Channel Myanmar

Report error

mmbusticket

ဒီလို မိုးအေးတဲ့ ညမျိုးမှာ အကြောင်းတိုက်ဆိုင်စွာဖြင့်

တင်ပေးချင်တဲ့ ရုပ်ရှင်တစ်ကားတော့ ရှိပါတယ်

နာမည်ကျော် စာရေးဆရာကြီး Stephen King ရဲ့ ၀တ္တုကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့

The Mist ဆိုတဲ့ ရုပ်ရှင်ကားပါ

ဒီဇတ်လမ်းကို ကြည့်မယ်ဆို အရင်ဆုံး မီးတွေ မှိတ်လိုက်ပါ

ပြီးရင် လဖ္ဘက်သုပ် ဖြစ်ဖြစ် စားစရာ တစ်ခုခု အနားယူပါ စောင်ကို ကွေးနေအောင် ခြုံပါ

(FA ဆိုရင်ပေါ့) 😛

ကိုယ့်အနားမှာ ဖက်စရာခွေးလေး ကြောင်လေးတွေ ရှိရင် ဖက်ထားပါ

ဒါမှမဟုတ် ချစ်သူ ရှိရင် လက်မောင်းကို ကျစ်ကျစ်ပါအောင် ဖက်ထားပါ

ပြီးရင် ဒီရုပ်ရှင်ကို စ ကြည့်လို့ရပါပြီ…

 

တစ်နေ့သော ညမှာ မြို့ငယ်လေး တစ်ခုရဲ့ ဆိုးရွားလှတဲ့ မုန်တိုင်း

ဝင်ရောက် တိုက်ခက်တဲ့ အချိန်

ရေကန်ငယ်လေး ရဲ့ နံဘေးက

ပန်းချီဆရာ ဒေးဗစ် ရဲ့ အိမ်ကို

သစ်ပင်ပိကာ Studio ခန်း ပြိုကျသွားခဲ့ပါတယ်

မနက်ခင်း မှာတော့ ဒေးဗစ် တို့ မိသားစု

နိုးလာတဲ့ အခါမှာတော့ အရာအားလုံးဟာ

မြူခိုးစတွေ ဖုံးလွှမ်းနေတာကို တွေ့ရပြီး

အပျက်အစီးတွေကို ရှင်းလင်းကြရပါတယ်

သဘာဝ ဘေးကို ရင်ဆိုင်ဖို့ အတွက်

အစားအသောက်က အရေးကြီးတာကြောင့်

အိမ်နီးချင်း တစ်ဦး ရယ် ဒေးဗစ် နဲ့ သူ့ရဲ့ သားငယ်တို့

မြို့ထဲက တစ်ခုထဲသော စူပါမားကတ် ကို ထွက်လာခဲ့ပါတယ်

လူတိုင်းဟာ အလကား ရသကဲ့သို့ တိုးဝှေ့

အလုအယက်ဝယ်နေကြပါတယ်

ဒါ့အပြင် မြူခိုးတွေ အကြောင်းနဲ့

မြို့လေးရဲ့ တောင်ထိပ်မှာ စစ်တပ်မှ စမ်းသပ်နေတဲ့

အနုမြူဓါတ်ပေါင်းဖို ပေါက်ကွဲတာ ဖြစ်နိုင်ကြောင်း

အထင်အမြင်များ ဖလှယ်ကြ ပြောကြ နဲ့

စကားများ ဖောင်းပွလျက် ရှိပါတယ်

ဒီလို နဲ့ သိပ်မကြာခင်ပဲ မြူခိုးများ

တစ်ဖြေးဖြေး များလာတော့

တစ်ချို့က အိမ်မပြန်ရဲတော့ပဲ

စူပါမားကတ် အတွင်းကသာ

မြူခိုးများ ပျောက်မလားဆိုပြီး စောင့်နေကြပါတယ်

ဒါပေမယ့် သူတို့ ထင်သလို မြူခိုးများ မပျောက်ပဲ

ကြောက်မက်ဖွယ်ကောင်းသော အကောင်များ

သူတို့ဆီ ရောက်ရှိလာမယ်ဆိုတာကို

မသိခဲ့သော အခါ….

 

ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့

ရဲမာန်အောင် ဖြစ်ပြီး သစ်ဆန်းခန့် မှ တင်ဆက်ပေးထားပါတယ်

 

 

The Mist
The Mist
The Mist
The Mist
The Mist
The Mist
The Mist
The Mist
The Mist
The Mist
The Mist
The Mist
The Mist


No downloads available

Related movies