Channel Myanmar

WEBRIP 720P The Whole Truth (2016)
Report error

The Whole Truth (2016)

The Whole Truth    

R 93 min Drama

6.0
IMDB: 6.0/10 2,342 votes

, , ,

N/A

USA

26835

Report error

spree

whole_truth_ver2_xlg

mv5bnzixyzdjztutmguzzi00otk2ltgzmzgtotvhyzm0mzqxnmizxkeyxkfqcgdeqxvynjuwnzk3ndc-_v1_

အမေရိကန် အမျိုးသမီးဒါရိုက်တာ Courtney hunt ရိုက်ကူးထားပြီး ဟောလိဝုဒ်နဲ့ဆိုလျှင် အလွန် နည်းကျဉ်းသောစရိတ်နဲ့ ရိုက်ကူးထားလေ၏
မြန်မာတို့အကြိုက် မင်းသားကြီး Keanu Reevesခေါင်းဆောင် ပါဝင်ထားပြီး box office မှာ ထုတ်လုပ်မှု စရိတ်ထက် များစွာ သာသော ငွေကြေးပမာနကိုလဲ ရရှိခဲ့ပါသည်
တစ်ကားလုံး တရားရုံး ဆက်တင်နဲ့ အိမ်အခန်း အနည်းကျဉ်း သာ အသုံးပြုထားပြီး သရုပ်ဆောင်မှု ဒါရိုက်တာရဲ့ စွမ်းရည်ပြသထားတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်

Plot
အမေရိကန်နိုင်ငံ လူဝီစီးယားနားပြည်နယ် မှာ နာမည်ကျော် လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ လေ၏ နာမည်ကြီး ရှေ့နေတစ်ယောက်က သူ၏ သူငယ်ချင်းသတ်ခံရသောအမှုကို လူသတ်သမား အသတ်ခံရသူ၏ သားဘက်မှ အမှုလိုက်ပေးသော ဇာတ်လမ်းတစ်ပုဒ်ဖြစ်ကာ
လူသတ်သမား ထောင်ကျ မလား လွတ်သွားမလားဆိုတာကိုတော့ ……………

Review
ဒီ ဇာတ်ကားလေးက ဒီနှစ်ပိုင်းတွေ ထွက်ခဲ့ တဲ့ Keanu Reeves ရဲ့ ဇာတ်ကားတွေထဲမှာတော်တော် ကောင်းတဲ့ ဇာတ်ကားဆစ်ခုလို့ပြောရပါတယ်
ဇာတ်လမ်းက သာမန် ရှေ့နေ ဇာတ်ကျောရိုးသာဖြစ်သော်လည်း မထင်မှတ်ထားသောအရာ တွေ တချို့ tricks တွေက ကြည့်ရှုသူကိုစကြည့် ချိန်မှစ၍ တစ်ကားလုံး မထချင်လောက်အောင်ဆွဲဆောင်သွားပါလိမ့်မယ် တချို့ ဇာတ်ဝင်ခန်းတွေ ချုပ်ထားတာက လွဲလို့ အလွန်ကောင်းမွန်လှပါတယ် ကင်မရာရိုက်ချက် မှာအထွေထူးမရှိလှပေ အဓိက သရုပ်ဆောင်ချက်နှင့် ဇာတ်ညွှန်း ဇာတ်သားကိုသာ ဦးစားပေး သပ်ရပ်စွာဖော်ပြထားပေ၏
စရိတ်စက များစွာကုန်ကျသော ဟောလိဝုဒ် ကားကြီးများထဲတွင် စရိတ်ကျဉ်းဒရာမာကားတွေ ရိုက်က ရှုံးမည်ဟု အယူအဆကို ဒီဇာတ်ကားက တော်လှန်နေသလိုပင်
မူရင်းသရုပ်ဆောင်ခ မပါ ရိုက်ကူး စရိတ်ဆိုလျှင် ကျွန်တော်တို့နိုင်ငံတွင်သုံးစွဲနိုင်သော ဘတ်ဂျက် မျှ သာ ရိုက်ကူးထားပေ၏
သို့သော်ဒါရိုက်တာ၏ ဇာတ်လမ်း စပ်ဟပ်မှု အတွေးအမြင်က ချီးကျူးစရာပင် ဇာတ်ညွှန်းမှာလည်း လွန်စွာကောင်းလှပေ၏
သရုပ်ဆောင် ပိုင်းတွင်တော့ အဓိက Keanu Reeves ကို ဦးစားပေးဖော်ပြသော်လည်း တခြား ဇာတ်ပို့များက ဇာတ်လမ်း ကို တချက်မယိုင်သွားအောင် သရုပ်ဆောင်နိုင်ပေ၏(ကျွန်တော် အကြိုက်ဆုံးအခန်းမှာ အလုပ်ခန်းထဲတွင် Keanu Reevesနှင့် သူ့လက်ထောက် အမှု၏ တရားခံမှာအခြားတစ်ယောက်ဖြစ်ကြောင်း ငြင်းခုန်သည့်အခန်းတွင် Reeves သရုပ်ဆောင်သွားသည့် အမူရာပင်)
လောက တွင် မလိမ်သော သူမရှိနိုင်ဟု အယူ အဆတွငိ အလွန်ယုံကြည်ရသော သူတစ်ယောက် က သစ္စာဖောက်တတ်ကြောင်း
ပညာတတ်တစ်ယောက် အကွက်ကျကျလိမ်လျှင် တလောက လုံး ယုံကြည်တတ်ကြောင်း ပြသ ထားသောဇာတ်ကား ဖြစ်၍ စမ်းသပ်ကြည့်ရှုရန်တိုက်တွန်း အပ်ပေသည်

(ဇာတ်လမ်းအညွှန်းကိုတော့  ကို Oak Thar Kyaw ရဲ. Facebook Account မှတစ်ဆင့်ကူးယူဖော်ပြထားတာဖြစ်ပါတယ်)

File Size : 650 MB /250 MB
Quality : WEBRIP 720P
Running Time : 1hr 33 minute
Format : Mp4
Genre :  Drama, Thriller
Encoder : Thanhtike Zaw

Download and Watch 720p and 360p (VIP Link)

Download Here 720p HD (650 MB) Pcloud Link

Download Small File Size 360p (250 MB) Pcloud Link



No links available
No downloads available

Genres

Related movies

x