲ့သူက ( ခေါင်းဆောင်မင်းသမီး )
မုလင်ရဲ့ဖြစ်သူ မုဟုန်ကျွီပဲဖြစ်ပါတယ် ။ အစဉ်အလာမပြတ် မုဟုန်ကျွီနဲ့အတူ
ရတနာရှာဖို့ထွက်သွားတဲ့ မုအိမ်တော်ကတခြားအလုပ်သမားတွေအကုန်လုံးပါ ထပ်ပြီးပျောက်သွားပြန်ပါတယ် ။

ဒီလိုနဲ့ပဲ မုဟုန်ကျွီရဲ့သမီးဖြစ်သူ ရဲရင့်ပြီးဘာမှမကြောက်တတ်တဲ့ မုလင်က
သူ့အဖေ့ကိုရှာဖို့အတွက် ကျွန်းဆီကိုဦးတည်ခဲ့ပါတော့တယ် ။ တစ်ချိန်တည်းမှာပဲ
မုလင်ရဲ့ရည်းစားဟောင်းဖြစ်သူ ဟူရှားကလည်း မုအိမ်တော်ရဲ့လူယုံဖြစ်တဲ့
စုန့်မင်ရဲ့အတင်းအကြပ်ဖိအားပေးမိကြောင့် ခရီးစဉ်မှာလိုက်ပါဖို့ဖြစ်လာတဲ့အခါမှာတော့….

သူတို့ကျွန်းပေါ်မှာ‌ဘာတွေကြုံရမလဲ? ကျွန်းပေါ်ကဘယ်လိုအန္တာရာယ်တွေက
သူတို့ကိုစောင့်ကြိုနေမလဲ ? ရတနာတွေကိုရော ရှာတွေ့မလားဆိုတာကို
ဇာတ်လမ်းလေးထဲမှာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုပေးကြပါဦး

Quality : WEB-DL 1080p , 720p
Format : mp4
Genres : Drama , Action , Fantasy
Runtime : 1h 24 min
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Reviewed By Kay
Encoded by LK

 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available

Genres



Related movies