Channel Myanmar

Vindicta (2023)

​ဟောလိုးဝင်းပွဲနီးလာတာနဲ့အမျှ သည်းထိတ်ရင်ဖိုကား​တွေ တဖွားဖွားထွက်လာတဲ့အထဲကမှ ကြည့်ရှူသူကို ဇာတ်လမ်းအဆုံးထိလည်းဆွဲ​ခေါ်နိုင်တဲ့အပြင် ရင်တထိတ်ထိတ်နဲ့လည်း ကြည့်ရမယ့် လျှို့ဝှက်သည်းဖိုဇာတ်ကား​တစ်ကား တင်ဆက်ပေးလိုက်ပါတယ်။

~ ဇာတ်လမ်းအညွှန်း ~

အထက်လူကြီး​တွေလာဘ်စားမှု​ကြောင့် ဆန္ဒပြပွဲ​တွေဖြစ်​နေတဲ့ မြို့​လေးတစ်မြို့မှာ ဆိုးဝါးတဲ့လူသတ်မှု​တွေဖြစ်​နေတဲ့အချိန် လု တစ်​ယောက် သူ့ရဲ့ ပထမဆုံး ​​ရှေးဦးသူနာပြုအလုပ်ဆင်းတဲ့​နေ့မှာပဲ မ​​မျှော်လင့်ထားတဲ့ လူသတ်မှု​တွေ ကြုံလာရတဲ့အခါ…
တဖက်မှာလည်း ဒီကိစ္စ​တွေမတိုင်ခင် လွန်ခဲ့တဲ့ငါးနှစ်တုန်းက တိုက်​ဟောင်းတစ်ခုမီး​လောင်မှုမှာ မိသားစုတစ်စု မီးထဲပါသွားပြီး အဲဒီကိစ္စမှာ ပါဝင်တဲ့သူ​တွေ တစ်​ယောက်ပြီးတစ်​ယောက် ရက်စက်စွာ အသတ်ခံနေရပါတယ်။

အသတ်ခံရတဲ့သူ​တွေနဲ့ ဖြစ်ရပ်ဆိုးမီး​လောင်မှုကြီးနဲ့ ဘယ်လိုပတ်သက်​နေလဲ… လူသတ်သမားက​ရော ဘာ​ကြောင့် သူတို့ကိုလိုက်သတ်​နေရတာလဲ… လု ဆီကို​ရော တိုက်တိုက်ဆိုင်ဆိုင် လူသတ်မှုကြီးက ​ရောက်ရှိလာတာလား… ဆိုတာ​တွေကို ရင်တထိတ်ထိတ်နဲ့ ဇာတ်လမ်းပြီးတဲ့အထိ ဆက်သာကြည့်လိုက်ကြပါတော့။

(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 1.8GB, 845MB
Quality – 1080p, 720p
Format – mp4
Duration – 1H 23Min
Genre – Horror
Subtitle – Myanmar Subtitle (Hardsub)
Translated by DB
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Vindicta (2023)
Vindicta (2023)


No downloads available

Genres



Related movies