Channel Myanmar


The Stepfather (2009)

The Stepfather    

PG-13 101 min CrimeThriller

5.6
IMDB: 5.6/10 27,367 votes

, , , , , , , , ,

2 nominations.

USA

14800

Report error

2009 ခုနှစ်မှာထွက်ခဲ့တဲ့ ဒီ stepfather ဆိုတဲ့ကားဟာ

1987 တုန်းက ထွက်ခဲ့တဲ့ကားကို ပြန်ရိုက်ထားတာဖြစ်ပါတယ်။

သူက လူကြီးလူကောင်းတစ်ယောက်ပါ ဆိုတာကတော့ ဒီကားထဲမှာ အကြားရများဆုံးစကားပါ။

ပြေပြစ်တဲ့အပြုံးတွေရှိမယ် .. စကားလုံးလှလှတွေနဲ့

‘မိသားစု’ ဆိုတာကို ပါးစပ်ကမချဘဲ ပြောတတ်မယ် ..

အရာရာမှာ နားလည်ဂရုစိုက်ပေးပြီး ကြင်နာတတ်မယ်…

ဒါတွေဟာ ဒီကားရဲ့ အဓိကဇာတ်ဆောင် ပထွေးဖြစ်သူရဲ့

အများသိစရိုက်လက္ခဏာတွေပေါ့..

ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာတော့ ‘သိပ်ကိုပြီးပြည့်စုံတဲ့မိသားစု’ လို့

သူယူဆသတ်မှတ်ထားတဲ့ စံတစ်ခုကို စွဲကိုင်ပြီး

ဒီစံနဲ့ မကိုက်လာဘူးထင်ရင် သွေးအေးအေးနဲ့ သတ်ပစ်လိုက်နိုင်တဲ့

အမေရိကရဲ့ အလိုရှိဆုံးလူသတ်သမားတစ်ယောက်ဟာ

ခိုအောင်းလို့နေပါတယ်..

ဒီကားရဲ့ ဇာတ်ကြောင်းကိုတော့ ပထွေးဖြစ်သူရဲ့ သရုပ်မှန်ကို

ကြည့်သူပရိတ်သတ်ကို ဖွင့်ပြပြီးသားအနေအထားပေါ်မှာပဲေ

နာက်ထပ်သားကောင်ဖြစ်လာမယ့် သားအမိတွေနဲ့

သူနဲ့ကြားက ဇာတ်လမ်းကိုကြည့်ရမှာဖြစ်ပါတယ်.. ။

အထူးသဖြင့်တော့ မိသားစုအသစ်ရဲ့ သားအကြီးဆုံးဖြစ်သူ မိုက်ကယ်နဲ့

နာမည်အတည်တကျမရှိသူ လူကြီးလူကောင်းယောင်ဆောင်ပထွေးကြားက သံသယနဲ့ အားပြိုင်မှုကိုပါ။

ဒီဇာတ်လမ်းမှာ နောက်ထပ်အသတ်ခံသားကောင်တွေပဲတိုးလာမလား..

ပထွေးဖြစ်သူရဲ့ မျက်နှာဖုံးတွေပဲ ကွာကျသွားမလားဆိုတာတော့ ကိုယ်တိုင်ကိုယ်ကျပဲ ကြည့်ကြည့်လိုက်ကြပါဦး

Translated by Sane Khet

Encoded by sithu

The Stepfather (2009)
The Stepfather (2009)


No downloads available

Genres



Related movies