Channel Myanmar

Wendy(2020)

Wendy ရုပ်ရှင်ကားလေးက ငယ်ငယ်လေးတုန်းက အရမ်းကို နာမည်ကြီးခဲ့တဲ့ Peter Pan ဇာတ်ကားကို

ပုံစတစ်မျိုးနဲ့ရိုက်ကူးခဲ့ပြီး ၂၀၂၀ ဖေဖော်ဝါရီလမှာ ထွက်ရှိခဲ့တဲ့ ကားသစ်လေးပဲဖြစ်ပါတယ်။

ဝင်ဒီမှာ အရမ်းချစ်ရတဲ့ ဂျိမ်းနဲ့ ဒေါ့ဆိုတဲ့ အမြွှာ အကို နှစ်ယောက်ရှိပါတယ်။

သူတို့ မိသားစုလေးဟာ စားသောက်ဆိုင်လေး ဖွင့်ထားပြီး နေ့ရက်များကို သမရိုးကျ ဖြတ်သန်းကြပါသည်။

၀င်ဒီလေးဟာ ငယ်ငယ်လေးတုန်းက အိမ်နီနားချင်း ကလေးတစ်ယောက်က ရထားအမိုးပေါ်ကို ပြေးတတ်သွားတဲ့ မြင်ကွင်းကို မြင်ရပြီးနောက်

ထူးခြားဆန်းကျယ်မှုများ၊ စွန့်စားခန်းများကို အမြဲတွေးနေခဲ့ပါတယ်။

လွတ်လပ်မှုအရသာကိုခံစားပြီး လေထဲမှာ ပျံဝဲတဲ့ ပုံပြင်လေးတွေကို စွဲလန်းနေတဲ့ ကလေးတစ်ယောက်ပဲဖြစ်ပါတယ်။

အဲ့လိုနဲ့ တစ်ညမှာ ပြတင်းပေါက်တံခါးကနေ ကောင်လေးတစ်ယောက် ရထားပေါ်ကို ခုန်တတ်သွားတာကို မြင်ရာမှ

သူနဲ့ သူ့အကိုတို့ သုံးယောက်သားအတူတူ ထိုကောင်လေးနောက် ကို လိုက်သွားကြပါတယ်။

အဲ့ကောင်လေးဘယ်သူဖြစ်မလဲ။ ပီတာပန်များဖြစ်နေမလား။

အဲ့ဒီအချိန်ကနေစပြီး သူတို့သုံးယောက်ရဲ့စွန့်စားခန်းကြီးစတင်ပါပြီ။

ထူးဆန်းတဲ့ ကျွန်းကို ရောက်ရှိသွားတဲ့ မောင်နှမ သုံးယောက်က အသက်ရှင်ဖို့ ရုံးကန်ကြရပုံ၊

ငယ်ရွယ်သူတို့၏ စိတ်ဓါတ်တို့ကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ တစ်ခန်းနှင့် တစ်ခန်းဘာဆက်ဖြစ်သွားမယ်ဆိုတာ

ခန့်မှန်းလို့ မရနိုင်လောက်အောင် နောက်ဆုံးအချိန်ထိ ဆွဲခေါ်သွားနိုင်တဲ့ ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။

နောက်ဆုံးပိုင်းမှာ ကျွန်းပေါ်က ကလေးတွေထဲက ဘယ်သူက ကပ္ပတိန်ဟုဒ် ဖြစ်သွားလဲဆိုတာ ရင်တမမနဲ့ ကြည့်ရမှာပဲ။

ငယ်ငယ်လေးတုန်းကကြည့်ရတဲ့ ပီတာပန်ဇာတ်ကားလေးလိုမျိုး ဝင်ဒီဘက်က ပြန်ရိုက်ထားတဲ့ Wendy ဇာတ်ကားလေးဟာဆိုရင်လည်း တစ်မျိုး

ဆန်းပြားပြီး ကြည့်လို့ကောင်းတဲ့ကားလေးဖြစ်ပါတယ်…

ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Theint Theint ပဲဖြစ်ပါတယ်….

File Size : (1.02 GB) and (444 MB)
Quality : WEB-DL 720p
Format…mp4
Duration…01:51:00
Genre : Drama, Fantasy
Subtitle : Myanmar Subtitle (Hard Sub)
Translated by Theint Theint
Encoded by Phyo Pyae

 

zawgyi

Wendy(2020)

Wendy ႐ုပ္ရွင္ကားေလးက ငယ္ငယ္ေလးတုန္းက အရမ္းကို နာမည္ႀကီးခဲ့တဲ့ Peter Pan ဇာတ္ကားကို

ပုံစတစ္မ်ိဳးနဲ႔႐ိုက္ကူးခဲ့ၿပီး ၂၀၂၀ ေဖေဖာ္ဝါရီလမွာ ထြက္ရွိခဲ့တဲ့ ကားသစ္ေလးပဲျဖစ္ပါတယ္။

ဝင္ဒီမွာ အရမ္းခ်စ္ရတဲ့ ဂ်ိမ္းနဲ႔ ေဒါ့ဆိုတဲ့ အႁမႊာ အကို ႏွစ္ေယာက္ရွိပါတယ္။

သူတို႔ မိသားစုေလးဟာ စားေသာက္ဆိုင္ေလး ဖြင့္ထားၿပီး ေန႔ရက္မ်ားကို သမ႐ိုးက် ျဖတ္သန္းၾကပါသည္။

၀င္ဒီေလးဟာ ငယ္ငယ္ေလးတုန္းက အိမ္နီနားခ်င္း ကေလးတစ္ေယာက္က ရထားအမိုးေပၚကို ေျပးတတ္သြားတဲ့ ျမင္ကြင္းကို ျမင္ရၿပီးေနာက္

ထူးျခားဆန္းက်ယ္မႈမ်ား၊ စြန္႔စားခန္းမ်ားကို အၿမဲေတြးေနခဲ့ပါတယ္။

လြတ္လပ္မႈအရသာကိုခံစားၿပီး ေလထဲမွာ ပ်ံဝဲတဲ့ ပုံျပင္ေလးေတြကို စြဲလန္းေနတဲ့ ကေလးတစ္ေယာက္ပဲျဖစ္ပါတယ္။

အဲ့လိုနဲ႔ တစ္ညမွာ ျပတင္းေပါက္တံခါးကေန ေကာင္ေလးတစ္ေယာက္ ရထားေပၚကို ခုန္တတ္သြားတာကို ျမင္ရာမွ

သူနဲ႔ သူ႔အကိုတို႔ သုံးေယာက္သားအတူတူ ထိုေကာင္ေလးေနာက္ ကို လိုက္သြားၾကပါတယ္။

အဲ့ေကာင္ေလးဘယ္သူျဖစ္မလဲ။ ပီတာပန္မ်ားျဖစ္ေနမလား။

အဲ့ဒီအခ်ိန္ကေနစၿပီး သူတို႔သုံးေယာက္ရဲ႕စြန္႔စားခန္းႀကီးစတင္ပါၿပီ။

ထူးဆန္းတဲ့ ကြၽန္းကို ေရာက္ရွိသြားတဲ့ ေမာင္ႏွမ သုံးေယာက္က အသက္ရွင္ဖို႔ ႐ုံးကန္ၾကရပုံ၊

ငယ္႐ြယ္သူတို႔၏ စိတ္ဓါတ္တို႔ကို ၾကည့္ရႈရမွာ ျဖစ္ပါတယ္။ တစ္ခန္းႏွင့္ တစ္ခန္းဘာဆက္ျဖစ္သြားမယ္ဆိုတာ

ခန္႔မွန္းလို႔ မရႏိုင္ေလာက္ေအာင္ ေနာက္ဆုံးအခ်ိန္ထိ ဆြဲေခၚသြားႏိုင္တဲ့ ႐ုပ္ရွင္ကားေလးပဲျဖစ္ပါတယ္။

ေနာက္ဆုံးပိုင္းမွာ ကြၽန္းေပၚက ကေလးေတြထဲက ဘယ္သူက ကပၸတိန္ဟုဒ္ ျဖစ္သြားလဲဆိုတာ ရင္တမမနဲ႔ ၾကည့္ရမွာပဲ။

ငယ္ငယ္ေလးတုန္းကၾကည့္ရတဲ့ ပီတာပန္ဇာတ္ကားေလးလိုမ်ိဳး ဝင္ဒီဘက္က ျပန္႐ိုက္ထားတဲ့ Wendy ဇာတ္ကားေလးဟာဆိုရင္လည္း တစ္မ်ိဳး

ဆန္းျပားၿပီး ၾကည့္လို႔ေကာင္းတဲ့ကားေလးျဖစ္ပါတယ္…

ဇာတ္လမ္းအၫႊန္းနဲ႔ ဘာသာျပန္သူကေတာ့ Theint Theint ပဲျဖစ္ပါတယ္….

File Size : (1.02 GB) and (444 MB)
Quality : WEB-DL 720p
Format…mp4
Duration…01:51:00
Genre : Drama, Fantasy
Subtitle : Myanmar Subtitle (Hard Sub)
Translated by Theint Theint
Encoded by Phyo Pyae



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Wendy(2020)
Wendy(2020)


No downloads available

Genres



Related movies