Channel Myanmar

Content at random


TV Series

Frankly Speaking (2024)
Frankly Speaking (2024) Frankly Speaking (2024)**********************အပိုင်းသစ် (၁) Rom-Com ဒရမ်မာလေးတွေ ကြိုက်သူများအတွက်ဒီတစ်ခေါက်မှာတော့  6/45 ထဲက မင်းသား Go Gyung-Pyo နဲ့Start Up ထဲက မင်းသမီး Kang Han Na တို့  အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ စီးရီးသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။- ဇာတ်လမ်းအကျဉ်း -ဆုန်းဂီဘဲ့ (Go Gyung-Pyo) ဟာဆိုရင် အောင်မြင်တဲ့သတင်းကြေညာသူတစ်ယောက် ဖြစ်ပါတယ်။စကားအပြောအဆို ရည်မွန်ပြီး ယဉ်ကျေးသလိုအလုပ်မှာလည်းတော်တဲ့ ပြီးပြည့်စုံသူမို့ အားလုံးကသူ့ကို စံပြသတင်းကြေညာသူအဖြစ် သတ်မှတ်ထားကြတာပေါ့။ဒီလိုနဲ့ တစ်နေ့မှာ ဂီဘဲ့တစ်ယောက် မတော်တဆ ဓာတ်လိုက်ပြီး မေ့လဲသွားပါတော့တယ်။ပြန်နိုးလာတဲ့အခါမှာတော့ အရင်လို ယဉ်ကျေးတဲ့ ဆုန်းဂီဘဲ့မဟုတ်တော့ဘဲကိုယ်ပြောချင်တဲ့စကားကို ချုပ်တည်းထားလို့မရဘဲတစ်ချိန်လုံး ကြမ်းတမ်းရိုင်းစိုင်းတဲ့ စကားတွေ‌ပြောနေတဲ့ ဂီဘဲ့ဖြစ်နေခဲ့ပါပြီ။တစ်ဖက်မှာလည်း အွန်ဝူဂျူ (Kang Han-Na) ကစိတ်အားထက်သန်မှုရှိတဲ့ ရသစုံလင်ရှိုး စာရေးဆရာမဖြစ်ပါတယ်။ဂီဘဲ့ရဲ့ အပြောအဆို ကြမ်းတမ်းပုံကို စိတ်ဝင်စားသွားပြီး သူ့ရဲ့ ရသစုံလင်ရှိုးအသစ်မှာပါဝင်ဖို့ ဂီဘဲ့ကို ကမ်းလှမ်းလာတဲ့အခါမှာတော့.....သတင်းကြေညာသူနဲ့ ...

Frankly Speaking (2024)

2024
Blood & Water (2020) S1+S2+S3 7.863
Blood & Water (2020) S1+S2+S3 Blood & Water (2020)ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ IMDb 6.7/10 ရထားတဲ့ အာဖရိကန်စီးရီးလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ပူလင်ရဲ့အိမ်မှာ နှစ်တိုင်း ၁၇ နှစ်တိတိမွေးနေ့ပွဲတစ်ခုလုပ်ပါတယ်။ မွေးနေ့ရှင်ကတော့ မရှိပါဘူး။ ဒါပေမဲ့ ပွဲကိုကြီးကြီးမားမားကိုလုပ်တာပါ။ ဒီ ပွဲရဲ့ပိုင်ရှင်ကတော့ ပူးမယ်ဆိုတဲ့ မွေးကင်းစမျာ ပျောက်သွားခဲ့တဲ့ ပူလင်ရဲ့အစ်မပဲဖြစ်ပါတယ်။အစ်မရဲ့အရိပ်လိုအမြဲနေလာရပြီး မောင်‌ဖြစ်သူကိုစောင့်ရှောက်ရင်း ဘဝကိုမပျော်တလှည့်ပျော်တလှည့်နေလာရတဲ့ ပူလင်တစ်ယောက် တစ်နေ့မှာတော့ အဖေဖြစ်သူကိုပါ အစ်မဖြစ်သူရဲ့ပျောက်ဆုံးမှုမှာ ပါဝင်တယ်ဆိုပြီး သံသယနဲ့ ဖမ်းသွားခံလိုက်ရတဲ့အခါ...ပူလင်တစ်ယောက်လည်း ပါတီတက်ရင်းကနေ သူနဲ့တူတဲ့တစ်ယောက်ကို အမှတ်မထင်တွေ့လာပြီး ‌ရှက်ရှက်နဲ့ကျောင်းပြောင်းရင်းက တစ်ကျောင်းတည်းအတူတက်ပြီး စုံစမ်းဖြစ်တဲ့အခါ...ပျောက်ဆုံးနေတဲ့အစ်မဖြစ်သူကိုပဲ ရှာတွေ့သွားမလား။ ဒီပျောက်ဆုံးမှုရဲ့ ဖြစ်ရပ်မှန်ကရော ဘာများလဲ ။ နောက်ပြီး ကျောင်းကြီးထဲက ပဟေဋိတွေကိုရော အဖြေရှာတွေ့သွားမလား...။*အမြင်မသင့်တော်သောအသုံးအနှုန်းနှင့် ဇာတ်ဝင်ခန်းများပါဝင်တာကြောင့် အသက်မပြည့်သူများ မကြည့်သင့်ပါ။*အညွှန်းနဲ့ဘာသာပြန်ကတော့ Channel Myanmar Team ကပဲဖြစ်ပါတယ်။File Size – 900MB(Appx;)@EpisodeQuality – 1080p WEB DLDuration –46 minute (@Episode)Total Episodes: 6EpsSubtitle – Myanmar ...
7.863
TMDb: 7.863/10 303 votes
tv

Blood & Water (2020) S1+S2+S3

2020
In the Name of the Brother
In the Name of the Brother ဒီတစ်ခေါက် CM ကနေတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့တရုတ်ဇာတ်လမ်း‌တွဲတွေရဲ့ ဘုရင်မတစ်ပါးလည်းဖြစ် 80's flower တွေထဲကနာမည်ကြီးမင်းသမီးတစ်လက်ဖြစ်တဲ့ မမ Yang Mi ဗီလိန်လုပ်မဲ့ ‌၁၉၄၀ လောက်ကဇာတ်ကားကောင်းလေးကိုကြည့်ရမှာပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်း‌လေးအနေနဲ့ -၁၉၄၀ ခုနှစ်ဝန်းကျင်က ဟာ့ပင်းမြို့ မန်ချူးတွေရဲ့‌လက်အောက်ရောက်နေတဲ့အချိန်ဖြစ်ပါတယ် ။အဲဒီအချိန် မြေအောက်တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ စုန့်ကျော်ဝမ်ကမန်ချူးအဖွဲ့ထဲကိုဝင်ဖို့နည်းလမ်းရှာနေတဲ့အချိန်လည်းဖြစ်ပါတယ် ။ဒါပေမဲ့ မန်ချူးတွေရဲ့လက်အောက်ခံဟာ့ပင်းရဲဌာနရဲ့ ဌာနမှူးဖြစ်တဲ့ကွမ်းရွှယ်ရဲ့အကူအညီနဲ့အတူ ဟာ့ပင်းရဲဌာနကိုဝင်ခွင့်ရသွားခဲ့ပါတယ် ။ဌာနမှူးကွမ်းရွှယ်က စုန့်ကျော်ဝမ်ကိုဌာနကိုဝင်ခွင့်ပေးလိုက်တာကလည်း အကြောင်းအရင်းရှိပါတယ် ။ဒီလိုနဲ့ မန်ချူးတွေကိုဆန့်ကျင်ဖို့အတွက် ရဲတပ်ဖွဲ့ထဲဝင်လာတဲ့ စုန့်ကျော်ဝမ်နဲ့မန်ချူးလက်အောက်ခံရဲဌာနက ရဲမေမမတို့နှစ်ယောက် ရှေ့ဆက်ပြီးအပြန်အလှန်ဘယ်လိုထိုးစစ်ဆင်ကြမလဲ ? ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှု့ရမှာဖြစ်လို့ ဆက်ဆက်စောင့်ကြည့်ကြဖို့မမေ့ပါနဲ့နော် ။=================================================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres : Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by ...

In the Name of the Brother

2024
Young Babylon
Young Babylon ဒီဇာတ်ကားလေးကတော့ Youthful vibe အပြည့်နဲ့ ro-com ဇာတ်လမ်းလေးတွေကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက်အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းလေးအနေနဲ့ -သူမွေးဖွားလာတဲ့ အလုပ်သမားလူတန်းစာဘဝကလွဲပြီး ကျန်တာဘာကိုမှမသိတဲ့ လုရှောင်လုတစ်ယောက် ဘဝကိုသူအမြဲတမ်းတွေးထားသလိုပုံစံအတိုင်းပဲစတင်ခဲ့ပါတယ် ။1990ပြည့်နှစ် သူ့ဆယ်ကျော်သက်အရွယ်မှာတင် မြိုကစက်ရုံလေးမှာအလုပ်ဝင်ခဲ့ပြီးတော့ ဘေးပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေနေဖိုနဲ့အတူ ဖိအားတွေကိုပါစတင်ခံစားခဲ့ရပါတယ် ။ဒီလိုနဲ့ တိုးတတ်လာတဲ့တရုတ်ပြည်ရဲ့စီးပွားရေးနဲ့အတူ လုပ်ငန်းခွင်ထဲမှာ သင်ခန်းစာယူရင်း သူနေထိုင်တဲ့ပတ်ဝန်းကျင်ထက်ပိုပြီးကျယ်ပြန့်တဲ့နေရာ စီးပွားရေးလုပ်ကွက်တွေကိုပါမြင်လာတဲ့အခါမှာတော့ လုရှောင်လုတစ်ယောက်သူ့ကိုပျော်ရွှင်စေမဲ့လမ်းကိုပဲလျှောက်ဖိုဆုံးဖြတ်လိုက်ပါတော့တယ် ။ဇာတ်ကားလေးက ငယ်ငယ်ရွယ်ရွယ်ကောင်လေးတစ်ယောက်ဘဝတိုက်ပွဲဝင်ရင်း ကိုယ်ပိုင်ပျော်ရွှင်မှုကိုရှာဖွေသွားမဲ့ဇာတ်လမ်းလေးဖြစ်လို လုရှောင်လုရဲ့ဘဝဇာတ်ခုံကိုအတူတူခံစားကြည့်လိုက်ရအောင်ပါရှင် ။ ====================================Quality : WEB-DL 1080p , 720p Total Episodes : 26 Format : mp4 Genres : Romance, Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Encoded by LK===================================== Ep 1 (720p) - Yoteshin/ Userdrive/ Megaup/ Steamwish/ Meganz Ep 1 ...

Young Babylon

2024
Will Love In Spring
Will Love In Spring မြိုပြလူနေမှုကြားမှာ နွေးထွေးတဲ့ဇာတ်ရုပ်တွေနဲ့ အချစ်ကိုအဓိကထားတဲ့ နွေးထွေးတဲ့ Healing Drama လေးတင်ဆက်ပေးနေပါပြီ။ ဒီဇာတ်ကားမှာ Li Xian နဲ့ Zhou Yu Tong တိုအဓိက သရုပ်ဆောင်ထားတဲ့အတွက်စောင့်ကြည့်ဖိုထိုက်တန်တဲ့ကားလေးပဲဖြစ်ပါတယ်နော်။ လူငယ်ဘဝတုန်းက ပုန်ကန်ပြီးခေါင်းမာတတ်တဲ့ ချန်မိုင့်သုန်းဟာ ဘဝရဲအချိုးအကွေ့တွေကြုံတွေ့ပြီးနောက် အလောင်းပြင်ဆရာဖြစ်လာခဲ့တယ်။ ကျွမ်းကျယ်ဟာ ကားအက်စီးဒင့်ကြောင့် ဒုက္ခိတဖြစ်ခဲ့ရတယ်ဒါပေမယ့် ပိုကောင်းတဲ့သူတစ်ယောက်ဖြစ်ဖိုအတွက် ကြိုးစားရင်း မြိုပြရဲ့လုပ်ငန်းခွင်မှာထိပ်တန်းဖြစ်လာခဲ့တယ်။ ပုန်ကန်တတ်တဲ့စရိုက်ရှိပေမယ့် အထီးကျန်တဲ့အလောင်းပြင်ဆရာတစ်ယောက်နဲ့ ခန္ဓာကိုယ်မှာချိုယွင်းချက်ရှိပေမယ့် သတ္တိရှိပြီးတောက်ပနေတဲ့ ထက်မြက်တဲ့မိန်းကလေးတစ်ယောက်တိုကြားက ရုန်းကန်ရင်း နားလည်မှုတွေတိုးပြီး အပြန်အလှန်လေးစားမှုတွေနဲ့ချစ်ကြည်နူးကြမယ့် Healing ဖြစ်စေမယ့် ဇာတ်လမ်းလေးကိုစောင့်ကြည့်လိုက်ပါဦးနော်။=================================================Quality : WEB-DL 1080p , 720p Total Episodes : 21 Format : mp4 Genres : Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK===================================== Ep 1 ...

Will Love In Spring

2024
Blood Free (2024)
Blood Free (2024) Blood Free (2024)*******************အပိုင်းသစ် (၇+၈) ဒီတစ်ခါ ကျွန်တော်တို့ CM ကနေ တင်ဆက်ပေးမဲ့ ဇာတ်လမ်းတွဲလေးကတော့sci-fi ကြိုက်သူတွေ အကြိုက်တွေ့စေမဲ့ thriller, sci-fi, dramaအမျိုးအစားလေးဖြစ်တဲ့ Blood Free ဆိုတဲ့ ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။အဓိကသရုပ်ဆောင်တွေအနေနဲ့ Along with Gods ကားထဲကနာမည်ကြီး မင်းသားတစ်လက်ဖြစ်တဲ့ Ju Ji Hoon,ပြောင်မြောက်လှတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ကျွန်တော်တို့အသည်းစွဲဖြစ်နေတဲ့ Moving ထဲက မင်းသမီး Han Hyo Joo,ဇာတ်ကားကောင်းတော်တော်များများမှာ ပါဝင်ထားတဲ့မင်းသားကြီးတွေဖြစ်တဲ့ Lee Hee Joon, Lee Moo Saeng တို့ပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း...လူသားတွေဟာ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာကတည်းကတိရစ္ဆာန်တွေရဲ့အသားကို အာဟာရဓာတ်တစ်ခုအနေနဲ့ စားသုံးလာခဲ့ကြပါတယ်။မျိုးရိုးဗီဇပြောင်းလဲထားတဲ့ အသားဈေးကွက်ကို လက်ဝါးကြီးအုပ်ထားပြီးစမ်းသပ်ခန်းထုတ်အသားတွေကို ရောင်းချနေတဲ့ စီအီးအို ယွန်းဂျာယူ (Han Hyo Joo) ရဲ့BF ဇီဝနည်းပညာကုမ္ပဏီဟာ ဈေးကွက်အတွင်း နာမည်ကြီးလာတဲ့နှင့်အမျှပြိုင်ဆိုင်မှုတွေနဲ့အတူ သူမရဲ့ ...

Blood Free (2024)

2024
Lady Revenger Returns From the Fire
Lady Revenger Returns From the Fire လော်အိမ်ရဲ့သမီးအကြီးဆုံးဖြစ်တဲ့ လော်အိုက်လျန်ဟာ မမျှော်လင့်ထားတဲ့အရှုပ်အထွေးတွေကြားမှာ ဖခင်ဖြစ်သူသေဆုံးခဲ့ရပြီး၊ သူမကို လူသတ်တရားခံအဖြစ်လည်းစွပ်စွဲခံခဲ့ရပါတယ်။ ညတွင်းချင်းမှာ အိမ်တော်တစ်ခုလုံးပြိုလဲသွားခဲ့ပြီး အရာအားလုံးကိုဆုံးရှုံးလိုက်ရတဲ့သူမဟာ ဖခင်ဖြစ်သူကိုသတ်တဲ့တရားခံကို ဖော်ထုတ်ဖို့ကြိုးစားရင်း အသက်အန္တရာယ်ထိ ထိခိုက်ခဲ့ပြန်ပါတယ်။လော်အိုက်လျန်တစ်ယောက် သေဆုံးသွားပြီလို့အများကထင်ခဲ့ကြပေမယ့်သူမဟာသေရွာကပြန်ပြီး ပို့ဆောင်ရေးဂိုဏ်းတစ်ခုဖြစ်တဲ့ ရှန်အိမ်ရဲ့သမီးကြီးရှန်တန်းချင်းအဖြစ် ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။အရင်းနှီးဆုံးလူတွေဆီက သစ္စာဖောက်ခံခဲ့ရတဲ့သူမဟာ ပျော့ညံ့ပြီးယုံလွယ်တဲ့မိန်းမငယ်လေးအဖြစ်ကနေ သန်မာရက်စက်တဲ့အမျိုးသမီးတစ်ဦးဖြစ်လာခဲ့ပါတယ်။ ရန်သူတွေပတ်လည်ဝိုင်းနေတဲ့သူမရဲ့ကလဲ့စားခရီးစဥ်မှာပါဝင်လာသူကတော့ မြို့စောင့်စစ်သူကြီး ရွှီချန်ဖုန်းပါ။ပျောက်ဆုံးနေတဲ့ဘဏ္ဍာတွေကိုရှာနေတဲ့စစ်သူကြီးရွှီနဲ့အတူ သူမရဲ့ကလဲ့စားချေမယ့်လမ်းမှာအနိမ့်အမြင့်အတက်အကျတွေကို ကြုံတွေ့ပြီးနောက်မှာတော့ သူတို့နှစ်ဦးကြားမှာသံယောဇဥ်ကြိုးလေးတွေရစ်နှောင်မိကြတဲ့အခါမှာတော့ စိတ်လှုပ်ရှားဖွယ်ရာဇာတ်လမ်းတစ်ပုဒ် ဖြစ်ပေါ်လာပါတော့တယ်။====================================Quality : WEB-DL 1080p , 720p Total Episodes : 24 Format : mp4 Genres : Romance, Historical, Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Yin Wai Phyo Encoded by LK=====================================Ep 1 (720p) ...

Lady Revenger Returns From the Fire

2024
Our Memories
Our Memories ဝေ့ရှင်းနဲ့ ဝမ်တိချိုတို ဦးဆောင်တဲ့ အထက်တန်းတတိယနှစ်ကျောင်းသားအဖွဲလေးတွေဟာ မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ကိုယ်စီရှိကြပြီး ယွီကျိုလမ်းလေးမှာ နေကြတဲ့ အိမ်နီးချင်းသူငယ်ချင်းတွေပဲ ဖြစ်ကြပါတယ်အထက်တန်းတတိယနှစ်တုန်းက ကောင်းအတူဆိုးအတူ တွဲလာကြတဲ့ သူတိုအဖွဲလေးဟာ ကိုယ့်အိပ်မက်ပန်းတိုင်စီကိုပဲ မူလရည်ရွယ်ချက်အတိုင်း လျှောက်လှမ်းသွားနိုင်ကြမလား မိဘတွေစီမံရာကိုပဲ လိုက်နာကြမလားကျောင်းသားဘဝတုန်းက ပျော်ရွှင်ခဲ့ရတဲ့ဘဝဟာ သူတိုဘဝလေးတွေ ကိုယ်စီရည်မှန်းရာ တက္ကသိုလ်စီ လှမ်းရတဲ့အခါမှာ ပျော်ရွှင်စရာကောင်းဦးပါ့မလားဆိုတာကို ဒီဇာတ်လမ်းတွဲလေးမှာအားပေးကြပါဦး...====================================Quality : WEB-DL 1080p , 720p Total Episodes : 21 Format : mp4 Genres : Romance, Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Mee Mee Jue Jue Encoded by LK===================================== Ep 1 (720p) - Yoteshin/ Userdrive/ Megaup/ Streamwish/ Meganz Ep 1 ...

Our Memories

2024
The Substitute Princess’s Love
The Substitute Princess’s Love ဒီတစ်ခါတော့ အချိုတွေရော အငိုတွေပါပေးမယ့် ဦးနဲ့ကလေးရဲ့ ချစ်ဇာတ်လမ်းကိုCM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပြီနော်ဇာတ်လမ်းအညွှန်းစစ်နတ်ဘုရားလို့ တင်စားခံရတဲ့ မင်းသားကျင့်ဟာ မင်္ဂလာပွဲနေ့မှာပဲ စစ်မြေပြင်မှာတိုက်ပွဲကျသွားပြီလို့ နန်းမြို့တော်ကို သတင်းရောက်လာတာကြောင့် တိုင်းပြည်တစ်ခုလုံးဝမ်းနည်းပူဆွေးရမယ့်အချိန်ကျရောက်လာခဲ့ပါတယ်အဲဒီအခါမှာ မင်းသားနဲ့ လက်ထပ်ရမယ့် အမတ်ချုပ်ရှန်အိမ်တော်က တရားဝင်သမီးဖြစ်သူဟာမုဆိုးမဘဝ မရောက်ချင်တာကြောင့် တရားမဝင်သမီးဖြစ်တဲ့ ရှန်ခယ်ယီကိုလူစားထိုးပြီး မင်္ဂလာဆောင်ခိုင်းလိုက်ပါတော့တယ်မင်းသားကျင့် ကွယ်လွန်သွားတာကြောင့် အဲဒီခေတ်က ထုံးတမ်းစဥ်လာအရရှန်ခယ်ယီပါ အတူတူလိုက်သေရမှာဖြစ်ပေမဲ့ မင်းသားကျင့် ရောက်လာခဲ့ပြီးရှန်ခယ်ယီကို ကယ်ခဲ့ပါတယ်။ ရှန်ခယ်ယီ သတိရလာတဲ့အခါ ရှန်အိမ်တော်က မင်းသားကျင့်ဆီကနေကျောက်စိမ်းပြား ခိုးပေးဖို့ ရှန်ခယ်ယီကို သူ့အထိန်းတော်ကြီးရဲ့ အသက်နဲ့ အကြပ်ကိုင်ပြီးခြိမ်းခြောက်ပါတော့တယ်။ ရှန်ခယ်ယီအတွက် သာမန်ကျောက်စိမ်းပြားတစ်ခုဖြစ်ပေမဲ့အဲဒီကျောက်စိမ်းပြားကရော လက်တွေ့မှာဘယ်လောက်တောင် အဖိုးတန်နေလဲအမတ်ချုပ်ရှန် ကြားထဲကနေ အလွဲသုံးစားလုပ်ထားလို့ ထောင်သောင်းချီတဲ့စစ်သည်တွေအဝတ်အစားနဲ့ရိက္ခာမရှိဘဲ သေဆုံးခဲ့ရတဲ့ ရန်ငြိုးကို မင်းသားကျင့်တစ်ယောက်ဘယ်လိုသက်သေတွေရှာပြီး အဖြစ်မှန်ဖော်ထုတ်မှာလဲပျော်ပျော်နေတတ်ပြီး ဖြူစင်တဲ့ ရှန်ခယ်ယီနဲ့ အေးတိအေးစက်နိုင်တဲ့ မင်းသားကျင့်တို့ကြားမှာဧကရာဇ်မင်းက စုံဖက်ပေးလိုက်လို့သာ လက်ထပ်လိုက်ရပေမဲ့ ချစ်ခြင်းမေတ္တာတွေပေါက်ဖွားလာတဲ့အခါမှာရော သက်ထက်ဆုံး လက်တွဲသွားနိုင်ပါမ့လားဆိုတာဒီဇာတ်လမ်းတွဲလေးမှာ စောင့်ကြည့်ကြပါဦး====================================Quality : ...

The Substitute Princess’s Love

2024
Ninja Kamui (2024) 10
Ninja Kamui (2024) အပိုင်း ၁ ရဲ့ ပထမဆုံး Fight Scene နဲ့တင် ကြွေဆင်းပြီး အသည်းခိုက်သွားမယ့်အမိုက်စား Anime စီးရီးအသစ် လာပြီဗျာ…။ချတဲ့အခန်းတွေဆို သောက်ရမ်းတွေမိုက်ပြီး ရုပ်လုံးတွေကြွလို့Animation တွေလန်းလို့ ဒါရိုက်တာ ဘယ်သူများလဲ အောက်မေ့တယ်Jujutsu Kaisen 0 ရုပ်ရှင်ကို ရိုက်ထားတဲ့ Sunghoo Park ဖြစ်နေတယ်။လောလောလတ်လတ် အသစ်ထွက်ထားတာဖြစ်ပြီးတစ်ပတ် ၁ ပိုင်းအနေနဲ့ ၁၂ ပိုင်း ထွက်မယ်တဲ့ဗျာ..။ဇာတ်လမ်းကတော့ အကျဉ်းချုံးပြောရမယ်ဆို အမေရိကန်မှာအဖေရယ် အမေရယ် သားလေးတစ်ယောက်ရယ်အေးဆေးနေနေတဲ့ မိသားစုလေး ရှိတယ်။အဲဒီအချိန်မှာ ပက်ပက်စက်စက် အသတ်ခံထားရတဲ့လူသတ်မှုတွေကလည်း နိုင်ငံတလွှား ဖြစ်ပျက်နေတာပေါ့။ဒီလိုနဲ့ တစ်ညကျတော့ အေးချမ်းစွာ နေနေတဲ့ မိသားစုလေးဆီကိုလုပ်ကြံရေးသမား နင်ဂျာကောင်တွေလာပြီးတစ်မိသားစုလုံးကို သတ်သွားခဲ့တယ်။ဒါပေမဲ့ ဘဲကြီးက သေပြီဆိုပြီးမှ ထူးထူးခြားခြား ပြန်ပြီးအသက်ရှင်လာတဲ့အခါမှာတော့ သူ့ မိသားစုကို ရက်ရက်စက်စက်သတ်သွားတဲ့နင်ဂျာကောင်တွေကို ကမ္ဘာမြေအဆုံးလိုက်ဖြုတ်တာကို ရှယ်အလန်း ကြည့်ရမှာပါ။လက်ရှိအပိုင်း ၁ မှာတော့ ဇာတ်လမ်း ...
10
TMDb: 10/10 3 votes
tv

Ninja Kamui (2024)

2024
In Cold Blood (2024)
In Cold Blood (2024) In Cold Blood (2024)**********************အပိုင်းသစ် (၇၁) အပူအလောင်လေးတွေပါမှ ကြည့်ရတာ အရသာရှိပါတယ်ဆိုတဲ့သူတွေအတွက်အလောင်တစ်လိုင်း ဇာတ်ကားသစ်လေးလာပါပြီ။မိဘတွေရဲ့ကွာရှင်းမှုကြောင့် တစ်ယောက်တစ်နေရာစီ ကွဲသွားခဲ့ကြတဲ့ ညီအစ်မနှစ်ယောက်ဟာအနှစ်၂၀အကြာမှာ တစ်ယောက်ကိုတစ်ယောက် မသိတဲ့ ဆက်ဆံရေးအဖြစ်ပြန်တွေ့ဖို့ ဖြစ်လာကြတဲ့အခါ..လောင်းကစားမက်တဲ့အမေ​ကြောင့် ဘဝပျက်ခဲ့ရတဲ့ ညီမဖြစ်သူ Lee HyeJi (Ha YeonJoo) ဟာအဖေ့ဘက်ပါသွားပြီး ကောင်းမွန်စွာကြီးပျင်းလာခဲ့တဲ့ အစ်မဖြစ်သူ Lee HyeWon(Lee SoYeon) ကိုမနာလိုစိတ်နဲ့အတူ မုန်းတီးမှုတွေ ပေါက်ဖွားလာပါတော့တယ်။ဒါအပြင် အစ်မဖြစ်သူက Lee HyeJi (Ha Yeon Joo) ဖောက်ပြန်ပြီးချူစားနေခဲ့တဲ့ကုမ္ပဏီပိုင်ရှင်သူဌေးကြီးရဲ့သားဖြစ်သူနဲ့ မကြာခင်လက်ထပ်ကြတော့မှာကို သိလိုက်ရတဲ့အခါ...သူ့ထက်ပိုပျော်ရွှင်ပြီး ချမ်းသာသွားမှာကို မမြင်ချင်တဲ့ LeeHyeJi တစ်ယောက် သူ့ကိုယ်သူ မိထွေးအရာနေပြီးသူ့အစ်မကို လက်မထပ်ဖြစ်အောင် ဘယ်လိုအနှောင့်အယှက်တွေပေးသွားမလဲ...Lee HyeWon ကရော သူ့ညီမမှန်းမသိဘဲ လက်စားပြန်ချေသွားမလား..ညီအစ်မနှစ်ယောက်ကြား ဘယ်လိုအရှုပ်တွေဖြစ်လာမလဲဆိုတာကို ရင်ခုန်စွာနဲ့စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။အစ်မဖြစ်သူ Lee HyeWon အနေနဲ့ကတော့ ဒုံယီကားထဲမှာ အရမ်းကြွေခဲ့ရတဲ့ မယ်မယ် Lee ...

In Cold Blood (2024)

2024
For Her Sins (2023) 6
For Her Sins (2023)  For Her sins (2024) =============== Thriller ,Drama4 ပိုင်းထဲနဲ့ ဇာတ်ရှိန်အနိမ့်အမြင့််အနက်အကျကိုညအမြင့်ဆုံး ဆွဲခေါ်သွားပေမယ့် အိမ်ထောင်ရေး drama တစ်ခုဖြစ်ပါတယ်လော်ရာ‌ေကာ်ရွိုင်ဆိုတဲ့ ကလေး 2 ယောက်မိခင် အောင်မြင်တဲ့ရှေ့‌ေနတစ်ယာက်ရဲ့ ဘ၀ထဲကို အမ်မလီဟာ ရည်ရွယ်ချက်ရှိရှိ၀င်လာပြီး ဂြိုလ်မွှေပါတော့တယ် ...အမ်မလီနဲ့ ကော်ရာရဲ့ ငယ်ဘ၀က ပတ်သက်မှုရန်ငြှိုးတွေကို လော်ရာကတာ့ မမှတ်မိပမယ့် အမ်မလီကတော့ သူတို့မိသားစုဘ၀ပျက်စီးအာင် လုပ်ဖို့ရည်ရွယ်ချက်နဲ့၀င်လာပါတာ့တယ်အမ်မလီနဲ့ လော်ရာ ကြားမှာ ဘာအညှိုးတွများရှိနေလဲ လော်ရာနဲ့ ရောဘာေတွများဆက်ဖြစ်သွားမလဲဆိုတာကို စိတ်၀င်တစားကြည့်ရှုရမယ့် Thriller စစ်စစ်ဖြစ်ပါတယ်(အညွှန်းနဲ့ဘာသာပြန်ကိုတော့ Thiha Yan Naingက ရေးသားထားပါတယ် )Quality_Blu-Ray 1080p / 720p Format_mp4 Aired: 2023 Original Network: 5 Duration_00:45:00 Genre_Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thiha Yan Naing Episode (1) [400MB] Yoteshin /Meganz / Megaup / ...
6
TMDb: 6/10 5 votes
tv

For Her Sins (2023)

2023
Beacon 23 (2023) 6.4
Beacon 23 (2023)  ဒီတစ်ခါ ပရိသတ်ကြီးအတွက် ခေတ်လွန်အာကာသ သိပ္ပံဇာတ်လမ်းတွဲလေး တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ.....ဒီကားထဲမှာတော့ ရေကြောင်းလမ်းခရီးမှာ လမ်းပြပေးတဲ့ မီးပြတိုက်လိုမျိုး အာကာသထဲ ယာဉ်တဲ့သွားတဲ့အခါ လမ်းပြပေးတဲ့ ဘီကွန် ၂၃ ကို ကြောရိုးယူပြီးရိုက်ထားတဲ့ကားလေးပါပဲ......ဇာတ်လမ်းအစမှာတော့ ယာဉ်တစ်စင်းက လမ်းကြောင်းမရှင်းပါဘူးလို့ အတန်တန်ပြောနေတဲ့ကြားကနေ ဝင်လာလို့ ပေါက်ကွဲပျက်စီး သွားခဲ့ပါတယ် အဲဒီ ပေါက်ကွဲသွားတဲ့ ယာဉ်ပေါ်ကနေ ကျွန်တော်တို့ သိတဲ့ သက်ကယ်လှေလိုမျိုး လေထုဖိအားထိန်း ယာဉ်လေးနဲ့ အက်စတာဆိုတဲ့ အမျိုးသမီးက မျောလာလို့ ဘီကွန် ပေါ်မှာရှိတဲ့ ဟယ်လန် က ကယ်တင်ထားပေးခဲ့တာပါ......အဲဒီနောက်ပိုင်းမှာတော့ ဘီကွန် ပေါ်မှာရှိနေခဲ့တာက ဘီကွန်ကို ထိန်းသိမ်းစောင့်ရှောက်ရမဲ့ ‌ဆော်လမွန် ဟုတ်မနေဘဲ ဟေလန် ဖြစ်နေတာကို အက်စတာ သိသွားတဲ့အချိန်......အက်စတာ ကလည်း ဒီယာဉ်ပေါ်ကို ဘာအကြောင်းပြချက်နဲ့ရောက်လာတာလဲဆိုတာ ဟေလန် က သိသွားတဲ့အချိန်......အထီးကျန် နေတဲ့ ဟေလန် နဲ့ လူတကာမျက်ခုံးပေါ်စင်္ကြံလျှောက်တတ်တဲ့ အက်စတာ တို့ ...
6.4
TMDb: 6.4/10 18 votes
tv

Beacon 23 (2023)

2023
The Third Marriage (2023)
The Third Marriage (2023) The Third Marriage (2023)**************************အပိုင်းသစ် (၁၂၉) လောင်မြိုက်ပြီး အိမ်ထောင်ရေးကားတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက်ဇာတ်ကားအသစ်လေးလာပါပြီ ။ဇာတ်ကားအညွှန်း...Jung Da Jaung ဆိုတဲ့ ဖျက်လက်တတ်ကြွတဲ့ အမျိုးသမီးလေးကမိဘမဲ့ဂေဟာမှာ ကြီးပြင်းလာခဲ့ရပေမဲ့ သူမရဲ့ ဘဝကို အခက်အခဲတွေကြားထဲကနေရဲရဲရင့်ရင့်ဖြတ်သန်းနေတဲ့ အမျိုးသမီးလေးဖြစ်ပါတယ်။ဒါပေမဲ့ သူ ဘယ်လိုပဲ ကြိုးစားနေထိုင်နေပါစေ သူ့ဘဝက အခြားသူတွေရဲ့ခြယ်လှယ်ခြင်း ခံနေရကြောင်း သိသွားတဲအခါမှာ လက်စားချေဖို့အတွက်ချမ်းသာတဲ့ အသိုက်အဝန်းထဲကို ဝင်သွားပါတော့တယ်။အဲဒီလို အမျိုးသမီးတစ်ယောက်ရဲ့ ဘဝထဲကို အဆိုးမြင်ဝါဒသမားလို့ထင်ရပေမဲ့နွေးထွေးကြင်နာတတ်ပြီး ဂရုစိုက်တတ်တဲ့ Wang Yo Han တစ်ယောက်ဝင်ရောက်လာတဲ့အခါမှာတော့ နှစ်ယောက်သား သံယောဇဥ်တွယ်ပြီး လက်ထပ်လိုက်ကြပါတော့တယ်။အမျိုးသမီး တစ်ယောက်ရဲ့ လက်စားချေဖို့ ပြင်းပြနေတဲ့စိတ်နဲ့သူမရဲ့ အိမ်ထောင်ရေးတို့ ကြားထဲမှာ ပေါက်ဖွားလာတဲ့ ပဋိပက္ခတွေရဲ့ အကြောင်းကိုဇာတ်အိမ်တည်ထားပြီး အိမ်ထောင်ရေးဇာတ်ကားဆိုတဲ့အတိုင်း အားမလို၊အားမရတွေဖြစ်ပြီးမြိုင်မြိုင်ဆိုင်ဆိုင် လောင်ရင်း ကြည့်ရှုရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ဒီကားလေးကို အပတ်စဉ် တနင်္လာနေ့မှ သောင်္ကြာနေ့ထိ ထုတ်လွှင့်သွားမှာဖြစ်ပြီးအပိုင်း ၁၃၂ အထိတောင် ပြသသွားမှာဆိုတော့ ...

The Third Marriage (2023)

2023
Su ji And U ri (2024)
Su ji And U ri (2024) Su ji And U ri (2024) ********************အပိုင်းသစ် ( ၂၆ )  ဂျင်ဆူဂျီဟာ ဟယ်ဒေးဆေးရုံရဲ့ စိတ်ရောဂါအထူးကုဆရာဝန်တစ်ယောက်ဖြစ်ပြီး ရသစုံရှိုးတွေမှာ လူသိများကျော်ကြားတဲ့သူလည်း ဖြစ်ပါတယ်..ဒါကြောင့် သူမဟာ ရုပ်သံထုတ်လွှင့်မှု၊ စာအုပ်ဖျော်‌ဖြေပွဲ၊ပရိသတ်လက်မှတ်ထိုးပွဲစတဲ့ ကျပ်တည်းလွန်းတဲ့အချိန်ဇယားတွေကြောင့် တစ်နေ့ကို ၃နာရီထက်ပိုမအိပ်ဖူးတဲ့သူပါ..ဒါပေမဲ့ သူမရဲ့ ပြီးပြည့်စုံတဲ့ဘဝက ချယ်အူရီဆိုတဲ့ဆရာဝန်သစ်လေးကြောင့် ပြိုလဲစပြုလာပါတယ်..ချယ်အူရီဟာ အရည်အချင်းရှိပြီး ဟာသဉာဏ်ရွှင်ပြီးတရားမျှတမှုရှိတဲ့အတွက် တခြားဆရာဝန်တွေနဲ့လူနာတွေရဲ့ယုံကြည်မှုကိုရရှိပြီး ထိပ်တန်းဦးစားပေးခံရသူဖြစ်လာပါတယ်.ဂျင်ဆူဂျီကိုတော့ သူမရဲ့အောင်မြင်မှုကိုပဲ ဂရုစိုက်တတ်တဲ့တစ်ကိုယ်ကောင်းဆန်တဲ့သူအဖြစ် မြင်လာကြပါတယ်ဒီလိုနဲ့ သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ရန်သူတွေဖြစ်လာကြပါတယ်.ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုအမြင်ကြည်လာပြီး ရန်သူတွေကနေ ချစ်သူတွေဖြစ်သွားကြမလဲဆိုတာရင်ခုန်စွာနဲ့ စောင့်ကြည့်ရမယ့် ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်.. (Castတွေအနေနဲ့ကတော့ T-araအဖွဲ့ဝင် Hahm Eun Jungနဲ့Love in Eyes, Melody of loveစတဲ့ ဇာတ်ကားတွေမှာပါဝင်ခဲ့တဲ့ မင်းသား Baek Sung Hyunတို့ပဲ ဖြစ်ပါတယ်) File Size – 530MB / 271 ...

Su ji And U ri (2024)

2024
Like the Earth (2024)
Like the Earth (2024) ကမ္ဘာမြေကြီးအတိုင်း (၂၀၂၄)ါလာက မိသားစုကို ကြိုးစားပြီးရှာကျွေးနေတဲ့ အသံပါရမီရှင်လေးပေါ့ သူမက တူနဲ့တူမကိုစောင့်ရှောက်ရမယ်ဆိုတော့ အိမ်ထောင်မပြုဘဲ နေလာခဲ့သူပါ သူမကိုချစ်တဲ့ထီယူကတော့ ဒါလာကိုအဝေးကပဲစောင့်ရှောက်နေခဲ့ရတာ တစ်ရက် ဖူတာဝမ်းက သူတို့နယ်ဘက်ကို လာလည်နေစဉ် ဒါလာရဲ့သီချင်းသံကိုကြားရပြီးတဲ့နောက် ဖူတာဝမ်းက ဒါလာအပေါ်မေတ္တာရှိသွားခဲ့ရာမှာ ဒါလာကတော့ ထီယူနဲ့ဖူတာဝမ်း ဘယ်သူ့ကိုရွေးချယ်သွားမလဲ သူတို့နှစ်ယောက်ကရော ဒါလာ့အချစ်ကိုရဖို့ဘယ်လိုကြိုးစားသွားမလဲဆိုတာကဒီလိုကျေးလက်အချစ်ဇာတ်လမ်းလေးဖြစ်တဲ့ “ကမ္ဘာမြေကြီးအတိုင်း”ဆိုတဲ့ ဇာတ်ကားလေးမှာ ကြည့်ရှုလိုက်ရအောင်ပါအညွှန်းကိုတော့ Lei Wutyi Tun က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lei Wutyi Tun, Nang Mwe Kham, Fake Love တို့ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 900MB | 400MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lei Wutyi Tun, Nang Mwe Kham, Fake Love Encoder ..... Aaron720pEpisode 01 - ...

Like the Earth (2024)

2024
Marital Justice (2024)
Marital Justice (2024) အိမ်ထောင်ရေး စီရင်ခန်း (၂၀၂၄)ဘိုက ပါရမိတ်နဲ့လက်ထပ်လာတာ ၁၅နှစ်ရှိခဲ့ပြီး သားလေးနွတ်လည်း ရှိတာကြောင့် သူတို့အိမ်ထောင်ရေးက မပြောင်းလဲဘဲ ချစ်မြဲအတိုင်းချစ်ကြတယ်လို့ ထင်နေခဲ့တာပါကမ္ဘာနှစ်ခုနဲ့မိတ်ကတော့ ဇနီးဖြစ်သူဘိုဆီ ပိတ်ရက်တိုင်းပြန်လာပြီး ကျန်ရက်မှာ သူ့အထက်လူကြီးရဲ့သမီး လင်နဲ့တွဲနေခဲ့ပါတယ်မိတ်က ဘိုကိုကွာရှင်းဖို့ပြောချင်ပေမယ့် ပြောမထွက်ဘဲနေခဲ့ရာ လင်နဲ့လက်ထပ်ရက်ရောက်လာခဲ့တော့တယ် မိတ်နဲ့လင် မင်္ဂလာပွဲနေ့မှာပဲ ဘိုက သူငယ်ချင်းဆီက သတင်းရပြီး လိုက်သွားကြည့်ရာမှာတော့ သွေးပျက်မတတ်ဖြစ်ခဲ့ရတဲ့ မြင်ကွင်းနဲ့အတူ မိတ် မယားငယ်ရှိတယ်ဆိုတာကြောင့် ဘိုတစ်ယောက် ဆောက်တည်ရာမရဖြစ်ခဲ့ပါတယ်ဒါကြောင့် သူမက လက်ထပ်စာချုပ်နဲ့အတူ တရားမျှတမှုယူဖို့ ရုံးတက် တိုင်ချက်ဖွင့်ခဲ့ရာမှာ ဘိုက တရားနိုင်သွားမလား လင်နဲ့မိတ်က ဆက်လက်ပေါင်းမှာလား ကွာရှင်းလိုက်မလားဆိုတာကိုတော့ ဒီဇာတ်ကားလေးမှာပဲ ဆက်လက်စောင့်ကြည့်လိုက်ရအောင်ပါအညွှန်းကိုတော့ Lei Wutyi Tun က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lei Wutyi Tun, Fake Love, Nang Mwe Kham တို့ပဲ ဖြစ်ကြပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 700MB | 300MB Format… mp4 Duration…. 1h ...

Marital Justice (2024)

2024
Ploy’s Yearbook (2024)
Ploy’s Yearbook (2024) ကြယ် ၅ ပွင့်ရဲ့ ချစ်ဝင်္ကပါ (၂၀၂၄)Gmmtvကနေ အသစ်ထွက်ရှိလာတဲ့ နာမည်တူကောင်မလေး၅ယောက်နဲ့ သူတို့ရည်းစားတွေကြား ပြဿနာတွေနဲ့ ပတ်လည်ရိုက်နေမဲ့ ဒရာမာကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ကျောင်းတစ်ကျောင်းရဲ့ အတန်းတစ်တန်းထဲမှာပဲ ပလွိုင်းလို့ခေါ်တဲ့ နာမည်တူ ကျောင်းသူ၅ယောက်တောင် ရှိနေပါတယ်။ နာမည်သာတူပေမဲ့ စရိုက်ချင်းဘာမှမတူဘဲ တစ်ယောက်နဲ့တစ်ယောက် ကွဲပြားလို့နေတဲ့အတွက် နာမည်ပြောင်လေးတွေနဲ့ ခေါ်ကြပါတယ်။ ကျောင်းပြီးခါနီးအချိန်မှာတော့ ထုံးစံအတိုင်း နှစ်ချုပ်စာအုပ်လုပ်ဖို့ ပြင်တဲ့အချိန်မှာ ပလွိုင်းငါးယောက်နဲ့ တိုင်ပတ်ပြီး ဖုန်းနံပါတ်တွေမှားထည့်လိုက်မိပါတော့တယ်။ ဒါပေမဲ့လည်း အရေးမကြီးဘူးဆိုပြီး မပြင်ဘဲ ထားခဲ့ရာကနေ ပြဿနာတွေ စတော့တာပါပဲ....... ဒီလို ဖုန်းနံပါတ်မှားရေးတဲ့ကိစ္စကနေ ပလွိုင်း၅ယောက် ဘယ်လိုပြဿနာတွေကြုံတွေ့ရမလဲဆိုတာကို ခံစားရင်ခုန်ကြည့်ရှုလိုက်ကြပါဦးနော်အညွှန်းကိုတော့ Char Ou က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Char Ou, Mary, Hmwe, Khaing တို့ပဲ ဖြစ်ကြပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 600MB | 250MB Format… mp4 Duration…. 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Char Ou, Mary, Hmwe, ...

Ploy’s Yearbook (2024)

2024
A Gentleman in Moscow (2024) 9
A Gentleman in Moscow (2024) A Gentleman in Moscow (2024) Genre – Drama, History, Thriller IMDB – 6.4/10Obi-wan နေရာက သရုပ်ဆောင် အင်္ဂလိပ်မင်းသားကြီး Ewan McGregor ခေါင်းဆောင်ပါဝင်ထားတဲ့ ၈ ပိုင်း ပါဝင်တဲ့ မီနီစီးရီးအသစ် ဖြစ်ပါတယ်။ တကယ့်အပြင်မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ကြီးပေါ် မူတည်ပြီး ဇာတ်လမ်းဆင် ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကြောင်း မပြောခင် ဒီ အဖြစ်အပျက်အကြောင်း အရင်ရှင်းပြချင်ပါတယ်။၁၉၁၇ ခုနှစ် ရုရှားနိုင်ငံမှာ အောက်တိုဘာတော်လှန်ရေး၊ ဘော်ရှီဗစ်တော်လှန်ရေး စသဖြင့်အမည်တွေနဲ့ လူသိများကြတဲ့ ကွန်မြူနစ် အစိုးရကို ဖြစ်လာစေတဲ့ လူထုတော်လှန်ရေးကြီးတစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။ အစာရေဆာတွေ ရှားပါးပြီး ဆင်းရဲချမ်းသာ ကွာဟမှု အလွန်ကြီးမားနေတဲ့အချိန် လီနင်ဦးဆောင်တဲ့ ကွန်မြူနစ်ပါတီက ပြည်သူနဲ့ စစ်တပ်ပူးပေါင်းပြီး ဇာဘုရင်အုပ်ချုပ်ရေးကို နန်းချကာ ပထမဆုံး ကွန်မြူနစ်အစိုးရ ဖြစ်လာခဲ့ပါတော့တယ်။အခု ဒီဇာတ်လမ်းလေးထဲမှာတော့ ဒီတော်လှန်ရေးကြီးအပြီးမှာ ကွန်မြူနစ်ပါတီက အထက်တန်းလွှာ လူကုံထံတွေကို ကွပ်မျက်ဖိနှိပ်သုတ်သင်နေတဲ့အချိန်ပေါ့ဗျာ။ မြို့စားမင်း အလက်ဇန္ဒား ...
9
TMDb: 9/10 2 votes
tv

A Gentleman in Moscow (2024)

2024

Genres

Archives