The Siege of Jadotville (2016)
IMDb – 7.2/10_____Rotten – 64%
(UNICODE)
The Siege of Jadotville
—————-
“ကျုပ်အထင်ကတော့ ကျုပ်တို့ ငြိမ်းချမ်းရေးထိန်းသိမ်းဖို့လာခဲ့တဲ့ တပတ်မပြည့်ခင်ဘဲ ကျုပ်တို့တစ်တပ်လုံးသေတော့မယ်ထင်တာဘဲဗျို့”
ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးသွားခဲ့ပြီ။ ရာစုနှစ်တစ်ခုရဲ့ တစ်ဝက်မကျိုးခင်မှာဘဲ လူသန်းပေါင်းများစွာဟာ ကမ္ဘာစစ်နှစ်ခုနဲ့အတူ ချုပ်ငြိမ်းသွားခဲ့ကြပါပြီ။ ဒုတိယ ကမ္ဘာစစ်ကြီးပြီးပြီး ၅၂ ရက်တိတိ အကြာမှာ အနာဂတ်မှာ ကမ္ဘာစစ်တွေကို ကြိုတင်ကာကွယ်ဖို့ ရည်ရွယ်ချက်နဲ့အတူ ကုလသမဂ္ဂ အဖွဲ့အစည်းအကြီးကို ဖွဲ့စည်းခဲ့ကြပါတယ်။ ဒီလို ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးမှုနဲ့အတူ စစ်တွင်းကတည်းက ဒါမှမဟုတ် စစ်ကြီးမတိုင်ခင်ကတည်းက ကိုလိုနီလက်အောက်ကျရောက်ခဲ့တဲ့ တိုင်းပြည်တွေဟာလည်း ကိုလိုနီနိုင်ငံ အဖြစ်ကနေ လွတ်မြောက်ဖို့အတွက် အဖက်ဖက်ကနေ ကြိုးစားနေကြပါတယ်။
စစ်ကြီးပြီးဆုံးပြီး ၁၅ နှစ်နည်းပါးကြာမြင့်လာသည့်တိုင် ကမ္ဘာကြီးရဲ့ တချို့နေရာတွေဟာ စစ်တွင်းမှာဘဲ ဆုံးဆုံးနှစ်လို့ ကောင်းနေပါသေးတယ်။ အမေရိကတိုက်မှာဆိုရင် ကျူးဘားတော်လှန်ရေးကြီးဟာ ၁၉၆၀ အတွင်းမှာ မြိုင်မြိုင်ဆိုင်ဆိုင်အားကောင်းလာခဲ့ပြီး မတည်ငြိမ်မှုတွေဟာ ဒေသတွင်းမှာ ပိုတိုးလာခဲ့တယ်။ တဖက်တဖက်နဲ့ ပိတ်ဆို့မှုတွေ တိုက်ပွဲတွေနဲ့အတူ အကျည်းတန်စရာတွေ ပိုဖြစ်လို့ ဖြစ်နေဆဲပါဘဲ။ ဥရောပဘက်မှာဆိုလည်း ဆိုဗီယက်နဲ့ အမေရိကန်တို့ကြား ဘာလင်သဘောတူညီချက် ဖောက်ဖျက်မှုတွေကြောင့် စစ်အေးကာလဟာ မတည်မငြိမ်ဖြစ်မှုတွေနဲ့အတူ ၁၉၆၁ ထဲမှာ ဘာလင်တံတိုင်းကြီးဖြစ်ဖို့အရေး ဦးတည်လာခဲ့ပြန်တယ်။ အာရှတိုက်ကိုကြည့်ပြန်တော့လည်း ၁၉၅၅ ကတည်းကစခဲ့တဲ့ ဗီယက်နမ်စစ်ပွဲကြီးဟာ ၁၉၆၀ တွင်းလည်းရောက်ရော တဖက်နဲ့တဖက် အသေအပျောက်ဟာ များသထက်များလာပြီး ပိုဆိုးတဲ့ဖက်ကိုဘဲ ဦးတည်လာတာတွေ့ရတယ်။ ဒီလိုဖြစ်ရပ်တွေကိုတားမြစ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဖွဲ့စည်းခဲ့တဲ့ ကုလသမဂ္ဂအဖွဲ့အစည်းကြီးဟာ ဒီဖြစ်ရပ်တွေမှာ ဘာမှလုပ်ခွင့်မရ ပြောခွင့်မရ တားစီးခွင့်မရခဲ့တာကြောင့် ကုလသမဂ္ဂဆိုတဲ့ ဂုဏ်ပုဒ်ဟာလည်း တဖြေးဖြေး မှေးမှိန်လာပါတော့တယ်။
ဒီအချိန်မှာ အာဖရိက အလယ်ပိုင်းနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ကွန်ဂိုနိုင်ငံဟာ သူတို့ရဲ့ နယ်ချဲ့ဖြစ်တဲ့ ဘယ်လ်ဂျီယမ်ကို အောင်အောင်မြင်မြင်နဲ့တိုက်ထုတ်လိုက်နိုင်ခဲ့တယ်။ ဘာမှပြင်ဆင်မှုမရှိခဲ့တဲ့ ကွန်ဂိုအစိုးရကို ကူညီဖို့ရာ ကုလသမဂ္ဂဟာ ကွန်ဂိုနိုင်ငံ အယ်လိဇဘသ်ဗိလ် လို့ခေါ်တဲ့ဒေသမှာ ရုံးချုပ်ဆောက်ပြီး အဖက်ဖက်က ကူညီခဲ့ပါတယ်။ ဒါပေမယ့် ကွန်ဂိုဟာ သဘာဝတွင်းထွက်ပစ္စည်းတွေ ကြွယ်ဝလွန်းတဲ့နိုင်ငံတစ်ခုလည်းဖြစ်တယ်။ ဥပမာပြောရရင်တော့ အမေရိကန်နိုင်ငံဖက်ကနေ ဂျပန်နိုင်ငံရဲ့ မြို့တွေဖြစ်တဲ့ ဟီရိုးရှီးမားနဲ့ နာဂါဆာကီမြို့ပေါ်ဖြစ်ချခဲ့တဲ့ Atomic Bomb တွေဟာ ကွန်ဂိုနိုင်ငံထွက် ပစ္စည်းတွေနဲ့ပြုလုပ်ခဲ့တာဖြစ်တယ်။ ဒါကြောင့်လည်း ကွန်ဂိုရဲ့ သယံဇာတတွေဟာ အင်အားကြီးနိုင်ငံတွေရဲ့ မျက်စပစ်ခြင်းကို ခံရပါတယ်။ အထူးသဖြင့် ကတန်ဂါဆိုတဲ့မြို့ဟာ ကွန်ဂိုရဲ့ သယံဇာတတွင်းကြီးတွေ စုနေတဲ့မြို့လို့တောင်ဆိုကြပါတယ်။
လွတ်လပ်ရေးအသစ်စက်စက်ရထားတဲ့ ဒီအာဖရိကတိုက်ထဲက နိုင်ငံလေးဟာ မတည်မငြိမ်ဖြစ်မှုတွေနဲ့အတူ ပြင်သစ်လို နိုင်ငံကြီးတွေရဲ့ သယံဇာတရယူရေးစီမံကိန်းတွေမှာ အနှောင့်အယှက်ဖြစ်မယ်လို့ထင်ရတဲ့ အစိုးရအာဏာရှိတွေဟာ သတ်ဖြတ်ခြင်း ပြန်ပေးဆွဲခြင်း ခြိမ်းခြောက်ခြင်းတွေခံရပါတယ်။ ကတန်ဂါမြို့ရဲ့ဝန်ကြီးလည်း သတ်ဖြတ်တာခံလိုက်ရပါတော့တယ်။ ဒီနောက်မှတော့ အနောက်နိုင်ငံကြီးတွေရဲ့ ကျောထောက်နောက်ခံရထားတဲ့ အာဏာရူး
Tshombe (တီရှောမ်ဘေ)ဟာ ကတန်ဂါအတွက် တာဝန်ရှိသူဖြစ်လာပြီး သူဟာ
ကတန်ဂါမြို့ကို ကွန်ဂိုကနေ ကွဲထွက်ဖို့ကို အထူးကြိုးစားလာပါတော့တယ်။
တချိန်တည်းမှာဘဲ ကတန်ဂါမြို့ရဲ့ သယံဇာတ တူးယူတဲ့လုပ်ငန်းတွေဟာလည်း တွင်တွင်ကျယ်ကျယ်ဖြစ်လာပြီး တချိန်တည်းမှာဘဲ ဒါတွေကို လုံခြုံရေးအတွက် ပြင်သစ် ကြေးစားစစ်သား ၁၀၀၀ ကျော်ဟာလည်း ကတန်ဂါမြို့အနှံ့ ကိုယ်စီနေရာယူထားပါတော့တယ်။
ဒီလိုပြသာနာတွေအပြင် ကတန်ဂါခွဲထွက်ရေးအတွက်ကြောင့်ပါ လောလောလတ်လတ် လွတ်လပ်ရေးရထားတဲ့ ကွန်ဂိုနိုင်ငံဟာ ပြည်တွင်းစစ်ကြီးဖြစ်ဖို့ ဦးတည်လာပါတယ်။ ကျူးဘား ဗီယက်နမ်နဲ့ဘာလင်တို့မှာ မျက်နှာမရခဲ့တဲ့ ကုလသမဂ္ဂဟာ ဒီကွန်ဂိုအရေးကိုတော့ အထူးအလေးပေးကိုင်တွယ်လာခဲ့ပြီး ငြိမ်းချမ်းမှုထိန်းသိမ်းရေးစစ်တပ်ကိုပါ စေလွှတ်ဖို့အထိ ပြင်ဆင်လိုက်ပါတယ်။
ဒီလောက်သိထားရင်တော့ ဇာတ်ကားစကြည့်လို့ရပါပြီ။ ဒီဇာတ်ကားဟာ ဒီကနေစပါတယ်။ ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ကို စေလွှတ်မယ်ဆို ဘယ်နိုင်ငံရဲ့တပ်ကိုစေလွှတ်မလဲလို့ စဉ်းစားရာမှာ အခုထိ ကိုယ်တိုင်လည်းနယ်ချဲ့လက်အောက်မကျဖူးတဲ့အပြင် ဘယ်သူကိုမှလည်း နယ်မချဲ့ဖူးတဲ့ အိုင်ယာလန်နိုင်ငံကိုရေ
ကွင်လန်ကိုယ်တိုင်လည်း တိုက်ပွဲနဲ့ပက်သက်လာရင် တကယ့် အတွေ့အကြုံမရှိတဲ့သူတစ်ယောက်ဖြစ်ပြီး နည်းစနစ်ပိုင်းတွေမှာသာ ကျေလည်နေခဲ့သူတစ်ယောက်ဖြစ်တယ်။ သူဟာ လွန်ခဲ့တဲ့နှစ်ရာပေါင်းများစွာကဖြစ်ခဲ့တဲ့ စစ်ပွဲတွေနဲ့ပက်သက်တဲ့ နည်းစနစ်တွေကအစ
သိတဲ့လူလို့ လူသိများပါတယ်။
ဒီလိုနဲ့ အတွေ့အကြုံမဲ့စစ်သား ၁၅၇ ယောက်တိတိနဲ့ဖွဲ့ထားတဲ့ ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ကြီးဟာ ဂျာဒေါ့ဗိလ်ဒေသကို ရောက်ပါပြီ။ ဂျာဒေါ့ဗိလ်ဟာ တကယ့် ကုလသမဂ္ဂရုံးစိုက်ရာ အဲလိစဗသ်ဗိလ်နဲ့လည်း မိုင်ပေါင်းများစွာဝေးတဲ့အရပ်လည်းဖြစ်တယ်။ နောက်တစ်ခုက ကြေးစားစစ်သားတွေ ပေါများလွန်းတဲ့ဒေသတစ်ခုလည်းဖြစ်ပြန်တယ်။
ဇာတ်ကားရဲ့ဇာတ်လမ်းဟာ ဒီ ငြိမ်းချမ်းမှုထိန်းသိမ်းရေးစစ်တပ် အိုင်ယာလန်းကနေ စတင်ထွက်ခွာခဲ့တာကနေ ရိုက်ကူးထားပြီး သူတို့တွေ ဂျာဒေါ့ဗိလ်မှာကြုံတွေ့ခဲ့တဲ့စစ်ပွဲတွေ အကြောင်းရေးသားထားတာဖြစ်ပါတယ်။
ဂျာဒေါ့ဗိလ်မှာ ကွန်လန်ဦးဆောင်တဲ့စစ်တပ်ဟာ ဧရာမကွင်းပြင်ကြီးရဲ့ အလယ်တည့်တည့်မှာ ဘေးတံတိုင်းမရှိ အကာအကွယ်မရှိတဲ့အရပ်မှာ နေရာရခဲ့ပြီ ဒါဟာ သူတို့ရဲ့ ကံကြမ္မာဆိုးစတင်ရလည်းဖြစ်တယ်။
ရောက်ပြီး ရက်အနည်းငယ်မှာဘဲ ၁၅၇ ယောက်ဘဲပါတဲ့ စစ်တပ်ကို ကြေးစားစစ်သားတွေရယ် အာဏာရူး တီရှောမ်ဘေရဲ့စစ်သားတွေအပါအဝင် စစ်သားပေါင်း ၃၀၀၀ ကျော်ဟာ ဝိုင်းဝန်းပိတ်စို့လိုက်ကြပြီး ထွက်ပေါက်ပိတ်လိုက်ကြပါတယ်။ ဒါတင်မကသေး လေကြောင်းကနေပါ လက်နက်ရုံ ရိက္ခာရုံအစရှိတဲ့ အဆောက်အအုံတွေပါ ဖျက်စီးပစ်လိုက်ပါတယ်။
ပိတ်စို့မှုဟာ ၅ရက်တိတိကြာမြင့်ခဲ့ပြီး ဒီအတွေ့အကြုံမရှိတဲ့ စစ်သား ၁၅၇ ယောက်ဟာ ကြေးစားစစ်သားပေါင်း ၃၀၀၀ ကျော်နဲ့ ၅ရက်တာ ကာလအတွင်း စစ်ပွဲပေါင်း ၄ပွဲထက်မနည်းဖြစ်ပွားခဲ့ပါတယ်။
ဒီအထိကတော့ သာမန်စစ်ပွဲတစ်ခုပါဘဲ။ ဘာများပိုထူးခြားသွားလဲဆိုရင်တော့ ဒီစစ်ပွဲ ၄ပွဲအတွင်းမှာ လေကြောင်းစစ်ကူအပြင် စစ်အင်အား ၃၀၀၀ ကျော်ပါတဲ့စစ်တပ်ဟာ လူ ၃၀၀ ကျော်သေဆုံးခဲ့ပြီး အတွေ့အကြုံမရှိတဲ့ စစ်သား ၁၅၇ ယောက်ဟာတော့ တစ်ယောက်မှ သေဆုံးခဲ့ခြင်းမရှိတာပါဘဲ။ ဗိုလ်မှူးကွင်လန်ဟာ ရှိတဲ့လူနဲ့ ရှိတဲ့လက်နက်နဲ့အတူ အကောင်းဆုံးခုခံသွားနိုင်ခဲ့ပြီး သူ့စစ်တပ်မှာ တစ်ယောက်မှ အကျအဆုံးမရှိအောင် ဦးဆောင်သွားနိုင်ခဲ့ပါတယ်။
နောက်ဆုံး ၅ရက်ပြည့်နေ့မှာ ကျည်ဆံမကျန် ရိက္ခာမကျန်တဲ့အခါမှာတော့ ကွင်လန်ဟာ လူအင်အား မမျှလွန်းတဲ့ သူ့စစ်တပ်အတွက် လက်နက်ချခဲ့ပြီး ကွန်ဂိုထောင်ထဲမှာ ၅ပတ်ကျော် နေထိုင်ခဲ့ရပါတယ်။ နောက်ဆုံး ကုလသမဂ္ဂဟာ ကွန်ဂိုတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး ကွင်လန်နဲ့သူ့စစ်တပ်ကို အိုင်ယာလန်ကို ပြန်ခေါ်လာနိုင်ခဲ့ပါတယ်။
အိုင်ယာလန်ရောက်ရောက်ခြင်းမှာဘဲ ကွင်လန်တို့တပ်ဖွဲ့ ရင်ဝကို စောင့်ကန်ခံလိုက်ရပါတော့တယ်။ သူတို့တစ်တွေ လက်နက်ချခဲ့တာဟာ ကုလသမဂ္ဂကို အများအမြင်မှာ ပျော့ညံ့စေခဲ့တာမို့ သူတို့ရဲ့ ဂျာဒေါ့ဗိလ်တိုက်ပွဲတွေဟာ သမိုင်းစာအုပ်တွေကနေ ထုတ်ပယ်ခြင်းခံခဲ့ရပြီး ဆုတံဆိပ် အသိမှတ်ပြုမှု မဆိုထားဘဲ သူတို့အတွေ့အကြုံတွေကိုတောင် ထုတ်ဖော်ပြောခွင့်မရခဲ့ပါဘူး။ ၅ရက်တိုင်တိုင် မိမိထက် အဆ ၂၀ ပိုကြီးတဲ့ ကြေးစားစစ်တပ်ကို အသေအပျောက်မရှိ ခုခံခဲ့တာတွေဟာ အသိမှတ်ပြုခြင်းမခံခဲ့ကြရပါဘူး။
ကွင်တန်ကိုယ်တိုင်လည်း ၁၉၉၇ ခုနှစ် သူသေဆုံးသွားသည့်တိုင် ဒီအဖြစ်အပျက်တွေကို ဘယ်တော့မှ ထုတ်မဖော်ခဲ့ပါဘူး။
နောက်ဆုံး ၂၀၀၅ ရောက်မှသာ သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို ဖော်ပြခဲ့ကြပြီး သူရဲကောင်းတွေအဖြစ် သတ်မှတ်ခဲ့ကြတာပါ။ ဒါပေမယ့် အချိန်နှောင်းခဲ့ပြီဆိုသလို အဆ ၂၀ နည်းပါးပိုများတဲ့ စစ်တပ်ကို ခုခံခဲ့တဲ့ အတွေ့အကြုံမဲ့ သူရဲကောင်းတချို့ဟာ လူ့လောကကနေ ထွက်ခွာသွားကြပါပြီ။
ဒီဇာတ်ကားဟာ အမေ့ခံတိုက်ပွဲပုံပြင်တွေထဲက တစ်ခုကို ပြန်လည် အသက်သွင်းရိုက်ကူးထားတာဖြစ်ပါတယ်။ Netflix က ထုတ်လုပ်ရိုက်ကူးခဲ့တာဖြစ်ပြီး ဗိုလ်မှူးကွင်တန်အဖြစ် 50 Shades ဇာတ်ကားတွေနဲ့ နာမည်ကျော်ကြားတဲ့ အိုင်ယာလန်နိုင်ငံသား မင်းသား Jamie Dornan က သရုပ်ဆောင်ထားပါတယ်။ Jamie ဟာ ဒီဇာတ်ရုပ်နဲ့ အထိုင်ကျမြန်ခဲ့ပြီး ဇာတ်ကားနှစ်မြောသွားအောင် အကောင်းဆုံး သရုပ်ဆောင်ပြသွားနိုင်ခဲ့ပါတယ်။ Jamie ကို 50 Shades နဲ့မတူတဲ့ ဇာတ်ရုပ်မှာ ခပ်ပျော့ပျော့မြင်ရမယ်ထင်ရပေမယ့် တကယ်တမ်းမှာတော့ သူ့ရဲ့ မျက်နှာ Transformation တချို့ရယ် တကယ့်ဟန်ပါပါ စကားပြောဟန်တွေကြောင့် သူ့ဟာ ဒီဇာတ်ကားရဲ့ အဓိကနေရာကပါဝင်ပြီး အားဖြင့်နိုင်ခဲ့တယ်။ တခြား ဇာတ်ပို့တွေ ဗီလိန်တွေဟာလည်း သူ့နေရာနဲ့သူပြည့်စုံပါသေးတယ်။ စစ်ကားဖြစ်တာမို့ Set အပြင်အဆင်တွေ CGI တွေအပြင် Battle Scene တွေဟာလည်း အတော်အားကောင်းခဲ့တာ တွေ့ရပြန်တယ်။
နောက်ဆုံးပြောရရင်တော့ Drama ကင်းကင်းနဲ့ စစ်ကားကောင်းကောင်းကို နောက်ခံသမိုင်းပြည့်ပြည့်စုံစုံနဲ့ စစ်ကားကြည့်ချင်သူတွေ စစ်ကားကြိုက်သူတွေအတွက်ကတော့ လုံးဝလက်လွတ်မခံသင့်တဲ့ ဇာတ်ကားပါဘဲ။
(ရာရာ)
(ရုပ်ရှင်ဇာတ်ကားအညွှန်းကို The Silver Screen မှ ကူးယူဖော်ပြပါသည်…)
(ZAWGYI)
The Siege of Jadotville
—————-
“က်ဳပ္အထင္ကေတာ့ က်ဳပ္တို႔ ၿငိမ္းခ်မ္းေရးထိန္းသိမ္းဖို႔လာခဲ့တဲ့ တပတ္မျပည့္ခင္ဘဲ က်ဳပ္တို႔တစ္တပ္လုံးေသေတာ့မယ္ထင္တာဘဲဗ်ိဳ႕”
ဒုတိယ ကမာၻစစ္ႀကီး ၿပီးဆုံးသြားခဲ့ၿပီ။ ရာစုႏွစ္တစ္ခုရဲ႕ တစ္ဝက္မက်ိဳးခင္မွာဘဲ လူသန္းေပါင္းမ်ားစြာဟာ ကမာၻစစ္ႏွစ္ခုနဲ႔အတူ ခ်ဳပ္ၿငိမ္းသြားခဲ့ၾကပါၿပီ။ ဒုတိယ ကမာၻစစ္ႀကီးၿပီးၿပီး ၅၂ ရက္တိတိ အၾကာမွာ အနာဂတ္မွာ ကမာၻစစ္ေတြကို ႀကိဳတင္ကာကြယ္ဖို႔ ရည္႐ြယ္ခ်က္နဲ႔အတူ ကုလသမဂၢ အဖြဲ႕အစည္းအႀကီးကို ဖြဲ႕စည္းခဲ့ၾကပါတယ္။ ဒီလို ဒုတိယကမာၻစစ္ႀကီး ၿပီးဆုံးမႈနဲ႔အတူ စစ္တြင္းကတည္းက ဒါမွမဟုတ္ စစ္ႀကီးမတိုင္ခင္ကတည္းက ကိုလိုနီလက္ေအာက္က်ေရာက္ခဲ့တဲ့ တိုင္းျပည္ေတြဟာလည္း ကိုလိုနီႏိုင္ငံ အျဖစ္ကေန လြတ္ေျမာက္ဖို႔အတြက္ အဖက္ဖက္ကေန ႀကိဳးစားေနၾကပါတယ္။
စစ္ႀကီးၿပီးဆုံးၿပီး ၁၅ ႏွစ္နည္းပါးၾကာျမင့္လာသည့္တိုင္ ကမာၻႀကီးရဲ႕ တခ်ိဳ႕ေနရာေတြဟာ စစ္တြင္းမွာဘဲ ဆုံးဆုံးႏွစ္လို႔ ေကာင္းေနပါေသးတယ္။ အေမရိကတိုက္မွာဆိုရင္ က်ဴးဘားေတာ္လွန္ေရးႀကီးဟာ ၁၉၆၀ အတြင္းမွာ ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္အားေကာင္းလာခဲ့ၿပီး မတည္ၿငိမ္မႈေတြဟာ ေဒသတြင္းမွာ ပိုတိုးလာခဲ့တယ္။ တဖက္တဖက္နဲ႔ ပိတ္ဆို႔မႈေတြ တိုက္ပြဲေတြနဲ႔အတူ အက်ည္းတန္စရာေတြ ပိုျဖစ္လို႔ ျဖစ္ေနဆဲပါဘဲ။ ဥေရာပဘက္မွာဆိုလည္း ဆိုဗီယက္နဲ႔ အေမရိကန္တို႔ၾကား ဘာလင္သေဘာတူညီခ်က္ ေဖာက္ဖ်က္မႈေတြေၾကာင့္ စစ္ေအးကာလဟာ မတည္မၿငိမ္ျဖစ္မႈေတြနဲ႔အတူ ၁၉၆၁ ထဲမွာ ဘာလင္တံတိုင္းႀကီးျဖစ္ဖို႔အေရး ဦးတည္လာခဲ့ျပန္တယ္။ အာရွတိုက္ကိုၾကည့္ျပန္ေတာ့လည္း ၁၉၅၅ ကတည္းကစခဲ့တဲ့ ဗီယက္နမ္စစ္ပြဲႀကီးဟာ ၁၉၆၀ တြင္းလည္းေရာက္ေရာ တဖက္နဲ႔တဖက္ အေသအေပ်ာက္ဟာ မ်ားသထက္မ်ားလာၿပီး ပိုဆိုးတဲ့ဖက္ကိုဘဲ ဦးတည္လာတာေတြ႕ရတယ္။ ဒီလိုျဖစ္ရပ္ေတြကိုတားျမစ္ဖို႔ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ဖြဲ႕စည္းခဲ့တဲ့ ကုလသမဂၢအဖြဲ႕အစည္းႀကီးဟာ ဒီျဖစ္ရပ္ေတြမွာ ဘာမွလုပ္ခြင့္မရ ေျပာခြင့္မရ တားစီးခြင့္မရခဲ့တာေၾကာင့္ ကုလသမဂၢဆိုတဲ့ ဂုဏ္ပုဒ္ဟာလည္း တေျဖးေျဖး ေမွးမွိန္လာပါေတာ့တယ္။
ဒီအခ်ိန္မွာ အာဖရိက အလယ္ပိုင္းႏိုင္ငံ တစ္ႏိုင္ငံျဖစ္တဲ့ ကြန္ဂိုႏိုင္ငံဟာ သူတို႔ရဲ႕ နယ္ခ်ဲ႕ျဖစ္တဲ့ ဘယ္လ္ဂ်ီယမ္ကို ေအာင္ေအာင္ျမင္ျမင္နဲ႔တိုက္ထုတ္လိုက္ႏိုင္ခဲ့တယ္။ ဘာမွျပင္ဆင္မႈမရွိခဲ့တဲ့ ကြန္ဂိုအစိုးရကို ကူညီဖို႔ရာ ကုလသမဂၢဟာ ကြန္ဂိုႏိုင္ငံ အယ္လိဇဘသ္ဗိလ္ လို႔ေခၚတဲ့ေဒသမွာ ႐ုံးခ်ဳပ္ေဆာက္ၿပီး အဖက္ဖက္က ကူညီခဲ့ပါတယ္။ ဒါေပမယ့္ ကြန္ဂိုဟာ သဘာဝတြင္းထြက္ပစၥည္းေတြ ႂကြယ္ဝလြန္းတဲ့ႏိုင္ငံတစ္ခုလည္းျဖစ္တယ္။ ဥပမာေျပာရရင္ေတာ့ အေမရိကန္ႏိုင္ငံဖက္ကေန ဂ်ပန္ႏိုင္ငံရဲ႕ ၿမိဳ႕ေတြျဖစ္တဲ့ ဟီ႐ိုးရွီးမားနဲ႔ နာဂါဆာကီၿမိဳ႕ေပၚျဖစ္ခ်ခဲ့တဲ့ Atomic Bomb ေတြဟာ ကြန္ဂိုႏိုင္ငံထြက္ ပစၥည္းေတြနဲ႔ျပဳလုပ္ခဲ့တာျဖစ္တယ္။ ဒါေၾကာင့္လည္း ကြန္ဂိုရဲ႕ သယံဇာတေတြဟာ အင္အားႀကီးႏိုင္ငံေတြရဲ႕ မ်က္စပစ္ျခင္းကို ခံရပါတယ္။ အထူးသျဖင့္ ကတန္ဂါဆိုတဲ့ၿမိဳ႕ဟာ ကြန္ဂိုရဲ႕ သယံဇာတတြင္းႀကီးေတြ စုေနတဲ့ၿမိဳ႕လို႔ေတာင္ဆိုၾကပါတယ္။
လြတ္လပ္ေရးအသစ္စက္စက္ရထားတဲ့ ဒီအာဖရိကတိုက္ထဲက ႏိုင္ငံေလးဟာ မတည္မၿငိမ္ျဖစ္မႈေတြနဲ႔အတူ ျပင္သစ္လို ႏိုင္ငံႀကီးေတြရဲ႕ သယံဇာတရယူေရးစီမံကိန္းေတြမွာ အေႏွာင့္အယွက္ျဖစ္မယ္လို႔ထင္ရတဲ့ အစိုးရအာဏာရွိေတြဟာ သတ္ျဖတ္ျခင္း ျပန္ေပးဆြဲျခင္း ၿခိမ္းေျခာက္ျခင္းေတြခံရပါတယ္။ ကတန္ဂါၿမိဳ႕ရဲ႕ဝန္ႀကီးလည္း သတ္ျဖတ္တာခံလိုက္ရပါေတာ့တယ္။ ဒီေနာက္မွေတာ့ အေနာက္ႏိုင္ငံႀကီးေတြရဲ႕ ေက်ာေထာက္ေနာက္ခံရထားတဲ့ အာဏာ႐ူး
Tshombe (တီေရွာမ္ေဘ)ဟာ ကတန္ဂါအတြက္ တာဝန္ရွိသူျဖစ္လာၿပီး သူဟာ
ကတန္ဂါၿမိဳ႕ကို ကြန္ဂိုကေန ကြဲထြက္ဖို႔ကို အထူးႀကိဳးစားလာပါေတာ့တယ္။
တခ်ိန္တည္းမွာဘဲ ကတန္ဂါၿမိဳ႕ရဲ႕ သယံဇာတ တူးယူတဲ့လုပ္ငန္းေတြဟာလည္း တြင္တြင္က်ယ္က်ယ္ျဖစ္လာၿပီး တခ်ိန္တည္းမွာဘဲ ဒါေတြကို လုံၿခဳံေရးအတြက္ ျပင္သစ္ ေၾကးစားစစ္သား ၁၀၀၀ ေက်ာ္ဟာလည္း ကတန္ဂါၿမိဳ႕အႏွံ႔ ကိုယ္စီေနရာယူထားပါေတာ့တယ္။
ဒီလိုျပသာနာေတြအျပင္ ကတန္ဂါခြဲထြက္ေရးအတြက္ေၾကာင့္ပါ ေလာေလာလတ္လတ္ လြတ္လပ္ေရးရထားတဲ့ ကြန္ဂိုႏိုင္ငံဟာ ျပည္တြင္းစစ္ႀကီးျဖစ္ဖို႔ ဦးတည္လာပါတယ္။ က်ဴးဘား ဗီယက္နမ္နဲ႔ဘာလင္တို႔မွာ မ်က္ႏွာမရခဲ့တဲ့ ကုလသမဂၢဟာ ဒီကြန္ဂိုအေရးကိုေတာ့ အထူးအေလးေပးကိုင္တြယ္လာခဲ့ၿပီး ၿငိမ္းခ်မ္းမႈထိန္းသိမ္းေရးစစ္တပ္ကိုပါ ေစလႊတ္ဖို႔အထိ ျပင္ဆင္လိုက္ပါတယ္။
ဒီေလာက္သိထားရင္ေတာ့ ဇာတ္ကားစၾကည့္လို႔ရပါၿပီ။ ဒီဇာတ္ကားဟာ ဒီကေနစပါတယ္။ ၿငိမ္းခ်မ္းမႈထိန္းသိမ္းေရးတပ္ကို ေစလႊတ္မယ္ဆို ဘယ္ႏိုင္ငံရဲ႕တပ္ကိုေစလႊတ္မလဲလို႔ စဥ္းစားရာမွာ အခုထိ ကိုယ္တိုင္လည္းနယ္ခ်ဲ႕လက္ေအာက္မက်ဖူးတဲ့အျပင္ ဘယ္သူကိုမွလည္း နယ္မခ်ဲ႕ဖူးတဲ့ အိုင္ယာလန္ႏိုင္ငံကိုေရ
ကြင္လန္ကိုယ္တိုင္လည္း တိုက္ပြဲနဲ႔ပက္သက္လာရင္ တကယ့္ အေတြ႕အႀကဳံမရွိတဲ့သူတစ္ေယာက္ျဖစ္ၿပီး နည္းစနစ္ပိုင္းေတြမွာသာ ေက်လည္ေနခဲ့သူတစ္ေယာက္ျဖစ္တယ္။ သူဟာ လြန္ခဲ့တဲ့ႏွစ္ရာေပါင္းမ်ားစြာကျဖစ္ခဲ့တဲ့ စစ္ပြဲေတြနဲ႔ပက္သက္တဲ့ နည္းစနစ္ေတြကအစ
သိတဲ့လူလို႔ လူသိမ်ားပါတယ္။
ဒီလိုနဲ႔ အေတြ႕အႀကဳံမဲ့စစ္သား ၁၅၇ ေယာက္တိတိနဲ႔ဖြဲ႕ထားတဲ့ ၿငိမ္းခ်မ္းမႈထိန္းသိမ္းေရးတပ္ဖြဲ႕ႀကီးဟာ ဂ်ာေဒါ့ဗိလ္ေဒသကို ေရာက္ပါၿပီ။ ဂ်ာေဒါ့ဗိလ္ဟာ တကယ့္ ကုလသမဂၢ႐ုံးစိုက္ရာ အဲလိစဗသ္ဗိလ္နဲ႔လည္း မိုင္ေပါင္းမ်ားစြာေဝးတဲ့အရပ္လည္းျဖစ္တယ္။ ေနာက္တစ္ခုက ေၾကးစားစစ္သားေတြ ေပါမ်ားလြန္းတဲ့ေဒသတစ္ခုလည္းျဖစ္ျပန္တယ္။
ဇာတ္ကားရဲ႕ဇာတ္လမ္းဟာ ဒီ ၿငိမ္းခ်မ္းမႈထိန္းသိမ္းေရးစစ္တပ္ အိုင္ယာလန္းကေန စတင္ထြက္ခြာခဲ့တာကေန ႐ိုက္ကူးထားၿပီး သူတို႔ေတြ ဂ်ာေဒါ့ဗိလ္မွာႀကဳံေတြ႕ခဲ့တဲ့စစ္ပြဲေတြ အေၾကာင္းေရးသားထားတာျဖစ္ပါတယ္။
ဂ်ာေဒါ့ဗိလ္မွာ ကြန္လန္ဦးေဆာင္တဲ့စစ္တပ္ဟာ ဧရာမကြင္းျပင္ႀကီးရဲ႕ အလယ္တည့္တည့္မွာ ေဘးတံတိုင္းမရွိ အကာအကြယ္မရွိတဲ့အရပ္မွာ ေနရာရခဲ့ၿပီ ဒါဟာ သူတို႔ရဲ႕ ကံၾကမၼာဆိုးစတင္ရလည္းျဖစ္တယ္။
ေရာက္ၿပီး ရက္အနည္းငယ္မွာဘဲ ၁၅၇ ေယာက္ဘဲပါတဲ့ စစ္တပ္ကို ေၾကးစားစစ္သားေတြရယ္ အာဏာ႐ူး တီေရွာမ္ေဘရဲ႕စစ္သားေတြအပါအဝင္ စစ္သားေပါင္း ၃၀၀၀ ေက်ာ္ဟာ ဝိုင္းဝန္းပိတ္စို႔လိုက္ၾကၿပီး ထြက္ေပါက္ပိတ္လိုက္ၾကပါတယ္။ ဒါတင္မကေသး ေလေၾကာင္းကေနပါ လက္နက္႐ုံ ရိကၡာ႐ုံအစရွိတဲ့ အေဆာက္အအုံေတြပါ ဖ်က္စီးပစ္လိုက္ပါတယ္။
ပိတ္စို႔မႈဟာ ၅ရက္တိတိၾကာျမင့္ခဲ့ၿပီး ဒီအေတြ႕အႀကဳံမရွိတဲ့ စစ္သား ၁၅၇ ေယာက္ဟာ ေၾကးစားစစ္သားေပါင္း ၃၀၀၀ ေက်ာ္နဲ႔ ၅ရက္တာ ကာလအတြင္း စစ္ပြဲေပါင္း ၄ပြဲထက္မနည္းျဖစ္ပြားခဲ့ပါတယ္။
ဒီအထိကေတာ့ သာမန္စစ္ပြဲတစ္ခုပါဘဲ။ ဘာမ်ားပိုထူးျခားသြားလဲဆိုရင္ေတာ့ ဒီစစ္ပြဲ ၄ပြဲအတြင္းမွာ ေလေၾကာင္းစစ္ကူအျပင္ စစ္အင္အား ၃၀၀၀ ေက်ာ္ပါတဲ့စစ္တပ္ဟာ လူ ၃၀၀ ေက်ာ္ေသဆုံးခဲ့ၿပီး အေတြ႕အႀကဳံမရွိတဲ့ စစ္သား ၁၅၇ ေယာက္ဟာေတာ့ တစ္ေယာက္မွ ေသဆုံးခဲ့ျခင္းမရွိတာပါဘဲ။ ဗိုလ္မႉးကြင္လန္ဟာ ရွိတဲ့လူနဲ႔ ရွိတဲ့လက္နက္နဲ႔အတူ အေကာင္းဆုံးခုခံသြားႏိုင္ခဲ့ၿပီး သူ႔စစ္တပ္မွာ တစ္ေယာက္မွ အက်အဆုံးမရွိေအာင္ ဦးေဆာင္သြားႏိုင္ခဲ့ပါတယ္။
ေနာက္ဆုံး ၅ရက္ျပည့္ေန႔မွာ က်ည္ဆံမက်န္ ရိကၡာမက်န္တဲ့အခါမွာေတာ့ ကြင္လန္ဟာ လူအင္အား မမွ်လြန္းတဲ့ သူ႔စစ္တပ္အတြက္ လက္နက္ခ်ခဲ့ၿပီး ကြန္ဂိုေထာင္ထဲမွာ ၅ပတ္ေက်ာ္ ေနထိုင္ခဲ့ရပါတယ္။ ေနာက္ဆုံး ကုလသမဂၢဟာ ကြန္ဂိုတာဝန္ရွိသူေတြနဲ႔ ညႇိႏႈိင္းၿပီး ကြင္လန္နဲ႔သူ႔စစ္တပ္ကို အိုင္ယာလန္ကို ျပန္ေခၚလာႏိုင္ခဲ့ပါတယ္။
အိုင္ယာလန္ေရာက္ေရာက္ျခင္းမွာဘဲ ကြင္လန္တို႔တပ္ဖြဲ႕ ရင္ဝကို ေစာင့္ကန္ခံလိုက္ရပါေတာ့တယ္။ သူတို႔တစ္ေတြ လက္နက္ခ်ခဲ့တာဟာ ကုလသမဂၢကို အမ်ားအျမင္မွာ ေပ်ာ့ညံ့ေစခဲ့တာမို႔ သူတို႔ရဲ႕ ဂ်ာေဒါ့ဗိလ္တိုက္ပြဲေတြဟာ သမိုင္းစာအုပ္ေတြကေန ထုတ္ပယ္ျခင္းခံခဲ့ရၿပီး ဆုတံဆိပ္ အသိမွတ္ျပဳမႈ မဆိုထားဘဲ သူတို႔အေတြ႕အႀကဳံေတြကိုေတာင္ ထုတ္ေဖာ္ေျပာခြင့္မရခဲ့ပါဘူး။ ၅ရက္တိုင္တိုင္ မိမိထက္ အဆ ၂၀ ပိုႀကီးတဲ့ ေၾကးစားစစ္တပ္ကို အေသအေပ်ာက္မရွိ ခုခံခဲ့တာေတြဟာ အသိမွတ္ျပဳျခင္းမခံခဲ့ၾကရပါဘူး။
ကြင္တန္ကိုယ္တိုင္လည္း ၁၉၉၇ ခုႏွစ္ သူေသဆုံးသြားသည့္တိုင္ ဒီအျဖစ္အပ်က္ေတြကို ဘယ္ေတာ့မွ ထုတ္မေဖာ္ခဲ့ပါဘူး။
ေနာက္ဆုံး ၂၀၀၅ ေရာက္မွသာ သူတို႔ရဲ႕ စြမ္းေဆာင္ရည္ေတြကို ေဖာ္ျပခဲ့ၾကၿပီး သူရဲေကာင္းေတြအျဖစ္ သတ္မွတ္ခဲ့ၾကတာပါ။ ဒါေပမယ့္ အခ်ိန္ေႏွာင္းခဲ့ၿပီဆိုသလို အဆ ၂၀ နည္းပါးပိုမ်ားတဲ့ စစ္တပ္ကို ခုခံခဲ့တဲ့ အေတြ႕အႀကဳံမဲ့ သူရဲေကာင္းတခ်ိဳ႕ဟာ လူ႔ေလာကကေန ထြက္ခြာသြားၾကပါၿပီ။
ဒီဇာတ္ကားဟာ အေမ့ခံတိုက္ပြဲပုံျပင္ေတြထဲက တစ္ခုကို ျပန္လည္ အသက္သြင္း႐ိုက္ကူးထားတာျဖစ္ပါတယ္။ Netflix က ထုတ္လုပ္႐ိုက္ကူးခဲ့တာျဖစ္ၿပီး ဗိုလ္မႉးကြင္တန္အျဖစ္ 50 Shades ဇာတ္ကားေတြနဲ႔ နာမည္ေက်ာ္ၾကားတဲ့ အိုင္ယာလန္ႏိုင္ငံသား မင္းသား Jamie Dornan က သ႐ုပ္ေဆာင္ထားပါတယ္။ Jamie ဟာ ဒီဇာတ္႐ုပ္နဲ႔ အထိုင္က်ျမန္ခဲ့ၿပီး ဇာတ္ကားႏွစ္ေျမာသြားေအာင္ အေကာင္းဆုံး သ႐ုပ္ေဆာင္ျပသြားႏိုင္ခဲ့ပါတယ္။ Jamie ကို 50 Shades နဲ႔မတူတဲ့ ဇာတ္႐ုပ္မွာ ခပ္ေပ်ာ့ေပ်ာ့ျမင္ရမယ္ထင္ရေပမယ့္ တကယ္တမ္းမွာေတာ့ သူ႔ရဲ႕ မ်က္ႏွာ Transformation တခ်ိဳ႕ရယ္ တကယ့္ဟန္ပါပါ စကားေျပာဟန္ေတြေၾကာင့္ သူ႔ဟာ ဒီဇာတ္ကားရဲ႕ အဓိကေနရာကပါဝင္ၿပီး အားျဖင့္ႏိုင္ခဲ့တယ္။ တျခား ဇာတ္ပို႔ေတြ ဗီလိန္ေတြဟာလည္း သူ႔ေနရာနဲ႔သူျပည့္စုံပါေသးတယ္။ စစ္ကားျဖစ္တာမို႔ Set အျပင္အဆင္ေတြ CGI ေတြအျပင္ Battle Scene ေတြဟာလည္း အေတာ္အားေကာင္းခဲ့တာ ေတြ႕ရျပန္တယ္။
ေနာက္ဆုံးေျပာရရင္ေတာ့ Drama ကင္းကင္းနဲ႔ စစ္ကားေကာင္းေကာင္းကို ေနာက္ခံသမိုင္းျပည့္ျပည့္စုံစုံနဲ႔ စစ္ကားၾကည့္ခ်င္သူေတြ စစ္ကားႀကိဳက္သူေတြအတြက္ကေတာ့ လုံးဝလက္လြတ္မခံသင့္တဲ့ ဇာတ္ကားပါဘဲ။
(ရာရာ)
(႐ုပ္ရွင္ဇာတ္ကားအၫႊန္းကို The Silver Screen မွ ကူးယူေဖာ္ျပပါသည္…)
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။